“ပင်လယ်ထဲမှာ ရေရှိတယ်ဆိုရင်တောင်”
Share |
ဒီကနေ့ ဗီအိုအေ ညပိုင်းအစီအစဉ်မှာ အောက်ပါသတင်းကို ကြားလိုက်ရပါတယ်။
“အစိုးရအဖွဲ့ထဲမှာ ပါဝင်လုပ်ဆောင်တာဟာ ရှေ့ကို ခရီးရောက်နိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ကသာ ဆုံးဖြတ်မယ်ဆိုရင် သူ့အနေနဲ့ ပါဝင်လုပ်ဆောင်မှာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက် ပါတယ်။ အစိုးရအဖွဲ့သစ်ထဲက အပြောင်းအလဲလိုလားတဲ့ အင်အားစုတွေ အားကောင်းအောင် ကြိုးစား လုပ်ဆောင်ပေးဖို့ ဒီမိုကရေစီအရေး လိုလားသူတွေမှာ တာဝန်ရှိတယ်လို့ ဂျပန်ရုပ်မြင်သံကြား သတင်းဌာန အင်န်အိပ်ခ်ျကေက တနင်္လာနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ တွေ့ဆုံ မေးမြန်းခန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။ ”
(ဗီအိုအေ၊ စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းအစီအစဉ်)။
ဒီသတင်းကိုကြားရတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က မလွတ်မြောက်ခင် ထုတ်ပြန်ခဲ့ဖူးသော သူမ၏ သဘောထားနဲ့ မှာကြားချက်ကလေးတွေကို ကြံစည်စေ့စေ့ တစိမ့်စိမ့် အောက်မေ့လှသဖြင့် အောက်ပါအတိုင်း ပြန်လည် ဖော်ပြလိုက်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် (၆) ချက်”
မှတ်ပုံတင်ထပ်မံလုပ်ဖို့မလို။ ယခင်မှတ်ပုံတင်ထားသည့် ဥပဒေအရသာ ဆောင်ရွက်သင့်သည်။
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲ ထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူ လူထုကို ပြောကြား လိုတာက မိမိ တတ်နိုင်သလောက် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုကို ဆက်လက် ဆောင်ရွက် သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)
ကျနော်ကတော့ ကိုသန်းလှိုင်ရဲ့ “စကားပြောကောင်းတဲ့ မသည်းအူ” သီချင်းကို အခုတလော မကြာခဏ ဆိုဖြစ်နေပါကြောင်း။
“ခုတလောအနေ
သူ့သဘောအခြေပြောင်းပေမယ့်
သူ့အပြောတွေ ကောင်းနေခဲ့လို့ သူ့အပေါ်မငြူစူ…
ထာဝစဉ်သာ
နှစ်ဖြာယှဉ်ကာ
ကြင်နာမယ့်အကြောင်း
ညင်သာနွဲ့နှောင်း
အလင်္ကာဖွဲ့စောင်းလို သံချိုညှင်း၍
ချစ်တင်းဖွဲ့လေသူ၊
ရှေ့တွင်တမျိုး နောက်ကွယ်တမျိုးနဲ့
သူ့စကားမူ
ယုံစားမိမှားပြီထင်ရဲ့
သြော်….မောင့်လိုလူ၊
မုသားထိန်ဝှက်
သူ့စကားအတိမ်အနက်
အခုများ ချိန်စက်သည့်မူ
အစဉ်တကယ်အမြဲ
ရင်ဝယ်အသည်းမှာ ကြည်ဖြူ
ဒါပေမယ့်လည်း
ပင်လယ်ထဲမှာ ရေရှိတယ်ဆိုရင်တောင်
ပြေးကြည့်ပြီးမှ ယုံမယ် မသည်းအူ။
ကိုပေါ။
၂၆ ရက်၊ စက်တင်ဘာ ၂၀၁၁။
29 comments:
Anonymous said...
ငပေါရေ(လို့ ပဲခေါ်လိုက်တော့မယ်)
မင်းရဲ့  counter-proposal လေးလဲ လုပ်ဦးမှာပေါ့ကွာ။
ဘာမှမလုပ်ဘဲ အခြောက်တိုက်အပစ်ထိုင်တာပြောတော့ အဆင့်အတန်းမရှိသူတိုင်း လုပ်တတ်တယ်။
Anonymous said...
ကိုကြီးပေါ
ဒီတစ်ခါ ပိုစ်လေးကိုတော. ထောက်ခံရမယ်။ ဒို.လည်း အဲသည်လိုဘဲမြင်တယ်။ တိုးတက်လာမယ်.အခြေအနေရှိတယ်ပြောနေပေမဲ. အဓိက နိုင်ငံေ၇းအကျဉ်းသားတွေ အခုထိလည်းလွတ်မပေးသေးဘူး။
Anonymous said...
အိမ်ကလေးဆိုတဲ့ ဝတ္ထုထဲက လှေသူကြီးကတော်လို အပြောမျိုး ပြောရရင် အပြောခံရတဲ့ သူများဖက်က ခံရခက်ပါ လိမ့်မယ်။ လှေကို ဓားပြတိုက်တော့ ဓားပြက ငွေနှစ်ရာတောင်းသတဲ့။ လှေသူကြီးကတော်က “မင့်နှယ်ကွယ် တောင်းမှတောင်း တတ် ပလေ။ ပစ္စည်းမျိုးစုံနဲ့ လှေတခေါက် အသွားအပြန် ရောင်းဝယ်တာမှ ၄၅ ကျပ်လောက်ပဲ ရတဲ့ဟာ ငွေနှစ်ရာ ဘယ်လို ပေးနိုင်မလဲ” လို့ ဓားပြကို ပြောပါသတဲ့။ ပြီးတော့ ဓားပြကို “မင်းမယုံရင် မင်းကဒီလှေကို ယူလိုက်ပြီး အရောင်း အဝယ်လုပ် ငါက ဓားပြလုပ်မယ်” ဆိုပြီး ပြောပါတယ်။ ပြီးတော့ လှေသူကြီးကတော်က ဓားပြကို ငွေအစိတ် ထုတ်ပေး လိုက်သတဲ့။ ဓားပြလည်း ကျေနပ်ပြီး လှေပေါ်က ဆင်းသွားပါတယ်။ ဆိုချင်တာကတော့ အဖွားကြီး လုပ်နေ တာကို မကျေနပ်တဲ့ မကြိုက်တဲ့ ဓားပြလိုလူတွေ တလှည့်လောက် လှေထိုးပြီး ရောင်းဝယ်ကြည့်ပါလားလို့ ပြောချင်ပါတယ်။
http://fine-leaves.blogspot.com/2011/09/blog-post_24.html
Anonymous said...
ဘေးထိုင် ဘုပြော တာလောက်လွယ်တာမရှိ ....
Anonymous said...
ငပေါ။ လူတိုင်းလူတိုင်း ကိုယ့်သမိုင်းကိုယ်ရေးပါတယ်။ ငါလဲ မျိုးချစ်မျက်ကန်း မဟုတ်ဘူး။ ဆရာဂျမ်းစကားငှားပြောရရင် မင်းဥာဏ်တထွာတမိုက်လောက်နဲ့တော့ နတ်နေကိုင်းတွေ တက်မချိုင်သင့်ဘူး။ ကိုယ့်လူ၊ ကောင်းကောင်းမွန်မွန်လဲအကျိုးသင့်အကြောင်းသင့် တောင်းပန်ပြီးပြီ၊ ငပေါရဲ့စံတွေနဲ့မကိုက်ညီလို့ မထောက်ခံရင်တောင်မှ မကန့်ကွက်စေချင်ဘူး၊ စောင့်ကြည့်စေချင်တယ် ဆိုတာကို။ အေး..ဘလော်ဂါတွေသမိုင်းမှာ ငပေါ ဒါတွေရေးခဲ့တယ်ဆိုတာတော့ သမိုင်းပဲ။ မင်းယူဆချက်တွေ မှန်ခဲ့တဲ့တနေ့မှာ ငါပြောခဲ့တဲ့အတိုင်း ဒီလိုတွေဖြစ်ခဲ့ပြီမဟုတ်လားဆိုပြီး ရဲရဲဝံ့ဝံ့ဂုဏ်ယူပါ။ အေး..မင်းယူဆချက်တွေ မှားသွားပြီလို့မြင်မိတဲ့တနေ့မှာလည်း ကျနော်မှားပါတယ်လို့ ရဲရဲဝံ့ဝံ့ဝန်ခံရဲတဲ့သတ္တိရှိပါစေ။ စောင့်ကြည့်နေမယ်။
မိုးမိုး said...
ဒေါ်စု အထဲမှာတုန်းက အထင်နဲ့ အပြင်ထွက်လာပြီး အမြင် ကွာနေတာကြောင့် အခြေနေကြည့်ပြီး အကောင်းဆုံး ဆုံးဖြတ်တာလို့ ထင်ပါတယ်ကိုပေါ။
သူတကယ့်စေတနာ အမှန်နဲ့ စဉ်းစား ဆုံးဖြတ်ပြီး လုပ်တာ ဖြစ်နိုင်ပါတယ်။
သူ့ဘက်ကိုလဲ ထဲ့တွက်သင့်ပါတယ်။ သူဘာမှ မချင့်ချိန်ဘဲ အလွယ်တကူ လုပ်တယ်၊ ပြောတယ်၊လို့တော့ မထင်ပါဘူး။
သူနှစ်ပေါင်းများစွာ လျှောက်ခဲ့တဲ့လမ်းက ရှေ့ဆက်သွားရင်ချောက်ပဲ ရှိတော့တာမို့ ပိုအဆင်ပြေမဲ့ တခြားလမ်း တခုကို ဖောက်နေတယ်ဘဲ ထင်ပါတယ်။
အခြေနေ အချိန်ခါကို လိုက်ပြီး ဆုတ်တန်ဆုတ် တက်တန်တက် ဘို့လိုတယ်လေ....
ဒေါ်စုကို မကြိုက်တော့လို့တော့ သွေးခွဲပြီး တခြားခေါင်းဆောင်တဦးနဲ့တစင်ထူခြင်လို့ဒီလိုရေးတာ ဆိုလဲ ကိုပေါအစီအစဉ်ကို မစခင်ကတဲက လူတကာ သိအောင် ဘလော့ဂ်မှာပွင့်ပွင့်လင်းလင်းရေးသင့်တယ်..
ဒါမှ ဆန့်ကျင်ဘက်တွေ ကြိုတင်ပြင်ဆင်ချိန် ပိုရတာပေါ့။
ကိုပေါ လုပ်ချင်တဲ့ အရာ၊ အတွေး၊ အကြံစီမှန်သမျှ ဘလော့ဂ်ပေါ်ကနေ အကုန်သာ ပွင့်ပွင့်လင်းလင်း မြင်သာထင်သာ ရေးတင်ပြစ်လိုက်ပါ..
အောင်မြင်စေချင်ပါတယ် ကိုပေါ..တကယ်ပါ။
Khin said...
ဒီတော့ အရင်ကလို သူ့ကို ထောင်ထဲပြန်ဝင်စေပြီး ထူးမခြား ပါတ်ပျိုး သံ ပြန်ကြားချင်လို့လား။
သူ ထောင်ထဲပြန်ဝင်ရရင် တိုင်းပြည်ပြင်ပ က လေပေါပေါ နေသူတွေကို ထပ်လုပ်ကျွေး သလို ဘဲဖြစ်မှာဘဲ။
တိုင်းပြည်ထဲမှာ ရုပ်ဝတ္တု အရမ်းဆင်းရဲ ရုံမက စိတ်ဓာတ်ရေးရာပါ ကျဆင်း လာတဲ့ လူထု အများစု ကို ဖြစ်နိုင်တဲ့ နည်းနဲ့ကယ်ရမှာ အဓိကဘဲ။
ပညာရှိရှိ အေးအေးချမ်းချမ်း နဲ့ လူထု ထပ်မနာအောင် သူလုပ် နေတာကို ယုတ်ညံ့ တဲ့ စိတ်နဲ့ ဝေဖန် မနေနဲ့။
လိုချင်တာ က ဘာလဲ။ တိုင်းပြည် အတွက် ဆိုရင်တော့ လက်တွေ့ ကျကျတိုးတက်ဖို့ နည်းလမ်း ကိုဘဲ ကြည့်ရမှာဘဲ။
ဒီလို အဝေးကနေ အော်နေတာလဲကောင်းပါတယ်။ ဒါမှ သူ့ကို အဆင်းဘီးတပ်ပြီး တွန်း၊ တိုင်းပြည်ကို ခုတုံးလုပ် အမြတ်ထုတ် သူ တွေ အကြောင်းကို လဲ အန်တီစု နားလည်သွားမှာ။
အော် နိုင်သ၍သာအော် ။ ဒါဟာလဲ သူ့ကို ဒီအစိုးရနဲ့ ပေါင်းလုပ်စေဖို့ အချက်အလက် ကောင်းတွေပါဘဲ။
သူ မြန်မာပြည်လူထု ကို ချစ် လို့ သူ့ကိုယ်ကျိုးစွန့် ခဲ့ရတာ အားလုံး အသိပါ။
မောင်သန့် ။ said...
ကိုပေါ ရေ။ ခု ဟာ ကိုပေါ အစစ်မှ ဟုတ်ရဲ့ လားဗျာ။ လှမ်း က လူတွေ ကိုပေါ ဘလော့ကိုများ ၀င်သုံးနေကြသလား ဗျ။
၂၀၀၇ ကိုပေါ။ ၂၀၀၈ကိုပေါ လားလားမှမတူတော့လို့ သံသယ ၀င်မိတယ်ဗျာ။
Anonymous said...
When bastards and bitches like you bark more to my leader, I admire
her more.
I will work for her for a fraction
of what I make. But if she cannot
contribute Burma because of dick
heads like you from outside, Naw
Phin Hla, old chick who retorted
to U Tin Oo yellow devils inside,
then that day I will dump Burmese citizenship. Tired of useful idiots
(for some suckers outside) like you who do not know what you are
talking. Little faggots like you deserve ex-plumbers in Singapore as leader.
ko watote said...
ဒေါ်အောင်ဆန်းစုကြည်ကို ကိုပေါ ဝေဖန်တာဟာ အပြောနဲ့ အလုပ်မညီလို့ ဝေဖန်တာ၊ သူ့ရဲ့ ပြောတော့မိုး ထိုးတော့ မြေကြီး အချိုးချိုးလာတာကို ဝေဖန်တာလို့ နားလည်တယ်။ ဒီလို ဝေဖန်နိုင်ဖို့ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်အတွက် အပြုသဘောဆောင်တဲ့ အကြံ ပေးနိုင်မှ ဝေဖန်လို့ ရတာမျိုး မဟုတ်ဖူး။ ဒီနှစ်ခုကို ကတ္တားကောင်းကောင်း ခြားလို့ရတယ်။ သူ့ဘက်က လိုက်ပြောပေးနေသူတွေရဲ့ standard argument က သူ့မှာ တခြားရွေးစရာ မရှိလို့ ရတာလုပ်ရတာလို့ ဆိုတယ်။ ဒီလို မတတ်သာလို့ လုပ်ရတာကို နောက်ဆုံး နားလည် သဘောပေါက်ပေးနိုင်ရင်တောင် သူ့ကို ဝေဖန်တာ မတရားဘူးလို့ အဓိပ္ပါယ် မထွက်ဖူး။ အဲ့သလို မတရားဘူးလို့ argue လုပ်နိုင်ရင်၊ ကျိုးကြောင်းပြဆို နိုင်ရင် နားထောင်ချင်ပါတယ်။
ဥပမာ အရှက်ကို အသက်နဲ့လဲမယ်လို့ ကြီးကြီးကျယ်ကျယ် ပြောလာပြီး အဲဒိအပြောနဲ့ လူထောက်ခံမှု ရလာခဲ့တဲ့ အပျိုတယောက်ဟာ နောက်ဆုံး အပျိုရည် မပျက်တော်ပါပြီ၊ ဘယ်သူ့ မယားငယ် လုပ်ရလုပ်ရ ဆိုတဲ့ အပြောပြောလာတယ်ဆိုပါစို့။ ဒီလို ပြောလာရတဲ့ အခြေအနေတွေကို သူကြုံလာရလို့ ကိုယ်က သူ့ရွေးချယ်မှုကို နားလည်ပေးနိုင်ရင်တောင် အရင်က လူထောက်ခံမှုရအောင် ကြီးကြီးကျယ်ကျယ် ပြောခဲ့တာတွေနဲ့ လက်တွေ့ လုပ်နေတာတွေ ရှေ့နောက် မညီတာကို ဝေဖန်လို့ရတယ်။ ပြောခင်တာက ဒါဟာ unjustified criticism မဟုတ်ဖူး။
အလုပ်ဖြစ်တဲ့နည်းနဲ့ ကျင့်ဝတ်နဲ့ညီတဲ့ နည်းနှစ်ခုဟာ မတူဘူး။ အလုပ်ဖြစ်ဖို့ ကိုယ်ကိုယ်တိုင်က လက်ခံခဲ့တဲ့ ကျင့်ဝတ်စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီဆိုတဲ့ အခါ အလုပ်ဖြစ်အောင် လုပ်နိုင်တာကို မဝေဖန်ရင်တောင် ကိုယ်နဂိုက ချထားတဲ့ ကျင့်ဝတ်စည်းမျဉ်းတွေကို ချိုးဖျက်မှုအတွက် အဝေဖန် ခံရဲရမယ်။ ဒေါ်အောင်ဆန်းစုကြည်က အလုပ်ဖြစ်အောင် လုပ်ရမှာမို့ သူ့ကို မဝေဖန်နဲ့ဆိုတာ အလုပ်ဖြစ်မှုနဲ့ ကျင့်ဝတ်နဲ့ညီမှု နှစ်ခုကို မသိစိတ်က မရိုးမသား ရောပစ်တာပဲ။ မယုံရင် ကိုယ့်စိတ် ကိုယ်ပြန် သတ္တိရှိရှိ ဆန်းစစ်ကြည့်ကြပါ။
ko watote said...
ဒေါ်အောင်ဆန်းစုကြည်ကို ကိုပေါ ဝေဖန်တာဟာ အပြောနဲ့ အလုပ်မညီလို့ ဝေဖန်တာ၊ သူ့ရဲ့ ပြောတော့မိုး ထိုးတော့ မြေကြီး အချိုးချိုးလာတာကို ဝေဖန်တာလို့ နားလည်တယ်။ ဒီလို ဝေဖန်နိုင်ဖို့ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်အတွက် အပြုသဘောဆောင်တဲ့ အကြံ ပေးနိုင်မှ ဝေဖန်လို့ ရတာမျိုး မဟုတ်ဖူး။ ဒီနှစ်ခုကို ကတ္တားကောင်းကောင်း ခြားလို့ရတယ်။ သူ့ဘက်က လိုက်ပြောပေးနေသူတွေရဲ့ standard argument က သူ့မှာ တခြားရွေးစရာ မရှိလို့ ရတာလုပ်ရတာလို့ ဆိုတယ်။ ဒီလို မတတ်သာလို့ လုပ်ရတာကို နောက်ဆုံး နားလည် သဘောပေါက်ပေးနိုင်ရင်တောင် သူ့ကို ဝေဖန်တာ မတရားဘူးလို့ အဓိပ္ပါယ် မထွက်ဖူး။ အဲ့သလို မတရားဘူးလို့ argue လုပ်နိုင်ရင်၊ ကျိုးကြောင်းပြဆို နိုင်ရင် နားထောင်ချင်ပါတယ်။
ဥပမာ အရှက်ကို အသက်နဲ့လဲမယ်လို့ ကြီးကြီးကျယ်ကျယ် ပြောလာပြီး အဲဒိအပြောနဲ့ လူထောက်ခံမှု ရလာခဲ့တဲ့ အပျိုတယောက်ဟာ နောက်ဆုံး အပျိုရည် မပျက်တော်ပါပြီ၊ ဘယ်သူ့ မယားငယ် လုပ်ရလုပ်ရ ဆိုတဲ့ အပြောပြောလာတယ်ဆိုပါစို့။ ဒီလို ပြောလာရတဲ့ အခြေအနေတွေကို သူကြုံလာရလို့ ကိုယ်က သူ့ရွေးချယ်မှုကို နားလည်ပေးနိုင်ရင်တောင် အရင်က လူထောက်ခံမှုရအောင် ကြီးကြီးကျယ်ကျယ် ပြောခဲ့တာတွေနဲ့ လက်တွေ့ လုပ်နေတာတွေ ရှေ့နောက် မညီတာကို ဝေဖန်လို့ရတယ်။ ပြောခင်တာက ဒါဟာ unjustified criticism မဟုတ်ဖူး။
အလုပ်ဖြစ်တဲ့နည်းနဲ့ ကျင့်ဝတ်နဲ့ညီတဲ့ နည်းနှစ်ခုဟာ မတူဘူး။ အလုပ်ဖြစ်ဖို့ ကိုယ်ကိုယ်တိုင်က လက်ခံခဲ့တဲ့ ကျင့်ဝတ်စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီဆိုတဲ့ အခါ အလုပ်ဖြစ်အောင် လုပ်နိုင်တာကို မဝေဖန်ရင်တောင် ကိုယ်နဂိုက ချထားတဲ့ ကျင့်ဝတ်စည်းမျဉ်းတွေကို ချိုးဖျက်မှုအတွက် အဝေဖန် ခံရဲရမယ်။ ဒေါ်အောင်ဆန်းစုကြည်က အလုပ်ဖြစ်အောင် လုပ်ရမှာမို့ သူ့ကို မဝေဖန်နဲ့ဆိုတာ အလုပ်ဖြစ်မှုနဲ့ ကျင့်ဝတ်နဲ့ညီမှု နှစ်ခုကို မသိစိတ်က မရိုးမသား ရောပစ်တာပဲ။ မယုံရင် ကိုယ့်စိတ် ကိုယ်ပြန် သတ္တိရှိရှိ ဆန်းစစ်ကြည့်ကြပါ။
ko watote said...
နောက်တခုက ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသည်းအသန် ကာကွယ်ချင်နေသူတွေဟာ တကယ်က ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်နေတာလား၊ ကိုယ့်ရဲ့ မှားယွင်းတဲ့ ရွေးချယ်မှု ဘူးပေါ်သလို အပေါ်မခံဝံ့လို့ ကာကွယ်နေတာလားဆိုတာလည်း မေးချင်တယ်။ ဒါကို နားလည်အောင် ရှင်းဖို့ ဥပမာတခုနဲ့ စပါ့မယ်။ တတိုင်းပြည်လုံးကို ဖျက်စီးသွားတဲ့ ဗိုလ်နေဝင်းကို ဉီးချစ်လှိုင်တို့၊ သခင်တင်မြတို့ ဘာ့ကြောင့် ကနေ့ချိန်ထိ ကာကွယ်ပေးနေကြလဲ။ တကယ်က ဉီးနေဝင်းပေါ် သစ္စာရှိနေတာထက် သူတို့ရဲ့ မှားယွင်းတဲ့ ရွေးချယ်မှုပေါ် သစ္စာစောင့်သိနေကြတာ။ ဉီးနေဝင်းကို သူတို့ အကျိုးစီးပွား အခြေခံနဲ့ သူတို့ ကိုယ်သူတို့ ပုံအပ်ခဲ့တယ်။ ဒါပေမယ့် ဒီလို အကျိုးစီးပွားကြောင့် ပုံအပ်တာ မဟုတ်ဘဲ ဉီးနေဝင်းဟာ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတာမို့ သူ့ကို ထောက်ခံခဲ့တယ်လို့ သူတို့ အားလုံးပြောခဲ့တာပဲ။ ဒီတော့ သူတို့ရဲ့ မရိုးမသား ထောက်ခံခဲ့မှုကို ခုချိန်ထိ မှန်ကန်တယ်ဆိုတာ တရားထူထောင်တဲ့ အနေနဲ့ ဉီးနေဝင်းကို ခုထိ ကာကွယ်နေတာပဲ။ ဒါပေမယ့် တကယ်က ဉီးနေဝင်းကို ကာကွယ်ခြင်းအားဖြင့်သာ သူတို့ သိက္ခာ သူတို့ ဆယ်နိုင်မှာမို့ ဒီအလုပ်ကို လုပ်နေတာ။
ဒီဥပမာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဉီးနေဝင်းကို ယှဉ်တာ မဟုတ်ဖူး။ ဉီးချစ်လှိုင်တို့၊ သခင်တင်မြတို့ကို လက်ရှိ ဒေါ်စု ဘာလုပ်လုပ် မှန်တယ်ဆိုပြီး မျက်စိမှိတ် စွတ်ပြောနေသူတွေကို နှိုင်းယှဉ်တာသာ ဖြစ်တယ်။ (အမှန်က ဒါထည့်ပြောနေစရာတောင် မလိုပါဘူး။ ဒါပေမယ့် အတော်များများက စာမဖတ်တတ်တာလား၊ ရူးချင်ယောင်ဆောင်တာလားတော့မသိဘူး။ စာရေးသူ ပြောတာကို တမင် အဓိပ္ပါယ်တလွဲ ကောက်ပစ်နေတာတွေ့ တွေ့နေလို့ ပြောတာ။) ဒေါ်အောင်ဆန်းစုကြည်ကို ရှစ်လေးလုံး အောင်သီးအောင်နှံကို ဆက်သွယ်သွားနိုင်မယ် ယုံကြည်လို့၊ မြန်မာနိုင်ငံကို စစ်ကျွန်အောက်က ကယ်တင်နိုင်မယ် ယုံကြည်ခဲ့လို့ ထောက်ခံတာလား ဒါမှမဟုတ် အပြောကောင်းလို့၊ အများထောက်ခံလို့ ကိုယ်လည်းရောယောင် လိုက်ထောက်ခံတာလား ဆိုတာ ကိုယ့်ဟာကိုယ် ပြန်မေးကြည့်ကြစမ်းပါ။
ko watote said...
ကျုပ်တို့က ဗမာပြည်ကို စစ်ကျွန်အောက်က ကယ်တင်နိုင်မယ်လို့ အတိုင်းအတာ တခုထိ ယုံကြည်ခဲ့လို့ သူ့ထောက်ခံခဲ့တာ။ အဲဒိယုံကြည်ချက် ယိုင်လာတာနဲ့အမျှ သူ့ကို ထောက်ခံမှု ကျလာသလို အပြောနဲ့ အလုပ်နဲ့ မညီမှုတွေ အတွက် ဝေဖန်ရမှာဘ။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်စစ်ကျွန် အောက်က ကယ်နိုင်မယ်ဆိုတဲ့ အထင်နဲ့၊ ယုံကြည်မှုနဲ့ ခုထိ သူ့ကို အရင်လို ဆက်ထောက်ခံနေသူတွေကို တခု မေးပါရစေ။ ခု သူလက်ရှိ လုပ်ဆောင်နေတာဟာ မြန်မာနိုင်ငံကို စစ်ကျွန်အောက်က ကယ်တင်နိုင်ဖို့ လုပ်နေတာသာလို့ ယုံရင် ဒီလို ယုံကြည်မှုကို ဖြစ်စေတဲ့ အကြောင်းတရားတွေကို ထုတ်ပြစမ်းပါ။ ကျုပ်တို့အတွက်က ရှင်းတယ်။ ဘယ်ခေါင်းဆောင်ကိုမဆို ရှစ်လေးလုံး အသီးအပွင့်ကို ဉီးဆောင်နိုင်ရင် ဉီးဆောင်နိုင်သလောက် ခေါင်းပေါ်တင်ထားဖို့ အသင့်ပါ။ မဟုတ်ရင် ဆော်ရီးပဲ။ အဲဒိအတွက် အဝေဖန်မခံနိုင်လည်း မတတ်နိုင်ဘူး။ ကိုယ့်ကို လာမဝေဖန်နဲ့ဆိုတာ၊ တကယ်တော့ ကိုယ့်ဟာကိုယ် ကာကွယ်ရုံသက်သက် မဟုတ်ဖူး။ ဒီလို ဝေဖန်တဲ့လူတွေရဲ့ ဝေဖန်တာ မှားတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ သက်ရောက်တယ်။ ဒီတော့ ဘာ့ကြောင့် အဲ့သလို မှားတယ်လို့ ပြောနိုင်တာလဲ။ ဒါကို အချက်ကျကျ ငြင်းခုံရအောင်လား။
Anonymous said...
We are not defending our
leader saying that she has
to do it because she has
no other choice but I think
what she is doing is best
choice to do.
We need Burmese armed forces
in tact, a professional army motivated and confident. Some
dick heads may say we do not
need army as those KNU, KIA,
SSA and MNLA, etc.. I think
such thinking came out from
useful idiots (for them). We
need Burmese army and it has
to be in tact. It is not very
perfect but neither of above
ethnic insurgents are. They
are same shits. I prefer my
devil and known devil than
unknown devils. So I want
Daw Su to reconcilate with
army.
Second, when you have a leader,
a good leader, you stand by her
in good or bad times. Since we
are not financially supported by
others so to serve her will be impossible. So we can show her
our support. She is such a good
leader we can trust.
We cannot (or I cannot) trust
others. I think the rest are
shits. I respect only Daw Su
and U Tin Oo. The rest are
morons or mother of xxxx.
That is why we (or I) support
Daw Su. You little faggots can
say whatever you want, I dont
give a f..k but you are not
only barking but biting my
leader and so I am wasting my
time here in this faggot blog.
ko watote said...
still conflating the good and the right. what is good is one thing. what is right is distinctly another. good doesn't mean right. some people are simply unable to understand (or even worse, incapable of understanding) a text.
Anonymous said...
She is doing right thing by working with Burmese armed forces leaders,
generals, who are Burmese nationals.
She is doing good thing for Burmese,
so that Burmese can enjoy prosperty.
So what is your problem?
မောင်သန့် ။ said...
ကိုပေါ အစစ် ဆိရင်တော့ စိုင်းထီးဆိုင် သီချင်းလေး တစ ရေးပြခွင့်ပြုပါ။
### တခါ ငိုရရင်၊ တခါ မက ပြုံးခဲ့ရ
တာလဲ၊ မင်းမမေ့ နဲ့ ဦး။ အချိန်ရှိသေးတယ်၊ နောက်ဆုံး လို့ နှုတ်မဆက်ခင်မှာ၊ စဉ်းစားပါဦး---
လူဆိုတာ ကိုယ့်အကြောင်းနဲ့ ကိုယ်၊ နေရာတိုင်းတော့ တယောက်အကြိုက်မလိုက်နိုင်ဘူး---။
Anonymous said...
၈ လေးလုံး ၊ ၉၀ ရွေးကောက်ပွဲ . . . အာကြီး သီချင်းကို သတိရတယ် ~~ ရုံးမထွက်နိုင်တော့ပါ ~~~ စွဲလမ်းမှုကို မြတ်နိုးစွာ~~~ ဆိုလား . . ဘာလားပဲ။ အဖွားကြီး ဝေဖန်တာအားမရသေးဘူးလား။ ကိုပေါ & ကိုဝတုတ် ကောင်းမယ်ထင်တဲ့ လမ်းကြောင်းလေးတွေ ဆွေးနွေးပါလား။ ဝေဖန်တာတွေ တော်လောက်ပြီထင်တယ်။ ဒေါ်စုနောက်လိုက် မလုပ်တော့ဘူး။ ဘာလုပ်မယ် ညာလုပ်မယ်ပေါ့။
ကိုပေါ said...
အမှန်ပဲဗျာ။ အခုတော့ ဒေါ်စုအဖြစ်က အစာယက်ရင်း ပတ္တမြားကို တက်နင်းမိတဲ့ ကြက်ဖကြီးလိုပဲ။ ရှစ်လေးလုံးအရှိန်အဝါနဲ့ လူထုထောက်ခံမှုကို တခဲနက် ရခဲ့ပေမယ့် လူထုအင်အားကို အကျိုးရှိရှိ အသုံးမချတတ်ခဲ့ဘူး။ အခုဆိုရင် ဦးသိန်းစိန် ဖီးလ်လာမှ ခေါ်အတွေ့ခံရမယ့် ဘဝကိုတောင် ရောက်နေရှာပြီ။ ဘယ်သူမပြု မိမိမှုလို့ပဲ ဆိုရမယ်။ လူထုက တာဝန်ကျေတယ်။ သူမက လူထုအင်အားကို မယုံကြည်တာတော့ မတတ်နိုင်ဘူး။
ဒေါ်စုဖက်က ကာကွယ်ချေပသမျှမှာ သနားစရာအကောင်းဆုံး ချေပချက်ကတော့ အသက် ၆၅ နှစ်အရွယ် အဖွားအိုငယ်တယောက် စွမ်းစွမ်းတမံလုပ်နေတာကို မညှာမတာ ဝေဖန်ရက်တယ်ဆိုတဲ့ ချေပချက်မျိုးပါပဲ။
အသက် ၆၅ နှစ်အရွယ် အဖွားအိုတယောက် ဝမ်းရေးအတွက် လမ်းဘေးမှာ hola hoop ကစားပြနေတာဆိုရင်တော့ သူ့စွမ်းဆောင်ချက်က ညံ့ဖျင်းနေလည်း ကျနော် ဘယ်ဝေဖန်ရက်ပါ့မလဲဗျာ။ အခုဟာက အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တယောက်ရဲ့ လုပ်ရပ်ကို ဝေဖန်နေတာပါ။ နိုင်ငံရေးမှာ ၆၅ နှစ်ဆိုတာ အရွယ်ကောင်းပဲ ရှိပါသေးတယ်။
“လူတဦးထဲက အဲတာတွေ အကုန်လုံး အဆင်ပြေအောင် လုပ်နိုင်ပါ့မလား။ ကျန်တဲ့သူတွေကကော မဝိုင်းတော့ မဝန်းတော့ ဖူးလား။” ….. ဆိုတာကလည်း ရှိသေးတယ်။
သူမတယောက်တည်းအားနဲ့ အကုန်အဆင်ပြေရမယ်လို့ ဘယ်သူကမှလည်း မပြောပါဘူး။။ ဒါကြောင့်လည်း လူထုအားကို ယူပါလို့တောင် တိုက်တွန်းနေရတာပေါ့။ ဒါပေမယ့် အရေးပါတဲ့လူတယောက်ကြောင့် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတာကိုတော့ ငြင်းလို့မရဘူး။ ဒီလိုသာ မဟုတ်ဘူးဆိုရင် ဦးနေဝင်းလုပ်ခဲ့တာကြောင့်၊ ဦးသန်းရွှေကြောင့် စသဖြင့် တဦးတယောက်တည်းကို ဘာလို့ ပုံချနေသင့်သလဲ။ ခေါင်းဆောင်တယောက်ရဲ့ အဆုံးအဖြတ်၊ အယူအဆဟာ အရေးပါတယ်။ ခေါင်းဆောင် လမ်းလွဲရင် နောက်ကလူတွေ သေပြီပဲ။ ရေးရင်းနဲ့ “The charge of the light brigade” ကဗျာ ကိုတောင် ပြေးမြင်ယောင်မိသေးတယ်။
Anonymous said...
မေးနေတာလေး ဖြေပေးပါလားဗျာ။ အဖွားကြီး သုံးစားမရတော့ဘူး။ ကဲ . . . ဒါဆို ဘာလုပ်ကြမလည်း။ ဝေဖန်လေကန်တာကတော့ လူတိုင်းလုပ်တတ်ပါတယ်။ ကိုပေါ လုပ်မယ့် ရှေ့လုပ်ငန်းစဉ်လေးတွေ သိချင်ပါတယ်။
Anonymous said...
ကိုပေါ ခင်ဗျားဘလော့ဂ်ဖတ်လာတာ နှစ်ပေါက်နေပြီ။ ဒီတစ်ခေါက်လောက် စိတ်ပျက်တာမရှိဘူး။
ဝေဖန်ရေးကို ကြိုဆိုပါတယ်။ ကြိုက်လဲကြိုက်တယ်။ ဒါပေမဲ့ ဝေဖန်ရေးဆိုတာ အပြစ်တင်တာတစ်ခုထဲ မဟုတ်ဘူးဗျ။ ခု ခင်ဗျားဟာက အပြစ်တင်တာတောင် မဟုတ်ဘူး အတင်းထိုင်ပြောနေတဲ့ စာတွေဖြစ်နေပြီ။ ခင်ဗျားက ဘာဖြစ်စေချင်တာတုန်း? ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ဟူသမျှ အာခံကြ၊ ထိတ်တိုက်တွေ့ကြဆိုပြီး လုပ်ခိုင်းစေချင်တာလား? လက်ရှိအခြေအနေကို မြင်ရတယ်ဗျ၊ ခင်ဗျားတို့ ကျွန်တော်တို့ သဘောမတူပေမဲ့ လက်ရှိအစိုးရက တရားဝင်နေပြီဗျ၊ ဇွတ်တင်းနေရင် အထဲပြန်ရောက်ကုန်တာကလွဲပြီး ထူးလာမှာ မဟုတ်ဘူး။ "ပြည်သူအပေါင်းရှင့် ခုပဲလမ်းပေါ်ထွက်ကြပါ ကျွန်မဦးဆောင်ပါ့မယ်" ဆိုပြီးလုပ်စေချင်တာလား? ၈လုံးနဲ့ မင်းအောင်လှိုင်က သွေးပူလေ့ကျင့်ခန်းမဆင်းရတာကြာပြီ၊ နည်းသေးတယ်လို့တောင် ပြောအုန်းမယ်။ အာရပ်မှာလိုဖြစ်ပါပြီတဲ့၊ ခင်ဗျားက ဘာလုပ်မှာလဲ? ရန်ကုန်ပြန်ပီး ပူးပေါင်းမှာလား? စလုံးမှာပဲ မော်နီတာလေးရှေ့ ကီးဘုတ်လေးနဲ့ တော်လှန်နေပြအုန်းမှာ မြင်သေးတယ်၊ လူအုပ်တောင့်ရင်တော့ တီရှပ်လေးဆင်တူဝတ်ပြပြီး ဟိုနားဒီနားရပ်ပြအုန်းမှာပေါ့။ အာရပ်လို ဖြစ်မယ်လဲ စိတ်ကူးယဉ်မနေနဲ့၊ အာရပ်နိုင်ငံတွေနဲ့ တရုတ်ကအဝေးကြီး၊ သူ့ဘေးက နိုင်ငံကို အမေရီကန်နဲ့ မဟာမိတ်တွေ ဝင်ရင်တော့ တရုတ်ကလဲ သိန်းစိန်တို့ဆီ စစ်တပ်လွှပ်ပေးလိမ့်မယ်။
သိပ်သိနေ တတ်နေရင်လဲ ဒေါ်စုရေ ဒါတွေလုပ်ပါ ဒါမလုပ်နဲ့၊ ကျွန်တော်ပြောတာလုပ်ရင် ဘာတွေဖြစ်လာနိုင်တယ် ဆိုတာမျိုး စာလှမ်းရေးလေ။ ဒါမှမဟုတ်လဲ ရှေ့ဆက်အစိုးရဖက်က ဘယ်လိုကစားလာမလဲ၊ ဘာဖြစ်လာမလဲ ဘာလုပ်ရမလဲ ရေးလေ၊ လက်တွေ့မလုပ်ပြခိုင်းပါဘူး စာလေးနဲ့ပဲ အရင်ရေးစမ်းပါအုန်း။
ခုနေများ စစ်တပ်ကကောင်တွေ ဝင်ဖတ်ရင်တော့ ငါတို့တောင် ဘာမှမလုပ်ရသေးဘူး သူတို့ချင်း ကွဲနေပီဆိုပြီး ထိုင်ရီနေလောက်ပြီ။
ရွှေအိုး
Thu said...
အခုတော့လည်း ဒီမိုကရေစီဆိုတာ တောင်းယူလို့ မရ။ တိုက်ယူလို့လည်း မရ။
သူတို့ပေးမှ ရမယ့်အရာ ဖြစ်နေပါပေါ့လား။
http://blueskyforest.blogspot.com/2011/09/blog-post_27.html
It's true, Gen Ne Win has paved Multi-parties democracy, Gen. Than Shwe gave way to discipline democracy.
Anonymous said...
မနေ့ က ဒီပို့ စ်ကို ဖတ်မိပြီး ဗွီအိုအေမှာ သွားနားထောင်မိတယ်။ ဒီမနက် ဗွီအိုအေ နောက်ဆုံးသတင်းအကျဉ်းမှာလည်း သတင်းဖတ်သွားတာ ကြားလိုက်တယ်။ တခြား ဘီဘီစီ ဒီဗွီဘီ အာအက်ဖ်အေ မြန်မာသတင်းတွေမှာ မကြားမိဘူး။ တခြား မြန်မာဆိုဒ်တွေမှာလည်း မတွေ့ မိဘူး။
ဒီသတင်းဟာ ထူးခြားတယ်ဆိုတာထက် အရေးကြီးတဲ့သတင်း ဖြစ်ပါတယ်။
ကိုပေါရဲ့  ဒီပို့ စ်ကို လာပြီး ကွန်မန့် ပေးကြသူတွေက အဓိက အကြောင်းအရာ ပေါ်မှာ ထင်မြင်ချက်ပေးတာ မတွေ့ ရဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလမ်းကြောင်းပေးတဲ့စကား (အစိုးရအဖွဲ့ထဲမှာ ပါဝင်လုပ်ဆောင်တာဟာ ရှေ့ကို ခရီးရောက်နိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်တယ် )ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အမြင်ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) က ဒီလမ်းကြောင်းကို တရားဝင်အောင် အဖွဲ့ အစည်းရဲ့ တာဝန်ပေးချက်သဘောဖြစ်အောင် ဆုံးဖြတ်ပေးရင် ကြံ့ ဖွံ့ အစိုးရထဲ ၀င်လုပ်မယ် ဆိုတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည် ဒီသဘောထားကို ဘာလို့ နိင်ငံခြားသတင်းဌါန တစ်ခုကနေ ပြောတာလဲ။ ကိုယ့်ပါတီထဲမှာ စီအီးစီထဲမှာ ဆွေးနွေးဖြစ်လား။ ဆွေးနွေးတော့ အများစုက သဘောမတူလို့  ဒီလိုပြင်ပ မီဒီယာကနေ ထုတ်ပြောပြီး ကိုယ့်ပါတီက သဘောတူအောင် ပြောလိုက်တာလား။ ဖိအားပေးနည်းတခုလား။ အစိုးရအဖွဲ့ ထဲ ဘယ်လိုပါဝင်မှာလဲ။ တယောက်ထဲပါမှာလား ကိုယ့်ပါတီက တခြားပါတီခေါင်းဆောင်တွေကော ပါမှာလား။ အစိုးရအဖွဲ့ ထဲ ၀င်လုပ်ပါလို့  သိန်းစိန်အစိုးရက နှစ်ကိုယ်ကြား ကမ်းလှမ်းထားပြီလား။ ဘယ်အဆင့်က ပါခွင့်ရမှာလဲ။ ၀န်ကြီးလား၊ ဒု ၀န်ကြီးလား၊ ပြည်ထောင်စုအဆင့်ထဲမှာလား၊ ပြည်နယ် တိုင်းဒေသကြီးအဆင့်ထဲမှာလား။ ဒီလိုပါနိုင်ဖို့ ပါတီမှတ်ပုံပြန်တင်ဖို့ လိုလား။ ဦးသိန်းစိန်က တိုက်ရိုက်ခန့် တဲ့ အစိုးရအဖွဲ့ ဝင်လား။ အဲဒီလိုကော ပါလို့ ရလား။ အစိုးရအဖွဲ့ ထဲပါဖို့  အကောင်းဆုံးနည်းလမ်းဖြစ်တယ် ဆိုတာကို အန်န်အယ်လ်ဒီပါတီရဲ့ ဘယ်အဆင့်က ဆုံးဖြတ်ပေးမှာလဲ။ စီအီးစီလား။ ၂၀၁၀ ရွေးကောက်ပွဲ ၀င် မ၀င် ဆုံးဖြတ်တုန်းကလို ပါတီကိုယ်စားလှယ်တွေကလား။ အစိုးရသစ်ထဲက အပြောင်းအလဲလိုလားတဲ့ အင်အားစုတွေဆိုတော့ သူတို့ ဟာ အင်အားစုဆိုတဲ့အဆင့် အရေအတွက်တစုံတရာ ရှိတယ်လို့ ဘယ်လိုပြောနိုင်လဲ။ ဘယ်လောက် ကိုယ်နဲ့ ဆက်ဆံဖူးတာ ရှိခဲ့လဲ။ အစိုးရအဖွဲ့ ထဲ ကိုယ်ဝင်ပါတာနဲ့  အပြောင်းအလဲဖြစ်မှာ ဘယ်လောက်သေချာလဲ။ အစိုးရသစ်ထဲက အပြောင်းအလဲ လိုလားတဲ့ အင်အားစုတွေ အားကောင်းလာအောင် ဒီမိုကရေစီအရေး လိုလားသူတွေက ဘယ်လိုဘယ်ပုံ ကြိုးစားပေးရမှာလဲ။ ဘယ်လို တာဝန်ရှိတာလဲ။ ကြိုးစားပေးနိုင်တဲ့ အစိုးရအဖွဲ့ ထဲက လူတွေနဲ့  ဒီမိုကရေစီရေးလိုလားသူတွေရဲ့  ဆက်သွယ် ဆက်ဆံ ပြောဆိုနိင်တဲ့ နေရာက ဘယ်မှာလဲ။ အစိုးရသစ်က ဒီမိုကရေစီရေး လိုလားသူ ဘယ်နှစ်ယောက်ကို ဆက်သွယ် ဆက်ဆံ ပြောဆိုနေလဲ။ တနိုင်ငံလုံးကိုလား၊ တပါတီလုံးကိုလား၊ တယောက်တည်းကိုလား။
ဒီလိုအရေးကြီးတဲ့ ကိစ္စရပ်မျိုးကို ကိုယ့်ပါတီထဲမှာ သဘောထားကျအောင် ချပြီး မှန်တယ်ထင်ရင် ရဲရဲလုပ်သင့်ပါတယ်။ လူများစု မသိနိုင်တဲ့ သတင်းဌါနတခုကနေ တိုက်ရိုက်မဟုတ်ဘဲ ကာတင်ပစ်ပြီး ကိုယ့်ပါတီကို တွန်းအားပေးလိုက်တယ်လို့  ယူဆပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် လုပ်နေသမျှ ကိုလည်း ပါတီက ထောက်ခံနေတာပဲ မဟုတ်ပါလား။ အစိုးရသစ်ထဲ ၀င်လုပ်ဖို့ ကိစ္စကျမှ ပါတီဆုံးဖြတ်ချက် ဘာလို့ တောင်းနေလဲဆိုတာ မစဉ်းစားတတ်ပါ ။
TYK
Anonymous said...
I agreed with ko watote.
i believed DASSK as she can lead us for freedom.
but compare with other leaders in the world.
she is under per and she didn't learn from her former errors.
Compare with her father, she can't use opportunity well.
We really need new true leader now.
Thu said...
http://drlunswe.blogspot.com/2011/09/eleven-media-group.html
တကယ်ထူးခြားနေတာက ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ ကျနော်အမြင်ကတော့ ရှင်း၏။
အကြမ်းမဖက်သော လှုပ်ရှားမှုတွင် နည်း (၃)မျိုး ရှိသည်။
(၁) protest and persuasion ဆန့်ကျင်ခြင်းနှင့်ဆွဲဆောင်ခြင်း
(၂) noncooperation မပူးပေါင်းမဆောင်ရွက်ခြင်း
(၃)nonviolent intervention ၀င်ရောက်စွက်ဖက်ခြင်း တို့ဖြစ်သည်။
... လက်နက်ကိုင်စစ်ပွဲတိုင်းတွင် စစ်ဆင်ရေး မဟာဗျူဟာ ရှိသလို အကြမ်းမဖက်တော်လှန်ရေးတွင်လည်း မဟာဗျူဟာ (၃)မျိုးရှိသည်။ မတရားသောအမိန့်မှန်သမျှ ဆန့်ကျင်ကြ ဟူသော တင်းမာသည့်ဗျူဟာသည် အနှစ် ၂၀ ကြာခဲ့ပြီ။ ယနေ့ နေပြည်တော်သို့ ခရီးပေါက်နေသည့် အန်တီစုအပေါ် အားမလိုအားမရ ဖြစ်နေကြသည့် အသံတွေက တစီစီ ကြားနေရသည်။
ကျနော်က ဒီလိုမြင်သည်။ ( protest ) ဆန့်ကျင်ခြင်း၏ နေရာတွင် ( persuasion )ဆွဲဆောင်ခြင်းဖြင့် အစားထိုးပြီးနောက် ဘောလုံးပွဲကို ပြေးကြည့်လိုက်သည်။ အဲဒီနောက်မှာတော့ (intervention) ငြိမ်းချမ်းသောနည်းဖြင့် ၀င်ရောက်စွက်ဖက်ရေးအတွက် ရန်သူကို မိတ်ဆွေဖွဲ့ခြင်းပင်ဖြစ်သည်။
အန်တီစုက သူ့လမ်းသူသွားခြင်းဖြစ်၏။ တကယ်လိုအပ်တာက ကျှန်တော်တို့က ကျှန်တော်
ယုံကြည်တဲ့လမ်းက သွားဖို့ဖြစ်သည်။ ရပ်မနေသင့်။ တန့်မနေသင့်။ အားပျော့တာတွေ အားလျှော့တာတွေ။
အလုပ်မဖြစ်တာတွေ။ စိတ်ညစ်တာတွေကို ဖယ်ထုတ်၍ လုပ်သင့်တာတွေ ဆက်လုပ်ကြရင်း လာမည့်(PEPOLE POWER TWO) ကြီးမှာ ဆုံကြမယ်လေ။ ပျော်ပျော်ပါးပါးပေါ့။
Law Shay said...
Act like:
Batman (Dark Knight)
Kira (Death Note)
or
like:
White Knight (Dark Knight)
L (Death Note).
There is simply no optimum solution. It is a choice of less evil. But the question is "which one is less evil?" since there is a lot of opinion on how to measure evilness.
I almost lose faith in humanity (not just Burma, but the whole world) .......
Anonymous said...
@anonymous commented at
September 28, 2011 12:43 PM
'I agreed with ko watote.
i believed DASSK as she can lead us for freedom.
but compare with other leaders in the world.
she is under per and she didn't learn from her former errors.
Compare with her father, she can't use opportunity well.
We really need new true leader now.'
You can get new true leader who has
worked as a plumber or wiring technie in Singapore, or bums living on welfare, queueing asylm seeking baby ma mas, or old farts who have been bragging and begging for grants since they ran away from Burma like chickens since 1960s, or border bums who are
making a living by setting up
news web sites, or you will get hot assed juicy pussies who will pose on YouTube, or some plump assed Naw Phin Hla or Naw Ooe Hla, etc.. You choose and you matter
as another dick head in democracy!
Anonymous said...
ခွက်ပျောက်မည်ကိုကြောက်နေကြလေပြီတကား။
Anonymous said...
ဖြစ်နေတဲ့ ပြဿနာက စစ်အစိုးရကို စိတ်ဆိုးအောင်သွား မလုပ်လေနဲ့။ ကိုယ့်မှာလည်း သေနတ်ရှိတာ မဟုတ်ဘူး။ လမ်းပေါ်ထွက်ရင် အပစ်ခံရမယ်၊ သေမယ်။ ဒါပဲရှိတယ်။ လို့ မြင်နေကြတဲ့ ရွှေအိုးလို အမြင်မျိုးကို ဒေါ်စုကလည်း မြင်နေလို့ပါပဲ။
ကိုရွှေအိုးလိုလူမျိုးက ၈၈ အရေးအခင်းလိုဟာမျိုး ဘယ်လို ဖြစ်လာမှန်း နားမလည်ဘူး။ ၈၈ အရေးအခင်းကို အရှုံးနဲ့ အဆုံးသတ်တယ်လို့လည်း ထင်တတ်ကြတယ်။ စစ်အစိုးရ က ၈၈ ကို ဘာ့ကြောင့် သေလောက်အောင်မုန်းသလဲဆိုတာ လည်း နည်းနည်းမှာနားမလည်ဘူး။
ဒေါ်စုကလည်း ဒီလိုပဲ လူထုအရေးအခင်းကို သိပ်ကြောက်တယ်။ လူထုအရေးအခင်းကြောင့် သူ ဒီနေရာရောက်လာပေမဲ့ လူထု လှုပ်ရှားမှုကို မယုံကြည် ဘူး။ သူကလူထုတွေ လမ်းပေါ်ထွက်ကြပါလို့ ပြောလိုက် လို့ လူထုကလမ်းပေါ်ထွက်လာပြီး စစ်တပ်က သေနတ်နဲ့ပစ်၊ လူတွေသေရင် အဲဒါ စစ်တပ်ကြောင့် မဟုတ်ဘူး။ သူ့ကြောင့်လို့ လက်ညှိုးထိုးခံရမှာကို သေမလောက် ကြောက်တယ်။
ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေးလို့ ပြောတဲ့ ဒေါ်စုဟာ ဗမာ နိုင်ငံရေး သမားထဲမှာတော့ အကြောက်တတ်ဆုံး ပါပဲ။
ဟိုတခါ သေနတ်နဲ့ ချိန်ထားတုန်းက ရှေ့တိုးသွားတာကို သတ္တိကောင်းလှချည်ရဲ့ ဆိုပြီး လူတွေက မြှောက်ပေးတာ ကိုပဲ သာယာနေတယ်။ အဲဒီတုန်းက တကယ်ပစ်မိန့်မပါဘူး ဆိုတာ ကလေးတောင် တွေးနိုင်တယ်။ လူတွေအားလုံးရှေ့မှာ ဒေါ်စုကြောက်ပြီး ကားအောက်သွားပုန်းနေလို့ရော ဖြစ်မတဲ့လား။
ဟိုတခါ အစာငတ်ခံမယ် ဆိုပြီး၊ နောက်ဆုတ်သွားတာ ကိုရော မှတ်မိကြရဲ့လား။
ဒေါ်စုတသက်မှာ ပြောင်ပြောင်မြောက်မြောက် လုပ်ခဲ့ဖူး တာဆိုလို့ အာဏာဖီဆန်ရေး တခါပဲရှိတယ်။ လူထုကို မယုံရင် လူထုက စိတ်ပျက်လိမ့်မယ်။ လူထုက ခါထုတ်လိမ့်မယ်။
အောင်ရွှေ၊ ခင်မောင်ဆွေတို့လို အရှုံးပေးရေး၊ အလျှော့ပေးရေး အမြင်မျိုးကို ဒေါ်စု မကျော်နိုင်ဘူး။
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။
စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs