ပဲပုံအသာဟစ်သံ

Share |
(၁) ပဲပြုတ်နဲ့နံပြား

“ကြိုင်ရေ…. ပဲပြုတ်နဲ့ နံပြားလေး စားချင်လိုက်တာ”

နောင်အနှစ် ၂၀ လောက်ကြာလို့ ကြပ်ပြေးက ဗိုလ်သန်းရွှေရဲ့ နေအိမ်မှာ သွားရှာကြည့်ကြရင် ဗိုလ်သန်းရွှေရဲ့ အလုပ်စားပွဲမှာ ဒီလို စာတိုမျိုးလေး မတွေ့ရဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ဘယ်လောက်ပဲ အကောင်းစားတွေကို တနင့်တပိုး စားနေရတယ်ဆိုဆို…. သူလည်းလေ လောကီသားပေမို့ တခါတလေ ပဲပြုတ်နဲ့ နံပြားလေး တောင့်တချင်လည်း တောင့်တပေမပေါ့။ (ပူးတွဲဖတ်ရှုရန်။.............။ Hero (Rita) )

(၂) ပုံသေ စွဲမှတ်သူများ

လူဆိုးဆိုရင် အမြဲတမ်း ဆိုးတာတွေကို ပြုနေသူလို့ ထင်မှတ်တတ်ကြပြီး လူကောင်းဆိုရင်လည်း တလျှောက်လုံး ကောင်းတာတွေချည်း ပြုနေတတ်သူ၊ ခြောက်ပြစ်ကင်း သဲလဲစင်ကလေးတွေလို့ ထင်မှတ်တတ်ကြပြန်တယ်။ တသက်လုံး ကောင်းလာတဲ့လူပေမယ့်လည်း တဒင်္ဂအခိုက်အတန့်လေးမှာ စိတ်လိုက်မာန်ပါ (သို့မဟုတ်) အမှတ်မထင် လုပ်လိုက်မိတာလေးတခုကြောင့် အကြီးအကျယ် အမှားကြီးတခုကို ကျူးလွန်မိသွားတာလည်း ရှိနိုင်သလို တသက်လုံး ဆိုးယုတ်တာတွေ ပြုလုပ်ခဲ့သူပေမယ့်လည်း တခါတရံမှာ စိတ်စေတနာအရင်းခံနဲ့ ကောင်းတဲ့လုပ်ရပ်ကို ပြုမူလိုက်တာမျိုးလည်း ရှိတတ်ပါသေးတယ်။

(၃) အနိုင်လိုချင်စိတ် ပြင်းပြသူများ

လူတဖက်သားကို အတင်းအကြပ် ဖိအားပေးပြီး တောင်းပန်ခိုင်းချင်တာမျိုးတွေကိုလည်း တွေ့နေရတယ်။ လူဆိုတာ သူ့ဘာသာ အမှားကို သိလို့ သူ့ဆန္ဒအလျောက် တောင်းပန်မှ အဓိပ္ပါယ်ရှိမှာပေါ့။ အကြပ်ကိုင်လွန်းလို့ မလွှဲသာမရှောင်သာ ဝန်ချတောင်းပန်တာကို လိုချင်နေသူတွေဟာ ရူးနှမ်းနေသူတွေလား၊ ဒါမှမဟုတ် အနိုင်လိုချင်စိတ် ပြင်းပြသူတွေပဲ လားလို့ တွေးတော စဉ်းစားမိပါတယ်။ အဲဒီလူစားမျိုးတွေဟာ တဖက်က ဝန်ချတောင်းပန်လာသည့်တိုင်အောင် အမှန်တကယ် ခွင့်မလွှတ်နိုင်သူတွေ ဖြစ်နေတတ်ပြန်ပါတယ်။

(၄) သာသနာ့သူရဲကောင်းကြီးများ

အွန်လိုင်းပေါ်မှာ ငါတို့ ကိုးကွယ်တဲ့ ဘာသာတရားကို လာမထိနဲ့ဟေ့လို့…ဆိုပြီး ဒေါနဲ့မောနဲ့ အသည်းအသန် ငြင်းခုံ ကာကွယ်နေတဲ့ သာသနာ့ သူရဲကောင်းကြီးတွေကို စိတ်ပျက်စဖွယ် တွေ့ရပါတယ်။ အဲဒီ သူရဲကောင်းကြီးတွေအနေနဲ့ ဘာသာတရားရဲ့ အဆုံးအမကို ကိုယ်တိုင်လိုက်နာကျင့်ကြံပြီး လောဘ၊ ဒေါသ၊ မောဟတွေ လျှော့နိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။

(၅) ဟစ်တက်တဲ့ပို့စ်တွေ

မြန်မာဘလော့ဂ်ဖတ်ပရိသတ်ဟာ အငြင်းပွားဖွယ်ရှိတဲ့ပို့စ် (Controversial posts)တွေကို သည်းခြေကြိုက်ကြောင်း Site meter ကတဆင့် သတိထားမိပါတယ်။ ဘလော့ဂ်မှာ ဟစ်တက်ချင်တယ်ဆိုရင်ဖြင့် အငြင်းပွားရမယ့် ပို့စ်တွေသာ ဖိရေးပေတော့လို့ တိုက်တွန်းရမလို ဖြစ်နေတယ်။

(၆) သံတူကြောင်းကွဲ (ဗိုင်းကောင်းကျောက်ဖိများ မဖတ်ရ)

မြန်မာပြည်က လင်မယားနှစ်ယောက်ဟာ မအိပ်ခင် ဖိုမ ဆက်ဆံကြတဲ့အခါ မိန်းမဖြစ်သူက ငှက်ပျောတုံးကြီးလို ငြိမ်သက်နေတော့ ယောက်ျားဖြစ်သူဟာ စိတ်အလိုမကျလို့ ကာမဆန္ဒ ပြည့်ဝရှာပုံလည်း မပေါ်ဘူးပေါ့။ အဲဒါနဲ့ ယောက်ျားဖြစ်သူက သူ့မိန်းမကို ဒီလို ပြောသတဲ့။

“မိန်းမရယ်… နောက်တခါကျရင် ငြိမ်မနေပါနဲ့။ ပါးစပ်ကလည်း ညည်းစမ်းပါ”….. လို့ တောင်းဆိုသတဲ့။ ဘိုလို ပြောရရင်တော့ Please moan… လို့ ပြောတာ နေမှပေါ့နော်။

မိန်းမဖြစ်သူကလည်း နောက်တခါလည်းကျရော သူ့ယောက်ျားအလိုအတိုင်း ဟောသည်လို အော်ညည်းရှာပါသတဲ့။

“ဆန်အိုးထဲမှာလည်း ဆန်မရှိတော့ဘူးတော့်။ ဆီကလည်း ကုန်တော့မယ်။ ပိုက်ဆံကလည်း တပြားမှ မကျန်တော့ဘူး။ ”……… တဲ့။

အင်း…. ဗမာစကား၊ ဗမာစကား… သံတူကြောင်းကွဲတွေနဲ့တော့ ခက်သေးတယ်။

(မှတ်ချက်။...........။ ပို့စ်ခေါင်းစဉ်က ဘာကြီးလဲလို့ ခေါင်းခြောက်ခံမနေပါနဲ့။ ကဗျာဆရာ ကိုစောဝေ (အာဏာရူးကြီးမှူးကြီးသန်းရွှေ ကဗျာဆရာ) ရဲ့ စတိုင်လ်ကို အားကျလို့ ခေါင်းစဉ်ငယ်ခြောက်ခုက ရှေ့ဆုံးစာလုံးတွေကို စဉ်ထားတာ။)

24 comments:

Lun Lunn said...

Ko Paw ...

It's a nice post too ...

I absolutely agree with No. 2, 3 & 4 ....

ရွှေရတုမှတ်တမ်း said...

ကိုပေါရေ..ကျနော်ကတော့ ဗိုင်းကောင်းကျောက်မဖိသူမို့
ဖတ်ပြီးရီသွားတယ်ဗျာ...

learning psycho from blogs said...

ဆိုက်ကိုတွေ နဲ့တော့ခက်ပါတယ်။ ဆိုက်ကိုမောင်ပေါ နဲ့ ဆိုက်ကိုရွှေရတုပေါ့ကွာ။ မိဘဆွေမျိုးနဲ့ပတ်သက်မယ်ထင်ပါတယ်။ စော်ကားတယ် မထင်စေချင်ဘူး။ ဆိုက်ကိုဗျူး သန့်သန့်ကြည့် ကြည့်တာပါ။

နအဖ said...

ဒေါ်စုလွတ်မြောက်ရေးအတွက် အကြံကောင်းဥာဏ်ကောင်းလေးတွေ ထုတ်ပါအုံး ဆိုက်ကိုပေါရယ်။ သိပ်သိ သိပ်တတ်တယ်ဆို ပြောပါတယ်။ ခပ်ကြောင်ကြောင် ခပ်ချာချာ အတွေးအခေါ် တွေနဲ့များကွာ။ နအဖက ရယ်တာပေါ့။ အဟတ်ဟတ်...ဟား...ဟား...ဟား။

---- said...

မောင်ပေါတို့ကတော့ ကြာလေ ပေါလေပဲ.

ရေးသမျှ ပေါသမျှ တနေ့ကျရင် မောင်ပေါကို ပြန်ထိမယ်ဆိုတာ သဘောပေါက်ပါ။

အဲဒီအခါကျမှ ကျွန်တော် မရေးမိပါဘူးခင်ဗျာလို့ မငြင်းပါနဲ့။ ရှေ့နောက်ညီပါစေလို့ပဲ သတိပေးချင်ပါတယ်။ သိပ်တွေး သိပ်ပေါလွန်းအားကြီးရင် ချောင်တောင်တောင် ဖြစ်တတ်ပါတယ်။

Moe Tain Nyo said...

သာ့သနာ့ သူရဲကောင်းကြီးများကို အကြိုက်ဆုံးပဲ။ ကျွန်တော်လည်း အဲလို ခံစားမိတယ်ဗျ။

Anonymous said...

သိပ်ပေါနေပြီ ကိုပေါရေ.. ပေါရုံမက တခုခုတော့ လွဲနေပြီ... နိုင်ငံရေးသမားတွေ ဘာသာရေးမတွေးနဲ့။ မလုပ်နဲ့။ မပြောနဲ့။ မဟုတ်ပါဘူး.... နိုင်ငံရေးမှာ တွေးသလို free တွေးလို့ မရဘူး။ ကိုယ်ထင်တာ ကိုယ့်မျက်စိရှေ့တဝိုက်စာလေးကို အမှန်ထင်လို့ မရဘူး။ သာသနာ့သူရဲကောင်းကြီးများဆိုတဲ့ အပိုဒ်ကို ဖတ်လိုက်မိတော့ ကိုပေါဟာ ဘာသာမဲ့ အယူမဲ့ အဆုံး အမ မဲ့နေသူလို့ ကျွန်မ သိလိုက်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ဘာသာတိုင်းမှာ လေးနက်တဲ့ ဆုံးမစကား၊ ဘာသာတခုကို လေးနက်စွာ ကိုးကွယ်သူမှာ မြင့်မြတ်တဲ့ ယဉ်ကျေးမှု ရှိနေတဲ့အတွက်... ရေးသားထားတဲ့ နောက်ဆုံးအပိုဒ်ဟာလည်း လိမ္မာယဉ်ကျေး အဆုံးအမရှိသူတွေ ပြောလေ့ မရှိတဲ့ စာသား... ပေါချင်ရာပေါနေတဲ့ ကိုပေါ.. ဘာသာရေးကို တော့ ဆွဲမထည့်နဲ့ဦးလေ...

မှားပါတယ်ဆိုတာ ကိုယ့်အမှားကို မသိဘဲ တောင်းပန် ပါတယ်လို့ ဝတ်ကျေတန်းကျေပြောရုံနဲ့ မရပါဘူး။ တောင်းပန်ဖို့ထက် ကိုယ့်အမှားကိုယ် သိဖို့က ဦးစားပေးနံပါတ်တစ်နေရာမှာပါ။

Anonymous said...

Regarding 4
ဘာသာရေးကို သေချာနားမလည်ပဲ မဟုတ်တမ်းတရားရေးနေတာ မေတ္တာပို့ ပြီး သာဓုခေါ်နေရမှာလား ကိုပေါရေ၊ နားလည်လို့  သေချာသိလို့ ရေးရင် ဘာမှဝေဖန်စရာမရှိဘူး၊ http://www.sonata-cantata.co.cc/ လို သေချာလေ့လာပြီး အကိုးအကားနဲ့  သေချာရေးရင် လက်ခံတယ်။ လေးစားတယ်။ အမျိုးသမီးဘလော့ဂါတစ်ယောက်ရဲ့  ပါးစပ်ရာဇ၀င်လိုလို ဟိုကလိုလို ဒီကလိုလို လာရွှီးရင်တော့ ငြိမ်နေလို့ မရဘူး။ အမှားကြာ အမှန်ဖြစ်သွားလိမ့်မယ်။

midnight said...

ဘာသာရေးဆိုတာ ငြင်းဖို့မဟုတ်ပါဆိုတာ ကို Anonymous မသိသေးဘူးထင်တယ်.. မိမိတို့ကလည်း မိမိဘာသာကောင်းတယ် ထင်သလို တစ်ခြားသူတွေလည်း မိမိဘာသာ ကောင်းတယ်လို့ ထင်တာကြီးပဲ.. အဲဒီအတွက် တခြားဘာသာကို အပုတ်ချပြီးပြောတာဟာ သာသနာပြူတာ မရောက်ပါဘူး မုသာဝါဒ အမျိုးအစားတွေထဲမှာ အပုတ်ချ အတင်းပြောတာ ပါပါတယ်.. ဘာသာရေး blog မှာ အဲဒီလိုပိုမရေးသင့်ဘူး နောက်ပြီး ညစ်ညမ်းတယ်ဆိုတာ ဘာကိုခေါ်တာလဲ ၈၇ ပဲ ကိုဇာဂနာပြက်လုံးကို မကြားဖူးဘူးလား အဓိကက ကိုယ်လိုချင်တဲ့ ဆိုလိုရင်ကို တည့်တည့်ထိပို့ ပေးချင်တဲ့ Message မှန်ဖို့ပါ စကားလုံးလှလှလေးတွေကို သုံးပြီး ပေးချင်တဲ့ Message မမှန်ရင် ဘာအဓိပါယ်ရှိမှာလဲ

Anonymous said...

Hold on..hold on..hold on,
Let's cut it out about religion issue. why don't we talk about this (number 6). :)
ko Paw.... how about _icking service or _lewing service to her. She will be like moaning like hell. If urs is not long enough, the above services I mentioned are quite affective. try tonight.

အမြင်မတော်သူ said...

Porn site ဖြစ်မှန်းမသိ ဖြစ်နေပါပေါ့လား အရပ်ကတို့ရေ။

Anonymous said...

ဗိုလ်ချုပ်ကြီးသန်းရွှေသည် စတုတ္ထ မြန်မာနိုင်ငံတော်ကို တည်ထောင်သူအဖြစ် သူ့ကိုယ်သူ ယူဆထားကြောင်း ၀ါရှင်တန်မြို့ မြန်မာသံမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က VOA သတင်းဌာနကို ပြောသည်။

“ဒါကြောင့်မို့လို့လည်း တွေ့ပါလိမ့်မယ်၊ ဘုရင့်နောင်ပုံတို့ အလောင်းဘုရားပုံတို့ ရုပ်တုတွေပေါ့လေ၊ လျှောက်ထုပြီးတော့မှ သူသာလျှင် စတုတ္ထမြောက် မြန်မာနိုင်ငံကို ထူထောင်တဲ့သူ ဆိုပြီးတော့မှ ဗိုလ်ချုပ်အောင်ဆန်းကို ပစ်ပယ်ပြီးတော့မှ၊ ဗိုလ်ချုပ်အောင်ဆန်းထက် သူက ပိုပြီးတော့မှ တော်တယ်၊ သူပိုပြီးတော့ လုပ်နိုင်တယ် ဆိုတဲ့ အနေအထားမျိုး ဖြစ်ပါတယ်” ဟု ဆို သည်။

ထိုပြောကြားချက်ကို VOA က ယနေ့ နံနက်တွင် ထုတ်လွှင့်သွားသည်။

“ဒီငတိသာ၊ ဒီငတိဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကို ဆိုလိုတာပါ - - ဒီငတိသာ ဆက်ရှိနေလို့ရှိရင် အခု ငါလုပ်နေသလောက် သူ လုပ်နိုင်မှာ မဟုတ်ပါဘူးဆိုတဲ့ လေသံမျိုး ပြောခဲ့ဖူးတာကို ၀န်ကြီး တယောက်ဆီက တဆင့် ကျနော် ပြန်ပြီးတော့မှ ကြားခဲ့ဖူးပါတယ်” ဟုလည်း ဦးအောင်လင်းထွဋ်က ပြောသည်။

စစ်တပ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကို အလေးပြုခြင်း၊ ဓာတ်ပုံ ချိတ်ဆွဲခြင်း မပြုရန်လည်း အမိန့်ပေးထားသည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နံပတ် ၁ ခေါင်းဆောင် ဖြစ်လာပြီးနောက် ရိုက်နှိပ်ထုတ်ဝေသော ငွေစက္ကူများတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ထည့်သွင်းခြင်း မပြုတော့ပေ။

အသက် ၆၀ ပြည့်လျှင် စစ်တပ်မှ အငြိမ်းစား ယူရမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီးသည် စစ်ဘက်တာဝန်များကို ကိုင်စွဲထားဆဲ ဖြစ်သည်။ ယခု အသက် ၇၇ နှစ် ရှိပြီဟု သိရသည်။

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက သူ့ကို ယခုနှစ်အတွက် ကမ္ဘာ့ အဆိုးတကာ့ အဆိုးသွမ်းဆုံး အဖြစ်

ကိုပေါ

ရိုးသားတဲ့ ဗိုလ်ချုပ်ကို ဒီလိုလူစားမျိုးတွေ နဲ့နှိုင်းယှဉ် တာကိုက ခင်ဗျား မှာ ဘယ်လောက် အပြစ်ကြီးနေပြီလည်း ဆိုတာ နားလည်သင့်တယ်

ကြည့်လည်း ပေါပါအုန်းဗျာ ခင်ဗျား ရဲ့ အသိဥာဏ် အတွက် ရှက်မိပါရဲ့

Thu said...

I learned before "Intolerant Zeal of The Christianity" that dedicated to over-enthusiastic Christian to protect belief.
Current comments in here and some blogs taught me "Intolerant Zeal of The Religions".
A noticible nature is religious peoples are being in trained and practiced mind like as powerful engine. This power-engine pulls all type of car-frames with same effort (i.e they have high tone in angry or happy moment).

Best Wishes !

ခရေဖြူ said...

ရေးထားတဲ့စာကိုဖတ်ပီး ဟာသဟုသဘောပေါက်ကာ ရယ်ပါတယ်၊ ကွန်မန့်တွေလဲဖတ်ရော ကိုယ်သဘောပေါက်တာ တခြား သူတို့ပြောတာတခြားဖြစ်နေ၏။
(၁) ပဲပြုတ်နဲ့နံပြား - အတွက် ဗိုဟ်ချုပ်နဲ့ သန်းရွှေနှိုင်းလို့ စိတ်ဆိုးသူ၊
(၄) သာသနာ့သူရဲကောင်းကြီးများ - အတွက် ဘာသာတရားကိုစော်ကားသူအဖြစ် စိတ်ဆိုးသူ၊
(၆) သံတူကြောင်းကွဲ - အတွက် ဆိုက်ကို ဆိုပြီ: စိတ်ဆိုးသူ၊
မြန်မာတွေအရာရာ ဒေါသကြီးလာတာလား၊ အရမ်:ကိုအမြင်စူးရှလွန်:တာလား၊ ကိုယ်ကပဲ စာရေးသူ ဆိုလိုရင်းကိုအရိုးရှင်းဆုံး နားလည်မိတာလား
ကိုပေါ - ဖြေပေးပါ

ကိုပေါ said...

Lun Lunn.... ခြောက်ခုမှာ သုံးခုကို လုံးဝ သဘောတူတယ်ဆိုတော့ ငါးဆယ်ရာခိုင်နှုန်း ထောက်ခံမှုပဲ ရှိသေးတယ်။ Mandate အပြည့်ပေးတာ လိုချင်ပါတယ်။း-)

ရွှေရတုမှတ်တမ်း......... ကျောက်ဖိရင်လည်း သက်သာဖွယ်မရှိဘူး။း-)

learning psycho from blogs..... ပါရဂူဘွဲ့ရပြီဆိုရင် ပြောပါဗျာ။ ကျနော် မိတ်ဆွေဆီမှာ လာကုပါ့မယ်။း-)

နအဖ....... ဘာတဲ့.... ဒေါ်စုလွတ်မြောက်ရေးအတွက် ဟုတ်လား။ အင်္ဂုလိမာလကို ဗုဒ္ဓပြောတာတောင် သတိရမိသဗျာ။ “အဂုင်္လိမာလ၊ ငါကား မပြေး၊ သင်သာပြေးနေသူဖြစ်တယ်။ ငါကား ရပ်နေသူဖြစ်တယ်။” ဆိုတာလေ။ ဒေါ်စုကလည်း လွတ်မြောက်နေပြီးသားလူပါဗျ။ ခင်ဗျားတို့ ကျနော်တို့သာ မလွတ်မြောက်သေးတာ။ နအဖက ရယ်ရင် ကျနော်ကလည်း အတူလိုက်ပြီး ရယ်ချင်တာပေါ့ဗျာ၊ အဟတ်ဟတ်...ဟား...ဟား...ဟား။

မီလျှံနာ....... နာမည်က Millionaire ကို မြန်မာမှုပြုထားတာလား။ မီလျှံနာလို့ အသံမထွက်ဘူးခင်ဗျ။ အသံထွက်အမှန်က မီလျံအဲ ဆိုရင် ပိုနီးစပ်မယ်။ ကျနော်က တတ်နိုင်သမျှ ရိုးသားစွာ ရေးဖို့ကြိုးစားတဲ့အတွက် ရှေ့နောက်တလွဲဖြစ်စရာ အကြောင်းမရှိပါဘူး။ ဖြစ်ချင်းဖြစ်ရင် အစကနေ အဆုံးအထိ တောက်လျှောက် လွဲနေတာပဲ ဖြစ်မှာပါ။ တကယ်လို့ ရှေ့နောက်မညီလည်း ကျနော့်ကိုတော့ သိပ်မထိလှပါဘူးဗျာ။ ကျနော်က အများပြည်သူကို တာဝန်ခံရတဲ့ အလုပ်မျိုး လုပ်မယ့်လူမှ မဟုတ်ဘဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သတိပေးချင်ပါတယ်ဆိုတော့ ချစ်လို့ သတိပေးတာပဲလို့ ယူဆပါတယ်။း-)

Moe Tain Myo.... အဲသည် သာသနာ့ သူရဲကောင်းကြီးတွေကြောင့် သာသနာ ညှိုးမှိန်ရပါတယ်ဗျာ။

Anonymous July 21, 2010 10:02 AM....... ဘာသာရေးမှာ နိုင်ငံရေးမှာ တွေးသလို ဘာကြောင့် Free တွေးလို့မရသလဲ တဆိတ်လောက် ရှင်းပြပါခင်ဗျာ။

Anonymous...... ကိုဧရာကို ကျနော်လည်း လေးစားပါတယ်ဗျာ။ ကိုဧရာ ဝေဖန်သလို မိတ်ဆွေတို့တတွေ အဲဒီ ဘလော့ဂ်မှာ ဝေဖန်နေကြတာဆိုရင်တော့ ကျနော်ကလည်း အထွေအထူး ပြောစရာမရှိပါဘူး။ ဒါပေမယ့် မိတ်ဆွေတို့တွေအနေနဲ့ ကိုယ်ကာကွယ်ဖို့ ကြိုးစားတဲ့ ဘာသာတရားရဲ့ အဆုံးအမကို မိတ်ဆွေတို့ ကိုယ်တိုင်တောင် လိုက်နာကျင့်သုံးနိုင်ပုံမရဘဲ သူများကို နှိပ်ကွပ်ချင်တဲ့ ဆန္ဒတွေကသာ ပိုကဲနေတယ်လို့ မြင်မိလို့ပါ။

midnight..... ကျနော်လည်း သဘောတူတယ်။ ပေးချင်တဲ့ ဆိုလိုရင်း အနှစ်သာရ (Message)က ပိုအရေးကြီးတယ်လို့ ခံယူပါတယ်။ ပေးတဲ့ပုံသဏ္ဍာန်ဖြစ်တဲ့ ချိုသာခြင်း၊ ကြမ်းတမ်းခြင်း၊ ရိုင်းခြင်း၊ ယဉ်ခြင်း တွေက အပရိက အပေါ်ယံတွေပါ။

Anonymous (July 21, 2010 11:49 AM)...... သန်ရာ သန်ရာပေါ့ဗျာ။

အမြင်မတော်သူ........ Porn site ဆိုတာ အဲသလိုကြီးလား။း-)

Anonymous (July 21, 2:05 PM)......... ဗိုလ်ချုပ်ရဲ့ ရိုးသားမှုကို ယှဉ်တာမဟုတ်ပါဘူးဗျ။ ဗိုလ်ချုပ်စားချင်တဲ့ အာသီသမျိုးကို ဗိုလ်သန်းရွှေလည်း ဖြစ်နိုင်တာပဲ။ Simple act ကို Over-glorify လုပ်လွန်းနေလို့ ရေးလိုက်တာပါ။

Thu.... ဒီပို့စ်ရော၊ ရှေ့ပို့စ်က ကွန်မင့်တွေအတွက်ပါ ကျေးဇူးတင်ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးဘဝနဲ့ ကိုယ်ပိုင်ဘဝအကြောင်းအပေါ် ကျနော့်အမြင်ကို နောက်မှ ပို့စ်သတ်သတ်ရေးပါ့မယ်။ ကားအင်ဂျင် ဥပမာကို ကျနော် ကောင်းကောင်း သဘောမပေါက်ဘူးဖြစ်နေတယ်။ အပေါ်က ဆိုလိုတာတွေကိုတော့ နားလည်တယ်။

ခရေဖြူ.... မပြောတတ်ပါဘူးဗျာ။ တချို့တွေ ယဉ်ကျေးတယ်လို့ ထင်တာက တမျိုး။ ကျနော်တို့ ယဉ်ကျေးတယ်လို့ သတ်မှတ်တာက တမျိုး။ တန်ဘိုးထားတာတွေ၊ စံနှုန်းစံထားတွေ ကွာဟနေတယ်လို့ မြင်မိပါတယ်။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

(အဲဒီ သူရဲကောင်းကြီးတွေအနေနဲ့ ဘာသာတရားရဲ့ အဆုံးအမကို ကိုယ်တိုင်လိုက်နာကျင့်ကြံပြီး လောဘ၊ ဒေါသ၊ မောဟတွေ လျှော့နိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။)

ခင်ဗျားကြီးတို့ လူကြီးတွေက ဘာသာရေးဆိုတဲ့ စကားလုံးနဲ့ အမှန်တရားကို ဖုံးကွယ်ကြတယ်။ ဘာသာရေးလို့ ခေါင်းစဉ်တပ်ထားတဲ့ အယူဝါဒတွေကို အားလုံးအတူတူလို့ သဘောထားဖို့ လိုလားကြတယ်။ အဆိုးဆုံးကတော့ ဗုဒ္ဓဘာသာကို မွတ်ဆလင်လို အယူဝါဒမျိုးနဲ့ အတူတူပဲသဘောထားချင်းဖြစ်တယ်။ (ငါးပါးသီလထဲမှာ ပညတ်ထားတာတွေ အားလုံးကို မွတ်ဆလင်တွေက လုပ်ဖို့ အားပေးထားပါတယ်။ ဥပမာ.. မွတ်ဆလင်မဟုတ်သူတွေရဲ့ မိန်းမနဲ့ သားသမီးတွေကို ပြစ်မှားခွင့်ရှိပါတယ်) အဲလိုသဘောမထားတဲ့ ကျုပ်တို့ကို မကောင်းမြင်ကြတယ်။ အစွန်းရောက်တယ် ဘာတယ်နဲ့ စကားနာထိုးကြတယ်။ တကယ်တော့ ခင်ဗျားတို့က Quran ကျမ်းဆိုရင် ဖြူသလား မဲသလားမသိပါဘူး။ Hadith ကျမ်းတွေက ဘာလဲဆိုတာလဲ မသိပါဘူး။ မိုဟာမက်ရဲ့ အကျင့်စာရိတ္တလည်း မသိကြပါဘူး။ မွတ်ဆလင်အကြောင်းလုံးဝမသိတဲ့ ခင်ဗျားတို့နဲ့ အမြင်မတူရင် ကျုပ်တို့ကို အပြစ်တင်ကြတယ်။ မခက်ဘူးလား? ပိုပြီးရယ်ဖို့ကောင်းတာက မွတ်ဆလင်တွေ သူတို့အယူဝါဒအတွက် လိမ်ညာလှည့်ပတ်ပြောတာတွေ.. ကာကွယ်ပြောတာတွေကိုတော့ နားလည်ပေးကြတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာတွေက . . . ဗုဒ္ဓဘာသာကို အထောက်အထားမရှိပဲ ကြိုက်သလိုဝေဖန် အပုတ်ချနေတာကို လက်ပိုက်ကြည့်ရပါတယ်။ မှားတာကို ၀င်ရောက်ထောက်ပြရင် ကိုပေါလိုပဲ ဝေဖန်အပုတ်ချလိုတဲ့သူတွေက အများသားဗျ။


သိပ်ချစ်စရာကောင်းတဲ့
★ဇော်မျိုး★

Lun Lunn said...

ကိုပေါ …
၅၀% မဟုတ်ပါဘူး။ ဒီထက် ပိုပါတယ်။ ကျန်တာတွေက သဘောမတူတာ မဟုတ်ဘူး။ အပြည့်အ၀ သဘောမတူနိုင်တာပါ။

(၁) ကို အပြည့်အ၀ သဘောမတူတာက သူလို အာဏာကို ငမ်းငမ်းတက်နေသူရဲ့ စိတ်မှာ အာဏာမြဲဖို့ အချိန်ပြည့် စဉ်းစား အကြံထုတ်နေရလို့ လူ့ဘ၀ရဲ့ ကြည်နှူးချမ်းမြေ့မှု အစစ်အမှန်ကို ခံစားတတ်ဖို့ သေသည့်တိုင် အချိန်ပေးသွားနိုင်ပါ့မလားလို့ သံသယရှိလို့ပါ။

(၅) က % တော်တော်များများ မှန်နိုင်ပါတယ်။ သို့သော် အငြင်းပွားဖွယ်ရှိတဲ့ပို့စ် ဆိုတဲ့နေရာမှာ ဘယ်လို အငြင်းပွားဖွယ်လဲဆိုတဲ့ အချက်အလက်ပေါ် မူတည်တဲ့အတွက် တစ်ချို့သော အငြင်းပွားဖွယ်ရှိတဲ့ပို့စ် (အထူး ဂရုစိုက် ကိုင်တွယ်ရန် လိုအပ်သော ပို့စ်မျိုး) တွေကတော့ ထင်သလောက် ကွန်မန့် မတတ်နိုင်လို့ပါ။

(၆) ကိုတော့ ကျွန်တော် လက်လှမ်းမီသလောက် ဘယ်သူ့ ဆီကမှ (ကိုယ်တွေ့နဲ့ သူများအတွေ့အကြုံများ) အဲ့ဒီလို ညည်းသံ မကြားဖူးလို့ပါ။ 

Anonymous said...

ဗိုလ်ချုပ်ရဲ့ ရိုးသားမှုကို ယှဉ်တာမဟုတ်ပါဘူးဗျ။ ဗိုလ်ချုပ်စားချင်တဲ့ အာသီသမျိုးကို ဗိုလ်သန်းရွှေလည်း ဖြစ်နိုင်တာပဲ။ Simple act ကို Over-glorify လုပ်လွန်းနေလို့ ရေးလိုက်တာပါ။

ဗိုလ်ချုပ် ရဲ့ တခြားလုပ်ရပ်တွေဟာ နိုင်ငံခေါင်းဆောင်ကောင်း တိုင်း နိုင်ငံရေး သမားကောင်းတိုင်း လုပ်ရမဲ့ လုပ်ရပ်တွေဘဲ ဒါတွေသာ မလုပ်ဘူးဆိုရင် ဗိုလ်ချုပ်ဟာ နိုင်ငံခေါင်းဆောင် ဖြစ်လာမှာ မဟုတ်ဘူး

ခင်ဗျား ပြောတဲ့ simple act ကတော့ နိုင်ငံခေါင်းဆောင် တိုင်း နိုင်ငံရေး သမားတိုင်း မှာ ရှိတာမဟုတ်ဘူး တကယ့်ကို ရိုးသားတဲ့ ပြည်သူ နဲ့ တသားထဲရှိတဲ့ ပြည်သူချစ်တဲ့ ပုဂ္ဂိုလ် တွေ မှာသာ ရှိတဲ့ simple act မျိုးဖြစ်တဲ့ အတွက် တန်ဘိုး ထားသင့်ပါတယ်

ခင်ဗျား တန်ဘိုးမဲ့ အောင် မရေးသားသင့်ဘူးလို့ ထင်ပါတယ်

နောက်ဆုံး ပြောမယ်ဗျာ ခင်ဗျားရဲ့ အာဏာရူးကြီး နဲ့ လုံးဝလုံးဝ မနှိုင်းယှဉ် ပါနဲ့ အသဲနာလွန်းလို့ပါ

ခင်ဗျားရဲ့ လို့ပြောလိုက်တာ သေချာပြောလိုက်တာ ဗိုလ်ချုပ် ရဲ့ လုပ်ရပ်တွေကို သေးသိမ်အောင် လုပ်တဲ့ ထဲမှာ နအဖ တင်မဟုတ်ဘူး ခင်ဗျားပါ ပါလာပြီထင်လို့

Nge Naing said...

ကိုပေါရေ အားလုံးကို သဘောကျစွာ ဖတ်သွားတယ်။ မိုးတိမ်ညိုကို ရာနှုန်းပြည့်ထောက်ခံတယ်။

Thu said...

Dear Ko Paw (PadaukYeik),

What I meant in previously that most religious persons have meditated and practiced the mind to get mindfulness named in Pali ‘Samadhi’. Such practiced mind is most useful tool to gain enlightenment.
Such concentrated mind is more accelerated and powerful than untrained mind of common persons. If such persons have to do other fields, they will carry out by same acceleration.
(In previous example, I gave a powerful engine with any types of car-frame)
In simply, those said persons are more anger than normal persons since they posses accelerated mind and when they found disagreement.
However, more mindfulness persons maintain all their manners peacefully and gently.
For myself, I got angry when high tempo in cumulative confronted but not just for disagreement.

Best Wishes To All,

P.S. Ko Paw, You are more deserved my acknowledgement for sustained efforts that stands on your belief tactfully and on behalf of low-profile, silent peoples.

ဖိုးတုတ် said...

အင်း ...

မောင်သတိ ရဲ့ ထုံးနှလုံးမူပြီး ပြေးမယ်ကြံသော်လည်း ကျွန်တော်ပြေးမယ်လို. ရှေးကပို.စ်မှာရေးခဲ့တော့ ကိုပေါ က ကိုယ့်ကိုယ်များ ပြောနေသလားလို. ထင်မိတယ်၊ ဟုတ်ချင်မှလည်း ဟုတ်မှာပါလေ၊ မောင်သတိ ကလည်းသူ.ကို ပြောတယ်ထင်လို.ပြန်ရောက်လာပြီ၊

ကျွန်တော်ပြောပြချင်တာက ကိုကိုစန်းရယ် မန်.ချင်တာမန်.ပြီးမှ ဒီလို.တော့ ပြေးလို.မရဖူးလေလို. ကိုပေါက ကျွန်တော့်ကို ဘေးကနေလာပြောနေသလို ခံစားရပါတယ်၊ ကိုပေါက ဆေးကြိမ်လုံး နဲ. ရိုက်ခေါ်မှတော့ ပြန်လာရပြီပေါ့ ၊

အမီနာကလည်း သတိတွေပေး၊ ကိုပေါကလည်း ချစ်လို့ သတိပေးတာပဲလို့ ယူဆပါတယ်တဲ့၊ ချစ်နေကြတာ၊ ကြည့်လဲလုပ်ကြပါဦး၊ မဒမ်ပေါ က ဗိုက်ခေါက် လိမ်ဆွဲနေဦးမယ်၊

ကိုပေါ ပို.စ်ရဲ့ စာပုဒ် ၆ ကြောင့် စလုံးက အသက် ၃၀ ခန်. ဘလော့ဂါ အပျိုကြီးတောင် ကွန်.မန်.လာမရေးတော့ဖူး၊

ကျန်းမာရွှင်လန်းကြပါစေ

TZA said...

ဟင်းဟင်းဟင်း.. (အသံထွက်ရုံလေး ပြုံးသွားသည်၊ ညည်းခြင်းမဟုတ်ရေးချ မဟုတ်ပါ) :p

Anonymous said...

I agree with Ko Paw that U Than Shwe
might be asking Daw Kyaing Kyaing for
Paepyote as those words might have
been said by GaLone U Saw too. I think
he might be a jerk, a moron, a thug,
a tyrant but hey he may be a simple
in taste buds too. If you have watched the video clips of his daughter Thandar Shwe's wedding, he can be seen eating those junk cakes like a trishaw master.
Those strong men presidents-for-life in Africa who are also screwing their countries, who are plundering their
resources still have simple tastes in
their tongues eating local casava food
although they may have sophisticated
dick preferring blond chics over locals.

tin min htet said...

ပဲပြုတ်နဲ့နံပြား စားချင်ခြင်းသည် မထူးဆန်းပါ။ (ရရင်) ဆိုတဲ့ စကားက ရိုးစင်းတဲ့ စိတ်ထားကိုပြသည့် အတွက် သမိုင်းတွင်ရခြင်း ဖြစ်ပါတယ်။ တကယ်ဆို ရဲဘော်တယောက် မနက်ဖြန် ပဲပြုတ်နဲ့နံပြား စားချင်တယ်ဟေ့ ဆိုရင်လည်း ရပါတယ်။

ဦးသန်းရွှေ ဘယ်လို မနက်စာ စားတယ်၊ နေ့လည်စာ စားတယ်တော့ သိလည်းမသိ၊ စိတ်လည်း မဝင်စားပါ။ ဒုဗိုလ်ချုပ်ကြီး တယောက်ကို ကို သူ့အောက် တဆင့်ငယ်တဲ့ ဗိုလ်ချုပ်တယောက် မိန်းမက မနက်တိုင်း ချိုင့်ကြီး ချိုင့်ငယ်နဲ့ မနက်စာပို့ပေးတာ။ နယ်ကို အလုပ်နဲ့လာတဲ့ ဗိုလ်မှူးချုပ်တယောက် အတွက် သူလာရင် ဘာစားမယ်၊ ဘာသောက်မယ် ဆိုတာ တပည့်များက စာရင်းရှည်ကြီး ကြိုပို့ပေးတာ (ငါးဟင်း ငရုတ်သီးနဲ့ မစပ်ရ အရိုးမပါရ ဆိုတာတောင် ပါသေး။)၊ တပ်ရင်းမှူးကတော်ကို တတပ်လုံးက အရာရှိကတော်တွေ ဈေးခြင်းလိုက်ဆွဲပေး မီးဖိုချောင်ဝင်ပေး၊ ချီးထုပ်လေးကို သူရရွှေမန်းကတော်က မူကြိုလိုက်စောင့်ပေးတာတွေ မြင်ရ ကြားရတော့ ပဲပြုတ်နဲ့နံပြားကို ပိုတန်ဖိုးထားတတ် လာပါတယ်။

သရော်စာဆိုတာ၊ မဲမဲမြင်သမျှ သရော်တယ်ကွ လုပ်စရာ မဟုတ်ပါ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs