ကိုယ်ဝန်မဆောင်ဘဲ မီးဖွားလိုသော မိခင်များအတွက်

Share |
လွတ်လပ်မှုကို လိုလားသည်ဆိုလျက် လူထုလှုပ်ရှားမှုများကို သေးသိမ်အောင် ပြောကြားသူများသည်...
မထွန်ယက်မစိုက်ပျိုးဘဲ ရိတ်သိမ်းလိုသူများ၊ မိုးချုန်းသံနှင့် လျှပ်လက်ခြင်းများမပါဘဲ မိုးရွာခြင်းကိုတောင့်တသူများ၊ လှိုင်းပုတ်သံများ မပါသည့် သမုဒ္ဒရာကို အလိုရှိသူများသာ ဖြစ်ကြကုန်၏။ စိတ်ဓါတ်ပိုင်းဆိုင်ရာ အရဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ၊ နှစ်မျိုးလုံးအရဖြစ်စေ လှုပ်ရှားမှု တိုက်ပွဲကတော့ ရှိကိုရှိရမည်။ ပြင်းပြင်းထန်ထန် တာင်းဆိုမှုမရှိက အာဏာရှင်တို့မည်သည် စိုးစဉ်းမျှ လိုက်လျောလေ့မရှိ။ ယခင်ကလည်း မရှိခဲ့။ နောင်လည်း ရှိလိမ့်မည် မဟုတ်။
-Frederick Douglasd-

"Those who profess to favor freedom and yet depreciate agitation…want crops without plowing up the ground, they want rain without thunder and lightening. They want the ocean without the awful roar of its many waters…. This struggle may be a moral one, or it may be a physical one, and it may be both moral and physical, but it must be a struggle. Power concedes nothing without a demand. It never did and it never will."

Frederick Douglass, 1857

19 comments:

သတိ said...

အားလုံးသတိ

အဟက်.. ၁၈၅၇ (အဲ.. ကျွန်တော့်ထက်တောင် အသက်ကြီးသဗျ..) က ကိုယ့်နယ်မြေကျဉ်းကျဉ်းမှာ မူတည်ချမှတ်ရတဲ့ ခေတ်ရဲ့ အဆိုအမိန့် တစ်ခုကို ကိုယ်ဝန်မဆောင်ပဲ တကယ်မီးဖွားလို့ ရတဲ့ခေတ်မှာ ကိုးကားတဲ့ ဆရာ. ကြီးပေါရေ.. ပျောက်တာကြာလှ ကြာလှနဲ့ ဆိုင်းနဲ့ ဗုံနဲ့ ပြန်ဝင်လာပါလားဗျ.. ခုမှ ပြန်လည်ဖြစ်လို့ ကော်မန့်ရတယ်ဗျ.. ရှေ့က မဟုတ်ကဟုတ်က ကပေါက်တိ ကပေါက်ချာနဲ့ ဒေါ်စုကို ဝေဖန်ချက်တွေလဲ နောင်များမှ ဖဲ့ပါဦးမယ်ဗျား.. ဟားဟား..

ကိုပေါခုမှ မြင်တာတွေကို အရင်ထဲက မြင်တဲ့
ပညာရှိ မောင်သတိ ဖြစ်ခဲ..

အားလုံးသက်သာ
မောင်သတိ

ကိုပေါ said...

မောင်သတိ ရှိသေးသကိုး။ ဝဲလ်ကမ်းပါဗျာ။ ;-)

Anonymous said...

ဇော်ဇော်လိုကောင်နဲ့ဘောပွဲကြည့်ရင်
ဒီမိုကရေလမ်းကိုသွားနေပါတယ်ဆိုရင်
ဘာဖြစ်လို ၂၃ နှစ်ကျော်အချိန်ကုန်ခံခဲ့သလဲ
စောစောစီးစီးဘောပွဲကြည့်ခဲ့ရောပေါ့...
အာရပ်လိုမျိုးမြန်မာနဲ့မသင်တော့်ဖူးလို
ပြောတာအရှက်ပြေပြောတာဖြစ်မှာပါ..
ဘာကြောင့်ဆိုတော့လစ်ဗျား ၆ လလောက်ဘဲ
ကြာပြီးဒီမိုကရေစီရတယ်..မြန်မာမှာ ၂၃ နှစ်
ကြာပြီ..အကြောင်းမှမထူးထာကိုး..
သည်းခံပါ.စိတ်ရှည်ပါ..လက်သုံးစကားဖြစ်နေတယ်
ရာစုနှစ်ကုန်တယ်သည်းခံရင်တောင်ဒီမိုကရေစီ
ရဖို့လမ်းမမြင်..။။

ကိုပေါ said...

Anonymous,
ကိုယ့်လူကလည်း စိတ်ရှည်မှပေါ့ဗျာ။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ လုပ်ရမယ်တဲ့။ ကျုပ်တော့ တရားထိုင်ပြီး တော်လှန်ရေးကြီးတရပ် ဆင်နွှဲမလား စိတ်ကူးတယ်။

Anonymous said...

မောင်သတိ ထောက်ပြတဲ့ ၁၈၅၇ မှာ အမျိုးသမီးတွေ ကိုယ်ဝန်မဆောင်ဘဲ ကလေးယူလို့ မရနိုင်ပေမဲ့ ခုခေတ်မှာ အမျိုးသမီးတွေ ကိုဝန်မဆောင်ဘဲ ဇိဝနည်းပညာနဲ့ ကလေးယူလို့ရနိုင်တယ်ဆိုတာ မောင်ပေါ မသိသေးဘူးထင်ပ။

Anonymous said...

သိန်းစိန် အစိုးရကို ဆန့် ကျင်ကြ
ဒေါ်စုကို ကန့် ကွက်ကြ
အားလုံးစိတ်ဝမ်းတွေ ကွဲကြ
ကိုပေါကို ထောက်ခံကြ

Anonymous said...

It was not your "Frederick Douglasd"
nor later plagarist "[Theology and
Divinity] Dr. Martin Luther King Jr." helped but had not brought civil rights reforms but it was President London Johnson who was seen as a bigotted racist. Naive and shallow fools may think that the King's march in Selma, AL
and excellent oratory (Arr Ra Kay or Arr Pwar) skills either on the stage or in YouTube clips brought changes. But in reality, it was those pragamatic, real politik, politcal skills of president London Johnson those were keys
to grant civil rights for all.

For fools, romantic, over simplied
and politcally correct story will be taught as it is not easy to be
teach bulls or cows how Pepsi or
dry Red Wine taste.

ကိုပေါ said...

Andrew Johnson
(1808–1875)

Lyndon B. Johnson
(1908–1973)

Anonymous said...

FYI, in US civil war, the Union
of Northern states led by Abe
did not fight confederates of
Southern states because they
wanted to abolish slavery. It
was partly because they were
a two track economy, Southern
States were prosperous. Since
the south relied on slaves as
source of labour, northern US
states did not have to rely
on slave labour. A recent
Economist magazine article
accused that Abe Lincoln
was a michevillian tyrant,
and he wanted to steal power
from states back to federal
government so he waged war
to his own citizens. I assume
you support Federalism and
Lincoln was anti-federalist.

The situation back then was
more complex. Also, there were
European slaves and there
were free Negroe gentleman
in trades in south(back then African Americans were called).
It was conflict of interests
(politics) and not idealism
and activism driven [un]civil
war as we have learned in
our history text books.

I think you have to see context.
Being a fool activist is easy.
But to have objective mind is
hard. To operate like Daw Su
is hardest. So you are seeing
and critisizing her with your
naive activist mind. I suggest
you start learning real thing.
Little knowledge is dangerous.

Since you are an engineer, I
will quote what Socrates had
mentioned about his artisan
(guild) friends. Guilders like
Masons were yesterday techies
or engineers. Socrates lived
with them after he embarassed
and made enemies with Athen's politicians. He learned that
although those techies were
expert builders they did not
know their own limitations.
Now you are like those lads.
Daw Aung San Su Kyi, my leader,
operates at a level of wisdom which you nor some activists cannot grasp. Rather exposing yourself as a fool, I suggest
you to reflect and refreshen.

Anonymous said...

FYI, your Ar Ra Kay orator did not bring changes. But greedy tyrant
Lincoln helped abolished slavery.
See below.

http://www.lewrockwell.com/dilorenzo/dilorenzo179.html

Anonymous said...

ပြင်းပြင်းထန်ထန်တောင်းဆိုမှုမရှိက အာဏာရှင်တို့ မည်သည် လိုက်လျှောမှုမရှိဆိုတော့ ခင်ဗျား ပြန်တိုက်ပါလား။ အော် မေ့လို့ အဲဒီလောက်မှ သွေးမရှိတာ မေ့လို့ ... ခစ်ခစ်ခစ်၊ ခင်ဗျားလောက်က မြန်မာပြည်က ရဲတွေမလိုပါဘူး တန်လင်းက ရဲတွေလောက်နဲ့တင် အမြီးကို ကုပ်ကျသွားတာ တစ်ကျွန်းလုံး အသိပဲဟာ။ နာမည်က ပျက်ပြီးသား ကိုပေါရေ၊ ခပ်ဝေးဝေးမှာနေ၊ ခပ်ဝေးဝေးမှာနေ

ကိုပေါ said...

ပထမအကြိမ်လမ်းလျှောက်ဆန္ဒပြတဲ့အတွက် ရဲစခန်းကနှစ်ကြိမ်ခေါ်ခံရသည့်တိုင် ကျုပ်တို့အောချာ့ဒ်ပေါ်မှာ ဆန္ဒထွက်ပြခဲ့တာတွေ၊ သံရုံးရှေ့၊ ချန်ဂီထောင်ရှေ့၊ ကွင်းစ်တောင်းထောင်ရှေ့၊ စပီကာကော်နာ အပါအဝင် နေရပေါင်းများစွာမှာ စုဝေးပြီး ဆန္ဒပြခဲ့တွေ ဆက်လုပ်ခဲ့ပါတယ်။ ဒီအတွက် ရဲစခန်းကို အကြိမ်ကြိမ်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ဆဲပါ။

ကိုပေါ said...

ဒါပေမယ့် အခုအချိန်မှာ ကျနော့်အယူအဆက ရှင်းပါတယ်။ နှစ် ၄၀ လုံး အိပ်ပျော်နေခဲ့စေဦး မြန်မာနိုင်သား ဖြစ်နေသေးသရွေ့ မြန်မာ့အရေးမှာ သူ့အမြင်ကို ဝင်ပြောခွင့်ရှိတယ်။ ခွဲခြားဆက်ဆံတာ မမှန်ဘူးလို့ မြင်ပါတယ်။

Anonymous said...

I thought Daw Suu is trying this way that all Demo people must have to come back to our country to combine and work with NLD,if they want to get the democracy for Burma. This is political trick. Because, most of the Demo people are not actual doing for democracy.They are shouting on media.They always want to get supporting , benefits from West Countries and Donation organization.

Try to think about this.

သတိ said...

အားလုံးသတိ

ခွဲခြားဆက်ဆံတာ ဘာလို့ မမှန်ရမလဲခင်ဗျာ.. အိပ်ပျော်နေရင်တော့ မဆန်းဘူးပေါ့.. အိပ်ပျော်နေတာ မဟုတ်ပဲ မြင်တာတွေ့တာကို ကိုယ်နဲ့ မဆိုင်သလို ဘာမှမလုပ်ပဲ နေလာပီးမှ.. ရုတ်တရက်ကြီး ဟိုပြောဒီပြော လုပ်လာရင်တော့ အဲဒီလူရဲ့ ပြောဆိုပိုင်ခွင့်ကို မပြောနဲ့ မဆိုနဲ့ တားလို့မရပေမဲ့ ဒီလူဘာကြောင့် ပြောသလဲဆိုတဲ့ သူ့စေတနာကို အများကြီး သံသယဖြစ်ခံရတာ.. ခွဲခြား ဆက်ဆံခံရတာဟာ သိပ်မှန်ကန်သလို ဖြစ်ကို ဖြစ်ထိုက် ဖြစ်သင့်တဲ့ ကိစ္စပါပဲ.. ဒါကို ကိုပေါယူဆသလို မင်းငါ့ကို ဒီလိုမြင်ရမလားလို့ အပြစ်တင်မဲ့အစား ဒေါ်စုလို ကိုယ့်စေတနာ မှန်ကြောင်း ကြိုးစား သက်သေပြဖို့ လုပ်တာကသာ အဖြစ်သင့်ဆုံး လုပ်ရပ်လို့ မြင်ပါတယ်..

ကျွန်တော့် အယူအဆအရတော့ “မင်းကဘာလုပ်နေလို့ ဒီလိုပြောတာလဲ”ဆိုတဲ့ မေးခွန်းဟာ သိပ်ကို သဘာဝကျတဲ့ မေးခွန်းပါပဲ.. ကိုယ်ဘာမှ သိပ်မလုပ်နိုင်ရင် ကိုယ့်စေတနာ ကိုယ့်စကားဟာ အပြောသမားအဆင့်မှာ ခွဲခြားခံရတာ နာစရာမဟုတ်ပါဘူး.. ပြောပိုင်ခွင့် ရှိတယ်.. ရှိရမယ် ဆိုတာကို ကျွန်တော် မငြင်းပါဘူး.. ဒါပေမဲ့ ကိုယ့်စကားအပေါ် အဲလိုသံသယထား ခွဲခြားပစ်နိုင်တဲ့ အခွင့်အရေးဟာလဲ သူတို့အခွင့်အရေး ဖြစ်တဲ့အပြင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ မှန်ကန်တဲ့ အနေအထားပါ.. အပြောထက် အလုပ်နဲ့ သက်သေပြတဲ့လူ.. မဆိုင်သလိုနေလာပီးမှ ရုတ်တရက် ထပြောတဲ့လူ.. ကိုပေါတောင် အဲဒီလူ အားလုံးရဲ့နောက်ကွယ်က စေတနာကို မခွဲမခြား တန်းတူ လက်ခံယုံကြည်ပေးပါရဲ့လားဗျာ..

တစ်ခုမြင်မိတာက အဲလိုခွဲခြားတာ မမှန်ဘူး မြင်တဲ့ ကိုပေါက ဘာလို့များ ကျွန်တော်တို့ အစိုးရအသစ်စက်စက်ကလေးရဲ့ စကားတွေကိုများ ခွဲခြားဆက်ဆံ ပါလိမ့်ဗျာ.. ဝေဖန်ရရင် ကိုပေါဟာ ကိုယ့်အယူအဆနဲ့ ကိုယ့်လုပ်ပုံ မညီမညွတ်နဲ့ တော်တော် ကမောက်ကမ နိုင်လှသဗျာ.. ဟားဟား..

ပမာပြရရင် စလုံးအစိုးရရဲ့ ပေါ်လစီတွေ မကြိုက်ပေမဲ့လဲ တဖက်ကလဲ စင်ကာပူသားတွေ အဓိကအငြိုငြင်ဆုံး ISSUE ဖြစ်တဲ့ နိုင်ငံခြားသား ကိစ္စကို အားပေးအားမြှောက်ပြုပြီး ပီအာယူ လာနေနေတာမျိုးပါ.. ကိုယ်လက်မခံတဲ့ ကိစ္စမှာ ပူးပေါင်းပါဝင်တာမျိုး လုပ်တာမကောင်းဘူးလို့ ကိုပေါရဲ့ သူခိုးလက်ခံ ထိုနိုင်ငံ (ခေါင်းစဉ်မသေချာပါ) မှာ ဖတ်ရှုမှတ်သား ဖူးပါတယ်ဗျ..

ကဲ.. ဟာသလေးတစ်ပုဒ်နဲ့ ကော်မန့်ပိတ်မယ်.. စာဖတ်တာ ကောင်းတယ်ဆိုလို့ ဘယ်သွားသွား မချတမ်းဖတ်တတ်တဲ့ မောင်သတိ လက်စွဲဘုတ်အုတ် မောင်ကောင်းထိုက်ဟာသ စာစုထဲကပါ..
- မှိုတွေအားလုံး စားလို့ရသလား..
- ရတာပေါ့.. ဒါပေမဲ့ တချို့မှိုတွေက တခါပဲ စားလို့ရတယ်..

အဲလိုပါပဲ.. ပထမအကြိမ် လမ်းလျှောက်ဆန္ဒပြပီးနောက် ဒုတိယအကြိမ် တတိယအကြိမ်တွေ မလာတော့ပဲ စုရုံးစုရုံးနဲ့ အန္တရာယ်လဲ သိပ်မရှိတော့တဲ့ စပီကာကော်နာလို ပွဲတွေမှာပဲ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ဆဲ ဆရာ ကြီးပေါအား လေးစားစွာ ဂုဏ်ပြုပါတယ်ခင်ဗျား..

အီး.. ထုံးစံမပျက် ရှည်လိုက်တဲ့ ကော်မန့်ဟ..

အားလုံးသက်သာ
မောင်သတိ

ကိုပေါ said...

မောင်သတိ ကြိုက်တယ်ဗျာ။ ရေးပုံလေးကို။ ခင်ဗျားဟာသလေးကလည်း တကယ်ဟာသမြောက်ပါ့။ ကျနော်နဲ့ ပတ်သက်လို့ ထင်ချင်သလို ထင်ပါ။ သိပ်ဖြေရှင်းစရာ အကြောင်းမရှိပါဘူး။ ကိုယ့်လူကို ဘလော့ကွန်မင့်သာမက စာအုပ်ရေးသားဖို့တောင် တိုက်တွန်းချင်ပါတယ်။

Anonymous said...

အင်း တောင်အာဖရိကလည်း အာဏာရှင်စနစ်ကို ဖြုတ်မချနိုင်သေးဘဲကိုး...ဒီကောင်တွေ ဒီမိုကရေစီအတုကြီးယူထားတာပဲ...မင်ဒဲလားရေ ခင်ဗျားမှတ်ထားဖို့က လွတ်လပ်ရေးဆိုတာ တိုက်ယူမှရတာဗျ.. မယုံရင် ကိုပေါကိုမေးကြည့်...ဟားဟား

Anonymous said...

ဗိုလ်ချုပ်အောင်ဆန်းတုန်းကလည်း ဗြိတိသျှဆီက အနုနည်းနဲ့ လွတ်လပ်ရေး ယူမယ်ဆိုတော့ လွတ်လပ်ရေး အစစ်အမှန်ရမှာမဟုတ်ဘူးလို့ ဒီလိုပဲ အဝေဖန်ခံခဲ့ရတာပဲလေ၊ ကိုပေါစံချိန်နဲ့ ဆိုရင်တော့ Anonymous ပြောသလိုပဲ တောင်အာဖရိကလည်း ဒီမိုကရေစီ မရသေးသလို မြန်မာနိုင်ငံလည်း ဗြိတိသျှ လက်အောက်က လွတ်လပ်သေးဘူး ပြောရမလိုပဲ။

Anonymous said...

September 21, 2011 2:53 PM မှာမန့်ထားတာကို ကြိုက်တယ် ကိုသတိရေ၊ ရေးထားတာ တော်တော်အချက်ကျလို့။

ကိုရွှေအိုး

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs