Jurong East ဘူတာကနေ IMM ကုန်တိုက်ကို လမ်းလျှောက်သွားရင် ဆယ်မိနစ်လောက် လျှောက်ရတယ်။
တရက် ရုံးဆင်းချိန်မှာ မဒမ်ပေါနဲ့ ချိန်းပြီး သွားကြတယ်။ မဒမ်ပေါက ကျနော့်လက်မောင်းတဖက်ကို သူ့လက်ချိတ်ပြီး သတို့သား၊ သတို့သမီး လျှောက်သလို ဘေးချင်းယှဉ်လျက် စိမ်ပြေနပြေ လျှောက်သွားကြတာပေါ့။ နှစ်ယောက်တည်းနဲ့ ပလက်ဖောင်းပြည့်တယ်။ နောက်လူ ကျော်တက်ဖို့ မစဉ်းစားနဲ့။
ဟိုးရှေ့ခပ်လှမ်းလှမ်းက မီးပွိုင့်မရောက်မီ လမ်းချိုးအကွေ့ လူကူးမျဉ်းကျားမှာ မိန်းကလေးတယောက် လမ်းကူးနေတယ်။ အသက် ၁၈ နှစ်နဲ့ ၂၀ ကြားလောက်လို့ ခန့်မှန်းမိတယ်။
ကောင်မလေးက ကျနော်တို့ဖက်ကို ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ပြုံးရင်း လက်လှမ်းပြတယ်။
သူမ ဘယ်သူလဲ ???!!!
ကျနော့်ခေါင်းထဲမှာ အပြေးအလွှား စဉ်းစားတယ်။ အဖြေမထွက်ဘူး။ မဒမ်ပေါကို အသာ အကဲခတ်လိုက်တော့လည်း သူ့ကို လက်ပြတာ မဟုတ်သလိုပဲ။ ခပ်တည်တည်ပဲ။ ကောင်မလေးခမြာမှာတော့ အသေအချာ ပြုံးကြည့်ပြီးတော့ အားပါးတရ လက်ပြ နှုတ်ဆက်နေဆဲ။
ဒါနဲ့ ကျနော့်စိတ်ထဲမှာ…. “သြော်…ငါက သူ့ကို မသိပေမယ့် သူကတော့ ငါ့ကို သိလို့ ဖြစ်မှာပေါ့လေ။ ငါက ဘလော့ဂ်ပေါ်မှာလည်း ဓါတ်ပုံတင်ထားဖူးတယ် မဟုတ်လား။ ဒီတော့ ငါ့ဘလော့ဂ်ကို လာဖတ်နေကျသူတွေထဲက တယောက်ဖြစ်မယ်ထင်တယ်။”….. လို့တွေးရင်း မဒမ်ပေါ လက်ချိတ်ထားတဲ့ကြားက ညာလက်ကို အသာမြှောက်ပြီး ပြန်လက်ပြလိုက်တယ်။
ကျနော်လည်း လက်ပြလိုက်ရော… စောစောက အားပါးတရ လက်ပြနေတဲ့ ကောင်မလေးဟာ ချာကနဲ မျက်နှာကို ရှေ့ပြန်လှည့်၊ ခေါင်းကလေးငုံ့ပြီး သုတ်သုတ် သုတ်သုတ်နဲ့ မီးပွိုင့်ကို ဖြတ်ကူးသွားတော့တယ်။ ကပျာကယာလျှောက်သွားလိုက်ပုံများ နောက်ကိုလည်း တချက်မှ လှည့်ကြည့်ဖော်တောင်မရတော့ဘူး။ လူမှားပြီး လက်ပြမိတာနဲ့တူတယ်။
ချက်ချင်းပဲ။ ဘေးနားက မဒမ်ပေါဆီက ခွက်ထိုးခွက်လန် ရယ်သံတွေ ထွက်လာတယ်။ ကျနော့်မှာတော့ မျက်နှာတွေရော၊ နားရွက်တွေရော၊ နှာခေါင်းတွေရော နီမြန်း ထူအမ်းလို့ပေါ့။ ပထမတော့ ကျနော်လည်း ရောယောင်ပြီး ရှက်ရယ် ရယ်မိတယ်။ ပါးစပ်ကလည်း ယောင်ပြီး လွှတ်ကနဲ တချက် ထွက်သွားသေးတယ်။
“ကိုကို့ ဘလော့ဂ်ကို လာဖတ်တဲ့ စာဖတ်သူ အောက်မေ့လို့”
အဲဒီမှာ ပိုဆိုးသွားတယ်။ မဒမ်ပေါက…
“ဟား…ဟား….ဟား…ဟား… ကိုယ့်ကိုယ်ကို ဆယ်လစ်ဘရစ်တီ ( Celebrity ) ထင်နေသပေါ့လေ…ဟိ..ဟိ…ဟိ..ဟိ”…………တဲ့။
ပြောရင်းနဲ့ တအိအိ ရယ်လိုက်တာဗျာ… သူ့မှာ ရယ်ရလွန်းပြီး မျက်ရည်တွေထွက်၊ ဒူးတွေဘာတွေ ညွတ်လို့။ တော်တော်ဆိုးတဲ့ မိန်းမ။ ကိုယ့်ယောက်ျားကို နည်းနည်းလေးမှ ထောက်ထားညှာတာဖော်မရဘူး။ မသကာ နည်းနည်းပါးပါး မသိချင်ယောင်ဆောင်ပါတော့လား။
အဲဒီနေ့ကစပြီး…. အပြင်မှာ မသိတဲ့လူတယောက်ယောက်က ပြုံးပြနှုတ်ဆက်နေတာတွေ့ရင် ကျနော့်မှာ ပြန်ပြုံးပြဖို့ နှစ်ခါပြန် စဉ်းစားရတယ်။

19 comments:
ဟား ..ဟား
ကောင်မလေး က ကိုပေါ ကို သိပေမဲ့ ဆက် နှုတ် မ ဆက် ရဲ လို့ ဖြစ် မယ်
အပြင်မှာ ကိုပေါကိုတွေ့ရင် ပြုံးလိုက်တည်လိုက် (၃)ခါလုပ်မယ်။ အမှတ်အသားပေါ့...။ အဲဒါဆို SDL လို့မှတ်ပြီး ပြန်ပြုံးပြပါရန်...။
ngapiy ….. ဝေးဝေးကပဲ နှုတ်ဆက်ရဲရှာတာနေမှာပေါ့။ အရှိန်အ၀ါကလည်း ကြီးသကိုး။
sin dan lar ….. ဒုက္ခပါပဲ။ မြို့ပတ်ရထားပေါ်မှာ အဲသလို လုပ်နေတဲ့လူတွေ အများကြီးရှိတယ်။ လူမှားပြီး ပြုံးပြမိတော့မှာပဲ။ သေချာအောင် ကရင်ဒုံးယိမ်းကသလို ပုဝါလေးကို ယမ်းပြီး ခုန်ပြပါ။ အဲဒါဆို ဆင်ဒဏ်လားပဲ။
ကိုပေါကြီးက ရီရတယ်.. မမဒန် ထူးထူးခြားခြား ကွဲကွဲပြားပြားလေးဖြစ်သွားအောင် ပြုံးပြုံးကြီးနဲ့ မျောက်လို ခေါင်းလေးတကုတ်ကုတ်နဲ့ ခုန်ဆွခုန်ဆွ သုံးခါလောက် လုပ်ပြီး အချက်ပြပါလားငှင်..
း)
ဟုတ်ဖူးလေ..။ ကောင်မလေးက ဘယ်သူ့ကို နှုတ်ဆက်နေလို့လဲ...။ ၀ှက်ဖဲ လုပ်သွားတယ်... လူဇိုး..။
I saw you in Clementi S-11 near NTUC sometimes. I straightaway can recognize you. I will greet you next time. :D
ကိုပေါ ကိုပေါ လို့လာခေါ်ရင်တော့ပြုံးပြပါ။ အဲဒါဆို kom ဘဲ။
ပထမတော့ ကောင်မလေးက ကိုပေါ ကိုသိလို့ ပြုံးပြ နှုတ်ဆက်တာပါပဲ။ နောက်တော့ တနေ့က ရယ်ချင်ကြသူများပို့စ်ကို သတိရသွားပြီး အလကားရီတယ် ထင်အုံးမယ် ဆိုပြီး တန့်သွားတယ်။ ကိုပေါက လက်ပြ လိုက်တော့ ရှုတ်တယ် သွား သွား လို့ ပြောတယ် ထင်ပြီး တချိုးတည်း လစ်တာပါ။
ကောင်မလေးခမျာ သနားစရာ..
ကိုပေါက ချက်ချင်းလက်မပြပဲ မဒမ်ပေါကို တချက်လှည့်ကြည့်တာရယ်.. မဒမ်ပေါမျက်နှာက တည်နေတာရယ် ကြောင့် ကောင်မလေး ကြောက်ပြီး လှည့်ပြေးတယ်ထင်တယ်... ကိုပေါကို မိန်းမကြောက်ရတယ်ထင်သွားပြီပေါ့... သနားပါတယ်.. တကယ်လဲ ကြောက်ရတယ် ဟုတ်... :P
ဟား ဟား...... ဖြစ်ရမယ် ။ comment တွေဖတ်တာ ပိုရယ်ရတယ် ။ ပြန်ပြုံးပြဖို့ နှစ်ခါပြန် စဉ်းစားပြီးရင် ၃ခါမြောက်ကျတော့ ပြန်ပြုံးပြလိုက်လေ ။ မစင်ဒန်လား အမှတ်မသားနဲ့ဆိုရင် အကိုက်ပဲ ။ ဟိ ။
ကိုပေါကို အပြင်မှာတွေ့ခဲ့ရင်တော့ ကိုပေါ ကိုပေါ လို့လည်းခေါ်မယ်..ဓါတ်ပုံတွဲရိုက်ခွင့်ပြုပါလို့လည်း ခွင့်တောင်းပြီးဓါတ်ပုံလည်းတွဲရိုက်မယ်..ဖြစ်တယ်ဟုတ်။
ကြည်
ကြည် .. အိုင်ဒီယာက နောက်ကျသွားပြီ...
ကိုပေါနဲ့  ပထမ အကြိန်တွေ့ တုန်းကတင် အတင်းကြီးကို ဓာတ်ပုံ တွဲရိုက် ထားတယ်..
တစ်ခုပဲဆိုးတယ်.. ဘယ်သူ့ ကင်မရာနဲ့  ရိုက်လိုက်တာ မှန်းမသိလို့  အဲဒီဓာတ်ပုံ မရလိုက်ဘူး.
- နေ့တိုင်းလိုလို ပိုစ့်အသစ် တင်တာမို့ လာဖတ်ရတာ အလွန်တန်ပါတယ်
- စင်စင် - နာ့ကိုအပြင်မှာ မြင်ရင်ရော ဘယ်လို နုတ်ဆက်မလဲ?
ကွန်မန့်ကို မစစ်ပဲ ရေးရေး ချင်း မြင်ရတာကလဲ ကျေနပ်စရာ ၁ခုပါ
>>ဇနိ…. မရယ်ပါနဲ့….ငိုချင်တယ်။
>> ကိုဘွိုင်းဇ်…. ကျနော့်ကို ဒွေးတို့ လွင်မိုးတို့နဲ့ ပုံမှား နှုတ်ဆက်တာဖြစ်ဖို့ များပါတယ်။
>> ZT …. ဘယ်တုန်းကတွေ့တာလဲ။ လောလောလတ်လတ် ဆိုရင် အနော်မဟုတ်ဘူးနော်။ တော်ကြာ ဟိုကောင်မလေးလို လူမှားနှုတ်ဆက်မိနေဦးမယ်။ သြော်… လောကကြီးမှာ ကျနော့်လောက် ကြည့်ကောင်းသူလည်း ရှိသေးတယ်ပေါ့။
>> khin oo may …. မခင်ဦးမေကတော့ နာမည်ကြီးမို့ ကျနော်သိပြီးသားပါ။ (မြှောက်တာရော ခြောက်တာရော ၀ါကျတခုတည်းနဲ့ တည်ဆောက်လိုက်တာ။)
>> Moe Cho Thinn …. ဟုတ်တယ်။ ဖြစ်နိုင်တယ်။ ကျနော်က အပြင်မှာ တည်တည်ခန့်ခန့်ကြီး နေတတ်တာဆိုတော့။ (ကိုအင်ဒီ့ကို အားကျလို့)
>> မုန်းစရာ …. ချစ်ကြောက်ရိုသေ မျှသာပါ။း-)
>> Thant …. လမင်းထက်ဝင်းစွာ ပြုံးတုန့်လင်းလိုက်ပါတော့ သုံးကြိမ်မြောက်မှာ။
>> ကြည် …. အာ…ရပါတယ်။ များတို့က မာနမကြီးတတ်ပါဘူး…….ခစ်ခစ်။
>> Nay Nay Naing…. ဘွိုက်ဇ် သို့မဟုတ် တီဇက်အေ တယောက်ယောက်ရဲ့ ကင်မရာ ထဲမှာ ဖြစ်ဖို့များပါတယ်။ ကြည့်ရတာ ကျနော့်ပုံက သူတို့နှစ်ယောက်ပုံထက် အဆပေါင်းများစွာ ပိုကြည့်ကောင်းနေတဲ့အတွက် မနာလိုစိတ်အပြည့်နဲ့ မပေးဘဲ ၀ှက်ထားတာဖြစ်မယ်။ သြော် J J J ။
>> ခရေဖြူ …. မတင်ဘူးလို့ အောင့်ထားတာ မနေနိုင်တဲ့အတွက် နေ့တိုင်းတင်နေရပါတယ်။
ကိုပေါဆီက တဆင့် ပန်ဒိုရာဘလော့ လာဖတ်သူတွေ အရင်လက ၇.၇၆% ဆိုပဲ။
ကျေးဇူးတင်ပါကြောင်း ဆယ်လီဘရစ်တီ ကိုပေါရေ။
>>ပန်ဒိုရာ…. ရပါတယ်ဗျာ။ ဗိုလ်ချုပ်မျိုးညွန့်ပြောတဲ့ ကျွန်းကိုင်းမှီ… ကိုင်းကျွန်းမှီ ဆိုသလိုပေါ့။
မဒမ်ပေါ လေး က အတော် သဘောကောင်းသူလေးပဲ
တို့တွေ သာဆို.. ဗိုက်ခေါက် ဆွဲ ပြီးသား...း)
ကိုပေါရေ.. မဗေဒါကို တော့မှတ်မိမယ်ထင်ပါတယ်.. ဒါဆို စင်ဒန်လားလို ၃ခါ ပြုံးလိုက်တည်လိုက် လုပ်ပြစရာမလိုတော့ဘူးပေါ့နော်.. :D
မမသီရိ ... ကျနော့် ဗိုက်ခေါက်က လိမ်လို့ရတဲ့ အဆင့်ကို လွန်သွားပြီ။း-)
မဗေဒါ ... ဘာမှမပူနဲ့။ ရထားပေါ်မှာ ဘေးကလူအပေါ် ခေါင်းမှီပြီး အိပ်ငိုက်နေသူတွေ့ရင် မဗေဒါပဲလို့ သေချာပေါက် သိမယ်။
Post a Comment