စင်္ကာပူမှာ မြန်မာဦးရေဟာ အရင်ကထက် သိသိသာသာ တိုးတက်များပြားလာတယ်။ သွားလေရာမှာ မြန်မာလို ပြောသံဆိုသံတွေ ကြားရတယ်။
သွားရင်းလာရင်း ကိုယ့်ဘေးပတ်ဝန်းကျင်မှာ မြန်မာစကားပြောသံတွေ ကြားရတဲ့အခါ အထူးတလည် ဂရုစိုက်နားထောင်တာ မဟုတ်ပေမယ့်လည်း ကိုယ့်ဘာသာစကားနဲ့ ပြောနေကြတာဆိုတော့ သူ့အလိုအလျောက် ကိုယ့်နားထဲကို တိုးဝင်လာတော့တာပေါ့။
အဲဒီမှာ သတိထားမိတာ တခုရှိတယ်။
မြန်မာတွေ စကားပြောတာနဲ့ ကြုံတဲ့အခါ ဆယ်ကြိမ်မှာ ရှစ်ကြိမ်လောက်က အရေမရ အဖတ်မရတွေ ပြောနေကြတာပဲတွေ့ရတယ်။ တကယ်ပါ။ သွားရင်းလာရင်း မိုဘိုင်းလ်ဖုန်းပြောနေသံများကြားရင် ကိစ္စတခုကို အလေးအနက် ပြောနေတာမျိုး ကြားရခဲတယ်။ ရထားပေါ်မှာ၊ ဘတ်စ်ကားပေါ်မှာ မြန်မာအုပ်စုနဲ့ တိုးမိရင် ဘာမဟုတ်တဲ့အကြောင်းတွေကိုပြောပြီး တသောသော ရယ်နေကြတာကိုပဲ အမြဲလိုလို တွေ့ရတယ်။ (ကျနော်တို့ကိုယ်တိုင်လည်း လုပ်တတ်ပါတယ်။)
တချို့ကလည်း တကယ်ကို ပျော်ရွှင်နေလို့ လှိုက်လှိုက်လှဲလှဲ ရယ်မောကြတာပါ။ တချို့ကျတော့ ဘာရယ်စရာမှမပါဘဲနဲ့လည်း ပေါ့ပျက်ပျက်တွေ တောင်စဉ်ရေမရ လျှောက်ပြောပြီး အကြောင်းမရှိ တဟဲဟဲ ရယ်နေတာမျိုးတွေပေါ့။ တခါတလေကျတော့ အဲသည်တောင်စဉ်ရေမရတွေဟာ သည်းမခံနိုင်လောက်အောင် နားဆင်းရဲရတာမျိုးတွေ ရှိပါတယ်။ လူမျိုးခြားထဲမှာရော ဒါမျိုးမရှိဘူးလားဆိုတော့ ရှိတော့ရှိတယ်။ ရှားတယ်ပေါ့လေ။
နောက်တမျိုးကတော့ တချို့မြန်မာတွေ တချိန်လုံးရယ်နေတာ။ ကျနော့်အသိထဲမှာ မြန်မာမိန်းကလေးတယောက်ရှိတယ်။ လူမြင်တာနဲ့ သွားအဖွေးသားနဲ့ ရယ်ပြတော့တာပါ၊ ပြုံးပြတာမဟုတ်ဘူးနော်။ ရယ်တာ။ သူက စကားပြောရင်လည်း ရယ်ပြီး ပြောတယ်။ နားထောင်ရင်လည်း ရယ်ပြီး နားထောင်တယ်။ ရယ်တာမှ နည်းနည်းနောနော ရယ်တာမျိုးမဟုတ်။ မျက်စိပေါက်တွေ ပိတ်တဲ့အထိ ရယ်နေတတ်တာမျိုး။ မြို့ပတ်ရထားပေါ်မှာ သူနဲ့ဆုံလို့ စကားပြောကြရင် ကျနော့်မှာ စိတ်မသက်မသာဖြစ်ရတယ်။ ဘာကြောင့်လဲဆိုတော့ သူက တချိန်လုံး ရယ်နေလို့ပေါ့။ ကြည့်ရတာ… သူငယ်ငယ်က “လူချစ်လူခင်များချင်ရင် ရယ်ပြပါ” ဆိုတဲ့ ဆုံးမစကားကို နားဝင်ခဲ့ဟန်တူတယ်။
နောက်တခါ… မြန်မာဘလော့ဂ်တွေ ပေါ်လာပြန်တော့ ဘလော့ဂါအများစုက ဟာဒယရွှင်ဆေးတိုက်ကျွေးဖို့ အားသန်ကြပုံရတယ်။ တချို့က ဟာသကို ဇောက်ချ ရေးသလို၊ တချို့ကလည်း ကျိုးကြားကျိုးကြား ရေးကြတယ်။
ဘလော့ဂ်ဖတ်သူအများစုကလည်း ရယ်ဖို့ မောင်းတင်ပြီး လာဖတ်ကြပုံရတယ်။
ကွန်မင့်ကဏ္ဍတွေမှာ တချက်လောက် လိုက်ဖတ်ကြည့်ပါ။
“ရယ်ရလွန်းလို့ ပါးစပ်ကြီး ဟပြီး ပြန်သွားပါတယ်”
“ပါးစပ်ကြီး ဖွင့်ပြီး ရယ်နေမိတယ်”
“ပါးစပ်ကြီး မစေ့နိုင်ဘဲ ဖတ်သွားတယ်”
“မျက်ရည်များထွက်အောင် ရယ်သွားပါတယ်”
“ဖတ်ရင်း အူနှိပ်နေရတယ်” စတဲ့ ကွန်မင့်မျိုးတွေ တွေ့ရမယ်။
မဲလ်ဘုန်းမှာ ကျောင်းတက်တဲ့ စိုးထက်ဆိုတဲ့ ဘလော့ဂါဆိုရင် လူတကာသတိထားမိလောက်အောင် ဘလော့ဂ်တိုင်းလိုလိုမှာ ရယ်နေတဲ့ သင်္ကေတလေးသက်သက် ၀င်ကွန်မင့်တတ်သေးတယ်။
ခေတ်အဆက်ဆက် မြန်မာစာပေမှာ ရယ်စရာဟာသစာပေက ရှေ့တန်းကပြေးနေတာတွေ၊ ဗီဒီယိုတွေမှာ ဟာသဇာတ်လမ်းက များနေတာတွေမှာ နအဖစိစစ်ရေးရဲ့ ပယောဂမကင်းသလို ကျနော်တို့ လူမျိုးရဲ့ ဟာသအပေါ် အလွန်အမင်း စွဲလန်းမက်မောမှုကလည်း အဓိက အကြောင်းတခုဖြစ်နိုင်ပါတယ်။
နောက်ဆုံးတော့ ကောက်ချက်ချမိလိုက်ပါတယ်။ သြော်… ငါတို့ မြန်မာလူမျိုးဟာ တယ်လဲ ရယ်မောချင်တဲ့ လူမျိုးပါလားလို့လေ။ ဒါဆို.... ရယ်တာပဲဗျာ၊ ငိုတာထက်တော့ မကောင်းပေဘူးလားလို့ မေးစရာရှိလာတယ်။
ဒီမေးခွန်းနဲ့ပတ်သက်လို့ ဒီလောက်ရယ်ချင်တဲ့ လူမျိုးမှာမှ ငိုချင်စရာဒုက္ခတွေ တလှေကြီး တွေ့ကြုံနေရတာကိုလည်း သတိမပြုဘဲ မနေနိုင်အောင်ပါပဲ။ ဆရာအောင်သင်းပြောတဲ့ “ရယ်စရာ မောစရာ” ဆိုတဲ့ စကားသွားသတိရမိတယ်။ ဆရာက “ရယ်စရာနောက်မှာ မောစရာ” အမြဲလိုက်လေ့ရှိသတဲ့။
အခုလည်းဖြစ်နေပုံက မြန်မာတွေဟာ လက်တွေ့ဘ၀မှာ ရင်မောစရာအဖြစ်အပျက်တွေနဲ့ ကြုံလွန်းလို့များ ရယ်မောစရာတွေကို ထွက်ပေါက်အနေနဲ့ သဘောထားပြီး တမင်သက်သက် ရှာဖွေရယ်မောချင်နေကြတာလား။ ဒါမှမဟုတ် ရယ်စရာတွေချည်းပဲ တွေးရင်းတောရင်း၊ ရယ်ရင်းမောရင်းနဲ့ လေးနက်တဲ့အကြောင်းအရာတွေကို တွေးကြံ၊ပြောဆို၊ပြုမူဖို့ မေ့လျော့သွားလေတာများလား။
“ထောင်တန်သောစကား ရယ်ပေါ့ ” ဆိုတဲ့ စကားလို အလေးအနက်ထားရမယ့် ကိစ္စတွေမှာလည်း ရယ်မောလိုက်ရုံနဲ့ ကျေနပ်သွားကြတဲ့ ကိုယ့်လူမျိုးကိုပဲ ဂရုဏာဒေါသောနဲ့ အပြစ်ဖို့ရမလား။
ဒါမှမဟုတ် “ရယ်သောသူအသက်ရှည်၏” ဆိုတဲ့အတိုင်း ဘ၀ကို ရယ်ရယ်မောမော ကျော်ဖြတ်နေနိုင်ကြတာကိုပဲ မုဒိတာ ပွားရမလား။
အေးလေ…. ရယ်တော့လည်း ရယ်ကြတာပေါ့။ လောကကြီးရဲ့ ကမောက်ကမ အဆီအငေါ်မတည့်မှုတွေကို ပင်ကိုယ်ဟာသဓါတ်ခံနဲ့ မြင်နိုင်၊ ရယ်မောနိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့။
ဒီလိုမဟုတ်ဘဲ မွန်းကြပ်မှုတွေ၊ မပြေလည်မှုတွေကနေ ခဏတဖြုတ်ထွက်ပြေးလွတ်မြောက်ချင်လို့ ဟာသကို မှီဝဲတာဆိုရင် အဲဒီ ရယ်ခြင်းမျိုးက ကျန်းမာရေးနဲ့ မညီဘဲ ကြာရင် ဆေးစွဲသလို စွဲလာနိုင်တယ်။ ရယ်စရာတွေ ရုတ်တရက်ပြတ်လပ်သွားပြီး လက်တွေ့လောကက အဆင်မပြေမှုတွေနဲ့သာ ကြုံတွေ့ရတဲ့အခါ ကိုယ်ခံအား နည်းလာနိုင်တယ်။
သင်ဟာ နေ့နေ့ညည ရယ်စရာတွေကို ဘလော့ဂ်တကာမှာ လိုက်ရှာဖတ်ရမှ စိတ်အဆာပြေတယ်၊ ဘလော့ဂ်ပို့စ်တွေထဲမှာ ရယ်စရာမပါရင် ကွန်မင့်တွေထဲက ရယ်စရာကို လိုက်ရှာဖတ်မယ်။ ကွန်မင့်တွေထဲမှာမတွေ့ရင် စီဘောက်စ်တွေထဲက ရယ်စရာကို လိုက်ရှာဖတ်မယ်။ ရယ်စရာမတွေ့ရင် ကတုန်ကယင်ကြီး ခံစားရမယ်။
မနက်မိုးလင်းရင် ဘလော့ဂ်တွေထဲဝင်ပြီး ရယ်စရာလေး တပက်လောက် ချလိုက်မှ နေသာထိုင်သာရှိသွားတယ်ဆိုရင် သင် ရယ်စရာရဲ့ သားကောင်ဖြစ်နေပြီ။
“Laughter is the best medicine” ဆိုပေမယ့်လည်း နေရာတကာ အလွန်အကျွံတော့ မကောင်းဘူးလို့ ယူဆမိပါတယ်။
ကာတွန်းဆရာတယောက်ရေးသလို…… အပြစ်ကင်းစွာ ရယ်မောနိုင်ကြပါစေ…. လို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။

39 comments:
ကိုပေါ.. ဖတ်ပြီး မရယ်သွားပါဘူး.. ပြုံးသွားတယ်။ အဲ မထိန်းနိုင်ဘူး ရယ်လိုက်မိတယ်..။ ဟီဟီ (အဲ)
အင်း စပြောမဲ့လူရှိတော့လည်း ကောင်းပါ့။
သူများနိုင်ငံ စာအုပ်စာပေ ရှားပါးခိုက် သတင်းတို့ ဟိုသည်သိဖို့ ဘလော့ဝင်ပြီး ၁နာရီစ ၂နာရီစ ၁နေ့ကို ကောင်းကောင်းပေးချင်မိတဲ့အခါမျိုးဆို ပေါပေါတွေနှင့်ကြုံလျှင် ပိုဆိုးပါသေးရဲ့...။
ကိုပေါရေးတာ ဖတ်လို့တော့ကောင်းသည်။
(ထောက်ခံသည်လည်း မဟုတ် မထောက်ခံသည်လည်းမဟုတ် ကြုံကြုံနေရတာကို ၀င်ရေးသွားသည်။)
Biz as Usual ko paw . :-) :-) :-)
အင်း.. ကိုပေါကို လမ်းမှာတွေ့ ရင် ပြုံးပြီးတောင် နှုတ်မဆက်ရဲတော့ဘူး.. မျက်စိပေါက်ကို ကြည့်ပြီး ပြုံးတာကို ရယ်တာနဲ့  မှားသွားမှာ စိုးရိမ်တယ်လေ..
မြန်မာလူမျိုး တင်တော့ မဟုတ်ဘူး ထင်ပါတယ်။ လူမျိုးခြားတွေနဲ့ စကားပြောတော့လည်း အရွှန်းမဖောက်ရင် ကြာကြာနေတော့ ပြောစရာစကား ရှားလာတတ်ပါတယ်။ နောက်လိုက် ပြောင်လိုက်မှပဲ ပိုရင်းနှီးတာမျိုးပေါ့။ Dale Carnagie ကလည်း မိတ်ဆွေ အပေါင်းအသင်း ပေါချင်ရင် ပြုံးပါလို့ ဆိုထားတယ် မဟုတ်လား။ အစည်းအဝေးခန်းထဲမှာ ရယ်စရာ အမြဲ ပြောနေဖို့ မသင့်ပေမယ့် အရက်ဘားမှာတော့ ရယ်စရာ ပြောနေရတာ မဆိုးလှပါဘူး။ ကာလံ ဒေသံ ပေါ့။
ပြောဖို့ ကျန်သွားတယ်။ လူတစ်ယောက် ရယ်နေတာကို ကြည့်ရတာ မဲ့နေတာထက်စာရင်တော့ ဘယ်လိုပဲ ဖြစ်ဖြစ် ပိုပြီး ကြည့်လို့ကောင်းပါတယ်။ :D :) :P
ရယ်စရာကိုမှ ရှာဖတ်တာမဟုတ်သော်လည်း
ရယ်စရာတွေ့ရင် တော်တော်ပျော်တဲ့ စာဖတ်သူပါ...။
သူတပါးကိုလည်း အစ၊ အနောက်သန်ပြီး ရယ်စရာ အဖြစ်အပျက်တစ်ခုခုဆို ခေါင်းထဲ အကြာကြီး ရောက်နေတတ်တယ်။ ပြန်ပြန်တွေးပြီး ပြုံးမိတတ်တယ်။
ရင်မောစရာအဖြစ်အပျက်မရှိပေမယ့် ငယ်ငယ်ကတည်းက အဲလိုပုံစံဖြစ်နေခဲ့တာ..။
** ဘယ်သူမှ ရိုက်မစစ်ပဲ တစ်ဖက်သတ်ဝန်ခံသွားပါသည်။
ပုံ/ အမည်မဖော်လိုသူ
SDL
ဘာပြောရမှန်းတောင်မသိတော့ဘူး .. သူ့နေရာနဲ့သူပေါ့ .. အမြဲတမ်းရီစရာလုပ်ရင်လည်း လူမလေးစာသလို အမြဲကြီး တည်တဲ့ထားရင်လည်း အပေါင်းအသင်းနည်းနိုင်တယ်ထင်ပါတယ် .. အခြေအနေနဲ့ အချိန်အခါအလိုက် လိုက်လျောညီထွေနေသင့်တယ်ထင်ပါတယ် ..း)(ဒါလေးကတော့း)ခင်မင်မှုအထိန်းအမှတ်အဖြစ်သုံးနေကျမို့ ပြုံးပြသွားပါတယ် .. )
:) > :(
ဆြာပေါ".. ကျွန်ုပ်တို့ နိုင်ငံခေါင်းဆောင်များဟု မိမိကိုယ်ကို ခံယူထားသူများလည်း ရုပ်တည်ကြီးများနဲ့ ရီစရာတွေ ပြောကြပါ၏။
ရယ်တာလေးတခုတော့၊ခွင့်ပြုပါ၊ပေါရယ်။
ြmrt ပေါ်မှာ ရီကြတာပဲကွယ်..ရီကြပါစေလား.. ထွေရာလေးပါးစကားဆိုတာလဲ ကိုယ့်လူမျိုးချင်း ဘာသာစကားအခက်အခဲမရှိမှ ပြောလို့အားရတာမလား..
နာမည်နှင့်လိုက်အောင်ပေါပါပေတယ် :)
ကိုပေါရေ ... ငိုနေတာ မဲ့နေတာ နဲ့စာရင်တော့ ပြုံး ရယ်နေတာက ပိုကောင်းသလားလို့ ... ။
ဟာသဉာဏ်ဆိုတာကလဲ လူတိုင်းမရှိနိုင်သလို ဟာသရေးတတ်ဖို့ကလဲ ပိုခက်တယ် ထင်တာပဲ။ (ကျမ အထင်ပြောတာပါ)
ငိုချင်စရာတွေ တလှေကြီးရှိတဲ့ ဒီလူမျိုးဟာ ငိုချင်စရာတွေနဲ့ စိတ်ဖိစီးပြီး စိတ်ညစ် စိတ်ဓာတ်ကျမနေဘဲ အမြဲတမ်း ရယ်နေနိုင်တာ ပိုကောင်းပါတယ်။
လုပ်ငန်းခွင်ထဲမှာ စာသင်ခန်းထဲမှာ အမြဲ tension ကြီးနဲ့ နေရတဲ့ ခံစားမှုကို ပေါ့ပါးသွားအောင် လမ်းမှာ သွားရင်းလာရင်း ရောက်တတ်ရာရာ ပြောဆို ရယ်မော နေကြတာနဲ့ တူပါရဲ့။
ရယ်ခြင်းနဲ့ ပတ်သက်ပြီး Psychology Today မှာ ခုလိုရေးထားတာ တွေ့ရပါတယ်။
Laughter reduces pain, increases job performance, connects people emotionally, and improves the flow of oxygen to the heart and brain.
ထောင်တန်တဲ့စကား ရယ်လိုက်လို့ ပေါ့သွားတာမျိုးကတော့ မကောင်းဘူးပေါ့။
ZT ပြောသလို ကာလံဒေသံနဲ့ ဆိုင်မယ် ထင်ပါတယ်။
ရီရတာကောင်းတာပေါ.
ကိုပေါရေ- စာတွေ စုဖတ်သွားကြောင်း။
ကိုပေါ ရဲ့ စာရေးခြင်း အတက်ကိုတော့..ချီးကျူးပါတယ်။
ဘာပဲပြောပြော.. ကျမတော့..ပြုံးလိုက်အုံးမယ်။း)
"လွတ်လပ်ခြင်းများနဲ့ လွတ်လပ်စွာရယ်မောနိုင်ကြပါစေ"
ကိုယ်တို့ ကတော့ လူတွေ့လိုက်ရင် အတည်ပေါက်ကြီး နဲ့ဆူပုပ်သိုးနေတာ မျိုးထက် ဖော်ဖော်ရွေရွေ ပြုံးပြုံးရျွှင်ရျွှင် ဆက်ဆံတာမျိုးပဲကြိုက်တယ်.......
လူတိုင်းလဲ ဒီလို ပဲနေမှာ ပါ
ကြည့်ရတာ ကိုယ်မပျော်နိုင်လို့ သူများတကာတွေ ပြုံးပျော် နေကြတာ ကို မုဒိတာ မပွား နိုင်တာ ဖြစ်ရမယ်.....
စိတ်ဓာတ်လေး ပြင်စေလို ....
:)
Laughter Is The Best Medicine!
ကိုပေါ ပြောသလို ရယ်နေတာတော့ ကောင်းတာပေါ့ မောစရာတွေကြုံနေရတဲ့ မြန်မာပြည်အကြောင်း ကတော့ ကိုယ်တစ်ယောက်ထဲရယ်နေရရုံနဲ့တော့ မကောင်းဘူးပေါ့
တို့ကတော့ ရီရတာ သဘောကျသူပါ။ ဟာသကိုလဲ နှစ်သက်တယ်။ ဒါပေမဲ့ ဟာသလုပ်တဲ့သူ ရေးတဲ့သူမှာလဲ ပါရမီရှိမှ ရေးနိုင်လုပ်နိုင်တာမျိုးပဲ။ မျက်နှာအမူအရာ မပါ စာနဲ့ ရေးတဲ့သူဆို ပိုခက်တယ် ထင်မိတယ်။ စာဖတ်ကြည့်ရင် သိသာပါတယ်။ တချို့ကျတော့လဲ မရီရဘူး။ ဇွတ်ပဲ။ အဲဒါဆိုရင်တော့ ကိုယ်ဖတ်ချင်ရာ ရွေးဖတ်ခွင့်ရှိနေတဲ့ ဘလော့ခေတ်ကြီးမှာ စာဖတ်သူက သူ့ဖာသာသူ ရွေးချယ်သွားကြတာပါ။ မခင်ဦးမေဆိုရင်တော့ တမျိုးပါ။ မမက ဟာသဥာဏ်လဲရှိတယ်၊ သူ့ကိုလဲ ဘာရေးရေး ချစ်ကြတယ်ဆိုတော့ မပြုံးဘဲကို မနေနိုင်အောင်ပဲ။
ကျမတို့ကျောင်းတက်တုန်းက လက်ကမ်းစာစောင်လေး တခု ကျောင်းသားတွေက လုပ်တယ်။ ကျောင်းသူတွေကို ချစ်စနိုးစ တဲ့ စာစောင်မျိုးပါ။ ကိုယ့်အချင်းချင်းပဲ သိတာမျိုး။ အစခံရတဲ့သူကလဲ ပျော်လို့ ပြုံးလို့။ နောက်တော့ ရေးနေကျလူ မဟုတ်ဘဲ တခြားတယောက်က ၀င်ရေးတယ်။ ပျက်ပါလေရော။ သူ့ဟာသလုပ်တာ ဆဲသလို ဖြစ်နေတာကိုး။ အချင်းချင်းလဲ စိတ်ဆိုးကြနဲ့။ ဖတ်ရတာ ပျော်စရာ မကောင်းတော့ဘူး။
ကိုပေါ ပြောသလို ရီစရာမှ မဟုတ်၊ ဘယ်အရာမှ အလွန်အကျွံမကောင်းတာ အမှန်ပါပဲ။
ဟေ့ဟေ့.. ကိုပေါဒီလိုတော့လဲမဟုတ်သေးဘူးလေ..
US မှာဒီထက်ဆိုးသေး..
လူမဲတွေများလမ်းဟိုဘက်ဒီဘက်ကို လှမ်းအော်နှုတ်ဆက်ပြီး အလကားအော်ရီနေကြတာကလား..ကလေးကျောင်းကြိုသွားရင်လည်းအဖြူမတွေစကားစုပြောပြီးအော်ရီနေတာအဝေးကတောင်ကြားရတယ်၊
ဘော်ဒါခြင်းတွေလို့ကတော့..လာထား ကျောင်းကအဖြူပါမောက္ခ်ကြီးတွေလည်းရီကြတာဘဲ..
ပြောရင်ပြောရင်ရီခြင်လာပြီ..
:D
ကိုပေါ က ..တဖြေးဖြေးနဲ့ ... သူ့ကိုယ်သူ .. ဆရာကြီးပုံ စံလုပ်နေတယ်...
ပြုံးတာ၊ ရယ်တာ မဲ့တာထက် တော်သေးတယ်လို့ အသန်း ကတော့ ထင်တာပဲ။
ပေါပေါလေးဆီမှာ မပြုံးမရယ်ပဲ မဲ့သွားတယ်ကွယ်။ :(((
''ဘူ''
အဲတော့....,
မဲ့လိုက်ကာမှ အီးပေါက်မိသွားတာ အကျယ်ကြီး။
မနေ့ညက ငပိသုတ်စားတာ များသွားလို့။
ကိုယ့်အနံတောင်ကိုယ် မခံနိုင်အောင် ပုပ်ဟောင်နံဆော် သွားတာပဲ။
Excuse me နော်။
ရှုလိုက်တော့ ကိုပေါရေ။ ပုပ်ဆော်နံတဲ့ အီးပေါက်တာ ကိုပေါကို လက်ဆောင်ပေးခဲ့ပြီး ပြန်ပါပြီ။
ပြုံးတာရယ်တာထက် ပိုတန်ဖိုးထားမယ် ထင်ပါရဲ့ရှင်။
မသန်းရွှေ
ကိုပေါရေ… ချိုချဉ်စပ်ခါး အရသာမျှတအောင် မှီဝဲတာက ပိုကောင်းသလိုပေါ့… အမြဲရယ်နေလဲ မကောင်းသလို အမြဲငိုနေလဲ မကောင်းဘူးနော်… ကျွန်မ အတွေ့ အကြုံအရ ပြောရရင် ရယ်စရာရေးရတာ အတော်ခက်ပါတယ်… ကျွန်မအတော်ကို မကျွမ်းကျင်တဲ့ အလုပ်မို့  ရေးတတ်သူတွေကို အားကျမိတယ်… ကျွန်မကတော့ ဘလော့ဂ်တွေ လိုက်ဖတ်လို့  ပူတာတွေ သိပ်များနေတာတွေ့ ရင် စာဖတ်သူတွေ အနားလေးရစေတော့လို့  ပေါ့ပေါ့ပါးပါးလေးတွေ ဖန်တီးမိပါတယ်… အရင် ကျွန်မမှာ ဘလော့ဂ်မရှိခင် စာဖတ်သူဘ၀က ခံစားချက်နဲ့  ကိုယ်ချင်းစာမိလို့ ပါ… စာဖတ်သူကို တခုခုလေး ပေးလိုက်ချင်တဲ့ အထဲမှာ လေးနက်တဲ့အတွေးအခေါ်တွေလဲ ပါသင့်သလို ပျော်ရွှင်ကြည်နူးမှုကလဲ တခု အပါအ၀င်ပဲ ဖြစ်သင့်တယ် မိုလား… ကိုပေါရေ… ဒီပို့ စ်လေး ဖတ်ပြီး တခုတွေးမိတယ်… မြန်မာတွေကပဲ သိပ်ရယ်နေကြတာလား… ကျွန်မတို့ ရောက်နေတဲ့ နိုင်ငံကိုက အရယ်အပြုံးနဲတဲ့နိုင်ငံမို့  မြန်မာတွေရယ်တာ သိသာထင်ရှားနေတာလားလို့ …
စိတ်ချမ်းသာနေ ၊ ပျော်ပျော်နေနိုင်မှ ရီနိုင်မှာ ။ ရီ ပြုံးနေတဲ့လူက တည်နေ ၊ မဲ့နေတဲ့ လူထက်စာရင် ပိုပြီးတော့ ကြည့်လို့ကောင်းပါတယ် ။ သူ့ပတ်ဝန်းကျင်ကလူတွေကိုလည်း အပြုံးတွေကူးစက်စေတယ် ။ သန့်ကတော့ ပျော်ပျော်ပဲ ။ မရယ် မပြုံးတဲ့နေ့ဆိုတာ မရှိသလောက်ဘဲ ။ Boss ကတောင်ပြောတယ် ။ she got a sweet smile တဲ့ ။ ဒီ post ကိုဖတ်ရင်းနဲ့တောင်မှ ရယ်နေမိသေးတယ် ။း)
အူနှိပ်နေအောင် မျက်ရည်များထွက်အောင်ဆိုပြီးဘလော့ခ်ဖတ်မလို့ဟာ ကိုပေါရဲ့ပိုစ့်ကိုဖတ်ပြီး ပါးစပ်ကြီး ဟကာ ပြန်သွားပါတယ်။
ကြည်
Haaa....!
u Know What...?
How Can He Laugh Happily...( like Others Myanmar People )..!
Bcoz He Got Ugly-Fat Face.. ( Like Than-Shwe )
Heeee..!
လာရောက်ဖတ်ရှုကာ ပေးသွားတဲ့ မှတ်ချက်တိုင်းအတွက် ကျေးဇူးတင်ပါတယ်။
မနေနေနိုင်ရဲ့ မှတ်ချက်ကို ဖတ်လိုက်ရတုန်းကတော့ မျက်စိထဲမှာပါ မြင်ယောင်မိပြီး တော်တော် ရယ်လိုက်ရတယ်။
သိပ္ပံနည်းကျ အထောက်အထားနဲ့ ဆွေးနွေးသွားတဲ့ ဆရာမ မေဓာဝီနဲ့တကွ ကျန်တဲ့ မိတ်ဆွေအပေါင်းကိုလည်း ထင်မြင်တဲ့အတိုင်း မှတ်ချက်ရေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မှန်ပါတယ်။ ယေဘူယျ အားဖြင့်တော့ ငိုနေတာ၊ မဲ့နေတာ၊ စူပုပ်နေတာထက် ရယ်မောနေတာ၊ ပြုံးနေတာကတော့ ပိုကောင်းပါတယ်။ ပကတိရိုးသားတဲ့ အပြုံးမျက်နှာဖြစ်ဖို့တော့ လိုတာပေါ့လေ။ သကာလိမ်းကျံထားတဲ့ အပြုံးမျိုး၊ ပေါ့ပျက်တဲ့အပြုံးမျိုးနဲ့ ဟန်ဆောင်ရယ်မောတာမျိုးဆိုရင်တော့ ကြောက်ဖို့ကောင်းတယ်။ ကိုအင်ဒီပြောသလို ရုပ်မာပေမယ့် မယုတ်မာရင် တော်ပါပြီ ဆိုသလိုပေါ့ဗျာ။
ပေါ်လီယာနာလို အမြဲတစေ အကောင်းမြင်တတ်ရင်လည်း စိတ်ညစ်နေတတ်သူတယောက်ထက်တော့ စိတ်ချမ်းသာရမှာပေါ့။
ဒါပေမယ့် ရယ်စရာမောစရာတွေနောက်မှာပဲ အမြဲတစေ သာယာမူးယစ်နေပြီး အလေးအနက်အာရုံထားသင့်တဲ့အရာတွေမှာ မေ့လျော့သွားရင် အကျိုးနည်းနိုင်တယ်ဆိုတဲ့သဘောကို တွေးမိမြင်မိတဲ့အလျောက် ရေးလိုက်တာပါ။
အပြစ်ကင်းစွာ ရယ်မောနိုင်ကြပါစေ….။
ကိုယ့်နာမည် ကိုပြန်ကြည့်အုံး
ခင်ဗျားကျ နာမည်ကိုကရယ်ချင်စရာ
ကိုပေါပြောချင်တဲ့စေတနာကိုနားလည်ပါတယ်
ဟုတ်တယ်ရီနေရုံနဲ့အားလုံးပြေလည်သွားရင်ကောင်း
မယ်နော်။
ရီစရာဆိုလဲထိတဲ့မိတဲ့ရီစရာမျိုးကမှစိတ်ထွက်ပေါက်ရတယ်
ဇ၀နရဲ့ကောလိပ်ကျောင်းသားမျိုး
နီကိုရဲရဲ့မကြည်ပြာနဲ့အကြည်တော်ရဲ့
လုပ်ရယ်တွေမတူသလိုပေါ့နော်။
သူများမမြင်မိတဲ့ရှုထောင့်တမျိုးကသုံးသပ်ပြ
လို့ကျေးဇူးတင်ပါတယ်။
ရုပ်ရှင်ကားတကားနာမည်သွားသတိရမိတယ်။
`ရယ်မနေနဲ့လွမ်းနေမယ်´တဲ့
မှန်၏. ဆက်ဆွေးနွေးလိုသော်လည်း..နောင်မှ.
http://bp1.blogger.com/_nkaVQFwYIAY/SIYD04Wu-wI/AAAAAAAAAVY/sL38o2dRL9I/s400/Happy+nation.bmp
read the comments below the picture.. :D :) :p
I noticed somethings.. Our bloggers are good at commenting on rival issues and daily life.
When it comes to serious affairs, no body has the courage to comment seriously.
Currently there are many issues going on within and outside our motherland which effect our life.
But there are not many serious debate for these issues.
While we are marching towards Democracy, we should also train ourselves to take these issues seriously and debate them seriously.
If we don't debate on these issues, who will debate for us?
We don't want Junta to control our life and we can't expect elected government to decide for us either. We have to decide ourselves and elected government will execute for us.
Among many other issues, I want to highlight these particular issues to you. Pls blog abt it. Debate abt. Pls.. for our future.
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=869:2009-03-23-11-44-29&catid=2:article&Itemid=30
http://www.mongloi.org/burmese/index.php?option=com_content&view=article&id=372:2009-03-23-07-48-56&catid=2008-08-03-15-56-21&Itemid=279
sorry .. i mean "trivial issues"
ကိုပေါကို လူမည်းတွေ အကြောင်းမဲ့ အော်ရီနေကြတာကို ပြချင်တယ်။ ခေါ်ပြီး ပါးနားရင် ဖြတ်ရိုက်ပြစ် လိုက်စမ်းပါဗျာ။ ပါးမရိုက်ချင်လည်း ဟေ့ရောင် နစ်ဂါ ရှက်သယ်ဖက်က်အပ် လို့ ပြောပေးပါလား။
To ငါ့အပေါ်က Anonymous: ရှက်သယ်ဖက်က်အပ်
To Tu Tu, this is so rude, better watch your language. I dont know who the anonymas is, but it doesn't matter. You dont get what he/she meant or you are just too superficial?? The comment made by anonymas may be irrelevant to ko paw's topic but I can see the intention is for our country's good.
Post a Comment