ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာပြည်တွင်းမှ မိတ်ဆွေတဦးဆီက စာတစောင်ရပါတယ်။ စာကတော့ ကျနော့်ဘလော့ဂ်မှာ တင်ခဲ့တဲ့ ပို့စ်တွေ၊ ကွန်မင့်တွေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ရေးသားထားတဲ့အပြင် ဒီမိုကရေစီ၊ ဒီမိုကရေစီအလေ့အထတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးထားတဲ့စာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက အဲဒီ စာကို ဖော်ပြဖို့ ရည်ရွယ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ဒီနေ့ကျမှ နောက်ကျပြီး ဖော်ပြလိုက်နိုင်ပါတယ်။ ဒီစာရေးသူဟာ ကျနော် အင်မတန်လေးစားရတဲ့ လူငယ်တဦးဖြစ်ပါတယ်။
ကိုပေါရေ
ရေးမယ် ရေးမယ်ဆိုပြီး အကြောင်းအရာတွေသာ ခေါင်းထဲရောက်လာလိုက် ပျောက်သွားလိုက်နဲ့ အတော်လေးကြာသွားတယ်ဗျာ။ အခုတလော ကိုပေါရဲ့ ဘလော့ဂ်ပေါ်က ဆောင်းပါးတွေနဲ့ ကွန်မင့်တွေကို ဖတ်ရတော့ စာရေးချင်စိတ် ပေါ်လာတယ်ဗျာ။ ကျွန်တော်ဆိုလိုတာက ဆောင်းပါးတွေနဲ့ ကွန်မင့်တွေက အထာမကျလို့ ဆရာကြီးဝင်လုပ်တယ်လို့ ဆိုချင်တာ မဟုတ်ပါဘူး၊ အဲဒီဆောင်းပါးတွေနဲ့ ကွန်မင့်တွေက ကျွန်တော့စိတ်ကူးတွေကို ကွန့်မြူးစေလွန်းလို့ပါ။ ဘယ်လိုကွန်မြူးတယ်ဆိုတာ ရှင်းပါရစေ။
ဒီလိုဗျာ၊ အာဏာရှင်စနစ်ကနေ ပိုပြီးလွတ်လပ်တဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းတိုင်း အနည်းနဲ့အများ ဆိုသလို လူ့အဖွဲ့အစည်းမှာ အလှုပ်အရမ်းလေးတွေ ဖြစ်လေ့ရှိတယ်ဗျာ။ နှစ်ပေါင်းများစွာ အဖိအနှိပ်ခံထားရတော့ အဲဒီထိန်းချုပ်မှုကို လျှော့လိုက်တိုင်း အတိုင်းအတာတခုထိတော့ ဂယက်ထမှာပဲ။ ပြဿနာက အဲဒီ အလှုပ်အရမ်းနဲ့ ဂယက်တွေ မဟုတ်ဘူး၊ အဲဒီ မျှခြေပျက်မှုကို မြင်တဲ့အမြင်လို့ ကျွန်တော်ထင်တယ်ဗျ။ ဒီမျှခြေပျက်မှုဟာ စနစ်တခုပြောင်းတိုင်း ပြောင်းတိုင်း အတူတွဲတွေ့ရလေ့ရှိတဲ့ လက္ခဏာ တခုသာဖြစ်တယ်။ အချိန်ယူပြီး နားလည်မှုတည်ဆောက်ခြင်းနဲ့ ဖြေရှင်းနိုင်တယ်လို့ မြင်မလား၊ ဒါမှမဟုတ် ဒီပြဿနာဟာ ဒီစနစ်အပြောင်းအလဲရဲ့ ပယောဂပဲ… ဘယ်နည်းနဲ့ဖြစ်ဖြစ် ဂရုမစိုက်တော့ပါဘူး၊ အပြောင်းအလဲတို့ လွတ်လပ်မှုတို့ထက် အရင်လို တည်တည်ငြိမ်ငြိမ် ဖြစ်နေရင်ပြီးတာပဲလို့ မြင်မလား ဆိုတာပါပဲ။
ဝရုန်းသုန်းကားအခြေအနေကြီးကို အကောင်းမြင်ဝါဒနဲ့ တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်ဖို့ဆိုတာ အပြောသာလွယ်တာပါ၊ လက်တွေ့မှာ ပြဿနာဟာ ထင်တာထက်ကို ပိုရှုပ်တာချည်းပဲ။ ဒီလိုအခက်အခဲတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်ကျော်နိုင်ပြီးလားလို့ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်မေးကြည့်တိုင်း ဘယ်တော့မှ ပြန်မဖြေဖြစ်ဘူး။ ဒီမှာ ဘာသွားတွေ့လဲဆိုတော့ ဒီပြဿနာတွေကို တခြားနိုင်ငံတွေကကော ဘယ်လိုဖြေရှင်းခဲ့ကြသလဲ ဆိုတာပဲ။ အမျိုးမျိုးအထွေထွေပါပဲ။ ဒါပေမယ့် ဒီမိုကရေစီအသွင်ကူးပြောင်းခြင်းကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ပြီး အတိုင်းအတာတခုထိ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်ကို တည်ဆောက်နိုင်တဲ့ နိုင်ငံတိုင်းမှာ တူညီတဲ့ အရည်အသွေးတခု ရှိတာကို တွေ့ရတယ်ဗျ။ အဲဒါဘာလဲဆိုတော့ (Democratic Culture)၊ ဒီမိုကရေစီစံနှုန်းများဖြင့် ပြည့်လျှမ်းနေသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ခြင်း ဆိုတာပဲဗျ။ ဆိုတော့ဗျာ.. အခု ကိုပေါဘလော့မှာ ရေးကြသားကြတာတွေကို ကျွန်တော်က အဲဒီလို မြင်တယ်ဗျာ။ ဆက်ရှင်းရရင်ဗျာ… ကစားပွဲတခုရဲ့ စည်းမျဉ်းကို သတ်မှတ်ဖို့ဆိုရင် အရင်ဆုံး အဲဒီကစားပွဲမှာ ပါဝင်မယ့် ကစားသမားတွေရဲ့ သဘောထားနဲ့ ဆန္ဒကို သိဖို့လိုတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အများဆန္ဒ ဆိုတာ ဖြစ်ချင်တာကိုး။ ဗမာပြည်ထဲမှာ လူတယောက်ရဲ့ ဆန္ဒကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ဖို့ဆိုတာ အတော့်ကို မလွယ်တဲ့ကိစ္စပါ။ အခုကျတော့ ကိုပေါက သူ့ရဲ့ ကိုယ်ပိုင်နိုင်ငံရေး အမြင်တခုကို တင်တယ်ဗျာ၊ ဖတ်တဲ့ပုဂ္ဂိုလ်တွေက သူတို့ရဲ့ အမြင်တွေကို သူတို့ရဲ့ အတွေးအခေါ် အဆင့်အတန်းအလိုက် ဝေဖန်ကြတယ်ဗျာ။ အဲဒါကို ဆောင်းပါးရှင်ကလည်း ပြဿနာလို့ မမြင်ပဲ ဆက်ရေးတယ်၊ အဲဒီမှာ ထောက်ခံသူတွေ မထောက်ခံသူတွေ ပေါ်လာတယ်။ ဖြစ်စဉ်ကြီးတခုလုံးမှာ ဒီမိုကရေစီအလေ့အထတွေကို တွေ့နေရတယ်ဗျ။ လွတ်လပ်တယ်.. အဲဒီလွတ်လပ်မှုကို အသုံးချလို့ အန္တရာယ်မရှိဘူးလို့ ယုံကြည်တော့ ကိုယ်ခံစားရတာကို ကိုယ့်အတိုင်းအထွာ၊ ကိုယ့်အတွေးအမြင်နဲ့ ထုတ်ဖော်တယ်။ အင်မတန် မှတ်သားလောက်တဲ့ အမြင်တွေပါတယ်၊ အင်မတန် ပွင့်လင်းတဲ့ အရေးအသားတွေ ပါတယ်။ ကျွန်တော့်တဦးတည်းရဲ့ အမြင်ကတော့ ကြိုက်တယ်ဗျာ။ သတိချပ်စရာ တခုပဲရှိတယ်။ ကိုယ့်ရဲ့ အရေးအသားဟာ ကိုယ့်ရဲ့ ရည်ရွယ်ရင်းကို ရောက်ရဲ့လားဆိုတာပဲ။ ဆိုချင်တာကဗျာ အမြင်တခုကို မကြိုက်ဘူး။ အဲဒါကို ဘယ်လိုပြမလဲဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ ကိုယ့်ရဲ့ ရွေးချယ်မှုက ကိုယ့်ကို ပြဌာန်းတာပဲ။ ဘာလို့လဲဆိုတော့ လူတိုင်းကို ဘယ်စနစ်ကမှ ယဉ်ကျေးအောင် မလုပ်နိုင်ဘူး။ ကိုယ့်ရဲ့ ဆင်ခြင်တုံတရားကသာ လုပ်နိုင်တယ်။ ဆိုတော့ဗျာ… ကိုပေါရဲ့ ဘလော့ထဲက ရဲဝံ့မှုမျိုးကို၊ အလေ့အထမျိုးကို အပြင်မှာ ကျင့်ကြံနိုင်အောင် ဆက်ကြိုးစားစေချင်တယ်ဗျာ။ ကိုပေါနဲ့ အခွင့်အခါသင့်လို့ တွေ့ခဲ့လျှင် မျက်နှာချင်းဆိုင် ကိုယ့်အမြင်တွေကို ပြောစေချင်တယ်ဗျာ။ တဆင့်တက်ရရင် ဗမာပြည်ထဲမှာလည်း အဲဒီ အမူအကျင့်တွေ ထွန်းကားစေချင်တယ်။ ကျွန်တော်က လတ်တလော ဗမာပြည်ထဲမှာ ဆိုတော့ ကျွန်တော်ကစ ကြိုးစားမယ်ဗျာ။ ကျွန်တော်ပြောချင်တဲ့ ကျွန်တော့်ကို စိတ်ကူးဉာဏ် ကွန့်မြူးစေတယ် ဆိုတဲ့ဟာပါ။
တလက်စတည်း ဆက်ရေးချင်တာက ဒီမိုကရေစီနဲ့ ဒီမိုကရေစီအလေ့အထ ဆိုတဲ့ဟာကိုပါ။ ကျွန်တော်တို့ဟာ ဒီမိုကရေစီကိုပြောတိုင်း ရောထွေးနေတာတခု ရှိနေတယ်ဗျ။ လူအများစုကို ပြောတာပါ၊ အကုန်လုံးကို မဆိုလိုပါဘူး။ လက်ရှိ ကမ္ဘာပေါ်မှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်တွေထဲမှာ ဒီမိုကရေစီစနစ်သာ အကောင်းဆုံးသော စနစ်ဖြစ်တယ်လို့ဆိုရင် ဘယ်လိုသဘောရပါသလဲ။ ဒီမိုကရေစီစနစ်ကို ကြိုက်သူရော မကြိုက်သူရော သူတို့ရဲ့ အကြောင်းပြချက်နဲ့ ဥပမာတွေက အတော်လေးတူနေတာ တွေ့ရတယ်။ ဟုတ်တယ် ဒီမိုကရေဒီစနစ်က သိပ်ကောင်းတယ် ပြင်သစ်၊ အမေရိကား၊ ယူကေ၊ အိန္ဒိယနဲ့ ဂျပန် စတဲ့နိုင်ငံတွေကို ဥပမာပြပြီး သူတို့ရဲ့ တိုးတက်မှုနဲ့ လူ့အခွင့်အရေးတွေကို ညွှန်းလေ့ရှိတယ်။ အဲ… မကြိုက်သူတွေကလည်း အဲဒီ နိုင်ငံတွေရဲ့ အပြစ်အနာအဆာတွေ ချွတ်ယွင်းချက်တွေကို ထုတ်နှုတ်ပြီး ဝေဖန်ကြတယ်ဗျာ။ ဒီနေရာမှာ နှစ်ဖက်စလုံးက ပြောနေတဲ့ ဒီမိုကရေစီဆိုတာ လက်ရှိ အဲဒီနိုင်ငံတွေက ကျင့်သုံးနေတဲ့ ဒီမိုကရေစီကို ညွှန်းနေကြတာသာဖြစ်တယ်။ ကျွန်တော်အဆိုပြုတဲ့ ဒီမိုကရေစီဆိုတာ ဒီမိုကရေစီဟာ ဒီမိုကရေစီစနစ်မဟုတ်ဘူးလို့ ဆိုချင်တာမဟုတ်ဘူးဗျာ။ ဒီမိုကရေစီဆိုတဲ့ အိုင်ဒီယာကြီးမှာ သူ့စံချိန်စံညွှန်းနဲ့ သူ ရှိနေပြီး နိုင်ငံတွေက အဲဒီစံကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်နေကြခြင်းသာ ဖြစ်တယ်။ ဒီမိုကရေစီစနစ်ဆိုလိုက်တာနဲ့ အလိုလို ပြီးပြည့်စုံသွားတာမျိုး မဟုတ်ဘူး။ အစိုးရနဲ့ ပြည်သူကြား အာဏာဝေခွဲမှု၊ လူထုရဲ့ အခွင့်အရေးတွေ ပိုမိုပြည့်စုံဖို့ဆိုတာဟာ တိုင်းသူပြည်သားတွေရဲ့ ရွေးချယ်မှုပါ။ ဒီမိုကရေစီစနစ် ဆိုတာ အပြဌာန်းခံစနစ်မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို ပြဌာန်းရတဲ့ စနစ်သာဖြစ်တယ်ဗျာ။ ပြန်ကောက်ရရင်ဗျာ ကျွန်တော်ပြောတဲ့ ဒီမိုကရေစီဆိုတာ အမေရိကန်ဒီမိုကရေစီ၊ ဂျပန်ဒီမိုကရေစီ၊ အိန္ဒိယဒီမိုကရေစီ မဟုတ်ဘူး။ နောက်ပြီး မြန်မာ့ရိုးရာဒီမိုကရေစီလည်း မဟုတ်ဘူးဗျ။ တကယ့် Ideal Democracy၊ စံဒီမိုကရေစီကို ပြောတာပါ။ အမေရိကားမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မုဒိန်းမှုတွေ၊ အကျင့်ပျက်မှုတွေ အများကြီး ရှိမှာပဲ၊ အဲဒီလိုရှိတာကို ဒီမိုကရေစီအပေါ် အပြစ်ဖို့လို့ မရဘူး၊ အဲဒါဟာ သူ့တိုင်းသူပြည်သားနဲ့ အစိုးရအပေါ်မှာပဲ တာဝန်ရှိတယ်ဗျ။ အဲဒါတွေ လုံးဝ မရှိအောင် လုပ်ဖို့ နိုင်ငံရေးစနစ်တွေ ပေါ်ပေါက်ခဲ့ဖူးတယ်။ အကျင့်ပျက်မှုတွေကတော့ ရှိနေတုန်းပဲ။ အဲဒီ နိုင်ငံရေးစနစ်တော့ မရှိတော့ဘူး။ ကျွန်တော်တို့ လုပ်ရမှာက ခုနက နိုင်ငံတွေကြည့်ပြီး ဒီမိုကရေစီ ဆိုတာကြီးက ဒါပါပဲလို့ဆိုပြီး ဒီမိုကရေစီကို အပြစ်ပြောနေမယ့်အစား တကယ့်ဒီမိုကရေစီကို ဘာလဲသိအောင်လုပ်ပြီး ဆုံးရှုံးမသွားဖို့ရယ်ပါ။ စစ်တမ်းတွေ ဖတ်ကြည့်ရင် တွေ့ရလိမ့်မယ်ဗျာ၊ ဘုရှ်အစိုးရကို လူကြိုက်ဘယ်လောက်နည်းနေပြီဆိုတာမျိုးလေ။ ဒီစစ်တမ်းမှာကိုက ဒီမိုကရေစီရဲ့ အနှစ်သာရကို တွေ့လိုက်ရတယ်။ ဘာလဲဆိုတော့ လူထုစစ်တမ်းက ညွှန်းတာက ဘုရှ်အစိုးရကိုတဲ့…. နိုင်ငံရေးစနစ်ကို မဟုတ်ဘူး။ အစိုးရနဲ့ နိုင်ငံရေးစနစ်ကို ခွဲမြင်တာ၊ ဒီအစိုးရကို မကြိုက်ဘူးဆိုတာကို ဒီနိုင်ငံရေးစနစ်နဲ့ ဖော်ပြပြီး ဒီနိုင်ငံရေး စနစ်နဲ့ ဖယ်ရှားချင်တာလေ။ ဘယ်လောက်ကောင်းတဲ့ စနစ်လဲ။ နောက်ပြီး အင်မတန်ရှင်းလင်းတဲ့ အချက်က ကိုယ်မကြိုက်တာကို မကြိုက်ဘူးလို့ ပြောခွင့်ရတာ။ ကိုပေါဘလော့မှာလိုပေါ့။ တချို့က စစ်တမ်းကောက်ပြီး မကြိုက်ကြောင်းပြတယ်။ တချို့ကတော့ ဖိနိပ်နဲ့ ပေါက်တယ်ပေါ့ဗျာ။ တော်ပြီဗျ၊ နောက်မှ ဆက်ရေးမယ်။
ရဲရင့်
ရည်ညွှန်း၊ On Democracy by Robert Dahl

19 comments:
သူကမဆက်တာလား ကိုပေါက မဆက်တာလား။
ဘာပဲဖြစ်ဖြစ် မြန်မြန်ဆက်ပါ။
ခုတလော ဘယ် blog သွားသွား အဆက် ဆိုတာချည်းပဲ။
ကျွန်မ တစ်ယောက်ရေးရင် လုံလောက်ပါပြီ
:)
well Paw, frankly speaking, i like his letter.. its good, deep and sharp..
well Paw, as he says, we can only creat a 'democracy system' according to 'democractic principles' that we have.
so we'll have 'burmese democracy'. how effective and how good 'burmese democracy' all depends on the people.
democracy won't build people character. people will build democracy character.
တော်တော်ကောင်းပါတယ်
အသံတွေ ဘယ်လိုထွက်လာအုံးမလဲ စောင့်ကြည့်လိုက်အုံးမယ်
အားလုံးလို့တော့မဆိုပါဘူး သဘောပေါက်ချင်ချင်ဖြစ်နေသူများ အတွက် သဘောတရားခိုင်မာသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်
that's really good. wait n see how many people understand of democracy n how they react.
ကိုပေါရေ ...
ဒီစာလေး တော်တော်ကောင်းတယ်ဗျာ။
ကျွန်တော် ခံတွင်းတွေ့သွားတာလေးတွေ ကတော့ ...
ဖတ်တဲ့ပုဂ္ဂိုလ်တွေက သူတို့ရဲ့ အမြင်တွေကို သူတို့ရဲ့ အတွေးအခေါ် အဆင့်အတန်းအလိုက် ဝေဖန်ကြတယ် ......................
သတိချပ်စရာ တခုပဲရှိတယ်။ ကိုယ့်ရဲ့ အရေးအသားဟာ ကိုယ့်ရဲ့ ရည်ရွယ်ရင်းကို ရောက်ရဲ့လား .................
လူတိုင်းကို ဘယ်စနစ်ကမှ ယဉ်ကျေးအောင် မလုပ်နိုင်ဘူး။ ကိုယ့်ရဲ့ ဆင်ခြင်တုံတရားကသာ လုပ်နိုင်တယ် ..............
ကျန်းမာပါစေ။
ကိုပေါရဲ့ ဘလော့ဂ်ပရိတ်သတ်တစ်ဦး
Don't be a wrong side of the history! Dictatorship will fall eventually. Do a little bit of something against them every time you have a chance. Don't work for them. Tell people around you to fight back. We must fight for our freedom, our future.
First we need to get rid of the Army government for the best of the country. Under the military ruler, the country will get nowhere like people are sinking in the quick sand. With them you can only hope for the worst. It has proven almost 50 years already. We need to bring them down with our own hands. It's time again to start a country wide revolution like 88. Look out what happen in Iran right now. We can do it, be unite, be prepare.
I'm a true believer that only the people revolution can change this government.
အခုလို ပြည်တွင်းက စာဖတ်ပရိတ်သတ် တယောက်အနေနဲ့ ဒီမိုကရေစီကို သုံးသပ်တင်ပြထားတာကို တွေ့ရလို့ သိပ်ပြီး ၀မ်းသာမိပါတယ်။ ဒီမိုကရေစီမှာ အားနည်းချက် မရှိမဟုတ်ဘူး ရှိပါတယ်။ ဘယ်လိုအားနည်းချက်လဲဆိုတော့ ဒီမိုကရေစီဆိုတာ လူအများစုရဲ့ ဆန္ဒကို လိုက်နာရတယ် ပြီးတော့ အနည်းစုရဲ့ ဆန္ဒကို အသိအမှတ်ပြု လေးစားပေးရပါတယ်။ ဒါပေယ့် တခါတလေမှာ အများစုက အနည်းစုဆန္ဒကို အသိအမှတ်မပြုပဲ လုပ်ချင်ရာ လုပ်တာ ရှိနိုင်ပါတယ်။ ဥပမာ ဘုရားလက်ထက်က ဒီမိုကရေစီကို ကျင့်သုံးတဲ့ ဝေသာလီ နိုင်ငံမှာ အင်မတန် ချောမမောလှပတဲ့ ကချေသည် အမ္မပါလီ (စာလုံးပေါင်းမှားနိုင်) ကို လူငယ်တွေထဲက သူရယူလို ငါရယူလိုနဲ့ ခိုက်ရန်ဖြစ်ကျလို့ သွေးထွက်သံယိုမှုတွေ သေကြေမှုတွေ အဖြစ်များလာတဲ့အခါမှာ ဝေသာလီ ပါလီမန်က အမ္မပါလီကို ပြည့်တန်ဆာအဖြစ် အသုံးပြုရန် ဆုံးဖြတ်ခဲ့လို့ အမ္မပါလီဟာ ပြည့်တန်ဆာ ဘ၀ကို ရောက်ခဲ့ရပါတယ်။ ဒါဟာ အများစုဆန္ဒနဲ့ လူပုဂ္ဂိုလ်တဦးကို ဘ၀ပျက်အောင် လုပ်လိုက်တာ ဖြစ်တဲ့အတွက် မိုကရေစီဆိုတဲ့ လူအများစုဆန္ဒရဲ့ အားနည်းချက်တခု ဖြစ်ပါတယ်။ အများစုကြီးက မကောင်းတဲ့ သဘောထားတွေ ရှိနေရင် အနည်းစုကို လစ်လျှူရှုမှုက များလာပြီး အသိအမှတ်မပြုတော့ပဲ လုပ်ချင်ရာ လုပ်ကြတာတွေ ခုခေတ်မှာလည်း ရှိနိုင်ပါတယ် ဥပမာ လူအနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ချုပ်ချယ်ကန့်သတ်ထားတာတွေ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီမိုကရေစီကို လိုချင်ရင် စည်းကမ်းရှိရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောတာ စည်းကမ်းမရှိရင် အများစုက လုပ်ချင်သလို လုပ်ပြီး အနည်းစုကို အုပ်စုလိုက် အနိုင်ကျင့်တာမျိုး ရှိနိုင်လို့ ဖြစ်တယ်။ ဒါပေမယ့် ဒီလို အခြေအနေတွေ မဖြစ်အောင် ထိန်းချုပ်နိုင်ဖို့အတွက် ဒီမိုကရေစီကို လူ့အခွင့်ရေးနဲ့ ဒွန်တွဲပြီး အသုံးပြုရတာ ဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေး ကြေညာစာတမ်းပါ အချက် ၃၀ ထဲမှာ လူတဦးချင်းစီ အတွက် (Civil and political rights) မတူကွဲပြားတဲ့ အုပ်စုမျိုးကွဲအုပ်စု တွေအတွက် (Economic, Social and cultural rights) တွေ ကို အာမခံချက်ဏ္ဍေသေးသိမ်နေတဲ့ အခွင့်အရေးတွေကို နောက်ထပ် Protocol လို့ခေါ်တဲ့ သဘောတူညီချက် စာချုပ်တွေနဲ့ အမျိုးသမီး၊ ကလေး၊ ဌာနေတိုင်းရင်းသား စသည်တို့အတွက် အာမခံချက်ပေးထားတာ ရှိပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီကို ကျင့်သုံးပြီး လူ့အခွင့်ရေးကိုလည်း လိုက်နာမယ်ဆိုရင် ဝေသာလီနိုင်ငံက အမ္မပါလီလို အဖြစ်မျိုး ဖြစ်စရာ အကြောင်း ရှိမှာမဟုတ်ဘူး။ ကျွန်မဆိုလိုချင်တာက ဒီမိုကရေစီဟာ ခုနက ပြောသလို အားနည်းချက်တွေ ရှိနိုင်ပေမယ့် လက်ရှိအခြေအနေမှာ ဒီမိုကရေစီထက် ကောင်းတဲ့စနစ်ကို ကမ္ဘာမှာ ဘယ်သူမှ မညွန်ပြနိုင်သေးပါဘူး။ အများစုကြောင့် အားလုံးသဘောတူညီမှုနဲ့ တိုင်းပြည်ကြီး ဒုက္ခရောက်ရတယ် ဆိုရင်တောင်မှ ကိုလုပ်လို့ ကိုယ်ခံရတာ ဖြစ်တဲ့အတွက် အခုလို အနည်းစု စစ်အုပ်စုကြောင့် တနိုင်ငံလုံး ဒုက္ခရောက်နေရတာနဲ့ စာရင်တော့ အများကြီး ဖြေသာပါနိုင်ဖွယ် ရှိပါသေးတယ်။ ဒါပေမယ့် ဒီမိုကရေစီ ရရှိပြီးတဲ့အခါကျရင်လည်း တကယ်လို့ စစ်တပ်အုပ်ချုပ်တာက ပိုကောင်းတယ် ထင်နေတဲ့ သဘောထားတွေကိုလည်း လက်တွေ့ ကျင့်သုံးဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေမယ့် ကျွန်မတို့က သူတို့ရဲ့ အမြင်ကို အသိအမှတ်ပြု နားထောင်ပေးရဦးမှာ ဖြစ်ပါတယ်။
( ကို ) အောင်ကိုကိုထိုက်ရေ.. မိတ်ဆွေကရော ဒီမိုကရေစီနဲ့ဒီမိုကရေစီရဲ့အလေ့အထတွေကိုယဉ်ပါးနေပြီလား၊
ကျင့်သုံးနေပြီလား၊ နောက်ပြီးတော်တော်သဘောပေါက်
နေပြီလား??? သိချင်စမ်းပါဘိ..။
ဟိုက်ရှားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး............။ ကော်မန်.တွေဖတ်ကြည့်မိသလောက်တော့ တကယ့်ကို ကိုယ့်ကိုယ်ကို ဘဝင်လေဟပ်နေတဲ့ကောင်တွေ ၊ ကောင်မတွေချည့်ပါဘဲလား ။ လုံးဝကို စိတ်ပျက်စရာကောင်တွေ ၊ ကောင်မတွေပါဘဲကွာ ။
လုပ်တော့မယ်..တရားနာကောင်းတော့မယ်ဆိုရင်
ခွေးကအူပြီ..
ကြေးစည်သံကြားရင် ခွေးအူတာသဘာဝဘဲ ဘယ်ခွေးတွေအူဦးမလဲ စောင့်ရဦးမယ်
Although it doesn't directly concern with your post but I believe Democracy will not gain without having a freedom first. I'd like to highlight what is happening in Iran demonstration for us to learn some lessons.
Technology can be a great force behind revolution that tyranny has a difficult time defending against
Students and demonstrators pass news and organize themselves by using twitter.
http://search.twitter.com/search?q=%23Iranelection
Her is YouTube video how an innocent girl shot death in the street.
More video on this site. http://mashable.com/2009/06/20/iran-youtube/
Here are some interesting discussion I came across on social media.
"Iranians are fighting to have their voices listened to. The guy they are supporting isn't all that great either, if you look into his past. A fight for a free Iran will play out another day. This fight is simply to be heard.
This is the key point! They are not free to speak, they are not free to say NO and for this reason they are not be heard!
If they were heard they would be free. I'd rather focus on what they want, rather than pushing American values, though. Freedom is gained step by step. Heck, even here in the United States we aren't completely free and aren't completely being listened to. Just try to get a gay marriage, for instance."
.......သဘောပေါက်ချင်ချင်ဖြစ်နေသူများ အတွက် .........
""" ကိုယ့်ရဲ့ အရေးအသားဟာ ကိုယ့်ရဲ့ ရည်ရွယ်ရင်းကို ရောက်ရဲ့လား ................."
No way...
...ဒါပေမယ့် ဒီမိုကရေစီ ရရှိပြီးတဲ့အခါကျရင်လည်း တကယ်လို့ စစ်တပ်အုပ်ချုပ်တာက ပိုကောင်းတယ် ထင်နေတဲ့ သဘောထားတွေကိုလည်း လက်တွေ့ ကျင့်သုံးဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေမယ့် ကျွန်မတို့က သူတို့ရဲ့ အမြင်ကို အသိအမှတ်ပြု နားထောင်ပေးရဦးမှာ ဖြစ်ပါတယ်။...
Who are U..?
တကယ့်ကို ကိုယ့်ကိုယ်ကို ဘဝင်လေဟပ်နေတဲ့.... သူ ချည့်ပါဘဲလား ။ .....
လုံးဝကို စိတ်ပျက်စရာ.......
Hi.
I really appreciate this letter of Myanmar People Inside staying Myanmar....
He's so insightful and so humane..
Very different from this blog-owner & some people of away from myanmar, enjoying-staying-spoiling attitude at foreign country..
wouldn't surprise if the gentleman who wrote the letter brought up and studied in oversea bt now he isn't that so surprise to me. salute n appreciate on his knowledge n explanation, hey..guy pretty good. unfortunately it has no chance to share and educate the such kind of good view to our people as no media freedom under SPDC as long as holding the power.
Ko paw,
Thanks for sharing his letter. We are so glad to learn about that , analyse of "Democracy" by one myanmar generation is very deep and sharp.
Hope that so many people can understand of "DEMOCRACY".
ဘ၀င်လေဟပ်နေတယ် ပြောတဲ့ အမည်မဖေါ်လိုသူအတွက်
ဘ၀င်လေဟပ်နေတယ်ဆိုတာ ဘယ်အချက်ကို ဆိုလိုလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ပြန်ဆွေးနွေးပေးပါ။ ကျွန်မဆွေးနွေးတဲ့အထဲမှာ မထင်မှတ်ပဲ ပါသွားပြီး ရှင်ထောက်ပြလို့ သတိထားမိရင် ရှင့်ကို လေးစားသောသဘောနဲ့ ကျွန်မ အဲဒီစကားကို ပြန်ရုပ်သိမ်းပေးမယ်။ လူတိုင်း ဘယ်သူမှ အမှားမကင်းပါဘူး။ ဒါပေမယ့် အများစုရဲ့ ဆန္ဒကို လိုက်နာခြင်းနှင့် အနည်းစုရဲ့ ဆန္ဒကို လေးစားပေးခြင်း ဆိုတဲ့အချက်ကိုတော့ ဒီမိုကရေစီဆိုတာ ဒါပဲ ဖြစ်လို့ ရှင်ဘယ်လိုမှ ကန့်ကွက်လို့၊ ငြင်းလို့ ရမှာမဟုတ်ဘူး။ လူတယောက်ရဲ့ ယုံကြည်မှုဟာ အများအတွက် အန္တရယ် ဖြစ်နေရင် အဲဒီ သူယုံကြည်မှုကို လက်တွေ့ ကျင့်သုံးလို့မရအောင် ဥပဒေတွေနဲ့ တားမြစ်လို့ပဲ ရတယ်။ သူယုံကြည်နေတဲ့ ယုံကြည်မှုဟာ ကိုယ့်အတွက်မမှန်ပေမယ့် သူ့အတွက် သူမှန်တယ်ထင်လို့ ယုံကြည်နေတာကို ဘယ်သူမှ တားဆီးပိတ်ပင်လို့မရနိုင်ဘူး။ တနေ့ သူ့အလိုလို သိရှိနားလည်လာလို့ သူ့ဖါသာသူ စွန့်သွားမှပဲ ဖြစ်တယ်။ ဥပမာ ကျွန်မကို ဘာသာခြား အစွန်းရောက်တွေက ဖမ်းပြီး ဘုရားရှိခိုးရင် သတ်မယ်လို့ တားဖြစ်ထားရင် သေမှာကြောက်လို့ ကျွန်မ ဘုရားမရှိခိုးပဲ နေရင်နေမယ်။ ကျွန်မ စိတ်ထဲမှာ ယုံကြည်နေတဲ့ သဒ္ဒါတရားကိုတော့ ဘယ်သူမှ တားလို့ရမှာ မဟုတ်ဘူး။ ဒီအတိုင်းပဲ စစ်တပ်ကိုပဲ ယုံကြည်ယုံကြည် ဘာကိုပဲ ယုံကြည်ယုံကြည် လူတယောက်ရဲ့ ယုံကြည်မှုကို အတင်အကြပ် တားဆီးပိတ်ပင်လို့ မရဘူး ဒါကြောင့်မို့ အသိအမှတ်ပြုပေးရပါတယ်။ အများကို မထိခိုက်ရင် ကျင့်သုံးပိုင်ခွင့်ကို ပေးရတယ်။ ထိခိုက်ရင်တော့ ကျင့်သုံးလို့ မရအောင် ဥပဒေနဲ့ တားရပါတယ်။ ဒါပေမယ့် ယုံကြည်နေတာကို ဘာမှလုပ်လို့မရဘူး။ အမည်မဖေါ်လိုသူက ဒီမိုကရေစီ သဘောတရားကို လက်ခံတဲ့သူဆိုရင် ဒီအချက်ကို ဘာမှ ငြင်းချက်ထုတ်စရာ မရှိဘူးလို့ ကျွန်မထင်တယ်။ ဒါကြောင့်မို့ အမည်မဖေါ်လိုသူရေ ရှင်ဆွေးနွေးချင်ရင် ရှင့်အမြင်ကို ဘာကြောင့် ဒီလိုမြင်တယ်ဆိုတာ ယဉ်ယဉ်ကျေကျေးလေး ဆွေးနွေးပါ။ ရှင့်အမြင်က ကျွန်မအမြင်နဲ့ ကွဲလွဲနေရင်တောင်မှ အသိအမှတ်ပြုပါတယ်။ ဒီမိုကရေစီဆိုတာ ကွဲလွဲမှုကို လက်ခံခြင်း ဖြစ်တယ်။ ကိုယ်က ဘာမှမဆွေးနွေးပဲနဲ့ ယုတ်ညံ့တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ခေါ်ဝေါ်တဲ့ ကောင်၊ ကောင်မတွေနဲ့ ခိုင်းနှိုင်းပြောတာ မြန်မာလူမျိုး တယောက်အနေနဲ့ သိပ်ရိုင်းပါတယ်၊ မသုံးသင့်ဘူးလို့ ကျွန်မ ရှင့်ကို သတိပေးချင်တယ်။
With kind regard
Ko Paw,
My comment for the first time to you and your friend who share his belief on democracy.
It's really great and such a different.Please pass my respect and regard to his letter to us.
Practically we badly needs that kind of radicalism.
Would you please urge him to continue his sharings.
I believe their forces will change our country. I just think about myself, we need competence to be a part of them.
YINT THWE NI
Post a Comment