ကျနော်သည် စင်္ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (ပီအာ)ကို ကိုင်ဆောင်လျက် အင်ဂျင်နီယာအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော မြန်မာနိုင်ငံသားတဦးဖြစ်ပါသည်။ ကျနော် မွေးဖွားကြီးပြင်းခဲ့ရာ တိုင်းပြည်၏ အခြေအနေကို ပြည်လည်သုံးသပ်ကြည့်သောအခါ မြန်မာနိုင်ငံ၏ အတိတ်နှင့် လက်ရှိပစ္စုပ္ပာန်အခြေအနေတို့မှာ နိုင်ငံသားတယောက်အနေနှင့် ကျေနပ်လက်ခံနိုင်သည့် အနေအထားများတွင်မရှိခဲ့/မရှိနေဟု ထင်မြင်ယူဆပါသည်။
အဓိက ကျေနပ်လက်ခံနိုင်ခြင်းမရှိသည့် အခြေအနေများမှာ…
(၁) မြန်မာနိုင်ငံသားတယောက်အနေနှင့် လွတ်လပ်မှုအဝဝ ဆုံးရှုံးနေခြင်း
(၂) အာဏာပိုင်လူတန်းစား၏ ဖိနှိပ်မှုကို အစဉ်သဖြင့် ကြောက်ရွံ့နေရခြင်း
(၃) နိုင်ငံသားတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူနေမှုအဝဝမှာ နိမ့်ပါးဆုတ်ယုတ်နေခြင်း
တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်တခု အမြစ်တွယ်ကာ ရှင်သန်နေခြင်းကြောင့် အကျိုးဆက်အနေဖြင့် ပေါ်ပေါက်လာရသော ဆိုးကျိုးများဟု ယူဆပါသည်။
ပြည်တွင်းတွင်နေထိုင်သည်ဖြစ်စေ၊ ပြည်ပတွင်နေထိုင်သည်ဖြစ်စေ မြန်မာနိုင်ငံသားတဦးဖြစ်နေသရွေ့ ဤအချက်များကြောင့်ဖြစ်ပေါ်လာသော မကောင်းသောအကျိုးဆက်များ၏ ရိုက်ခတ်မှုကို အစဉ်သဖြင့် ခံစားနေရမည်သာဖြစ်သည်။ ကျနော့်တို့အနေဖြင့် ဤ မနှစ်မြို့ဖွယ် အခြေအနေကို မတွန်းမလှန် အားမာန်လျှော့၍ ခေါင်းငုံ့လည်စင်းခံမည်လား။ သို့တည်းမဟုတ် အခြေအနေကို ပြုပြင်ပြောင်းလဲရန် ကြိုးစားမည်လား ဟူသော ရွေးချယ်စရာ လမ်းနှစ်သွယ်ကို ကြုံတွေ့ကြရပါသည်။ ကျနော်အနေဖြင့် ပြုပြင်ပြောင်းလဲပစ်ရန် ကြိုးစားသင့်သည်ဟူသော အမြင်ကို လက်ခံသူဖြစ်ပါသည်။ လက်ရှိအကြပ်အတည်းအပေါ်တွင် မှီခို၍ အကျိုးစီးပွားဖြစ်နေသူ လူအနည်းငယ်မှလွဲလျှင် ကျန်သော နိုင်ငံသားအများစုမှာ ကျနော်ကဲ့သို့ပင် ပြုပြင်ပြောင်းလဲရန်ကို အလိုရှိသူများသာ ဖြစ်ကြလိမ့်မည်ဟု ယူဆပါသည်။
အပြောင်းအလဲနှင့် ပတ်သက်သော ကျနော့်သဘောထား
အာဏာရှင်စနစ်ဟူသည် စတင်သန္ဓေတည်မွေးဖွားလာသည့်အချိန်ကပင် ယင်းစနစ်ကို ပြန်လည်ဖျက်ဆီးမည့် မျိုးစေ့ဗီဇ တပါတည်း ပါလာသည်ဟု ဆိုပါသည်။ ဆိုလိုသည်မှာ မည်သည့်အာဏာရှင်စနစ်မဆို တနေ့တချိန်တွင် ပြိုလဲပျက်စီးရမည်သာဖြစ်သည်။ သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း မည်သည့်အာဏာရှင်စနစ်မျှ ထာဝရ မတည်ရှိနိုင်ကြောင်းကို အထင်အရှားပင် တွေ့မြင်ကြရမည်သာဖြစ်သည်။ “ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူးကွာ” ဟု အားလျှော့စကားကိုဆိုသူများသည် ဤသဘောဓမ္မကို နားလည်သဘောမပေါက်သူများ၊ သမိုင်းကို မျက်ကွယ်ပြုသူများ ဖြစ်သောကြောင့်သော်လည်းကောင်း(သို့တည်းမဟုတ်) ဤသဘောဓမ္မကို လက်ခံလိုက်ပါက အကျိုးဆက်အနေဖြင့် ကျရောက်လာသော တာဝန်ကို ရှောင်လွှဲလိုသောကြောင့် သော်လည်းကောင်း ဖြစ်မည်ဟု မှန်းဆမိပါသည်။
သို့သော် အာဏာရှင်စနစ်တခု သူ့အလိုအလျောက် ပျက်စီးသည့်အချိန်အထိကိုမူကား ထိုင်စောင့်မနေသင့်ပဲ မိမိတို့ အသက်ရှင်စဉ် အနာဂတ်အကျိုးစီးပွားအတွက်၊ မိမိတို့ သားသမီးများအကျိုးစီးပွားအတွက်တို့ကို ထည့်သွင်းစဉ်းစားကာ အာဏာရှင်စနစ်အလျှင်အမြန် ပြိုကျပျက်စီးစေရန် အပြောင်းအလဲအတွက် လက်ရှိအချိန်တွင်ပင် အားထုတ်လုပ်ကိုင်သင့်ကြောင်း ခံယူမိပါသည်။
ဘယ်ပုံဘယ်နည်း အပြောင်းအလဲကို လုပ်ယူကြမည်လဲ
ပြောင်းလဲရန် လိုအပ်ကြောင်းလက်ခံသည့်အခါ ဘယ်ပုံဘယ်နည်း အပြောင်းအလဲကို လုပ်ယူကြမည်နည်းဟူသော မေးခွန်းပေါ်လာပါသည်။ သမိုင်းကြောင်းကို ဆန်းစစ်လျှင်ဖြစ်စေ၊ ယခုမျက်မှောက်ကာလ ကမ္ဘာတလွှားတွင် ဖြစ်ပေါ်နေသော အဖြစ်အပျက်များကို ဆန်းစစ်လျှင်ဖြစ်စေ အပြောင်းအလဲ ဖြစ်စေနိုင်သော နည်းလမ်း အများအပြားရှိသည်ကို တွေ့ရပါသည်။
ယင်းတို့အနက်….
(၁) လူထုအုံကြွမှုနှင့် (လူထုညီညွတ်စွာ အင်အားပြမှုများ)ဖြစ်ပြီး အာဏာရှင်အစိုးရများ ပြုတ်ကျသွားခြင်း
(၂) လက်နက်ကိုင်တော်လှန်ရေးဖြင့် အာဏာရှင်အစိုးရများကို ဖြုတ်ချနိုင်ခြင်း
(၃) အာဏာရှင်သေဆုံးသည့်အခါ ၄င်း၏ အရိုက်အရာကို ဆက်ခံသူများတွင် အပြောင်းအလဲကို လိုလားသော ခေါင်းဆောင်များ အစားထိုးဝင်ရောက်လာခြင်း
(၄) အင်အားကြီးနိုင်ငံများနှင့် ပတ်ဝန်းကျင်နိုင်ငံများ၊ နိုင်ငံစုံအဖွဲ့အစည်းများမှ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ သော်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံရေးစီးပွားရေး အခင်းအကျင်းရသော်လည်းကောင်း အာဏာရှင်နိုင်ငံငယ်များအပေါ် လွှမ်းမိုးကာ အပြောင်းအလဲသို့ရောက်အောင် တွန်းပို့နိုင်ခြင်း
စသည့် အကြမ်းဖျင်း ခွဲခြားသတ်မှတ်နိုင်သော နည်းလမ်းများကို တွေ့ရှိရပါသည်။ အထက်ပါ နည်းလမ်းတခုချင်းကြောင့်သော်လည်းကောင်း၊ တခုထက်ပိုသောနည်းလမ်းများကို သုံး၍လည်းကောင်း အပြောင်းအလဲကို စတင်ဖြစ်ပေါ်အောင် စွမ်းဆောင်နိုင်ကြောင်း သုံးသပ်မိပါသည်။
မြန်မာနိုင်ငံ၏ အတိတ်က သမိုင်းကြောင်း
အတိတ်က သမိုင်းကြောင်းဆိုရာတွင်… သက်ဦးဆံပိုင်ဘုရင်စနစ်အထိ နောက်ပြန်လှန်၍ ရေးသားရန်ဆန္ဒမရှိပါ။ ကိုလိုနီလက်အောက် ကျရောက်စဉ်က တော်လှန်ရေးများနှင့် လွတ်လပ်ရေးရပြီးသည့်အချိန်တွင် ဖြစ်ပေါ်ခဲ့သော တော်လှန်ရေးများအကြောင်း အကျဉ်းချုပ်ပြောလိုပါသည်။
ပထမကြိမ် အင်္ဂလိပ်ကို မောင်းထုတ်ခြင်းနှင့် ဂျပန်ကို ပြန်လည်တော်လှန်ရာတွင် အသုံးပြုသော နည်းလမ်းများမှာ နည်းလမ်း အမှတ် (၂ - လက်နက်ကိုင်) နှင့် (၄ - အင်အားကြီးနိုင်ငံများ၊ ကမ္ဘာ့အခင်းအကျင်း) သည် အဓိက အကြောင်းရင်းများဖြစ်သည်ကို သတိပြုမိပါသည်။ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးကို အရေးဆိုရာတွင် နည်းလမ်းအမှတ် (၁ - လူထုအုံကြွမှု) နှင့် (၄- အင်အားကြီးနိုင်ငံများ၊ ကမ္ဘာ့အခင်းအကျင်း) သည် အဓိက အကြောင်းရင်းများ ဖြစ်ခဲ့သည်ကို တွေ့နိုင်ပါသည်။ အင်္ဂလိပ်ကို ပထမအကြိမ် တိုက်ထုတ်ရာတွင်လည်းကောင်း၊ ဂျပန်ကို တော်လှန်ရာတွင်လည်းကောင်း၊ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးကို အရယူရာတွင်လည်းကောင်း ရည်မှန်းသည့် ပန်းတိုင်များကို လက်ဝယ်ပိုင်ပိုင် ရယူနိုင်ခဲ့သည်ဖြစ်၍ ထိုစဉ်က အသုံးပြုခဲ့သော နည်းလမ်းများ အောင်မြင်ခဲ့သည်ကို လက်ခံရချေမည်။
တဖန်လွတ်လပ်ရေးရပြီးသည့်အချိန်ကစ၍ (လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီ ခေတ်ကို ချန်လှပ်ကာ)ဆန်းစစ်ပြန်သော်…. မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုအုံကြွမှုများဖြင့် တော်လှန်ပြောင်းလဲရန် ကြိုးစားခဲ့ကြကို တွေ့ရသည်။ လက်နက်ကိုင်တော်လှန်ရေးကို အဓိကဆင်နွှဲသူများမှာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစု အမျိုးမျိုးတို့ ဖြစ်သည်။ ကြီးမားသော အထင်ကရ လူထုအုံကြွမှုကြီး နှစ်ခုမှာ ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သော ရှစ်လေးလုံး လူထုအုံကြွမှုကြီးနှင့် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေး တို့ပင်ဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေးမှာ အနှစ် ၆၀ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုအခါ အားပျော့သွားသည်ဟု သုံးသပ်မိပါသည်။ လက်နက်ကိုင်အင်အားစုများတွင် အကြီးမားဆုံးအဖွဲ့ဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီသည် (လက်နက်ကိုင်တော်လှန်ရေးတွင်) လုံးလုံးအမြစ်ပြတ်ချေမှုန်းခံရပြီး၊ ဒုတိယ အကြီးမားဆုံးဖြစ်သော ကရင်လွတ်မြောက်ရေးတပ်ပေါင်းစုမှာလည်း အဓိကခြေကုပ်စခန်းများ လက်လွှတ်ရပြီးနောက် အင်အားလျော့နည်းလာသည်ကို တွေ့ရသည်။
ဤသို့ လက်နက်ကိုင်တော်လှန်ရေး အရေးနိမ့်လာရသည့် အကြောင်းရင်းများတွင် မြန်မာစစ်အစိုးရအနေဖြင့် လိုအပ်သော စစ်အသုံးစားရိတ်ကို နိုင်ငံတော်ဘဏ္ဍာနှင့် အရင်းအမြစ်များမှ အပြည့်အဝ ရရှိနေသည်ကတကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်များအား သောင်းကျန်းသူအဖြစ် ရှုမြင်လာအောင် (လူထုထောက်ခံမှုမရအောင်) စစ်အစိုးရထိန်းချုပ်သော နိုင်ငံပိုင် သတင်းစာ၊ ရေဒီယို၊ တီဗီ၊ မဂ္ဂဇင်းတို့မှ ပြည်သူလူထုအား ထိထိရောက်ရောက် ဝါဒမှိုင်းတိုက်နှိုင်ခဲ့သည်ကတကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား အချိတ်အဆက်မိမိဖြင့် စစ်အစိုးရကို တော်လှန်နိုင်ခြင်း မရှိသည်ကတကြောင်း… စသည် တို့သည် လက်နက်ကိုင်တော်လှန်ရေး အားပျော့လာရခြင်း၏ အခြေခံအကြောင်းရင်းများ ဖြစ်သည်ဟု ယူဆပါသည်။
သို့သော် မည်မျှပင် အားပျော့သွားသည်ဖြစ်စေ…. လက်နက်ကိုင်တော်လှန်ရေးကို မှားယွင်းသည်ဟု ပြောရန် ခက်လှပါသည်။ လူသည် မိမိအား မတရား ဖိနှိပ်ချုပ်ချယ်လာလျှင် တုန့်ပြန်ခုခံရန် အခွင့်အရေးရှိပါသည်။ အခွင့်အရေးဆိုသည်ထက် တုန့်ပြန်တော်လှန်ရမည့် တာဝန်ဟုဆိုလျှင်ပင် ပိုမှန်ပါမည်။ ထိုသို့တော်လှန်ရာတွင် လက်နက်ကိုင်နည်းလမ်းကိုဖြစ်စေ၊ အကြမ်းမဖက်နည်းလမ်းကိုဖြစ်စေ သင့်လျော်ရာ နည်းလမ်းကို စွဲကိုင်နိုင်ပါသည်။ ဤသည်ကို မှားသည်ဟု မခေါ်နိုင်ပါ။ တရားသည်ဟုသာ ဆိုရပါမည်။ လက်ရှိအချိန်တွင် အားပျော့နေသော်လည်း တချိန်တွင် ပြန်လည်အားကောင်းလာတတ်သည်ကိုလည်း လက်ရှိအခြေအနေတွင်ဖြစ်ပေါ်နေသော ကမ္ဘာ့အခြေအနေများအရသော်လည်းကောင်း၊ သမိုင်းကြောင်းအရသော်လည်းကောင်း သတိချပ်သင့်ပါသည်။
ဖြစ်ပွားခဲ့ပြီးသော လူထုအုံကြွမှု နှစ်ရပ် ( ရှစ်လေးလုံးနှင့် ရွှေဝါရောင်) ပတ်သက်ပြီး အချို့က လူထုအုံကြွမှုများသည် အချည်းနှီးသာဖြစ်သည်ဟု သုံးသပ်ယူဆကြသည်ကို တွေ့ရသည်။ ကျနော့်အမြင်အရတွင်မူ ဤလူထုအုံကြွမှုကြီး နှစ်ရပ်ကြောင့် မြန်မာ့နိုင်ငံရေးတွင် ကြီးမားသော အပြောင်းအလဲကြီးများ ဖြစ်ခဲ့ပြီး ယနေ့နိုင်ငံရေးအခြေအနေသို့ရောက်ရန် တွန်းပို့ခဲ့သည့် အကျိုးရလာဒ်ကောင်းများ ဖြစ်ထွန်းခဲ့သည်ဟု ယူဆပါသည်။
ရှစ်လေးလုံးအရေးတော်ပုံကြီးသည် မြန်မာပြည်တွင် အရပ်သားမျက်နှာဖုံး တပါတီစစ်အာဏာရှင်စနစ်ကို တရားဝင် ပယ်ဖျက်လိုက်ကာ လူထုအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင် တင်ပေးလိုက်သည့် အရေးတော်ပုံကြီးဖြစ်ပါသည်။ ဒဂုန်တာရာ၏ စကား (အတိအကျတော့မဟုတ်)ကို အငှားသုံးရမည်ဆိုလျှင် “၁၃၀၀ ပြည့်အရေးတော်ပုံကြီးကြောင့် လွတ်လပ်ရေးကို ချက်ချင်းမရခဲ့သော်ငြား လွတ်လပ်ရေးကို အရယူပေးမည့် တော်လှန်ရေးအင်အားစုကြီးတရပ်ကို မွေးဖွားပေးလိုက်သည်။ အလားတူ ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် မြန်မာပြည်သည် ဒီမိုကရေစီချက်ချင်းဖြစ်မသွားသော်လည်း ဒီမိုကရေစီစနစ်ကို အရယူပေးမည့် အင်အားစုကြီးတရပ်ကို မွေးဖွားပေးလိုက်သည်” ဆိုသည့်အတိုင်းပင်ဖြစ်သည်။
ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ပေါ်ပေါက်ခဲ့ရသည်။ ထိုရွေးကောက်ပွဲတွင် မြန်မာပြည်သူထုတရပ်လုံးက ဒီမိုကရေစီစနစ်ကို လိုလားတောင့်တသည့်အကြောင်းကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသလိုက်သည်။ ထိုအချိန်မှ စ၍ ပြည်သူလူထု၏ ဒီမိုကရေစီစနစ်အပေါ် လိုချင်တောင့်တမှုများ၊ လွတ်လပ်မှုကိုတောင်းဆိုမှုများ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဆင်မှုများမှာ ဘယ်တုန်းကနှင့်မတူ အရှိန်အဟုန်မြင့်တက်ခဲ့ပါသည်။ ဂတိအတိုင်း အာဏာလွှဲမပေးသည့်တိုင်အောင် စစ်အစိုးရအနေဖြင့် “ပြည်သူများအနေဖြင့် ဒီမိုကရေစီစနစ်ကိုသာ လိုလားတောင့်တသည်” ဆိုသည့်အချက်ကို မျက်ကွယ်ပြုရန် မစွမ်းသာတော့ဘဲ “မိမိတို့အစိုးရသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် ကြိုးစားနေပါသည်” ဆိုသည့် ကတိစကားများကို ထုတ်ဖော်ပြောကြားလာရသည်အထိဖြစ်သည်။
သို့သော် စစ်အာဏာရှင်များမှာ စိတ်ရင်းမမှန်သည့်အလျောက် တဖက်တွင်လည်း အမျိုးသားညီလာခံကို မပြီးနိုင်မစီးနိုင်ခေါ်ယူကာ အချိန်ဆွဲရန်ကြိုးစားနေခဲ့သည်။ တချိန်တည်းတွင် စစ်အစိုးရ၏ အကျင့်ပျက်ခြစားမှုများ၊ ကိုယ်ကျိုးရှာ မသမာမှုများ၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးတွင် ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့် ပြည်သူလူထု၏ စားဝတ်နေရေးမှာ တနေ့တခြား ပိုမိုကြပ်တည်းလာပြီး ၂၀၀၇ ခုတွင် ကမ္ဘာ့သတင်းမီဒီယာများကို ကိုင်လှုပ်ကာ အချိန်ပြည့်လွှမ်းမိုးထားနိုင်သော ရွှေဝါရောင်တော်လှန်ရေးကြီးတရပ် ပေါ်ပေါက်လာခဲ့ပါသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးသည် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန် အချိန်ဆွဲ၊ ဈေးဆစ်နေသော စစ်အစိုးရအား အချိန်မဆွဲဝံ့တော့စေရန်၊ တက်သုတ်ရိုက်ဆောင်ရွက်ရန် နောက်မှ သံချွန်နှင့်ထိုး၊ ကြိမ်တို့လိုက်သော ဖိအားပေးမှုကြီးပင် ဖြစ်သည်။
အကျိုးဆက်အနေဖြင့် အမျိုးသားညီလာခံကို နှစ်ပေါင်းများစွာ အချိန်ဆွဲ၍ ကျင်းပနေသော စစ်အစိုးရသည် ၂၀၀၈ ခုနှစ်တွင် ညောင်နှစ်ပင်ဖွဲ့စည်းပုံကို တက်သုတ်ရိုက်၍ အပြီးသတ်ရေးဆွဲ၊ မသမာသည့်နည်းဖြင့် ပြည်သူ့ဆန္ဒကို ကတိုက်ကရိုက်ခံယူအတည်ပြုကာ၊ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပြီး (အရပ်သားအရေခြုံထားသည့်) ပါလီမန်ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာရပေသည်။
(ဆက်ရန်)

13 comments:
ထပ်မေးမယ်။ မင်းက ဘာဖြစ်စေချင်တာလဲ။ မင်းဘာလုပ်ပေးနိုင်လဲ။ ကီးဘုတ်တော်လှန်ရေးမဟုတ်ဘူးနော်။
GO ON
ကိုပေါ..
ဆက်ရန်ကိုဖတ်ဖို့ စောင့်နေပါတယ်။
ဒီပိုစ့်ကိုတော့ သဘောကျမိပါတယ်။
အကျိုးအကြောင်းညီညွတ်မျှတတယ် ထင်မိပါတယ်..
ဦးပေါ... မြန် မြန် ရေး ...စောင့်  ဖတ် ရ တာ မော တယ်
ငပေါ . . .
စောဘဦးကြီးတို့ခေတ်က တိုင်းရင်းသားလက်နက်ကိုင်နဲ့ အခုတိုင်းရင်းသား လက်နက်ကိုင်ဆိုသူတွေရဲ့ ကွာခြားချက်တွေကို သေသေချာချာလေ့လာပါဦး။ little knowledge is very dangerous.
Anonymous said...
ထပ်မေးမယ်။ မင်းက ဘာဖြစ်စေချင်တာလဲ။ မင်းဘာလုပ်ပေးနိုင်လဲ။ ကီးဘုတ်တော်လှန်ရေးမဟုတ်ဘူးနော်။
----------------------------------------
ကီးဘုတ်တော်လှန်ရေးလား အီးဘုတ်တော်လှန်ရေးလားတော့မသိဘူး မင်းဘာလုပ်ပေးနိုင်လဲ ငါဘာလုပ်ပေးနိုင်လဲမမေးနဲ့လေ လေကုန်မှာပေါ့၊ ဘာတွေများဒေါသထွက်နေတာလဲ၊
"အမြဲတမ်းနေထိုင်ခွင့် (ပီအာ)"
Ko Paw, I agree that Singapore PR may
be permanent but re-entrant permit is
not permanent. So that means you have
to apply for extension every 5 or 10
years. So I wonder whether renewal time is closing soon. Is that why
are you blogging and attacking
Daw Su?
Singapore PR U Paw,
you should read it:
http://www.news-eleven.com/index.php?option=com_content&view=article&id=10346:2011-10-02-08-25-17&catid=78:2009-11-13-06-25-17&Itemid=135
Anonymous said... October 4, 2011 5:22 AM
မိတ်ဆွေရဲ့ လင့်ခ်အတွက် ကျေးဇူးတင်ပါတယ်။
လူထု ဦးစိန်ဝင်းက ချုံငုံ သုံးသပ်ပြတာဆိုတော့ ကျွန်တော်တို့လို့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ဆဲ၊ ထောက်ခံဆဲ သာမန်လူတွေ ပြောထာထက် ပြိုပီး စနစ်ကျပါတယ်။ ပိုပြီးတော့ ထိုက်သင့်သော အားသက်ရောက်မှု ဖြစ်စေပါတယ်။
ကိုပေါအနေနဲ့လည်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်နေတာကို နားလည်သလို ကြိုလည်းကြိုဆိုပါတယ်။
ဒါပေမယ့် ယခုလို အဖြူအမည်း ကွဲကွဲပြားပြား မသိသေးချိန်မှာ အဆိုးတွေကိုပဲ တွေးရေးမနေပဲ အကောင်းဘက်ကို ရှုမြင်ရင်း ဖြစ်လာနိုင်မယ့် (သို့) ဖြစ်နေသေးတဲ့ ဆိုးကျိုးတွေကို ထောက်ပြ ဝေဖန်တဲ့ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးဖြစ်စေချင်သလို ပိုပြီး သင့်တော်မယ်လို့ ထင်ပါတယ်။
ဒီပို့စ်ကိုတော့ နှစ်သက်ပါတယ်။ ကိုပေါရဲ့ စာကောင်း၊ အတွေးအခေါ်ကောင်းတွေ ပြန်ဖတ်ရဖို့ မျှော်လင့်ပါတယ်။
ဧရာဝတီ အောင်ဇော်နဲ့  အင်တာဗျူး
http://www.news-eleven.com/index.php?option=com_content&view=article&id=10369:2011-10-02-20-48-49&catid=42:2009-11-10-07-36-59&Itemid=112
စာဖတ်သူများခင်ဗျား
ဒေါ်အောင်ဆန်းကြည်၏ လက်ဆောင်ရွက်ချက်များကို ရှုံချ ကဲ့ရဲ့ သည့် ကာတွန်းများ၊ ဆောင်းပါးများ online ပေါ်တွင် တွေ့ ရှိပါက ကိုပေါ ထံသို့ ပို့ ပေးကြပါ။ သူ့ ဘလောဂ်မှာဖြစ်စေ၊ facebook မှာဖြစ်စေ အားရ၀မ်းသာစွာ ပြန်လည် မျှဝေပေးမည်ဖြစ်ပါသည်။
မကြာခင်မှာ ပသုံးလုံး (ပြည်သူ့ ငပေါကြီးများပါတီ) ကို ပေါကြီးမှ ဦးဆောင်ပြီး ပြည်တွင်းပြည်ပ ရွာအပြင်ထုတ်ရမည့်ပုဂိုလ်များ အစိုးမြင်ဝါဒီများနှင့် ဖွဲ့ စည်းသွားမည်ဖြစ်ပါသည်။
ိ
Dear Ko Paw,
I like your blog and I agree with 70 percentage of your opinion.
I think we need to change world history.I might be wrong but I think
in1942 they recognize as Japanese invade and in1943 British started attack back from Rakkhing state and before Tatmadaw Day they reoccupied Mandalay.
Post a Comment