ဆရာဦးအောင်သင်းရဲ့ ဟောပြောချက်တခုကို မှတ်သားဖူးတယ်။ လူတွေဟာ အဖြစ်အပျက်ရဲ့ အကြောင်းရင်းကို သိနေပြီးသားဆိုရင် နားလည်ခွင့်လွှတ်နိုင်သတဲ့။ ဆရာဦးအောင်သင်းပြောပြတဲ့ ဥပမာ နှစ်ရပ်ကို ပြန်လည် ဖောက်သည်ချချင်ပါတယ်။ ပထမ တခုက ဒီလိုပါ။
ဒေါက်တာအုန်းမောင်(စိတ်ရောဂါကုဆရာဝန်ကြီး)တယောက် နောက်လိုက်နောက်ပါ ဆရာဝန်တွေ၊ သူနာပြုဆရာမတွေနဲ့ စိတ်ရောဂါကုဆေးရုံ ၀ါ့ဒ်ထဲမှာ ရောင်းဒ်လှည့်လာတော့ အခန်းထဲက လူနာတယောက်က ဒေါက်တာအုန်းမောင်ကို လှမ်းကြည့်၊ လက်ညိုးထိုးပြီး အောက်ပါအတိုင်း လှမ်းအော်သတဲ့။
“ဟိုကောင်…. ဘာကောင်လဲကွ။ ဘောင်းဘီလက်ရှည်နဲ့။ နန်ကထိုင်နဲ့။ နောက်မှာလည်း ကောင်မတွေ တထွေးကြီးနဲ့….ထွီ”….. တဲ့။ (က်ေနာ့္ဘေလာ့ဂ္ကြန္မင့္က႑မွာ တဖြီဖြီ တဖွမ်ဖွမ် လုပ်တတ်တဲ့ ကွန်မင့်ရေးသူတယောက်ကိုတောင် တိုက်တိုက်ဆိုင်ဆိုင် ပြေးသတိရမိပါရဲ့။)
အဲသည်လို အော်လိုက်တော့ ဒေါက်တာအုန်းမောင်က စိတ်ဆိုးသွားရောလား။ ဘယ်စိတ်ဆိုးပါ့မလဲ။ သူက သည်လူနာ ဘာကြောင့် သည်လိုအော်ရသလဲဆိုတဲ့ အကြောင်းရင်းကို သိနေတာကိုး။ ဒီလူနာ ဘာလဲဆိုတာ သူကောင်းကောင်း နားလည်တာကိုး။ ဒီလူနာ ဒီလို အော်လိုက်လို့လည်း ဒေါက်တာအုန်းမောင်ရဲ့ အသရေ၊ သိက္ခာ မှဲ့တပေါက်မှ စွန်းထင်းမသွားပါဘူး။ ဒေါက်တာအုန်းမောင်အနေနဲ့ကတော့ နောက်က သူနာပြုဆရာမကို အသာလှည့်ပြောလိုက်ရုံပါပဲ။ “ဆရာမ… ဒီလူနာကို ဆေးတိုက်လိုက်ပါ”…ပေါ့။
အလားတူ နောက်ထပ်ဥပမာတခုကိုလည်း ဆရာက ပေးပါသေးတယ်။ အဲဒါကတော့ ကျနော်တို့ အားလုံးသိကြပြီးသားဖြစ်တဲ့ ဗုဒ္ဓရဲ့ အောင်ခြင်းရှစ်ပါးထဲက စိဉ္စမာနဏ (အမည်စာလုံးပေါင်း မသေချာပါ) ဆိုတဲ့ အမျိုးသမီးတယောက်က ဗုဒ္ဓကို မတော်မတရား စွတ်စွဲတဲ့အခန်းပါ။
ဗုဒ္ဓဟောကြားနေတဲ့ တရားပွဲမှာ တိတ္ထိတွေ လွှတ်လိုက်တဲ့ အဲသည်အမျိုးသမီးရောက်လာပြီး ဗုဒ္ဓကို လူပုံအလယ်မှာ စွတ်စွဲတော့ ဗုဒ္ဓဟာ မပြစ်မယူပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အဖို့က သံသရာတကြောလုံးကို အလျားလိုက်မြင်ပြီး၊ သိပြီး၊ နားလည်ပြီးသားဖြစ်တဲ့အတွက် ဒီအမျိုးသမီးဘာကြောင့် ဒီလိုလုပ်သလဲဆိုတာလည်း သူသိနားလည်ပြီး ဖြစ်လို့ပါတဲ့။
အခုတလော မတရားသဖြင့် လုပ်ကြံစွတ်စွဲတာတွေ၊ အသရေဖျက်ဖို့ကြိုးစားတာတွေကို မြင်ရတဲ့အခါ ဆရာအောင်သင်းပြောတဲ့ အဲသည် ဥပမာလေး နှစ်ခုကို ပြေးပြေးပြီး သတိရတယ်။
သတိရတဲ့အထဲမှာ (မန်လည်ဆရာတော်ရေးတယ်ထင်ရဲ့) မြရွှေဂူ ဆိုတဲ့ ကဗျာလေးလည်း ပါတာပေါ့ဗျာ။
ပြစ်မရှိ ပြစ်ရှာ…။
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာတိုက်နှဲ….။
ပွတ်လေလေ
ဂူရွှေမှာအရောင်ထက်တယ်
ရှေးကထက်ကဲ။…………….တဲ့။
ဒေါက်တာအုန်းမောင်(စိတ်ရောဂါကုဆရာဝန်ကြီး)တယောက် နောက်လိုက်နောက်ပါ ဆရာဝန်တွေ၊ သူနာပြုဆရာမတွေနဲ့ စိတ်ရောဂါကုဆေးရုံ ၀ါ့ဒ်ထဲမှာ ရောင်းဒ်လှည့်လာတော့ အခန်းထဲက လူနာတယောက်က ဒေါက်တာအုန်းမောင်ကို လှမ်းကြည့်၊ လက်ညိုးထိုးပြီး အောက်ပါအတိုင်း လှမ်းအော်သတဲ့။
“ဟိုကောင်…. ဘာကောင်လဲကွ။ ဘောင်းဘီလက်ရှည်နဲ့။ နန်ကထိုင်နဲ့။ နောက်မှာလည်း ကောင်မတွေ တထွေးကြီးနဲ့….ထွီ”….. တဲ့။ (က်ေနာ့္ဘေလာ့ဂ္ကြန္မင့္က႑မွာ တဖြီဖြီ တဖွမ်ဖွမ် လုပ်တတ်တဲ့ ကွန်မင့်ရေးသူတယောက်ကိုတောင် တိုက်တိုက်ဆိုင်ဆိုင် ပြေးသတိရမိပါရဲ့။)
အဲသည်လို အော်လိုက်တော့ ဒေါက်တာအုန်းမောင်က စိတ်ဆိုးသွားရောလား။ ဘယ်စိတ်ဆိုးပါ့မလဲ။ သူက သည်လူနာ ဘာကြောင့် သည်လိုအော်ရသလဲဆိုတဲ့ အကြောင်းရင်းကို သိနေတာကိုး။ ဒီလူနာ ဘာလဲဆိုတာ သူကောင်းကောင်း နားလည်တာကိုး။ ဒီလူနာ ဒီလို အော်လိုက်လို့လည်း ဒေါက်တာအုန်းမောင်ရဲ့ အသရေ၊ သိက္ခာ မှဲ့တပေါက်မှ စွန်းထင်းမသွားပါဘူး။ ဒေါက်တာအုန်းမောင်အနေနဲ့ကတော့ နောက်က သူနာပြုဆရာမကို အသာလှည့်ပြောလိုက်ရုံပါပဲ။ “ဆရာမ… ဒီလူနာကို ဆေးတိုက်လိုက်ပါ”…ပေါ့။
အလားတူ နောက်ထပ်ဥပမာတခုကိုလည်း ဆရာက ပေးပါသေးတယ်။ အဲဒါကတော့ ကျနော်တို့ အားလုံးသိကြပြီးသားဖြစ်တဲ့ ဗုဒ္ဓရဲ့ အောင်ခြင်းရှစ်ပါးထဲက စိဉ္စမာ
ဗုဒ္ဓဟောကြားနေတဲ့ တရားပွဲမှာ တိတ္ထိတွေ လွှတ်လိုက်တဲ့ အဲသည်အမျိုးသမီးရောက်လာပြီး ဗုဒ္ဓကို လူပုံအလယ်မှာ စွတ်စွဲတော့ ဗုဒ္ဓဟာ မပြစ်မယူပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အဖို့က သံသရာတကြောလုံးကို အလျားလိုက်မြင်ပြီး၊ သိပြီး၊ နားလည်ပြီးသားဖြစ်တဲ့အတွက် ဒီအမျိုးသမီးဘာကြောင့် ဒီလိုလုပ်သလဲဆိုတာလည်း သူသိနားလည်ပြီး ဖြစ်လို့ပါတဲ့။
အခုတလော မတရားသဖြင့် လုပ်ကြံစွတ်စွဲတာတွေ၊ အသရေဖျက်ဖို့ကြိုးစားတာတွေကို မြင်ရတဲ့အခါ ဆရာအောင်သင်းပြောတဲ့ အဲသည် ဥပမာလေး နှစ်ခုကို ပြေးပြေးပြီး သတိရတယ်။
သတိရတဲ့အထဲမှာ (မန်လည်ဆရာတော်ရေးတယ်ထင်ရဲ့) မြရွှေဂူ ဆိုတဲ့ ကဗျာလေးလည်း ပါတာပေါ့ဗျာ။
ပြစ်မရှိ ပြစ်ရှာ…။
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာတိုက်နှဲ….။
ပွတ်လေလေ
ဂူရွှေမှာအရောင်ထက်တယ်
ရှေးကထက်ကဲ။…………….တဲ့။
10 comments:
စိဉ္စမာဏ လို့ ပေါင်းပါတယ်..
>>>N3…. ကျေးဇူးပဲ။ ကျနော်လည်း အဲသလို ပေါင်းတယ်လို့ ထင်မိပါတယ်။ သို့သော် အင်တာနက်ပေါ်မှာ လိုက်ရှာရင်း ဒီစာအုပ်မှာ("http://www.scribd.com/doc/6193605/-") ကြည့်လိုက်တော့ နငယ်နဲ့ ပေါင်းထားတာကို တွေ့လိုက်မိလို့ မတင်မကျနဲ့ ရေးလိုက်တာပါ။
I got your message.
“ဆရာမ… ဒီလူနာကို ဆေးတိုက်လိုက်ပါ”…ပေါ့။
Thanks for sharing.
Bino
ဆေးမလောက်လို့ပါဗျာ
မင်းဟာမင်းသောက်ပါလား ငါမရူးဘူးကွ.. အရူးမငါ့ကိုဆေးတိုက်ဖို့လုပ်နေတယ်.. အံမယ် ဟိုအရူးကြီးက ဘာလို့ငါ့ကိုဆေးတိုက်ခိုင်းတာလဲ မင်းရူးနေရင် မင်းဟာမင်းသောက်ပါလား.. သောက်ဖူးဟေ့.. သောက်ဖူး.. ငါမရူးဘူး. ငါမရူးဘူး
http://privatecrazyworld.blogspot.com/2008/04/what-i-read-today.html
ကိုပေါရေ..အဲအကြောင်း ကျွန်မကူးရေးထားတာလေ။
>>>Yu Wa Yi…. ကျေးဇူးပဲ မယုဝရီရေ….. ကျနော် အခုပဲ သွားဖတ်ကြည့်ပြီးသွားပြီ။ ဆက်ပြီးတော့လည်း စဉ်းစားကြည့်မိတယ်။ စိဉ္စမာဏရယ်၊ အင်္ဂုလိမာလရယ်၊ နာဠာဂီရိဆင်ရယ်…. အဲသည်သုံးယောက်ဟာ ဆရာသမားနဲ့ တစုံတယောက် ပယောဂကြောင့် လမ်းမှားကို လိုက်မိကြတာနော်။ ဆရာသမား အရေးကြီးတယ်လို့ မြင်မိပါတယ်။ ဗာလာနံ သူမိုက်တို့ကို မပေါင်းသင်း၊ မမှီဝဲရခြင်းသည်လည်း မင်္ဂလာတပါးဆိုတာ တယ်မှန်သကိုး။
ကွန်းမင့် မရေးဖြစ်တာကြာပေမဲ့ အမြဲလာဖတ်ဖြစ်ပါတယ် ကိုပေါ..။ ကိုပေါ ပြောပြောနေတဲ့ "ကျော်ဖြတ်ရမယ်"ဆိုတဲ့ 'ဆေးရိုးသည်တွေ'ရဲ့ အသားလွတ် ကွန်းမင့်အဖျင်းတွေကို စိတ်ကုန်လို့၊ မရေးတာလည်း ပါပါတယ်။ ဒီ ပို့စ်က တိုတိုလေးနဲ့ တကယ်ထိ၊ တကယ်ကြိုက်ပါတယ်။
ခက်တာက ဒေါက်တာအုန်းမောင်ရဲ့ ward ထဲက'လူနာ'တွေ တနေ့တခြား များလာနေသလားလို့..။
CMA/ kma
စိဉ္စမာဏ၀ိကာ လို့ဖတ်ဖူးပါတယ်... မာဏ၀ိကာဆိုတာ အမျိုးသမီးငယ်လေးလို့ မှတ်မိပါတယ် ...။
မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုပေါ်လွင်ထင်ရှားစေတဲ့ အကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်လို့မြင်မိပါတယ် ...။
တိုက်တိုက်ဆိုင်ဆိုင်..ကျွန်မလဲ ယက်တောကိစ္စဖြစ်တော့ အဲဒီကဗျာလေးကို သွားသတိရမိပါသေးတယ်။ ကဗျာလေးကတော့ အဖြစ်အပျက်တွေနဲ့ တကယ့်ကို ကွက်တိပါပဲ။
Post a Comment