ရာဇဝင်ထဲမှာ သူတို့ကို ထားရစ်ခဲ့

Share |
အခုတလော မိုးမခ ဘလော့ဂ်မှာ သွားဖတ်ရင်း ကုသိုလ်ပွားနိုင်တဲ့ ဓါတ်ပုံလေးတွေ အမှတ်ထင်ထင် တွေ့တွေ့နေရတယ်။ မိတ်ဆွေတို့လည်း ကုသိုလ်ဘာဝနာ ပွားများနိုင်အောင် ထပ်မံ မျှဝေလိုက်ပါတယ်။

(၁) လေဘာတီ မမြင်ရင် သီချင်းကို ဆိုနေမိတယ်...


(ဓာတ်ပုံ - getty images)

သေနိုင်ပါရိုးလား... လေဘာတီရယ်... ပေတရာဆီလျှောက်ပါလို့... မြင်သလောက် ပြလိုက်ချင်ပါသည်....” (ဒီသီချင်းကို ညီလင်းဆက်က သူ့ဘလော့ဂ်မှာ ဖော်ပြခဲ့ဖူးပါတယ်။)

အပေါ်ပုံက ကျနော်တို့ရဲ့ တိုင်းပြည်အုပ်ရှောင်.... အဲလေ.....ဥသျှောင် တိုင်းပြည်အကြီးအကဲလုပ်တဲ့ လူကြီးနဲ့ သူ့ရဲ့ ဦးဆောက်ပန်း မိဖုရားခေါင်ကြီး တြိလောကကြံသကာဒေဝီ ဒေါ်ကြိုင်ကြိုင်တို့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားတဲ့ ဓါတ်ပုံပါတဲ့။ အင်း.... ဘာပဲဖြစ်ဖြစ် ခုလို ကုသိုလ်ကောင်းမှုပြုပုံမျိုးနဲ့ဆိုရင်တော့ ဟိုးအောက်ဆုံးထပ်မှာ ဂျိုးကပ်မယ့်အရေးကနေ အပေါ်ကပ်လျက် တထပ်ဆီကို ပြန်တက်ကောင်း တက်လာနိုင်ပါသေးတယ်။ “....ခင်ညာ...ကျနော် ဘာပြောမိလို့လဲ...” ။ စတုမဟာရာဇ်မှာ ဂျိုးကပ်မယ့်အရေးကနေ တာဝတိံသာကို တဆင့်ပြန်တက်သွားမှာလို့ ပြောချင်တာပါ။ တလွဲတွေ လျှောက်လျှောက် မတွေးကြစမ်းပါနဲ့ဗျာ။

(၂) ချာလီရဲ့ နတ်မိမယ်များ

နောက်ထပ် ဓါတ်ပုံတပုံကတော့ ချာလီရဲ့ နတ်မိမယ်များ (Charlie's angels)ဖြစ်ပါသတဲ့။ အပေါ်က ဘုရားဒကာကြီး လက်ချက်ကြောင့် ဒုက္ခအတိရောက်နေတဲ့ မြန်မာပြည်ကြီးကို ကယ်တင်ဖို့ လွှတ်လိုက်တဲ့ ချာလီရဲ့ နတ်မိမယ်သုံးယောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာတော့ အဲဒီနတ်သမီးတွေ ဘယ်ဘုံဗိမာန်မှာ သွားပြီး စံစားနေကြသလဲတော့မသိပါဘူး။ အခု နတ်စည်ရွမ်းလိုက်သလို ရွေးကောက်ပွဲဆိုတဲ့ အသံကြားမှ ဘွားကနဲ ကိုယ်ထင် ထ ပြလိုက်ကြတာ.... စင်္ကာပူမှာ ငိုက်မျဉ်းနေတဲ့ မြန်မာဘလော့ဂါတောင် ရုတ်တရက် လိပ်ပြာလွင့်မတတ် လန့်ဖျတ်သွားမိပါတယ်။


ဒေါ်ချိုချိုကျော်ငြိမ်း (ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး)၊ ဒေါ်နေရီဗဆွေ၊ (၀န်ကြီးချုပ် ဟောင်း ဦးဗဆွေ၏ သမီး)၊ ဒေါ်မြသန်းသန်းနု (၀န်ကြီးချုပ်ဟောင်းဦးနု၏ သမီး) တို့ ဖြစ်သည်။ [ဓာတ်ပုံ - Jack Davies]

ချာလီသုဝေရဲ့ပုံကိုတော့ အများမြင်ဖူးကြမယ်ထင်လို့ တင်မပေးတော့ပါဘူး။ မိုးမခမှာ ဖတ်ရတဲ့သတင်းအရဆိုရင် ဘိလပ်က ဂါးဒီးယန်း သတင်းစာကြီးက အဲဒီသူတို့ဓါတ်ပုံကို ဖော်ပြပြီး “နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် မြန်မာပြည်မှ အမျိုးသမီး ၃ ဦး” လို့ ခေါင်းစဉ်တပ်ထားသတဲ့။ ရှက်ဖွယ်စလိ။

“တလောကလုံးက ပြောနေပြီ...
မင်းကိုလေ... မခံချင်ဘူး.... ကိုယ်ဘယ်လို ပြောလိုက်ရမှာလဲ.....”း-)

(၃) ရာဇဝင်ထဲက မိန်းမသား



အပေါ်က ဓါတ်ပုံထဲက ခန့်ခန့်ထည်ထည်ကြီးဟာ “ရာဝင်အိုးထဲက အဲလေ... ရာဇဝင်ထဲက မိန်းမသား” ကိုရေးသားတဲ့ ဒေါက်တာမတင်ဝင်းပါတဲ့။ တိုက်တိုက်ဆိုင်ဆိုင် နာမည်ကျော် “ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့” ဝတ္ထုတိုကိုရေးတဲ့ ဆရာမ ဂျူးရဲ့နာမည်ကလည်း ဒေါက်တာ တင်တင်ဝင်း လို့ မှတ်သားဖူးပါတယ်။

ရာဇဝင်ထဲမှာ ဒေါက်တာ မတင်ဝင်းကို မထားခဲ့ကြပါနဲ့။ အလေးခံပြီး သယ်ကြသေးတာပေါ့။ ကျနော်တို့ ကျောင်းသားဘဝက မဂ္ဂဇင်းတွေထဲမှာ ဒေါက်တာမတင်ဝင်းကြီးက ရာဇဝင်ထဲက မိန်းမသား ကို အခန်းဆက်ဆောင်းပါးတွေ ရေးနေတုန်း... တစ်လမှာ နရသီဟပတေ့မင်းရဲ့ မိဖုရားငယ်တပါးဖြစ်တဲ့ စောလုံ အကြောင်းကို ရေးတဲ့အခါ စောလုံနာမည်ကို မသိရှာတဲ့ အလျောက်.... “အမည် မထင်ရှားတဲ့ မိဖုရားငယ်တပါး” လို့ ရမ်းတုပ်လိုက်တယ်။ အဲဒါကို အခြားစာရေးဆရာတယောက်က အဲဒီ မိဖုရားနာမည်ဟာ မထင်မရှားမဟုတ်၊ စောလုံ ဖြစ်တယ်လို့ သွားထောက်ပြမိတဲ့အတွက် ရာဇဝင်ထဲက မိန်းမသားတယောက်ဖြစ်တဲ့ ဒေါက်တာမတင်ဝင်းကြီးလည်း ပညာရှိပီသစွာ ယမ်းပုံမီးကျ တားမရ ဆီးမနိုင် (ဆီးမနိုင်ဆိုလို့ ရှူးရှူးတွေထွက်ကျကုန်တယ်လို့ မထင်ပါနဲ့) ဒေါသအဖြိုင်ဖြိုင် ပွင့်ထွက်တာကို မဂ္ဂဇင်းပေါ်မှာ ဖတ်လိုက်ရသေးတယ်။ ထိုင်းနဲ့မြန်မာ ဆက်ဆံရေးမပြေလည်တဲ့အချိန်တုန်းက သတင်းစာထဲမှာရေးတဲ့ သူ့ဆောင်းပါးတွေကို ကျနော်က နိုင်ငံခြားမှာ ရောက်နေလို့ မဖတ်လိုက်ရတာ နာတာပဲ။ သတင်းတော့ တော်တော်မွှေးပါတယ်။

ဖြစ်နိုင်လို့ရှိရင် သူတို့အားလုံးကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့ချင်ပါရဲ့။

57 comments:

မာရ်နတ် said...

ပထမပုံအတွက်-ဘုရားတရားလုပ်နေသည် သာဓုခေါ်ပါရန်....သာဓုမခေါ်ပါက.....သာဓုနောက်လိုက်အောင်....လုပ်ပေးပါမည်။

ဒုတိယပုံအတွက်-ကုလားထိုင်တစ်လုံးတစ်လေများ ရမည်လားဟု ပစ္စည်းများထုခွဲကာ လေလံဆွဲရန်ကြိုးစားနေပါသည်။

တတိယပုံအတွက်-ပညာရှိသောကြောင့် သူသည် ဒီကဲ့သို့ခန္ဓာကိုယ်နှင့် သမိုင်းစာအုပ်မှ ပြန်ကူးရေးသော စာများအား နိုင်ငံပိုင် သတင်းစာကြီးများက ဖော်ပြပေးခြင်းဖြစ်ရာ အမှားမပါနိုင်ချေ။(ပါရင်လည်း လာမပြောနဲ့ဖြည့်စွက်ဖတ်၊ သတင်းစာများ ဘယ်သူဖတ်တာမှတ်လို့ မှားမှား၊မှန်မှန် ပါမစ်ရ တော်ပြီ)

မာရ်နတ် said...

နောက်ဆုံးပုံအတွက် ထပ်မံတိုးချဲ့ချက်

ထိုင်းနှင့်မြန်မာသမိုင်းများကိုလဲ သမိုင်းစာအုပ်မှ ကူးပြီး လုံးချင်းထုတ်မည်ဖြစ်ကြောင်း အကိုးအကားမခိုင်လုံပါက ကျောက်စာ အုတ်ခွက်စာ ပန်းကန်ပြားစာမှအစ ခိုစာ ဘဲစာ ကြက်စာများပါမကျန် လေ့လာမည်ဖြစ်ကြောင်း မလုံလောက်သေးပါက ထိုင်းနိုင်ငံသမိုင်းများမှ အဖြစ်သနစ်များယူပြီး ပြောင်းပြန်ရေးမည်ဖြစ်ကြောင်း သတင်းရရှိပါတယ် ရှင် အဲအဲ ခညာ :P

ကိုပေါ said...

မာရ်နတ်..... အံမယ်လေး... သာဓုတို့ သုမောင်တို့နောက်တော့ မလိုက်ပါရစေနဲ့ဦး။ သားက ငယ်ငယ်လေးပဲ ရှိသေးတယ်။ အဘကို ဦးစားပေးပါတယ်။ သူ့ကို အရင်ခေါ်ပါ။

khin oo may said...

ကလောင်တစ်ချောင်းနဲ့မရမ်းသင့်ပါ ကိုပေါ။

khin oo may said...

လူဘဲရမ်းချင်ရမ်းပါ။

ညိမ်းနိုင် said...

ဟုတ်ကဲ့ အကိုကြီး...ကုသိုလ်တွေ အတုံးလိုက် အတစ်လိုက် ယူသွားပါတယ်...။

ချာလီရဲ့နတ်မိမယ်တွေကိုလည်း အားပေးလိုက်ပါတယ်..။

နောက်ပြီး ဆရာမကြီးကိုလည်း ရာဇဝင်ထဲမှာ မထားခဲ့ပါဘူး
မနိုင်ရင်တောင် နှစ်ခေါက်ခွဲ သယ်ပါ့မယ်ခင်ဗျ..။

Anonymous said...

နိုင်ငံ တော်ံပိုင်ငွေ တွေနဲ့ကုသိုလ်တွေရရှိ သွားပါတယ်.

ko kyaw said...

တေရွှမ်း ကြီးက နတ်ကတော်ကြီးကျနေတာပဲ

ချာလီရဲ့ နတ်မိမယ်တွေက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံး လဘက်ရည်ဆိုင်ထိုင်ပြီး တိုင်းပြည်အရေး လေပွားနေတယ်လို့ သူတို့ကိုယ်တိုင်ပြောဘူးတာကြားမိသလိုဘဲ

မတင်ဝင်းကြီးက ရုရှားပြန် ဖားမကြီးဆိုတော့ မြန်မာ့သမိုင်းဘယ်သိပါ့မလဲ မေ့နေမှာပေါ့

ထောက်လှမ်းရေးတွေတုန်းကပျောက်နေတယ် ချောင်ထိုးခံထားရတယ်ထင်တာ ခုပြန်ထွက်လာတော့ ဖားတတ်လိုက်တာလွန်ပါရောဘဲပြောခြင်တယ်

ဧပရယ်လ်ပူး@ပူးတေ said...

ရှက်ဖွယ်စလိ

ဝေါဟာရ အသစ်လား.... :)

ဒေါက်တာမတင်ဝင်းစာတွေ ငယ်ငယ်လေးထဲက အိမ်က ပေးမဖတ်တာ...အိမ်က လူကြီးတွေ သူ့ကို မကြိုက်တာ ခိုင်လုံတဲ့ အကြောင်းရှိတယ်... ပုဂ္ဂိုလ်ရေးတွေ ထိခိုက်မှာဆိုးလို့ မရေးတော့ပါဘူး...သိပြီးသားတွေလဲ ဖြစ်မှာပါ...

khaine said...

စာတွေဖတ်ပြီးသေခြာရီမိတာ..သုံးခါရှိပြီ။ပထမကမဒန်ပေါမျက်လုံးနဲ့ကြယ်သီးဓါတ်ပုံလေးဒုတိယကမောင်သန်းရွှေပုံနဲ့အောက်ကလေဘာတီမမြရင်သီချင်းတတိယကနိုင်ငံသိသီချင်းယူသုံးတာတောင်တစ်ယောက်သောဘလောဂ်ဂါကိုကြောက်လန့်တကြီးနဲ့သူ့ဘလောဂ်မှာလဲဖေါ်ပြဖူးပါတယ်လို့ပေးထားတဲ့ဖြေရှင်းထားချက်လေး

ခရေဖြူ said...

ပထမပုံ - ပဝါတွေက ဘာလို့ ပြောင်နေတာလဲ? ကြိုင်လေး- မင်းခါးပေါ်နေတယ်၊ ကြိုင်လက်တွဲထားသူ ဘယ်သူလဲ? ဖြေနိုင်ရင် ကိုပေါက လက်ဆောင်ပေးမယ်
ဒုတိယပုံ - တစုံတယောက်ကို တု၍ဝတ်ထားသော်လဲ ရုပ်ဆိုးသူ ငိုပွဲ (မင်းအောင် သူချင်းလေးလို) ဖြစ်နေသည်၊ ရုပ်ဆိုးတဲ့ သုတွေတောင် သူတို့ထက် ရုပ်ဆိုးသူတွေ့လို့ ငိုကုန်ပေါ့
တတိယပုံ - ထိုင်သူက ထိုင် ထသူကထ မော့သူကမော့ကာ ပစ်မလွဲသူကြီး၏ ဩဝါဒ စရိယ ရာဇဝင်ထဲက စကားများအား နားညောင်းခံနေရ၏။

Anonymous said...

ပါး အရောင် နဲ့ပဝါပြောင်နေတာ :D

Anonymous said...

"ကလောင်တစ်ချောင်းနဲ့မရမ်းသင့်ပါ ကိုပေါ။"

ကိုပေါ...ကလောင်နှစ်ချောင်းရှာပါ။ :))))))

မန်းကိုကို said...

ကို ပေါ ၊

အရမ်းကာရောနော်၊ တော်ကြာ လွမ်းမိုးလက်ထဲ ပြန်အပ်ခံနေရအုံးမယ်။

တရာရသွားလို့ မဲဇာ အဲ ဇွဲကပင်တောင်ခြေက ဟို ထန်းတောကလေးထဲပဲ သွားနှပ်တော့မယ်ဗျာ။

Anonymous said...

Someone has been annoying me with
crap emails and to let them get
spams, I am adding those emails.

No Two ;
Soe Lay

Do not know who the f..k that
c..k sucker is. Whoever...

မောင်ပိန် said...

မ khaine ဘလိုနာမည်လဲ မဖတ်တတ်ပါ... စာလုံးတွေ ဖတ်ရင်းပျောက်ကုန်လို့ဘယ်လိုက်ရှာဖတ်ရမလဲခင်ဗျာ...ဆောရီး ကိုပေါရေ...ခင်ဗျားကိုတော့အဲဗားထောက်ခံတယ်ဗျာ..ချသာချ

သတိ said...

အားလုံးသတိ

အင်း.. ဒါဟာ ကျွန်တော်ပြောခဲ့ဘူးတဲ့ ကိုယ်ထင်တယ်ဆိုတာလောက်နဲ့ ဘလော့ပေါ်တက်ပီး ပရမ်းပတာရေးရဲဖို့ဆိုတာ ကိုယ်ပိုင်ဘလော့ဆိုတော့လဲ ကိုယ့်ဘာသာ သတ်မှတ်တဲ့ တန်းတစ်ခုမထားနိုင်ရင် ရေးချင်တာရေးလို့ရတာပဲ ဆိုတဲ့ အနေအထားပါပဲ..

ရာဇ၀င်ထဲထားချင်ခဲ့တဲ့ ပြောင်လက်လက် ပ၀ါချုံထားတဲ့ ဖက်ရှင်သစ်နဲ့ ဘဘကြီးကတော့ ထားပါတော့ဗျာ.. ထားပဲထားထား.. ဆွဲပဲဆုတ်ဆုတ်.. ကိုယ်ပိုင်အမြင်ပါ..

အဲ.. ချာလီရဲ့ နတ်မိမယ်များ..
လွတ်လပ်စွာ သဘောထားကွဲပိုင်ခွင့် ယုံကြည်ခွင့်ကို လက်ခံပါတယ်ဆိုတဲ့ ကိုပေါဆီက ဘာအကြောင်းပြချက်မှ မရှိပဲ သဘောထား မတိုက်ဆိုင်ရုံနဲ့ လှမ်းပုတ်ခတ်တာကို နဲနဲလေတာက လွဲပီး ဒါလဲအိုကေပါသေးတယ်.. ချာလီကြီး ပထမ တစ်ယောက်လွှတ်လိုက်တာ အခြေအနေမဟန်လို့ နောက်သုံးယောက် လွှတ်တယ်လို့တောင် မောင်သတိမြင်ပါသေးရဲ့.. ခက်တာက နှစ်ပေါင်းများစွာ တခြားဘုံမှာ ပျော်ပါးပီးမှ ခွင်ကြုံလို့ ပေါ်ပေါ်လာတဲ့ နတ်မိမယ်တွေကြီး ချာလီကြီး လွှတ်နေတာပဲ.. အင်း.. ရှက်ဖွယ်စလိဆိုတဲ့ စကားတော့ နဲနဲသဘောမတူချင်ဘူးဗျ.. အဲဒါဆို နိုင်ချေရှိမှ ပြင်ဆင်ရတော့ မတဲ့လား.. ဂါးဒီယန်း ခေါင်းစဉ်က ဘာမှမဆန်းလှပေမဲ့ အဲဒါကို ရှက်ဖွယ်စလိလို့ ထားတဲ့ ကိုပေါသဘောထားခံယူချက်ကတော့ အင်း.. ရှက်ဖွယ်စလိပါပဲ..

နောက်ဆုံး.. ဒေါက်တာမတင်ဝင်းကိစ္စ..
ကိုပေါရဲ့ သတ္တိကို တကယ့်ကို အံ့သြမိပါတယ်.. ဖတ်ကြည့်လိုက်ရင် ကိုပေါဟာ သူ့ဆောင်းပါးတွေကို မဖတ်လိုက်ရဘူး.. ဘာကြောင့် ဒီလိုလှမ်းပုတ်ခတ်တိုက်ခိုက် သင့်ပါလဲခင်ဗျာ.. နားမလည်ပါဘူး.. စောလုံကိုမသိလို့လား.. အမျိုးသမီးရေးရာ ၀တ်စုံဝတ်ထားလို့လား.. ကိုယ်သူ့ကို လွဲတယ်လို့ တကယ်လေ့လာ လက်ခံထားတဲ့ ဘာကိစ္စမှမရှိ.. ဘာမှလဲမသိပဲ.. ကိုယ်ပိုင်အမြင်ဆိုတာ သူနဲ့ပက်သက်ပီး မရှိပဲ.. ကြားဖူးနားဝနဲ့ ရမ်းရမ်းကားကား ရေးရဲတယ်လို့ မြင်ပါတယ်..

သမိုင်းတွေကို ပျင်းတဲ့မောင်သတိကတော့ အဲဒီ ကိုပေါမဖတ်လိုက်ရတဲ့ ယိုးဒယားအရေးကျမှ ဆရာမဆောင်းပါးတွေကို စဖတ်ရပါတယ်.. (ကိုပေါဖတ်ကြည့်စေချင်ပါတယ်.. သမိုင်းအမြင်ကို ပညာရှင်ရှုထောင့်ကနေ ထိုင်းကို မငဲ့မညှာ လေသံအေးလေးနဲ့ အားမနာတမ်း ရေးသွားတဲ့ ဆောင်းပါးဟာ မြန်မာ့တပ်မတော်ကို အဆင့်မြင့်လေယာဉ်တွေနဲ့ ဖဲ့နေတဲ့ ထိုင်းရင်ကို ဆတ်ဆတ်ခါ သွားစေတာပေါ့ဗျာ.. ) ကလောင်လက်နက်ရဲ့ ထက်မြက်မှုကို အဲဒီမှ ကျွန်တော်စသတိထားမိ ပါတယ်..

ခပ်ရှင်းရှင်းပြောရင် အဲဒီထိုင်းနဲ့ အရေးမှာ ကလောင်စွဲကိုင် တိုက်ပွဲဝင်တာကလွဲပီး ဘယ်ပေါ်လစီဆောင်းပါးမှ.. အစိုးရကို ဖားတဲ့ ဘယ် ဆောင်းပါးမှ ဆရာမရေးတာ မဖတ်ဖူးပါဘူး.. ဒါပေမဲ့ အံ့သြမိတာက ဟိုကစကျူးကျော်ပီး ဖြစ်ရတဲ့ပွဲမှာ ကိုယ့်ကလောင်စွဲကိုင် တိုက်ပွဲဝင်တဲ့ နိုင်ငံသားတစ်ယောက်ကို အစိုးရသတင်းစာမှာ ရေးရမလားဟဆိုတဲ့ ဒီမိုဆိုသူတွေရဲ့ ပုတ်ခတ်တဲ့ အမြင်ပါ.. အစိုးရနဲ့ဖြစ်ရင် ဘယ်သူဖြစ်ဖြစ် ကောင်းတယ် တော်တယ် ထောက်ခံရမယ် မဆန့်ကျင်ရဘူးဆိုတဲ့ ပုံစံမျိုးကြီး သွားနေတဲ့ အမြင်ကျဉ်းကျဉ်းလေးကိုကြည့်ပီး သနားမိပါရဲ့ဗျာ..

အမှန်တိုင်းပြောရရင် ကျွန်တော် ဒီကော်မန့်ကို ရေးဖို့ တော်တော်စဉ်းစားပါတယ်.. တခုက ဒီလောက်ပေါ့သွမ်းတဲ့ ဆောင်းပါးကို မကော်မန့်ချင်တာပါ.. (မကော်မန့်ချင်လို့ပဲ ဆောင်းပါးထက်တောင် ရှည်တော့မယ်.. ဟီးဟီး..) နောက်တစ်ခုကတော့ ဒါကိုကြည့်ပီး အနိုင်အထက်ပြောလိုစိတ်နဲ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆရာမကို တိုက်ခိုက် ပုတ်ခတ်ကြဦးမှာကိုလဲ မြင်မိလို့ပါဗျာ..

ကဲ ကိုပေါရေ နှုတ်ဆယ်တယ်ဗျာ.. တာ့တာ

အားလုံးသက်သာ
မောင်သတိ

ကိုပေါ said...

သတိ....

အားလုံးငပိ...

မင်္ဂလာပါဗျာ။ သားသား ဘာပြောမိလို့လဲဗျာ။ ဒေါက်တာမတင်ဝင်းကိစ္စမှာ ကျနော်သိသလောက် အမှန်တွေပဲ ပြောခဲ့တာပါ။ စောလုံကိစ္စမှာ ထောက်ပြမိတဲ့အတွက် ဒေါက်တာမတင်ဝင်းကြီး မဂ္ဂဇင်းစာမျက်နှာပေါ်မှာ ယမ်းပုံမီးကျ ဖြစ်တယ်။ ယိုးဒယားနဲ့ကိစ္စ ဆောင်းပါးတွေတော့ ပြောခဲ့တဲ့အတိုင်း မဖတ်ဖူးဘူးခင်ဗျ။ အများသူငါပြောပုံအရ အတော်သတင်းမွှေးတယ်။ ဒီမျှသာပါ။ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ ဒေါက်တာမတင်ဝင်းကြီးကို ရာဇဝင်ထဲမှာ ထားခဲ့ချင်ပါတယ်။ မောင်သတိ သယ်ချင်တဲ့ ဆန္ဒရှိရင်တော့ သယ်ပါဗျာ။ မတားပါဘူး။

“ကိုပေါဖတ်ကြည့်စေချင်ပါတယ်.. သမိုင်းအမြင်ကို ပညာရှင်ရှုထောင့်ကနေ ထိုင်းကို မငဲ့မညှာ လေသံအေးလေးနဲ့ အားမနာတမ်း ရေးသွားတဲ့ ဆောင်းပါးဟာ မြန်မာ့တပ်မတော်ကို အဆင့်မြင့်လေယာဉ်တွေနဲ့ ဖဲ့နေတဲ့ ထိုင်းရင်ကို ဆတ်ဆတ်ခါ သွားစေတာပေါ့ဗျာ.. ) ကလောင်လက်နက်ရဲ့ ထက်မြက်မှုကို အဲဒီမှ ကျွန်တော်စသတိထားမိ ပါတယ်..”

အလဲ့... တယ်ဆိုတဲ့ စာပါလား။ မောင်သတိ သတိထားမိပေမယ့် နေပြည်တော်က အဘတို့က ယောင်လို့တောင် အသိအမှတ်ပြုပုံမရဘူးဗျ။ ကြည့်လေ။ ဒီလောက်ထက်မြက်တဲ့ ကလောင်လက်နက်ကို ပိုင်ဆိုင်နေတာတောင် ညူကလိယားလက်နက်နောက်ကို သဲကြီးမဲကြီး လိုက်နေရသေးတယ်...သွပ်သွပ်သွပ်...

အပြီးတော့ နှုတ်မဆက်လိုက်ပါနဲ့ဗျာ။ မောင်သတိ အဲသလိုပြောရင် ကျနော် ငိုချင်တယ်။

အားလုံးမြင်းခွာရွက်....
ကိုပေါ။

ကျော်ထင် said...

သမိုင်းကိုပျင်းတဲ့ ငတိ.. အဲလေ.. ငပိ.. အာ.. မှားလို့.. သတိ
သမိုင်းအကြောင်းမသိပဲ ဆရာမရေးတာဖတ်ပြီးမှ အော်တယ်ဟုတ်ပါလား ငါတို့ဗမာကွ လို့ ဇာတိမန်တက်သွားတယ်ဆိုပါတော့။
ဒေါက်တာမတင်ဝင်း ဒူးနေရာဒူး တော်နေရာတော် မနေပဲ ၀င်ရေးလိုက်တဲ့ဟာတွေ အပေါ် တကယ့်သမိုင်းဆရာတွေ ပညာရှင်ရှုထောင့်ကနေ ဘယ်လိုသဘောထားသလဲ ကိုရင်မသိတာ အခုပုံထဲမှာ မသိနားမလည်တဲ့ နအဖဒေါက်တိုင် အူတူတူ မိန်းမတွေအရှေ့မှာ ဒေါက်တာမတင်ဝင်း ထင်းထင်းကြီးရပ်နေတာ မြင်ရသလိုပဲ။
ကျုပ် သူ့စာတွေ အရင်က ဖတ်ဖူးပါတယ်။ ကိုရင်ပြောတဲ့ ထိုင်းဆန့်ကျင်ရေး ဆောင်းပါးတွေလဲ အစပိုင်း အဟုတ်မှတ်လို့ ဖတ်ဖူးသဗျ.။
အဲဒီတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆရာမကို ပုတ်ခက်ကြအုံးမယ်လို့ ကိုယ့်လူ ဟောကိန်းထုတ်ထားလို့ ကောင်းသည် ဆိုးသည် ကျုပ်တော့ မဝေဖန်လိုဘူးဗျ။ ကျုပ်တို့ကိုယ်စား မြန်မာပြည်က တကယ့်သမိုင်းပညာရှင်တွေ ဘယ်လိုဝေဖန်သလဲသာ ကိုရင်ရှာဖွေလေ့လာပေရော့..။
ဘယ်လို.. သိချင်တယ် ပြောပြပါဟုတ်လား.. ဒါပြောစရာလား။ နို့မဟုတ် ကိုရင် စွတ်စွဲထားသလို ဟုတ်တော်ရှိ မဟုတ်သော်ရှိ လို့ တံဆိပ်ကပ်ခံရအုံးမယ်.. အဲဒီတော့ မပြောရေးချ မပြော. လုံးဝပြောမပြ ။ ကိုယ့်အားကိုယ်ကိုးပြီးသာ ရှာဖွေလေ.။ ပြီးမှ ပေါက်ကရ သိုင်းကွက် တုတ်ထမ်းရမ်းတဲ့ ကိုပေါကို ပညာရှင်ဆန်ဆန် ရှုထောင့်ကနေ ဦးအောင်ဇေယျရဲ့ ၀ါးရင်းဒုတ်သိုင်းကွက်နဲ့ ရမ်းဖို့ သတိပေးပါလို့ သတိကို ထက်ကာ သတိပေးချင်တယ်..

ဖိုးတုတ် said...

ကိုပေါ ရေ ....

ကျွန်တော်တစ်ခုလောက်မေးချင်လို.ပါ ခပ်ပြင်းပြင်းပို.စ် ၂ခုတင်ပြီးမှ ကိုပေါက guilty conscience ကြောင့်လား ဘာလားတော့မသိဖူး စက်ဘီးစီးတဲ့ ပို.စ်ဟောင်းကို နည်းနည်းပြန်ပြင်ပြီ ကမျောကသော တင်လိုက်ပုံပေါ်ပါတယ် ပို.စ် ဟောင်း ပို.သစ်က ဘလော့ဂါကြီး ရဲ့ လုပ်ပိုင်ခွင့်ဆိုပေမဲ့ အကြောင်းတစ်ခုတော့ ရှိရမယ်ထင်ပါတယ် အဲဒီ့ကိစ္စကတော့ ဘလော့ဂါကြီး ကိုယ်တိုင်မှ လွဲ၍ ဘယ်သူ.မှ မသိနိုင်ပါ

နောက်တစ်ခုကို ဆက်ပြောချင်ပါတယ် ....

မှန်ရာကိုပြောရရင် ဒီပွဲမှာ ကိုပေါ က မောင်သတိ ကို ရှုံးသွားပါတယ် ကျွန်တော်အရင်က ပို.စ်မှာ ကိုပေါ က မောင်သတိကို ဘယ်လိုနိုင်လိုက်တယ်ဆိုတာ မြိန်ရေရှက်ရေပြောခဲ့ပေမဲ့ ဒီတစ်ခါတော့ ရှုံးတာကို မပြောချင်ပေမဲ့ ပြောလိုက်ရခြင်း ဖြစ်ပါတယ်

ကျွန်တော်ဘေးက အမြင်အရတော့ မောင်သတိကို နိုင်တာ ခုချိန်ထိတော့ ကိုပေါတစ်ယောက်ပဲရှိတယ် အမြဲတမ်းနိုင်တယ်လို.တော့မဟုတ်ပါဖူး ဘေးက ဒီမိုဘလော့ဂါတွေက (ကျွန်တော်အပါအ၀င်) ကိုပေါ ဘက်ကကူညီပြီး မန်.ပေးတယ် ဆိုတာကလည်း ဘောလုံးပွဲမှာလို ဘေးကဆဲ ပြောင်းဖူးရိုးနဲ. ပစ်တဲ့အဆင့်ပဲ ရှိပါတယ် ဘယ်သူ.မှ အချက်ကျကျ မရှင်းနိုင်ဖူးဖြစ်နေတယ် တစ်ချို.တွေက ကျွန်တော့်ကို ဆိတ်သနင်္ဂဗျူဟာလို.များ ပြောနေမလားမသိဖူး နောက်တစ်ချိန်မှာ ကိုပေါ နိုင်ခဲ့ရင်လည်း ကျွန်တော်ထွက်ပြောမှာပါ မှန်တယ်ထင်ရင် ပြောတယ်ပေါ့ဗျာ

နောက်တစ်ခုပြောချင်တာက မောင်သတိ ရဲ့ ကွန်မန်.ကို ကိုပေါက ကဗျာကယာ ကြောက်လန်.တစ်ကြား ပြန်လိုက်ပုံကတော့ အနှစ်သာရမရှိ အချက်အလက်မရှိ အရူးချီးပန်း ၀ါးလုံးချီးသုတ်ပြီးရမ်းလိုက်သလို ဘာမှထိထိရောက်ရောက်မရှိလှပါဖူး ကျွန်တော့်အထင်ကတော့ သိကြားမင်းကြီး ဆင်းလာပြီး ကိုပေါ ကို ကွန်မန်. ကူရေးပေးရင်တောင် နိုင်မဲ့ အနေအထား မရှိတော့ပါဘူး မောင်သတိကြောင့် မဟုတ်ပဲ ကျွန်တော့်ကြောင့် ငိုမှာကိုတော့ စိုးရိမ်မိပါရဲ့ဗျာ

မောင်သတိ ရဲ့ ကွန်မန်.ကတော့ တကယ့်ကို ကောင်းပါတယ်

နတ်မိမယ်တွေကြောင့် မဟုတ်ပဲ နတ်သားလေး မောင်သတိ ရဲ့ကွန်မန်.ကြောင့် စင်္ကာပူမှာ ငိုက်မျဉ်းနေတဲ့ မြန်မာဘလော့ဂါ ကိုပေါကြီး တစ်ယောက် ရုတ်တရက် လိပ်ပြာလွင့်မတတ် လန့်ဖျတ်သွားတာပဲဖြစ်ပါလိမ့်မယ်

ကျွန်တော်ခင်မင်မူနဲ. အကြံပေးချင်တာကတော့ ထပ်ပြီးလည်းရှင်းမနေပါနဲ. ဘယ်သူမှာ စွယ်စုံမရသလို တစ်ခါတစ်လေတော့လည်း
အချက်အလက်နဲ. ပိုင်ပိုင်နိုင်နိုင်ထောက်ပြတဲ့သူရှိတဲ့အခါ တစ်ချို.ဘလော့ဂါတွေလို ဆန်.ငင်ဆန်.ငင် ကြီးဖြစ်တတ်ပါတယ် တစ်ချို.ဘလောဂါ တွေလို ရှက်ရမ်းရမ်းပြီး ဆက်ရှင်းနေရင် ပိုရှုတ်ပြီး ပိုရှက်ဖို.ကောင်းပါလိမ့်မယ် ကိုပေါ ရဲ့မူအရ သီးခံလိုက်တာ အကောင်းဆုံးပါပဲ

ခုပြဿနာက ဘာနဲ.တူနေသလဲဆိုတော့ ကိုပေါနဲ. မောင်သတိ ကစားရာက ရန်ဖြစ်ပြီး မောင်သတိက ကိုပေါကို ထိုးလိုက်လို. ဖူးရောင်ပြီး အိမ်ပြန်လာတဲ့ ညီငယ်ဖြစ်သူ ကိုပေါ ကို အကိုဖြစ်သူက (ကျွန်တော်က) ဂရုဏာဒေါသောနဲ. ဖိပြီးဆူနေတယ်လို.ပဲ သဘောထားပါဗျာ အထိုးလဲခံရ အဆူလဲ ခံရပေါ့ မကောင်းပါဘူးဗျာ

ကိုပေါ ရဲ့ ကွန်မန်.ကြီးကို ရာဇ၀င်ထဲမှာ ထားလိုက်တာ အကောင်းဆုံးပါပဲ

ခု ကွန်မန်.နာ ပရိတ်သတ်ကြီး က ငိုက်မျဉ်းနေပြီး ကိုပေါကိုလည်းကူညီချင်၊ ကူညီလို.ကလည်း မစွမ်းသာချိန်မှာ ကိုကိုစန်း ဆိုတဲ့ အမည်လည်းတွေ.ရော ဟေ. ... ဟိုကောင်ထွက်လာပြီး ချကြကွာ ချကြဆိုပြီး ဖြစ်လာခဲ့ရင် ကိုပေါ နှင့် မောင်သတိ တို.ရဲ့ ကွန်မန်.ကို မေ့လျော့သွားနိုင်ပါတယ် အာရုံပြောင်းလိုက်သလိုပေါ့ဗျာ ကျွန်တော့် ရဲ့ မိတ်ဆွေစစ် ကူညီခြင်းလို.ပဲ သဘောထားလိုက်ပါ အဲဒီလိုဖြစ်လာခဲ့ရင်လည်း ဒေါ်မေငြိမ်းကြီးရေ သားသားတော့ ၀ဋ်လည်နေပါပြီ နောင်မပြောတော့ပါဘူးဆိုပြီး အော်ငိုနေရမလို ဖြစ်နေပါတယ်

ကိုပေါရယ် ကိုပေါ ဘလော့မှာ လူစည်တယ် လို.ပဲ သဘောထားလိုက်ပေါ့

ခင်မင်စွာဖြင့်

ကကစ

ကိုပေါ said...

ထိုင်းဆန့်ကျင်ရေးဆောင်းပါးတွေ ရေးတဲ့ ဒေါက်တာမတင်ဝင်းကို ပြည်တွင်းက သမိုင်းပညာရှင်၊ စာပေအနုပညာရှင်တွေက ဘယ်လို သဘောထားတယ်ဆိုတဲ့အကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြထားတဲ့ ဧရာဝတီမဂ္ဂဇင်းက အယ်ဒီတာအောင်ဇော်ရေးသားတဲ့ ဆောင်းပါးတပုဒ်ကို ကူးယူဖော်ပြလိုက်ပါတယ်။

(ဒေါက်တာမတင်ဝင်းအကြောင်း စိတ်ဝင်စားသူတွေ အတွက် ရည်ရွယ်ပါတယ်။)

“Thai-Bashing Scholar Shunned in Rangoon”
By Aung Zaw

Dr Ma Tin Win is infamous among Thai officials as her Thai-bashing articles enraged the Kingdom of Thailand.But Thais are not alone. "She [Ma Tin Win] is shunned by us. We don’t want to associate with her," a Rangoon-based prominent writer who requested anonymity told The Irrawaddy. True. Not only in Thailand, but also in Burma, Dr Ma Tin Win is unpopular. Burmese are not paying serious attention to articles written by Ma Tin Win, which are published daily in the military government’s papers. A business editor in Rangoon said many Burmese do not hate Thais. As Thai-Burma relations went into a tailspin, many Burmese who are not happy with the regime are saying our enemy’s enemy is our friend. "But we are patriotic," said a woman writer who also writes for several prominent magazines in Burma. She said she has been to Thailand and has many Thai friends who are no different than Burmese. She again stressed that no one is paying attention to the regime’s anti-Thai propaganda. The Burmese, who have been living under repressive military rule for decades, routinely dismiss news, articles and commentaries in the state-run press as lacking in credibility. Ma Tin Win is also under pressure from her readers and editors. A senior staff member at the Rangoon-based Klaya magazine said that readers and regular contributors, including famous writers, phoned his office to tell him to stop publishing Ma Tin Win’s articles. One well-known writer threatened to quit writing regular features for the magazine unless it considered this request. Respected historian Dr Than Htun, who has established close ties with Thai scholars and historians, reportedly asked Klaya magazine to stop publishing Ma Tin Win’s articles, though they are not related to Thai-Burma relations. Ma Tin Win, who is in her 60s, received her doctorate in historical pedagogy in Russia in the early 1970s. She began to write articles related to European and Asian history for Burmese magazines in 1984. Her work is considered "average" among Burmese writers and editors. She recently published a book about Burma’s Konbaung Dynasty. Since last year, many professional writers in Burma quietly protested Ma Tin Win after she began writing for the junta’s mouthpiece publications. Last year, during the Thai-Burma border conflicts, Ma Tin Win wrote several critical articles that offended Thai officials and Thai people. "We never write for government papers, but she broke our principles and integrity," said a writer in Rangoon. He continued that since last year, when Ma Tin Win joined the government propaganda papers with her attacks on Thailand, she has lost many of her friends and readers. "People stay away from her," he said. According to sources close to the controversial writer, her anti-Thai attacks in the state-run press last year provoked a slew of abusive phone calls from Burmese readers, forcing her to change her telephone number. Many writers said that Ma Tin Win’s articles and opinions do not represent Burma and its people. "She has been shunned," one writer said. Last week, noted Burmese director Maung Wunna held a wedding ceremony, to which he invited Ma Tin Win. A Burmese writer who attended the ceremony said that Ma Tin Win’s face was red, as many guests at the wedding kept their distance from the controversial writer.

http://www.irrawaddy.org/print_article.php?art_id=2403

Rita said...

ဒေါက်တာ မတင်ဝင်း သတင်းစာမှာ ရေးတဲ့ ဆောင်းပါးတွေ မဖတ်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ သဘောလောက်တော့ ဖတ်ရသူတွေဆီက တဆင့် သိခဲ့ပါတယ်။ နောက်တစ်ချက်က သူ့လမ်းကြောင်းက သတင်းစာမှာ အဲဒီဆောင်းပါးတွေ ရေးတော့မှ သိသာမြင်သာ ဖြစ်တာ မဟုတ်ပါဘူး။ ဒီ့အရင် သူရေးလာသမျှ ဆောင်းပါးတွေထဲက အတော်များများကို ဖတ်ကြည့်ရင် သူဘယ်လမ်းကြောင်းသွားနေတယ်ဆိုတာ မြင်သာပါတယ်။ သတင်းစာမှာ ရေးလိုက်တဲ့ ဆောင်းပါးတွေကတော့ အထင်ရှားဆုံး၊ အမြင်သာဆုံး ဖြစ်သွားတာပေါ့။

ပြီးတော့ သူရေးတဲ့ သမိုင်းဆိုင်ရာ အချက်အလက်ဆိုတာတွေကလည်း (သတင်းစာပါ ဆောင်းပါးမှမဟုတ်) ပညာရပ်ဆိုင်ရာ ခိုင်လုံတဲ့ အချက်အလက်တွေ မဟုတ်ဘူး။ စိတ်ကူးနဲ့ မှန်းဆထားတာတွေက ပိုများတယ်။ ဥပမာ - ရာဇကုမာရ်။ တချို့အချက်အလက်တွေ ဘာအထောက်အထားမှ ရှိတာမဟုတ်။ အဲဒါမျိုးက ချစ်ဦးညိုတို့ ရေးသလို ဝတ္ထုလို လုပ်ရေးနေရင်တော့ ပြဿနာမဟုတ်ဘူး။ သမိုင်းဆောင်းပါးလို့ ခေါင်းစဉ်တပ်လိုက်တဲ့အခါမှာတော့ ပြဿနာဖြစ်သွားပြီ။ ပညာရပ်ဆိုင်ရာ တန်ဖိုးက မတူဘူး။ (ဆောင်းပါးပါ အချက်အလက်နဲ့ ဝတ္ထုပါ အချက်အလက် သမိုင်းဆိုင်ရာ တန်ဖိုးရှိပုံခြင်း မတူ)။ ပညာရပ်ဆိုင်ရာ ဆောင်းပါးဆိုတာ စိတ်ကူးယဉ်ပြီး ရေးရတဲ့ ကိစ္စတွေ မဟုတ်ဘူး လို့ ယူဆမိပါတယ်။

နောက် ထင်ထင်ရှားရှား သတိရမိတာတစ်ခု ပြရမယ်ဆိုရင်... Reader Digest မှာပါတဲ့ လူပုဂ္ဂိုလ်တွေအကြောင်း ပြန်ရေးပါတယ်ဆိုတဲ့ "ဘုံအနှမ်းမှ လူဆန်းများ" ဆိုတဲ့ စာအုပ်ကို သတိရမိတယ်။

အဲဒီစာအုပ်ထဲက အကြောင်းအရာ အသေးစိတ်တွေ မမှတ်မိတော့မယ့် အဲဒီထဲက UK နိုင်ငံရေးလောကအကြောင်းရေးတဲ့ ဆောင်းပါးတစ်ခုမှာ "တချို့လူတွေ အင်မတန်ကို အခြေအနေအရပ်ရပ်ကို နားလည်သုံးသပ်နိုင်နေပြီးတော့များ မရနိုင် မဖြစ်နိုင်တာကို တတ်သိနားလည်တယ်ဆိုရင်လည်း အဖြစ်မှန်ကို လက်ခံလိုက်ပါလား" ဆိုတဲ့ သဘောမျိုးရေးထားတာ ပါတယ်။ ဒါ ဥပမာတစ်ခုကိုသာ ထုတ်ပြတာ ဖြစ်တယ်။

အဲဒါ ဘာကို ဆိုလိုတယ်။ ဘယ်လမ်းကြောင်းကို သွားနေတယ်။ ဘယ်ဘက်က ရပ်တည်တယ်ဆိုတာ ဖွင့်ဆိုရှင်းပြနေစရာကို မလိုဘူးလို့ ထင်မိတယ်။ လူတစ်ယောက်ရဲ့ ရပ်တည်ချက်ဆိုတာ သူ့လွတ်လပ်ခွင့်သာဖြစ်လို့ စွက်ဖက်ဝေဖန်စရာမလိုပေမယ့်လို့ အဲဒီရပ်တည်ချက်က ရိုးသားဖို့တော့ လိုတယ်လို့ မြင်မိပါတယ်။

အဲဒီလို ရိုးသားတယ် မမြင်နိုင်တော့တဲ့ နောက်ပိုင်းမှာ သူ့ဆောင်းပါးတွေ မဖတ်ဖြစ်တော့၊ ကြုံလို့ဖတ်လည်း စိတ်ထဲ အလေးအနက် မရှိတော့ဘူး။

သူလို စာရေးသူတစ်ယောက် ဘယ်လို သဘောထားနဲ့ ဘယ်ဘက်က ရပ်တည်လို့ ဘာကိုရေးတယ်၊ ဘယ်လို ရိုးသားတယ် မရိုးသားဘူးဆိုတာ သူရေးဖူးသမျှ စာတွေ ခြုံငုံသုံးသပ်ကြည့်ရင် သိနိုင်တာပါပဲ။

ဒီ့ထက် တိုက်ရိုက်ကျအောင် ပြောရရင် သူလို စာရေးသူမျိုး၊ သူလို လူမျိုးအတွက်က သတင်းစာမှာ သူများတွေ ရေးသလို အတုံးလိုက် အတစ်လိုက် လိုက်ရေးနေမှ ဖားတယ် မဖားဘူးဆိုတာ ကို ဆုံးဖြတ်နိုင်တာ မဟုတ်ဘူး။

ဥပမာ ပြောရရင် ဇနပုဒ်က လူမိုက်နှစ်ယောက် တစ်ယောက်ကို တစ်ယောက် လုပ်ကြံတဲ့နည်းမျိုးကို နိုင်ငံတကာက ပညာတတ် လူရည်လည်နှစ်ယောက် တစ်ယောက်ကို တစ်ယောက် လုပ်ကြံချင်တဲ့အခါ သုံးစရာမလိုဘူး။ အဲဒီအခါ ဟိုလူမိုက်နှစ်ယောက် ဖြစ်တာမှာ တစ်ယောက်က ဓါးတန်းလန်းနဲ့ လယ်ကန်သင်းရိုးမှာ လူမြင်သူမြင်ပဲ၊ ခု မြို့ပေါ်က လူရည်လည်နှစ်ယောက် ဖြစ်တဲ့ကိစ္စ ဘယ်မှာ ဓါးတန်းလန်း သက်သေရှိလို့လဲ မေးစရာ မဟုတ်ဘူးလို့ ထင်မိတယ်။

ဖိုးတုတ် said...

ကိုပေါ ခင်ဗျား

ကိုပေါညွှန်းတဲ့ ဧရာဝတီ မဂ္ဂဇင်းက ဆောင်းပါးကို ဖတ်လိုက်ပါတယ် အမည်မသိတဲ့သူက ပြောတာလည်းပါတယ် မင်္ဂလာဆောင်မှာ မျက်နှာကြီး နီတာလည်းပါပါတယ် ၊ အမည်မသိတဲ့သူ က မသိတာတွေ.နဲ. စပြီး မသိတာတွေနဲ.ဆုံးသွားတဲ့ ဆောင်းပါးရှည်ကြီး ဖြစ်နေပါတယ်

အောင်ဇော်က Hypocrisy Replaces Hope after the NLD Decision (31-03-2010) မှာ အောက်ပါအချက်တို.နဲ. ဒေါ်စု နှင့် NLD ရွေးကောက်ပွဲမ၀င်တာ ကို မနှစ်သက်နဲ. အမြင်နဲ. အောက်ပါအတိုင်း လူသိရှင်ကြား ဝေဖန်ထားပါတယ် သူရဲ့အရေးသားတွေက ကောင်းပေမဲ့ အားလုံးတော့ မမှန်နိုင်ဘူးဆိုတာ ထောက်ပြတယ် ဆိုတဲ့သဘောပါ အဲဒီ့ဆောင်းပါးမှာ ကိုအောင်ဇော်က NLD ရွေးကောက်ပွဲမ၀င်လို. စိတ်ဆိုးနေပုံ ပေါ်ပါတယ်

Here is my recommendation: Than Shwe should send a letter of appreciation to Ban and all of his international friends and assure them of a “free and fair” election.

Suu Kyi, on the other hand, should send her own letter of disappointment to her international friends and critics. They will reply in similar fashion.

ကျွန်တော် ထိုင်းကို မကြာခဏ အလည်အပတ်ခရီးထွက်ပါတယ် ထိုင်းတွေရဲ့ ဖော်ရွေမူ အစားအသောက် ကလည်း ကောင်းလို.ပါ ကျွန်တော်ထိုင်းကို မမုန်းပါ ဒါပေမဲ့ အောင်ဇော်ရေးထားတဲ့ ဆောင်းပါးက တော့ ထိုင်းမှာနေတဲ့သူက မြန်မာ နှင့် ထိုင်း ကိစ္စမှာ မြန်မာဘက်ကရေးလိုက်ရင် သူ.တို.ရဲ့ Chiang Mai မှာရှိတဲ့ မဂ္ဂဇင်းတိုက်ကို နေ.တွင်းချင်း ပိတ်ရမှာကြောက်လို. ထိုင်းဘက်ကို စားကောင်းသောက်ကောင်းအောင် ဘက်လိုက်ပြီး ရေးတယ်လို.ထင်ပါတယ် အဲဒီ့ကိစ္စကို အခြားနိုင်ငံက နိုင်ငံခြားသားတစ်ယောက်က ရေးရင်တော့တစ်မျိုးပေါ့လေ ကျွန်တော်ကတော့ ကိုအောင်ဇော်ကို ထိုင်းနိုင်ငံမှာနေပြီး မြန်မာအစိုးရဘက် ကိုရေးပေးတဲ့ ဒေါက်တာမတင်ဝင်းကို ဝေဖန်ရမလားဟဲ့ ဆိုပြီး ဒေါသမထွက်ပါဘူး ကိုအောင်ဇော် က သူ.ရဲ့ ဘ၀ရပ်တည်ချက် အတွက် ရေးတယ်လို.ပဲထင်မိပါတယ် ကိုပေါလည်း စလုံးမှာရှိတဲ့ The Straits Times, Forum ကဏ္ဍမှာ ပီအေပီ အကြောင်း လူကြီးတွေ အကြောင်းရေးရဲလို.လား ကိုပေါ ကျွမ်းပြန်မကျလာရင် ကျွန်တော်ကို ကြိုက်သလိုပြော ဒါက ဥပမာအနေနဲ. ပြောတာပါ အာရှက ဒီမိုကရေစီဆိုတာ ဒီလောက်တော့ မလွတ်လပ်သေးပါဖူး

ကဲ ဒေါက်တာမတင်ဝင်းအကြောင်း ပြောကြရအောင် ...

ထိုင်းနဲ.မြန်မာ ပြဿနာဖြစ်တာကို မြန်မာဘက်ကရေးတယ် နောက်ပြီးသူက သမိုင်းစာအုပ်ထုတ်တာလည်း မဟုတ်ပါဖူး အစိုးရသတင်းစာကနေ ထိုင်းမကောင်းကြောင်း ရေးတယ် အမှန်ကတော့ အိမ်နီးချင်းပြဿနာ မဖြစ်တာကတော့ အကောင်းဆုံပဲပေါ့
ဒါပေမဲ့ ပြဿနာရှိလာခဲ့ရင်တော့ မြန်မာဟာ မြန်မာဘက်က ရပ်တည်ရမယ်မဟုတ်ပါလား အိမ်ထောင်စု တစ်ခုလိုပေါ့ အိမ်တွင်းမှာ မောင်နှမချင်း ပြဿနာရှိတယ် ဒါပေမဲ့ အိမ်နီးချင်းနှင့် ရန်ဖြစ်ရင် ကိုယ့်အိမ်သား ဘက်က ရပ်တည်ရမယ် မဟုတ်ပါလား ဒေါက်တာ မတင်ဝင်းက နအဖ ကို ဖားပြီးရေးချင်ရေးမယ် မျိုးချစ်စိတ်ရှိလို. ရေးတာဖြစ်ချင်ဖြစ်မယ် သူ.ရဲ့ ဘ၀ရပ်တည်ချက် အတွက်ရေးတာလည်း ဖြစ်နိုင်ပါတယ် ကိုယ်မလုပ်နိုင်တာကို သူလုပ်ပေးနေတာကို ကိုယ်ကအားမပေးရင်တောင် မဝေဖန်သင့်ပါဖူး မသိချင်ယောင်ဆောင်နေလိုက်ပေါ့ အကယ်၍ ကိုယ့်က သမာသမတ် ကျချင်တယ်ဆိုရင်ပေါ့ ကိုအောင်ဇော် ကိုတောင် မုဒိတာ ပွားနိုင်ခဲ့ရင် ဒေါက်တာမတင်ဝင်း ကိုလည်း ခွင့်လွှတ်လိုက်ပါဗျာ

အကယ်၍ နှစ်နိုင်ငံ ပြဿနာ တက်ခဲ့ရင်လည်း မြန်မာဘက်က ရဲရဲဝံ့ဝံ့ကြီး ရပ်တည်လိုက်ပါဗျာ

Blood is thicker than water ဆိုတဲ့ စကားပုံတောင်ရှိပါသေးတယ်

ဆက်ရန် .....

ဖိုးတုတ် said...

ဒါနဲ. စကားမစပ် အရင်ပို.စ်က သံရုံးကိစ္စက ကျွန်တော် PC က အသံမကြားရဖူး ကိုပေါတို.ရဲ့ ပြောပုံအရဆိုရင် အငြင်းပွားတယ်ပေါ့ အဲဒီ့လူရောက်တဲ့ အချိန်လည်းမသိပါ ၊ ကျွန်တော်က EP နဲ.နေတာပါ အခွန်ဆောင်နေသူပေါ့ အခွန်ကောက်နှုန်းကများပါတယ် ဒီလိုပဲမပျော်ပေမဲ့လည်း ပေးနေရတာပါပဲ သံရုံးမှာ အစိုးရရုံးပိတ်ရက်ခံပြီး ရုံးဖွင့်တဲ့နေ.၊ တနင်္လာနေ. နဲ. စင်ကာပူကျောင်းပိတ်တဲ့ အချိန်တွေမှာလူများတတ်ပါတယ် လူအများနဲ. ဆက်ဆံရတဲ့ သူတို.တွေကိုလည်း နားလည် ပေးလိုက်ပါလား သူတို.က ဈေးရောင်းတာမဟုတ်တော့ ဆက်ဆံတာက တစ်မျိုးဖြစ်မှာပေါ့ဗျာ ကျွန်တော်တို.က မြန်မာသံရုံးသာ ပြောနေတာ ဒီက လ၀က သွားရင် ကျွန်တော်တို.မြန်မာတွေဟာ (ကျွန်တော်အပါအ၀င်) ငြိမ်ကုတ်နေရတာပါ ကိုပေါတို.လို ပီအာ က နည်းနည်း တော်ပါသေးတယ် နောက်ကျလို.ကတော့ အဲဒီ့က လ၀က ၀န်ထမ်းနဲ. ငြင်းခုံဖို. နေနေသာသာ ကောင်တာနားအထိတောင် ၀င်လို.မရပါဘူးဗျ

ကျွန်တော် အရင်တုန်းက ရန်ကုန်မြို.ထဲက ကုမ္ပဏီ တစ်ခုမှာ လုပ်ခဲ့တုန်းက MFTB (အခုတော့အမည်ပြောင်းပြီးထင်ပါတယ်) အကောက်ခွန် ၊ ကုန်သွယ်ရေးရုံး တို.နှင့် ဆက်ဆံလုပ်ကိုင်ရပါတယ် နည်းနည်းပါးပါး ပေးရပါတယ် ဒါပေမဲ့ ၀န်ထမ်းးတွေက ဆိုးလှတယ်လို. မဟုတ်ပါဖူး မပြေလည်တော့လည်း လာဘ် ယူရတောပေါ့ဗျာ နိုင်ငံခြားက စံတွေနဲ.တော့ သွားပြီးတိုင်းတာလို.မရပါဖူးဗျာ မြန်မာစတိုင်နဲ.ပဲ သွားရမှာပေါ့ တစ်ချို.၀န်ထမ်းတွေဆို ဆင်းဆင်းရဲရဲနှင့် ရိုးသားစွာ သေဆုံးတဲ့အထိ ရှာဖွေ စားသောက်နေတဲ့သူတွေပါ အဲ့ဒီလို ၀န်ထမ်းတွေလည်းရှိပါတယ် တစ်ချို. ကျောင်းဆရာ တွေဆိုလည်း အဆင်မပြေပါဖူး နိုင်ငံခြားမှာ အဆင်ပြေနေတဲ့ သူတွေက မြန်မာပြည်က ရုံးဝန်ထမ်းတွေ အားလုံးကို ယဉ်ကျေးမှု သင်တန်းပေးသင့်တယ် ဆိုတဲ့ နှိမ့်ချတဲ့ ကွန်မန်.တွေကိုရေးတာတော့ ကောင်းတဲ့ ရိုးသားတဲ့ ၀န်ထမ်းတွေ အတွက်တော့ မကောင်းပါဘူးဗျာ

ခုဒီလိုရေးနေတာကလည်း မည်သူနှင့်မှ မပတ်သက်ပဲ ကိုယ်မှန်တယ်ထင်လို. ရေးလိုက်တာပါ

ကျွန်တော်တို.ဘ၀က မြန်မာပြည်မှာ ရှာတော့လည်း အဆင်မပြေ ၊ နိုင်ငံခြားမှာ အလုပ်ကိုပင်ပင်ပန်းပန်းလုပ်ပြီးတော့လည်း မစုမိ သံရုံးကိုလည်း အခွန်ပေးရ ၊ ရန်ကုန် ပြန်တော့လည်း ဟိုလူ.ကြောက်ရ ဒီလူ. ကြောက်ရနဲ. Monster Inc ထဲက ကျွန်တော်အရမ်းနှစ်သက်တဲ့ အင်္ဂလိပ်စကားတစ်ခွန်းကို သတိရပြီး ပြောပြချင်ပါတယ်

Monster Inc ထဲ က နောက်ဆုံး ဇတ်သိမ်းခါနီးမှာ Boo အမည်ရှိတဲ့ ခလေးမလေးကို သူ.လာရာအခန်း ကိုပြန်ပို.ဖို.ကို စက်ရုံကအကြီးအကဲ Roz က Sulley နှင့် Mike ကို ပြောခဲ့တဲ့ စကားလေး တစ်ခွန်းကတော့

This is the way, has to be တဲ့

တိုတိုနဲ.လိုရင်းရောက်တဲ့ စာသားလေးပါ

ကျွန်တော်တို.ရဲ့ ဘ၀နဲ. ထပ်တူကျ နေမလားလို. ......

btw, မရီတာ ရဲ့ ကွန်မန်.က ဖတ်လို. ကောင်းပါတယ်

ကျန်းမာရွှင်လန်းကြပါစေ

ကိုပေါ said...

ကိုကိုစန်း....သို့

“အိမ်တွင်းမှာ မောင်နှမချင်း ပြဿနာရှိတယ် ဒါပေမဲ့ အိမ်နီးချင်းနှင့် ရန်ဖြစ်ရင် ကိုယ့်အိမ်သား ဘက်က ရပ်တည်ရမယ် မဟုတ်ပါလား” (ကိုကိုစန်း)

“အကယ်၍ နှစ်နိုင်ငံ ပြဿနာ တက်ခဲ့ရင်လည်း မြန်မာဘက်က ရဲရဲဝံ့ဝံ့ကြီး ရပ်တည်လိုက်ပါဗျာ” (ကိုကိုစန်း)

ဆောရီးပါ ကိုယ့်လူရေ။ အဲသည်လို မျက်ကန်းမျိုးချစ်... တရားလက်လွတ်သမားတွေထဲမှာ ကိုယ်မပါအောင် ကြိုးစားပြီးနေပါတယ်။

တိုင်းတပါးက မတရားကျူးကျော်လာတာဆိုရင်တော့ ကိုယ်လည်း ဆန့်ကျင်တော်လှန်မှာပါ။

ဒါပေမယ့် မှားမှားမှန်မှန်..ဘာပဲဖြစ်ဖြစ် ငါ့တိုင်းပြည်မှ ငါ့တိုင်းပြည် ဆိုတဲ့ လူမျိုးထဲမှာ ကျနော် ဘယ်တော့မှ မပါဘူးခင်ဗျ။ အဲသည်အတွက် မျိုးချစ်စိတ် မရှိဘူးလို့ စွတ်စွဲရင်လည်း ဂုဏ်ယူနှစ်ခြိုက်စွာ လက်ခံလိုက်ပါမယ်။း-)

နောက်တခုက လွတ်လပ်တဲ့ စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ စစ်တမ်းအရ စင်္ကာပူမီဒီယာလွတ်လပ်မှုအဆင့်အတန်းဟာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံအနက် ၁၃၃ အဆင့်မှာသာ ရှိပါတယ်။

အဲဒါကို မသိဘဲ စထရိတ်တိုမ်းဖိုရမ်ကို စာရေးတိုင်း ပါမယ်ထင်ပြီး (ကျနော်ဒုက္ခရောက်လိုရောက်ငြား မျှော်လင့်ပြီး) ရေးဖို့ မြှောက်ပေးတဲ့ ကိုကိုစန်းရဲ့ စဉ်းစားချင့်ချိန်ဉာဏ်ကို ရွှေချထားချင်ကြောင်းပါ။း-)

Anonymous said...

comment တွေကဘေး ရောက်းပြီး ဖတ် ရတာပျင်းဖို့်ကောင်းတယ်။ မဆိုင်တာတွေရေးတာကို။ မဲမဲ မြင်တိုင် ယောင်အော် တတ် တဲ့ မောင်သတိ နဲ. ကိုကိုစန်း တို.ကို လဲသနားတယ်။

cho cho said...

ko paw

I'm so proud of you.You have such a big fan like Tha Ti and Ko Ko San.They can't stay away from your blog.Appreciate them for their time.

သတိ said...

အားလုံးသတိ

အင်း.. တာ့တာလုပ်ပီးမှပဲ စိတ်ဝင်စားစရာကောင်းတဲ့ ကော်မန့်လေးတွေ တွေ့လို့ ပြန်ရေးချင်ပါရောဗျ.. ရီတာ ကိုကျော်ထင်နဲ့.. ဟဲဟဲ ကိုအောင်ဇော်လို့ ပြောရမှာပေါ့..

မျက်ကန်းမျိုးချစ်စိတ်ကို လက်မခံပဲ အမှားအမှန်ပေါ် မူတည်ပီး ဆုံးဖြတ်တတ်တဲ့ ကိုပေါလိုလူကိုတောင် အဲဒီဆရာမ သတင်းစာမှာ ဘာရေးထားမှန်းမသိပဲ ရာဇ၀င်ထဲထားဖို့ ဆုံးဖြတ်စေတဲ့ reference ဆောင်းပါးကို ဒေရှင်နယ်ရီဘုတ်အုပ်တွေ အထပ်လိုက်ကိုင်ပီး မောင်သတိ သေချာဖတ်ပါတယ်ဗျာ..

ဆောင်းပါးမှာ ရေးတာကတော့ သတင်းစာမှာ ရေးသားလို့ (အမှားရေးလို့မဟုတ်ပါ) ကျွန်တော်တို့ အဆက်အဆံ မလုပ်ပါဘူးဆိုတာကို လေးယောက်သောလူနဲ့ သက်သေပြခဲ့ပါတယ်..

ထိုင်းအခြေစိုက် စာနယ်ဇင်းတစ်ခုက အယ်ဒီတာရဲ့ ထိုင်းရေ မင်းတစ်ယောက်ထဲ မဟုတ်ပါဘူးကွာ.. ငါတို့အားလုံး မင်းဘက်ကရှိပါတယ်လို့ ရေးသားချက်က ကျွန်တော့်ကို ခံရခက်စေပေမဲ့ မှားတယ်လို့ မထောက်ပြနိုင်ပါဘူး.. ဘာလို့လဲဆိုတော့ ဆောင်းပါးထဲမှာ ပါတဲ့ လေးယောက်သောသူအပါအ၀င် စာနယ်ဇင်းတစ်ခုလုံး အဲလိုဆက်ဆံခဲ့လား.. မင်းရေးရင် ငါမရေးဘူးဆိုတဲ့ စာရေးဆရာ ရှိခဲ့လား.. မင်းတို့ မဂ္ဂဇင်းဟာ သူ့စာတွေကို လက်မခံဖို့ တားမြစ်တယ်ဆိုတဲ့ မဂ္ဂဇင်းတိုက်တစ်ခုကို စွက်ဖက်တဲ့ အာဏာပါဝါကို ဆရာကြီး ဦးသန်းထွန်း သုံးခဲ့လား.. မင်္ဂလာဆောင်မှာ စားပွဲတစ်လုံးထဲမှာ တစ်ယောက်ထဲ ဆရာမအထီးကျန် ထိုင်ခဲ့ရသလား.. ကလျာဟာ ဆောင်းပါးတွေ ရပ်ပစ်ခဲ့လား.. ဒါတွေ မောင်သတိ မသိပါဘူး.. ကိုယ်နားမလည်တဲ့ အပိုင်းဖြစ်ချိန်မှာ ခုချိန်ထိတော့ အတွေ့အကြုံပိုင်းရော ဗဟုသုတပိုင်းမှာပါ ကျွန်တော့်ထက်သာတဲ့ ကိုအောင်ဇော် ရေးသားချက်ကို အမှားတွေလို့ ပြောရအောင် ကိုယ့်ဘာသာ မသေချာပဲ မပြောချင်ပါဘူး..

ဒီဆောင်းပါး ဖတ်ကြည့်ပီး သတင်းစာမှာ ဆောင်းပါးရေးလို့ မြန်မာစာနယ်ဇင်း လောက ဆရာမကို အဖတ်မလုပ်ဖူးဆိုတာအမှန်ကြီးသာ ဖြစ်နေရင်တော့ အင်း.. စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ဖြစ်သလို အကြောင်းပြချက်ကိုလဲ အူလည်လည် ဖြစ်ရပါရဲ့..

ဒါပေမဲ့ အဲဒီထဲမှာပါတဲ့ အမည်မသိ စီးပွားရေးအယ်ဒီတာဟာ ဆောင်းပါးမဖတ်ပဲ ပြောသလား မသိပါဘူး.. ဆရာမဆောင်းပါးဟာ ထိုင်းမုန်းတီးရေး လုံးလုံး မဟုတ်သလို.. ကိုကျော်ထင်ပြောသလို မြန်မာဇာတိမာန် တိုးပွားရေးလဲ မဟုတ်ပါဘူး.. ဘုရင်စနစ်နဲ့ ပက်သက်ရင် အထိမခံလွန်းလို့ ထိုင်းသမိုင်းဆရာတွေ တချို့လဲ တမင်တကာ.. တချို့လဲ အဖဲ့ခံရမှာ ကြောက်ပီး အမွှန်းတင်တာတွေချည်း ပိုပိုသာသာ ရေးလေ့ရှိတဲ့ ထိုင်းဘုရင်သမိုင်းဟာ ဂလို ဂလို ဂလို ဂလို ဆိုပီး လေအေးအေးလေး ပြောသွားရုံပါ.. ကျွန်တော်တို့ရပ်ကွက်မှာ တစ်လလောက် ရက်ချိန်းစောင့်ပီးမှ လာလုပ်ခဲ့တဲ့ စာပေဟောပြောပွဲမှာတောင် ဆရာမထိုင်းအကြောင်း ပြောပါဆိုတော့ လိုအပ်ချိန်မှာ ပြောသင့်တာ ပြောရပေမဲ့ မလိုချိန်မှာတော့ အိမ်နီးချင်းတွေပဲလေဆိုပီး တခြားအကြောင်း ဟောသွားတာပါပဲ..

ပီးတော့ ရီတာရေ.. ကျွန်တော်က အဲဒီသတင်းစာ ဆောင်းပါးတွေဖတ်ပီးမှ သဘောကျပီး ဆရာမစာတွေ နောက်ပြန်လှန်ဖတ်ဖြစ်တဲ့ လူပါခင်ဗျ.. ရီတာနဲ့ သဘောကွဲတာတော့ ဆရာမရေးတဲ့ စတိုင်ဟာ ရီတာပြောသလို စိတ်ကူးယဉ်ပီး ရေးတာမျိုးမဟုတ်ပဲ အချက်အလက်ကိုအခြေခံပီး အမြင်တစ်ခုပြောသလို စတိုင်နဲ့ စာအရမ်းမလေးသွားအောင် ရေးတာလို့ ကျွန်တော်မြင်ပါတယ်.. ဆရာချစ်ဦးညိုတို့ ရေးပုံနဲ့ ပုံစံလုံးဝကွဲပါတယ်..

ချုပ်ရင်တော့ဗျာ.. နောက်ဆုံးဘာကြောင့် ဒီဆောင်းပါးမှာ မကော်မန့်သင့်လဲဆိုတဲ့ ကျွန်တော်ပြောခဲ့တဲ့ အချက်နှစ်ခုမှာ ထပ်ဖြည့်ရရင် တကယ်လို့များ ကျွန်တော့ထက် အသိကြွယ်တဲ့ ကိုအောင်ဇော်လို လူမျိုးက စကားတတ်သလို လှည့်ပတ်ပြောလာရင် ပြန်မချေပနိုင်ရင် ဒီရာဇ၀င်မှာ ထားသင့်တာကြီးကပဲ အမှန်လိုလို ဖြစ်သွားနိုင်တာမို့ စာကောင်းပေမွန်တွေ ရေးသားပေးတဲ့.. လူငယ်တွေကို ဆုံးမစာကောင်းတွေ ရေးသားပေးတဲ့.. တခြားနိုင်ငံရဲ့ ကျူးကျော်ရန်စမှုကြောင့် ဖြစ်ရတဲ့ပွဲမှာ ကိုယ့်နိုင်ငံအတွက် ကလောင်နဲ့ တိုက်ပွဲဝင်ခဲ့တဲ့.. ကိုအောင်ဇော်ဆောင်းပါး အရဆိုရင် သတင်းစာမှာ ရေးလို့ဆိုပီး လေးယောက်ကိုယ်စားပြု ပြောကြားခဲ့တဲ့ မြန်မာစာနယ်ဇင်းလောကရဲ့ အမြင်မကြည်တာကို ရင်ဆိုင်ခဲ့ရတဲ့ ဆရာမကြီးကို အားနာမိပါရဲ့ဗျာ.. ဆရာမရေ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုပါပဲဗျာ..

ကဲ.. ကိုပေါရေ.. အကို့ကိုတော့ အိမ်ရှင်ဖြစ်ပေမဲ့ အကိုပြောခဲ့တာတွေဟာ ဘာမှလဲ မရှိ.. ဘာရေးထားတယ်ဆိုတာတောင် မဖတ်ဖူးပဲ၊ ရှေ့မှာလဲ စာကောင်းပေမွန်တွေ အပြည့်ရေးထားတဲ့ ဆရာမတစ်ယောက်ကို ပုတ်ခတ်ရေးသားရုံမို့ မောင်သတိ အဓိကထား မဆွေးနွေးနိုင်ခဲ့တာ ခွင့်လွှတ်ပါဦး..

ဖတ်ချင်ရင်တော့ “ပြောစရာမကျန်အောင် မှန်တာတွေ အကုန်ပြောပြမယ်”ဆိုတဲ့ စာအုပ်ဟာ အဲဒီသတင်းစာက ဆောင်းပါးတွေပါဆိုတာ ကြော်ငြာဝင်ပါရစေ..

ဘာပဲပြောပြော လက်ငြောင်းသားဗျ.. ဟားဟား..
TGIF

အားလုံးသက်သာ
မောင်သတိ

Rita said...

(ပီးတော့ ရီတာရေ.. ကျွန်တော်က အဲဒီသတင်းစာ ဆောင်းပါးတွေဖတ်ပီးမှ သဘောကျပီး ဆရာမစာတွေ နောက်ပြန်လှန်ဖတ်ဖြစ်တဲ့ လူပါခင်ဗျ.. ရီတာနဲ့ သဘောကွဲတာတော့ ဆရာမရေးတဲ့ စတိုင်ဟာ ရီတာပြောသလို စိတ်ကူးယဉ်ပီး ရေးတာမျိုးမဟုတ်ပဲ အချက်အလက်ကိုအခြေခံပီး အမြင်တစ်ခုပြောသလို စတိုင်နဲ့ စာအရမ်းမလေးသွားအောင် ရေးတာလို့ ကျွန်တော်မြင်ပါတယ်.. ဆရာချစ်ဦးညိုတို့ ရေးပုံနဲ့ ပုံစံလုံးဝကွဲပါတယ်..)

မောင်သတိ ဟာ ဘာကို ပြောသွားလို့ ဘာကို ပြန်ပြောရမယ်ဆိုတာကို သဘောပေါက်ပုံ မပေါ်ဘူး။ အဲဒါ (ဆရာချစ်ဦးညိုတို့ ရေးပုံနဲ့ ပုံစံလုံးဝကွဲပါတယ်) ဆိုတဲ့ စာကြောင်းကို ဖတ်ပြီး ပြောတာပါ။

ကိုယ်ရေးခဲ့တာက သူ့သမိုင်းဆောင်းပါးတွေမှာ ဘာ သုတေသနအချက်အလက် ခိုင်လုံမှုမှ မရှိဘဲ စိတ်မှန်းနဲ့ ပုံပြင်လို လုပ်ပြောနေတာကို ဆိုလိုတာ။ ဆောင်းပါးနဲ့ ဝတ္ထု ရေးတဲ့ပုံစံကွဲတယ်ဆိုတာ ထည့်ပြောစရာ စကားကို မဟုတ်ဘူး။

သမိုင်းဆောင်းပါးဆိုတာ အချက်အလက် ခိုင်လုံမှန်ကန် သက်သေပြနိုင်ဖို့ပဲလိုတယ်။ စာအရမ်း လေးတာ မလေးတာ အလုပ်မဟုတ်ဘူး။ ရေးမယ့်လူက ဒါကို ထည့်စဉ်းစားစရာလည်း မလိုဘူး။ လူပြိန်းနားလည်အောင်ပဲ ရေးရေး၊ ပညာရှင်သီးသန့်အတွက်ပဲ ရေးရေး၊ သမိုင်းဆောင်းပါးဟာ သူ့စိတ်ကူးသက်သက်နဲ့ ရေးနေသမျှ ဘာအဓိပ္ပါယ်မှ မရှိဘူး။ ဒါကို ဆိုလိုတယ်။

သမိုင်းနောက်ခံ ပုံပြင်စာအုပ်၊ ဝတ္ထုစာအုပ်ရေးရင်တော့ တမျိုးပေါ့ လို့ ဆိုလိုတာ။ အချက်အလက် မခိုင်လုံတာချင်း အတူတူ ဝတ္ထုလုပ် ရေးနေတဲ့ ချစ်ဦးညိုတို့ရဲ့ အရေးအသားဟာ ပြဿနာ မဟုတ်ဘူး ဆိုလိုတာ။ သူသာ ဒီလိုပဲ ထင်ရာမြင်ရာ မှန်းဆရေးမယ်ဆိုရင် ဆောင်းပါး ခေါင်းစဉ်မတပ်ဘဲ ဝတ္ထုသာရေးနေဖို့ကောင်းတယ် ဆိုလိုတာ။

စိတ်ကူးနဲ့ မှန်းရေးတာ ဟုတ်မဟုတ်ဆိုတာကတော့ သူရေးတာတွေရဲ့ နောက်မှာ ဘာ ခိုင်လုံတဲ့ အချက်အလက်တွေ ရှိသလဲဆိုတာ ချိန်ထိုးဆုံးဖြတ်ဖို့ပဲ။

နိဂုံးချုပ် ထပ်ပြောရရင် ချစ်ဦးညိုတို့ ရေးတာနဲ့ ပုံစံသာ ကွဲချင်ကွဲမယ်၊ ပညာရပ်ဆိုင်ရာ အချက်အလက် အထောက်အထား မခိုင်လုံတာချင်းတော့ အတူတူပဲ။ ဒီတော့ သူ့အနေနဲ့ အဲလိုသာ ဆက်ရေးနေမယ်ဆိုရင် ဆောင်းပါးခေါင်းစဉ်အောက်မှာ မရေးဘဲ၊ ဝတ္ထုခေါင်းစဉ်အောက်မှာ ရေးမှာသာ သင့်တော်မယ်။ သူအခြေခံတဲ့ အချက်အလက်ဆိုတာ ပုံပြင်လို လုပ်ပြောလာကြတဲ့၊ မခိုင်လုံတဲ့၊ ဗမာအတော်များများမှာ အရိုးစွဲပြီး အမှန်ထင်နေတဲ့ အချက်အလက်တွေချည်းပဲ။

ကျော်ထင် said...

((ဆရာမဆောင်းပါးဟာ ထိုင်းမုန်းတီးရေး လုံးလုံး မဟုတ်သလို.. ကိုကျော်ထင်ပြောသလို မြန်မာဇာတိမာန် ........ အမွှန်းတင်တာတွေချည်း ပိုပိုသာသာ ရေးလေ့ရှိတဲ့ ထိုင်းဘုရင်သမိုင်းဟာ ဂလို ဂလို ဂလို ဂလို ဆိုပီး လေအေးအေးလေး ပြောသွားရုံပါ....။))
((တခြားနိုင်ငံရဲ့ ကျူးကျော်ရန်စမှုကြောင့် ဖြစ်ရတဲ့ပွဲမှာ ကိုယ့်နိုင်ငံအတွက် ကလောင်နဲ့ တိုက်ပွဲဝင်ခဲ့တဲ့.. ....))

မောင် သတိ
စကားလုံး အသုံးအနှုံးလေးတွေ ဟာ နအဖသတင်းစာများလိုပဲ တဖက်သတ်သိပ်ကျမနေဘူးလား။ အာဏာကို ယစ်မူး လက်မလွှတ်ချင်နေတဲ့ နအဖဟာ၊ အာဏာခွဲဖို့ တောင်းနေတာမဟုတ်ပဲ၊ တိုင်းပြည်ကောင်းဖို့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုနေသူများကို အာဏာတပ်မက်သူများ လို့ စွပ်စွဲသလို၊ မိမိတို့ကို ဆန့်ကျင်သူများအား ဥပဒေလက်လွတ် နှိပ်ကွပ်ချင်သလို နှိပ်ကွပ်ပြီးမှ၊ တရားဥပဒေစကား တွင်တွင်ပြောနေသလို စတဲ့ ရှေ့နောက်မညီလှတဲ့ စကားလုံးများကြောင့် နအဖသတင်းစာတွေကို လူအယုံအကြည်ကင်းမဲ့သွားသလို မောင်သတိ ပြောဆိုနေတာတွေလဲ တန်းဖိုးကျကုန်မယ်။

တခြားနိုင်ငံရဲ့ ကျူးကျော်ရန်စမှု လို့ မောင်သတိရေးထားတဲ့အတွက် တကယ့်အဖြစ်မှန်နောက်ကြောင်းကို နဲနဲပြန်ပြောပြမယ်။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရသလိုဖြစ်နေလို့ သိပ်ပြောချင်စိတ်မရှိပေမယ့် တဖက်သပ်ဆန်နေတဲ့ အသုံးအနှုံးကို ထောက်ပြရဖို့ ပြောရတာပါ။
ဒေါက်တာမတင်ဝင်း ကလောင်စွမ်းပြခွင့်ရသွားစေတဲ့ ထိုင်းနဲ့မြန်မာ နယ်စပ်စစ်ပွဲပြသနာဟာ SSA ကို အမြစ်ဖြုတ်ဖို့ နအဖတပ်များနဲ့ USWA တို့ပူးပေါင်း စစ်ဆင်ရေးကစပါတယ်။ ၂၀၀၁ ဖေဖော်ဝါရီလခန့်က စတင်ပြီး မြန်မာတပ်များဟာ SSA ကို ပတ်ဝိုင်းမိစေဖို့ ထိုင်းနယ်ထဲအထိဝင်ပြီး SSA ကိုနောက်ကြောင်းကနေ တိုက်ပါတယ်။ ထိုင်းစစ်စခန်းများကိုလဲ ကိုယ့်ဖက်က အရင်သိမ်းပိုက်မိတာပါ။ ဒါနဲ့ပဲ ထိုင်း Pha Muang Task Force တွေက ပြန်လည် လက်စွမ်းပြလိုက်တာ ကျုပ်တို့တပ်တွေ အတုံးရုန်းကျဆုံးကုန်ပါရောလား။ အဲဒီကနေ ဇတ်ရှိန်မြှင့်လာလိုက်တာ မြန်မာတပ်တွေက ထိုင်းမြေထဲ အမြောက်တွေနဲ့ပစ်ပါတယ်လို့ ထိုင်းကစွပ်စွဲ၊ မြန်မာက မဟုတ်ဘူး ငြင်းနဲ့ ဆက်လက်ပြသနာကြီးထွားလာတာမှာ နောက်ဆုံး ထိုင်း ဘုရင့်လေတပ်မတော်က တိုက်လေယဉ်တွေ တာချီလိတ်မြို့ပေါ်မှာ အလှပကျွမ်းပစ်ကစားနေတဲ့အလား တဝေါ၀ါပျံပြလေတော့ ကျုပ်တို့ တွေ ဘာမှမတတ်နိုင် လက်မှိုင်ချထိုင်ကြည့်နေရတဲ့ဘ၀ရောက်တဲ့အခါမှာပဲ၊ ဇတ်လိုက်ကျော် ဒေါက်တာမတင်ဝင်းကြီး ကလောင်စွမ်းနဲ့ တိုက်ပွဲဝင်နွှဲတာပါပဲ။ (စကားမစပ် USWA ဟာ တရုတ်နယ်စပ်နဲ့နီးတဲ့ ရှမ်းမြောက်ပိုင်းကပါ။ ဒါပေမယ့် SSA ကိုဆော်တဲ့အခါ နဲ့ထိုင်း buffer အဖြစ်သုံးဖို့ဗျူဟာ ရည်ရွယ်ချက်နဲ့ ၀တွေကို ရှမ်းတောင်ပိုင်း ကျိုင်းတုံတာချီလိတ်တ၀ိုက် ပြောင်းရွှေ့ခဲ့တာပါ)

ကျုပ်တို့မြန်မာတွေဟာ ဟိုးအရင်တုံးက ဦးအောင်ဇေယျက ထိုင်းတွေကို ဘယ်လိုဆော်ပလော်တီးခဲ့တာကွ၊ ဘုရင့်နောင်က ဘယ်လိုကွဆိုပြီး သိပ်ကို မစားရ၀ခမန်းဂုဏ်ယူစွာ ပြောကြလေ့ရှိတယ်။ ထိုင်းကိုဝင်တိုင်စဉ်က ကျုပ်တို့ဘိုးဘေးတွေ ရက်စက်ခဲ့ကြသလောက်၊အင်္ဂလိပ်တွေ ကျုပ်တို့တွေကို ကိုလိုနီပြုဖို့ စစ်ဆင်ခဲ့စဉ်က မရက်စက်ခဲ့ပါ။ ဒါပေမယ့် မလှပတဲ့ ကိုယ့်သမိုင်းကျ အင်္ဂလိပ်ကို မပြီးနိုင် မစီးနိုင် မြည်တွန် တောက်တီးအပြစ်တင်နေကြသလောက်၊ ထိုင်းတွေအပေါ်မှာကျ မွေးကင်းစ ကလေးပါမချိန် ဆုံထဲထည့်ထောင်းတဲ့အထိရက်စက်ခဲ့တဲ့ ကိုယ့်လူမျိုးသမိုင်းကို ကျေနပ်အားရနေကြမယ်ဆိုရင် ဒါဟာ ဘယ်လိုမျိုးချစ်စိတ်မျိုးလဲဆိုတာ မေးခွန်းထုတ်ရမယ်။နအဖရဲ့ထိုင်းဆန့်ကျင်ရေး လုပ်ရပ်များထဲက စိတ်ပျက်စရာ ကတော့ ကလေးငယ်များကို ထိုင်းမုန်းတီးရေး မှိုင်းတိုက်တဲ့ သမိုင်းစာအုပ်များပြဌာန်းသင်ကြားစေတာပါပဲ။

ကျော်ထင် said...

ဒေါက်တာမတင်ဝင်းရေးသားချက်ကို ပြန်ကောက်ရရင်၊ အဓိက သူရေးတာက ၁၉ရာစု ထိုင်းဘုရင်ဟာ သူ့နိုင်ငံကိုလိုနီပြုခံရမှာကြောက်လို့ နိုင်ငံကိုရောင်းစားတယ် ဘာညာဆိုပြီး ထခွပ်တာပဲ။ ထိုင်းတွေဖက်က အမြင်ကတော့သူတို့နိုင်ငံမှာ စစ်ပွဲမဖြစ်အောင်၊ နိုင်ငံမနစ်နာမထိခိုက်အောင် ထိုင်းဘုရင်ဟာ အမြော်မြင်ကြီးခဲ့တယ်ဆိုတာပေါ့။ သူဘယ်လိုပဲ မျိုးချစ်စိတ်ရှိပါတယ်ဆိုဆို၊ လက်ရှိနယ်စပ်မှာဖြစ်တဲ့ ပြသနာအရင်းမြစ်နဲ့ဘာမှမဆိုင်ပဲ၊ ကိုယ်မနိုင်နိုင်ရာ ရှာဖွေတိုက်ခိုက်တဲ့ သဘောမျှသာပဲဆိုတာသိပ်ရှင်းလင်းပါတယ်။ လက်တွေ့မှာ ကိုယ့်ထက်အင်အားကြီးနေသူကို မနိုင်တော့ ကြံဖန်ပြီး စကားနာထိုးတဲ့သဘောတရား အဆင့်မျှသာပဲ။ ဒါကို သဘောပေါက်တဲ့မြန်မာ သမိုင်းပညာရှင်များ၊ ပညာတတ်များနဲ့၊ ပြည်သူပြည်သားအပေါင်းက လက်မခံပါဘူး။
သူ့ရဲ့အရင်တုံးက လူငယ်တွေကို ဆိုဆုံးမပညာပေးတဲ့စာများမှာတော့ သူ့ရဲ့ true color ကိုမသိကြသေးသလို၊ ဒါမျိုးအပြုသဘောဆန်တဲ့စာပေများကျတော့ ဘယ်လိုနာမည်နှင့် သူရေးရေး လက်ခံရမှာပါပဲ။ ထိုင်းနဲ့ကိစ္စက စပြီး သူ့ရဲ့ ပညာရှင်မဆန်မှု၊ (ဒီနေရာမှာ သတိကို Academic နဲ့ကိုယ်ပိုင်အမြင်နှင့် စိတ်ကူးကို တင်ပြတဲ့ ဆောင်းပါးဝတ္ထုများ ကွာခြားပုံကို သေချာနားလည်စေချင်တယ်)။ အစိုးရ၀ါဒဖြန့်ကိစ္စများမှာ ၀င်ရောက်ပတ်သက်မှု။ စတာတွေကြောင့် သူ့ကလောင် သိက္ခာ အတော်ကျသွားရတာ ကျုပ်ကိုယ်တိုင်လဲ ကိုယ်တွေ့မို့ မောင်သတိလဲ ငြင်းနိုင်မယ်မထင်ဘူး။
ကျုပ်က သိပ်လွဲမှားနေတာလောက်ကိုပဲ ၀င်ရောက်ထောက်ပြချင်စိတ်ရှိပြီး အပြန်အလှန် ငြင်းခုန်ရတာ သိပ်ဝါသနာပါလှသူမဟုတ်။ ငြင်းရာကနေ solution ထွက်လာမယ်လို့ ယုံကြည်သူလဲမဟုတ်လို့ ဒီလောက်ပဲ အဓိကျတဲ့အချက်လောက်ပဲ ပြောပြီး တခန်းရပ်လိုက်ပါမယ်။
အချက်အလက်အတိအကျသိချင်သူများအောက်ပါရင်းမြစ်များမှာ လေ့လာနိုင်ပါတယ်။
Ref:
http://www.burmalibrary.org/show.php?cat=219
http://www.irrawaddy.org/article.php?art_id=2276
http://www.geopium.org/JIR1.htm

Anonymous said...

PERFECT KO KYAW HTIN AND MA RITA.
TOTALLY AGREE WITH YOU TWO.

Anonymous said...

Tha ti and Ko Ko San,

How many times you two said that Good Bye but come again and again.

I am very proud instead of Ko Paw Cho Cho said that you two couldn't stay away from Ko Paw's blog.

Ko Paw thanks for your perfect post, Keeping and Going on you good job.

ကိုပေါ said...

ရီတာ ၊ ကျော်ထင်.... ရီတာ နဲ့ ကျော်ထင်တို့ရဲ့ ထိမိပြီး အနှစ်သာရလည်း ပြည့်ဝတဲ့ အတွေးအခေါ်နဲ့ ကွန်မင့်များကို နှစ်သက်သဘောကျမိပါတယ်။ အချိန်ယူရေးသားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

လေးစားစွာဖြင့်
ကိုပေါ။

(စာကြွင်း။..........။ အထက်က အမည်မသိတယောက်ပြောသွားသလိုပဲ ကိုကိုစန်းနဲ့ မောင်သတိကိုလည်း သူတို့ရဲ့ ကွန်မင့်ရှည်ကြီးတွေမှာ အချိန်ပေးပြီး အားထုတ်ထားပုံရတဲ့အတွက် အသိအမှတ်ပြုလိုက်ပါတယ်။ )

ဖိုးတုတ် said...
This comment has been removed by the author.
ဖိုးတုတ် said...

ကိုပေါ ခင်ဗျာ

ကျွန်တော် ရေးခဲ့တဲ့ ကွန်မန်.မှာ မောင်သတိကို ကိုပေါပြန်လိုက်တဲ့ ကွန်မန်.ကို အရူးချီးပန်း ဆိုတာနဲ. နှိုင်းမိတဲ့ အတွက် ကျွန်တော့်ရဲ့ အသုံးအနှုန်း ကြမ်းသွားတာနဲ. ပတ်သက်ပြီး တောင်းပန်စရာလေးရှိလို.ပါ

တကယ်တော့ အဲဒီကွန်မန်.ကို ကျွန်တော်ရုံးက အပြန် ဘစ်ကားပေါ်မှာ မောင်သတိ ကို ကိုပေါ ဘယ်လို
ပြန်လိုက်တယ်ဆိုတာကို အမြှီးအမောက်မတည့် ၊ ဂပေါက်ဂချာ နဲ. နှိုင်းပြီးရေးမလို စဉ်းစားခဲ့ပါတယ် ဒါပေမဲ့ တကယ်ရေးလိုက်တဲ့ အချိန်မှာ အဲဒီ့ စကားလုံးကိုမေ့နေပြီး လုံးဝစဉ်းစားလို.မရတော့ဖူး အဲဒါနဲ. ကျွန်တော့် အဲ့ဒီ အသုံးအနှုန်းကို ရေးပြီး ပတ်ပလစ်ရှ် မလုပ်ခင်မှာ စဉ်းစားပါသေးတယ်

အဲဒီအချိန်မှာ အချက်နှစ်ချက်နဲ. ကျွန်တော် ပတ်ပလစ်ရှ် လုပ်လိုက်တာပါ

ပထမအချက်က ကိုရီးယား ဇတ်ကားက ၉ နာရီနဲ. ကျွန်တော် သိပ်ပြီး မစဉ်းစားချင်တော့ဖူး ရေးပြီး စိတ်ဆိုးလည်း တောင်းပန်လိုက်မယ်ပေါ့

နောက်တစ်ချက် က ဘလော့တစ်ခု မှာ ကိုပေါက ဝေဖန်ရင် ကျွန်တော် အရေနည်းနည်းထူပြီး မြှောက်ပြောရင် အရေနည်းနည်းပါးသေးတယ် မှန်တာပြောပါစေ ဆိုတဲ့အကြောင်းလေးကို ကွန်မန်.လုပ်ထားတာကို တွေးမိလို.ပါ

ကိုပေါနဲ. မဒမ်ပေါ ပို.စ်မှာ ကိုပေါ ရဲ့ နောက်ပြောင်မူတွေ ကိုပေါရဲ့ အပြောတွေနဲ. ကိုပေါက စိတ်ရင်းကောင်းပြီး ပျော်ပျော်နေတတ်တယ်ဆိုတာကို ကျွန်တော် သတိထားမိပါတယ် ကိုပေါရဲ့ ရဲဝံ့စွာ ပြောရဲ ရေးရဲတဲ့ သတ္တိနဲ. မှန်တာကိုပြောတဲ့ စိတ်ဓါတ်ကို လေးစားတာကတော့ ကျွန်တော်ရင်ထဲမှာ အစဉ်အမြဲရှိနေမှာပါ

ကျွန်တော်က ကိုအောင်ဇော်ရေးတဲ့ ဆောင်းပါးနှင့် ပတ်သက်ပြီး သူတို.က ထိုင်းမှာနေပြီး ဒီလို sensitive ကိစ္စမျိုးမှာ မြန်မာဘက်က လိုက်ရေးရဲမှာ မဟုတ်ဖူးဆိုပြီး နှိုင်းယှဉ်တဲ့အနေနဲ. စထရိတ်တိုမ်းဖိုရမ်မှာ ရေးတာကို ပြောရင်းကျွန်တော်က ဆက်လက်ပြီး ဥပမာအနေနဲ. ဒီလိုရေးခဲ့ပါတယ် ..... အာရှက ဒီမိုကရေစီဆိုတာ ဒီလောက်တော့ မလွတ်လပ်သေးပါဖူး ဆိုပြီးထပ်မံ ဖော်ပြခဲ့ပါတယ် လွတ်လပ်မူတော့ အပြည့်မရှိဖူးဆိုတာတော့သိပါတယ် ဒါပေမဲ့ စင်္ကာပူမီဒီယာလွတ်လပ်မှု အဆင့် ၁၃၃ ကို ကိုပေါ ပြောမှသိရတာပါ

ကျွန်တော့်မှာလည်း ကိုပေါလို မိသားစုနဲ.ပါ လူတိုင်းကိုယ့်မိသားစု ပျော်ရွှင် အေးချမ်းရေးကို လိုလားပါတယ် ကျွန်တော် ကိုပေါ ကို ဒုက္ခရောက်အောင် တွန်းပို.တာ မဟုတ်ပါဖူး ကိုပေါကို ဒုက္ခရောက်စေဖို. ကျွန်တော်စိုးစင်းမျှ မစဉ်းစားမိခဲ့ပါဘူး အထင်မလွဲစေချင်ပါ

ခုလို ကိုပေါ ကို တောင်းပန်ဖို. ကျွန်တော့်ကို ဘယ်သူ.မှ မတိုက်တွန်းပါ

အထက်ပါ ကျွန်တော် ရဲ့ ကြမ်းတမ်းတဲ့ အသုံးအနှုန်း နှင့် အထင်လွဲမှားများမူ ရှိခဲ့ပါက ကိုပေါ ကို ကျွန်တော် ရိုးသားစွာ တောင်းပန်အပ်ပါတယ်

ကိုပေါ နှင့် မိသားစု ကျန်းမာရွှင်လန်းပါစေ

သတိ said...

အားလုံးသတိ

ဟားဟား.. ဒီလိုဆောင်းပါးမျိုးလောက်ကနေ မထင်မှတ်ပဲ ရှယ်ကော်မန့်တွေ ကြုံလာရတာတော့ အမြတ်ပဲဗျို့.. စိတ်လှုပ်ရှားစရာ ကော်မန့်ပေးရတဲ့ အရသာကို ခုလိုပြန်မရတာ ကြာပါပီကောဗျာ..

ရီတာရေ.. ဘာပြောသွားမှန်းမသိလို့ ဘာပြန်ပြောရမှန်း မရှင်းတာ ဘယ်သူလဲဟလို့ နဲနဲတောင်လေသွားပါရဲ့ဗျာ.. သေချာဖတ်ကြည့်ပါ.. ကျွန်တော်ပြောခဲ့တာဟာ ဆရာမစာဟာ စိတ်ကူးယဉ်ရေးတာမဟုတ်.. အချက်အလက်မှာ အခြေခံပီး ရေးတာလို့ ရှင်းနေအောင် ပြောထားတာပါ.. ဆရာချစ်တို့နဲ့ ရေးပုံမတူဘူးဆိုတာလဲ အရေးအသားကို ပြောနေတာမဟုတ်ပဲ (အီး..သေချာရှင်းနေရပါလား) အဖြစ်တစ်ခုပေါ်အခြေခံပီး စိတ်ကွန့်မြူး ဇါတ်လမ်းဆင်တဲ့ ရေးပုံနဲ့ အထောက်အထား ခိုင်လုံတဲ့ အဖြစ်အပျက်တွေရေးပီး တခါတလေ အဲဒီအဖြစ်တွေပေါ် ဆောင်းပါးရှင်ရဲ့ အမြင်ကို ဆွေးနွေးတဲ့ အနေနဲ့ ရေးတဲ့ ရေးပုံမတူတာပါဗျ.. ဒီနေရာမှာ ရီတာဟာ ဆရာမစာတွေဟာ အထောက်အထားမခိုင်လုံဘူးလို့ တော်တော့်ကိုရဲရဲကြီး ကောက်ချက်ချတာ အံ့သြစရာကောင်းအောင် တွေ့ရပါတယ်.. ဒေါက်တာဘွဲ့ရထားတဲ့ သမိုင်းပညာရှင်တစ်ယောက်ကို သမိုင်းကြောင်းဆိုင်ရာနဲ့ ပက်သက်ပီး ဒီလောက်ရဲရဲတင်းတင်း ဝေဖန်ဝံ့တာကတော့ သမိုင်းကို တော်တော်ကျွမ်းကျင်သူ ဖြစ်ချင်လဲဖြစ်.. ဒါမှမဟုတ် သူရေးတာတွေရဲ့ နောက်ကွယ်က အထောက်အထားတွေကို ချိန်ထိုးဆုံးဖြတ်ဖို့ မမြင်နိုင်တဲ့ အနေအထားလောက်ပဲ ရှိသူဖြစ်ချင်လဲ ဖြစ်မှာပေါ့ဗျာ.. ကျွန်တော်ဆိုရင်တော့ သူ့အဆိုတွေကို မှားတယ်လို့ ယူဆရင်တောင် အဲဒါကို တုန့်ပြန်ဖို့ အနဲဆုံး တစ်ပါတ်လောက်တော့ အချိန်ယူ စာဖတ်ရမယ် ထင်ပါရဲ့.. တစ်သက်လုံး ဒါနဲ့ကျွမ်းဝင်ခဲ့တဲ့ ပညာရှင်တစ်ယောက်ကို သူပိုင်တဲ့ အပိုင်းမှာ ခပ်လွယ်လွယ် ဝေဖန်ဖို့တော့ မောင်သတိ အဆင့်မမီတာ အမှန်ပါပဲ..

ကျွန်တော့်အနေနဲ့တော့ ရီတာညွှန်းတဲ့ ကုမာရ်ရဆိုတာကို မဖတ်ဖူးလို့ မသိပေမဲ့ ဖတ်ဖူးသမျှ ဆရာမသမိုင်းဆောင်းပါးတွေမှာ အထောက်အထားနဲ့လွတ်ပီး စိတ်ကူးယဉ် ဇာတ်လမ်းဆင်တာမျိုး တခါမှမဖတ်ဖူးသေးပါဘူး.. အဖြစ်အပျက်ပေါ်မှာ ပေးတဲ့ သူ့ကောက်ချက်တွေဟာလဲ တခါတလေ ကိုယ်နဲ့ အမြင်မတူရင်တောင် ပညာရှင်တစ်ယောက်ရဲ့ ကောက်ချက်ဖြစ်တာမို့ တော်တော့ကို သတိထားဖို့ ကောင်းလှတယ်လို့ ခံစားမိတာပါပဲဗျာ..

မသက်သာနဲ့ဦး ဆက်ဦးမယ်.. ကိုကျော်ထင်ဆီမှာ ပညာယူပါဦးမယ်ဗျ.. ဟားဟား..

သတိ said...

ကိုကျော်ထင်ခင်ဗျား..
တကယ့်ကို ကောင်းတဲ့ ကော်မန့်လို့ အရင်ချီးကျူးပါရစေဗျာ..

ဟုတ်ကဲ့ခင်ဗျာ.. ကျွန်တော်ယုံကြည်တာတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာဟာ ကိစ္စမရှိပေမဲ့ ကိုယ့်ပေါင်လှန်ထောင်းချိန်မှာ သူများပေါင်ကို ဖုံးဖိပေးနေရင်တော့ ဒါမရိုးသားတာလို့ပဲ မြင်ပါတယ်..

ဘာလို့လဲဆိုတော့ ဒီအဖြစ်တွေတောင် အကိုရေးပြနိုင်ရင် ထိုင်းရဲ့ ကျူးကျော်စော်ကားမှုတွေကို မသိလို့ မေ၇းတာပါလို့ ကျွန်တော်မယုံပါဘူး..

ဒီထိုင်းမြန်မာ အဖြစ်ပျက်မှာ ကျည်ကျတယ်ပြောလိုက်.. မကျဘူးငြင်းလိုက်.. တအုံနွေးနွေးကနေ ၂၀၀၂ April မှာ ၀နှစ်ယောက်ကိုဖမ်းပီး မြန်မာဘက်ကို လက်နက်ကြီးနဲ့ တမင်ပေါ်တင် ပစ်ခတ်မှုမှာ နှစ်နိုင်ငံ ကြီးကြီးကျယ်ကျယ် စပေါက်ကွဲပါတယ်.. မမှားဘူးဆိုရင် ဗိုလ်ချုပ်မောင်အေး ပြန်လာခါစ ပူပူနွေးနွေးပါပဲ.. မြန်မာနဲ့ဖြစ်တိုင်း မီဒီယာအားကောင်းကောင်းနဲ့ ကမ္ဘာကို အသံကောင်းဟစ်ပြတတ်တဲ့ ထိုင်းက နာမည်ကြီး iTv နဲ့ Bangkok (AP) News အဲဒီအဖြစ်ကို တလွဲစီ လွှင့်သွားတာတောင် မှတ်မှတ်ရရ ရှိတုန်းပါပဲ..

ဒီအဖြစ်က တော်တော် ကြီးကြီးကျယ်ကျယ် ဖြစ်သွားပီး အကိုပြောတဲ့ တာချီလိတ်မှာ လေယဉ်ပျံ ဂျွမ်းထိုးဘာညာ ဖြစ်တဲ့ အဖြစ်မို့ ကျွန်တော်ထည့်ပြောလိုက်ရတာပေမဲ့ အကိုနှာစီးထားခဲ့တဲ့ ဆရာမကို ကလောင်တိုက်ပွဲဝင်စေခဲ့တဲ့.. နိုင်ငံရေးပါတီတွေ ရှုတ်ချကြောင်း ကြေငြာချက်အသီးသီး ထုတ်ခဲ့ကြတဲ့.. အဖြစ်ကြီးကို အဓိက ပြောချင်တာပါ..

မေ ၂၀ ၂၀၀၂ မှာ ရွက်ဆစ်အုပ်စုကို ရှေ့ကထားပီး မီးမောင်းတွေထိုး လက်နက်ကြီးပစ်ကူတွေနဲ့ ပန်းမွန်ဆန်း၊ ပန်းဂံ့ဂေါ်၊ ညောင်ပင်ကုန်း၊ ရန်ပိုင်စန်း စခန်းတွေကို သိမ်းပိုက် ထိုင်းအလံနဲ့ SSAအလံကို ရာရာစစ မြန်မာမြေပေါ်မှာ လာထူခဲ့တဲ့ အဖြစ်က ရန်စကျူးကျော်တာ မဟုတ်ရင် ဘာလုပ်တာပါလဲခင်ဗျာ.. ဒီအဖြစ်ဟာလဲ နားလည်လက်ခံပီး အိုကေပါလို့ လုပ်ပေးရမဲ့ လုပ်ရပ်ပါပဲလား.. ပထမအဖြစ် ပီးကာစမို့ နှစ်နိုင်ငံ နားလည်မှု ယူပီးကာစအချိန်လဲဖြစ်.. အဲဒီ ရက်တွင်းမှာလဲ တိုက်ပွဲဖြစ်နေတာတွေ မရှိတာမို့ ပေးနေကျ ကျည်ကျလို့ပါဆိုတဲ့ ဆင်ခြေပေးလို့ မရပါဘူးခင်ဗျာ..

နောက်တစ်ခု..
လက်ရှိနယ်စပ် အဖြစ်နဲ့ဘာမှမဆိုင် နိုင်ရာထခွပ်တယ်ဆိုတဲ့ ပြောချက်ပါ.. ထိုင်းရဲ့ အမျိုးသားလှုံ့ဆော်ရေး စိတ်ဓါတ်ဟာ ဘာကိုအခြေခံတယ် ဆိုတာ အားလုံးအသိပါ.. အဲဒီမှာ မြန်မာဘုရင်တွေကို ဟုတ်တာရော မဟုတ်တာရော စော်ကားမော်ကား ပြောချက်တွေကို မြန်မာပြည်က သမိုင်းပညာရှင်ရော.. ပြည်သူရော.. ခုထိုင်းဘုရင်ကို မကောင်းကြောင်းရေးလို့ ဆရာမကို ဒေါသတကြီး ဖြစ်ကြတဲ့ မြန်မာတွေရော တောက်လျှောက်တစ်ချိန်လုံး ငြိမ်ခံခဲ့ကြတာပါပဲ.. အဲလိုအရေးအသားတွေဟာ နယ်စပ်ရုတ်ရုတ်ဖြစ်ရင် ပိုလှုပ်လာနေကျမို့ ဒီတစ်ခေါက် ပွဲမှာ ဆရာမရဲ့ တုန့်ပြန်မှုဟာ ဘာမှမဆိုင်တဲ့ အရေးလားခင်ဗျာ.. နိုင်ရာပိုင်းတာလားခင်ဗျာ.. ကိုယ့်ဘုရင်တွေကို စော်ကားမော်ကားလုပ်လှတဲ့ လူတွေကို သူတို့လို အပိုစာဒါး (မောင်းဆုံထဲ ထည့်ထောင်းပီး သတ်တို့ ဘာတို့ပေါ့ဗျာ.. အပိုစာဒါးလို့ ပြောတာက ဒါးနဲ့ခုတ်လိုက်ရင် အေးနေတာကို အလုပ်ရှုပ်ခံပီး မောင်းထဲထည့် တစ်ယောက်က ထောင်းဆိုတာမျိုးက ပိုပြောတာလို့ ထင်လို့ပါ) အဲ.. အပိုစာဒါး ပြောတာမျိုးမဟုတ်ပဲ ထောက်ပြတာဟာ လိုအပ်ချက်အရလို့ပဲ မြင်ပါတယ်.. ဒါမျိုးဟာ နားလည်ကျွမ်းကျင်သူတွေ မပြောရင် ပရမ်းပတာ ဖြစ်နိုင်တာမို့ ဝေဖန်မဲ့လူဟာ ပညာရှင်ဖြစ်ဖို့လဲ လိုကိုလိုပါတယ်ခင်ဗျာ..

ဒါကြောင့် ဒါဟာ ပညာရှင်မဆန်မှုလဲ မဟုတ်ဘူး.. အစိုးရ ကောင်းကြောင်းတွေ ထောက်ခံရေးသားတာ မဟုတ်ပဲ.. ကိုယ့်နိုင်ငံပေါ် ကျူးကျော်သူတွေရဲ့ ကိုယ့်ဘိုးဘွား ဘုရင်တွေအပေါ် ပုတ်ခတ်သူတွေရဲ့ ဘုရင်တွေဟာ ဒီလိုတွေပဲလို့ ထောက်ပြတာပဲမို့ ဒါဟာ အစိုးရ၀ါဒါဖြန့်တာလဲ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်မိပါတယ်..

ဒါပေမဲ့ ကျွန်တော် အကို့ကော်မန့်မှာ သဘောကျတာလဲ အဲဒီနောက်ဆုံး အချက်ပါပဲ.. ဧရာဝတီကစလို့.. အဲဒီထဲမှာပါတဲ့ စာနယ်ဇင်းသမားဆိုသူတွေ အလည်.. ဟော.. ကိုပေါတို့လို လူတွေအဆုံး သတင်းစာမှာ ရေးလို့ဆိုတဲ့ အကြောင်းပြချက်လောက်ကိုပဲ ဘာမှန်းမသိ ညာမှန်းမသိ ဖဲ့ကြချိန်မှာ အကိုပြောတဲ့ အဲဒီနှစ်ချက်ဟာ တချို့လူတွေ မြင်နိုင်တဲ့ ရှုထောင့်ပဲလို့ သဘောမတူပေမဲ့ စဉ်းစားပေးလို့ ရပါရဲ့..

မဟုတ်ရင်တော့ သတင်းစာမှာရေးလို့ မြန်မာစာနယ်ဇင်းလောက ဆရာမကြီးကို ကျဉ်လိုက်တယ်ဆိုတဲ့ ဧရာဝတီဆောင်းပါးကို ဖတ်ပီး စာနယ်ဇင်းလောကအတွက် တော်တော်ရင်ခံသားဗျ.. ဟားဟား..

ကဲ.. အားလုံးသက်သာ
မောင်သတိ

Anonymous said...

"ခပ်ရှင်းရှင်းပြောရင် အဲဒီထိုင်းနဲ့ အရေးမှာ ကလောင်စွဲကိုင် တိုက်ပွဲဝင်တာကလွဲပီး ဘယ်ပေါ်လစီဆောင်းပါးမှ.. အစိုးရကို ဖားတဲ့ ဘယ် ဆောင်းပါးမှ ဆရာမရေးတာ မဖတ်ဖူးပါဘူး"

သြော်..ဟုတ်လား
ဟယ်..မှတ်သားစရာဘဲ
အို...လေးစားလိုက်ပါဘိတော့
အမလေး..ထိုင်ရှိခိုးချင်လာပါပေါ့..အီး..ဟီးဟီး..ဘွတ်

အဲလို အချိန်အခါကောင်းကိုစောင့်ပြီး လက်မလွတ်..အဲ..လက်မရွံ့တမ်း ကလောင်ဂျိုင်းကြားညှပ်ရင်း ဖားတိုက်ပွဲဝင်..အုတ်ကျင်း ပညာရွှင် ပီပီသသ ရွပ်ရွပ်ချွံချွံ ဖားပြီး...နအဖ ရဲ့ တော်ကောက်ခြင်းကို ဝမ်းမြောက်ဝမ်းသာခံယူသွားတဲ့ ရာဇဝင်ထဲက အဲဒီ ပညာရွှင် ကို ကရိန်းနဲ့မလို့ တကူးတက သယ်ကြစို့လား...ဟေ လာ မောင် ရို့ ဝါး..လား..လား..လား...ဂျမ်း။

Rita said...

မောင်သတိဟာ ဒေါက်တာ မတင်ဝင်း ဘာနဲ့ ဒေါက်တာဘွဲ့ရတယ်ဆိုတာရော သိပါရဲ့လား။ သိလိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်။

နောက် သူ့ဘာသာသူ ဘာနဲ့ပဲ ဘာဘွဲ့ရရ၊ အဲဒီလို ရတာနဲ့ပဲ သူပြောသမျှ အကုန် အမှန်ဖြစ်နေတော့ရောလား။

နောက်တစ်ချက် ကျောင်းသားဘဝကို ဖြတ်လာခဲ့ဖူးသူတိုင်း သိတယ်။ ဆရာတစ်ယောက် ရှေ့ကနေ စာသင်သွားတဲ့အခါ ကျောင်းသားဟာ ဆရာလောက် အဲဒီဘာသာရပ်မှာ မလေ့လာဖူး၊ မထိတွေ့ဖူးတာ မှန်ပေမယ့် သင်သွားတဲ့ဆရာ ဒီဘာသာရပ်ကို ကျွမ်းဝင်သလား မကျွမ်းဝင်သလား၊ နောက် ဘယ်ရှုထောင့်ကနေ ဘယ်လို ချဉ်းကပ်သလဲဆိုတာ ဆုံးဖြတ်ခံစားနိုင်စွမ်းရှိတယ်။ ရှင်းအောင် ပြောရရင် ကျောင်းသားဟာ ဆရာသင်တဲ့ဘာသာကို ဆရာ့လို မလေ့လာဖူးပေမယ့် ဆရာသင်တာကြည့်လို့ ဒီဘာသာကို သူဘယ်လောက် ကျွမ်း မကျွမ်း အကဲဖြတ်နိုင်တယ်။ စာရေးသူနဲ့ စာဖတ်သူမှာလည်း ဒီအတိုင်းပဲ။

စာရေးသူ စာဖတ်သူမှာ ကျောင်းသားနဲ့ ဆရာထက်ပိုတာ တစ်ခုက ကျောင်းသားတွေအနေနဲ့ ဘာသာရပ်တစ်ခုကို သင်ယူလေ့လာဖို့ တစ်တန်းမှာ ဆရာတစ်ယောက်၊ နှစ်ယောက်ထက် ပိုမရှိပေမယ့် စာဖတ်သူမှာ အကြောင်းအရာတစ်ခုကို ချဉ်းကပ်လေ့လာ ဖတ်ရှုဖို့ စာရေးသူတွေရဲ့ စာအုပ်စာတမ်း အမြောက်အမြား ရနိုင်တယ်။

ဒေါက်တာ သန်းထွန်းတို့ ရေးတဲ့စာမျိုးကို မှန်၊ မမှန် ပြောဆို ဆုံးဖြတ်ဖို့ သူတို့ ဘာသာရပ်နဲ့ ဝေးကွာသူ လူပြိန်းတစ်ယောက်အနေနဲ့ မလွယ်ကူနိုင်တာ အမှန်ဖြစ်ပေမယ့် ဒေါက်တာ မတင်ဝင်း ဘာအထောက်အထားမှ မရှိဘဲ အလွတ်သဘော ပြောနေတာတွေ အလယ်တန်းကလေးတောင်မှ သိနိုင်လောက်တယ်။

ရာဇကုမာရ် ဆိုတာလည်း ခေါင်းစဉ်တစ်ခုအနေနဲ့ စာအုပ် ထုတ်ပြီး ရေးတာ မဟုတ်ဘူး။ ဥပမာ တစ်ခုအနေနဲ့သာ ပြောပြလိုက်တာ။ သူရေးဖူးတဲ့ စာအုပ်တွေထဲမှာ မကြာခဏပါတတ်တဲ့ အကြောင်းအရာတစ်ခုကို ထုတ်ပြတာ ဖြစ်တယ်။ အဲဒီ ရာဇကုမာရ်နဲ့ ပတ်သတ်လို့ ဘာအထောက်အထားတွေ ရှိ မရှိ ဆိုတာတော့ သိချင်ရင် သမိုင်းပညာရှင်တွေနဲ့သာ ညှိကြည့်ပေတော့။ အထောက်အထား မရနိုင် မရှိနိုင် မသိနိုင်တဲ့ အကြောင်းအရာတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့်တွေ ပြောဆိုဆွေးနွေးနိုင်တယ်ဆိုတာ စိတ်ကူးသက်သက်သာ မဟုတ်ရင်တော့ အကြားအမြင်ရနေမှပဲ ဖြစ်မယ်။

ကိုယ်ပြောချင်တဲ့အကြောင်းကိုက အထောက်အထားရှာမရနိုင်တဲ့ (တနည်း) ရှာမရနိုင်သေးတဲ့ သမိုင်းကြောင်းတွေကို တဖွဲ့တနွဲ့ ပြောနေကတည်းက ပညာရပ်ဆိုင်ရာ ဘာတန်ဖိုးမှ မရှိ၊ ဘာအဓိပ္ပါယ်မှ မရှိဘူး ဆိုတာပဲ။ ချစ်ဦးညိုတို့ လုပ်နေတာတွေနဲ့ သမိုင်းတန်ဖိုးခြင်းက ဘာမှ မထူးဘူး။

သူ့ဘာသာ ဒေါက်တာမကလို့ ဘာဘွဲ့ပဲရရ၊ ဒီပညာရပ်နဲ့ ပတ်သတ်လို့ အလွတ်သဘော အတွေးနဲ့ ပြောနေသမျှဟာ ပညာရပ်ဆိုင်ရာတန်ဖိုး သုညပဲ။ ယှဉ်ကြည့်ချင်သပဆိုရင်တော့ ဒေါက်တာသန်းထွန်းတို့ ရေးတာတွေနဲ့ ယှဉ်ကြည့်လိုက်ပါ။ ပညာရပ်ဆိုင်ရာ အထောက်အထားပါခြင်း၊ မပါခြင်း ဘယ်လိုကွာတယ်ဆိုတာ သိရအောင်။

မှန်းဆပြီး ပြောနေသရွေ့ဟာ သူမှန်းဆတာတွေ မှန်နေရင်တောင်မှပဲ မတော်တဆ တိုက်ဆိုင် သွားရင်းလာရင်း ဆန်အိုးတိုးလိုက်တဲ့ အဖြစ်မျိုးသာ ဖြစ်လိမ့်မယ်။

သမိုင်းဆိုင်ရာကို အထောက်အထားနဲ့ ပြောပါတယ်လို့ အချက်အလက်ကို အခြေခံပါတယ်လို့ မောင်သတိ တလျောက်လုံး ပြောလာပေမယ့် ဘယ်က အချက်အလက်တွေကို အခြေခံတာလဲဆိုတာ ပြန်စဉ်းစားစေချင်တယ်။ ရှေ့ခေတ်အဆက်ဆက်က လာခဲ့တဲ့ မှန်နန်းရာဇဝင်ကို အခြေခံတာလား၊ ထုတ်ထမ်းပြောရတယ်ဆိုတဲ့ ပုဂံပါးစပ်ရာဇဝင်ကို အခြေခံတာလား ဆိုတာ...

အဲဒီလိုသာ အခြေခံရရင်ဖြင့် ဒေါက်တာဘွဲ့ရမှ မဟုတ်ဘူး၊ ချစ်ဦးညိုတို့လည်း အေးအေးဆေးဆေး လုပ်တတ်တယ်။

ဖိုးတုတ် said...

ကဲ ... ကိုပေါ ရေ စိတ်ထဲမကောင်းလို. တောင်းပန်ပြီးပါပြီ ဒါပေမဲ့ ကျွန်တော်နောက်မပြောတော့ပါဘူးဆိုတာ ရယ်လို.တော့ မဟုတ်ပါဘူး အရူးချီပန်းဆိုတဲ့ စကားကိုတော့တတ်နိုင်သမျှ ရှောင်ပါ့မယ် ဆင်တူတာလေးတွေကို သုံးမယ်ပေါ့

ခုကတောင်းပန်လိုက်လို. စိတ်ဆိုးရကောင်းမှန်းသိသွားပုံပေါ်ပါတယ် ဒါမှမဟုတ် ဆူလိုက်တုန်းက ဘာမှမဖြစ်ပဲ ချော.လိုက်တော့မှာ ငိုသလိုများဖြစ်နေမလားမသိဖူး

ကွန်မန်.ပေးသူတွေကြောင့် ကိုပေါ ရဲ့ ခံရခက်တဲ့ဝေဒနာဆိုတဲ့ခေါင်းစဉ်နဲ. ပို.စ်တင်ဖို. အကြံပြုပါတယ်

ကဲ ကိုပေါ လည်း မောင်သတိတို.ရဲ့ ကွန်မန်.တွေမှာ ၀င်မဆွေးနွေးနိုင်ဘဲ ဘေးထွက်ထိုင်နေရတယ် ဒါမှမဟုတ် မှီငြမ်းမဲ့ စာအုပ်တွေရှာပြီး ဖတ်နေသလားတော့မသိပါဖူး အနည်းဆုံးတော့ ကျွန်တော်ကွန်မန်.တွေကို ပြန်ခဲ့ရင်တော့ ကိုပေါတစ်ယောက် အနည်းဆုံး လူမြင်ကွင်းက မပျောက်တော့ဖူးပေါ့ဗျာ ကူညီတယ်လို.ပဲသဘောထားပါဗျာ

ကျွန်တော် မောင်သတိ နဲ. ထိပ်တိုက်ဘယ်တော့မှ ကွန်မန်.မရေးဖူးပါ ကိုယ်က အပလာ (ဘလော့ဂါကြီးတစ်ယောက်ဆီက ကြိုက်လို.ယူသုံးလိုက်ပါတယ်) ဆိုတော့လည်း မရေးနိုင်ဖူးဖြစ်နေတယ် သူ.ရဲ့ (မောင်သတိ) ရင်သပ်ရှုမောဖွယ်ရာ ကွန်မန်.များကို ဖတ်လိုက်ရတာ ကျွန်တော်တောင် မင်သက်မိပါတယ် ကိုပေါ တစ်ယောက်တော့ မောင်သတိ ဆိုတဲ့အမည်ကြားရင် နည်းနည်းတော့ကြောက်မယ်ထင်ပါတယ် ဖြေရှင်းစရာမလိုပါ (စပ်စုကြည့်တာပါ)

ကျွန်တော်မောင်သတိ ကိုဖားတာမဟုတ်ပါ တော်တဲ့သူကိုတော်တယ်လို.ပြောတာဟာ
လည်း မင်္ဂလာတစ်ပါး မဟုတ်ပါလား

ကိုပေါရဲ့ စာကြွင်းမှာ ကျွန်တော်တို.ကို ငေါ့ထားတာ ကျွန်တော်ပြုံးမိပါတယ်

တကယ်တော့ မောင်သတိ နှင့် ကျွန်တော်က တစ်ဖွဲ.တည်းရယ်လို.တော့မဟုတ်ပါဘူး ခုဖြစ်နေတာက စာဖတ်သူတွေရဲ့ အမြင်မှာ ကိုပေါက ဒီမိုသူရဲကောင်းကြီး ဖြစ်နေတဲ့အပြင် ကိုပေါရဲ့ ပို.စ်တိုင်းကို ထောက်ခံတဲ့စာဖတ်ပရိတ်သတ်ကြီးကလည်းရှိနေပါတယ် အဲဒီိမှာ ကိုပေါနဲ. ဆန်.ကျင်ဘက်ရေးလိုက်တာနဲ. ၀ိုင်းပြီးဘြဘာပေးကြတော့တာပဲ

ကျွန်တော်နဲ.မောင်သတိ အမည်ကို ပူးတွဲဖော်ပြတာ ကျွန်တော်တောင် နည်းနည်း ဘ၀င်မြင့်သွားတယ်

ကိုပေါရယ် ဒါပေမဲ့ ကိုပေါ ရေးတိုင်းအားလုံးက ထောက်ခံ နေတာကတော့ ပျင်းစရာကြီးပါ မောင်သတိ တို.လို.အချက်ကျကျရေးနိုင်တဲ့ သူတွေလာပြီး ကွန်မန်.လုပ်တာကိုတော့ ကြိုဆိုရမယ်မဟုတ်ပါလား ဆန်.ကျင်ဘက်တွေမရှိခဲ့ရင် ကိုပေါ ဘလော့က တစ်ပါတီ စနစ်ကြီးလို ငြီးငွေ.ဖို.ကောင်းပါတယ်

ခုကျွန်တော့်အဖြစ်က ဘောလုံးပွဲမှာ ကိုပေါဘက်က မောင်သတိကို ပြောင်းဖူးရိုးပစ်မိတာလား ကိုယ့်အသင်း အသုံးမကျလို. ဂရုဏာဒေါသ နဲ. ကိုပေါကို ပစ်မိတာလား မသိတော့ပါဘူး ကျွန်တော်ပစ်လိုက်တဲ့ပြောင်းဖူးရိုးက ကိုပေါကိုတည့်တည့်ကြီးထိသွားပြီး ကိုပေါက စိတ်ကောက်နေပုံ ပေါ်ပါတယ်

ခုပို.စ်က ဘာနဲ.တူနေသလဲဆိုတော့ မောင်သတိ ပစ်ခွဲလိုက်တဲ့ ပန်ကန်ပြား တစ်ချပ်လို.ဖြစ်နေတယ် ကိုပေါ ကိုယ်တိုင်က ဘာမှမလုပ်နိုင်လို. အကြံအိုက်နေတုန်း ဘေးကမနေနိုင်သူတွေက ၀ိုင်းကူပြီး ကွဲနေတဲ့ ပန်ကန်ပြားကို ကော်နဲ.ကပ် ပလာစတာ နဲ. ကပ်ပေးနေသလို ဖြစ်နေပါတယ် အကောင်းပကတိတော့ ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ပါဘူး

ကျွန်တော့်အမြင်က တော့ ကိုပေါတစ်ယောက် ခုထက်ထိ ကိုးရိုး ကားယားကြီးဖြစ်နေတယ်

ကိုပေါ ပို.စ်တွေမှာ ပုဂ္ဂိုလ်ရေးထိုးနှက်မူတွေ နှင့် ပုဂ္ဂိုလ်ရေး မကောင်းကြောင်းကို ရေးထားတာတွေ တော်တော်ပါဝင် နေပါတယ် လူတိုင်း (ကျွန်တော်အပါအ၀င်) ဘယ်သူ.မှ မကင်းနိုင်ကြပါဖူး ကျွန်တော် ဘက်သူ.ဘက်က မှ နာပြီး ၀င်ရေးနေတာ မဟုတ်ပါဘူး ရေးချင်တာရေးတာကတော့ ကိုပေါရဲ့ ကိုယ်ပိုင်အခွင့်အရေးပါ ဒါပေမဲ့ သူများမကောင်းကြောင်းပြောလေ ကိုယ်မကောင်းလေဆိုတာနဲ.ပတ်သက်ပြီး အောက်ပါ ရှေးဟောင်း အဖြစ်အပျက် ကလေး တစ်ခုကို ဝေမျှဖို. ဆန္ဒပေါ်လာလို.ပါ

ဘုရားလက်ထက်က ဘုန်းကြီးကျောင်းမှ ဦးပ္ပဇင်းတစ်ပါးရဲ့ သင်္ကန်းတစ်စုံဟာ ပျောက်သွားပါတယ် မနက်မိုးလင်းလင်းခြင်း အဲ့ဒီ ဦးပ္ပဇင်း က ငါ့သင်္ကန်းကို ဘယ်သူ.ခိုးတာလဲဆိုပြီး ကျောင်းဝန်းကိုပတ်ပြီး အော်ဟစ်နေတော့တာပဲ အဲ့ဒီမှာ ကျောင်းထိုင် ဆရာတော်က ခေါ်ပြီး အဲ့ဒီလိုမအော်ဟစ်ဖို. ရှက်ဖို.ကောင်းပါကြောင်း အဲဒီ့လို အခိုးခံရတာကို ပြောနေခြင်းဟာ ဦးပ္ပဇင်း က အရင်ဘ၀က သူများပစ္စည်း (အဲ့ဒီသူခိုးရဲ့ပစ္စည်း) တွေကို ခိုးခဲ့တဲ့ သူခိုးကြီးပါလို. ကြော်ငြာမောင်းခတ် နေသလိုဖြစ်နေတာလို. အမိန်.ရှိတော်မူပါတယ်


ခင်မင်စွာဖြင့်

ကကစ

Funny Guy said...

မဆိုင်တာတွေ၊ အရေမရအဖတ်မရတာတွေ ကွန်မန့် ပေးသူတွေကို ဆုပေးမယ်ဆို ကိုကိုဆန်းကို ပေးဖို့ ကျနော် propose လုပ်ပါတယ်.. စာတွေအရှည်ကြီးရေးပြီး ဘယ်တော့မှ ဘာမှ မှတ်သားစရာ ကျန်တာ မတွေ့ ဘူးသေးဘူး.. လူကြီးတွေစကားကောင်းနေတုန်း ကလေးတွေ ကြားထဲက ပဲကြီးလှော်ဝင်ဝင် နှိုက်တာ တော်တော်ဆိုးတယ်။

ကျော်ထင် said...

မောင်သတိ

ထိုင်းမြန်မာ နယ်စပ် စစ်ပွဲကိစ္စကျုပ်ပြောပြရတဲ့ ရည်ရွယ်ချက်က မောင်သတိတစ်ဖက်သပ် ပြောထားသလို သူများနိုင်ငံက အသားလွတ်ကျူးကျော်တာ ဟုတ်မဟုတ်ကို မီးမောင်းထိုးပြဖို့ပါ။ ကျုပ်ပြောပြတဲ့အထဲက အချက်အလက်၊အချိန်တွေနဲ့ မောင်သတိနောက်ထပ်ဖြည့်စွက်ပြောတဲ့အထဲက ဟာတွေတိုက်ဆိုင်ကြည့်ရင်ကို သိသာပါတယ်။ ကျုပ်ပြောပြတာတွေက အကြောင်းရင်းဖြစ်ပြီး မောင်သတိထောက်ပြတာတွေက နောက်ဆက်တွဲဖြစ်ရပ်တွေဖြစ်တယ်။ ဒါကိုတောင် အခုထိ သူများကျူးကျော်တာခံရတာကိုပဲ မောင်သတိအဓိကထားပြောနေတယ်။ ကိုယ်ကသူများနားရွက် တံတွေးသွားဆွတ်မိလို့ ကိုယ့်နားရွက်ပြန်အကိုက်ခံရတာကို အခုထိမုန်လာဥလုပ်ချင်နေပုံပဲ။

ဒေါက်တာမတင်ဝင်းနဲ့ပတ်သက်လို့ကတော့ ကိုယ့်လူလက်ခံထားတဲ့ ပညာရှင်ဆိုတာနဲ့ ကျင့်ကြံပြူမူသင့်တဲ့စံနှုံးတွေနဲ့ ကျုပ်တို့တွေ လက်ခံတဲ့စံနှုံးတွေကွာတဲ့အတွက်၊ ကိုယ့်လူတို့သဘောကျ လက်ခံတာကို ဘာမှပြောစရာမရှိပါ။ ကျေနပ်သလိုသာ ဒီပညာရှင်ကြီးကို အနာဂါတ်ရဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ၀ါဒဖြန့်ရေးရာများမှာ အသုံးချဖို့ ဆက်လက်သယ်ဆောင်သွားကြပါ။ ကျုပ်သူ့အကြောင်း ထောက်ပြတာကတော့ မောင်သတိရဲ့ ပထမဦးဆုံးကွန်မန့်ထဲက ((အစိုးရကို ဖားတဲ့ ဘယ် ဆောင်းပါးမှ ဆရာမရေးတာ မဖတ်ဖူးပါဘူး.. ဒါပေမဲ့ အံ့သြမိတာက ဟိုကစကျူးကျော်ပီး ဖြစ်ရတဲ့ပွဲမှာ ကိုယ့်ကလောင်စွဲကိုင် တိုက်ပွဲဝင်တဲ့ နိုင်ငံသားတစ်ယောက်ကို အစိုးရသတင်းစာမှာ ရေးရမလားဟဆိုတဲ့ ဒီမိုဆိုသူတွေရဲ့ ပုတ်ခတ်တဲ့ အမြင်ပါ.. အစိုးရနဲ့ဖြစ်ရင် ဘယ်သူဖြစ်ဖြစ် ကောင်းတယ် တော်တယ် ထောက်ခံရမယ် )) ဆိုတဲ့ အပေါ်မှာ ကိုယ့်လူပြောတဲ့ ဒီမိုများသာမက၊ ပညာရှင်များနဲ့ ကျုပ်တို့လို ပြည်သူပြည်သားအများ ဘယ်လိုမြင်တယ် သဘောထားတယ်ဆိုတာ ရှင်းလင်းပြတဲ့သဘောပါပဲ။
သူလဲ သူ့စွမ်းဆောင်ချက်ကြောင့် သူနဲ့ထိုက်တန်တဲ့ ဘယ်လိုနေရာတစ်ခု ရရှိသွားလဲဆိုတာကတော့ အပေါ်က ပုံထဲမှာ အားလုံးမြင်ကြတဲ့အတိုင်းပါပဲ။ ကိုယ့်လူရေးသလို သတင်းစာမှာရေးလို့ သူ့ကိုကျဉ်လိုက်ကြတာဆိုတဲ့ကျဉ်းမြောင်းတဲ့အမြင်အတိုင်းသာဆိုရင် ကျန်းမာရေး ပညာရေး ဆောင်းပါးတွေဝင်ရေးနေကြတဲ့ ဆရာဝန်တင်ရွှေ၊ ဒေါက်တင်ခင်မောင်ဆွေ(မူးယစ်) စတဲ့ သူတွေကိုပါ မုန်းတော့မပေါ့ဗျာ မဟုတ်ဘူးလား။ အဲဒီနောက်ခံအကြောင်းအရာက ဘာဆိုတာကို လူတွေက သဘောပေါက်နေကြတဲ့အတွက် သိက္ခာရှိကလောင်တခု အရောင်စွန်းပြီး အခုလို ထိုက်တန်တဲ့နေရာရောက်သွားတာ ဆိုတာ မောင်သတိသဘောပေါက်လောက်ပြီထင်ပါရဲ့။

ဖိုးတုတ် said...

ကိုပေါရေ

ကျွန်တော်က ပထမဆုံးကွန်မန်ရေးပြီးတော့ ထပ်ပြီးရေးဖို.မစဉ်းစားမိပါဘူး နောက်ပိုင်း ဧရာဝတီက ဆောင်းပါးကို ခင်ဗျား တင်လိုက်တော့မှ ကျွန်တော်စိတ်ထဲ ဟာ ဒီလူတော့လုပ်ချလိုက်ပြန်ပြီဆိုပြီး ထပ်ပြီးရေးနေရတော့တာပါ

ထိုင်းရဲ့ အကြောင်းကို ၁၉ ရာစုရှေ.ပိုင်းမသိပေမဲ့ လက်ရှိ ဘုရင်ငယ်စဉ်နဲ. သူ.အကိုဆုံးသွားတဲ့ သူတို.နန်းတွင်းရေးအကြောင်းတွေတော့ဖတ်ဖူးပါတယ် ခုက ပို.စ်နဲ.မဆိုင်လို. မပြောတော့ပါဘူး

ဒါပေမဲ့ အိမ်နီချင်းနိုင်ငံတွေ အားလုံးလိုလိုဟာ မြန်မာနိုင်ငံ ကို ဒီလိုပဲ နိုင်ငံရေးသံသရာတွေ နဲ. ဒုက္ခတွေ ပင်လယ်ဝေစေပြီး တိုးတက်မူကို မလိုးလားကြပါဘူး ဘာလို.လဲဆိုတော့ မြန်မာနိုင်ငံက သံယဇါတ ပေါကြွယ်ဝပြီး နိုင်ငံရေးတည်ငြိမ်ပြီးရင် စီးပွားရေးတဟုန်ထိုး တိုးတက်လာပြီး သူတို.ထက်ပိုပြီး တိုးတက်လာမှာ ကို မလိုးလားကြပါဘူး အဲ့ဒီ အိမ်နီးချင်းနိုင်ငံထဲ မှာ ထိုင်းက ထိပ်ဆုံးပါပဲ ဘာလို.လဲဆိုတော့ စီးပွားရေးပြိုင်ဘက်အဖြစ်မခံနိုင်တာရယ် ရှေးကမြန်မာနဲ. မတည့်ခဲ့တဲ့ ရာဇ၀င်တွေကြောင့်ပါ

ကိုယ့်တိုင်းပြည်ဘက်ကို နာရကောင်းမှန်း မသိပဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီရဲ့ စံညွှန်း ပေတံတွေနဲ. တိုင်းတာတဲ့သူတွေကို ဒီပိုစ်က သိလိုက်ရတာကလည်း အမြတ်တစ်ခုလို.ပဲ သဘောထားရမှာပဲ

ကိုပေါရေ ပညာရှိများ (ကျွန်တော်မပါ) က ရန်သူပင်ဖြစ်လင့်ကစား မင်းဘေးဒဏ်ကြောက်လို. သတ်တဲ့အထိတော့ မလုပ်ကြပါဘူး ဒါပေမဲ့ ကွန်မန်တိုလေးတွေ နဲ. ကိုပေါဘက်က ဘာမှရေရေရာရာမရှိပဲ ကူပြီးရေးပေးနေတဲ့ သူတွေနဲ. ပတ်သက်ပြီး ပုံပြင်လေးတစ်ပုဒ်ကို သွားပြီးသတိရပြန်ရော ပညာမဲ့များဟာ မိတ်ဆွေပင်ဖြစ်လင့်ကစား ဘယ်လောက် ကြောက်ဖို.ကောင်းတယ်ဆိုတာ ကိုပေါကို သတိပေးချင်တာပါ

ပုံပြောကောင်းတဲ့ ကိုကိုစန်း ပေါ့

ရှေးက သားအဖ နှစ်ယောက် လယ်လုပ်နေကြတယ် အဲဒီ့အချိန်မှာ မှတ်တစ်ကောင်က လယ်သမား အဖေကြီးရဲ့ နဖူးမှာ သွေးစုတ်နေတယ် အဲဒါကို သားကိုတွေ.တော့ ဒေါသထွက်ထွက်နဲ. မှတ် ကို ငါ့အဖေ ရဲ့ သွေးကို စုတ်ရမလားဆိုပြီး အနားရှိ ရဲဒင်းနဲ. ခုတ်လိုက်တာ ရဲဒင်းက မှတ်ကိုမထိပဲ လယ်သမားအဖေကြီးနဖူးကို ခုတ်မိပြီး လယ်သမားကြီးသေသွားပါတယ်

ကျွန်တော်ဆိုလိုချင်တာ ကွန်မန်. အတိုတွေနဲ. ဘာမှ ဟုတ်တိပတ်တိ မရှိတာတွေကို ကိုပေါဘက်က ရေးပေးတဲ့သူတွေကိုပါ

ကိုပေါဘက်က ကူပြီးရေးပေးတဲ့ သူတွေရဲ့ ကွန်မန်.ရှည်ရှည်တွေကိုလည်းဖတ်ပါတယ် ကောင်းတာ မကောင်းတာ မဝေဖန်လိုပါ ဒါပေမဲ့ ကျွန်တော်စဉ်းစားမိတာက အော် သူတို.လည်း ငါလိုပဲ ကွန်မန်.ရှည်ရှည် ရေးနေကြတယ် ဆိုတာထက် ဘာမှမပိုပါ

ကိုယ့်ဖာသာ ကိုယ်အမည်ပေး ထားတာကတော့ ကွန်မန်.ရှည်ရှည်ရေးတဲ့ အာပလာ ဆိုတဲ့ အမည်လေးပါပဲ

(အာပလာ-Ref: Title :ဘလော့ဂါရဲ့ည Author: kom, 29-07-10)

အားလုံးကျန်းမာရွှင်လန်းကြပါစေ

ဖိုးတုတ် said...

ထပ်မံဖြည့်စွက်ချက်။


ကျွန်တော်အထက်မှာဆိုခဲ့သော ကွန်မန်အတိုရေးသူများမှာ cho cho ကို မဆိုလိုပါ

cho cho ရေးသော မှတ်ချက်မှာ ကိုပေါကို နည်းနည်းမြှောက်ပင့်ထားသော်လည်း အမှန်ကို ရေးသားထားသည်ဟု ထင်မိပါသည်။


ခင်မင်စွာဖြင့်

ကကစ

သတိ said...
This comment has been removed by the author.
သတိ said...
This comment has been removed by the author.
သတိ said...

အားလုံးသတိ

ကိုကျော်ထင်ခင်ဗျား.. မုန်လာဥမဟုတ်ကြောင်း ပြချင်ရုံနဲ့ ကျွန်တော်ထပ်ကော်မန့် ရပြန်ပါပီ.. အကိုပြောခဲ့တဲ့ အချိန်တွေ အချက်အလက်တွေရဲ့ နောက်ဆက်တွဲဟာ အကိုပြောခဲ့တဲ့ လေယာဉ်ဂျွမ်းထိုးတဲ့ အဖြစ်မှာပဲ လိုတာထက် ပိုပီးတောင် တုန့်ပြန် ခံခဲ့ပါတယ်.. သူ့နားရွက် တံတွေးသွားဆွတ်လို့ နားရွက် ပြန်ကိုက်ရုံတင်မက သတ်တောင်ပစ်တော့မလား ထင်ရလောက်တဲ့ ကျည်ကျလို့ပါ.. တပ်ဖွဲ့ဝင်တွေ ၀င်လာလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ လေယာဉ်ကျွမ်းထိုးအပါအ၀င် လက်နက်ကြီးအချက်ငါးဆယ်ကျော်၊ ရဟတ်ယာဉ်တွေ ဘာတွေနဲ့ နှစ်ရက်လောက် တမင်တကာ တီးထဲ့လိုက်တာများ ဘာမှမတတ်နိုင် လက်မှိုင်ချဆိုပီး အကိုတောင် ကော်မန့်နဲ့တောင် ပြောခဲပါသေးသဗျာ.. (အမှန်တိုင်းပြောရရင် အဲဒါကိုတောင် ကျွန်တော်မကျေလည်ပါဘူး.. ကိုယ့်ဘက်က အမှားရှိရင်တောင် အဲဒီအမှားအတွက် ပေးဆပ်မှုဟာ အကန့်အသတ်နဲ့ပဲ ရှိရမယ်လို့ ထင်ပါတယ်..) အဲ.. ဒီလောက် မတန်တဆ တုန့်ပြန်ခဲ့ပီး အားလုံး ရှင်းလင်းညှိနှိုင်း ငြိမ်ချိန်ကျမှ ကိုယ့်မြေကို ပစ်ကူပေးပီး ၀င်သိမ်းတာကို သြော် ငါတို့ဘက်က ကျည်ကျသွားရှာသကိုး ဒီလောက်တော့ ရှိမှာပေါ့လေဆိုတဲ့ နားလည်ခွင့်လွှတ်ပေးနိုင်တဲ့ ခန္ဒီစပါရမီကတော့ ကြောက်ခမန်းလိလိ မြင့်မားလှပါလားခင်ဗျာ.. အဲဒီစိတ်မျိုးကို မောင်သတိအပေါ်မှာ ထားပေးနိုင်ရင်တော့ ခုလိုတောင် အရှည်ရေးနေရမှာ မဟုတ်ဘူး.. ဟားဟား.. ရှင်းရှင်းပြောရင် ထိုင်းတောင် အဲဒီလိုအကြောင်းမပြပဲ မူးယစ်ဆေးဝါး နှိမ်နင်းမှု စစ်ဆင်ရေးလို့ ပြောသွားခဲ့ပါတယ်.. ဒီတော့ အကို့မုန်လာဥ ကျွန်တော်ပြန်ပေးပါရစေခင်ဗျာ..

နောက်တစ်ခု..
သတ်မှတ်ချက် ကိုယ်စီနဲ့ ပညာရှင်ဆိုတာကို သတ်မှတ်တာမို့ အကို့အနေနဲ့ ကိုယ်ပိုင်ယုံကြည်လို့ရသလို သဘောမတူရင်တောင် ကန့်ကွက်စရာမရှိပါဘူး.. ဒါပေမဲ့ ၀ါဒဖြန့်ဆိုတာကို ကျွန်တော်နဲနဲပြောချင်ပါတယ်.. ခုလို ဟိုကစပီး ကျူးကျော်လို့ ဖြစ်ရတဲ့ပွဲ (ဆောရီးပါအကို.. ဒီအချက်ကို ပြင်စရာမဟုတ်ဘူးလို့ မြင်တဲ့အတွက် ကျွန်တော်ဆက်သုံးပါတယ်..)မှာ ပြည်သူရဲ့ မျိုးချစ်စိတ်ကို ဘာကြောင့် အစိုးရကို အပိုင်ပေးပီး အစိုးရ၀ါဒ လုပ်ပစ်ချင်ပါလဲခင်ဗျာ.. ဒီစိတ်ဟာ ကျွန်တော်တို့ အပိုင်စိတ်မဟုတ်ဘူးလား.. ကျွန်တော်နားလည်တာတော့ မျိုးချစ်စိတ် တက်ကြွစေမဲ့စာတွေဟာ ကိုယ်ပိုင်တဲ့စိတ်ကို လာနှိုးဆွတဲ့ စာပဲ ဖြစ်ပါတယ်.. ၀ါဒဖြန့်ဆိုတာ သူ့ဝါဒတွေကို ကိုယ့်ကိုယ် ရိုက်သွင်းတဲ့ စာမျိုးပါ.. မျိုးချစ်စိတ်ဟာ ရိုက်သွင်းခံရတဲ့ သူပိုင်ဝါဒလား ကိုယ်ပိုင်တာလား.. ဒီလိုပြောလို့ ကျွန်တော်ဟာ ဆရာမရဲ့ သူများဘုရင် မကောင်းကြောင်းရေးတာနဲ့ပဲ မျိုးချစ်စိတ် တက်ကြွရသလား ငသတိရယ်လို့ မထင်ပါနဲ့.. ဆရာမရဲ့ အဲဒီဆောင်းပါးတွေဟာ တောက်လျှောက်တချိန်လုံး မြန်မာဘုရင်တွေကို နင်ပဲငဆ ပြောခဲ့တဲ့ ယိုးဒယားသမိုင်းဆရာတွေကို တုန့်ပြန်တာပါ.. ပြိုင်ပွဲတစ်ခုမှာ ကိုယ်အားပေးတဲ့လူ နိုင်ရင်.. တစ်ဖက်ကို တီးထဲ့လိုက်ရင် မပျော်ပါဘူးလားဗျာ.. ဟုတ်ကဲ့ အဲဒီပွဲမှာ ကျွန်တော်မြန်မာကို အားပေးခဲ့ပါတယ်ခင်ဗျာ..

အဆုံးသတ်ရင်တော့ဗျို့.. သိထားဘူးတာတွေပေမဲ့ ရေးချရမယ်ဆိုတော့ သေချာအောင် ကူးထားတဲ့ ဘုတ်အုတ်တွေ မနေမနား အချိန်ပေးပီး ဖတ်ဖြစ်တာမို့ ဒီပိတ်ရက်ဟာ ကျွန်တော့်အတွက် ဟေးလားဝါးလား မဟုတ်တော့ပဲ (ဟုတ်ဖို့လဲ မလွယ်ဘူးဗျ.. လကုန်နေပီလေ.. လစာကမ၀င်သေးဘူး.. ဟီးဟီး..) အကျိုးရှိပါရဲ့ဗျာ.. ဒီအတွက် ကိုကျော်ထင်ကို ကျေးဇူးတင်သလို အိမ်ရှင်ကိုပေါကိုလဲ ကျေးဇူးတင်ပါရဲ့ဗျို့..

ကဲ.. အာလုံးသက်သာ
မောင်သတိ

မျိုးချစ်စိတ် said...

ကိုယ့်နိုင်ငံထဲက ကိုယ့်လူမျိုးတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားတွေကို တိုက်ခိုက်သတ်ဖြတ်နေတုန်း၊ ဟော.. ထိုင်းကိုကျူးကျော်မိလို့ ထိုင်းတွေပြန်လာဆော်တော့ ချက်ချင်း ‘မျိုးချစ်စိတ်’ ဆိုပြီး ပြောင်းအော်တတ်တဲ့ ဒီမောင်တွေရဲ့ ‘မျိုးချစ်စိတ်’ ဆိုတာကြီးက အတော်ကြောက်စရာကောင်းပါလားဗျို့။

မျိုးချစ်စိတ် said...

တိုင်းပြည်ကောင်းစေချင်လို့ လုပ်ကြတဲ့ ကိုယ့်တိုင်းပြည်ထဲက အပြစ်မဲ့ လက်နက်မဲ့ ကျောင်းသား၊ သံဃာ၊ လူထုကိုကျတော့ မြို့လယ်ခေါင်လမ်းမကြီးတွေပေါ် ပစ်ခတ်သတ်ဖြတ်နေ၊ မကြားစဘူး အနှစ်တစ်ရာထောင်ဒဏ်တွေခတ်နေ၊ အပြစ်မဲ့တိုင်းရင်းသားတွေကို ရွာလုံးကျွတ် မြေလှန်သတ်ဖြတ်နေကြတာ၊ ဟော.. သူတို့ကိုနိုင်တဲ့ ထိုင်းတွေလာဆော်တော့ “အမှားရှိရင်တောင် ပေးဆပ်မှုဟာ အကန့်အသတ်နဲ့ပဲရှိရမယ်” တဲ့။ အတော်တရားကျဖို့ကောင်းတဲ့ စစ်ကျွန်တွေပဲ။

Anonymous said...

I do not like Than Shwe and his little c..k suckers and ball lifters. Also I used to swear at
Dr. Ma Tin Win for her closeness
to that government. However, I
have to agree with her bashing
Thai monarchy. I support her and
she is acting as a historian in
that aspect. Hating the author
is one thing, respecting her work
is another.

Anonymous said...

Thailand did not only bar Dr. Ma Tin Win but also Paul Handley for writing
a book revealing some facts about their PR king. See below.

I do not like Dr. Ma Tin Win for her closeness for those short and fat men in Burmese military government who is in power but I like her for kicking the sorry asses of Thais.

http://en.wikipedia.org/wiki/The_King_Never_Smiles

ဖိုးတုတ် said...

သတိ ရေ ...

သတိ ရဲ့ ပြောင်မြောက်တဲ့ အရေးအသားကို သဘောကျမိပါရဲ့ ဒါပေမဲ့ ခုဒီမှာဖြစ်နေတာက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကတစ်ဖက် ၊ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ ရဲ့ ပြဿနာက တစ်ဖက်၊ ဒီမှာကွန်မန်.ရေးသူ တော်တော်များများက အဲ့ဒီ ပြဿနာ နှစ်ခုကို ခွဲခြားပြီး မမြင်တာကတော့ တော်တော်လေးကို ၀မ်းနည်းစရာ ကောင်းပါတယ် အဲဒီ့လို ခွဲခြားမမြင်နိုင်တဲ့ သူတွေများနေတော့ မောင်သတိ တစ်ယောက် ကီးဘုတ်တွေနှိပ်ရလွန်းလို. လက်တွေသာ တိုသွားမယ် လူအတော်များများက လက်ခံမှာမဟုတ်ပါဘူး

ဒီမိုဘလော့ဂါ တစ်ယောက်ကို ဆန်.ကျင်ဘက် ရေးလိုက်တာနဲ. သူ.ကိုထောက်ခံသူတွေက ၀ိုင်းပြီးကန်.ကွက်မှာကတော့ အစဉ်အလာတစ်ရပ်လို ဖြစ်နေပါပြီ

အမျိုးသားစည်းလုံးညီညွှတ်မူကတော့ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေပါပြီ

ကျွန်တော်သဘောပေါက်နားလည်သလောက်တော့ မောင်သတိ ရေးနေတာက ထိုင်း နှင့် မြန်မာ ပြဿနာကို အဓိကထားပြီး ရေးသွားတာကိုတွေ.ရပါတယ် ဒါပေမဲ့ အထက်မှာ ဖော်ပြခဲ့သလို ထိုင်း မြန်မာ နယ်စပ်ပြဿနာ နှင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးပြဿနာကို ခွဲခြားပြီး မမြင်နိုင်တဲ့သူတွေ ရှိနေလို.ကတော့ မောင်သတိ ကွန်မန်.တွေ ကို ရာ ထောင်ချီ ရှင်းပြနေလည်း သဘောပေါက်မှာမဟုတ်လို. မောင်သတိ ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဒီမှာ မကုန်စေချင်ပါဖူး မောင်သတိ ရဲ့ ရှင်းပြချက်တွေက တော်တော်လေးကို ပြည့်စုံပြီးဖြစ်နေပါတယ်

ကျွန်တော့်ကိုကျွန်တော် မျိုးချစ်စိတ် အရမ်းကြီးရှိတယ်လို.မပြောချင်ပါ ၊ ဒါပေမဲ့ မျိးချစ်စိတ်နှင့် ပတ်သက်လာရင် အနုတ်လက္ခဏာပြတဲ့သူတွေကို ဒီပို.စ်မှာ သိလိုက်ရတော့ ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်

မျိုးချစ်စိတ် သုညဖြစ်နေတဲ့သူတွေက တိုင်းပြည်အတွက် ဘာလုပ်ရ ကောင်းမှန်းတော့မသိဖူး ဒါပေမဲ့ သူတို.က ကိုယ့်တိုင်းပြည် နှင့် တစ်ခြား တိုင်းပြည် ပြဿနာဖြစ်လာရင်လည်း ကူလည်းမကူ နှောက်ယှက်ခြင်းလည်း ပြုမှာမဟုတ်လို. နည်းနည်းလေးတော့ တော်သေးတယ်လို. မြင်မိပါတယ်

မျိုးချစ်စိတ် အနုတ်လက္ခဏာပြတဲ့ သူတွေကတော့ မကူညီတဲ့အပြင် နောင်မှာ အလားတူ နှစ်နိုင်ငံပြဿနာ ဖြစ်လာခဲ့ရင်လည်း ကိုယ့်နိုင်ငံကို မကူညီတဲ့အပြင် မကောင်းပြော ကဖျက်ယဖျက် လုပ်နေမှာကိုတော့ မြင်ယောင်မိပါသေးရဲ့

မောင်သတိ ရဲ့ မျိုးချစ်စိတ် နှင့် အတွေ.အကြုံ ဗဟုသုတကြွယ်ဝမူကို ဒီပို.စ်မှာ ရှင်းရှင်းလင်းလင်း သိခွင့်ရလိုက်လို. ကျွန်တော်တစ်ယောက် မောင်သတိကို တကယ်လေးစားမိပါတယ်

ဒီပို.စ်အတွက်တော့ ကျွန်တော့် ခုရေးတဲ့ ကွန်မန်.က နောက်ဆုံးပါပဲ ဒီကွန်မန်.နဲ.ပတ်သက်လို. တစ်စုံတစ်ယောက်က တုန်.ပြန်ရေးလာခဲ့ရင်လည်း ကျွန်တော်ပြန်ရှင်းမှာ မဟုတ်ဖူးလို. ခုတည်းကတစ်ခါတည်း ပြောပြချင်ပါတယ် တလက်စတည်း မောင်သတိ ကိုလည်းနုတ်ဆက်ခဲ့ပါတယ် နောင်တစ်ချိန် ကွန်မန်ကဏ္ဍမှာ ပြန်လည်ဆုံတွေ.ဖို. မျှော်လင့်ပါတယ်

အားလုံးကျန်းမာရွှင်လန်းကြပါစေ

ခင်မင်စွာဖြင့်

ကကစ

မျိုးချစ်စိတ် said...

ဝါးလုံးခေါင်းထဲက မုန်လာဥရဲ့ အမြင်ကျဉ်းမြောင်းတာကို ပြောနေတုန်း ပုတ်သင်ဥက ဘယ်ကထွက်လာမှန်းမသိတော့ ကျုပ်ညောင်မြစ်တူးသူမှာ မျက်စိလည်ကုန်ရပါတယ်။
ဒါပေမဲ့ ကန်းမနေသူတိုင်း မြင်နိုင်တဲ့အချက်ကတော့ မုန်လာဥရော ပုတ်သင်ဥမှာပါ သူတို့အရာရာကိုကြည့်ရှုဖို့အမွေရထားတဲ့ ဝါးလုံးခေါင်းတွေဟာ ကျူရိုးသာသာရှိမှာမို့ မြင်ကွင်းကတော့ သိပ်ကျယ်မယ်မထင်ပါဘူး။ အပြန်အလှန် ဆွေးနွေးမလားလို့ အားခဲနေတုန်း ကိုယ့်ပိုင်းလုံးကိုယ်ဖြတ်ပြီး ဆက်မပြောတော့ပါဘူးဆိုသွားတော့လဲ စစ်အုပ်စုရဲ့ နိုင်ငံတော်ဘတ်ဂျက်ရှင်းတမ်းလို့ပဲ သဘောထားလိုက်ရတာပေါ့ကွယ်။ ပို့စ်ရဲ့ နံပါတ် (၃) ထဲက ခရမ်းသီးကြီးနဲ့ တိုက်ရိုက်မပတ်သက်ရင် ခွင့်လွှတ်ကြပါခင်ဗျား။

AungNN said...

သတိ - သက်သာ အော်တာကျွန်တော်သိတာစစ်တပ်က ဆရာ(အကြပ်ကြီး)တွေဘဲ။ မောင်သတိဟာလဲ အကြပ်ဘဲဖြစ်ရမယ်၊ ကြည့်လို့ကိုမရဘူး၊ သတိ၊သက်သာ ဆွဲချင်ရင် တပ်ထဲမှာသွားဆွဲ။ ဘလောက်ပေါ်မှာလာမဆွဲနဲ့။

Unknown said...

ကော်မင့် ပေးကြတာ မူရင်း ပို့စ်တောင် ပျောက်ထွက်သွားမတတ်ပါ။ အဓိက ကတော့ ဒေါက်တာ မတင်ဝင်း ကို အကြောင်းပြုခဲ့ပါတယ်။ ကိုယ့်ပိုင် အမြင် အယူအဆ တွေ နဲ့ ကိုးကားပြီး ခုခံချေပ ကြတာ တွေကို တွေ့ရ ဖတ်ရတော့ အင်မတန်ကို ဆွဲဆောင်မှု ရှိတဲ့ ကော်မင့် တွေပါ။ ဒီလို အကြောင်းအချက် ကို ဖတ်ရင်းနဲ့ ဘာတွေးမိသလဲဆိုတော့ ဒါတွေ မြန်မာပြည်မှာ မြန်မာပြည်တွင်း online ပေါ်မှာ လွတ်လွတ်လပ်လပ် ဆွေးနွေး ဖလှယ် ခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ လို့ တွေးမိပါတယ်။ blogspot တွေကို မပိတ်ပဲနဲ့ (ဘာမှ မပိတ်ပဲနဲ့) အပြန်အလှန် ရေးကြရင် ရေးခွင့် ရရင် သိတ်ကောင်းမှာ။ စစ်တပ် အကြပ်သော်လည်းကောင်း အရာ ရှိသော်လည်းကောင်း အစိုးရ အမှုထမ်းသော်လည်းကောင်း ကုန်သည် သော်လည်းကောင်း သုတေသီ သမိုင်း ပညာရှင် တွေ သော်လည်းကောင်း ဆွေးနွေးနိုင်ဘို့ပါ။ အဲဒီ ခောတ်ကို ကျွန်တော် မသေခင် မြင်သွားချင်ပါတယ်။ တခုတော့ ရှိတယ်. မြန်မာ့ နိုင်ငံရေးမှာ ဘိုသန်းရွှေ ထိမ်းချုပ်ထားတဲ့ စစ်တပ် ကပြည်သူအပေါ် အနိုင်ကျင့် နေသမျှတော့ ကျွန်တော် မျှော်လင့်တဲ့ ခောတ် မရောက်နိုင်ပါ။ စစ်တပ် က စစ်တပ် အလုပ် တကယ်လုပ်တဲ့ နေ့ ကို မြင်ချင်တာပါပဲ။ ဘိုနေဝင်းက စလို့ စစ်တပ်ကို ဖျက်ဆီးခဲ့တာ မျိုးဆက် ၂ ခု နီးပါး ရှိခဲ့ပြီ။ တနေ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက် ပါစေလို့ ဆန္ဒပြုပါတယ်။
ကော်မင့် တွေ ကို လွတ်လွတ်လပ်လပ် ရေးကြတာ အားရ ဝမ်းသာ စရာပါ။ ရွှင်လမ်း ချမ်းမြေ့ပါစေ ကိုပေါ။ သင့် မိသားစုနဲ့ အတူ အိုအောင်မင်းအောင် ပေါင်းကြရပါစေ။

သူရ said...

online ပေါ် မှာ ဒီမို ကရေစီ ရနေသလိုပဲ ဟဲဟဲ...

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs