“သူ့အမှာစကား”

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (၂၁-၀၆-၂၀၀၉)က စင်္ကာပူမှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်ပြည့်မွေးနေ့အခမ်းအနားအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းတင် (အသံဖိုင်နဲ့) ပေးပို့ပြောကြားခဲ့တဲ့ မိန့်ခွန်းကို အားလုံးနားဆင်နိုင်ရန်အတွက် ကျနော့်ဘလော့ဂ်မှာ ဖော်ပြလိုက်ပါတယ်။ သည်မိန့်ခွန်းမှာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ရှေ့ဆက်လုပ်သင့်သည်များကို ဦးဝင်းတင်က အကျယ်တ၀င့် ပြောပြသွားပါတယ်။ (Player ဖြင့် တိုက်ရိုက်နားဆင်မရပါက လင့်ခ်ပေါ်တွင် ကလစ်ခေါက်ပြီး နားဆင်ပါရန်။)

ဦးဝင်းတင်၏ ပြောကြားချက် အပိုင်း(၁)


ဦးဝင်းတင်၏ ပြောကြားချက် အပိုင်း(၂)


ဦးဝင်းတင်၏ ပြောကြားချက် အပိုင်း(၃)


Read more

“ဝေးခြင်းနီးခြင်း နှင့် ခရီးတာ”

ပြီးခဲ့သော ပို့စ်တွင် ပြည်တွင်းမှ မိတ်ဆွေ၏ ပေးစာကို ဖော်ပြခဲ့ရာ ဘလော့ဖတ်သူများ နှစ်သက်သည်ဟု ကြားသိရသဖြင့် ၀မ်းမြောက်မိပါသည်။ ထိုမိတ်ဆွေမှာ နိုင်ငံရေးစနစ်များအကြောင်းကို စေ့ငုစွာ နားလည်သူဖြစ်ရာ သူ့ကို ကျနော့်ဘလော့ဂ်အတွက် စာရေးသားပေးရန် ကျွန်တော်နားပူနေသည်မှာ ကြာခဲ့ပါပြီ။ ဆက်လက်၍လည်း နားပူပါဦးမည်။

ယခုအခါသည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခါသမယနှင့် မရှေးမနှောင်းအချိန်ဖြစ်သဖြင့် ထိုမိတ်ဆွေ (၂၀၀၇ ခုနှစ် ဇွန်လအတွင်းက) ရေးသားခဲ့ဖူးသော မွေးနေ့အထိမ်းအမှတ် စာတပုဒ်ကို အမှတ်တရ ပြန်လည်ဖော်ပြလိုက်ပါသည်။ ထိုစဉ်က အိုးဝေ(စင်္ကာပူ)အင်တာနက်စာမျက်နှာ၏ အယ်ဒီတာ့အာဘော်အဖြစ် တင်ပြခဲ့သော စာစု ဖြစ်ပါသည်။

“ဝေးခြင်းနီးခြင်း နှင့် ခရီးတာ”

၁၉၉၅၊ ဇူလိုင် (၁၀) ရက်နေ့၊ ပထမအကြိမ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံရန် တပ်မတော် ထောက်လှမ်းရေးဝန်ထမ်းတဦးက လာရောက်အကြောင်းကြားသဖြင့် ကိုယ်ပိုင်ကားကလေးကို ကိုယ်တိုင်မောင်း၍လာသော ဦးကြည်မောင်နှင့် ဇနီးအား ဒေါ်စုက ယခုကဲ့သို့ ဆီး၍ နှုတ်ဆက်လိုက်သည်။

“ဘဘဦးကြည်မောင်၊ ဒီ တမိုင်လောက်ခရီးလေးကို ရောက်ဖို့ ဘာတွေဖြစ်လို့များ (၆) နှစ်လောက် ကြာအောင် မောင်းနေခဲ့ရသလဲ” ဟူ၏။

ဤအရွှန်းဖောက် နှုတ်ဆက်စကားလေးကို ကြားရတော့ ကြားကြားရခြင်းတွင် ပြုံးမိသည်။ နောက် ရင်ထဲဆို့သွားအောင် စိတ်မကောင်းဖြစ်မိသည်။

ထိုနှုတ်ဆက်စကားလေးအား အသေအချာ ပြန်လည်စေ့ငုံမိသောအခါ တွေးစရာ၊ စဉ်းစားစရာလေးများ အစီအရီ ခေါင်းထဲ ၀င်လာသည်။

မှန်ပါသည်။ မည်သို့သော အကြောင်းများက ဤတိုတောင်းလှသော ခရီးလေးအား အလွန်ရှည်လျားလှသော ခရီးဖြစ်စေခဲ့သနည်း။

ဦးကြည်မောင်ကဲ့သို့ပင် ကျွန်ုပ်တို့ ပြည်သူများ၊ ကျောင်းသားများသည် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက် ပဋိသန္တာရ စကားအား ကြားနာရန် ခရီးဆက်ခဲ့ကြသည်မှာ (၃)နှစ် နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။ နောက်ထပ် မည်မျှကြမည်ကိုကား မည်သူမှ မသိ။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျွန်ုပ်တို့ ပြည်သူတရပ်လုံး ဒီမိုကရေစီ တံခါးအားခေါက်ရန် ချီတက်နေကြသည်မှာ ၁၈ နှစ် နီးပါးမျှပင် ကြာမြင့်ခဲ့ပြီး ဖြစ်သည်။

မည်သို့သော အကြောင်းအရာများက ကျွန်ုပ်တို့၏ ခရီးအား ရှည်လျားစေခဲ့သနည်း။
မည်သို့သော အကြောင်းခြင်းရာများက ကျွန်ုပ်တို့အား တုံ့နှေးစေခဲ့သနည်း။

ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်… (သို့မဟုတ်) အသိပညာ…
ကျွန်ုပ်တို့၏ ဗျူဟာ… (သို့မဟုတ်) ပါဝင်မှု….
ကျွန်ုပ်တို့၏ ညီညွတ်မှု… (သို့မဟုတ်) ခိုင်မာမှု၊ ယုံကြည်မှု…. စသဖြင့်။

ဒေါ်အောင်ဆန်းစုကြည်၏ ခြံတံခါး…
ဒီမိုကရေစီမုခ်ဦးတံခါး….

ထိုတံခါးတို့ကို ကျွန်ုပ်တို့လက်များဖြင့် ခေါက်၍ ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက်စကား…. ပြီးတော့ ဒီမိုကရေစီ ငှက်ကလေး၏ တေးသီကျူးသံတို့ကို ကြားရဖို့ တံခါးတွေ ကျွန်ုပ်တို့ဆီ လာတဲ့အထိ စောင့်ကြမလား…. တံခါးတွေဆီကို ကျွန်ုပ်တို့ မြန်မြန်ဆန်ဆန် သွားကြမလား…..

-ရဲရင့်-
Read more

"ဒီမိုကရေစီနဲ့ ဒီမိုကရေစီအလေ့အထ (ပေးစာ)"

ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာပြည်တွင်းမှ မိတ်ဆွေတဦးဆီက စာတစောင်ရပါတယ်။ စာကတော့ ကျနော့်ဘလော့ဂ်မှာ တင်ခဲ့တဲ့ ပို့စ်တွေ၊ ကွန်မင့်တွေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ရေးသားထားတဲ့အပြင် ဒီမိုကရေစီ၊ ဒီမိုကရေစီအလေ့အထတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးထားတဲ့စာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက အဲဒီ စာကို ဖော်ပြဖို့ ရည်ရွယ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ဒီနေ့ကျမှ နောက်ကျပြီး ဖော်ပြလိုက်နိုင်ပါတယ်။ ဒီစာရေးသူဟာ ကျနော် အင်မတန်လေးစားရတဲ့ လူငယ်တဦးဖြစ်ပါတယ်။

ကိုပေါရေ

ရေးမယ် ရေးမယ်ဆိုပြီး အကြောင်းအရာတွေသာ ခေါင်းထဲရောက်လာလိုက် ပျောက်သွားလိုက်နဲ့ အတော်လေးကြာသွားတယ်ဗျာ။ အခုတလော ကိုပေါရဲ့ ဘလော့ဂ်ပေါ်က ဆောင်းပါးတွေနဲ့ ကွန်မင့်တွေကို ဖတ်ရတော့ စာရေးချင်စိတ် ပေါ်လာတယ်ဗျာ။ ကျွန်တော်ဆိုလိုတာက ဆောင်းပါးတွေနဲ့ ကွန်မင့်တွေက အထာမကျလို့ ဆရာကြီးဝင်လုပ်တယ်လို့ ဆိုချင်တာ မဟုတ်ပါဘူး၊ အဲဒီဆောင်းပါးတွေနဲ့ ကွန်မင့်တွေက ကျွန်တော့စိတ်ကူးတွေကို ကွန့်မြူးစေလွန်းလို့ပါ။ ဘယ်လိုကွန်မြူးတယ်ဆိုတာ ရှင်းပါရစေ။

ဒီလိုဗျာ၊ အာဏာရှင်စနစ်ကနေ ပိုပြီးလွတ်လပ်တဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းတိုင်း အနည်းနဲ့အများ ဆိုသလို လူ့အဖွဲ့အစည်းမှာ အလှုပ်အရမ်းလေးတွေ ဖြစ်လေ့ရှိတယ်ဗျာ။ နှစ်ပေါင်းများစွာ အဖိအနှိပ်ခံထားရတော့ အဲဒီထိန်းချုပ်မှုကို လျှော့လိုက်တိုင်း အတိုင်းအတာတခုထိတော့ ဂယက်ထမှာပဲ။ ပြဿနာက အဲဒီ အလှုပ်အရမ်းနဲ့ ဂယက်တွေ မဟုတ်ဘူး၊ အဲဒီ မျှခြေပျက်မှုကို မြင်တဲ့အမြင်လို့ ကျွန်တော်ထင်တယ်ဗျ။ ဒီမျှခြေပျက်မှုဟာ စနစ်တခုပြောင်းတိုင်း ပြောင်းတိုင်း အတူတွဲတွေ့ရလေ့ရှိတဲ့ လက္ခဏာ တခုသာဖြစ်တယ်။ အချိန်ယူပြီး နားလည်မှုတည်ဆောက်ခြင်းနဲ့ ဖြေရှင်းနိုင်တယ်လို့ မြင်မလား၊ ဒါမှမဟုတ် ဒီပြဿနာဟာ ဒီစနစ်အပြောင်းအလဲရဲ့ ပယောဂပဲ… ဘယ်နည်းနဲ့ဖြစ်ဖြစ် ဂရုမစိုက်တော့ပါဘူး၊ အပြောင်းအလဲတို့ လွတ်လပ်မှုတို့ထက် အရင်လို တည်တည်ငြိမ်ငြိမ် ဖြစ်နေရင်ပြီးတာပဲလို့ မြင်မလား ဆိုတာပါပဲ။

ဝရုန်းသုန်းကားအခြေအနေကြီးကို အကောင်းမြင်ဝါဒနဲ့ တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်ဖို့ဆိုတာ အပြောသာလွယ်တာပါ၊ လက်တွေ့မှာ ပြဿနာဟာ ထင်တာထက်ကို ပိုရှုပ်တာချည်းပဲ။ ဒီလိုအခက်အခဲတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်ကျော်နိုင်ပြီးလားလို့ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်မေးကြည့်တိုင်း ဘယ်တော့မှ ပြန်မဖြေဖြစ်ဘူး။ ဒီမှာ ဘာသွားတွေ့လဲဆိုတော့ ဒီပြဿနာတွေကို တခြားနိုင်ငံတွေကကော ဘယ်လိုဖြေရှင်းခဲ့ကြသလဲ ဆိုတာပဲ။ အမျိုးမျိုးအထွေထွေပါပဲ။ ဒါပေမယ့် ဒီမိုကရေစီအသွင်ကူးပြောင်းခြင်းကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ပြီး အတိုင်းအတာတခုထိ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်ကို တည်ဆောက်နိုင်တဲ့ နိုင်ငံတိုင်းမှာ တူညီတဲ့ အရည်အသွေးတခု ရှိတာကို တွေ့ရတယ်ဗျ။ အဲဒါဘာလဲဆိုတော့ (Democratic Culture)၊ ဒီမိုကရေစီစံနှုန်းများဖြင့် ပြည့်လျှမ်းနေသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ခြင်း ဆိုတာပဲဗျ။ ဆိုတော့ဗျာ.. အခု ကိုပေါဘလော့မှာ ရေးကြသားကြတာတွေကို ကျွန်တော်က အဲဒီလို မြင်တယ်ဗျာ။ ဆက်ရှင်းရရင်ဗျာ… ကစားပွဲတခုရဲ့ စည်းမျဉ်းကို သတ်မှတ်ဖို့ဆိုရင် အရင်ဆုံး အဲဒီကစားပွဲမှာ ပါဝင်မယ့် ကစားသမားတွေရဲ့ သဘောထားနဲ့ ဆန္ဒကို သိဖို့လိုတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အများဆန္ဒ ဆိုတာ ဖြစ်ချင်တာကိုး။ ဗမာပြည်ထဲမှာ လူတယောက်ရဲ့ ဆန္ဒကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ဖို့ဆိုတာ အတော့်ကို မလွယ်တဲ့ကိစ္စပါ။ အခုကျတော့ ကိုပေါက သူ့ရဲ့ ကိုယ်ပိုင်နိုင်ငံရေး အမြင်တခုကို တင်တယ်ဗျာ၊ ဖတ်တဲ့ပုဂ္ဂိုလ်တွေက သူတို့ရဲ့ အမြင်တွေကို သူတို့ရဲ့ အတွေးအခေါ် အဆင့်အတန်းအလိုက် ဝေဖန်ကြတယ်ဗျာ။ အဲဒါကို ဆောင်းပါးရှင်ကလည်း ပြဿနာလို့ မမြင်ပဲ ဆက်ရေးတယ်၊ အဲဒီမှာ ထောက်ခံသူတွေ မထောက်ခံသူတွေ ပေါ်လာတယ်။ ဖြစ်စဉ်ကြီးတခုလုံးမှာ ဒီမိုကရေစီအလေ့အထတွေကို တွေ့နေရတယ်ဗျ။ လွတ်လပ်တယ်.. အဲဒီလွတ်လပ်မှုကို အသုံးချလို့ အန္တရာယ်မရှိဘူးလို့ ယုံကြည်တော့ ကိုယ်ခံစားရတာကို ကိုယ့်အတိုင်းအထွာ၊ ကိုယ့်အတွေးအမြင်နဲ့ ထုတ်ဖော်တယ်။ အင်မတန် မှတ်သားလောက်တဲ့ အမြင်တွေပါတယ်၊ အင်မတန် ပွင့်လင်းတဲ့ အရေးအသားတွေ ပါတယ်။ ကျွန်တော့်တဦးတည်းရဲ့ အမြင်ကတော့ ကြိုက်တယ်ဗျာ။ သတိချပ်စရာ တခုပဲရှိတယ်။ ကိုယ့်ရဲ့ အရေးအသားဟာ ကိုယ့်ရဲ့ ရည်ရွယ်ရင်းကို ရောက်ရဲ့လားဆိုတာပဲ။ ဆိုချင်တာကဗျာ အမြင်တခုကို မကြိုက်ဘူး။ အဲဒါကို ဘယ်လိုပြမလဲဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ ကိုယ့်ရဲ့ ရွေးချယ်မှုက ကိုယ့်ကို ပြဌာန်းတာပဲ။ ဘာလို့လဲဆိုတော့ လူတိုင်းကို ဘယ်စနစ်ကမှ ယဉ်ကျေးအောင် မလုပ်နိုင်ဘူး။ ကိုယ့်ရဲ့ ဆင်ခြင်တုံတရားကသာ လုပ်နိုင်တယ်။ ဆိုတော့ဗျာ… ကိုပေါရဲ့ ဘလော့ထဲက ရဲဝံ့မှုမျိုးကို၊ အလေ့အထမျိုးကို အပြင်မှာ ကျင့်ကြံနိုင်အောင် ဆက်ကြိုးစားစေချင်တယ်ဗျာ။ ကိုပေါနဲ့ အခွင့်အခါသင့်လို့ တွေ့ခဲ့လျှင် မျက်နှာချင်းဆိုင် ကိုယ့်အမြင်တွေကို ပြောစေချင်တယ်ဗျာ။ တဆင့်တက်ရရင် ဗမာပြည်ထဲမှာလည်း အဲဒီ အမူအကျင့်တွေ ထွန်းကားစေချင်တယ်။ ကျွန်တော်က လတ်တလော ဗမာပြည်ထဲမှာ ဆိုတော့ ကျွန်တော်ကစ ကြိုးစားမယ်ဗျာ။ ကျွန်တော်ပြောချင်တဲ့ ကျွန်တော့်ကို စိတ်ကူးဉာဏ် ကွန့်မြူးစေတယ် ဆိုတဲ့ဟာပါ။

တလက်စတည်း ဆက်ရေးချင်တာက ဒီမိုကရေစီနဲ့ ဒီမိုကရေစီအလေ့အထ ဆိုတဲ့ဟာကိုပါ။ ကျွန်တော်တို့ဟာ ဒီမိုကရေစီကိုပြောတိုင်း ရောထွေးနေတာတခု ရှိနေတယ်ဗျ။ လူအများစုကို ပြောတာပါ၊ အကုန်လုံးကို မဆိုလိုပါဘူး။ လက်ရှိ ကမ္ဘာပေါ်မှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်တွေထဲမှာ ဒီမိုကရေစီစနစ်သာ အကောင်းဆုံးသော စနစ်ဖြစ်တယ်လို့ဆိုရင် ဘယ်လိုသဘောရပါသလဲ။ ဒီမိုကရေစီစနစ်ကို ကြိုက်သူရော မကြိုက်သူရော သူတို့ရဲ့ အကြောင်းပြချက်နဲ့ ဥပမာတွေက အတော်လေးတူနေတာ တွေ့ရတယ်။ ဟုတ်တယ် ဒီမိုကရေဒီစနစ်က သိပ်ကောင်းတယ် ပြင်သစ်၊ အမေရိကား၊ ယူကေ၊ အိန္ဒိယနဲ့ ဂျပန် စတဲ့နိုင်ငံတွေကို ဥပမာပြပြီး သူတို့ရဲ့ တိုးတက်မှုနဲ့ လူ့အခွင့်အရေးတွေကို ညွှန်းလေ့ရှိတယ်။ အဲ… မကြိုက်သူတွေကလည်း အဲဒီ နိုင်ငံတွေရဲ့ အပြစ်အနာအဆာတွေ ချွတ်ယွင်းချက်တွေကို ထုတ်နှုတ်ပြီး ဝေဖန်ကြတယ်ဗျာ။ ဒီနေရာမှာ နှစ်ဖက်စလုံးက ပြောနေတဲ့ ဒီမိုကရေစီဆိုတာ လက်ရှိ အဲဒီနိုင်ငံတွေက ကျင့်သုံးနေတဲ့ ဒီမိုကရေစီကို ညွှန်းနေကြတာသာဖြစ်တယ်။ ကျွန်တော်အဆိုပြုတဲ့ ဒီမိုကရေစီဆိုတာ ဒီမိုကရေစီဟာ ဒီမိုကရေစီစနစ်မဟုတ်ဘူးလို့ ဆိုချင်တာမဟုတ်ဘူးဗျာ။ ဒီမိုကရေစီဆိုတဲ့ အိုင်ဒီယာကြီးမှာ သူ့စံချိန်စံညွှန်းနဲ့ သူ ရှိနေပြီး နိုင်ငံတွေက အဲဒီစံကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်နေကြခြင်းသာ ဖြစ်တယ်။ ဒီမိုကရေစီစနစ်ဆိုလိုက်တာနဲ့ အလိုလို ပြီးပြည့်စုံသွားတာမျိုး မဟုတ်ဘူး။ အစိုးရနဲ့ ပြည်သူကြား အာဏာဝေခွဲမှု၊ လူထုရဲ့ အခွင့်အရေးတွေ ပိုမိုပြည့်စုံဖို့ဆိုတာဟာ တိုင်းသူပြည်သားတွေရဲ့ ရွေးချယ်မှုပါ။ ဒီမိုကရေစီစနစ် ဆိုတာ အပြဌာန်းခံစနစ်မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို ပြဌာန်းရတဲ့ စနစ်သာဖြစ်တယ်ဗျာ။ ပြန်ကောက်ရရင်ဗျာ ကျွန်တော်ပြောတဲ့ ဒီမိုကရေစီဆိုတာ အမေရိကန်ဒီမိုကရေစီ၊ ဂျပန်ဒီမိုကရေစီ၊ အိန္ဒိယဒီမိုကရေစီ မဟုတ်ဘူး။ နောက်ပြီး မြန်မာ့ရိုးရာဒီမိုကရေစီလည်း မဟုတ်ဘူးဗျ။ တကယ့် Ideal Democracy၊ စံဒီမိုကရေစီကို ပြောတာပါ။ အမေရိကားမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မုဒိန်းမှုတွေ၊ အကျင့်ပျက်မှုတွေ အများကြီး ရှိမှာပဲ၊ အဲဒီလိုရှိတာကို ဒီမိုကရေစီအပေါ် အပြစ်ဖို့လို့ မရဘူး၊ အဲဒါဟာ သူ့တိုင်းသူပြည်သားနဲ့ အစိုးရအပေါ်မှာပဲ တာဝန်ရှိတယ်ဗျ။ အဲဒါတွေ လုံးဝ မရှိအောင် လုပ်ဖို့ နိုင်ငံရေးစနစ်တွေ ပေါ်ပေါက်ခဲ့ဖူးတယ်။ အကျင့်ပျက်မှုတွေကတော့ ရှိနေတုန်းပဲ။ အဲဒီ နိုင်ငံရေးစနစ်တော့ မရှိတော့ဘူး။ ကျွန်တော်တို့ လုပ်ရမှာက ခုနက နိုင်ငံတွေကြည့်ပြီး ဒီမိုကရေစီ ဆိုတာကြီးက ဒါပါပဲလို့ဆိုပြီး ဒီမိုကရေစီကို အပြစ်ပြောနေမယ့်အစား တကယ့်ဒီမိုကရေစီကို ဘာလဲသိအောင်လုပ်ပြီး ဆုံးရှုံးမသွားဖို့ရယ်ပါ။ စစ်တမ်းတွေ ဖတ်ကြည့်ရင် တွေ့ရလိမ့်မယ်ဗျာ၊ ဘုရှ်အစိုးရကို လူကြိုက်ဘယ်လောက်နည်းနေပြီဆိုတာမျိုးလေ။ ဒီစစ်တမ်းမှာကိုက ဒီမိုကရေစီရဲ့ အနှစ်သာရကို တွေ့လိုက်ရတယ်။ ဘာလဲဆိုတော့ လူထုစစ်တမ်းက ညွှန်းတာက ဘုရှ်အစိုးရကိုတဲ့…. နိုင်ငံရေးစနစ်ကို မဟုတ်ဘူး။ အစိုးရနဲ့ နိုင်ငံရေးစနစ်ကို ခွဲမြင်တာ၊ ဒီအစိုးရကို မကြိုက်ဘူးဆိုတာကို ဒီနိုင်ငံရေးစနစ်နဲ့ ဖော်ပြပြီး ဒီနိုင်ငံရေး စနစ်နဲ့ ဖယ်ရှားချင်တာလေ။ ဘယ်လောက်ကောင်းတဲ့ စနစ်လဲ။ နောက်ပြီး အင်မတန်ရှင်းလင်းတဲ့ အချက်က ကိုယ်မကြိုက်တာကို မကြိုက်ဘူးလို့ ပြောခွင့်ရတာ။ ကိုပေါဘလော့မှာလိုပေါ့။ တချို့က စစ်တမ်းကောက်ပြီး မကြိုက်ကြောင်းပြတယ်။ တချို့ကတော့ ဖိနိပ်နဲ့ ပေါက်တယ်ပေါ့ဗျာ။ တော်ပြီဗျ၊ နောက်မှ ဆက်ရေးမယ်။

ရဲရင့်

ရည်ညွှန်း၊ On Democracy by Robert Dahl
Read more

“ဆွေးနွေးခန်း”

ပြောပြန်ရင်လည်း မောင်ပေါလွန်ရာကျမယ်….အပိုင်း(၂)” မှာ လာရောက်ရေးသားခဲ့ကြသော ကွန်မင့်တွေအနက် နောက်ပိုင်းမှာ အကြောင်းအရာတခုနဲ့ပတ်သက်ပြီး ရေးသားကြထားတဲ့ ကွန်မင့်တွေဟာ ကျနော့်အတွက်တော့ စိတ်ဝင်စားဖွယ်လည်း ကောင်း၊ မှတ်သားဖွယ်ရာတွေလည်း ပါဝင်တာမို့ မဖတ်ရသေးသူများ ဖတ်ရအောင် နောက်တပို့စ်မတင်သေးခင် အဲသည်ကွန်မင့်တွေကိုပဲ အရင် ကြားဖြတ်တင်ပေးလိုက်ပါတယ်။ အချိန်ယူပြီး တကူးတက ကွန်မင့်ရေးသားခဲ့ကြတဲ့ စာဖတ်သူ၊ Pro-Demo၊ Ko Aung၊ ကျော်ထင်၊ မျိုးမြင့်မောင်၊ Anonymous နှင့် အခြား ကွန်မင့်ရေးသူအပေါင်းကို ကျေးဇူးတင်ပါတယ်။


Anonymous said...
Hi Nga Paw,

pls answer my question..

In US, ex-president Bush ordered media black out on dead bodies of soldiers arriving from Iraq and Afghan.

No US media questioned his order.

Based on this fact, will you say US has media freedom and freedom of expression which they r preaching to the world? or US media is in the illusion believing that they have full media freedom?

Pls reply..

And Why Bush reject scientific suggestions from the Greens (environmentalists)?

Is he authoritarian?

Thats all for now..
June 16, 2009 2:21 PM


ကျော်ထင် said...
I think the Anonymous June 16, 2009 2:21 PM is mixing up the privacy matter and the essence of democracy and media freedom.

Please have a look at this article and other similars.

http://www.nytimes.com/2009/02/26/us/26web-coffins.html

Bush did so as you said. But it's not a cover-up for US soldier casualities figure in Iraq and Afgan, but it was based on protecting the privacy and dignity of the dead. Remember this is a well-known issues because of mdeia freedom and democracy in US. And there have been a broad debate regarding the issue whether the media should be allowed to publicize the arrival of the coffins.
June 16, 2009 4:34 PM


Ko Paw said...
Anonymous (June 16, 2009 2:21 PM)….

>>>>In US, ex-president Bush ordered media black out on dead bodies of soldiers arriving from Iraq and Afghan.
No US media questioned his order. <<<<<

ဘယ်မီဒီယာကမှ မေးခွန်းမထုတ်ဘူးဆိုရင် မိတ်ဆွေ ဘယ်လိုလုပ်သိလဲ။ နတ်မျက်စေ့ ပုလင်းကွဲနဲ့ လှမ်းကြည့်တာလား။ ဒီဥပဒေ စတင်ပြဌာန်းကတည်းက အဲဒီဥပဒေနဲ့ ပတ်သက်လို့ အသည်းအသန် အချေအတင် ဆွေးနွေးငြင်းခုန်လာတာ ဒီနေ့အထိပဲ။ ပင်တဂွန်ရဲ့သဘောက စစ်ဖက်မိသားစုတွေအနေနဲ့ သူတို့မိသားစုဝင်တွေ ကျဆုံးတဲ့အခါ ဒီကိစ္စကို ကိုယ်ရေးကိုယ်တာဆန်တဲ့ သီးသန့်ကိစ္စအနေနဲ့ပဲ ဆောင်ရွက်ချင်တယ်။ မီဒီယာကို ပေးမသိချင်ဘူး။ ဒါပေမယ့် တဖက်မှာလည်း စစ်အတွင်း ထိခိုက်နစ်နာမှုကို ပြည်သူတွေသိသင့်တယ်လို့ ယူဆတဲ့ ဘက်ရှိတယ်။ အမေရိကန်သမ္မတဟာ သူကိုယ်တိုင်တော့ ဥပဒေတွေ ပြဌာန်းပိုင်ခွင့်မရှိဘူး။ ဒါပေမယ့် သူ့ပါတီဟာ ကွန်ဂရက်စ်မှာ အများစုဖြစ်နေရင် သူ့ပါတီက အမတ်တယောက်ကနေ တင်သွင်းပြီးတော့ လွှတ်တော်ကအတည်ပြုချက်ရတဲ့အခါ ဥပဒေကို အတည်ဖြစ်စေနိုင်တယ်။ ဘာပဲဖြစ်ဖြစ် သမ္မတဟာ သူ့လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လုပ်တာဆိုရင် သူတို့ဆီမှာ ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးလို့ရတယ်။ ရေဂင်လက်ထက်က ကွန်ထရာအရေးကိစ္စကို ပြန်လည် စုံစမ်းရေးလုပ်သလိုပေါ့။ မြန်မာပြည်မှာတော့ ဦးသန်းရွှေထင်တိုင်းကျဲနေတာတွေကို ဘယ်သူမှ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးလို့ မရဘူး။

>>>>Based on this fact, will you say US has media freedom and freedom of expression which they r preaching to the world? or US media is in the illusion believing that they have full media freedom?<<<<<

ယူအက်စ်မီဒီယာဟာ လုံးဝဥဿုံမဘုတ်ဆုံ ခြောက်ပြစ်ကင်းသဲလဲစင် လွတ်လပ်တဲ့ မီဒီယာတော့ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် မြန်မာမီဒီယာကဲ့သို့ ဘာမဆို သတင်းအမှောင်ချ၊ သတင်းအမှားတွေကိုသာ တချိန်လုံး ထုတ်ပြန်တတ်တဲ့ မီဒီယာမျိုး မဟုတ်တာတော့ သေချာတယ်။ အီရတ်မှာ အမေရိကန်စစ်သားတွေ အကျဉ်းစခန်းမှာ အကျဉ်းသားတွေကို နှိပ်ကွပ်တဲ့ကိစ္စတွေ ဘယ်ကထွက်သလဲ။ ယူအက်စ်မီဒီယာကပဲ ဖော်ပြတာပဲမဟုတ်လား။ ဂွာတာနာမိုအကျဉ်းစခန်းတွင်းမှာ ဖြစ်တဲ့ကိစ္စတွေလည်း ယူအက်စ်မီဒီယာက ဖော်ပြတယ်မို့လား။ အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ခံရတာကို မြန်မာ့အလင်းတို့၊ ကြေးမုံတို့၊ လျှပ်တပြက်တို့ ဖော်ပြကြလို့လား။ ဘယ်မီဒီယာတွေဟာ ဘယ်လောက်လွတ်လပ်ခွင့် အဆင့်အတန်းရှိတယ်ဆိုတာ လွတ်လပ်သောနယ်ခြားမဲ့သတင်းထောက်များအဖွဲ့ (အာရ်အက်ဖ်အက်စ်) စတဲ့ တသီးတခြား လွတ်လပ်သော အဖွဲ့အစည်းတွေရဲ့ အမှတ်ပေးခွဲခြားထားပုံကို အင်တာနက်မှာ ရှာကြည့်နိုင်ပါတယ်။

>>>>And Why Bush reject scientific suggestions from the Greens (environmentalists)?
Is he authoritarian?<<<<<

အဲသည်ကိစ္စအသေးစိတ်တော့ ကျနော်မသိလို့ မပြောပြနိုင်ဘူး။ ဒါပေမယ့် ကျနော်ပြောနိုင်တာက ဘုရှ်မှာ သမ္မတတယောက်အနေနဲ့ လုပ်နိုင်တဲ့ အာဏာတွေ အပ်နှင်းထားတာတွေရှိတယ်။ ဒါပေမယ့် အဲသည်အပ်နှင်းထားတဲ့ အာဏာတွေကို ဆီးနိတ်နဲ့ ကွန်ဂရက်စ်ကနေ တချိန်လုံး စောင့်ကြည့်ပြီး အားမျှအောင် လုပ်နိုင်တယ်။ ဥပမာ…. သမ္မတဟာ လက်နက်ကိုင် တပ်ပေါင်းစုအကြီးအကဲဖြစ်နေပေမယ့် စစ်တပ်အတွက် အသုံးစရိတ်နဲ့ Regulatin ကို ကွန်ဂရက်က ပြန်ကိုင်ထားတယ်။ သမ္မတအနေနဲ့ လုပ်ချင်တိုင်း လုပ်လို့မရအောင်ပေါ့။ သမ္မတ တယောက်ဟာ အဲသည်လုပ်ပိုင်ခွင့်အတွင်းကလုပ်နေသရွေ့ သူ့အဆုံးအဖြတ်ဟာ မှားချင်မှားမယ်၊ မှန်ရင်မှန်မယ်။ အဲသည်အပေါ်မှာ မူတည်ပြီး သူ့အပေါ်မှာ လူကြိုက်များခြင်း၊ နည်းခြင်းရှိမယ်။ သေချာတာကတော့ သမ္မတတယောက်ကို လူကြိုက်မများရင် သက်တမ်းတဆက် (၄ နှစ်)ပဲ ခံမယ်။ ဘယ်လောက်လူကြိုက်များများ ၈ နှစ်ထက် ပိုမခံဘူး။ နအဖ အစိုးရလို ဘယ်သူမှ မရွေးချယ်မတင်မြှောက်ဘဲ အနှစ် ၂၀ ကြာ နေချင်လို့မရဘူး။ နအဖကို အခုလူမကြိုက်တာတောင် ဖြုတ်ချရ အင်မတန်ခက်ခဲတယ်။ ဘယ်သူမှလည်း သူ့အာဏာကို မကန့်သတ်နိုင်ကြဘူး။ အဲသည်တော့ ဘုရှ်ဟာ အာဏာရှင်ဟုတ်မဟုတ် မိတ်ဆွေဘာသာ ချင့်ချိန်ကြည့်ပေါ့။
June 16, 2009 4:45 PM


Anonymous said...
Hi ကျော်ထင and Paw,

are u saying, current administration has no regards to privacy?

so u believe when Bush said he banned the photos because of privacy concern?

do u know how emotional will it be if public were to see coffins carrying dead bodies of their sons and daughters arriving from a war which they originally agreed to fight because Bush lied to them that the bad guys had WMD?

How abt torture and rape happened in Abu Ghraib prison?

even though the news of abuse of first broke by the US media, didn't the scores of reporters go to that prison and report back to the world handling of prisoners in that prisoners is just and fair?

How abt CIA usage of secret prisons and waterboarding technique against the international laws? how abt prisons tried by secret military court against all laws? where is human right in this case?

How abt killing of reporters by Israelis which is backed by US?

When Israelis raided the west bank,
no reporters was able to go into the area to gather firsthand reports.

i could only say US is so powerful that nobody knows what is really happening in their army and prisons. Media can only able to find out what the gov wish them to find out. And US media think that they have full power on reporting...

I'm not saying US is as bad as the MM Junta.

anyway u also, agree that "ယူအက်စ်မီဒီယာဟာ လုံးဝဥဿုံမဘုတ်ဆုံ ခြောက်ပြစ်ကင်းသဲလဲစင် လွတ်လပ်တဲ့ မီဒီယာတော့ ဖြစ်ချင်မှ ဖြစ်မယ်။" So they should not be preaching the world wat to do with human right and media freedom. And burmese should not be looking for the Americans as saviors coz they r also as good as ass* when it comes to media freedom and human right.

But again im not saying the junta can continue to do what ever they wish to do against the will of citizens.

but burmese should really stop thinking that the american system r all perfect and only their system is the way to go.

i promote gradual political freedom and u promote absolute political freedom.

this is the place i dont feel right abt ur ideas.

if u wanna know more abt bush environmental policy, u can hit google.
June 16, 2009 5:34 PM


Anonymous said...
btw, i want to repeat what i always say..

MM society support authoritarian nature of government.

I believe u aldy know abt this after years of blogging experience.

So to change the government, u need to first change the nature of the society which u find that u r trying to do only nowadays.

So keep up that job.. Avoid believing in utopia. Don't put too much hope on democracy itself without supporting institutions and people mindset change.
June 16, 2009 5:52 PM


မျိုးမြင့်မောင် said...
Thanks for educating us about the imperfections of US political system. We will try to learn from their mistakes and try our best to prevent those mistakes when our country becomes free.

In order for our country not to succumb to those pitfalls of American democracy, we will advocate greater freedom of press and respect for human rights in Burma (perhaps even greater than those of US). Alright?

I hope you worries about the potential pitfalls of Burma's democracy will subside. After all, we haven't got anything that is even close to democracy, have we?
June 16, 2009 6:23 PM


Pro-Demo said...
but burmese should really stop thinking that the american system r all perfect and only their system is the way to go.
i promote gradual political freedom and u promote absolute political freedom.


I beg to disagree with the above comments.

(1) No body is perfect. But, shouldn't we try to make ourselves to be like the ones who are far better than us (even though they themselves are not perfect yet) ?

Suppose you have a son who is in 10th standard and suppose he has got only 20marks in his Myanmar Sar test.

Will you tell him like: "Try harder and try to be like Mg xx who has got 80 marks in Myanmar Sar" ?
Or will you tell him like: "This Mg xx is stupid and he can't even get 100 marks in Myanmar Sar. I don't want to be like him" ?

(2) Another thing is that you think gradual freedom is better than absolute freedom. This may or may not be true. (It is a very broad topic to debate.) But, do you think the 2008 Constitution and the 2010 Election will bring gradual freedom to our country? For me, I don't think so. After the election, only a pro-amry party will win (through vote rigging or whatever), the human right, mdeia right, etc, of our country will still be the same - still as bad as before.
June 16, 2009 6:25 PM


Ko Paw said...
Anonymous (June 16, 2009 5:52 PM )….

ဘယ်သူလဲမှတ်တယ်။ မိတ်ဆွေဟောင်းကြီး ဖြစ်နေတာကိုးဗျ။ ခါတိုင်းလို မိတ်ဆွေရဲ့ နာမည်လေးတပ်ရေးရင် ဘယ်ဒီလောက် ရှည်ရှည်ဝေးဝေး ပြောနေစရာလိုမလဲဗျာ။း-)

ပထမဆုံးပြောချင်တာက မိတ်ဆွေ စွတ်စွဲနေကျ “ကျနော်တို့ဟာ လစ်ဘရယ်ဒီမိုကရေစီကို ယူတိုးပီးယား လို့ ထင်နေတယ”ဆိုတဲ့အချက်နဲ့ပတ်သက်လို့။ အဲသည် ထင်မြင်ယူဆချက် မှားယွင်းနေပါတယ်ဆိုတာ ဒါနဲ့ပါဆိုရင် ထောက်ပြရတာ ဘယ်နှစ်ကြိမ်ရှိတော့မလဲမသိ။ စနစ်တခုကို နှစ်သက်လက်ခံတာကတခြား။ အဲသည်စနစ်ကို လုံးဝဥဿုံမဘုတ်ဆုံ ပြီးပြည့်စုံတဲ့ စနစ်လို့ ယူဆတာက တခြားပဲဗျ။ ဒါပေမယ့် ယနေ့ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံရေးစနစ်တွေထဲမှာ အကောင်းဆုံးကို ရွေးပါဆိုရင် လစ်ဘရယ်ဒီမိုကရေစီစနစ်ကိုပဲ ရွေးချင်ပါတယ်။

ဒုတိယပြောချင်တာက ကျနော်တို့ပြည်သူတွေဟာ ခင်ဗျားပြောသလို ဒီမိုကရေစီစနစ်နဲ့ ရင်းနှီးယဉ်ပါးမှု မရှိဘူး။ မှန်တယ်။ ဒါပေမယ့် အဲဒါဟာ သူတို့အပြစ်မဟုတ်သလို ချွတ်ယွင်းချက်လည်းမဟုတ်ဘူးဗျ။

လူဆိုတာ မွေးလာကတည်းက ဘယ်သူမှ စနစ်တခုအတွက် သီးသန့်ရည်ရွယ်ပြီး မွေးဖွားလာကြတာမဟုတ်ဘူး။

လူသားတိုင်းဟာ မွေးလာတာနဲ့ တွေးတောဆင်ခြင်တတ်တဲ့ ဦးနှောက်ပါလာပြီးသား။ သူတို့ ကြီးပြင်းရာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိအောင် နေတတ်တဲ့ အစွမ်းသတ္တိပါတယ်။

သူတို့ကို အာဏာရှင်စနစ်အောက် ကြီးပြင်းစေရင် အာဏာရှင်စနစ်နဲ့ လိုက်လျောညီထွေ နေတတ်သွားမယ်။ မြန်မာတွေ အခုဖြစ်နေသလိုပေါ့။

သူတို့ကို ဒီမိုကရေစီစနစ်တခုအောက်မှာ နေခိုင်းရင် ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေ နေတတ်သွားမယ်။
မိတ်ဆွေပြောသလို…. အာဏာရှင်လက်အောက်မှာ နေလာခဲ့ရတာကြာလို့ နည်းနည်းလေးပျော့ပြောင်းတဲ့ အာဏာရှင်စနစ်အောက်၊ နောက်ပြီး တ၀က်တပျက် ဒီမိုကရေစီစနစ်အောက်၊ နောက်ဆုံးမှ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်အောက် တဖြည်းဖြည်းချင်းပြောင်းရမယ်ဆိုတဲ့ အယူအဆဟာ လူသားတွေရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အထင်သေးထားလို့၊ လျှော့တွက်ထားလို့ဖြစ်ရတာပဲ။

မိတ်ဆွေပြောတဲ့အတိုင်းဆိုရင် မြန်မာပြည်ကနေ ယူအက်စ် (သို့မဟုတ်) တခြားလွတ်လပ်တဲ့ နိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအဖို အဲသည်က လွတ်လပ်တဲ့ စနစ်ကြီးတွေနဲ့ အံဝင်ဂွင်ကျမနေနိုင်လို့ ဒုက္ခတွေ လှလှကြီးတွေ့တော့မှာပေါ့။

နောက်တခုက အဲသည်လို ရွှေ့ပြောင်းသွားတဲ့ မြန်မာတွေက (အဲဒီနိုင်ငံရောက်မှ) မွေးလာတဲ့ကလေးတွေကျတော့ ဒီမိုကရေစီနဲ့ မရင်းနှီးဘူးဆိုတာတွေ၊ အာဏာရှင်ဆန်တဲ့စရိုက်ဆိုတာတွေ မရှိတော့ဘူးဗျ။ အသားအရောင်နဲ့ အိမ်မှာပြောတဲ့ မိခင်ဘာသာစကားကြောင့် လေယူလေသိမ်းကလွဲရင် ကျန်တာ သူ့နိုင်ငံသားတွေနဲ့ တသားတည်းဖြစ်ကုန်တာပဲ။

လူဖြူတွေမှ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့နဲ့ ထိုက်တန်တာမဟုတ်ပါဘူး။ လူသားတိုင်းထိုက်တန်တာပဲ။ ကျနော်တို့တိုင်းပြည်သာ ဒီကနေ့ လွတ်လပ်တဲ့ ဒီမိုကရေစီအစိုးရတက်လာကြည့်ပါ။ ဆယ်နှစ်အတွင်းမှာ ခင်ဗျားသိခဲ့တဲ့ မြန်မာပြည်သူပြည်သားတွေ ဟုတ်သေးရဲ့လား စောင့်ကြည့်သေးတာပေါ့။

နောက်ဆုံးပြောချင်တာက နအဖရဲ့ လမ်းပြမြေပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ အဲသည်လို လွတ်လပ်တဲ့စနစ်တွေဆီကို တဖြည်းဖြည်းသွားချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖော်ဆောင်နေတဲ့ လမ်းစဉ်မဟုတ်။ သူတို့အာဏာတည်မြဲရေးအတွက် တတ်နိုင်သမျှ အချိန်ဆွဲ ချုပ်ကိုင်ထားလိုတဲ့အတွက် သွားနေတဲ့ လမ်းကြောင်းသာဖြစ်တယ်။
June 16, 2009 7:32 PM


Anonymous said...
လူသားတွေရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း?

a group of human is as good as a group of monkey.

forget abt herd mentality coined by Nietzsche?

ppl r easily influenced by their environment and media. imagine the power of a gov who indirectly control the media.

when most burmese moved to countries with strong social net, the priority they have in mind is how to receive gov handouts and live it off without working.

so when they have to stay in countries like SG, they complain.

"မိခင်ဘာသာစကားကြောင့် လေယူလေသိမ်းကလွဲရင် ကျန်တာ သူ့နိုင်ငံသားတွေနဲ့ တသားတည်းဖြစ်ကုန်တာပဲ။"

yes most will wear like and talk like the ghetto black. even in mm, they sing gangster rap.. :D. is it wat u r talking abt?

btw u should know that there is hell lot of difference between adopting a foreign political system in native land going migrating to foreign land and adopting to changing environment.

yes everybody deserves democracy if they know how to create it. the problem is not much society in this world knows how to create it.

obviously all the poor countries r not able to do it coz democracy can only survive in a country with ppl having some kind of right judgment.

i won't be surprised if a astrologer or actress become a prime minister or president one day in MM.
June 16, 2009 10:47 PM


Anonymous said...
btw im not saying နအဖရဲ့ လမ်းပြမြေပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲ is right and fair.
June 16, 2009 10:51 PM


ကျော်ထင် said...
I couldn't grasp the points what the above anonymous said. So far what I think I got from his comment was

1) US and the West's democracies are not perfect one.

2) Their media is so influential. But they are also under those democratic governments' influence. So they cannot be completely freedom.

3) Burmese people do not deserve liberal democracy outright. Insteand, they deserve 20% democracy this year, then 50% next year and so on. Tell me on which ground are you saying so?

I wouldn't argue much regarding 1 and 2 as they are nothing to do with our country. So just please explain more detail about 3.
June 16, 2009 11:22 PM


Anonymous said...
hi ကျော်ထင်,

what i said is so obvious...

if u want to know more, read more history..

to say again..

"yes everybody deserves democracy if they know how to create it. the problem is not much society in this world knows how to create it.

obviously all the poor countries r not able to do it coz democracy can only survive in a country with ppl having some kind of right judgment.

i won't be surprised if a astrologer or actress become a prime minister or president one day in MM."
June 17, 2009 12:04 AM


ကျော်ထင် said...
OK Anonymous

Now I got your point. To sum up, you are just looking down the Burmese people.

I am not a historian nor a politician. But I have always watched current political development of my country as well as contemporary international affairs. But as you claimed, I don't need to learn history whether we Burmese deserve democracy or not.

You can't say North Korean people deserve having Kim Jong II as their leader and they don't deserve democracy. Mind that the current south Korea was the same as Burma before 20 years ago. It's just a matter of qualification of leaders how to implement a political system for a country's well-being. Both Korean people have the same capacity. But they seem to be different according to which political system they belong to. It's very broad to debate. Let's talk more about it later when there is chance.
June 17, 2009 12:34 AM


Anonymous said...
Dear ကျော်ထင်,

don't get me wrong. im not saying we don't deserve democracy.

if u ask me if there are any differences between us and the koreans, i'll say yes.

the biggest difference i point out will be work ethic and world view.

we don't see the world as they see. we have different work ethic, values and norms.
June 17, 2009 12:44 AM


Ko Aung said...
To Anonymous:

Ok, you think liberal democracy is not okay for Myanmar. You think only gradual democracy will be okay for Myanmar.

Then, let us know how can we achieve that goal of gradual democracy. Should we accept the 2010 election? (But, again you said the election will not be right and fair.) So, what should we do? Please let us know your own roadmap that you think to be suitable for Myanmar.
June 17, 2009 1:06 AM


ကျော်ထင် said...
Let's forecast what kinda Democracy will it be after 2010 election. Can we call it as democracy for simply having a few parties and elections?

See the most recent example in Iran. The Iranian people can directly vote for the president. All the presidential candidats are not directly appointed by the military or by Khameine who is the supreme leader.

In Myanmar,
Differences 1: One presidential candidate will be directly named by the Army. The candidate is just merely the stooge of the Army chief. According to the constitutions, the other candidates also are required to have military experience. ( So poepole in SG, JP, UK and so on, forget your dreams to be a president of future Myanmar)

In Iran, the most powerful body is the Guardian council chaired by Khameine. That coucil is somehow the same as Porliburo of Communist pary of China and the Central Military Council (CMS).

In Myanmar,
Analogy1: The similar ten-member body called National Security council which will be formed by at least 5 candidates from the military , with the criteria for the remaining 5 to be preferably for ex-military. That body will have absolute power and will be above the country's cabinet. It will decide when to transfer the state power to the military chief. (Alas! at least they need the council's approval to stage a coupe)

The most striking difference. What is that? The military affairs in China and Iran are under their supreme bodies which are under civilian influence.

But according to the 2008 constitution, no body can give damn on military affairs :P. You cannot try military personnel with the civilian laws. The cabinent will have no power to decide military budget. They are above the laws which we have to be under. OK shall we accept that kinda gradual democracy?

There are many more to talk. But my memories and the time no more allow me to continue.
June 17, 2009 2:26 AM

Read more

“မွေးနေ့အလှူပွဲ ဖိတ်ကြားစာ”

လာမယ့် တနင်္ဂနွေနေ့ စင်္ကာပူနိုင်ငံ တိုးပါးရိုး ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်းမှာ ပြုလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄နှစ်ပြည့် မွေးနေ့အလှူပွဲကို ကြွရောက်ကြဖို့ ဖိတ်ကြားစာပါ။

ဘုန်းကြီးကျောင်းမှာ အစီအစဉ်ပြီးတဲ့အခါ သွေးလှူဘဏ်သို့ သွားရောက်ကာ စုပေါင်းသွေးလှူကြမယ်လို့ သိရပါတယ်။ သွေးလှူလိုသူများ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ဖိတ်စာပေါ်မှာ ဖော်ပြထားပါတယ်။

(ဖိတ်စာကို အကြီးချဲ့မြင်နိုင်ဖို့ ပုံပေါ်မှာ ကလစ်ခေါက်ပြီး ကြည့်နိုင်ပါတယ်။)


Read more

“ပြောပြန်ရင်လည်း မောင်ပေါလွန်ရာကျမယ်…..အပိုင်း(၂)”

“ပြောပြန်ရင်လည်း မောင်ပေါလွန်ရာကျမယ်” ပို့စ်ကို တင်လိုက်သောအခါ ဘလော့ဂ်ဖတ်သူများထံမှ မှတ်ချက်အမျိုးမျိုးရသည့်အနက် Khinkhin ဆိုသူ၏ မှတ်ချက်တွင် အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရသည်။

“ကျောင်းသားတယောက်ဟာ သူ့ကျောင်းစာကို သေချာ ကျက်နေတယ်ဆိုရင်၊ အလုပ်သမားတယောက်ဟာ သူ့အလုပ်တာဝန် မလစ်ဟင်းအောင် လုပ်နေတယ်ဆိုရင် လောလောဆယ် သူတို့တာဝန် ကျေပါတယ်။ သူတို့ စာကျက်ရခြင်း အလုပ်လုပ်ရခြင်းဟာ တချိန်မှာ တိုင်းပြည်အတွက်ဆိုတဲ့ ရည်ရွယ်ချက်ကလေး ရင်ထဲမှာ ခိုအောင်းနေတာကိုပဲ မုဒိတာပွားသင့်တယ် မဟုတ်လား။”

Khinkhin ၏ စကားကို ယေဘုယျအားဖြင့် ကျွန်ုပ်အကြွင်းမဲ့ ထောက်ခံပါ၏။ တိုင်းပြည်တပြည်တွင် ကျောင်းသားသည် ကျောင်းသားအလုပ်၊ အလုပ်သမားသည် အလုပ်သမားအလုပ်၊ တရားသူကြီးသည် တရားသူကြီး အလုပ်ကို ကျေပွန်စွာလုပ်နေနိုင်လျှင် ထိုသူများ၏ နိုင်ငံသားတာဝန် ကျေပွန်သည်ဟု ဆိုနိုင်ပါ၏။

သို့သော် စဉ်းစားစရာရှိသည်မှာ လက်ရှိမြန်မာပြည်တွင် ကျောင်းသားသည် ကျောင်းသားအလုပ်ကို၊ အလုပ်သမားသည် အလုပ်သမားအလုပ်ကို၊ တရားသူကြီးသည် တရားသူကြီးအလုပ်ကို၊ ရဲဝန်ထမ်းသည် ရဲအလုပ်ကို၊ ဆရာဝန်သည် ဆရာဝန်အလုပ်ကို၊ စာရေးဆရာသည် စာရေးဆရာအလုပ်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ပါ၏လော။

ဆိုကြပါစို့…….။

နိုင်ငံရေးသိပ္ပံဘာသာတွဲကို ယူသော တက္ကသိုလ် ကျောင်းသားတဦးသည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအမြင်နှင့် စွမ်းဆောင်မှုအကြောင်းကို (သို့မဟုတ်) ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် နိုင်ငံရေးအဖြစ်အပျက်များအကြောင်းကို သူ၏ မဟာဝိဇ္ဖာဘွဲ့အတွက် စာတမ်းပြုစုလိုသည်ဆိုပါက ထိုကျောင်းသားအနေဖြင့် သူ့စိတ်တိုင်းကျ လွတ်လပ်စွာ ပြုစုခွင့် ရပါ၏လော။

အလားတူပင် တရားသူကြီးတယောက်သည် တရားသူကြီးအလုပ်ကို အဂတိမလိုက်စားဘဲ၊ အုပ်ချုပ်သူအာဏာပိုင်အဖွဲ့အစည်း၏ ၀င်ရောက်စွက်ဖက်မှုမပါဘဲ၊ ဘက်မလိုက်ဘဲ ဥပဒေအတိုင်း တိကျစွာ ဆုံးဖြတ်ခွင့် ရှိပါ၏လော။ ရဲဝန်ထမ်းတို့သည် သူတို့၏ ၀တ္တရားအတိုင်း ဒီပဲယင်းလုပ်ကြံမှု၏ လက်သည်တရားခံတို့ကို ဖော်ထုတ်ဖမ်းဆီးခွင့် ရှိပါ၏လော။

စာရေးဆရာတယောက်သည် သူ၏ အယူအဆပိုင်းဆိုင်ရာ ကိစ္စရပ်များကို စာဖတ်သူထံသို့ တင်ပြရာ၌ စာပေစိစစ်ရေး၏ ဖြတ်တောက်ပိတ်ပင်ခံရမည်ကို မစိုးရိမ်ရဘဲ ပြည်သူလူထုနှင့် စပ်ဆိုင်သည့် မည်သည့်အကြောင်းအရာကိစ္စကိုမဆို လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရှိပါ၏လော။

ပြည်တွင်းမှ ဘလော့ဂါများသည်လည်း သူတို့ ကြားမြင်သိရှိသည်များကို အခြားနိုင်ငံမှ ဘလော့ဂါများကဲ့သို့ပင် မြင်သည့်ကြားသည့်သိသည့်အတိုင်း ဘလော့ဂ်ပေါ်တွင် လွတ်လပ်စွာ ရေးသားနိုင်ကြပါ၏လော။

ဤသည်မှာ ဥပမာ မေးခွန်းအချို့မျှသာ ဖြစ်ပါသည်။ ကျောင်းဆရာ၊ အလုပ်သမား၊ လယ်သမား၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လှုပ်ရှားသူ စသဖြင့် လူတန်းစားအမျိုးမျိုးနှင့် စပ်လျဉ်း၍လည်း အလားတူ မေးခွန်းများကို မေးနိုင်ပါသေးသည်။

ထိုမေးခွန်းများ၏ အဖြေသည် “ထိုသူတို့အနေဖြင့် ၄င်းတို့၏ တာဝန်ဝတ္တရားကို ကျေပွန်စွာ၊ အကောင်းဆုံး ဆောင်ရွက်နိုင်သည်” ဆိုလျှင် ကျွန်ုပ်တို့ တိုင်းပြည်သည် လွတ်လပ်သော တိုင်းပြည်တပြည်ဖြစ်သည်။ ထိုသူတို့အနေဖြင့် နိုင်ငံရေးအကြောင်းကို ဦးနှောက်ခြောက်ခံ စဉ်းစားစရာမလိုတော့ချေ။ မြန်မာ့အရေးလှုပ်ရှားသူတို့အနေနှင့်လည်း အထူးတလည် နိုင်ငံရေးလှုပ်ရှားမှုများကို လုပ်စရာမလိုတော့ချေ။

အကယ်၍ ထိုမေးခွန်းများ၏ အဖြေသည် “ကျေပွန်စွာ လုပ်ဆောင်နိုင်ခွင့်မရှိပါ” ဆိုလျှင် ကျွန်ုပ်တို့ တိုင်းပြည်သည် လွတ်လပ်သော တိုင်းပြည်တခု မဟုတ်ပါ။ ယခုအခြေအနေသည် အားလုံးသိကြသည့်အတိုင်း မြန်မာပြည်သည် မလွတ်လပ်သော တိုင်းပြည်တခု ဖြစ်နေပါသည်။ ထိုတိုင်းပြည်တွင် ကျောင်းသားသည် ကျောင်းသား အလုပ်ကို တာဝန်ကျေစွာ လုပ်ဆောင်နိုင်ရန် မည်သည့်နည်းနှင့်မျှ မဖြစ်ပါ။ အလားတူပင် တရားသူကြီး၊ ရဲအမှုထမ်း၊ ၀န်ထမ်း၊ အလုပ်သမား၊ လယ်သမား၊ စာရေးဆရာ စသည့် လူတန်းစားအားလုံးအနေဖြင့် သူတို့အလုပ်ကို လွတ်လပ်စွာ၊ စိတ်တိုင်းကျစွာ၊ တာဝန်ကျေစွာ မည်သူမျှ ထမ်းဆောင်ခွင့်မရပါ။

ထိုသို့သောအခြေအနေတွင် လူတိုင်းကိုယ့်အလုပ်ကိုယ် လွတ်လပ်စွာ လုပ်ဆောင်နိုင်ရေးအတွက် လွတ်လပ်သောအခြေအနေတရပ်ကို ရှေးဦးစွာ ဖန်တီးဖို့ လိုအပ်လာပါသည်။ ဤသို့ ဖန်တီးရန် အားထုတ်ခြင်းသည် နိုင်ငံရေးပင် ဖြစ်ပါသည်။

အချို့သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာရေးဆရာ အချို့အနေဖြင့် ပလပ်စတစ်ကို လျှော့သုံးရေး၊ သစ်တောထိန်းသိမ်းရေး စသည်များကို မဂ္ဂဇင်းများပေါ်၌ ရေးသားနေသော်လည်း သူတို့အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တကယ်တမ်းတွင် ထိထိရောက်ရောက် လုပ်ခွင့်ရရှာသည် မဟုတ်ကြ။ (အချို့ကတော့ ရသည်ဟု ထင်နေရှာသည်။) သို့သော် သူတို့သည်လည်း အာဏာရှင် ခွင့်ပြုသည့်ဘောင်အတွင်းတွင်သာ ရေးကြရခြင်းဖြစ်သည်။ သူတို့၏ အလုပ်ကို ကျေပွန်စွာ၊ ထိရောက်စွာ စွမ်းဆောင်နိုင်ကြသည်မဟုတ်။

ဥပမာ…ရေကာတာတည်ဆောက်သည့်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မည်ကို သိရှိပါက နအဖအစိုးရအား ပွင့်လင်းစွာ အကြံဉာဏ်ပေး၍ စီမံကိန်းကို ရပ်တန့်စေရန် တားဆီးနိုင်သည်မဟုတ်။ သစ်တောများအား စည်းမဲ့ကမ်းမဲ့ခုတ်နေသည်ကို တားဆီးနိုင်ကြသည်မဟုတ်။ ၄င်းတို့ မနှစ်သက်သော အစိုးရပေါ်လစီများကို ဟန့်တားနိုင်ရန် လူစုလူဝေးဖြင့် ကန့်ကွက်ဆန္ဒပြနိုင်ကြသည်လည်း မဟုတ်။ အနှစ်ချုပ်ဆိုရသော် အစိုးရ၏ မည်သည့်ပေါ်လစီတခုကိုမျှ လုံးဝ ရပ်တန့်သွားအောင် တားဆီးနိုင်ကြသည်မဟုတ်။ ဤသို့ဖြစ်ရသည်မှာ သူတို့၏ (သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး)အလုပ်ကို ထိရောက်စွာ လုပ်ကိုင်ခွင့်မရသော အခြေအနေတရပ်ကြောင့်ဖြစ်သည်။ ထိုအခြေအနေ၏ အကြောင်းရင်းမြစ်မှာ အားလုံးသိကြပြီးဖြစ်သည့် မလွတ်လပ်သော နိုင်ငံရေးအခြေအနေကြောင့်ဖြစ်သည်။

အလားတူပင် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးလုပ်ငန်းများတွင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးလုပ်ငန်းများကို ထိရောက်အောင် ဖော်ဆောင်ခွင့်မရှိကြ။ အာဏာရှင်က ခွင့်ပြုသမျှ ဘောင်ထဲတွင်သာ မလူးသာ မလွန့်သာ လှုပ်ရှားကြရခြင်းဖြစ်သည်။ နာဂစ်မုန်တိုင်းအတွင်း အပြည်ပြည်ဆိုင်ရာမှ အင်ဂျီအိုများပင် အထောက်အပံ့၊ အကူအညီများကို ထိထိရောက်ရောက် မပေးနိုင်ခဲ့ကြပါ။ ဤဖြစ်ရပ်ကို ကြည့်လျှင်ပင် မည်သူမျှ ၄င်းတို့၏ တာဝန်ဝတ္တရားကို ကျေပွန်စွာ ထမ်းဆောင်နိုင်သည်ဟု မဆိုနိုင်။

အကယ်၍ တစုံတယောက်အနေဖြင့် မိမိ၏ တာဝန်ဝတ္တရား၊ မိမိ၏ ကဏ္ဍကို ကျေပွန်အောင် စွမ်းဆောင်မည်ဆိုပါက အထက်တွင်ရှိသော အာဏာပိုင်အဖွဲ့အစည်းနှင့် ထိပ်တိုက်တွေ့မည်။ ထိုအခါတွင် ထိုသူကြုံတွေ့ရမည့် ရွေးချယ်စရာ လမ်းနှစ်သွယ်မှာ (၁)အာဏာပိုင်အဖွဲ့အစည်း၏ အငြိုငြင်ကို ခံလျက် အမှန်အတိုင်းတင်ပြမည်လော။ သို့တည်းမဟုတ် (၂)မိမိအနေအထားတည်မြဲရေးအတွက် နှာစေးနေမည်လော ဟူသည့် လမ်းနှစ်သွယ်ပင်ဖြစ်သည်။ ပထမလမ်းကို ရွေးချယ်ပါက အနည်းဆုံး နယ်ပြောင်းခံရခြင်း၊ ထို့ထက်ပို၍ အလုပ်ပြုတ်ခြင်း (ရာထူးမှ အနားယူရခြင်း)၊ အဆိုးဆုံး အနေဖြင့် ထောင်ဒဏ်ကျခံရခြင်းတို့ ကြုံတွေ့နိုင်သည်။ ထို့ကြောင့် လူအများစုသည် ဒုတိယလမ်းဖြစ်သော နှားစေးနေသည့် လမ်းကိုသာ ရွေးချယ်ကြသည်။ ဤသို့ဖြင့် အခြေအနေသည် တိုးတက်မလာဘဲ ဒုံရင်းဒုံရင်းသို့လည်းကောင်း၊ အချို့နေရာများတွင် မူလအခြေအနေထက် နိမ့်ကျဆိုးရွားသော အခြေအနေသို့ပင် လျှောကျ၍လည်းကောင်း ဆုတ်ယုတ်လျက်ရှိသည်ကို နေရာတိုင်းတွင် တွေ့မြင်နိုင်ပေသည်။

ဤအဖြစ်မှ ရှောင်ရှားလိုလျှင် လူမှုကယ်ဆယ်ရေးကို မဖြစ်မနေ တပိုင်တနိုင်လုပ်လိုသူများအနေဖြင့်လည်း မိမိတို့ လုပ်ဆောင်လိုသော လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့်တချိန်တည်းမှာပင် ပြဿနာ၏ မူလရင်းမြစ်ဖြစ်သော နိုင်ငံရေးပြဿနာကို ဖြေရှင်းရန်လိုသည်ဆိုသည့်အချက်ကို စိတ်ထဲတွင် စွဲမြဲစွာ ခံယူထားရန် အရေးကြီးပေသည်။

မဖြူဖြူသင်း၊ ကိုကျော်သူ၊ ကိုဇာဂနာ၊ ဒေါက်တာစင်သီယာမောင် တို့သည် တဖက်က လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း တဖက်တွင် ဖြေရှင်းရန်ရှိသော နိုင်ငံရေး ပြဿနာကို ရဲရဲဝံ့ဝံ့ အသိအမှတ်ပြုသော သူရဲကောင်းစွမ်းဆောင်ရှင်များဖြစ်ကြသည်။ လိုအပ်လျှင် သူတို့၏ သဘောထားရပ်တည်ချက်ကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြသရန်လည်း ၀န်လေးကြသည်မဟုတ်ချေ။ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း မစုစုနွေး၊ ကိုဇာဂနာ၊ ကိုကျော်သူ၊ မဖြူဖြူသင်းတို့၏ ရပ်တည်ချက်ကို ကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည်အဖမ်းခံနေရစဉ် ဒေါက်တာစင်သီယာမောင်၏ ရပ်တည်ချက် (ထုတ်ပြန်ချက်)ကို ကြည့်ပါ။

အချုပ်ဆိုရသော် တိုင်းပြည်တွင် မလွတ်လပ်သမျှ ကာလပတ်လုံး မည်သူမျှ မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြသည်မဟုတ်။ အာဏာရှင်ကန့်သတ်သည့် ဘောင်အတွင်းတွင် မလူးသာ မလွန့်သာ လှုပ်ရှားနေကြရခြင်းသာဖြစ်သည်။ ထိုသို့သော အခြေအနေတွင် လွတ်လပ်သောအခြေအနေတရပ်ကိုဖန်တီးရန်မှာ နိုင်ငံသားတိုင်းနှင့်ပတ်သက်သော တာဝန်ဖြစ်ကြောင်း၊ ထိုတာဝန်ကို ကျေပွန်မှသာ နိုင်ငံသားတာဝန်ကို အမှန်တကယ်ကျေပွန်ကြောင်း ထပ်လောင်းရေးသားလိုက်သည်။
Read more

“လူပိမသေဘူးတဲ့လား”

“လူ့အောက်ကျို့လို့ လူပိမသေပါဘူး”….. တဲ့။

သည်စကားကို ကျနော်တို့ မြန်မာတွေ ကြားမှာ မကြာခဏ ကြားဖူးသည်။

နိဝါတောစ… မိမိကိုယ်ကို နှိမ့်ချခြင်းသည် မင်္ဂလာတပါးဟု သုံးဆယ့်ရှစ်ဖြာမင်္ဂလာတွင် မှတ်သားရဖူးသည်။ သို့သော် နှိမ့်ချခြင်း (Humility) နှင့် အောက်ကျို့ခြင်း (bowing down)တို့သည် မတူကွဲပြားသည်ဟု ထင်မြင်မိပါသည်။

နှိမ့်ချခြင်းသည် “မာန်မာန ထောင်လွှားခြင်း၊ ၀ံ့ကြွားခြင်း၊ ခက်ထန်ခြင်းနှင့် အနိုင်ယူလိုခြင်း” စည့် ဘဘောသဘာဝအားလုံးတို့မှ လုံးဝကင်းစင်သည့် အဓိပ္ပါယ်ဟု ယူဆပါသည်။ ပညာနှင့်ယှဉ်သော၊ မြင့်မြတ်သော သဘော၊ ရိုးသားသော သဘောတို့ကို ဆောင်ပါသည်။

အောက်ကျို့ခြင်းသည်ကား အကြောက်တရားလွှမ်းမိုး၍ဖြစ်စေ၊ တစုံတရာအကျိုးကို မျှော်ကိုး၍ဖြစ်စေ တောင်းပန်တိုးလျှိုးခြင်း၊ ခယခြင်း ဖြစ်သည်။ နိမ့်ကျသော သဘော၊ မရိုးသားသော သဘော၊ ပညာနှင့်မယှဉ်သော သဘောကို ဆောင်ပါသည်။

အောက်ကျို့လိုက်သည့်အတွက် လက်ငင်းအကျိုးအမြတ်တခုခုကို ခံစားလိုက်ရဖွယ်ရှိသော်လည်း ရေရှည်တွင် အောက်ကျို့ခြင်း၏ ဆိုးကျိုးကို ကျောကော့အောင် ခံစားရတတ်ပေသည်။ အောက်ကျို့သူများအဖို့ လူပိ၍မသေသော်လည်း လူဖိခံရတော့မည်မှာကား ဧကန်မုချပင် ဖြစ်တော့သည်။ အောက်ကျို့လိုက်သည့်အချိန်မှစ၍ သိက္ခာရှိသောလူတယောက်အဖြစ်သည် နိဂုံးချုပ်သွားခဲ့လေပြီ။

အောက်မကျို့သူများကို အလွယ်ဖိနှိပ်၍ မရပါ။ အောက်ကျို့သူများကိုသာ ဖိနှိပ်လိုသူများက အလွယ်တကူ စိတ်တိုင်းကျ ဖိနှိပ်၍ ရသည်။
အောက်ကျို့လိုသူများသော လူ့အဖွဲ့အစည်းတွင် ဖိနှိပ်လိုသော လူတန်းစားတရပ်သည်လည်း အလိုအလျောက် ပေါ်ထွန်းလာတတ်သည်။

မြန်မာပြည်ကိုလိုနီဘ၀တွင် ရောက်နေစဉ်က အမြော်အမြင်ရှိသော လူငယ်အချို့ဦးဆောင်ကာ မြန်မာတို့၏ စိတ်ဓါတ်ကို ပြန်လည်မြှင့်တင်ပေးရန် ဒို့ဗမာ အစည်းအရုံးကို ဖွဲ့စည်း၍ မြန်မာတို့၏ သဏ္ဍာန်တွင် သခင်စိတ် ပြန်လည် ၀င်ရောက်လာစေရန် လှုံ့ဆော်ပေးခဲ့ရသည်။ နယ်ချဲ့၏ ဖိနှိပ်မှုအောက်တွင် ဦးမကျိုးရန် စိတ်ဓါတ်ကို မြှင့်တင်ပေးခဲ့သည်။

ယနေ့ ကျွန်ုပ်တို့ တိုင်းပြည်သည် ဖိနှိပ်သော စစ်အာဏာရှင် အစိုးရတရပ်၏ လက်အောက်တွင် ကျရောက်နေသည်။ ဤအခြေအနေမှ ရုန်းထွက်လွတ်မြောက်နိုင်ရန် ကျွန်ုပ်တို့၏ နှလုံးအိမ်ဝယ် အမြစ်တွယ်နေသည့် အကြောက်တရားနှင့် ဦးကျိုးစိတ်ကို အရင်ဖယ်ထုတ်ကြမည်။ လွတ်လပ်သောစိတ်ကို မွေးမြူကြရမည်။ ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းတွင် လက်ခံသုံးစွဲနေသော “လူ့အောက်ကျို့၍ လူပိမသေဘူး” တည်းဟူသော အယူအဆမှားကို အစွမ်းကုန် တိုက်ဖျက်သွားကြရပေမည်။

ပူးတွဲဖတ်ရှုရန်။..............။ ကျွန်စိတ်၊ ပညာရေး နှင့် လွတ်လပ်မှု
Read more

“ပါးပါးလေး…လောက”

ပြည်တွင်းမှာတော့
စာပေကင်ပေတိုင်ကို
ကျော်နိုင်ဖို့အရေး
ပါးပါးလေး ထည့်ရသတဲ့။

ပြည်ပမှာတော့
ဘလော့ဂ်ဖတ်သူ မငြီးငွေ့စေဖို့
လေနဲ့ဝမ်း မကွဲ
ပါးပါးလေးပဲ ထည့်ကြပြန်သတဲ့။

ပါးပါးလေးတွေး
ပါးပါးလေးရေး…
ပါးပါးလေးဖတ်
ပါးပါးလေးမှတ်…
ပါးပါးလေးထိ
ပါးပါးလေးသိ…

ပါးပါးလေးတွေချည်း
ဖတ်ပြီးအနေကြာတော့
လူပါးလေးတွေဖြစ်လာကြ။

လူပါးလေးတွေက
သူတို့ကိုယ်သူတို့
ပါးတယ်လို့ ထင်ကြတယ်။

သည်လိုနဲ့…
ပါးတဲ့လူတွေ များလာတော့
ပါးရာက ပြားပြီး
နင်းပြားလေးတွေဖြစ်။

ပိဿလေးနဲ့ ဘေးကိုပစ်ရင်တော့
အစ်ကနဲ ထိမယ်။

ထိမှနာ။
နာမှသိ။
သိမှလုပ်။
လုပ်မှဖြစ်…တဲ့။

အို…ဖြစ်ဖြစ် မဖြစ်ဖြစ်
ပိဿလေးနဲ့
ဘေးကို ချိန်ပြီး ပစ်တော့မယ်။
Read more

“သရုပ်ပျက်လို့ ပြောသင့်ရဲ့လား”

ငယ်စဉ်က မဂ္ဂဇင်းတစောင်ထဲမှာ ဖတ်ခဲ့ရတဲ့ ကာတွန်းတခုကို ပြက်ပြက်ထင်ထင် မှတ်မိနေသည်။ လေးကွက်ကာတွန်း။

ပထမတကွက်တွင် ဘောင်းဘီဖင်ကျပ် ၀တ်ဆင်ထားသူ ခေတ်ဆန်ဆန် ဆံရှည်လူငယ်တဦးကို တိုက်ပုံ၊ ပုဆိုး ၀တ်ဆင်ထားသူတဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။

ဒုတိယအကွက်တွင် ထိုတိုက်ပုံဝတ်လူငယ်အား ခေါင်းပေါင်း၊ တောင်ရှည်တို့ကို ၀တ်ဆင်ထားသူတဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။

တတိယအကွက်တွင် ထိုတောင်ရှည်ဝတ်လူအား သားရေနံငယ်ပိုင်းကို ၀တ်ဆင်ထားသော ကျောက်ခေတ်လူသား (လက်ထဲတွင် ကျောက်တုံးပုဆိန်ကိုင်ထားသူ)က လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်”ဟု ခေါ်ဆိုနေပုံ ရေးဆွဲထားပြန်သည်။

နောက်ဆုံးအကွက်တွင်ကား ကျောက်ခေတ်လူသားကို လက်ညိုးငေါက်ငေါက်ထိုး၍ “သရုပ်ပျက်”ဟု ခေါ်ဆိုနေသည်မှာ မျောက်ဝံတကောင်ဖြစ်သည်။

ဤကာတွန်းကလေးကို သတိရမိတိုင်း လူတို့၏ ရှေးရိုးစွဲတတ်ပုံ၊ အသစ်အဆန်းကို လက်မခံချင်သည့်စိတ်ဓါတ် စွဲမြဲနေပုံတို့ကို သတိပြုမိသည်။

လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံ ကူးလူးရောယှက်ကာ အုတ်အုတ်ကျက်ကျက် လှုပ်ရှားတိုးတက်နေသော လူ့အဖွဲ့အစည်း (Cosmopolitan)တွင် အသစ်အဆန်းကို မြတ်နိုးတန်ဘိုးထားကာ လွယ်လင့်တကူ လက်ခံတတ်ကြသလောက် ပြင်ပကမ္ဘာနှင့်အဆက်အသွယ်ပြတ်ကာ အထီးကျန်ဆန်နေသော လူ့အဖွဲ့အစည်းတွင် အသစ်အဆန်းကို လက်ခံရန် တွန့်ဆုတ်တတ်ကြသည်။ ခေတ်နောက်ပြန်ဆွဲချင်ကြသည်။ မိမိ မိရိုးဖလာ လက်ခံကျင့်သုံးလာသော ဓလေ့ထုံးတမ်းတို့နှင့် မကိုက်ညီသော၊ ခွဲထွက်သော အတွေးအခေါ်၊ အပြုအမူတို့နှင့် သစ်ဆန်းသော အရာမှန်သမျှကို အလွယ်တကူ လက်မခံရုံမက ပြစ်တင်ရှုံ့ချတတ်သော သဘောရှိသည်။ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ ကျင့်ကြံခြင်းကို မြင့်မြတ်သည်၊ ယဉ်ကျေးသည်၊ ကောင်းမွန်သည်ဟု အထင်ရှိတတ်ကြသည်။

သတိပြုရန်မှာ မြန်မာပြည်တွင် တချိန်က သရုပ်ပျက်ဟု ခေါ်ဆိုခဲ့သော တေးဂီတ၊ ၀တ်စားဆင်ယင်မှုတို့သည် ယနေ့ လူကြီးလူငယ် လက်ခံနေကြပြန်သည်ဆိုသည့် အချက်ဖြစ်သည်။

လူတို့၏ စိတ်နေသဘောထားကို အ၀တ်အစားအဆင်အပြင်ကို ကြည့်ရှု၍ ဆုံးဖြတ်ရန်မသင့်ဟူသော အချက်ကို လက်ခံပါက လူတကိုယ်အကြိုက်တမျိုးဆိုသည့် စကားပမာ လူတို့၏ ကွဲပြားခြားနားသော အကြိုက်တရားကို နားလည်လက်ခံနိုင်၍ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန်သာ ကြိုးပမ်းသင့်သည်။

လွတ်လပ်သောလူ့အဖွဲ့အစည်းများတွင် မိမိ၏ အကြိုက်တရားကို စံတခုသဖွယ် ရှေ့တန်းတင်လျက် လူတိုင်းကို လိုက်နာကျင့်သုံးစေရန် မပြုကျင့်ကြ။ အဘယ်ကြောင့်ဆိုသော မိမိအကြိုက်တရားသည်သာ အမှန်ကန်ဆုံး၊ အမြင့်မြတ်ဆုံး၊ အယဉ်ကျေးဆုံးဟု သဘောမထားကြသောကြောင့်ပင်တည်း။ အကြိုက်တရားဟူသည် မတူညီနိုင်ကြဟူသော အချက်ကို လက်ခံကြသောကြောင့်ပင်တည်း။ မိမိမျက်စိထဲတွင် ကျက်သရေရှိလှသည်ဟု ထင်သောအရာတခုသည် အခြားလူတဦး၏ မျက်စိတွင် ထော်လော်ကန့်လန့် နိုင်သော အရာတခုလည်း ဖြစ်နေနိုင်သောကြောင့်ပင်တည်။

ကိုယ့်ကျင့်တရားနှင့် ပတ်သက်လျှင်သာ စံချိန်စံညွှန်းများ ထားရှိရန်လိုအပ်မည်ဖြစ်သော်လည်း ယဉ်ကျေးမှု(Culture)နှင့်ပတ်သက်၍ကား စံချိန်စံညွှန်းများကို လူတိုင်းအပေါ်တွင် အာဏာတည်သက်ရောက်စေရန်မသင့်။ အမှန်စင်စစ်တွင်မူကား ယဉ်ကျေးမှုတို့သည် ခေတ်ကာလ၊ လူတို့၏ အတွေးအခေါ်၊ အကြိုက်တရား၊ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ တိုင်းတပါးနှင့် ကူးလူးရောယှက်ဆက်ဆံရေး အခြေအနေအရပ်ရပ်ပေါ်တွင် မူတည်၍ အစဉ်သဖြင့် တိုးတက်ပြောင်းလဲနေသည်။

ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံနေသမျှ ကာလပတ်လုံး ယဉ်ကျေးမှုကို ခေတ်ကာလအပိုင်းအခြားတခုတွင်သာ မူသေ ရပ်တည်နေစေရန် မည်သူမျှ စွမ်းဆောင်နိုင်ကြမည်မဟုတ်ချေ။ စွမ်းဆောင်ရန် ကြိုးစားသူများအဖို့လည်း အနှေးနှင့် အမြန်ဆိုသလို ရှုံးနိမ့်မှုကိုသာ မုချကြုံတွေ့ကြရပေမည်။

ပူးတွဲဖတ်ရှုရန်။..........။ “ကောက်စိုက်မ နဲ့ ပြိုင်ဘီး”
Read more

"Permit to mourn"




Documentary ရိုက်ကူးထုတ်လုပ်သူ စင်္ကာပူနိုင်ငံသားမိတ်ဆွေတယောက်က လွန်ခဲ့တဲ့ တနှစ်ကျော်က နာဂစ်မုန်တိုင်းကြောင့် သေဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံးရှေ့မှာ ကျနော်တို့ဆုတောင်းပွဲကျင်းပစဉ် ကျနော့် ဆဲလ်ဖုန်းမှာ မှတ်တမ်းတင်ထားခဲ့တဲ့ ဗီဒီယိုတွေကို အခုလိုချင်ပါတယ်ဆိုလာတဲ့အတွက် ညက ကွန်ပြူတာထဲကို တဆင့်ကူးထည့်ပြီး ပို့ပေးခဲ့တယ်။

ဗီဒီယိုလေးတွေ ပြန်ကြည့်ရင်း အဲဒီအချိန်က စိန့်မာတင်ဒရိုက်ဗ်မှာရှိတဲ့ မြန်မာသံရုံးရှေ့ကို အသွား စင်္ကာပူက ရဲတွေက လမ်းမှာဖြတ်ပြီး တားဆီးဖို့ ကြိုးစားခဲ့ပုံကို အင်္ဂလိပ်လို ဆောင်းပါးတပုဒ်ရေးသားပြီး စင်္ကာပူဒီမိုကရက်ပါတီ အင်တာနက်စာမျက်နှာက ဖော်ပြပေးခဲ့ပါတယ်။ အခု အဲသည်ဆောင်းပါးလေးကို မဖတ်ရသေးသူများ ဖတ်ရအောင် အမှတ်တရပြန်တင်လိုက်ပါတယ်။ (အင်္ဂလိပ်လို ရေးသားရာမှာ ပါသွားတဲ့ အမှားတွေနဲ့ စာချောအောင် ပြင်ဆင်ပေးတဲ့ ကိုမျိုးမြင့်မောင်ကို ကျေးဇူးတင်ပါတယ်။) မြန်မာလိုသာ ဖတ်လိုသူများအတွက် မြန်မာဘာသာပြန်ကိုလည်း အောက်ဆုံးမှာ တင်ပေးလိုက်ပါတယ်။

Thursday, 22 May 2008
Aung Naing Moe

THE TAXI, carrying the four of us, had just turned into St. Martin's Drive when the three plain-clothes police officers tried to flag it down. It was almost 6:50pm on Saturday, 17 May 2008.

"Don't stop," shouted by the four of us almost simultaneously. I was sitting in the front passenger’s seat while my wife Han Thu Lwin, Myo Myint Maung and another Burmese friend were in the back seat, all of us holding flowers in our hands.

To our dismay, the Singaporean taxi driver pulled the taxi over to the roadside gently.

"Whooi…a long way to go," I sighed. I then started to realize the extent of police dominance in Singapore and the level of obedience shown by the ordinary citizens here. Nowhere else in the world would you find a taxi driver stopping at the flagging of non-uniformed police officers so easily against the wishes of the passengers in his taxi.

Showing his badge, one of the three policemen asked, "Are you residents here, sir?"

I was secretly amused by the question wondering how a person like me wearing cheap shirts and taking a cab, not driving a good car, could inspire the police to think that I might live in such an affluent district. But, I simply replied, "No, we are not."

"Where are you going, sir?"

"To the Burmese embassy."

“Sorry, sir, you can't go there because the Myanmar (Burmese) embassy is already closed.”

I must admit that I was particularly proud to be a Burmese citizen at that moment because our embassy was extraordinarily effective in communicating with us, citizens of Burma, by keeping Singapore police to answer on its behalf about its opening hours at the entrance of St Martin's Drive.

Or perhaps it was just that the police underestimated my ability to think for myself. So, the sudden, mistaken pride that came to me out of thin air vanished immediately. Hey, do you think I am a moron? All Burmese in Singapore know that our embassy is normally closed on Saturdays.

"Don't worry, please. We are not going inside the embassy. We just want to go in front of the Burmese embassy to mourn for our people who died in the Cyclone Nargis. Anyway, thanks for your information."

“No, Sir. You can't go there. We advise you to leave this area immediately.”

Oops! Was it because the Cyclone Nargis was now passing through the St Martin's Drive, too? I was starting to worry about the safety of the residents living there.

But just in time, to quell my unwarranted anxiety, our old friend Mr Deep Singh from Tanglin Police Station came to the scene and chanted the very much familiar police mantra to our impatient ears.
“You can't assemble without a police permit. You are advised to leave.”

“But....please wait, wait! There are only four persons on this taxi excluding the driver. How could this become an illegal assembly?”
He didn't answer our question. But he said, “As long as you have intention...”

"Oh, my god! Intention to do what? Our intention is just to mourn for our people who died because of the cyclone.”

Then he suggested that we should go to the temple to pray and mourn.
Please note that these were just advice and suggestions only; they didn't amount to warnings. So, why should we be advised and suggested repeatedly for so long without being allowed to get through? We appreciated his advice and suggestions, of course, because they were free. But, whether we took them or not was solely our own choice. To force us to accept his advice and hamper us from going in was too much for us. It was utterly outrageous.

Myo Myint Maung, who was sitting in the back seat, told the police officers that the only one piece of land in Singapore where we, Burmese, truly had the highest sense of belonging was our Burmese embassy.

At last, Mr Singh asked for our particulars, even though the three of us – my wife, Myo Myint Maung and myself – had given our particulars to his department on a few occasions in the past. At first, we argued for some minutes on why we needed to submit our particulars for just going to our embassy and mourning for our people.

Then, to our great astonishment, the extremely considerate Mr Singh said, "Please don't waste the time. The taxi driver will lose his valuable time to earn money. Please be considerate."

At first, I didn't believe my ears. During the whole conversation, the taxi meter was ticking and needless to say it was me who had to pay for the fare eventually. The driver was earning his fair income in the whole episode. Furthermore, I can swear that this delay was not caused by us. We were the one who wanted to arrive at our destination as soon as possible.At last, as it seemed that the police was not going to allow us to go in without showing our particulars, we gave them to the police and proceeded to the embassy where we found a couple who arrived just before us. But, they said that they didn't have to show their particulars. Why was the law applied selectively to us instead of being applied equally to all?

Later, I came to know that about 50 Burmese who also came to mourn at the embassy gradually started to gather at the entrance of St Martin's drive. At first, police were busy advising them to go back. When they refused and continued to hang around there, the police asked them for their particulars. As the crowd gradually grew to about 100 people, the police at last agreed to let us go in groups of four persons to the gate of the Burmese embassy to mourn there for five minutes each. However, it was not before a series of negotiations as well as heated exchanges between the police and the three of us.

At the end, the police told us not to hold any hard feelings and apologized individually for the embarrassment caused earlier. Of course, we forgave them because we understood their position. They were police officers just carrying out their duties. They too are human beings with kind hearts; we believe that. But, we still hope the law will be applied equally to all races, nationalities, and religions, not selectively. Moreover, it should be applied fairly and correctly.

We wish Singapore a more vibrant society with more freedom and openness where every resident has the right to life, liberty and pursuit of happiness.

http://yoursdp.org/perspective/vantage/38-vantage/471-permit-to-mournPermit to mourn

မြန်မာလို ဖတ်ရှုရန်။........

“တညချမ်းဝယ်”

မေလ ၁၇ ရက်။ စနေနေ့ညနေ။

ကျနော်တို့ လေးယောက် စီးနင်းလိုက်ပါလာသော တက္ကစီကား စိန့်မာတင်ဒရိုက်ဗ်လမ်းထဲကို ချိုးဝင်လိုက်တော့ ညနေ ၇ နာရီထိုးဘို့ ဆယ်မိနစ်ခန့်ဘဲ လိုတော့တယ်။ ကားဝင်လာတာမြင်တော့ အရပ်ဝတ်နဲ့ ရဲသုံးယောက်က လမ်းထိပ်ကနေ လက်ပြပြီး လှမ်းတားတယ်။

“မရပ်နဲ့။ မရပ်နဲ့”

ကျနော်တို့ လေးယောက်စလုံး တပြိုင်တည်းလိုလို အော်လိုက်ကြတယ်။ ကျနော်က ရှေ့ခန်းမှာ ထိုင်လျက်။ မဒမ်ပေါ၊ မျိုးမြင့်မောင်နဲ့ အခြား မြန်မာတယောက်က တက္ကစီနောက်ထိုင်ခုံမှာ။ ကျနော်တို့အားလုံးလက်ထဲမှာ ပန်းတွေ ကိုယ်စီကိုင်ထားကြတယ်။

ဒါပေမယ့် တက္ကစီသမားက ကားကို လမ်းဘေးကို ဆွဲချပြီး ညင်ညင်သာသာ ထိုးရပ်ပေးလိုက်တော့ ကျနော်တို့ တော်တော် စိတ်ပိန်သွားတယ်။

“အင်း.....ဒီပုံနဲ့တော့ ကျော်လွှားရမယ့်အရာတွေက များသေးတယ်” လို့ တွေးရင်း ကျနော်သက်ပြင်းတချက်ကို ပင့်ရှိုက်လိုက်မိတယ်။ တချိန်တည်းမှာဘဲ စင်္ကာပူမှာ ရဲတွေ ဘယ်လောက်အထိ ကြီးစိုးလွှမ်းမိုးနေတယ်၊ သာမန်အရပ်သားတွေအနေနဲ့ ဘယ်လောက်အထိ ဦးကျိုးနေတယ်ဆိုတာကိုပါ သိသိသာသာကြီး ခံစားလိုက်မိတယ်။ ကမ္ဘာပေါ်က တခြားဘယ်နိုင်ငံမှာမဆို ခရီးသည်တင်ဆောင်လာတဲ့ တက္ကစီကို အရပ်ဝတ်ရဲက လှမ်းတားရင် ခရီးသည်ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဘယ်တက္ကစီသမားမှ လွယ်လွယ်ကူကူ ရပ်လိမ့်မယ် မဟုတ်။ ဒါပေမယ့် ဒါက စင်္ကာပူလေ။

ရဲသုံးယောက်အနက် တယောက်က သူ့ ရဲတံဆိပ်ကဒ်ပြားကို ပြရင်း.....“ခင်ဗျားတို့က ဒီ လမ်းထဲမှာ နေတဲ့လူတွေလား” တဲ့။ ကြည့်ဦး....မေးပုံက။ လူဆိုး။

ကျနော် ကျိတ်ပြီး ရီချင်သွားတယ်။ ကြံကြံဖန်ဖန်ကွယ်။ အပေါစား စပို့ရှပ်ကလေးဝတ်ပြီး အငှားကားစီးဝင်လာတဲ့သူကိုမှ ဒီလူချမ်းသာရပ်ကွက်မှာ နေတဲ့လူလားလို့ မေးရက်ပလေတယ်။ ဒါပေမယ့် ပါးစပ်ကတော့ “မဟုတ်ပါဘူး” လို့ဘဲ ခပ်တိုတို ပြန်ဖြေလိုက်တယ်။

ရဲ။..........။ “ဒါဆို ဘယ်သွားမလို့လဲ ခင်ဗျ”

ကျနော်။...........။ “မြန်မာသံရုံးကို”

ရဲ။...........။ “၀မ်းနည်းပါတယ်ဗျာ။ မြန်မာသံရုံးကို ဒီအချိန်ပိတ်ပါတယ်။ သွားလို့မရပါဘူး။”

အဲဒီတဒင်္ဂမှာတော့ ကျနော်ဟာ မြန်မာလူမျိုးဖြစ်ရတာကို အတော်လေးဂုဏ်ယူသွားမိတယ်။ ဟုတ်တယ်လေ။ မြန်မာသံရုံးဟာ ကျနော်တို့ မြန်မာနိုင်ငံသားတွေကို အရေးတယူနဲ့ သံရုံးဖွင့်ချိန်ပိတ်ချိန်ကို စင်္ကာပူရဲကတဆင့် ပါးစပ်ငှားပြီး ထိရောက်စွာအကြောင်းကြား ပေးနေနိုင်တာကိုး။ ဟာ...နေဦး။ မဟုတ်သေးဘူး။ ဧကန္တ၊ အရပ်ဝတ်နဲ့ ဒီငနဲသားက ငါ့ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို လျှော့တွက်တာဘဲဖြစ်ရမယ်။ ဟင်းဟင်း လူကိုများ ငတုံး အောက်မေ့နေလားမသိဘူး။ ဟေ့...ဒီမယ် မြန်မာသံရုံးဆိုတာ စနေနေ့ ဘယ်တော့မှ မဖွင့်ဘူးဆိုတာ မြန်မာတိုင်းသိတယ်ကွယ့်။ ဘာမှတ်နေလဲ...ဟင်း...ဟင်း။ (စိတ်ထဲမှာ ပြောလိုက်တာပါ။) ပါးစပ်ကတော့.....

“မပူပါနဲ့ဗျာ။ ကျုပ်တို့ကလည်း သံရုံးထဲ ၀င်မှာမဟုတ်ပါဘူး။ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်လို့ သေဆုံးသွားတဲ့ ကျုပ်တို့ မြန်မာလူမျိုးတွေအတွက် သံရုံးရှေ့မှာဘဲ ခဏတဖြုတ် ပူဆွေးဝမ်းနည်းမလို့ပါ”

ရဲ။.............။ “အဲဒီကို သွားလို့မရပါဘူးခင်ဗျာ။ ခင်ဗျားတို့အနေနဲ့ ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာသွားဘို့ အကြံပေးလိုပါတယ်။”

ဗုဒ္ဓေါ..... သွားလို့မရဘူးဆိုပါလား။ ဘုရား... ဘုရား... စိန့်မာတင်ဒရိုက်လမ်းထဲမှာပါ နာဂစ်မုန်တိုင်းတိုက်ခတ်သွားလေရော့သလားမသိ။ သွားပြီ... ငါတို့ ချွေးနှဲစာထဲကနေ ခြစ်ခြုတ်ပြီး သံရုံးမှာ ပေးဆောင်ချင်လွန်းလို့ ရှိခိုးဦးတင် အောက်ကျို့ပြီး လျှောက်လွှာရေး၊ ကြည်ဖြူစွာ ပေးဆောင်ထားတဲ့ အခွန်တွေတော့ လေပြင်းထဲမှာ ပေါက်မိတဲ့ အီးတလုံး လို သဲလွန်စမကျန်ဘဲ ပျောက်ဆုံးသွားရော့မယ်လို့... ကျနော် ရုတ်ချည်းပူပန်သွားတယ်။

အဲ..အဲ တော်ပေသေးရဲ့။ ကျနော့်ရဲ့ အစိုးရိမ်လွန်မှုကို ချေဖျက်ပေးမယ့် တန်လင်းရဲဌာနချုပ်မှ မိတ်ဆွေဟောင်းကြီး ဆစ်ခ်လူမျိုး ထောက်လှမ်းရေးအကြီးအကဲ မစ္စတာ ဒိဆင်း မြင်ကွင်းထဲကို အချိန်မီ ၀င်ရောက် လာတယ်။ ထုံးစံအတိုင်း အကြိမ်တရာမက ကြားဘူးနေကျ စကားရပ်တွေ သူ့ပါးစပ်က တတွတ်တွတ် ထွက်ကျလာတယ်။ အမယ်မင်း... နားဆင်းရဲလိုက် တာကွယ်။

ဒိဆင်း။.............။ “ရဲပါမစ်မပါဘဲ တရားမ၀င် လူစုလူဝေးလုပ်လို့မရဘူး။ ခင်ဗျားတို့ ဒီနေရာက အမြန်ဆုံးထွက်ခွာသွားဘို့ အကြံပေးချင်တယ်။”

ကျနော်။............။ “နေပါဦးဗျာ။ ဒီတက္ကစီထဲမှာ ကားဆရာကို ဖယ်လိုက်ရင် လူလေးယောက်ဘဲကျန်တော့တာ။ ဘယ်လိုလုပ် တရားမ၀င် လူစုလူဝေးလို့ သတ်မှတ်ရသလဲ။ (သူ့နိုင်ငံဥပဒေအရက လူငါးယောက်ထက် ပိုမစုရလေ။)”

ဆရာသမားက ကျနော့်အမေးကို မဖြေဘူး။ ဘာပြောလဲဆိုတော့...“ခင်ဗျားတို့မှာ ရည်ရွယ်ချက်တစုံတရာနဲ့ စုဝေးတာဖြစ်နေသရွေ့.....”

“ဘုရားရေ။ ဘာရည်ရွယ်ချက်ကို ပြောနေတာလဲ။ ကျုပ်တို့ ရည်ရွယ်ချက်က မုန်တိုင်းဘေးကြောင့် သေဆုံးသွားတဲ့ ကျုပ်တို့ နိုင်ငံသားတွေအတွက် ၀မ်းနည်းကြေကွဲ ဆုတောင်းဘို့ ဟာဘဲ..ကို”

အဲဒီမှာ ဉာဏ်ကြီးရှင်က ကျနော်တို့ကို အခုလို အကြံပေးသဗျ။ ဆုတောင်းဘို့ဆိုရင် ဘုန်းကြီးကျောင်းကို သွားပြီး ဆုတောင်းပါတဲ့။ ဒီနေရာက ဆုတောင်းတဲ့နေရာ မဟုတ်ဘူးတဲ့။

ဒီနေရာမှာ သတိပြုရမှာက အခုအချိန်အထိ သူပြောသမျှဟာ အကြံပေးတာ၊ အကြံပြုတာတွေချည်းဘဲ။ ရဲက ပြင်းထန်စွာ သတိပေးတယ် ဆိုတာမျိုးမဟုတ်ဘူး။ ဒီတော့ကာ အကြံပေးတာဘဲ... ဘာကြောင့် ဒီလောက် အကြာကြီး အချိန်ဆွဲပြီး ထပ်ကာထပ်ကာ ပေးနေရသလဲ။ ကျနော်တို့ကို ဘာကြောင့် သွားခွင့်မပြုသေးသလဲ။ သူ့အကြံပေးချက်တွေ အတွက်တော့ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ အလကားရတဲ့ အကြံပေးချက်တွေ မဟုတ်လား။ ဒါပေမယ့် အကြံပေးတယ်ဆိုပြီးတော့ အတင်းလက်ခံခိုင်းနေ၊ ကျနော်တို့ကို တားဆီးနေတာကတော့ လက်ခံနိုင်ဘွယ်ရာ အလျဉ်းမရှိဘူး။ တမင်သက်သက် ဗိုလ်ကျနေတာဘဲ။

နောက်ခန်းမှာ ထိုင်လိုက်လာတဲ့ မျိုးမြင့်မောင်က ၀င်ပြောတယ်။ စင်္ကာပူမှာ မြန်မာလူမျိုးတွေ အနေနဲ့ ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်နိုင်ငံကို ကိုယ်စားပြုခံစားနိုင်တဲ့ (one piece of land where we have the highest sense of belonging) နေရာက တခုဘဲ ရှိတယ်။ အဲဒါဟာ မြန်မာသံရုံးဘဲတဲ့။ အမှန်ကတော့ သဘောကို ပြောပြတာပါ။ တကယ်ကတော့ မြန်မာသံရုံး ဆို ကြောက်လွန်းလို့။ တခေါက်တခေါက် ပတ်သက်ရတိုင်း အိတ်ထဲက ပိုက်ဆံထွက်လွန် လွန်းလို့ပါ...အရပ်ကတို့ရေ။

နောက်ဆုံးတော့ မစ္စတာဆင်းဟာ ထုံးစံအတိုင်း ကျနော်တို့ရဲ့ ကိုယ်ရေးအချက်အလက် တွေကို တောင်းပါတော့တယ်။ အမှန်တော့ ကျနော်၊ မဒမ်ပေါနဲ့ မျိုးမြင့်မောင်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အရင့်အရင်က နှစ်ကြိမ်မက သူတို့ကို ပေးခဲ့ပြီးသား။ ဒါကို သက်သက်မဲ့ ညစ်တွန်းတွန်းပြီး ထပ်တောင်းနေတာ။ ကျနော်တို့က ဘာဖြစ်လို့ ထပ်ပေးရမှာလဲဆိုပြီး အဲသည်မှာ အချိန်တော်တော်ကြာကြာ အချေအတင်ပြောရသေးတယ်။

ပြီးတော့ ရုတ်တရက်ဆိုသလို ကိုယ်ချင်းစာတရားကြီးမားလေသူ မစ္စတာဆင်းက ဟောဒီ မှတ်သားလောက်ဘွယ်စကားကို မိန့်မြွက်ပါတယ်။

“အလကား အချိန်မဖြုန်းပါနဲ့ကွာ။ မင်းတို့လုပ်တာနဲ့ တက္ကစီသမားမှာလည်း ငွေရှာဘို့အချိန်တွေ အလဟဿ ပြုန်တီးကုန်ပြီ” တဲ့။

သေဟဲ့ နန္ဒိယ။ နားရှိလို့သာ ကြားလိုက်ရတယ်။ ကိုယ့်နားကိုယ်တောင် မယုံနိုင်။ ဘယ့်နှယ့်ဗျာ၊ ကျနော်တို့ စကားပြောနေစဉ်တလျှောက်လုံး တက္ကစီမီတာက စင်္ကာပူက ကုန်ဈေးနှုန်းလိုဘဲ တရိပ်ရိပ် ထိုးတက်နေတာခင်ဗျ။ အခုလို စောင့်ဆိုင်းရတဲ့အတွက် သူရသင့် ရထိုက်တဲ့ အခကြေးငွေကို မီတာတက်သလောက် တက္ကစီသမားမုချရမှာဘဲ။ တကယ်တမ်း အဲဒီငွေကို စိုက်ထုတ်ပေးရမှာကတော့ ကျနော့်အိတ်ကပ်ထဲက။ ကိုယ့်လူ....သနားတာ လူမှားနေပြီ။ နောက်ပြီး ကျနော် ကျိန်ပြောဝံ့တာတခုက အခုလို ကြန့်ကြာနေရတာ ကျနော်တို့ကြောင့်မဟုတ်။ တကယ်ဆို ကျနော်တို့က ခရီးသည်ဘဲ။ ကိုယ်သွားချင်တဲ့နေရာ အမြန်ဆုံးရောက်ချင်တာပေါ့၊ မဟုတ်ဘူးလား။

ကျနော်တို့ ကိုယ်ရေးအချက်အလက်တွေ မပေးရင် လုံးလုံး ပေးဝင်မယ့်ပုံမပေါ်တာနဲ့ နောက်ဆုံးတော့ သူတို့ကို အိုင်စီကဒ်ပြပြီး မြန်မာသံရုံးရှေ့ကို ရောက်ခဲ့ရပါတော့တယ်။ အဲသည်မှာ ကျနော်တို့အရင် ရောက်နေတဲ့ မြန်မာလင်မယားစုံတွဲတတွဲကို သွားတွေ့တယ်။ သူတို့အနေနဲ့တော့ အိုင်စီကဒ် ပြစရာမလိုဘူးတဲ့။ ဘာကြောင့် ဥပဒေကို တပြေးညီတည်း သတ်မှတ်မကျင့်သုံးသလဲတော့ စဉ်းစားစရာဘဲ။ (အေးလေ...ငါတို့ကို ရဲက ပိုချစ်လို့ဘဲ ဖြစ်မှာပါဆိုပြီး စိတ်ဖြေလိုက်ပါတယ်။)

နောက်တော့ ကျနော်တို့လိုဘဲ လာရောက်ဆုတောင်းမယ့် မြန်မာလူမျိုးငါးဆယ်ခန့် လမ်းထိပ်မှာ စတင်စုဝေးလာတာကို တွေ့ရတယ်။ ပထမတော့ ရဲတွေက လူစုခွဲပြန်ကြဘို့ တဦးချင်းလိုက်လံ စည်းရုံးရင်း ဗျာများနေတာကို တွေ့ရတယ်။ သူတို့စကားနဲ့ဆိုရင် ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာသွားဘို့ အကြံပေးတယ်ပေါ့ဗျာ။ အဲဒါကို မြန်မာတွေက မပြန်ဘဲ ပေကပ်ပြီး စုဝေးနေကြတော့ နောက်တဆင့်တက်ပြီး အိုင်စီကဒ်တွေ ထုတ်ပြခိုင်းတဲ့ နည်းကို သုံးတယ်။ တဖြည်းဖြည်းနဲ့ လူအုပ်က ဆက်လက်ကြီးထွားလာပြီး လူတရာလောက် အင်အားရှိလာတဲ့အခါ နောက်ဆုံးမတော့ ရဲက လူတွေကို လေးယောက်တတွဲနဲ့ သံရုံးရှေ့မှာ ဆုတောင်းခွင့်ပေးလိုက်ရတော့တယ်။


တသုတ်ကို ငါးမိနစ်နှုန်းနဲ့ သံရုံးတခါးဝနားမှာ ပန်းတွေချ၊ ဖယောင်းတိုင်တွေထွန်းပြီး ၀မ်းနည်းကြေကွဲစွာ ဆုတောင်းကြတယ်။ အမျှဝေကြတယ်။ ဆုတောင်းကြတဲ့အထဲမှာ နအဖ ကြီး အမြန်ဆုံးပြုတ်ကျပါစေ ဆိုတာလည်း ပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ ရဲနဲ့ အကြိမ်ကြိမ် အထပ်ထပ် ဆွေးနွေးငြင်းခုန်ပြီးမှ ရလာတဲ့ အခွင့်အရေးပါ။

နောက်ဆုံးအချိန်ကျတော့ ရဲက ကျနော်တို့ကို လာပြောပါတယ်။ စောစောက စိတ်အနှောက်အယှက်ဖြစ်စေခဲ့တဲ့အတွက် အာဃာတ မထားဘို့၊ သူတို့တဦးချင်းအနေနဲ့ တောင်းပန်ကြောင်းပြောပါတယ်။ ကျနော်တို့ကလည်း ခွင့်လွှတ်ပါတယ်။ သူတို့ဟာ သူတို့ကို ပေးအပ်လာတဲ့ တာဝန်ကို ထမ်းဆောင်ခြင်းမျှသာဖြစ်ကြောင်း ကျနော်တို့ ကောင်းကောင်း သဘောပေါက်ပါတယ်။ သူတို့လည်း လူသားတွေပီပီ ကြင်နာတတ်တဲ့ နှလုံးသားတွေ ရှိမယ်ဆိုတာ ကျနော်တို့ အသေအချာ ယုံကြည်ပြီးသားပါ။

ဒါပေမယ့် ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ မြန်မာ့အရေးအတွက် အနောက်တိုင်းသူတွေ ပါမစ်မပါဘဲ စုဝေးခဲ့တုန်းက စင်္ကာပူရဲက နှုတ်ဆိတ်နေခဲ့ပါတယ်။ ဥပဒေကို ကျင့်သုံးတဲ့နေ ရာမှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ နိုင်ငံသားမရွေး အားလုံးကို တန်းတူညီမျှ ကျင့်သုံးရမှာဖြစ်ပါတယ်။ တစုတဖွဲ့ကို ရွေးချယ်ပစ်မှတ်ထားပြီး အပြစ်မရှာသင့်ပါဘူး။ နောက်ပြီးတော့ ဥပဒေကို တရားမျှတစွာ မှန်ကန်စွာ လက်တွေ့ကျင့်သုံးတာမျိုးလည်း ဖြစ်သင့်ပါတယ်။

အရေးအကြီးဆုံးအချက်ကတော့ တချို့သော ဥပဒေတွေဟာ တရားမျှတမှုလုံးလုံးမရှိဘဲ၊ လူထုကို ဖိနှိပ်ဖို့သက်သက် အုပ်ချုပ်သူများက ရေးဆွဲထားတဲ့ ဥပဒေတွေ ဖြစ်နေတတ်ပါတယ်။ အဲသည်လို ချုပ်ချယ်တဲ့ ဥပဒေနှင့် တွေ့ကြုံလာရင် မိမိတို့ လူ့ကျင့်ဝတ်ဆိုင်ရာ စံချိန်စံညွှန်း၊ လူ့သိက္ခာကို ဦးစားပေး၊ တန်ဘိုးထားပြီး မတရားတဲ့ ဥပဒေများကို ချိုးဖောက်တန်သင့်ရင် ချိုးဖောက်ရပါမယ်။ ရိုစာပါ့ခ်၊ မာတင်လူသာကင်း၊ မဟတ္တမဂန္ဒီ နဲ့ ဒေါ်အောင်ဆန်းစုကြည်စတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများဟာ မတရားတဲ့ ဥပဒေမှန်သမျှကို သတ္တိရှိရှိနဲ့ ဖီဆန်ခဲ့ကြပါ တယ်။

စင်္ကာပူနိုင်ငံမှာလည်း ယခုထက် ပိုမိုခေတ်မီပွင့်လင်းပြီး နိုင်ငံအတွင်း မှီတင်း နေထိုင်သူတဦးချင်းရဲ့ အသက်ရှင်ပိုင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်တို့ကို ပိုမိုအလေးထားတဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။
Read more

“ကြင်နာခြင်းတ၀က်၊ ရယ်မောခြင်းတ၀က်”

ဗန်းမော်ဆရာတော်ငယ်စဉ်က သူငယ်ချင်းများနှင့် ညောင်ပင်ရိပ်တွင် ကလေးတို့ ဘာသာဘာဝ ကစားနေစဉ် ရွာထဲမှ မမင်းစိန် ဆိုသည့် အပျိုကြီးသည် အနီးအပါးက ဖြတ်သွားရင်း အသံထွက် လေလည်သွားသည် ဟူ၏။

ဤသည်ကို ဗန်းမော်ဆရာတော်အလောင်းအလျာကလေး ကြားသော် ရုတ်ချည်းပင် ကဗျာတပုဒ် လက်တန်းစပ်ကာ အောက်ပါအတိုင်း ကောက်ခါငင်ကာ ရွတ်ဆိုလိုက်သည်တဲ့။

ရွှေညောင်ပင် သာတဲ့ကုန်း
စုရုံးလို့ နေကြရှာ
မမင်းစိန် အပျိုကြီးရယ်က
အီးညှစ်လို့ပါ…။

ဤသည်ကို မမင်းစိန်၏ မောင်ဖြစ်သူ အတူကစားဖော်ကစားဖက် ငစွန် က ကြားလေသော် မခံမရပ်နိုင်သည့်အတွက် ထ၍ ပျစ်ပျစ်နှစ်နှစ် ဆဲဆိုလေသည်။ ထိုအခါ ဗန်းမော်ဆရာတော် အလောင်းလျာကလည်း ကဗျာအအုပ်ပိုဒ်ကိုပါ အောက်ပါအတိုင်း ဆက်လက် စပ်ဆိုလိုက်သည်…….တဲ့။

“မလိမ္မာ ဗာလာနမိုက်ခဲ
သူ့အစ်မ စအိုတွန်လို့
ငစွန်မျက်မာန်ရှတယ်
ဒေါသနဲ့ဆဲ”….. ဟူသတည်း။

ဘာရယ်မဟုတ်ပါဘူး။ ကျနော့်ဘလော့ဂ်ထဲမှာ လူစည်ကားအောင် အားအားယားယား မနားမနေ အမြှုတ်ထွက်မတတ် လာဆဲပေးနေကြတဲ့ ငစွန်လက်သစ်ကလေးတွေကို မြင်တော့ ကြင်နာသနားစိတ်တ၀က်၊ ရယ်ချင်စိတ်တ၀က်နဲ့ အထက်ပါ ကဗျာလေးကို သတိရမိပြီး ချရေးလိုက်တာပါ။
Read more

“သူ့အမြင် ကိုယ့်အမြင်”

“ပြောပြန်ရင်လည်း မောင်ပေါလွန်ရာကျမယ်...အပိုင်း(၂)” ကို မရေးသားမီ အပိုင်း(၁)မှာ ရေးသားကြတဲ့ ကွန်မင့်တွေထဲက တခုကို တုန့်ပြန်ရေးသားလိုပါတယ်။

ဘလော့ဂါအမည်ရင်းနဲ့ ရေးတဲ့ ညလေးရဲ့ ကွန်မင့်ကို ဦးစားပေးပြန်လိုပါတယ်။ ပထမဦးဆုံး ဒီလို ကွဲလွဲတဲ့အမြင်ကို မိမိဘလော့ဂ်နာမည်ရင်းနဲ့ ပွင့်ပွင့်လင်းလင်း ချရေးတဲ့အတွက် ပွင့်လင်းမှုကို အသိအမှတ်ပြုပါတယ်။ ရေးသားတဲ့အခါ မူလကွန်မင့်ကနေ ထုတ်နှုတ်ချင်း တပိုဒ်ချင်း ပြန်လည်ဖြေကြားသွားမှာ ဖြစ်တဲ့အတွက် ညလေး ရေးတဲ့အပိုင်းကို ကွင်းစကွင်းပိတ်နဲ့ (ညလေး) လို့ ရှေ့မှာရေးပြီး ကျနော်ပြန်ဖြေတဲ့အပိုင်းကို ရှေ့မှာ (ကိုပေါ) လို့ ရေးကာ တုန့်ပြန်ဖြေကြားသွားမှာ ဖြစ်ပါတယ်။

(ညလေး)..... ကျန်နေတဲ့ စစ်ဖိနပ်အောက်က စစ်သေနတ်အောက်က မိမိ မိသားစုရဲ့ ဘေးကင်းရေးအတွက် ကိုယ့်ဝမ်းစာ ကိုယ်အရင်ဖြည့်တတ်ကြတဲ့ လူ့လောကမှာ ကိုပေါက ၀ါးလုံးရှည်နဲ့ သိမ်းယမ်းနေတာကိုးးးး

(ကိုပေါ)..... “စစ်ဖိနပ်အောက်က စစ်သေနတ်အောက်က မိမိ မိသားစုရဲ့ ဘေးကင်းရေးအတွက် ကိုယ့်ဝမ်းစား ကိုယ်အရင်ဖြည့်တတ်ကြတဲ့ လူ့လောက မှာ” လို့ ညလေးကိုယ်တိုင် ရေးသားတဲ့အတွက် လူအများစုဟာ မိမိ မိသားစုအတွက်ပဲအရင် ဖြည့်ဆီးကြတယ်ဆိုတဲ့အချက်ကို ညလေးအနေနဲ့ လက်ခံတယ်လို့ ယူဆပါတယ်။ မိသားစုအတွက် အရင်ဖြည့်ဆီးပြီး ကျန်တဲ့ အနည်းအကျဉ်းကို နိုင်ငံလွတ်မြောက်ရေးအတွက် ထည့်ဝင်သင့်တယ်ဆိုရင်ကော ညလေးလက်ခံနိုင်မလား။ လက်ခံတယ်ဆိုရင် ကျနော်ရေးသားတာကို ၀ါးလုံးရှည်နဲ့ သိမ်းရမ်းတယ် ပြောလို့ ရနိုင်ပါဦးမလား။ ညလေးစကားမှာ ရှေ့နောက်မညီ ဖြစ်နေပါတယ်။ တကယ်ဆိုရင် ကျနော်ပြောချင်တာကလည်း ကိုယ့်မိသားစုအကျိုးကိုပဲ ကွက်ကွက်ကလေးကြည့်ပြီး နိုင်ငံသားတာဝန်ကို မေ့လျော့နေချင်သူများကို ပြောချင်တာပါ။

(ညလေး).... ဒီလိုဆိုရင်ဖြင့် ခု ကိုပေါနေနေတဲ့ တိုင်းပြည်မှာ ကိုပေါကရော အခွန်မပေးဘူးတဲ့လား? မပေးဘဲ နေရဲရဲ့လား?
မပေးဘဲ မရတဲ့အခြေအနေ၊ ပေးလိုက်ရတဲ့ အခွန်က ကိုယ့်လစာနဲ့ ထပ်တူမျှနေကြတဲ့ အခြေအနေ၊ မိသားစုက မပြည့်စုံသေးတဲ့ အခြေအနေ။

(ကိုပေါ) ကျနော်အခွန်မပေးဆောင်ဘူးလို့ မပြောခဲ့သလို လူတွေကို အခွန်မပေးဆောင်ကြပါနဲ့လို့လည်း မတိုက်တွန်းခဲ့ပါဘူး။ ကျနော်ပြောခဲ့တာက မိမိပေးဆောင်နေရတဲ့အခွန်ရဲ့ ထက်ဝက်သို့မဟုတ် သုံးပုံတပုံနဲ့ တူမျှတဲ့ ငွေပမာဏ (ပိုရှင်းအောင်ပြောရရင် အခွန်ငွေ ၁၂၀ ဒေါ်လာပေးရရင် အနည်းဆုံး ၄၀ ဒေါ်လာလောက်) ကို ပြည်တွင်းက ဒီမိုကရေစီအရေးလှုပ်ရှားမှုများ၊နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားမိသားစုများကို ထောက်ပို့လို့ ရနိုင်ကြောင်းကို ရေးခဲ့တာပါ။ နအဖကိုတောင် မကြည်မဖြူပေးနေနိုင်ကြသေးရင် အများအကျိုးအတွက် တိုင်းပြည်လွတ်မြောက်ရေးအတွက် လုပ်နေကြသူတွေကို နအဖကို ပေးရတာရဲ့ သုံးပုံတပုံလောက်တောင် မပေးသင့်ကြဘူးလားဆိုတဲ့ အဓိပ္ပါယ်ပါ။ ကျနော်ရေးသားတဲ့အကြောင်းအရာနဲ့ ညလေးမေးတဲ့ မေးခွန်းနဲ့ စပ်ဆိုင်မှုမရှိပါဘူး။

နောက်တချက်က “မိသားစု မပြည့်မစုံတဲ့အခြေအနေ”ဆိုတဲ့စကား။ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြည်တွင်းမှာ လှုပ်ရှားနေကြတဲ့သူတွေအဖို့ မိမိဘ၀တခုလုံးရော၊ မိသားစုရဲ့ အခြေအနေတွေကိုပါ ပေးဆပ်ပြီး လုပ်နေကြရတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ သူတို့မှာလည်း အခြားသူတွေလို အကြောင်းပြချက်တွေပေးပြီး အေးအေးဆေးဆေး ကိုယ့်စီးပွားရေး ကိုယ် လုပ်နေရင် ရတာပဲဆိုတာကို သတိပြုပါ။

(ညလေး) ဒါ့အပြင် ကိုယ်ဘာလုပ်နေပါတယ် ဆိုပြီး ကိုယ်လုပ်နေတာတွေကို လူတွေသိအောင် ချပြနေရဦးမှာတဲ့လား (နံမည်ကြီးချင်နေလို့ မှတ်ပါမယ်) လှူတယ်ဆိုတာကရော ဘယ်လိုလှူမှ ဘယ်ဌာနကိုလှူမှ ဘယ်နေရာကိုလှူမှလို့ သတ်မှတ်ထားလို့ ရပါသလား။

(ကိုပေါ) လူသိအောင်ချပြစရာမလိုပါဘူး။ အခုလှူနေကြသူအများစုကလဲ ကိုယ်ဘယ်ရွေ့ဘယ်မျှလှူတယ်ဆိုတာ လိုက်လံမကြေညာနေကြပါဘူး။ အဲသည်လူတွေအနေနဲ့ ကိုယ်လုပ်နေတယ်ဆိုရင် ကျနော်ပို့စ်ကို ဖတ်ရတဲ့အချိန်မှာ ကိုယ့်ဘာသာ လိပ်ပြာသန့်နေပါလိမ့်မယ်။ ဘယ်နေရာ ဘယ်ဌာနကို လှူသလဲဆိုတာကတော့ ကိုယ်က ဘာအတွက်ကို ရည်ရွယ်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ တိုင်းပြည်လွတ်လပ်ရေးကို လိုချင်ရင် တိုင်းပြည်လွတ်လပ်ရေးကို လုပ်နေသူတွေကို လှူမှ ရမှာပေါ့။ တီဗီပေါ်မှာ ပါချင်ရင်တော့ ဦးသန်းရွှေတို့ဆီမှာ လှူလည်းရပါတယ်။ နိုင်ငံလွတ်မြောက်ရေးအတွက် တတတ်တအား ထည့်ဝင်လှူဒါန်းနေခဲ့တဲ့လူဆိုရင် ကျနော့်ပို့စ်ကြောင့် ဘာမှ နာလိုခံခက်ဖြစ်စရာအကြောင်းမရှိပါဘူး။ “ကိုယ့်မိသားစုအကျိုးကွက်ကွက်ကလေး”ကို ကြည့်ပြီး တာဝန်ကို မေ့ချင်ယောင်ဆောင်နေသူတွေကို လှုပ်နှိုးဖို့ ကြိုးစားထားတာပါ။

(ညလေး) ကိုယ်ကိုယ်တိုင် ဘာလုပ်နေလဲ သိအောင် လုပ်တာက သူများတွေ ဘာလုပ်နေကြလဲ လိုက် မေးငေါ့နေတာထက်စာရင် ပိုအကျိုးရှိပါလိမ့်မယ်။

(ကိုပေါ) ကျနော်ဘာလုပ်နေသလဲဆိုတာ ကျနော့်ဘာသာ အသိဆုံးပါ။ ကျန်တဲ့လူတွေလည်း သူတို့ဘာလုပ်သလဲဆိုတာ သူတို့ဘာသာသူတို့သိရင် ကျနော့်ပို့စ်ကြောင့် ဘာမှ နာလိုခံခက်မဖြစ်စေပါဘူး။ ဘာမှ မလုပ်တဲ့လူတွေကိုတော့ သိအောင် နာအောင် တကူးတက ရေးလိုက်တာပါ။

(ညလေး) ကိုပေါကရော သန်းရွှေကို “သေနာကြီး၊ စောက်ပေါ/ရူးကြီး၊ အာဏာရူးကြီး” ဆိုတဲ့ နည်းမျိုးစုံနဲ့ ဆဲဖူးရဲ့လား။

(ကိုပေါ) နအဖ၊ ဦးသန်းရွှေတို့နဲ့ ပတ်သက်ပြီး ဝေဖန်စာ၊ သရော်စာတွေကို ကျနော့်ဘလော့ဂ်မှာရော ဘားမားတူဒေး စာမျက်နှာမှာပါ ကျနော် ပို့စ်အများအပြားရေးဖူးပါတယ်။

(ညလေး) သူများတွေ လူစုပြီး အော်တာကို ချီးကျူးနေတာကရော နိုင်ငံရေးလုပ်တာလား၊ ဘလော့ဂ်မှာ အဲ့လိုပို့စ်တွေ တင်မှ နိုင်ငံရေးလုပ်တယ်လို့ သတ်မှတ်တာလား။ (ရှင်းပြပါ)

(ကိုပေါ) မြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ်ရှားနေသူတိုင်းကို ထောက်ခံတာဟာ၊ ပံ့ပိုးတာဟာ သူတို့လုပ်ရပ်ကို အသိအမှတ်ပြုကြောင်းပြဆိုသလို၊ ကိုယ့်ရဲ့ ရပ်တည်ချက်ကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြတာပါ။ မလွတ်လပ်တဲ့ နိုင်ငံတခုမှာ နိုင်ငံသားတယောက်အနေနဲ့ နိုင်ငံလွတ်မြောက်ရေးအတွက် လူတွေရဲ့ နိုင်ငံရေးအသိစိတ်မြင့်တက်လာအောင် လှုံ့ဆော်တယ်၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်တယ်၊ နိုင်ငံရေးလှုပ်ရှားသူများကို ထောက်ကူတယ်ဆိုရင် နိုင်ငံသားတာဝန်ကို ကျေပွန်အောင်လုပ်တယ်လို့ အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။ သို့သော် အချိန်ပြည့်နိုင်ငံရေးလုပ်တာမဟုတ်တဲ့အတွက် နိုင်ငံရေးသမားလို့ သတ်မှတ်ရန်မသင့်ပါ။

နောက်တချက် စွဲမှတ်သင့်တာက အာဏာရှင်စနစ်မှာ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ နှစ်မျိုးနှစ်စားသာ ရှိပါတယ်။ ကြားနေလူတန်းစားမရှိပါ။ သာမန်ပြည်သူလို့ကိုယ့်ဘာသာ ကင်ပွန်းတပ်လိုက်ရုံနဲ့ နိုင်ငံသားတယောက်ရဲ့ တာဝန်ဝတ္တရားတွေကနေ လုံးလုံးကင်းလွတ်မသွားပါဘူး။ အာဏာရှင်စနစ်လက်အောက်က လွတ်မြောက်အောင် ကြိုးပမ်းရန်မှာ လူတိုင်းလူတိုင်းမှာ တန်းတူရည်တူ တာဝန်ရှိကြပါတယ်။

(ညလေး) အစကတော့ ကိုပေါကို နိုင်ငံရေးသမားလို့ သတ်မှတ်ထားပါတယ်။
ခုတော့ ကြွက်မနိုင်တိုင်း ကျည်မီးနဲ့ရှို့တဲ့လူလို့ သတ်မှတ်ပါတယ်။

(ကိုပေါ) ဒါကတော့ ညလေးရဲ့ ကိုယ်ပိုင်အမြင်မို့ ကြိုက်သလို ယူဆခွင့်ရှိပါတယ်။ ကျနော်ကတော့ ကျနော့်ကိုယ်ကျနော် နိုင်ငံရေးသမားလို့ ဘယ်တုန်းကမှ မယူဆခဲ့ပါဘူး။ အင်ဂျင်နီယာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းရင် တဖက်တလမ်းက နိုင်ငံသားတယောက်ရဲ့ တာဝန်ကို ကျေပွန်ဖို့ ကြိုးစားနေသူတယောက်လို့ ယူဆပါတယ်။ စကားစပ်မိလို့ပြောရရင် လွတ်လပ်တဲ့တိုင်းပြည်တွေက နိုင်ငံရေးသမားတွေလို နိုင်ငံရေးလုပ်ပြီး အသက်မွေးဝမ်းကြောင်းနိုင်တဲ့ နိုင်ငံရေးသမားဆိုတာ (နအဖနဲ့ သူ့လူတွေက လွဲလို့) မြန်မာပြည်မှာ မရှိပါ။ တိုင်းပြည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြသူတွေကို နိုင်ငံရေးသမားလို့ ခေါ်ဆိုတာထက် တော်လှန်ရေးသမားတွေလို့ ခေါ်ဆိုတာက ပိုမှန်ကန်မယ်လို့ ထင်ပါတယ်။ သူတို့မှာ နိုင်ငံရေးလုပ်တဲ့အတွက် တပြားတချပ်မှ မရတဲ့အပြင် ရှိပြီးသား မိဘလက်ငုတ်လက်ရင်း စီးပွားရေးကိုတောင် ကန့်သတ်ပိတ်ပင်ခံနေကြရရှာပါတယ်။

ကြွက်မနိုင် ကျည်မီးနဲ့ ရှို့တာနဲ့ ပတ်သက်လို့ကတော့ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့နေရာမှာ တဦးကောင်းတယောက်ကောင်းနဲ့ မရဘူး။ အများအားနဲ့မှရမယ်။ အဲသည်အချိန်မှာ အများဟာ တာဝန်ကို မေ့လျော့နေတယ်ဆိုရင် သိသာအောင် အမှန်အတိုင်း ထောက်ပြရမှာ လူတိုင်းရဲ့ တာဝန်ပဲ။ အမှန်အတိုင်းလို့ ဘာကြောင့်ပြောရသလဲဆိုရင် ညလေးကိုယ်တိုင်လည်း “ကိုယ့်မိသားစုအဆင်ပြေရေးအတွက် ကိုယ့်ဝမ်းစာကိုယ်အရင်ဖြည့်တတ်တဲ့လောကကြီးမှာ” ရေးခဲ့တော့ ညလေးကိုယ်တိုင်လည်း အမှန်တရားဘာလဲဆိုတာကို သိတယ်။ လူတိုင်းလည်းသိကြတယ်။ ဒါပေမယ့် အမှန်အတိုင်း ထောက်ပြတာကို မနှစ်သက်ကြဘူး။ ဘာကြောင့်လဲ။ ကျနော့်ရဲ့ ရှေ့က ပို့စ်တခုဖြစ်တဲ့ “ရထားပေါ်မှာ၊ ကျူတန်းထဲမှ၊ လောကကြီးမှာ...” ပို့စ်ကို သွားဖတ်ကြည့်ပါ။ ဘာကြောင့်လဲဆိုတာ သိလာပါလိမ့်မယ်။

(ညလေး) လူတိုင်းက စစ်ဖိနပ်အောက်က လွတ်ချင်ကြတဲ့ သူ ချည်းပါပဲ၊ မနိုင်တဲ့ အခါမှာ လက်လျော့ပြီး ကြည့်နေရတာလဲ နှစ်ပေါင်းမနည်းတော့ဘူး မဟုတ်လား။ ဟိုးအရင်တည်းက ရအောင် လုပ်နိုင်မယ်ဆိုရင်ဖြင့် စစ်သေနတ်တွေအောက်မှာ လူပေါင်းမြောက်မြားစွာ စတေးခဲ့ရမှာ မဟုတ်ပါဘူး။

(ကိုပေါ) လူတိုင်းဟာ စစ်ဖိနပ်အောက် လွတ်ချင်ကြတဲ့သူချည်းပါပဲ...ဆိုတာက (အားလုံးသဘောတူတဲ့) တကဏ္ဍ။ ဒါပေမယ့် လွတ်မြောက်အောင် လူတိုင်းက ကျိုးပမ်းနေကြသလားဆိုတာက နောက်ထပ် တကဏ္ဍ။ ညလေးကိုယ်တိုင်လည်း ၀န်ခံထားသလို လွတ်မြောက်ဘို့အတိုင်း လူတိုင်းလုပ်မနေကြဘူး။ တော်တော်များများက လက်လျှော့ပြီး ထိုင်ကြည့်နေကြတယ်။

တချို့ကတော့ လုပ်သင့်လုပ်ထိုက်တာကို မသိလို့ မလုပ်ကြတာ။ တချို့သိလျက်နဲ့ မလုပ်ကြဘူး။ ပညာတတ်လူတန်းစားဟာ သိလျက်နဲ့ မလုပ်ကြသူ လူအမျိုးအစားမှာပါတယ်။ ဒါကြောင့် ဒီလူတွေကို အဓိကကျနော်ရည်ရွယ်ရေးတယ်။ မသိသေးတဲ့လူတွေရှိရင်လည်း သိစေတော့ပေါ့။ အရင်ကလူတွေ မလုပ်ခဲ့ကြလို့ဆိုပြီး ကိုယ်က ဘာမှမလုပ်ဘဲ ထိုင်အော်နေရင် အဓိပ္ပါယ်မရှိဘူးလေ။ အခုပစ္စုပ္ပာန်မှာ လုပ်ရမှာက ကျနော်တို့ တာဝန်ပဲ။

(ညလေး) လူတိုင်းကို ဘာမှ လုပ်မနေဘူးလို့ သိမ်းမပြောပါနဲ့..

(ကိုပေါ) လူတိုင်းကို ကျနော် မပြောပါဘူး။ (ညလေးကပဲ ပြောခဲ့တာပါ)။ ဘာကြောင့်လဲဆိုတော့ လုပ်နေတဲ့လူတွေလည်း ရှိတယ်ဆိုတာ ကျနော်ကောင်းကောင်းကြီးသိလို့ပါ။ ကျနော်ပြောတာက လုပ်သင့်ကြောင်းသိလျက်နဲ့ မလုပ်တဲ့လူတွေကို ပြောတာပါ။ လုပ်တဲ့လူတွေအနေနဲ့ လိပ်ပြာသန့်နိုင်ပါတယ်။

(ညလေး) NLD ဆိုတာ ဘာလဲလို့ ဒီတိုင်းပြည်ရောက်မှ သိပါတယ်၊ ဘယ်အရေးအခင်း နှစ်ပတ်လည် ဆိုပြီး အငြိမ့်ပွဲတွေလုပ်ပြီးရင် အဲ့ဒီကရတဲ့ ငွေတွေနဲ့ သူတို့ချည်းပဲ ထိုင်စားနေကြတာပါ၊ ဘယ်ကိုဖြင့် ဘယ်လောက်လှူလိုက်တယ်လို့ တစ်ခါမှ မကြားရပါဘူး၊ အဲ့ဒီ NLD အိမ်ကိုရောက်ဖူးပါတယ်၊ နေနေတဲ့ လူတွေက အလုပ်လက်မဲ့တွေ များပါတယ်။ တကယ် တက်ကြွစွာနဲ့ လှူလိုက်တဲ့ ငွေတွေကို လှူတဲ့ နေရာထိ တိကျစွာ ရောက်ပါတယ်လို့ အာမခံပြီး ဓါတ်ပုံတွေ အလှူစာရင်းတွေနဲ့ တင်မယ်ဆိုရင် အဲ့ဒီ ဌာနတွေကို လှူမယ့် သူချည်းပါပဲ။ ဒီလို မဟုတ်ပဲ ကြားထဲကလူတွေ ကောင်းစားနေတာကရော?

(ကိုပေါ) ပြည်တွင်းမှာ နိုင်ငံရေးလုပ်နေကြတဲ့လူတွေဟာ ထောင်နှုတ်ခမ်းမှာ နင်းပြီး လမ်းလျှောက်နေကြရတဲ့သူတွေပါ။ ညလေးလှူမယ့် ငါးဆယ်တရာအတွက် ဘယ်သူဘယ်ဝါကို လှူတယ်ဆိုတာ ဓါတ်ပုံတွေ အလှူစာရင်းတွေနဲ့ တင်ပေးရမယ်ဆိုရင် အဲသည်လူတွေကို ထောင်ထဲပို့တာနဲ့အတူတူပါဘဲ။ ကိုယ်ဘယ်သူဘယ်ဝါဆီကို ငွေပို့တယ်ဆိုတာ အာချောင်မိရင် အထဲမှာ တသီတတန်းကြီး ဆွဲအစေ့ခံရတတ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ရေးကြတဲ့အခါ ပြည်တွင်းအင်အားစုတွေလို့ပဲ အကြမ်းဖျင်းရေးနိုင်ပါတယ်။ နိုင်ငံခြားမှာ လုပ်နေသူတွေကို မယုံကြည်ရင် ကိုယ့်ပြည်တွင်းက ယုံကြည်စိတ်ချရသူ အသိမိတ်ဆွေအဆက်အသွယ်နဲ့ ချဉ်းကပ်သင့်ပါတယ်။ ဒါတောင်မှ အဲသည်လူဟာ မျက်နှာစိမ်းဆိုရင် ပြည်တွင်းအင်အားစုတွေက အလှူငွေကို ဘုမသိဘမသိ လက်ခံမှာ မဟုတ်ပါဘူး။ နအဖလူလည်း ဖြစ်နေနိုင်တာကိုး။

စင်္ကာပူမှာ သီးလေးသီးကလို့ ရတဲ့ ရံပုံငွေတွေရဲ့ ၆၀ ရာခိုင်နှုန်းနဲ့ ဆုကြေးငွေအားလုံးကို သီးလေးသီးအဖွဲ့သားတွေကို ပေးအပ်ပြီး ၄၀ ရာခိုင်နှုန်းကို ပြည်တွင်းကိုပဲ ပို့ပါတယ်။ ဒီက ဗောလံတီယာတွေကတော့ ကိုယ်စားရိတ်ကိုယ်စား၊ ကိုယ့်လုပ်အားကိုယ်လှူပါပဲ။ သေချာတာကတော့ အပြင်က ငွေလှူတဲ့လူတွေကို ဘယ်နေရာ ဘယ်ဌာနလှူသလဲဆိုတာ အင်တာနက်ပေါ်က အတိအကျ ထုတ်ဖော်လို့မရပါဘူး။ ဒါပေမယ့် ငွေကြေးကိစ္စဆိုတာမျိုးဟာ အရှုပ်အရှင်းပေါ်တတ်တာမို့ ပြဿနာမဖြစ်ရအောင် စင်္ကာပူကလူတွေကတော့ ငွေပို့တဲ့ ချလံတွေ၊ လက်ခံဖြတ်ပိုင်းတွေကို သိမ်းဆီးထားတတ်ပါတယ်။

ဒါကတော့ ညလေးရဲ့ ကော်မန့်ကို ကျနော် တတ်နိုင်သမျှ ပြန်ဖြေကြားလိုက်တာပါ။ ကျန်တဲ့သူတွေအတွက်တော့ ကိုမျိုးမြင့်မောင် ဖြေကြားသွားတာဟာ တော်တော်ပြည့်စုံကောင်းမွန်တဲ့အတွက် သူ့ကွန်မင့်ကိုပဲ အောက်မှာ ပြန်တင်ပေးလိုက်ပါတယ်။

မျိုးမြင့်မောင် said...
အားပါးပါး... ဒီတခေါက် comments တွေကတော့ အားရသဗျာ။ ပျောက်နေတာ ကြာပြီဖြစ်တဲ့ သူတွေတောင် ပြန်ပေါ်လာတယ်။ ဘယ်ကတည်းက ချောင်းနေကြသလဲတော့ မသိဘူး။
စောစောမဖတ်မိလို့ အခုမှရေးရင် comments အားလုံးကိုဆွေးနွေးဖို့လိုမယ် ဆိုပေမယ့် အဓိကနေနဲ့ မခင်ခင် နဲ့ မညလေး တို့ရဲ့ comments တွေကိုပဲဆွေးနွေးပါတော့မယ်။ သူ့တို့နောက်မှ ရေးတာတွေကတော့ ကျနော်တွေ့မိတဲ့ အများစုက ဆဲထားတာတွေမို့လို့ ပြန်ပြောလည်း ထူးမှာမဟုတ်ဘူးလေ။ တကယ်လို့ နောက်ပိုင်းရေးထားတာတွေထဲမှာ သေချာဆွေးနွေးသင့်တာတွေရှိရင် တဆိတ်လောက် လမ်းညွန်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
မခင်ခင် နဲ့ မညလေးတို့ ပြောထားတာတွေကို မဆွေးနွေးခင်မှာ ကိုပေါရေးထားတာတွေကို အရင်သုံးသပ်ချင်ပါတယ်။ ကိုပေါရဲ့ post မှာ အဓိကအချက်သုံးချက်ကို ပြောထားတာ တွေ့ပါတယ်။ ဒါတွေကို တစ်ချက်ချင်း သုံးသပ်သွားချင်ပါတယ်။
ပထမအချက်ကို အပေါ်ဆုံးနှစ်ပိုဒ်နဲ့ အောက်ဆုံးနှစ်ပိုဒ်မှာ ရေးထားပါတယ်။ အတိုချုပ်ပြောရရင်တော့ အခုတလော blogs တွေမှာ တချို့သော ပြည်ပထွက်ပြီး အလုပ်လုပ်နေသူတွေက နောင်တစ်ချိန် မြန်မာပြည်ကြီး လွတ်လပ်သွားရင် ချက်ချင်းပြန်ပြီး တိုင်းကျိုးပြည်ကျိုးပြုမယ်လို့ ရေးထားတာတွေဟာ ဖတ်ရတာ မြန်မာ့အသံက ပေါ်လစီဇာတ်လမ်းတွေလို စိတ်ဘ၀င်မကျစေဘူးလို့ ရေးထားတယ်။ အပေါ်ဆုံးနှစ်ပိုဒ်တည်းကိုပဲ သီးသန့်ဖတ်မယ်ဆိုရင်တော့ blog မှန်သမျှရဲ့ အရေးအသားနဲ့ ပြည်ပမှာအလုပ်လုပ်နေတဲ့ မြန်မာပညာတတ်တွေကို ဝေဖန်ထားသယောင်ရှိပေမယ့် ဆိုလိုရင်း အပြည့်အစုံက blog တိုင်းနဲ့ ပြည်ပက မြန်မာပညာတတ်မှန်သမျှကို ပြောထားတာ မဟုတ်ပါဘူးဆိုတာ အောက်ဆုံးနှစ်ပိုဒ်နဲ့ ဆက်စပ်ဖတ်တဲ့အခါ သဘောပေါက်နိုင်ပါတယ်။ နောက်ပြောမယ့် နှစ်ချက်ကိုပါ ဖတ်ပြီးတဲ့အခါ ပိုရှင်းသွားမှာပါ။
ဒုတိယအချက်ကို အပိုဒ်သုံးကနေ အပိုဒ်ရှစ်အထိ ပြောထားပါတယ်။ အတိုချုပ်ကတော့ သူအပါအ၀င် ပြည်ပမှာအလုပ်လုပ်နေကြတဲ့ မြန်မာပညာတတ်တွေအပေါ်မှာ မြန်မာပြည်ရဲ့ ကျေးဇူးရှိတယ်။ ဒါကြောင့် မြန်မာပြည်လွတ်မြောက်ရေးအတွက် တတပ်တအားမပါဝင်ပဲ လစ်လျူရှုထားတဲ့ မြန်မာပညာတတ်များဟာ တိုင်းပြည်ကျေးဇူးမသိတတ်ရာကျတယ်။ နောင်အနှစ်နှစ်ဆယ်မှာ မြန်မာပြည်ပြန်ပြီး ဘယ်လိုဘယ်ပုံ တိုင်းပြည်အကျိုးသယ်ပိုးမယ်လို့ ပြောတာဟာ မဖြစ်သင့်ဘူး။ နောင်မှမဟုတ်၊ အခုလက်ငင်းမှာတင် တိုင်းပြည်က ပညာတတ်တွေရဲ့အားကို လိုနေတယ်။ အခုချက်ချင်း ပြည်တွင်းပြန်ပြီး နိုင်ငံရေးလုပ်ရမယ်လို့ မဆိုလိုပါဘူး။ ပြည်ပမှာနေပြီး တိုင်းပြည်လွတ်မြောက်ရေးအတွက် အကျိုးပြုလို့ရတယ်။ ဥပမာ တစ်နည်းကတော့ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေကို ငွေကြေးထောက်ပံ့တာဖြစ်တယ် စသည်ဖြင့် ရေးထားပါတယ်။
ဒုတိယအချက်ကို တင်ပြထားရာမှာ အပိုဒ်ရေများပြီး ရှည်လျားတဲ့အတွက် ဖတ်ရင်း ကောက်နုတ်ချက်လွဲသွားနိုင်တယ်။ ဒါကြောင့် အောက်ပါအချက်တွေကို ရှင်းစေချင်တယ်။
၁။ ပြည်ပက မြန်မာပညာတတ်တိုင်းကို မဝေဖန်ထားပါဘူး။ ဘ၀ခြေနေ အဆင်ပြေပေမဲ့လည်း မြန်မာပြည်လွတ်မြောက်ရေးကို တတပ်တအားမပါဝင်ပဲ လစ်လျူရှုထားတဲ့ မြန်မာပညာတတ်တွေကို ဝေဖန်ထားတာဖြစ်ပါတယ်။
၂။ အဲဒီလို လစ်လျူရှုထားသူတွေက နောင်အနှစ်နှစ်ဆယ်ကျရင် တိုင်းပြည်ပြန်ပြီး ဘယ်လိုအကျိုးသယ်ပိုးမယ်လို့ ရေးတာဟာ ယုတ္တိမရှိပါဘူး။ အခုမလုပ်ချင်လို့ အနှစ်နှစ်ဆယ် ဈေးဆစ်နေသလိုပဲ။ တကယ်တော့ တိုင်းပြည်အရေးက အခုကိုပါဝင်ဖို့ လိုနေတယ်လို့ပြောထားတယ်။
၃။ ပြည်တွင်းကို ချက်ချင်း မဖြစ်မနေပြန်လုပ်ဖို့ လုံးဝပြောမထားပါဘူး။ ပြည်ပမှာလည်း မြန်မာ့အရေးအတွက် ပါဝင်သယ်ပိုးလို့ရကြောင်းကိုသာ ပြောထားပါတယ်။

June 8, 2009 5:36 AM
မျိုးမြင့်မောင် said...
တတိယအချက်ကတော့ bloggers တော်တော်များများ မျက်မာန်တော်ရှမယ့် အချက်ပါပဲ။ အပိုဒ်ကိုးမှာ ဒီအချက်ကို တင်ပြထားပါတယ်။ ကလောင်စွမ်းထက်တဲ့ bloggers တွေက နိုင်ငံရေးအတွက် ကလောင်စွမ်းနဲ့ ကူလို့ရပါလျက် ဒေါ်မေငြိမ်းကလွဲလို့ ကျန်တဲ့နိုင်ငံရေး အသိုင်းအ၀ိုင်းကမဟုတ်တဲ့ bloggers တွေက မကူပဲ ရူးချင်ယောင်ဆောင်ကြတယ်။ တချို့ဆို ကဖျက်ယဖျက်လုပ်ချင်ကြတယ်လို့ ဆိုပါတယ်။
ကိုပေါပြောသလို ဟုတ်မဟုတ်ဆိုတာကို ကျနော်လည်း blogs တွေအများကြီးကို ပုံမှန်မဖတ်ဘူးလို့ မသိပါဘူး။ ဒီနေရာမှာ ပြောချင်တာကတော့ ဒီတစ်ပိုဒ်တည်းကိုကြည့်ရင် blogger မှန်သမျှ နိုင်ငံရေးအကြောင်းရေးရမယ်လို့ အသားလွတ် ဆိုထားသယောင်ပါပဲ။ ဒါပေမယ့် ရှေ့ကရေးထားတဲ့ အပိုဒ်တွေကို ဖတ်လာတဲ့အခါမှာ မြန်မာပြည်သူပြည်သားအားလုံး တိုင်းပြည်လွတ်မြောက်ဖို့ တနည်းတဖုံ တတ်နိုင်တဲ့အပိုင်းက လုပ်သင့်တယ်လို့ ပြောလိုတဲ့ သဘောထားရှိတာကို တွေ့ရမှာပါ။ အဲဒီ သဘောထားအပေါ်အခြေခံပြီးတော့ bloggers တွေဟာ သူတို့တတ်တဲ့ ကလောင်စွမ်းနဲ့ ကူလုပ်သင့်တယ်လို့ ဆိုထားတာပါ။
တတိယအချက်မှာ လက်ရှိအခြေအနေကို အားမရလို့ ပြောထားပုံက ကြမ်းပါတယ်။ မလုပ်သူတွေအားလုံးကို ရူးချင်ယောင်ဆောင်တယ်လို့ ပြောတာတော့ လွန်သွားတယ်လို့ ထင်ပါတယ်။ လုပ်ရကောင်းမှန်း တကယ်အဟုတ် သဘောမပေါက်သူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် blogger တစ်ယောက်ဖြစ်တဲ့အထိ (ဒီနေရာမှာ ကျနော့်လို ဘာမှမရေးပဲ blog ဖွင့်ထားတဲ့သူ၊ ကိုယ်တိုင် ဘာမှသေချာမရေးတဲ့သူ နဲ့ blog ရေးလေးရှိတဲ့ ကလေးတွေကို မဆိုလိုပါဘူး။) ရင့်ကျက်မှုရှိတဲ့ မြန်မာပြည်သားတစ်ဦးဟာ ကိုယ့်တိုင်းပြည်ကိုချစ်မယ်ဆိုရင် လက်ရှိအခြေအနေမှာ ကိုယ်တတ်တဲ့ ကလောင်စွမ်းနဲ့ တိုင်းပြည်လွတ်မြောက်ဖို့ ကူလုပ်သင့်ကြောင်းကို အခုထိ သဘောမပေါက်နိုင်ဘူးဆိုရင် သဘောပေါက်ပါတော့လို့ ကျနော်တိုက်တွန်းလိုပါတယ်။ ရိုးရိုးတိုက်တွန်းတာပါ။ ခါတိုင်းလို ရွဲ့တယ်လို့ မထင်ပါနဲ့ဗျာ။

June 8, 2009 5:36 AM
မျိုးမြင့်မောင် said...
အခု မခင်ခင်ကနေ ကိုပေါရဲ့ post နဲ့ ပတ်သတ်ပြီး ဆွေးနွေးထားတာတွေကို စာဖတ်သူတစ်ယောက်အနေနဲ့ ကျနော် ဆွေးနွေးချင်ပါတယ်။

ကိုပေါကိုယ်စားဆွေးနွေးတယ်လို့ မယူဆစေလိုပါဘူး။
ပထမဆုံး ဆွေးနွေးလိုတာကတော့ မခင်ခင် ပထမဆုံး ပြောသွားတဲ့ အောက်ပါအချက်ပါ။

“ပထမဆုံးပြောချင်တာကတော့ ဘလော့တွေဟာ ဖတ်ပျော်အဆင့်တောင် မရှိဘူးဆိုတဲ့ အချက်ပါ။”

ကျနော်မြင်မိတာကတော့ ကိုပေါက blogs တွေအားလုံးကို ဖတ်ပျော်အဆင့်တောင်မရှိဘူးလို့ မရှုံ့ချထားပါဘူး။ အခုတော့ ဘာမှမလုပ်ပဲ နောင်အခါ မြန်မာပြည်လွတ်လပ်သွားတော့ ဘာတော့ပြန်လုပ်မယ်ဆိုတဲ့ တစ်ချို့သော မြန်မာပညာတတ်တွေရဲ့ blogs တွေပေါ်က ရေးသားချက်တွေကိုသာ ရှုံ့ချထားတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အပေါ်မှာ ကျနော် ကိုပေါ်ရဲ့ post အကြောင်းရေးထားတဲ့ထဲက ပထမသုံးသပ်ချက်ကို တွဲဖတ်ကြည့်ပါ။

မခင်ခင်ပြောထားတဲ့ ဒုတိယအချက်ကတော့ အောက်ပါအချက်ပါ။

“…ကိုယ့်မိသားစုကို ထောက်ပံ့တာဟာလဲ တနည်းအားဖြင့် ကိုယ့်တိုင်းပြည်ကို ထောက်ပံ့နေတာနဲ့ တူတူပါပဲ။”

အမရဲ့အဆိုဟာ တနည်းအားဖြင့်မှန်ပေမယ့် ဒီနည်းနဲ့တိုင်းပြည်ကို ထောက်ပံ့တာဟာ တိုင်းပြည်ရေးနဲ့စာရင် အရမ်းကျဉ်းမြောင်းနေပါတယ်။ ကိုယ့်မိသားစုကို ထောက်ပံ့တာဟာ ကောင်းတဲ့အလုပ်ဖြစ်ကြောင်း ကိုပေါလည်း လက်ခံမယ်လို့ ယုံသလို ကျနော်ကိုယ်တိုင်လည်း လက်ခံပါတယ်။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ကိုထောက်ပံ့ခြင်းဆိုတဲ့ အခြေနေတရပ်မှာတော့ မလုံလောက်သေးပါဘူး။ တိုင်းပြည်ကိုထောက်ပံ့တာမှာ ကိုပေါအဓိကတိုက်တွန်းချင်တာက မိသားစုရေး၊ လူမှုရေး၊ ဘာသာရေး ထောက်ပံ့မှုတွေထက် တိုင်းပြည်လွတ်မြောက်ဖို့ နိုင်ငံရေးအရ ထောက်ပံ့တာဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ဖို့လည်း တကယ်ကိုလိုအပ်လို့ပါ။ ဒီနေရာမှာ မတတ်နိုင်သူတွေကို ဇွတ်မထောက်ပံ့ခိုင်းပါဘူး။ တတ်နိုင်လောက်အောင် ချောင်လည်ကြတဲ့ ပြည်ပက မြန်မာပညာတတ်တွေကို ထောက်ပံ့စေချင်တာ ဖြစ်ပါတယ်။

အမပြောတဲ့ တတိယအချက်ကတော့ အောက်ပါအချက်ပါ။

“အများစုက နိုင်ငံခြားမှာ ပျော်လို့နေနေကြတာ မဟုတ်ပါဘူး။ မဖြစ်လို့သာ နေကြသူချည်းပါပဲ။ ဒါကြောင့် ကိုယ်အဆင်ပြေရင်ပဲ ဖြစ်ဖြစ် ကိုယ့်တိုင်းပြည် အခြေအနေကောင်းရင်ပဲ ဖြစ်ဖြစ် ပြန်မယ်လို့ ရည်ရွယ်တာဟာ ကိုယ့်တိုင်းပြည်ကို မမေ့ရာရောက်တဲ့အတွက် ဒါဟာ ကောင်းသောာ အချက်ပါပဲ။”

လွတ်လပ်ရင် ကိုယ့်တိုင်းပြည်ပြန်တာကို မရှုံ့ချပါဘူး။ ကိုပေါဆိုလိုတာက မလွတ်လပ်ခင် တိုင်းပြည်လွတ်လပ်ဖို့လည်း တနည်းတဖုံကူသင့်တယ်လို့ ပြောတာပါ။ အဲဒါမျိုးလုပ်ဖို့တော့ လစ်လျူရှုထားပြီး နောင်ဆယ်နှစ် အနှစ်နှစ်ဆယ်မှာ တိုင်းပြည်လွတ်လပ်မှ ဘာပြန်လုပ်မယ်လို့ အသံကောင်းဟစ်နေတာဟာ လူလည်ကျလွန်းရာ ရောက်ပါတယ်။ ကျနော်တော့ မြန်မာတွေကို အဲသလောက်တော့ မလည်စေချင်ဘူးဗျာ။ ကိုပေါလည်း ဒီလိုမြင်ပြီး ရေးတာလို့ ထင်ပါတယ်။

June 8, 2009 5:41 AM
မျိုးမြင့်မောင် said...
နောက်ထပ်အမပြောထားတာတွေက ဦးနှောက်ယိုစီးမှုနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာလည်း ပညာတတ်တွေအတွက် အခြေအနေမပေးရင် ဒီလိုပြဿနာရှိကြောင်းနဲ့ အမဦးလေးလို ပြည်ပထွက်ပြီး အလုပ်လုပ်တာဟာ ကိုယ်တတ်တဲ့ ပညာကို အကျိုးရှိစွာသုံးတာဖြစ်တယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီနှစ်ချက်လုံးကို ကိုပေါငြင်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုပေါရဲ့ post မှာ ရေးထားတဲ့ တိုင်းပြည်က ပညာတတ်တွေကို နောင်အနှစ်နှစ်ဆယ်မှ မဟုတ်ဘူး၊ အခုလည်း လိုအပ်တယ်လို့ ပြောတာဟာ ပြည်ပက ပညာတတ်တွေကို ပြည်တွင်းပြန်ပြီး အလုပ်လုပ်ဖို့ တိုင်းပြည်က အခုကိုလိုအပ်တယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး သူက ပြန်ရမယ်လို့ ပြောတာမဟုတ်ဘူးလို့ ရေးထားပါတယ်။ ပြင်ပက မြန်မာပညာတတ်တွေရဲ့ တိုင်းပြည်အကျိုးသယ်ပိုးမှုကို အခုလက်ငင်းမှာ လိုအပ်နေတယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် ပြည်ပကနေပြီး တိုင်းပြည်လွတ်လပ်ဖို့ ငွေအားနဲ့ ထောက်ပံ့သယ်ပိုးနိုင်တယ်လို့ ပြောပြထားပါတယ်။

အမပြောသွားတဲ့ နောက်ဆုံးအချက်တွေကတော့ အောက်ကစာပိုဒ်ပါ အချက်တွေပါ။

“ကျောင်းသားတယောက်ဟာ သူ့ကျောင်းစာကို သေချာ ကျက်နေတယ်ဆိုရင်၊ အလုပ်သမားတယောက်ဟာ သူ့အလုပ်တာဝန် မလစ်ဟင်းအောင် လုပ်နေတယ်ဆိုရင် လောလောဆယ် သူတို့တာဝန် ကျေပါတယ်။ သူတို့ စာကျက်ရခြင်း အလုပ်လုပ်ရခြင်းဟာ တချိန်မှာ တိုင်းပြည်အတွက်ဆိုတဲ့ ရည်ရွယ်ချက်ကလေး ရင်ထဲမှာ ခိုအောင်းနေတာကိုပဲ မုဒိတာပွားသင့်တယ် မဟုတ်လား။”

တိုင်းပြည်အပေါ်ထားတဲ့ စေတနာကို မုဒိတာပွားပါတယ် အမရယ်။ ဒါပေမယ့် အမပြောတဲ့ တာဝန်ကျေမှုဟာ ကျောင်းသားအနေနဲ့၊ အလုပ်သမားအနေနဲ့ တာဝန်ကျေမှုတွေပါ။ နိုင်ငံသားအနေနဲ့ တာဝန်ကျေမှုကိုလည်း ထည့်စဉ်းစားစေချင်ပါတယ်။ ကျနော်တို့ နိုင်ငံက ယေဘူယျအားဖြင့် ရင့်ကျက်တဲ့အရွယ် ရောက်ပြီလို့ သတ်မှတ်ထားတဲ့ အသက် ၁၈ နှစ်ကျော်ပြီဖြစ်တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကိုယ့်တိုင်းပြည်အပေါ်ထားသင့်တဲ့ နိုင်ငံသားတာဝန်တွေကို စဉ်းစားပေးပါလို့ တိုက်တွန်းချင်ပါတယ်။
ကျနော်ဆွေးနွေးထားတာတွေမှာ လိုအပ်ချက်တွေ၊ မှားယွင်းမှုတွေရှိရင် ထောက်ပြပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ဒီတခါ စိတ်ပါလို့ မရွဲ့ပဲ အတည်ရေးထားတာပါဗျာ။ :D

June 8, 2009 5:42 AM
မျိုးမြင့်မောင် said...
အခုတစ်ခါမှာတော့ မညလေးရေးထားတဲ့ comment နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။ မညလေးက ကိုပေါကို မေးခွန်းတွေလည်း မေးထားပါတယ်။ ဒါတွေကို ကျနော်ဖြေရာမှာ ကိုပေါကိုယ်စားလို့ မမှတ်ယူပဲ ကိုပေါရဲ့စာကို ဖတ်ထားသူတစ်ယောက်က သူမြင်သလို ဖြေကြည့်တာလို့ မှတ်ယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

ကျနော် မညလေးရေးသွားတာတွေကို တစ်ချက်ချင်း ကောက်နုတ်ဆွေးနွေးသွားပါ့မယ်။

“ခု ကိုပေါနေနေတဲ့ တိုင်းပြည်မှာ ကိုပေါကရော အခွန်မပေးဘူးတဲ့လား? မပေးဘဲ နေရဲရဲ့လား?”

အခွန်ပေးတာကို ကိုပေါက အပြစ်မဆိုပါဘူး။ အခုလို နှစ်နဲ့ချီပြီး မတရားကောက်တဲ့ အခွန်ကို တိုင်းပြည်အကျိုးအတွက် သုံးမှာမဟုတ်မှန်းသိသိနဲ့ မကျေမနပ်ပေးနေရတာကို သူလည်းသဘောမကျပါဘူး။ ဒီလိုမတရားမှုတွေ ပပျောက်ဖို့ တိုင်းပြည်လွတ်လပ်ဖို့လိုတယ်။ ဒါကြောင့် တိုင်းပြည်လွတ်လပ်ဖို့ အတွက် အခွန်ငွေရဲ့ သုံးပုံတစ်ပုံ ပမာဏငွေကို ပြည်တွင်းက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို လှူဖို့ပြောထားတာပါ။ ဒါကလည်း လှူနိုင်လောက်အောင် ချောင်လည်တဲ့ အခြေအနေရှိတဲ့ ပြည်ပက မြန်မာပညာတတ်တွေကို ပြောတာပါ။ လှူနိုင်လောက်အောင် အဆင်မပြေတဲ့ သူတွေကတော့ ခြွင်းချက်ပေါ့။

“လှူတယ်ဆိုတာကရော ဘယ်လိုလှူမှ ဘယ်ဌာနကိုလှူမှ ဘယ်နေရာကိုလှူမှလို့ သတ်မှတ်ထားလို့ ရပါသလား။”

ဒါမျိုးတော့ မသတ်မှတ်ထားပါဘူး။ ဒါပေမယ့် တိုင်းပြည်လွတ်လပ်ဖို့အတွက် ပြည်တွင်းကို လှူမယ်ဆိုရင်တော့ ပြည်တွင်းက ဒီမိုကရစီအရေးလှုပ်ရှားသူတွေကို လှူသင့်တာပေါ့ဗျာ။ ဗိုလ်သန်းရွှေကို သွားလှူလို့တော့ ဘယ်ရမလဲ။ မိသားစု သာရေးနာရေးအလှူတွေနဲ့လည်း မရောသင့်ဘူးပေါ့ဗျာ။

“ကိုယ်ကိုယ်တိုင် ဘာလုပ်နေလဲ သိအောင် လုပ်တာက သူများတွေ ဘာလုပ်နေကြလဲ လိုက် မေးငေါ့နေတာထက်စာရင် ပိုအကျိုးရှိပါလိမ့်မယ်။”

အလားတူပြောရမယ်ဆိုရင်တော့ အမကိုယ်တိုင် ဘာရေးနေလဲဆိုတာ သိအောင်လုပ်တာက ကိုပေါ ဘာရေးနေလဲ လိုက်မေးငေါ့နေတာထက်စာရင် ပိုအကျိုးရှိလိမ့်မယ်လို့ ကျနော်ပြောရင်လက်ခံမှာလား။ (ရေးတာကြာလာလို့ ရွဲ့ချင်လာပြီ။)

“သူများတွေ လူစုပြီး အော်တာကို ချီးကျူးနေတာကရော နိုင်ငံရေးလုပ်တာလား၊ ဘလော့ဂ်မှာ အဲ့လိုပို့စ်တွေ တင်မှ နိုင်ငံရေးလုပ်တယ်လို့ သတ်မှတ်တာလား။”

အခြေခံအကျဆုံးအနေနဲ့ သူများနိုင်ငံရေးလုပ်တာကို အားပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီအဆင့်ထက်တက်ပြီး ကိုယ်တိုင်လုပ်ဖို့ ကြိုးစားသင့်ပါတယ်။ အဲ့လို posts တွေတင်မှ နိုင်ငံရေးလုပ်တယ်လို့ မသတ်မှတ်ပါဘူး။ ကိုယ်တိုင် စည်းရုံးတိုက်တွန်းတဲ့ posts တွေတင်ရင်တင်၊ ဒါမှမဟုတ် အပြင်မှာ ကိုယ်တိုင်လုပ်နိုင်ပါတယ်။ ဘာတစ်ခုမှ မလုပ်ရင်တော့ ဘာတစ်ခုမှ မလုပ်ဘူးလို့ သတ်မှတ်ပါတယ်။ ရှင်းပြီလား ခင်ဗျ။

June 8, 2009 5:44 AM
မျိုးမြင့်မောင် said...
“အစကတော့ ကိုပေါကို နိုင်ငံရေးသမားလို့ သတ်မှတ်ထားပါတယ်။ ခုတော့ ကြွက်မနိုင်တိုင်း ကျည်မီးနဲ့ရှို့တဲ့လူလို့ သတ်မှတ်ပါတယ်။”

အမက ကိုပေါကို ရင်းရင်းနှီးနှီးမသိလို့ နိုင်ငံရေးသမားလို့ သတ်မှတ်နေတာပါ။ ရင်းနှီးတဲ့ ကျနော်ကတော့ နိုင်ငံရေးအသိစိတ်ရှိပြီး တစ်ဖက်တစ်လမ်းက ပံ့ပိုးဖို့ စိတ်ထက်သန်တဲ့ ပြည်သူတစ်ယောက်လို့ပဲ မြင်ပါတယ်။ ကြွက်မနိုင်တိုင်း ကျည်မီးနဲ့ရှို့တဲ့လူလို့ ဘာကြောင့်သတ်မှတ်တယ်ဆိုတာ မသိလို့ အဲဒါနဲ့ ပတ်သက်ပြီး ဘာမှမပြောတတ်ပါဘူး။ ကျနော်က သူမီးရှို့တာဆိုလို့ ဆေးလိပ်မီးညှိတာပဲ မြင်ဘူးတာ။

“လူတိုင်းက စစ်ဖိနပ်အောက်က လွတ်ချင်ကြတဲ့ သူ ချည်းပါပဲ၊ မနိုင်တဲ့ အခါမှာ လက်လျော့ပြီး ကြည့်နေရတာလဲ နှစ်ပေါင်းမနည်းတော့ဘူး မဟုတ်လား။ ဟိုးအရင်တည်းက ရအောင် လုပ်နိုင်မယ်ဆိုရင်ဖြင့် စစ်သေနတ်တွေအောက်မှာ လူပေါင်းမြောက်မြားစွာ စတေးခဲ့ရမှာ မဟုတ်ပါဘူး။”

အမပြောမှလားဗျာ။ အမက လုပ်မလုပ်တော့မသိဘူး။ အမသိတာတွေကတော့ မှန်ပ။

“လူတိုင်းကို ဘာမှ လုပ်မနေဘူးလို့ သိမ်းမပြောပါနဲ့..”

ကိုပေါရဲ့ အခု post မှာ အဲဒီလို မရေးထားပါဘူးဗျာ။ ကျနော် လွဲနေရင် ထောက်ပြပေးပါ။ ကျနော် မြင်တာတွေကို အပေါ်မှာ ရေးထားပါတယ်။

အမပြောသွားတဲ့ နောက်ဆုံးအပိုဒ်က အကြောင်းအရာတွေကိုတော့ ကျနော်ကိုယ်တိုင် မသိနိုင်တဲ့ အမရဲ့ ကိုယ်တွေ့ဆိုတော့ ကျနော် မသိဘူးလို့ပဲ ပြောချင်ပါတယ်။ ကိုပေါကိုလည်း မေးမနေပါနဲ့။ သူလည်းသိမှာ မဟုတ်ဘူး။ ရှင်းပါတယ်နော်။

Anonymous said...
ကိုမျိုးမြင့်မောင်
ခင်ဗျားကို နိုင်ငံရေးထက်သန်တဲ့ လူငယ်တယောက် အနေနဲ့ ကျွန်တော်လေးစားပါတယ်။
ဒါပေမယ့် ခင်ဗျား လုပ်ဖို့မလိုတဲ့ကိစ္စတွေမှာ ခင်ဗျားလုပ်နိုင်ပါတယ်လို့ထင်တိုင်း ဝင်ဝင်မပါ ပါနဲ့လားဗျာ။
ညီအစ်ကို သူငယ်ချင်း စိတ်နဲ့ ပြောတာပါ။ စိတ်မဆိုးပါနဲ့။
ခင်ဗျားရဲ့ ဆွေးနွေးရှင်းလင်းချက်တွေက ခင်ဗျားလုပ်နိုင်ပေမယ့် ၊ လုပ်တတ်ပေမယ့် ခင်ဗျား ဝင် ပြောဖို့ မသင့်တဲ့ ၊ မလိုတဲ့ ကိစ္စဖြစ်နေတယ်။
ဒါတွေကို ကိုပေါ လုပ်ပါလိမ့်မယ်။ သူကိုယ်တိုင်ကလည်း ဒုတိယပိုင်း ဆက်ရေးပါဦးမယ်လို့ ပြောထားပြီးသားပါ။
အခုတော့ "ကိုပေါရေ ခင်ဗျားကို ကျွန်တော်ကူမယ်" ဆိုတဲ့ သဘောဖြစ်နေရော။
တကယ်တော့ ဘယ်သူမှ ကူစရာမလို့တဲ့ အကြောင်းအရာပါ။ အယူအဆတွေ အတွေးအမြင်တွေ တွန်းတိုက်မိတာလို့ မြင်ပါတယ်။
နောက်ပြီး ခင်ဗျား ဝင်ပြောလိုက်တော့ ဘလော့ဂ်ဖတ်တဲ့ သူတွေကပဲ မြန်မာစာ မတတ်သလို ၊ ဖတ်ပြီး သေချာနားမလည်သလို ဖြစ်မနေဘူးလားဗျာ။
တကယ်လို့ နားလည်ဖို့ခက်လောက်အောင် အရေးအသား ရှုပ်ထွေးသွားလို့ပဲဖြစ်ဖြစ် ၊ တင်ပြပုံ အားနည်းလို့ပဲဖြစ်ဖြစ် ၊ အယူအဆတွေ မတူလို့ပဲဖြစ်ဖြစ် ၊ ဖတ်သူနဲ့ ရေးသူ တိုက်ရိုက် ပြောရမယ်လို့ ကျွန်တော်ယူဆပါတယ်။
ကျွန်တော်တို့လိုမျိုး ခင်ဗျားအမြင်ကို ပြောရင် လုံလောက်ပြီလို့ထင်ပါတယ်။ ဒါပေမယ့် စာရေးသူနဲ့ အမြင်တူနေရင် ခင်ဗျားထပ်ပြောစရာ သိပ်မလိုပါဘူး။ လိုအပ်ရင်တော့ နည်းနည်းပါးပါးပြောပေါ့ဗျာ။ စာရေးသူ ပြောပြီးသားပဲလေ။ ဟုတ်ဘူးလားဗျာ။
ဖတ်သူက ဖတ်သူကို ပြန်ပြောနေတာက အဓိပ္ပါယ် တမျိုးကြီးဗျာ။ ကျွန်တော်တော့ သဘောမကျဘူး။



ကျန်းမာပါစေ။

ကိုပေါရဲ့ဘလော့ဂ် ပရိတ်သတ်တစ်ဦး

June 8, 2009 10:50 AM
မျိုးမြင့်မောင် said...
ကျနော် မလိုအပ်ပဲ ၀င်ရေးမိရင်တော့ ကိုပေါကို ကျနော်တောင်းပန်ပါတယ်။ ကျန်တဲ့ စာဖတ်သူတွေကိုတော့ ကျနော်ဝင်ရေးထားတာကို မလိုဘူးလို့ထင်ရင် မဖတ်နဲ့လို့ပဲပြောချင်တယ်။ စာရေးသူနဲ့ စာဖတ်သူတစ်ယောက်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးအရ အခြေအတင်ဖြစ်တဲ့ ကိစ္စမျိုးဆိုရင်တော့ ကျနော် ဘာမှဝင်မရေးပဲနေမှာပါ။ အခုဟာက ကိုယ်လည်းဖတ် တခြားသူတွေလည်းဖတ်တဲ့ စာတစ်ပုဒ်ပေါ်မှာ တခြားသူတွေနည်းတူ ကိုယ့်ထင်မြင်ချက်တွေကို ပါဝင်ဆွေးနွေးရုံသက်သက်ပါ။

တခြားသူတွေ မြန်မာစာမဖတ်တတ်ဘူး၊ ဖတ်ပြီးနားမလည်ဘူးဆိုတာမျိုး ကျနော်ခေါင်းရှုပ်ခံပြီး မစဉ်းစားပါဘူး။ ကိုယ်မြင်တာနဲ့ တခြားသူတွေမြင်တာ မတူဘူးထင်လို့ ကိုယ်မြင်တာကို တင်ပြပြီး တခြားသူတွေရဲ့အမြင်တွေနဲ့ နှိုင်းယှဉ်ဆွေးနွေးကြည့်တာပါ။ ကျနော်မြင်နိုင်တာလည်း မှားနိုင်ပါတယ်။ မှားနေတဲ့အရာတွေ၊ လိုနေတဲ့အရာတွေကိုလည်း ထောက်ပြပါလို့ မေတ္တာရပ်ခံထားပါတယ်။ ကိုယ့်အမြင် မှန်မမှန်ကို တိုက်စစ်ကြည့်ချင်တာပါ။ ဒီမှာ အခု ကျနော်ထပ်ရေးသမျှဟာလည်း ကိုယ်ရေးထားတာ တခြာလူတွေ စာမဖတ်တတ်လို့ နားမလည်ဘူးလို့ထင်ပြီး ထပ်ရေးထားတာမပါပါဘူး။

ကျနော်ကိုယ်တိုင်လည်း "ပြောပြန်ရင်လည်း မောင်ပေါ လွန်ရာကျမယ်" အပိုင်း (၂) ကို စောင့်ဖတ်မယ့် blog ဖတ်သူတစ်ယောက်ပါ။

အားလုံး လွတ်လပ်ပါစေ။
Read more

“ပြောပြန်ရင်လည်း မောင်ပေါ လွန်ရာကျမယ်”

အခုတလော…. ဘလော့ဂ်တွေမှာ လိုက်ဖတ်ရတာ မြန်မာ့အသံက ထုတ်လွှင့်နေကျ ၀ါဒဖြန့် ပေါ်လစီ အတုံးလိုက်အတစ်လိုက် ထည့်သွင်းထားတဲ့ အပေါစား ဇာတ်လမ်းပမာတွေကို နားဆင်နေရသလိုပဲ။ အနုပညာမြောက်ဖို့ဝေးစွ။ အစအဆုံး ဖတ်ချင်လောက်အောင် ဆွဲဆောင်နိုင်စွမ်းကင်းမဲ့ပြီး အချိန်ဖြုန်းရုံသက်သက် ဖတ်မယ်ဆိုတောင်မှ ဖတ်ပျော်လောက်တဲ့အဆင့် မရှိဘူးလို့ ဆိုချင်ပါတယ်။

စီးပွားရေးရှုထောင့်ကနေ ကြီးပွားချမ်းသာချင်လို့ နိုင်ငံခြားထွက် အလုပ်လုပ်ကြတဲ့လူတွေက မြန်မာနိုင်ငံကြီး လွတ်လပ်သွားရင် ချက်ချင်းကြီးဆိုသလို ပြည်တော်ပြန်ပြီး တိုင်းပြည်တာဝန်တွေကို ကျရာနေရာကနေ ပျော်ပျော်ကြီးထမ်းဆောင်ပါတော့မယ်ဆိုတဲ့ အရေးအသားမျိုးတွေ ဖတ်ရတော့……ရင်ထဲမှာ ကျလိကျလိ ခံစားရတယ်။

နိုင်ငံခြားမှာ ကျောင်းတက်ကြတဲ့သူတွေရဲ့ တလစာ ကျောင်းလခဟာ မြန်မာနိုင်ငံတုန်းက သူငယ်တန်းကနေ တက္ကသိုလ်ဘွဲ့ရသည်အထိ ပေးခဲ့ရတဲ့ တသက်စာ ကျောင်းလခထက် များပါတယ်။ အဲသည်တုန်းက ဆရာ၊ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေအတွက် လစာငွေနဲ့ ၀န်ထမ်းဆန်တွေဟာ တိုင်းပြည်က အခွန်ထမ်းလူထုရဲ့ ဘဏ္ဍာငွေနဲ့ လယ်သမားလူတန်းစားဆီက မတန်တဆ ဈေးနှိမ်ဝယ်ယူထားတဲ့ တာဝန်ကျစပါးတွေကနေ စိုက်ထုတ်ပေးခဲ့ရတာဖြစ်လို့ (ကျနော်အပါအ၀င်) နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ ပညာတတ်တွေအပေါ်မှာ တိုင်းပြည်ကျေးဇူး မကင်းပါဘူး။

ပြည်တွင်းမှာ လုပ်ငန်းကိုင်ငန်းမကောင်းတာ၊ ၀င်ငွေမကောင်းတာ၊ မလွတ်လပ်တာအကြောင်းပြပြီး ပြည်ပကို ထွက်လုပ်ကြရပြီဆိုကတည်းက တိုင်းပြည်ကနေ ဦးနှောက်ယိုစီးမှုတွေ စဖြစ်တော့တာပေါ့။ နိုင်ငံခြားတိုင်းပြည်တွေကတော့ အသင့်ခူးစားရတာမို့ အရတော်လေစွပေါ့လေ။

အခု ကိုယ့်တိုင်းပြည်က စစ်အာဏာရှင်စနစ်အောက်မှာ နွမ်းပါးနေတဲ့အချိန် နိုင်ငံခြားမှာ ပျော်ပါးသုံးဖြုန်းပြီး တိုင်းပြည်လွတ်မြောက်ဖို့အရေးကို မဆိုင်သလို နေတတ်ကြတဲ့ ပညာတတ်များဟာ ဘာနဲ့ အလားသဏ္ဍာန် တူသလဲဆိုရင်…..

အမေမုဆိုးမကနေ ချွေးနှဲစာနဲ့ ကုတ်ကပ်ပညာသင်ပေးလိုက်လို့ ပညာတွေတတ်၊ အလုပ်အကိုင်ကောင်းတွေရတဲ့အခါ အမေအိုကြီးကို ပြန်လှည့်ကြည့်ဖော်မရတော့တဲ့ မသိတတ်သော သားသမီးတွေနဲ့ တူပါတယ်။ ရှက်ဖွယ်စလိ။ အားလုံးပြောပြောနေကြတဲ့ “ကျေးဇူး သိတတ်ခြင်း” ဆိုတဲ့ မင်္ဂလာတရားတော်ကို ဒီနေရာမှာတော့ အမေ့ကောင်းလေး အမေ့ခံထားလိုက်ကြတယ်ပေါ့လေ။

“မြန်မာသံရုံးမှာ အခွန်တော့မှန်မှန်ဆောင်နေသားပဲခင်ဗျ”…. လို့တော့ မပြောကြပါနဲ့ဗျာ။ ကျနော်မကြားရက်လို့ပါ။ အဲဒီအခွန်ငွေတွေ ဘယ်ကိုရောက်လဲဆိုတာ အားလုံး အသိပဲ မဟုတ်လား။ တိုင်းပြည်မလွတ်လပ်တဲ့အချိန်မှာ ပတ်စ်ပို့တ်သက်တမ်းတိုးဖို့အတွက် အခွန်ဆောင်တာလောက်ကိုများ မိမိကိုယ်ကို ကျေးဇူးသိတတ်တဲ့ သားကောင်းရတနာလေးတွေသဖွယ် ယူဆကြမယ်ဆိုရင် ရယ်ဖွယ်အတိ ဖြစ်ပါလိမ့်မယ်။ လွတ်လပ်တဲ့ နိုင်ငံသားဆိုရင်တော့ ဂလိုဘယ်လိုက်ဇေးရှင်းအရ ရေကြည်ရာ မြက်နုရာ လှည့်လည် လုပ်ကိုင်ရင်း ရောက်ရှိရာနိုင်ငံမှာပဲ အခွန်ပေးဆောင်ဦးတော့ အထွေအထူး ပြောစရာမရှိပါဘူး။

မိတ်ဆွေတို့.....။ ပညာတတ်အားလုံးကို မိခင်တိုင်းပြည်က နောင်အနှစ် ၂၀ မှ လိုအပ်တာ မဟုတ်ပါဘူး။ အခုလက်ငင်းမှာလည်း လိုအပ်နေပါတယ်။ ဒီလိုပြောလိုက်လို့ မြန်မာပြည်ကို ချက်ချင်းပြန်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ၊ တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေ ချက်ချင်းလုပ်တော့လို့ ဆိုလိုတာမဟုတ်။ (ချက်ချင်းပြန်လုပ်နိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန် ပိုကောင်းပါတယ်)။ပညာတတ်တွေအနေနဲ့ ပြည်ပမှာနေထိုင်လျက်က အလုပ်အကိုင်မပျက် စွမ်းဆောင်နိုင်တာတွေ ရှိတယ်။ အနည်းဆုံး နအဖ သံရုံးကိုပေးနေတဲ့ ဆက်ကြေးတ၀က်လောက် (သို့မဟုတ်) သုံးပုံတပုံလောက် ပမာဏငွေကို ပြည်တွင်းက နိုင်ငံရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးအကျဉ်းသမားမိသားစုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် ထောင်ဝင်စာ စသဖြင့် တနည်းနည်းနဲ့ ပံ့ပိုးလို့ရပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် နိုင်ငံရေးမျိုးဆက်ကို အသက်ဆက်ပေးတာနဲ့တူပြီး နိုင်ငံရေးလှုပ်ရှားမှုတွေအတွက် လိုအပ်နေတဲ့ ငွေပမာဏကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။

ဘလော့ဂါတွေမှာလည်း ဘလော့ဂါအလျောက် စွမ်းဆောင်နိုင်တာတွေရှိပါတယ်။
ကလောင်စွမ်းထက်တဲ့လူတွေကလည်း ကလောင်စွမ်းနဲ့ ပူးပေါင်းပါဝင်လို့ ရပါတယ်။ အဲဒီတာဝန်ကို နိုင်ငံရေးအသိုင်းအ၀ိုင်းက မဟုတ်တဲ့ ဘလော့ဂါတွေထဲမှာ တာဝန်ကျေကျေ လုပ်နေတာဆိုလို့ မေငြိမ်းတယောက်ပဲ ရှိတယ်။ ကျန်တဲ့လူတွေ ရူးချင်ယောင်ဆောင်နေကြတယ်။ တချို့ဆို နိုင်ငံရေးလှုပ်ရှားမှုတွေကို ကဖျက်ယဖျက်သဘောတောင် လုပ်ချင်တာမျိုးကို တွေ့ရသေးတယ်။

အခုတော့ အချို့ဘလော့ဂါတွေအနေနဲ့ မမြင်ရသေးတဲ့ အနာဂတ်ကို သွားပြီး လေထဲမှာ တာဝန်ကျေပြနေတာကြတာကို ဖတ်မိတဲ့အခါတိုင်း…. ကျနော့် စိတ်ထဲမှာ အလိုအလျောက် ရေရွတ်လိုက်မိတာကတော့…..

“ဤတွင် ဇာတ်လမ်းပမာ နားဆင်စရာအခန်းမှာ “မ……….” ရေးသားစီစဉ်တင်ဆက်သော “လေထဲမှာပဲ တာဝန်ကျေကြမယ်”ဆိုတဲ့ အတုံးလိုက် အတစ်လိုက် ပေါ်လစီဇာတ်လမ်းရှော်ကြီးကို တင်ဆက်လို့ ပြီးပါပြီးရှင်”…………။

(ဤပို့စ်သည် အချို့အချို့သောသူများ၏ အဖြစ်အပျက်နှင့် တိုက်ဆိုင်နေပါက ထိုသူများကို ရည်ရွယ်ရေးသားပါသည်။)
Read more

“စိဉ္စမာဏ မသိနိုင်ပါ”

ဆရာဦးအောင်သင်းရဲ့ ဟောပြောချက်တခုကို မှတ်သားဖူးတယ်။ လူတွေဟာ အဖြစ်အပျက်ရဲ့ အကြောင်းရင်းကို သိနေပြီးသားဆိုရင် နားလည်ခွင့်လွှတ်နိုင်သတဲ့။ ဆရာဦးအောင်သင်းပြောပြတဲ့ ဥပမာ နှစ်ရပ်ကို ပြန်လည် ဖောက်သည်ချချင်ပါတယ်။ ပထမ တခုက ဒီလိုပါ။

ဒေါက်တာအုန်းမောင်(စိတ်ရောဂါကုဆရာဝန်ကြီး)တယောက် နောက်လိုက်နောက်ပါ ဆရာဝန်တွေ၊ သူနာပြုဆရာမတွေနဲ့ စိတ်ရောဂါကုဆေးရုံ ၀ါ့ဒ်ထဲမှာ ရောင်းဒ်လှည့်လာတော့ အခန်းထဲက လူနာတယောက်က ဒေါက်တာအုန်းမောင်ကို လှမ်းကြည့်၊ လက်ညိုးထိုးပြီး အောက်ပါအတိုင်း လှမ်းအော်သတဲ့။

“ဟိုကောင်…. ဘာကောင်လဲကွ။ ဘောင်းဘီလက်ရှည်နဲ့။ နန်ကထိုင်နဲ့။ နောက်မှာလည်း ကောင်မတွေ တထွေးကြီးနဲ့….ထွီ”….. တဲ့။ (က်ေနာ့္ဘေလာ့ဂ္ကြန္မင့္က႑မွာ တဖြီဖြီ တဖွမ်ဖွမ် လုပ်တတ်တဲ့ ကွန်မင့်ရေးသူတယောက်ကိုတောင် တိုက်တိုက်ဆိုင်ဆိုင် ပြေးသတိရမိပါရဲ့။)

အဲသည်လို အော်လိုက်တော့ ဒေါက်တာအုန်းမောင်က စိတ်ဆိုးသွားရောလား။ ဘယ်စိတ်ဆိုးပါ့မလဲ။ သူက သည်လူနာ ဘာကြောင့် သည်လိုအော်ရသလဲဆိုတဲ့ အကြောင်းရင်းကို သိနေတာကိုး။ ဒီလူနာ ဘာလဲဆိုတာ သူကောင်းကောင်း နားလည်တာကိုး။ ဒီလူနာ ဒီလို အော်လိုက်လို့လည်း ဒေါက်တာအုန်းမောင်ရဲ့ အသရေ၊ သိက္ခာ မှဲ့တပေါက်မှ စွန်းထင်းမသွားပါဘူး။ ဒေါက်တာအုန်းမောင်အနေနဲ့ကတော့ နောက်က သူနာပြုဆရာမကို အသာလှည့်ပြောလိုက်ရုံပါပဲ။ “ဆရာမ… ဒီလူနာကို ဆေးတိုက်လိုက်ပါ”…ပေါ့။

အလားတူ နောက်ထပ်ဥပမာတခုကိုလည်း ဆရာက ပေးပါသေးတယ်။ အဲဒါကတော့ ကျနော်တို့ အားလုံးသိကြပြီးသားဖြစ်တဲ့ ဗုဒ္ဓရဲ့ အောင်ခြင်းရှစ်ပါးထဲက စိဉ္စမာဏ (အမည်စာလုံးပေါင်း မသေချာပါ) ဆိုတဲ့ အမျိုးသမီးတယောက်က ဗုဒ္ဓကို မတော်မတရား စွတ်စွဲတဲ့အခန်းပါ။

ဗုဒ္ဓဟောကြားနေတဲ့ တရားပွဲမှာ တိတ္ထိတွေ လွှတ်လိုက်တဲ့ အဲသည်အမျိုးသမီးရောက်လာပြီး ဗုဒ္ဓကို လူပုံအလယ်မှာ စွတ်စွဲတော့ ဗုဒ္ဓဟာ မပြစ်မယူပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အဖို့က သံသရာတကြောလုံးကို အလျားလိုက်မြင်ပြီး၊ သိပြီး၊ နားလည်ပြီးသားဖြစ်တဲ့အတွက် ဒီအမျိုးသမီးဘာကြောင့် ဒီလိုလုပ်သလဲဆိုတာလည်း သူသိနားလည်ပြီး ဖြစ်လို့ပါတဲ့။

အခုတလော မတရားသဖြင့် လုပ်ကြံစွတ်စွဲတာတွေ၊ အသရေဖျက်ဖို့ကြိုးစားတာတွေကို မြင်ရတဲ့အခါ ဆရာအောင်သင်းပြောတဲ့ အဲသည် ဥပမာလေး နှစ်ခုကို ပြေးပြေးပြီး သတိရတယ်။

သတိရတဲ့အထဲမှာ (မန်လည်ဆရာတော်ရေးတယ်ထင်ရဲ့) မြရွှေဂူ ဆိုတဲ့ ကဗျာလေးလည်း ပါတာပေါ့ဗျာ။

ပြစ်မရှိ ပြစ်ရှာ…။
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

မြရွှေဂူပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာတိုက်နှဲ….။
ပွတ်လေလေ
ဂူရွှေမှာအရောင်ထက်တယ်
ရှေးကထက်ကဲ။…………….တဲ့။
Read more

“ရထားပေါ်မှာ… ကျူတန်းထဲမှာ…. လောကကြီးမှာ”

ဘူတာတခုတွင် MRT ပေါ်သို့ အဘိုးကြီးအိုတယောက် တုန်ချိချိ တက်လာကာ လူကြားထဲတွင် တိုးဝှေ့ပြီး သက်ကြီးရွယ်အိုများအတွက် ရည်ရွယ်ထားသော သတ်မှတ်ထိုင်ခုံရှေ့တွင် သွားရပ်သည်။ ထိုထိုင်ခုံတွင်ကား နားကြပ်ကို နားထဲထည့်လျက် အမ်ပီသရီးနားထောင်နေသည့် အသက်၂၀ ခန့်ရှိလူသည် သူ့ရှေ့တွင် အဘိုးကြီးလာရပ်သည်ကို မသိဟန်ဆောင်ကာ အိတ်ထဲမှ လက်ကိုင်ဖုန်းကို ထုတ်ပြီး ဟိုနှိပ်သည်နှိပ်လုပ်နေလေသည်။ အမှန်တွင်ကား လူရွယ်အနေဖြင့် ထိုင်ခုံနေရာကို မိမိထက် ပို၍လိုအပ်နေသော သက်ကြီးရွယ်အိုအတွက် ဖယ်ပေးရမည့် ၀တ္တရားရှိလေသည်။

ဤမြင်ကွင်းကို အနားရှိလူအတော်များများက သတိပြုမိသည့်တိုင် မည်သူကမျှ လူရွယ်အား အမုန်းခံ၍ နေရာဖယ်ပေးရန် မပြောချေ။ အတန်ကြာသောအခါ အနားမှ လူတဦးသည် မနေသာတော့ပဲ လူရွယ်အား ဖယ်ပေးရန် ပြောဆိုလေသည်။ ထိုအခါ လူငယ်သည် ထိုသို့ ဖယ်ပေးရန်ပြောသူအား မကြည်လင်သော အကြည့်ဖြင့် တချက်ကြည့်ကာ ထိုင်ခုံမှ မထချင် ထချင်နှင့် ဖယ်ပေးလေတော့သည်။

ဤအဖြစ်အပျက်ကို ကြည့်လျှင် လူရွယ်သည် မိမိသက်တောင့်သက်သာ ရှိရေးအတွက် မိမိတွင် ပြုဖွယ်ရှိသော ၀တ္တရားတခုကို မသိကျိုးကျင်ပြုကာ နေခဲ့သည်မှာ ထင်ရှားသည်။ တဖန် ပတ်ဝန်းကျင်ရှိ လူများတွင် လူငယ်၏ အပြုအမူကို မကြိုက်သော်ငြား မှားယွင်းသော ထိုအပြုအမူကို ထောက်ပြရန် ၀န်လေးကြသည်ကို တွေ့ရသည်။ ထောက်ပြသောသူသည် ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စရပ်တခု ဖြစ်လာစေရန် အမုန်းခံ၍ ပြောသင့်ပြောထိုက်သည်ကို ပြောသည့်အတွက် ချီးကျူးထိုက်ပေသည်။ လူငယ်အနေဖြင့်ကား သူမသိကျိုးကျင်ပြုနေသော ၀တ္တရားကို တစုံတယောက်မှ သိသာထင်ရှားအောင် ထောက်ပြသည့်အတွက် အရှက်ရသည်။ ထို့အပြင် သူ၏ နေရာကို ဖယ်ပေးရသဖြင့် သက်တောင့်သက်သာ စီးနင်းလိုက်ပါခွင့် ဆုံးရှုံးသွားသည်။ ဤအကြောင်းရင်းခံများကြောင့် ဖယ်ပေးရန်ပြောသူအား အမုန်းထားသည်။

သို့သော် ဤဖြစ်ရပ်မျိုးတွင် များသောအားဖြင့် မိမိအသိစိတ်ဖြင့် အလိုအလျောက် ဖယ်ပေးသူများလည်း ရှိ၏။ သူတပါးမှ ဖယ်ပေးရန်ပြောသောအခါတွင်မှ အသာတကြည်ဖယ်ပေးတတ်သည်လည်းရှိ၏။ ဖယ်ပေးသော်လည်း စောစောက လူငယ်ကဲ့သို့ပင် မကြည်မသာဖြင့် ဖယ်ပေးတတ်သည်လည်း ရှိ၏။ အဆိုးဆုံးမှာကား မည်သို့ပင် ဖယ်ခိုင်းပါစေ၊ မျက်နှာပုပ်နှင့် ဆက်လက်ထိုင်နေတတ်သူများလည်း ရှိသည်။ အကယ်၍ ဖယ်မပေးရုံမျှမက ပြောလာသူအား “ငါက အစကတော့ လူကြီးကို ဖယ်ပေးမလို့ပါ။ ဒါပေမယ့် အခုလို မင်း ၀င်ပြောတာကို သောက်မြင်ကပ်တဲ့အတွက် ဖယ်မပေးချင်တော့တာ”ဟု မခိုင်လုံသော အကြောင်းပြချက်ကို ပေးလျက် နေရာတွင် ဆက်လက်၍ ပေကပ်ထိုင်နေတတ်ကြသူများမှာ “ဒေါ်အောင်ဆန်းစုကြည်ကို အစကတော့ လွှတ်ပေးမလို့ စဉ်းစားနေပါတယ်၊ အခုတော့ ယက်တောကိစ္စဖြစ်လာတဲ့အတွက် လွှတ်မပေးတော့ပါဘူး” ဟု ပြောထွက်သော နအဖ၏ မိန်းမရွှင်ပါးစပ်နှင့် တူလေသည်။

သို့သော်ဤကိစ္စမျိုးမှာ ဥပဒေဖြင့် ပြဋ္ဌာန်းထားခြင်းမဟုတ်၍ တရားဥပဒေအရ အရေးမယူနိုင်ချေ။ ကိုယ့်အသိစိတ်နှင့်ကိုယ် ၀တ္တရားကို သိကြရန်သာရှိသည်။

ဤသို့ သက်ကြီးရွယ်အိုများကို နေရာဖယ်ပေးရသည့်ကိစ္စမှာ လူ့အဖွဲ့အစည်းတွင် အများစုမှ ကောင်းသောစံအဖြစ် လက်ခံထားကြသည့် ဖြစ်ရပ်မျိုးဖြစ်၍ ဖယ်ပေးရန် ၀ံ့ဝံ့စားစား ၀င်ပြောသူအား အများစုမှ အပြစ်မမြင်တတ်ကြပေ။ ဖယ်ပေးရသူအနေဖြင့်လည်း ၀င်ပြောသူကို ပြန်လည်၍ နှုတ်တုန့်မပြန်ရဲပေ။ အလွန်ဆုံး မျက်နှာပုပ်ထားရုံမျှသာ တတ်နိုင်ပေသည်။

သို့သော် လူအများ ကျူတန်းစီနေသည့် နေရာတွင် လူတယောက် ကြားက ဖြတ်၍ တန်းစီသည့် ကိစ္စကို ကြည့်ကြပါစို့။ ဤဖြစ်ရပ်တွင် ကြားဖြတ်တန်းစီခြင်းကို နောက်တွင် တန်းစီနေသူ မည်သူမျှ နှစ်သက်နိုင်ကြသည် မဟုတ်ချေ။ သို့သော် ထုံးစံအတိုင်း ထိုသူ၏ မတရားလုပ်ခြင်းကို ကန့်ကွက်ပြောကြားရန် အများစုသည် ၀န်လေးကြသည်ကို တွေ့ကြရသည်။ အကယ်၍ စောစောကလိုပင် တရားသဖြင့် ဖြစ်စေချင်သူ တစုံတယောက်က ကြားဖြတ်တန်းမစီရန် ၀င်ပြောမည်ဆိုပါက အခန့်မသင့်လျှင် ကြားဖြတ်သူက ရှက်ရမ်းရမ်းကာ နှုတ်ကြမ်းလျှာကြမ်းဖြင့် ပြန်လည်ရန်တွေ့တတ်သည်ကိုလည်း ကြုံတွေ့ကြဖူးပေမည်။

ထိုအခါမျိုးတွင်…. ကျူတန်းထဲမှ လူ ၂၀ ရာခိုင်နှုန်းခန့်သည် ကြားဖြတ်တန်းမစီရန် ၀င်ပြောသူဖက်က (အသံတိတ်) ထောက်ခံတတ်ကြသည်။ လူ ၇၀ ရာခိုင်နှုန်းခန့်သည်ကား မိမိပတ်ဝန်းကျင်တွင် ဤကိစ္စဖြစ်ပျက်သွားသည်ကို (oblivious) မသိလိုက်ကြသည်မှာ များသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ကျန်သော ၁၀ ရာခိုင်နှုန်း၏ စိတ်နေသဘောထားဖြစ်သည်။ ထိုသူတို့သည် ကျူကြားဖြတ်တန်းစီခံလိုက်ရခြင်းကို လုံးဝမနှစ်သက်။ သို့သော်လည်း ထုတ်ဖော်ကန့်ကွက်ရန်လည်း မ၀ံ့ရဲကြ။ တဖန် တစုံတယောက်မှ ထုတ်ဖော်ကန့်ကွက်ခဲ့လျှင် ထိုသူကို ထောက်ခံရမည့်အစား ၄င်းတို့ မပြုမူဝံ့သည့် အမှုတရပ်ကို ထိုသူက ပြုမူခဲ့ခြင်းဖြစ်၍ ထိုသူအပေါ်တွင် မနာလို ၀န်တိုလိုလျက် အကြောင်းမဲ့ အမုန်းပွားကာ ထိုသူ၏ လုပ်ရပ်ကို မထောက်ခံတော့ချေ။ ကျူတန်းဖြတ်သူက ရန်တွေ့ခဲ့လျှင် ထို ၁၀ ရာခိုင်နှုန်းစိတ်ထဲတွင် ကျိတ်ပြီးပင် ၀မ်းသာတတ်သေးသည်။ “ကောင်းတယ်၊ လူတွင်ကျယ် လုပ်ချင်တဲ့ကောင် မှတ်ပေရော့” ဟုလည်း သူတို့၏ မျက်မုန်းကျိုးစိတ်ကို တိုးတိုးတဖုံ၊ သိသာအောင်တမျိုး ဖော်ပြတတ်ကြသည်။ ထိုသူမျိုးမှာ အသိခေါက်ခက် အ၀င်နက်ကြသူများဖြစ်ကြလေသည်။ ဘာမှ မသိလိုက်သူ ၇၀ ရာခိုင်နှုန်းကို အမြင်မှန်ရအောင် ပြုလုပ်ရန်လွယ်ကူသော်လည်း ထိုဆယ်ရာခိုင်နှုန်းမှာကား ပြုပြင်ရန် ခဲယဉ်းလှသည်။ ထိုသူများသည် ဓမ္မဖက်မှ ရပ်တည်သူများကို အမနာပ ဝေဖန်အပြစ်ပြောကာ မျက်မုန်းကျိုးကြသူများလည်း ဖြစ်သည်။ ထိုသူတို့၏ စိတ်နေသဘောထားသည် ယုတ်ညံ့လှချေသည်။

အထက်တွင် ဖော်ပြခဲ့သော ဖြစ်ရပ်နှစ်ခုသည် သိပ်ပြီး ကြီးကျယ်အရေးပါလှသည့် ကိစ္စများ မဟုတ်လှသော်လည်း အရေးပါလှသော ကိစ္စရပ်များတွင်လည်း လူတို့၏ တုန့်ပြန်ပုံများမှာ ထိုနည်းနှင်နှင်ပင်ဖြစ်လေသည်။

အဓမ္မကို ကိုယ်တိုင်ကိုယ်ကျကျူးလွန်သူများ၊ မိမိပတ်ဝန်းကျင်တွင် အဓမ္မကြီးထွားနေသည်ကို မသိလိုက်မသိဘာသာ ရေငုံနှုတ်ပိတ်နေသူများ၊ အဓမ္မဖက်ကို တိုက်ဖျက်ရန် ကြိုးစားကြသူများ၊ ထိုသို့ အဓမ္မကို တိုက်ဖျက်ရန်ကြိုးစားသူများကို အလိုလို မျက်မုန်းကျိုးနေသူများ စသဖြင့် လူအမျိုးမျိုး အထွေထွေကို ဤလောက ဇာတ်ခုံကြီးပေါ်တွင် အထင်းသားတွေ့နိုင်ပေသည်။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs