“ရှူးပေါက်သူများ သတိထား”

Share |
ခေါင်းစဉ်ကို ကြည့်ပြီးတဲ့အခါ… “လူတိုင်းရှူးပေါက်တတ်ကြတာပဲ။ ဘာဖြစ်လို့ပါလိမ့်၊ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ သတင်းနဲ့များ ဆက်စပ်နေသလား”… ဆိုပြီး လန့်မသွားပါနဲ့ဦး။ အပေါ့အပါးသွားတဲ့ ကိစ္စကို ဆိုလိုတာ မဟုတ်ရပါဘူး။ “ရှူးဖိနပ်နဲ့ ပစ်ပေါက်သူများ သတိထား”…လို့ ဆိုလိုချင်တာပါ။

မှတ်မိကြဦးမယ်ထင်ပါရဲ့။ အမေရိကန်သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်တယောက် သူ့သမ္မတသက်တမ်း မကုန်ခင် အီရတ်ကို အလည်သွားတဲ့အခေါက်က သတင်းစာရှင်းလင်းပွဲလုပ်နေတုန်း ပရိသတ်ထဲမှာ ထိုင်နေတဲ့ အီရတ်လူမျိုး ဂျာနယ်လစ်တယောက်က ဖိနပ်နဲ့ ချွတ်ပြီး ပေါက်လိုက်တဲ့ အဖြစ်အပျက်ကိုလေ။
အဲဒီတုန်းက ဘုရှ်ကလည်း အရှောင်အတိမ်း ဂျက်ဆီဂျိန်းမို့ မထိလိုက်ဘူး။ သမ္မတဘုရှ်က စပ်ဖြဲဖြဲ မျက်နှာပေးနဲ့ “ပစ်လိုက်တဲ့ ဖိနပ်ဆိုက်က နံပါတ် တစ်ဆယ်ပဲ” ဆိုတာမျိုး ချက်ချင်းဆိုသလို ဟာသနှောပြီးတောင် ပြောလိုက်နိုင်ပါသေးတယ်။

အခု အဲဒီ ဖိနပ်ပစ်တဲ့ သတင်းထောက်ငနဲ.. ပဲရစ်က အခမ်းအနားတခုမှာ စကားပြောနေတုန်း ပရိသတ်ထဲကတယောက်က သူ့ကို ဖိနပ်နဲ့ ထပစ်ပေါက်တာ ခံရတယ်ခင်ဗျ။ ကံကောင်းလို့ ထိတော့ မထိဘူး။ ဒါပေမယ့် သူ့မျက်နှာကြည့်ရတာ တော်တော့်ကို တုန်လှုပ်ချောက်ခြားသွားပုံရတယ်။ ဘုရှ်တုန်းကလိုတောင် ရွှတ်နောက်နောက် ပြောနိုင်မယ့်ပုံ မပေါ်ဘူး။

အင်း…. ဝဋ်ဆိုတာ လည်တတ်တယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပါပဲ။ ဒီတော့ သူတပါးကို ဖိနပ်နဲ့ ပစ်ချင်သူမှန်သမျှ ကိုယ့်အလှည့်ကျရင်လည်း တပါးသူပစ်တာကို ပြုံးပြုံးလေးခံနိုင်အောင် နှလုံးသွင်းထားဖို့ လိုပေလိမ့်မယ်လို့ တွေးမိပါတယ်။

ဒီသတင်းကို ဟောဒီလင့်ခ်မှာ သွားကြည့်ပါ။
http://news.yahoo.com/s/ap/20091201/ap_on_re_eu/eu_france_iraq_shoe_thrower

ပူးတွဲဖတ်ရှုရန်။

“ဖိနပ်နဲ့ပစ်ပေါက်ခြင်းကို အားမပေးလို”

“ညောင်သီးကိုသာ စားရပါလိမ့်”

13 comments:

PhotoVigor said...

I watched this before. Also Chinese Premier Wen Jiabao also encountered this at Cambridge University. Here is the link

http://www.youtube.com/watch?v=UojkLes5qVM

Enjoy..:)

Rita said...

ရာဇ အိနြေ္ဒတို့ ရာဇပရိယာယ်တို့ ဆိုတာ မလွယ်ပါလားလို့ တွေးမိတယ်။ ဖိနပ်နဲ့ ပေါက်ရင်တောင် ပြုံးပြီး ရွှတ်နောက်နောက် နေနိုင်မှ... (ဘုရှ်ကို ရည်ညွှန်းပါသည်။)

ကိုပေါပြောတဲ့ထဲမှာ စိတ်ကူးနဲ့ ပေါက်ချင်နေတဲ့သူတွေတော့ မပါဘူး မဟုတ်လား။

:)

Mar Mar said...

I have same question.
ကိုပေါပြောတဲ့ထဲမှာ စိတ်ကူးနဲ့ ပေါက်ချင်နေတဲ့သူတွေတော့ မပါဘူး မဟုတ်လား။
:)

Anonymous said...

စိတ်ကူးနဲ့ ပေါက်နေတ.ဲ Rita and Mar Mar ကတော့ earliy morning on the bed ? :P

Dr. Yi Yi Win said...

ပြုသူအသစ် ဖြစ်သူအဟောင်းပဲကိုး နော်။ ရီတာ့ပို့ စ်နဲ့ ကွက်တိပဲ။

Bino said...

I am same as you.
I'm staying in Am Qasr,Iraq when the case happen.
But, I had gone nothing places in Iraq due to prohibit by local authority.
I don't like that manner.

BINO

Anonymous said...

I dont think he is as nervous as you said.

Moe Tain Nyo said...

ဟုတ်ပါ့ဗျား။ ချက်ချင်းကို ၀ဋ်လည်တာပဲနော်။
စကားမစပ်“ကူညီချင်လွန်းသူ” သွားဖတ်လိုက်တယ်။ ဟုတ်ပါ့ဗျား။ မှန်ပါ့ဗျား လို့ပဲ ပြောလိုက်တော့မယ်။

Nge Naing said...

ကိုပေါတယောက် ဆီးလမးကြေင်းရောဂါတွေနဲ့ ပတ်သက်ပြီး ပညာပေးတဲ့ ပို့စ်တွေများ တင်ထားလားလို့ လာဖတ်ကြည့်တာ တလွဲစီဖြစ်နေတယ်။

ခရေဖြူ said...

၁ပတ်ကို ၃-၄ပုဒ်တော့တင်ပါ နေ့တိုင်းလာကြည့်ပြီ: အသစ်မတွေ့ရင် ရင်ဆို့ရလို့

သစ်နက်ဆူး said...

ဟာ...ဟာ့..။။
ကိုပေါ...ဒီပို့ စ်လေးကို ကျနော်သိမ်းထားမယ်ဗျ..။
အားကြီးရေးတတ်တဲ့ လူ..။း)

Anonymous said...

ကိုပေါေ၇ ဒီတခါပေါက်မဲ့ရှူးဖိနပ်က

ခင်ဗျားမျက်နှာဘဲ သိတယ်နော်

Anonymous go thoutMyinKatThu said...

ကိုပေါရေ။ မျှဝေပေးတဲ့ စာတွေ အတွက် အထူးကျေးဇူးတင်ပါတယ်။

ဒီ Anonymous ဆိုတဲ့ အကောင်ကတော့ ကိုယ်ကိုယ်တိုင်လည်း စာကောင်းပေကောင်းမရေးတတ်ဘူး။ သူများရေးတဲ့စာတွေ လိုက်ပီး အပုပ်ချနေတဲ့ အကောင်.. ပုဆိုးခြုံထားလျက်က မျက်နှာဖုံး ထပ်စွတ်ထားတဲ့ အကောင်ပဲ။ ကြည့်လိုက်ရင် နေရာတကာမှာ အဖက် သရော်စာတွေချည့်ပဲ။ ဒီလို လုပ်ဘို့ မင်းကို ဘသူက လုပ်ခပေးခိုင်းထားလဲ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs