စာပေဟောပြောပွဲတခုမှာ ဆရာဦးအောင်သင်း ပြောခဲ့ဖူးတာကို သတိရမိတယ်။
“တို့ဗမာသာကီမျိုးတဲ့….. ကြံကြံဖန်ဖန် ဘယ်လိုကနေ ဘယ်လို သာကီမျိုးဆိုပြီး အမျိုးဖမ်းတော်လိုက်သလဲမသိဘူး” ဆိုတာကို ဆရာက ရယ်စရာအဖြစ် ပြောခဲ့တာပါ။
ကျနော်သိသလောက်ဆိုရင်တော့ သာကီဝင်တွေဟာ သူတို့ ဆွေတော်မျိုးတော် အချင်းချင်းထဲမှာပဲ လှည့်ပတ် အိမ်ထောင်ပြုကြတယ်လို့ဆိုပါတယ်။ မြန်မာပြည်က ဗုဒ္ဓပွင့်ရာ နီပေါ နဲ့ နည်းနည်းလည်း ဝေးတော့ (နယ်နိမိတ်ချင်း ထိစပ်မနေတော့) တို့ဗမာသာကီမျိုး ဆိုတဲ့စကားကို နည်းနည်းတော့ ဆန်းစစ်ကြည့်ဖို့ လိုမယ်ထင်တယ်။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အခုတလောတော့ တို့ဗမာသာကီမျိုး ဆိုတာကို ယုံရမလိုဖြစ်နေပြန်ပြီ။
ဒီလိုပါ….
ဒေ၀ဒတ်က သက်သတ်လွတ်စားခြင်းအပါအ၀င် အကြံပြုချက် ငါးချက်ကို ဗုဒ္ဓထံ တင်သွင်းတာကို ဖတ်လိုက်ရလို့ပါ။ (ဒီမှာဖတ်ပါ။) ဗုဒ္ဓကလည်း အဲဒီ အကြံပြုချက် ငါးချက်စလုံးကို ပယ်ချလိုက်ပါသတဲ့။
အားလုံးသိကြတဲ့အတိုင်း ဗုဒ္ဓနဲ့ ဒေ၀ဒတ်ဟာ သမီးယောက်ဖ တော်ကြတာမဟုတ်လား။
ဗုဒ္ဓသာသနာမှာ ကိုယ့်ယောက်ဖ နံပါတ်တစ်ဖြစ်နေတုန်း ၀မ်းသာအားရ အကြံပြုချက်တွေ၊ အခုခေတ်စကားနဲ့ပြောရရင် Populist idea တွေကို အကြံပြုတင်ပြလိုက်ပေမယ့် ဗုဒ္ဓကလည်း ကိုယ့်ယောက်ဖမို့ မျက်နှာလိုက်ပြီး လက်ခံလိုက်တာမျိုးမရှိဘဲ ပယ်ချလိုက်တာကို ဖတ်ရတယ်။ ဒေ၀ဒတ်က ဒါကို အငြိုးအတေးများ ထားလေသလားတော့မသိ။ နောက်ပိုင်းမှာ ဗုဒ္ဓကို မကောင်းကြံတာတွေတော့ အများစု သိပြီးသား ဖြစ်ရပ်တွေမို့ ဒီမှာ အသေးစိတ်ရေးမပြတော့ပါဘူး။
အဲဒီအဖြစ်အပျက်ကနေ ဘာကို သတိပြုမိသလဲဆိုတော့ အကြံပြုချက်တခုကို ပေးရင် စိတ်ပြတ်ဖို့လိုတယ် ဆိုတဲ့အချက်ကို သတိထားမိတယ်။ ဘယ်လို စိတ်ပြတ်ရမလဲဆိုတော့ မိမိအကြံပြုချက်ကို တဖက်သားက လက်မခံဘဲ ပယ်ချနိုင်တယ်ဆိုတဲ့ အချက်ကို စိတ်ထဲမှာ ရှေးဦးစွာ စွဲမြဲထားရမယ်။ ပြီးတော့ တဖက်က ပယ်ချလိုက်တဲ့အခါမှာလည်း စိတ်သဘောထားကြီးရပါမယ်။ အဲသည်လို မဟုတ်ဘဲ စေတနာနဲ့ပဲဖြစ်ဖြစ်၊ ဆတ်ဆော့ပြီးတော့ပဲဖြစ်ဖြစ်၊ ဆရာကြီးလုပ်ချင်လို့ပဲဖြစ်ဖြစ် အကြံပေးတုန်းက ပေးပြီး တဖက်က လက်မခံတဲ့အခါ မိမိအကြံပေးခဲ့တဲ့လူအပေါ်မှာ တဖက်သတ်ရန်ငြိုးဖွဲ့တာဟာ ဒေ၀ဒတ်ရဲ့ လုပ်ရပ်နဲ့ အဖြစ်ချင်းတော်တော်ဆင်ပါတယ်။
ဒီအကြောင်းကို ရေးရတာကတော့ အခု မြန်မာဘလော့ဂ်လောကမှာ၊ မြန်မာ့နိုင်ငံရေးလောကမှာ၊ မြန်မာ့လူမှုပတ်ဝန်းကျင်မှာ ဒေ၀ဒတ်လို လူတွေ တနေ့တခြားများလာတာကို တွေ့ရလို့ ရေးရခြင်းဖြစ်ပါတယ်။ ဒါကြောင့်လဲ အပေါ်မှာတုန်းက တို့ဗမာသာကီမျိုး ဆိုတဲ့ စကားကို သဘောတူရမလို ဖြစ်နေပြီလို့ ပြောခဲ့တာပါ။
ကျနော့်ဘလော့ဂ်မှာလည်း အကြံပြုကြတဲ့ ကွန်မင့်တွေကို တွေ့ရပါတယ်။ ကျနော့်အနေနဲ့ လက်ခံနိုင်ဖွယ်ရှိတဲ့ အကြံပြုချက်တွေ ပါသလို လက်မခံနိုင်ဖွယ် အကြံပြုချက်တွေလည်း ပါပါတယ်။ အကြံပြုချက်တွေထဲက တချို့ကို လက်ခံချင်တဲ့အခါ လက်ခံတယ်။ လက်မခံချင်လျှင်လည်း ပယ်လိုက်ပါတယ်။ ဟုတ်တယ်လေ။ အကြံပြုချက်တိုင်းကို လက်ခံပါမယ်လို့ ကျနော့်ဘလော့ဂ်မှာ ကတိက၀တ်ပေးထားခဲ့တာမျိုးမှ မရှိတာဘဲ။ (ပယ်တယ်ဆိုတဲ့နေရာမှာ အယူအဆကို လက်မခံလို့ ပယ်တာပါ။ ကွန်မင့်ကို ဖျက်ပစ်ခြင်းမဟုတ်ပါ။ ကျနော့်ဘလော့ဂ်မှာ Virus link ကွန်မင့်ကလွဲလို့ ဘယ်ကွန်မင့်ကိုမှ မဖျက်ပါဘူး။)
ဒါတောင်မှ တချို့အတွေးအခေါ်ပိုင်းဆိုင်ရာ အကြံပြုချက်တွေကိုဆိုလျှင် လက်မခံတဲ့အခါမျိုးဆိုရင် ကွန်မင့်ကဏ္ဍမှာ ဘာကြောင့်လက်မခံကြောင်းကို ပြည့်ပြည့်စုံစုံ ရေးသားပြီးမှ ပယ်ချလေ့ရှိပါတယ်။ အဲသည်မှာ ဒေ၀ဒတ်ဇာတ်လမ်းက စတော့တာပါပဲ။
အချို့သော အကြံပြုသူတွေဟာ သူတို့အကြံပြုချက်ကို လက်မခံတဲ့အခါ အနည်းနဲ့ အများတော့ အငြိုးအတေး ထားသွားကြတယ်ဆိုတာကို တွေ့ရပါတယ်။ အငြိုးအတေးထားတဲ့အကြောင်းကို ဘယ်လိုသိရသလဲဆိုတော့ ကျနော်သွားလေ့သွားထမရှိတဲ့ ဘလော့ဂ်တွေက ကွန်မင့်ကဏ္ဍတွေမှာ တခါတရံ အမှတ်မထင် သွားဖတ်ရင်းနဲ့မှ မမျှော်လင့်ဘဲ ရုတ်တရက် တွေ့ရတာမျိုးပါ။ ကျနော့်အကြောင်းကို ကွယ်ရာမှာ အတင်းတုပ်သလို ရေးထားတာမျိုးပေါ့။ တခါတလေတော့လည်း အခွင့်သာရင် ပို့စ်နဲ့ မဆီမဆိုင် အားပါးတရ ၀င်တွယ်တာမျိုးပေါ့။
အံ့သြစရာကောင်းတာက အဲဒီလူတွေဟာ ရင့်ကျက်တဲ့ အသက်အရွယ်ကို ရောက်နေပြီဖြစ်ပါလျက် ဘာကြောင့် စိတ်သဘောထား နုနေရသေးသလဲဆိုတဲ့ အချက်ကိုပါ။
အဲသည်လူတွေဟာ အခုသာ နအဖကို မကြိုက်ဘူးလို့ အော်နေတာ။ နအဖ နေရာကို ရောက်သွားရင် နအဖ အတိုင်း တသွေမတိမ်းကျင့်ကြံလိမ့်မယ်ဆိုတာ ကျနော့်စိတ်ထဲမှာ ခံစားမိနေတယ်။ အခုအခါမှာ အကြံပြုချက်လို့ ခေါင်းစဉ်တပ်ထားတဲ့ သူတို့ဖြစ်ချင်တာတွေကို အဲဒီအခါကျရင် နအဖလိုပဲ “ဦးတည်ချက်တွေ၊ အခြေခံမူတွေ ” စတဲ့ ခေါင်းစဉ်တွေချမှတ်ပြီး သူတပါးကို အတင်းအကြပ် လိုက်နာစေလိမ့်မယ်။
နောက်တချက်က နအဖ နဲ့ အဲသည်လူတွေနဲ့ တူညီနေတဲ့ အချက်တခုရှိသေးတယ်။ အဲဒါက ပိတ်ပင်ရတာကို ၀ါသနာပါတာ။ သဘောထားကွဲလွဲမှု၊ အမြင်မတူမှုကို လက်မခံနိုင်တာ။ သူတို့စိတ်ထဲမှာ လူတိုင်းဟာ အမြဲတမ်း သဘောထားတိုက်ဆိုင်တဲ့ အကြောင်းအရာလေးတွေကိုသာ ရှာဖွေ ရေးသားပြောဆိုနေရမယ်လို့ မှတ်ထင်လေသလားတော့မသိ။ နအဖရဲ့ စာပေစိစစ်ရေးကိုသာ အပြစ်ပြောနေကြတာ။ အဲဒီလူတွေဟာ သူတို့ ဘလော့ဂ်တွေမှာ ဆန့်ကျင်ဖက်အမြင်၊ ကွဲလွဲတဲ့အမြင်ကို ဖော်ပြမိရင် “ဖျက်သာ ဖျက်ချလိုက်” ဆိုတဲ့ စကားကို ရဲရဲကြီး ပြောထွက်တတ်တာကို တွေ့ရတယ်။
သြော်….. နောက်ဆုံးတော့လည်း “ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့”…. နအဖပြုတ်ကျသွားလည်း ဒီ… ဒေ၀ဒတ်လိုလူ၊ နအဖလိုလူတွေသာ အာဏာရသွားရင်တော့…….ဆိုတဲ့အတွေးနဲ့ မြန်မာ့ရှေ့ရေးကို ရင်လေးမိပါသေးတယ်။

20 comments:
ကိုပေါရယ် ...
တခါတလေမှာ ကျွန်တော်လဲ အဲဒီလို ခံစားမိပါတယ်။ ဒီမိုကရေစီရဖို့ဆိုရင် လူတွေအားလုံးက ကိုယ့်ရပိုင်ခွင့်နဲ့ တာဝန်ကို သေချာ သိမှရမှာပါ။ လက်ရှိမှာတော့ တန်မှတန်ရဲ့လားလို့တောင် တခါတလေ စဉ်းစားမိတယ်။
ကိုပေါပြောတာ မှန်ပါတယ်။
Yes! u r right.
But pls think about urself first
Thanks
နာ့ကွယ်ရာမှာနာ့အကြောင်းပြောရင် နာ့ဖင်ရှစ်ခိုးတာနော်..သဘောပေါက်..ဟီ ဟိ..
Easily seem are other's faults, hard indeed to see are one's own.
r u talking abt him?
http://steveevergreen.blogspot.com/2009/03/burmese-way-of-buddhism.html
ကိုပေါ
I' sure you are mature guy. so forget about your feelings or conflicts. Tell me your love stories whatever it is with girls or with boys. I will post on my blog. OK ? You will become famous soon in english speaking countries coz I am going to write in English.
“A man is not finished when he is defeated. He is finished when he quits. You've got to survive a defeat. That's when you develop character.”
- Richard M Nixon -
Nixon masturbated toooo much.
Ko Paw masturbated toooooo much
Ko Paw wanker.... wanker Ko Paw
ကိုပေါ..ပါ။ လက်ရှိ စင်္ကာပူမှာ နေထိုင်တယ်။ အင်ဂျင်နီယာအလုပ်နဲ့ အသက်မွေးတယ်။
လက်လဲကစားတယ်။ maturation.....
ကိုပေါ..ပါ။ လက်ရှိ စင်္ကာပူမှာ နေထိုင်တယ်။ အင်ဂျင်နီယာအလုပ်နဲ့ အသက်မွေးတယ်။
လက်လဲကစားတယ်။ masturbation ...
ကိုပေါ.လက်ကစားတယ်။
ပေါရယ်၊မုန့်ဆီကျော်က၊ဘယ်လိုမှန်တောင်မသိသေးဘူး။
Why are you so nasty Anonymous? Be civilized!
Law Shay …. ကိုလောရှည်။ ကျနော့်မိတ်ဆွေ လူငယ်တယောက်ကတော့ ပြောဖူးပါတယ်။ ဒီမိုကရေစီ စနစ်ဆိုတာ တံဆိပ်ပြောင်းကပ်လိုက်တာမျိုးမဟုတ်။ လူတွေရဲ့ စိတ်ဓါတ်နဲ့တွေးခေါ်ပုံကို ပြောင်းလဲကြရမှာ ဖြစ်တယ်။ သူဥပမာပေးပုံက.... ဒီမိုကရေစီဟာ အင်ဂျင်စက်ကြီးတလုံးဆိုရင် လူတွေရဲ့ စိတ်ဓါတ်နဲ့ တွေးခေါ်ပြုမူကျင့်ကြံပုံတွေက အဲဒီအင်ဂျင်ကြီးကို မောင်းနှင်မယ့် လောင်စာဆီနဲ့တူမယ်။ လောင်စာဆီက သူ့အင်ဂျင်နဲ့ မလိုက်ဖက်တဲ့ ကြက်ဆူဆီတွေဖြစ်နေမယ်ဆိုရင် အင်ဂျင်ကြီးဟာ မလည်ပတ်နိုင်ရုံမျှမက ကြာရင် သံချေးတောင်တက်သွားနိုင်ပါသေးသတဲ့။
weik.zar …. မုန့်ဆီကြော်ရလာရင် ကြုံလာရမယ့် အရေးဖြစ်သလို…အခုလောလောဆယ်မှာလည်း အဲသည်စိတ်ဓါတ်တွေက အကြောင်းခံဖြစ်နေလို့ပါ။
CMA …. စီအမ်အေရေ…. လူတွေမှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ကုန်ဆုံးသွားတဲ့အခါမျိုးမှာ ဒီလို တုန့်ပြန်တတ်တယ်။ ဒါတွေဟာ ကျနော်တို့တတွေ ကျော်လွှားကြရဦးမယ့် အရာတွေထဲက အစိတ်အပိုင်းတွေလို့သာ ခံယူထားလိုက်ပါ။
CMA လက်ကစားတယ်။ Wanker CMA...CMA wanker
ko paw, I visit ur blog sometime to feast any satire which i like, but so surprise to c such kind of comments here. Although u leave it as negligible that leads to insulting to ur blog readers.
Ko wanker, ko ko wanker
ko …. Sorry for the embarrassment caused to you. I don’t like such comments either. ;-) But I will leave these insults as a record of that particular commentator’s lowly behaviour and to observe how the Burmese community (i.e blog readers) reacts to it. It is interesting that you and CMA dare to come out and say something.
If anyone’s personal data are mentioned in the comments, I will certainly remove such comments.
Furthermore, I’ll put a warning message at the corners of my blog that the readers could expect some profanities in the comments.
Hi Ko Paw,
I like your point of view ,that's rigt , M'mar will face to such problem although SPDC no longer in M'mar bcoz of most of our people assume that they are come from Thar Ki Win ...har har ...:)
Post a Comment