ကျနော့်အဖေဆုံးတော့ အသက်ရှစ်ဆယ်။ အဖေ့အသက် ၆၀ လောက်စပြီး လူကြီးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း နားနည်းနည်း လေး စပြုတယ်။ သူ့ကို ပုံမှန်အသံနဲ့ စကားလှမ်းပြောရင် မကြားဘူး။ နည်းနည်း အော်ပြောမှ ကြားတော့တယ်။ နောက်တော့ အဖေ့ကျေးဇူးနဲ့ ကျနော်တို့ တအိမ်သားလုံး စကားကို အော်ပြောတဲ့ အကျင့်ရလာကြတယ်။
ကျနော် မြန်မာပြည်ကို ပထမဦးဆုံးအခေါက်ပြန်တော့ အဖေ့အတွက် နားကြားကိရိယာလေးကို စင်္ကာပူက ဝယ်သွားပေးတယ်။ အဖေ အရမ်းသဘောကျတယ်။ သူဘောလုံးပွဲတွေကြည့်တဲ့အခါ၊ ရေဒီယိုနားထောင်တဲ့အခါ အင်မတန်အသုံးတည့်သတဲ့။
ဒါပေမယ့် အဲဒီ နားကြပ်ကြောင့် အဖေ့အနားမှာ နေတဲ့ အစ်မတွေ၊ ယောက်ဖတွေ ဒုက္ခရောက်ကြတော့တယ်။ သူတို့က အကျင့်ပါနေတဲ့အတိုင်း အဖေ့ကို အော်ပြောမြဲ အော်ပြောကြတော့…. “တိုးတိုးသက်သာပြောလည်း ငါကြားရပါတယ်ဟ။ စွတ်အော်မနေကြပါနဲ့” လို့ အဖေဟောက်တာကို ခံရသတဲ့။
အခုတော့ အဖေဆုံးသွားတာတောင် လေးနှစ်လောက်ရှိပြီ။ အဖေ့ရဲ့ တဦးတည်းသော သားယောက်ျားလေးဖြစ်တဲ့ ကျနော်ဟာ အခုအသက် ၃၈ နှစ်မှာပဲ နားနည်းနည်း လေးစပြုလာတာကို ကိုယ့်ဘာသာ သတိထားမိတယ်။
အရင်ကတော့ ကိုယ့်ဘာသာ နားလေးတယ်လို့ မထင်ဘူး။ တချို့လူတွေ စကားပြောတာ အရမ်းတိုးညှင်းလွန်းလို့သာ မကြားရတာလို့ပဲထင်တယ်။ အထူးသဖြင့် စင်္ကာပူနိုင်ငံသားတွေ စကားပြောတဲ့အခါ တိုးလွန်းလို့ မနည်း အာရုံစိုက်နားထောင်ယူရတယ်။ မြန်မာတွေကတော့ အချင်းချင်း အားပါးတရ အော်ကြီးဟစ်ကျယ် ပြောကြတာဆိုတော့ ကျနော့်အတွက် သိပ်ပြဿနာမရှိလှဘူး။
တချို့လူတွေကလည်း စကားပြောတဲ့အခါ လေကို အင်မတန် ချွေတာချင်ကြပုံ ရတယ်။ လည်ချောင်းထဲကလေ အပြင်ကို ထွက်လာတဲ့ အသံနဲ့ ပြောတာမျိုးမဟုတ်။ အပြင်ကလေ လည်ချောင်းထဲကို ပြန်ဝင်သလို စုပ်သံနဲ့ စကားပြောတဲ့လူတွေလည်း ရှိတယ်။ အဲဒီလူမျိုးတွေနဲ့ တွေ့ရင် ကျနော် ဒုက္ခလှလှကြီးတွေ့တော့တာပဲ။
ရုံးက ကျနော့်မျက်စောင်းထိုးစားပွဲမှာ ကျနော်နဲ့ ပရော့ဂျက် အတူလုပ်ရတဲ့ တရုတ်လူမျိုး အင်ဂျင်နီယာမကလေးရှိတယ်။ ကိုယ့်စားပွဲကနေ သူနဲ့ အပြန်အလှန် စကားလှမ်းပြောရင် မကြားရလို့ ပြောစရာတခုခုရှိတိုင်း တယ်လီဖုန်းနဲ့ လှမ်းပြောရတယ်။ သူကလည်း ကျနော်မကြားမှန်းသိလို့ သူပြောစရာရှိရင် တယ်လီဖုန်းကနေတဆင့်ပဲ လှမ်းပြောတယ်။ နှစ်ယောက်အကြားမှာ ငါးပေလောက်ပဲကွာမယ်ဆိုတော့ ရုပ်မြင်သံကြားကြီးပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီအတွက် အလက်ဇန်ဒါး ဂရေဟမ်ဘဲလ်ကို ကျေးဇူးတင်မိပါတယ်။
ကျနော့်ရှေ့တည့်တည့်မှာ ထိုင်တဲ့ စင်္ကာပူနိုင်ငံသားကတော့ ကျနော် နားသိပ်မကောင်းတာကို ရိပ်မိပုံ မရဘူး။ သူက ကျနော့်လိုပဲ နိုင်ငံရေးကို စိတ်ဝင်စားတော့ မနက်တိုင်း သတင်းတွေဖတ်ပြီး ကျနော့်ကို လှမ်းပြောပြရတာအမော။ ကျနော့်မှာတော့ မကြားတချက် ကြားတချက်။ သူပြောတဲ့ အထဲမှာ ရယ်စရာတွေလည်း ပါပုံရတယ်။ သူ့ကို အားနာတဲ့အတွက် တခါတလေ သူဘာပြောလိုက်မှန်း မသိလိုက်ပေမယ့် စကားဆုံးသွားလို့ သူရယ်တဲ့အခါ ကျနော်လည်း ဘုမသိ ဘမသိ ရောယောင်ပြီး သွားဖြဲလေးနဲ့ လိုက်ရယ်မိတဲ့အခါမျိုးလည်း ရှိသေးတယ်။ ဒါပေမယ့် လုပ်ရယ်ကြီးဆိုတော့ ဘယ်အသက်ပါပါ့မလဲ။ သဘာဝအတိုင်းမဟုတ်ဘဲ ညှစ်ပြီး ရယ်ရတာဆိုတော့ ကျနော့်မှာလည်း နည်းနည်းတော့ ပင်ပန်းတာပေါ့။
ကျနော့်အဖြစ်က ငယ်ငယ်က ကြားဖူးတဲ့ နားထိုင်းတဲ့ လူတယောက်အကြောင်းလို ဖြစ်နေတယ်။ အဲဒီလူက သူငယ်ချင်းတယောက်နဲ့အတူ ပွဲသွားကြည့်တဲ့အခါ သူ့ခမြာ နားမကောင်းရှာတော့ သူ့သူငယ်ချင်းကို ပွဲမစမီကတည်းက အခုလို ကြိုတင် မှာထားရှာသတဲ့။
“သူငယ်ချင်းရာ။ ငါက နားမကောင်းတော့ လူရွှင်တော်တွေ ပြက်တာကို ကြားရမှာ မဟုတ်ဘူး။ ဒီတော့ လူရွှင်တော်တွေ ပြက်တဲ့အထဲမှာ ရယ်စရာပါရင် ငါ့ကို လက်ကုပ်လိုက်ပါ။ ငါလည်း ရယ်ချင်လို့ပါ”…တဲ့။
ဒါပေမယ့် ပွဲစတော့ နားကောင်းတဲ့သူငယ်ချင်းက ရယ်စရာတွေ့ရင် သူချည်းပဲ လှိမ့်ရယ်နေတယ်။ မှာထားတဲ့အတိုင်း လက်ကုပ်ဖို့ကိုတော့ သတိမေ့နေသတဲ့။ ပွဲပြီးကာနီးလို့ အိမ်ပြန်ဖို့ လက်ကုပ်လိုက်တဲ့အခါကျမှ ဟိုနားထိုင်းတဲ့ လူခမြာမှာ ရယ်စရာရောက်ပြီအထင်နဲ့ တယောက်တည်း တဟားဟား ထပြီး ရယ်ရရှာသတဲ့။ ကျနော့်အဖြစ်နဲ့ တူမနေဘူးလား။
တော်သေးတယ်။ ကျနော်ကံကောင်းတာတချက်က ရုံးမှာ ကျနော့်ဘော့စ်တွေအားလုံး စကားကို ကျယ်ကျယ်ပြောတတ်တဲ့သူတွေ ဖြစ်နေသေးလို့။
အခု လက်ရှိ အနေအထားက အဆောက်အဦးအတွင်းမှာလို၊ အစည်းအဝေးခန်းတွေထဲမှာလို ဆိတ်ငြိမ်တဲ့နေရာတွေမှာဆိုရင် သာမန်ပြောရင် ကြားရပါသေးတယ်။ ကိုယ့်ကို ရှေ့မှာထားပြီး ကိုယ့်အတင်းအုပ်နေတာမျိုးဆိုရင်လည်း ကြားရတတ်သေးတယ်။ စားသောက်ဆိုင်တို့၊ food-court တို့လို ဆူညံနေတဲ့ နေရာမျိုးမှာဆိုရင်တော့ စင်္ကာပူနိုင်ငံသားတွေ ပြောတဲ့စကားကို စားပွဲတဝိုင်းတည်း ထိုင်နေပေမယ့်လည်း သဲသဲကွဲကွဲ မကြားရတော့ဘူး။
အိမ်မှာဆိုရင်လည်း တီဗီကို အသံအကျယ်ကြီးဖွင့်ပြီး ကြည့်ရမှ အားရတယ်။ တိုးတိုးဖွင့်ရင် အားမရဘူး။ ဒါပေမယ့် ကျနော့် နားက မဟုတ်တဲ့နေရာမှာတော့ ပါးနေပြန်ရော။ နေ့လည် နေ့ခင်း တရေးတမော အိပ်တဲ့အခါ ချွတ်ကနဲမြည်တဲ့ အသံကလေးကအစ ကြားတတ်ပြီး အိပ်ယာက လန့်နိုးသွားလို့ ဇိမ်ပျက်ရပေါင်းလည်း များလှပြီ။
ကိုယ်နားမကောင်းတဲ့အကြောင်းပြောရင်း နာမည်ကျော် The Aviator ရုပ်ရှင်ကားကြီးထဲက ဇာတ်ကောင်ဖြစ်တဲ့ (လေသူရဲ၊ တီထွင်စွန့်စားသူ၊ TWA လေကြောင်းကုမ္ပဏီပိုင်ရှင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာ) Howard Hughes ကို သတိရမိတယ်။ အဲဒီ ဇာတ်ကားမှာ Howard Hughes အဖြစ် သရုပ်ဆောင်တဲ့ Leonardo DiCaprio (တိုင်တန်းနစ်မင်းသား) တောင်အကယ်ဒမီရသွားသေးတယ်လေ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုအတွက် တစ်ပေးခြင်း (nominated) ခံရသေးတယ်လေ။ ဟောင်းဝါ့ဒ်ဟျု ကလည်း ကျနော်လိုပဲ နားနည်းနည်း လေးတယ်ဗျ။ အဲ… ဘာဆိုင်သလဲဆိုတော့ ဘာမှ မဆိုင်ပါဘူး။ ဒီလိုပဲ လျှောက်ပြောကြည့်တာပါ။ “တန်ရာတန်ရာ ပြောတာမဟုတ်ဘူး။ ချေးစိမ်းပန်းတော့မှာပဲ”….လို့ ကျနော့်ကို မကြာခဏ ဝေဖန်တတ်တဲ့ တက္ကသိုလ်တုန်းက သူငယ်ချင်းတယောက်ကိုတောင် သတိရမိသေးတယ်။
ဘာပဲဖြစ်ဖြစ် လာမယ့် နှစ်သစ်မှာ လောကကြီးရဲ့ အသံဗလံတွေကို ကောင်းကောင်းအာရုံခံစားနိုင်ဖို့ ဆရာဝန်နဲ့ပြပြီး နားကြားကိရိယာလေးတခုလောက် ဝယ်တပ်မလား စိတ်ကူးနေတယ်။
ကျနော် မြန်မာပြည်ကို ပထမဦးဆုံးအခေါက်ပြန်တော့ အဖေ့အတွက် နားကြားကိရိယာလေးကို စင်္ကာပူက ဝယ်သွားပေးတယ်။ အဖေ အရမ်းသဘောကျတယ်။ သူဘောလုံးပွဲတွေကြည့်တဲ့အခါ၊ ရေဒီယိုနားထောင်တဲ့အခါ အင်မတန်အသုံးတည့်သတဲ့။
ဒါပေမယ့် အဲဒီ နားကြပ်ကြောင့် အဖေ့အနားမှာ နေတဲ့ အစ်မတွေ၊ ယောက်ဖတွေ ဒုက္ခရောက်ကြတော့တယ်။ သူတို့က အကျင့်ပါနေတဲ့အတိုင်း အဖေ့ကို အော်ပြောမြဲ အော်ပြောကြတော့…. “တိုးတိုးသက်သာပြောလည်း ငါကြားရပါတယ်ဟ။ စွတ်အော်မနေကြပါနဲ့” လို့ အဖေဟောက်တာကို ခံရသတဲ့။
အခုတော့ အဖေဆုံးသွားတာတောင် လေးနှစ်လောက်ရှိပြီ။ အဖေ့ရဲ့ တဦးတည်းသော သားယောက်ျားလေးဖြစ်တဲ့ ကျနော်ဟာ အခုအသက် ၃၈ နှစ်မှာပဲ နားနည်းနည်း လေးစပြုလာတာကို ကိုယ့်ဘာသာ သတိထားမိတယ်။
အရင်ကတော့ ကိုယ့်ဘာသာ နားလေးတယ်လို့ မထင်ဘူး။ တချို့လူတွေ စကားပြောတာ အရမ်းတိုးညှင်းလွန်းလို့သာ မကြားရတာလို့ပဲထင်တယ်။ အထူးသဖြင့် စင်္ကာပူနိုင်ငံသားတွေ စကားပြောတဲ့အခါ တိုးလွန်းလို့ မနည်း အာရုံစိုက်နားထောင်ယူရတယ်။ မြန်မာတွေကတော့ အချင်းချင်း အားပါးတရ အော်ကြီးဟစ်ကျယ် ပြောကြတာဆိုတော့ ကျနော့်အတွက် သိပ်ပြဿနာမရှိလှဘူး။
တချို့လူတွေကလည်း စကားပြောတဲ့အခါ လေကို အင်မတန် ချွေတာချင်ကြပုံ ရတယ်။ လည်ချောင်းထဲကလေ အပြင်ကို ထွက်လာတဲ့ အသံနဲ့ ပြောတာမျိုးမဟုတ်။ အပြင်ကလေ လည်ချောင်းထဲကို ပြန်ဝင်သလို စုပ်သံနဲ့ စကားပြောတဲ့လူတွေလည်း ရှိတယ်။ အဲဒီလူမျိုးတွေနဲ့ တွေ့ရင် ကျနော် ဒုက္ခလှလှကြီးတွေ့တော့တာပဲ။
ရုံးက ကျနော့်မျက်စောင်းထိုးစားပွဲမှာ ကျနော်နဲ့ ပရော့ဂျက် အတူလုပ်ရတဲ့ တရုတ်လူမျိုး အင်ဂျင်နီယာမကလေးရှိတယ်။ ကိုယ့်စားပွဲကနေ သူနဲ့ အပြန်အလှန် စကားလှမ်းပြောရင် မကြားရလို့ ပြောစရာတခုခုရှိတိုင်း တယ်လီဖုန်းနဲ့ လှမ်းပြောရတယ်။ သူကလည်း ကျနော်မကြားမှန်းသိလို့ သူပြောစရာရှိရင် တယ်လီဖုန်းကနေတဆင့်ပဲ လှမ်းပြောတယ်။ နှစ်ယောက်အကြားမှာ ငါးပေလောက်ပဲကွာမယ်ဆိုတော့ ရုပ်မြင်သံကြားကြီးပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီအတွက် အလက်ဇန်ဒါး ဂရေဟမ်ဘဲလ်ကို ကျေးဇူးတင်မိပါတယ်။
ကျနော့်ရှေ့တည့်တည့်မှာ ထိုင်တဲ့ စင်္ကာပူနိုင်ငံသားကတော့ ကျနော် နားသိပ်မကောင်းတာကို ရိပ်မိပုံ မရဘူး။ သူက ကျနော့်လိုပဲ နိုင်ငံရေးကို စိတ်ဝင်စားတော့ မနက်တိုင်း သတင်းတွေဖတ်ပြီး ကျနော့်ကို လှမ်းပြောပြရတာအမော။ ကျနော့်မှာတော့ မကြားတချက် ကြားတချက်။ သူပြောတဲ့ အထဲမှာ ရယ်စရာတွေလည်း ပါပုံရတယ်။ သူ့ကို အားနာတဲ့အတွက် တခါတလေ သူဘာပြောလိုက်မှန်း မသိလိုက်ပေမယ့် စကားဆုံးသွားလို့ သူရယ်တဲ့အခါ ကျနော်လည်း ဘုမသိ ဘမသိ ရောယောင်ပြီး သွားဖြဲလေးနဲ့ လိုက်ရယ်မိတဲ့အခါမျိုးလည်း ရှိသေးတယ်။ ဒါပေမယ့် လုပ်ရယ်ကြီးဆိုတော့ ဘယ်အသက်ပါပါ့မလဲ။ သဘာဝအတိုင်းမဟုတ်ဘဲ ညှစ်ပြီး ရယ်ရတာဆိုတော့ ကျနော့်မှာလည်း နည်းနည်းတော့ ပင်ပန်းတာပေါ့။
ကျနော့်အဖြစ်က ငယ်ငယ်က ကြားဖူးတဲ့ နားထိုင်းတဲ့ လူတယောက်အကြောင်းလို ဖြစ်နေတယ်။ အဲဒီလူက သူငယ်ချင်းတယောက်နဲ့အတူ ပွဲသွားကြည့်တဲ့အခါ သူ့ခမြာ နားမကောင်းရှာတော့ သူ့သူငယ်ချင်းကို ပွဲမစမီကတည်းက အခုလို ကြိုတင် မှာထားရှာသတဲ့။
“သူငယ်ချင်းရာ။ ငါက နားမကောင်းတော့ လူရွှင်တော်တွေ ပြက်တာကို ကြားရမှာ မဟုတ်ဘူး။ ဒီတော့ လူရွှင်တော်တွေ ပြက်တဲ့အထဲမှာ ရယ်စရာပါရင် ငါ့ကို လက်ကုပ်လိုက်ပါ။ ငါလည်း ရယ်ချင်လို့ပါ”…တဲ့။
ဒါပေမယ့် ပွဲစတော့ နားကောင်းတဲ့သူငယ်ချင်းက ရယ်စရာတွေ့ရင် သူချည်းပဲ လှိမ့်ရယ်နေတယ်။ မှာထားတဲ့အတိုင်း လက်ကုပ်ဖို့ကိုတော့ သတိမေ့နေသတဲ့။ ပွဲပြီးကာနီးလို့ အိမ်ပြန်ဖို့ လက်ကုပ်လိုက်တဲ့အခါကျမှ ဟိုနားထိုင်းတဲ့ လူခမြာမှာ ရယ်စရာရောက်ပြီအထင်နဲ့ တယောက်တည်း တဟားဟား ထပြီး ရယ်ရရှာသတဲ့။ ကျနော့်အဖြစ်နဲ့ တူမနေဘူးလား။
တော်သေးတယ်။ ကျနော်ကံကောင်းတာတချက်က ရုံးမှာ ကျနော့်ဘော့စ်တွေအားလုံး စကားကို ကျယ်ကျယ်ပြောတတ်တဲ့သူတွေ ဖြစ်နေသေးလို့။
အခု လက်ရှိ အနေအထားက အဆောက်အဦးအတွင်းမှာလို၊ အစည်းအဝေးခန်းတွေထဲမှာလို ဆိတ်ငြိမ်တဲ့နေရာတွေမှာဆိုရင် သာမန်ပြောရင် ကြားရပါသေးတယ်။ ကိုယ့်ကို ရှေ့မှာထားပြီး ကိုယ့်အတင်းအုပ်နေတာမျိုးဆိုရင်လည်း ကြားရတတ်သေးတယ်။ စားသောက်ဆိုင်တို့၊ food-court တို့လို ဆူညံနေတဲ့ နေရာမျိုးမှာဆိုရင်တော့ စင်္ကာပူနိုင်ငံသားတွေ ပြောတဲ့စကားကို စားပွဲတဝိုင်းတည်း ထိုင်နေပေမယ့်လည်း သဲသဲကွဲကွဲ မကြားရတော့ဘူး။
အိမ်မှာဆိုရင်လည်း တီဗီကို အသံအကျယ်ကြီးဖွင့်ပြီး ကြည့်ရမှ အားရတယ်။ တိုးတိုးဖွင့်ရင် အားမရဘူး။ ဒါပေမယ့် ကျနော့် နားက မဟုတ်တဲ့နေရာမှာတော့ ပါးနေပြန်ရော။ နေ့လည် နေ့ခင်း တရေးတမော အိပ်တဲ့အခါ ချွတ်ကနဲမြည်တဲ့ အသံကလေးကအစ ကြားတတ်ပြီး အိပ်ယာက လန့်နိုးသွားလို့ ဇိမ်ပျက်ရပေါင်းလည်း များလှပြီ။
ကိုယ်နားမကောင်းတဲ့အကြောင်းပြောရင်း နာမည်ကျော် The Aviator ရုပ်ရှင်ကားကြီးထဲက ဇာတ်ကောင်ဖြစ်တဲ့ (လေသူရဲ၊ တီထွင်စွန့်စားသူ၊ TWA လေကြောင်းကုမ္ပဏီပိုင်ရှင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာ) Howard Hughes ကို သတိရမိတယ်။ အဲဒီ ဇာတ်ကားမှာ Howard Hughes အဖြစ် သရုပ်ဆောင်တဲ့ Leonardo DiCaprio (တိုင်တန်းနစ်မင်းသား) တောင်
ဘာပဲဖြစ်ဖြစ် လာမယ့် နှစ်သစ်မှာ လောကကြီးရဲ့ အသံဗလံတွေကို ကောင်းကောင်းအာရုံခံစားနိုင်ဖို့ ဆရာဝန်နဲ့ပြပြီး နားကြားကိရိယာလေးတခုလောက် ဝယ်တပ်မလား စိတ်ကူးနေတယ်။
19 comments:
ကိုပေါ post တွေ မရီရတာ ကြာပြီ။
ဒီ post တော့ တော်တော်လေး ရီလိုက်ရတယ်။
I think Leonardo Dicarprio hasn't got Academy yet.
Dear Anonymous,
ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မိတ်ဆွေမှန်ပါတယ်။ ကျနော့်အမှားပါ။ အဲဒီကားမှာ အကယ်ဒမီငါးဆု ရတာမှန်ပေမယ့်.... လီယိုနာဒိုက အကောင်းဆုံးအမျိုးသားသရုပ်ဆောင် နေရာအတွက် Nominated တစ်ပေးခံရသူမျှသာ ဖြစ်ပါတယ်။ အော်စကာ မရခဲ့ပါဘူး။ ပို့စ်ထဲမှာ ပြင်လိုက်ပါမယ်။
ကိုပေါရဲ့ ဟာသကိုပြန်တွေ့ရတယ်။ ကျွန်တော်တို့လဲ နားစလေးနေပြီထင်တယ် အော်ပြောမှ ကြားရလို့ ကလေးတွေတောင်အကျင့်ပါနေပြီ။
TTL
ပို့စ်လေးကတော့ရီရပါတယ် ... ဒါပေမဲ့ နားမကောင်းတော့ဘူးဆိုတော့ စိတ်တောင်မကောင်းဘူး ... ကျွန်မညီမလေး မဒမ်ပေါ ကျယ်ကျယ်ပြောနေရတာပေါ့။ မတွေ့တာကြာပြီ ။ ကြာဆို ၁၀နှစ်လောက်ရှိရောပေါ့။
Your age is only 38yrs!
It is too young for hearing loss.
My age already passed 53yrs.
But still OK for sight and hearing.
You have to keep at least 2 metre away from shouting peoples.
Please remember the ISO 1999:1990 clause 3.6
The following figures give a guide to the acceptable maximum daily noise
does for unprotected ears.
less than 80dB no limit for 24 hrs.
82dB for 16 hrs.
85dB for 8 hrs.
90dB for 2 hrs.
95dB for 50 mins
100dB for 15 mins.
105dB for 5 mins.
110dB for 1 min.
Your Office, conference room may be 65dB, your house may be 60db.
But I don't know how much decibel of Madam Pal's crying out.
အော် ကိုပေါ ခုလို ရီစရာလေးတွေ မရေးတာကြာပေါ့
သဘောတကျနဲ့ ဖတ်သွားတယ်
Hello KP
I thought you are 45-50 :) :D
But very happy to know that you are only 38 (sure or not :D). You are still very young.
But very sad to know that you have hearing problem.
Hope you could post many joke.
Cheers..
ကိုပေါရေ အဲဒါဆိုရင် ဆားပုလင်း နှင်းမောင်လို နှုတ်ခမ်းလှုပ်တာနဲ့ ဘာပြောတယ်ဆိုတာ သိရအောင် ကျင့်ထားသင့်တယ်။
ကိုပေါ… တယ်လီဖုန်းပြောရင်တို့  ကွန်ပြူတာနဲ့ သီချင်းနားထောင်ရင်တို့  တယ်လီဖုန်းနဲ့ သီချင်းနားထောင်ရင်တို့  နားကြပ်သုံးလေ့ရှိလား… အဲလို နားကြပ်သုံးလေ့ရှိရင်တော့ နားနဲနဲလေးသွားတတ်တယ်… အသက်နဲ့ မဆိုင်ဘူး… ကျွန်မကလဲ နားကြပ်သုံးလွန်းလို့  အိမ်မှာ သားနဲ့ သူ့ အဖေ ကြားရတဲ့ TVအသံကို ကျွန်မက သိပ်မကြားရဘူး… ဒါပေမယ့်လဲ ခုထိ နားကြပ်သုံးဆဲပဲ… အသက်ရလာလို့ လေးတာနဲ့ နားကြပ်သုံးလို့ လေးတာနဲ့ ပေါင်းလိုက်ရင် ကျွန်မအသက်ကြီးလာရင် နားမှကြားရမလားပဲ… ကိုပေါရေ… ကျွန်မနဲ့ ပြောရင် အမြဲကြားရတယ်မိုလား…ဟဲဟဲ… နဂိုက အသံကျယ်တာ မဟုတ်ပါဘူး… ကိုပေါအတွက် ကျယ်ကျယ်ပြောပေးတာ(ဟဲဟဲ)
တစ်ယောက်ယောက်ကို နားကြားကိရိယာ နှစ်ကူးလက်ဆောင် လိုချင်တယ် ဝယ်ပေးပါလို့များ သွယ်ဝိုက်ပြောလိုက်တာလား မသိဘူး။
ကိုပေါရေ ...
မမန့်ဖြစ်တာ အတော်ကြာပြီ ... ခုပို့စ်က ကျွန်တော်နဲ့ သက်ဆိုင်နေလို့ (အမှန်က ရေးလည်း ရေးချင်လို့) ...
ကျွန်တော်ကတော့ ခုမှ နားလေးတာ မဟုတ်ဘူး။ အဲ .. နားလေးတယ်လို့လဲ ပြောမရဘူး။ အနီးစပ်ဆုံး ပြောရရင် အသံကြား မကွဲပြားတာလို့ ဆိုရမလားပဲ။
ငယ်ငယ်က အိမ်ပြောထပ်က လှမ်းပြောရင် ဘာပြောမှန်း မသိလို့ နား၊ နှာခေါင်း နဲ့ မျက်စိဆေးရုံ (ထင်၏) သွားပြတော့ နာ့စ်မရဲ့ အဆူအဟောက်ခံပြီး ပြန်လာရတယ်။
ကြားရဲ့သားနဲ့ လာအလုပ်ရှုပ်လို့တဲ့။
ကြားမှာပေါ့ ... နား နားလာပြီး သံချောင်းတီးနေတာကိုး ... :(
ထမင်းစားရင် စကားသိပ်မပြောဖြစ်ဘူး။ သူများ ပြန်ပြောရင် ဘာပြောမှန်း မသဲကွဲလို့။ ကြွပ်ဆတ်တဲ့ အသီးအရွက် (ဥပမာ ... ဂေါ်ဖီလိုမျိုး) ၀ါးနေရင် ပိုဆိုးရော။ နားထဲမှာ ကိုယ်ဝါးလို့ ၀ုန်းဒုန်းကြဲပြီးထွက်လာတဲ့ အသံကို သူများပြောတဲ့အသံက လုံးဝ မထိုးဖောက်နိုင်ဘူး ... :)
Very sensitive to sound ဖြစ်တာချင်းတော့ တူတယ်။ ဆင်းရဲဇာတာပါတာလား၊ အရင် ဘ၀ကပဲ အဆ င့်မြင့် သိုင်းဦးသျှောင် ဖြစ်ခဲ့သလား (သို့) သူများ အိပ်နေချိန် တော်တော် နှောက်ယှက်ခဲ့သလား မသိဘူး၊ အခန်းတံခါး ဖွင့်သံ၊ လေတိုက်လို့ ပစ္စည်းတစ်ခုခု ကျသံ ကြားရင်တောင် နိုးတယ်။ ကုလားသေ ကုလားမော အိပ်နေသူတွေ တွေ့ရင် မနာလိုဘူး။ အိပ်ကောင်းခြင်းဆိုတာ ဘာလဲလို့ မေးရမလို ဖြစ်နေတယ်။ အသံကြောင့် နိုးတာက တမျိုး၊ အိပ်တိုင်း အိပ်မက် အမြဲမက်တတ်တဲ့ အကျင့်ကြောင့် တစ်ဖုံ။ ရထားပေါ်၊ ကားပေါ် ခဏလေး ငိုက်တာတောင် မက်သေး။ တစ်ခါတစ်လေ လန့်နိုးပြီး ပြန်အိပ်၊ ခုန အိပ်မက်ကို ဆက်မက်နေသေး။ အိပ်မက် မက်နေမှန်း အိပ်ရင်း သိနေတတ်သေးတယ်။
အိပ်မက် မက်နိုင်ဆုံးဆုပေးရင် ပြိုင်ဘက် မရှိ ဗိုလ်ဆွဲနိုင်တယ်။
ကိုပေါနဲ့ မတူတဲ့အချက်က ကျွန်တော်က အကုန်ကြားတယ်။ တခါတလေ သူများ မကြားတာတောင် ကြားတယ်။ ဘာအသံမှန်းတော့ မသိဘူး။ ဒါပေမယ့် ကိုပေါပြောတဲ့ လေချွေတာရေးသမားနဲ့ တွေ့ရင် ဒုက္ခရောက်တာချင်းတော့ တူတယ်။ English လို နားထောင်ရင် ပိုဆိုးတယ်။ မြန်မာလိုက သိပ်မကြားရင် ဆက်စပ်တွေးပြီး နားလည်နိုင်ပေမယ့် English လိုကျတော့ မြန်မာလိုလောက် မလွယ်ကူဘူး။ ပြောတဲ့သူ ညံ့တာလည်း ပါမှာပေါ့။ သူများ နားလည်အောင်မှ မပြောနိုင်တာ ... LOL
Ear pieces နဲ့ နားထောင်လေ့ မရှိတော့ အဲ့ဒါကြောင့် နားအူခြင်းနဲ့ အခြား ဒဏ်ရခဲ့ခြင်းမျိုး မရှိဘူး။
သိနားလည်တဲ့သူများရှိရင် ပြောပေးကြပါ။ ကျွန်တော် ဘယ်လို လုပ်ရမလဲ။
ကျေးဇူး ကြိုတင်စွာဖြင့် ...
လွန်လွန်း
PS: ရှည်သွားတဲ့ comment အတွက် ကြိုတောင်းပန်ပါတယ်။ :)
Good day Ko Paw,
Do you know what's the meaning of Burma ? Why last time call Burma and now become Myanmar?
What's the difference?
When people question me about the meaning of my country,i really have no answer. really shame on that. Frankly speaking , i dont know the answer :(
စည်းမျည်းစည်းကမ်းတွေကို ကြည့်ပြီး မန့်ရမှာတောင် နည်းနည်းလန့်သွားတယ်။ (နည်းနည်းပါ။)
မထူးပါဘူးလေ။ ရှေ့တည့်တည့်ဝေဖန်ရမှာ အားနာသဂျ။ နောက်ကွယ်ကျမှပဲ အတင်းချတော့မယ်။ ကျုပ်က မြန်မာကိုး။ (ဟဲဟဲဟဲ။)
ကြောင်လျှာသီးကို တစ်ပတ်တစ်ခါ သုပ်စားသင့်တယ် ရောဂါမရင့်သေးရင်ပျောက်ကင်းနိုင်တတ်ပါတယ်
ခင်မင်လျက်
HM
ကိုပေါ..
အမြဲရောက်ပေမယ့် မမန့် ဖြစ်ခဲ့ တာပါ..
နားမကောင်းဘူးထင်ရင်တော့ ၀ယ်တပ်သင့်ပါတယ်..
ကျနော်လဲ ဒီလိုဘဲ..နည်းနည်းဆင်တယ်..
တခါတခါ ကျနော် ကြားတာတွေ မှား.မှား
နေတယ်..။
နားကြားမှားတာပေါ့..။
ကျနော်က နားကြပ်ကို အမြဲတမ်းနီးပါးသုံးတယ်..။
နောက် ..ကိုယ်ကြိုက်တဲ့ ရုပ်ရှင် ၊ သီချင်း၊
နားထောင်ရင် အသံအကျယ်ကြီးနဲ့ မှ အားရတယ်..။ ကာရာအိုကီ ဆိုရင်လဲ ကျယ်မှ.. ဒါပေမယ့် သူများ စကားသံတို့  ရုပ်ရှင် ကြည့်ရင် တို့  ကာရာအိုကီ ဆိုပြီဆိုရင် ကျနော့် နားထဲမှာ မခံမရပ်ဆူညံနေလို့  တောင်းပန်ပြီး အသံလျှော့ခိုင်းရတယ်...။
ကျနော့် နားလဲ ရူးနေပြီထင်ပါတယ်..။
ကျမလဲ ဒီလိုပဲ ကိုပေါရေ...စကားပြောရင်သာ မကြားရတာ အိပ်နေရင်တော့ ချောက်ကနဲ မီးခလုတ်ပိတ်တာက အစကြားကြားပြီး နိုးတတ်တာ...လင့်ခ်ယူသွားမယ်ရှင်..
Dear Ko Paw
Merry X'Mas to you and your family. This is really good article. I do miss my Dad a lot. For all of us Dad is the real hero in life.
By the way May I introduce you myself? I am Moe Htet and I have been in the UK since I was 15. Now I am in Afghan as I joined the Royal Navy as a medical officer. As you know here life is always full of challenges. Anyway most of your posts make me relief of stress and give me kind of good thought.
Cheers!
Moe Htet
Post a Comment