ဟောဒီမှာ အသံဖိုင်လေးတဖိုင်။ အလွန်ဆုံး မိနစ်ဝက် (၃၂ စက္ကန့်)စာပဲ ကြာတာပါ။ မဖြစ်မနေ နားဆင်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။
အဲဒီ အသံဖိုင်ထဲက ပီယဝါစာ ချစ်ဖွယ်သောစကားလေးကို ပြောဆိုနေတဲ့ အသံပိုင်ရှင်လေးဟာ ဘယ်ဒူ ဖြစ်မလဲဆိုတာ ပရိသတ်ကြီး ကိုယ့်ဘာသာပဲ ခန့်မှန်းကြည့်ကြပါ။ အနော် ကတော့ ထုတ် မပြောဝံ့ဘူးနော်။ သားသားကြောက်ကြောက်။ (အင်း ထုတ် မပြောဘူးလို့ ရည်ရွယ်ပေမယ့် ပရိသတ်အချို့ အတွေးချော်ပြီး လင်မယားရန်ဖြစ်တာလို့ ထင်နေပုံရတဲ့အလျောက် အောက်မှာ ဖြည့်စွက်ချက် ထပ် ထည့်ပေးလိုက်ပါတယ်။ သားသား ညစ်ညစ်။)
အဲဒီ အသံဖိုင်ထဲက ပီယဝါစာ ချစ်ဖွယ်သောစကားလေးကို ပြောဆိုနေတဲ့ အသံပိုင်ရှင်လေးဟာ ဘယ်ဒူ ဖြစ်မလဲဆိုတာ ပရိသတ်ကြီး ကိုယ့်ဘာသာပဲ ခန့်မှန်းကြည့်ကြပါ။ အနော် ကတော့ ထုတ် မပြောဝံ့ဘူးနော်။ သားသားကြောက်ကြောက်။ (အင်း ထုတ် မပြောဘူးလို့ ရည်ရွယ်ပေမယ့် ပရိသတ်အချို့ အတွေးချော်ပြီး လင်မယားရန်ဖြစ်တာလို့ ထင်နေပုံရတဲ့အလျောက် အောက်မှာ ဖြည့်စွက်ချက် ထပ် ထည့်ပေးလိုက်ပါတယ်။ သားသား ညစ်ညစ်။)
26 comments:
ယောင်္ကျားတစ်ယောက်ကိုဆူနေတာတော့သိတယ်...မသဲကွဲဘူး
yah, i cann't hear what she shouting..
Nick
ပန်းမှာ ရှင့်အလုပ်တစ်ခုတည်းရှိတာမဟုတ်ဘူး... တစ်ခြားအလုပ်တွေ အများကြီးရှိသေးတယ်...
တဲ့
"ညီမလေးက ဖေကြီးသမီး" ဆိုတဲ့ နှာခောင်းရှုံ့ရှုံပြတဲ့ မင်းသမီးလေးလားမသိ။
မြန်မာသံရုံးဟ မြန်မာသံရုံး
ကိုပောတို့ဘယ်ကနေရလာတယ်မသိ။
ကိုပေါ... ဆိုဒ်မှာလဲ နားထောင်မရ...
link မှာလဲ နားထောင်မရ....
စပ်စုချင်လှပြီ...
နားထောင်လို့ ရအောင် အမြန်ပြင်ပေးပါရန်....
ပုံ
မောင်စပ်စု
Heartmusum..... လင့်တွေ ထပ်ဖြည့်ပေးထားတယ်။ ပြန်ကြိုးစားကြည့်ပါဦး။ အသံဖိုင်တွေ ဘယ်လိုတင်ရသလဲ... ကျနော့်ကို အကြံပေးပါဦး။ ကျနော့်မှာ ဘယ် host တင်ရမှန်းမသိဘူးဖြစ်နေတယ်။
"အလုပ်များတယ်ဆိုရင်"တဲ့.." သွားတော့" တဲ့...
အကျယ်ဆုံးဖွင့်ပြီး နားစိုက်ထောင်နေကာမှ
နောက်ဆုံးကျ ချောင်းဆိုးလိုက်တာလား၊ အသံသွင်းတဲ့ ဟာကို ရိုက်မိတာလား မသိ။
အသံကျယ်ကြီး... နားအူထှာ...
နောက်ဆုံးက ဝုန်းဆိုတာကြီး ဗုံးပေါက်တာ မဟုတ်ပါဘူး။း-)
အဲသည် မမလေး က မိုက်ကရိုဖုန်းကြီးကတဆင့် ရန်တွေ့ နေတာတဲ့ ခင်ဗျ။ နောက်ဆုံးမှာ ဒေါသကြီးတဲ့အလျောက် မိုက်ကရိုဖုန်းကြီးကို လက်နဲ့ တိုက်မိသွားလို့ ဝုန်းဆို အသံမြည်သွားတာတဲ့ခင်ဗျ။ နားအူသွားတယ်ဆိုတဲ့အတွက် တောင်းပန်ပါတယ်။း-)
ဘယ်နေရာမှာ ဖြစ်ပျက်သွားတာလဲဆိုတာ အသံဖိုင်ထဲမှာ ပါပါတယ်လေ။
hosting အတွက် fileden ကိုသုံးပါလား ခု မီဒီယာဖားယားနဲ့တင်ထားတာလဲ အဆင်ပြေပါတယ် ။
လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွက်ရန်...
အလုပ်တွေများနေလို့တဲ့။ ...(လာ?)ပေးတော့ဖြစ်တယ်။ သံရုံးဝန်ထမ်းတွေ...။
(...တောင်းပန်နေတာ။ ကျွန်တော့မှာအလုပ်များနေလို့။)
ရှင်အလုပ်များတိုင်း ...(ကြည့်?) ချင်လို့မရဘူး။ ရှင်အလုပ်များတိုင်းလာချင်တဲ့အချိန် လာလို့မရဘူး။ သူများလာနေတဲ့ အချိန်လာခဲ့။
ဘာဖြစ်လို့(များ?).... မလာနိုင်ဘူးလဲ။ ...(ပား?)မှာရှင့်အလုပ်တစ်ခုတည်းရှိတာမဟုတ်ဘူး။ တစ်ခြားအလုပ်တွေအများကြီးရှိသေးတယ်။
မနက်ပိုင်း ...အဲဒာ...ဟာကိုအရင်ရေးခဲ့။ ရှင်လာချင်တဲ့ အချိန်မှလာပြီးတော့ ပြီးတဲ့အချိန် ...(စောင့်?) နေလို့ ဘယ့်နှယ်လုပ်ပြီးမှာလဲ။
ဟုတ်ပြီလား။
မနက်ပိုင်း ၉နာရီကနေ ၁၂ နာရီအထိလာခဲ့။ လာနိုင်ရင်လာ မလာနိုင်ရင် သွားတော့။
ဒုန်း
သိပြီ၊ သိပြီ ကိုပေါတစ်ယောက် အကောက်ခွန်ရုံးမှာ စင်္ကာပူကနေ ပါဆယ်ပို့လိုက်တာ သွားရွေးရင်နဲ့ စာရေးမနဲ့ ရန်ဖြစ်လာတာ မဟုတ်လား။
နောက်ဆုံးမရတော့ လက်ထဲရှိတဲ့ ဖုန်းနဲ့ကောက်ထုပစ်လိုက်တာ မြန်မာပြည်က ပြန်ထွက်လာမှ ပို့စ်ထဲမှာ အရေးယူမခံခဲ့ရဖူးဆိုပြီး လာကြွားနေတာ မဟုတ်လား ....
ကျနော်နားထောင်ကြည့်ပြီး နားလည်သလောက် ပြန်ရေးပြပါမယ်။ လိုတာ မှားတာရှိရင် ဖြည့်စွက်ပေးကြပါ။
(အမျိုးသမီးသံ) အလုပ်တွေများနေတယ်နော်... ရှင်ထပ်ထပ်လာပြီးတော့....သံရုံးဝန်ထမ်းတွေကို... နှောက်ယှက်နေတယ်။
(ယောက်ျားသံ) ....(မသဲကွဲ)...ခင်ဗျားကိုလည်း အသေအချာ တောင်းပန်နေတယ်။ ကျနော့်မှာလည်း အလုပ်များနေတဲ့အတွက်...
(အမျိုးသမီးသံ) ရှင်အလုပ်များတိုင်း ရှင်လာချင်တဲ့အချိန် လာလို့ မရဘူးရှင့်။ သူများလာတဲ့အချိန် လာရမယ်။
(ယောက်ျားသံ)..... (မသဲကွဲ)
(အမျိုးသမီးသံ) ဘာလို့ လုပ်ရမှာလဲ။ ကျမတို့မှာ ရှင့်အလုပ် တခုတည်း ရှိတာမဟုတ်ဘူး။ တခြားအလုပ်တွေ အများကြီးရှိသေးတယ်။ မနက်ပိုင်းမှာ ဖွန်ထပ်တဲ့အချိန်မှာ မထပ်ဘူး။ ဖွန်ထပ်တဲ့ဟာကို ... ရှင်လာချင်တဲ့အချိန်ကျမှ လာပြီးတော့ ပြီးတဲ့အချိန်မှာ.....(မသဲကွဲ) ရှင်လာနိုင်ရင်လာ မလာနိုင်ရင် သွားတော့...................... ဒုံး။
သံရံးက မမ တစ်ယောက်ကဖြင့် အလွန်. အလွန် မိုက်ရိုင်းလွန်း အားကြီးပါသည်။ ဘယ်လိုသွန်သင်မှူ အောက်တွင် ကြီးပြင်း လာသည် မသိပါ။
အဲဒီနေ့ကဖြစ်တာကို ဖိုရမ်ထဲမှာ တစ်ယောက်ရေးထားတာရှိတယ် ကိုပေါ။
ပထမ ဘာတင်ထားမှန်း မသိဘူး။ နာမည်ကြီးဆယ်လစ်ဗျစ်တီ လင်မယား ရန်ဖြစ်နေတာ ထင်နေတာဗျား။ ကွန့်မန့်တွေဖတ်မှ သဘောပေါက်တာ။ တော်ချက်း)))
ဟိ..ဟုတ်တယ်... ပထမ လင်မယားရန်ဖြစ်နေတာ မှတ်လိုက်သေးတာတော့ ....။
အမျိုးသမီးကြည့်ရတာ စိတ်မကျန်းမာဘူး ထင်တယ်။ သံရုံးကပါ သိသာပါတယ်။
အမေကပြောဘူးတယ်။
ကိုယ်အမူအယာရိုင်း၇င်အဖယုတ်ညံလို့..တဲ့။
နှုတ်အမူအယာရိုင်း၇င်အမိယုတ်ညံလို့..တဲ့။
နောက်တခါသံရုံးသွား၇င်..
အဲ့ဒီလိုေ၇းပြီး၇င်ဘတ်မှာဆွဲသွားပေါ့...
အားလုံးအဆင်ပြေအောင်လေ...ခွိခွိ
အယုတ်တမာ မိဘကမွေးလာလို့ ဒီလောက် ဒီမိန်းမ က မိုက်ရိုင်းနေတာဖြစ်မှာပေါ့၊၊ ဒီအသံဖိုင်ကို ဘဘဗိုလ်ချုပ် တစ်ယောက်ဆီပို့ ပေးလိုက်အုံးမယ်၊၊ ဒီလိုလူမျိုးတွေ ကြောင့် စစ်အစိုးရ ရဲ့ သိက်ခါ ကကျနေတာ၊၊ စိတ်ချ ဒီမိန်းမ အဲ့ဒီ့သံရုံးမှာ နောက်သုံးလ အတွင်း ထပ်မရှိစေ ရဘူး၊၊
သံရုံးမှာ ဒီလောက်မိုက်ရိုင်းတဲ့မိန်းမကိုခန့် ထားတယ်၊၊ အသုံးမကျလိုက်တာ၊၊ သူများသံရုံးတွေမှာ ဘယ်လိုလူ့ အဆင့်အတန်းတွေ အလုပ်လုပ်နေကြလဲ သွားကြည့်ခိုင်းရမယ်၊
ဟိုက်.... ဒီလို ကိစ္စတွေ ရှိသလားးးး
ကွယ်ရို့....သံရုံးဝန်ထမ်းတွေ တင်မက မြန်မာပြည်က ရုံးဝန်ထမ်းတွေ အားလုံးကို
ယဉ်ကျေးမှု သင်တန်းပေး သင့်တယ်။
အဲဒီနေ့ က ... သူငယ်ချင်းတစ်ယောက်က ပင်နီဆူလား ပလာဇာက ဆိုင်တစ်ဆိုင်သွားမယ် လိုက်ခဲ့ပါအုံးတဲ့
အင်းပေါ့...ထမင်းသွားစားရင်းသွားကြတာပေါ့ဆိုပြီး သူငယ်ချင်းတွေသွားကြတယ်။ဆိုင်က internet ဆိုင်ပါ။ သုံးထပ်မှာပါ။ပြသနာက ဒီလို... သူငယ်ချင်းက စာရွက်စာတမ်းတစ်ချို့ ကို အရေးတစ်ကြီးလိုလို့  အဲဒီ internet ဆိုင်မှာ scan သွားဖတ်ပါတယ်။ scan ဖတ်ပေးပါ ပြီးရင် ဒီ mail ထဲကို send ပေးပါဆိုပြီး scan ဖတ်ပြီးတာနဲ့  အဲဒီစာရွက်တွေကို မူရင်းပိုင်ရှင်ဆီကို ပြန်ပေးလိုက်ပါတယ်။ကိုယ့်ဆီမှာ လက်ခံတစ်စုံ ထားတဲ့သဘောပါ။နောက်နေ့ ကျတော့ mail ထဲလည်းရောက်မလာ ရောက်လာတော့လည်း ကိုယ့်ရဲ့စာရွက်စာတမ်းတွေမဟုတ်.. ဒါနဲ့ ပဲ သွားပြောသည်ပေါ့ ။
ဆိုင်ရောက်တော့ ဆိုင်ပိုင်ရှင်လို့ ထင်ရတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့ တယ်။ "အန်တီ...attachment တွေမှားပြီးရောက်လာတယ်.. အဲဒါပြန်ပို့ ပေးပါအုံး" ဆိုပြီးပြောတော့
"နင့် mail account ပေးတာမှားလို့ နေမှာပေါ့တဲ့" စစချင်းပဲ သူ့ အမှားကို သူများအမှားလုပ်ပါတယ်။ လေသံကခပ်တင်းတင်းရယ်။
"မမှားပါဘူးအန်တီ...သေချာစစ်ကြည့်ပါအုံး" ဆိုတော့ သူ့ ဆိုင်ရဲ့ sent mail ကိုပြန်စစ်တယ်။
" ဒီ mail လားတဲ့...ဟုတ်ကဲ့ ဒါပေမဲ့ အဲဒီ document မဟုတ်ဘူး ... မနေ့ တုန်းက scan ဖတ်တော့ A4 size တွေရော A3 size တွေရောပါတယ်"ဆိုတော့ "အဲဒါဆိုနင်တို့ ဆိုင်မှားလာပြီတဲ့.. ငါတို့ ဆိုင်မှာ A3 size တွေမဖတ်ဘူးတဲ"့... ဟောတော့ ခက်တော့နေပြီ သူ့ ဆိုင်မှာ ဖတ်လို့ ပဲ mail အမှားကြီးတောင်မှ ရောက်လာပြီပဲကို ..
သူငယ်ချင်းကလည်း အဆင်ပြေအောင်လုပ်ပေးပါ မဟုတ်ရင်လည်း ပိုက်ဆံပြန်အမ်းပါဆိုတော့လည်း စာရွက်ပြန်ယူလာခဲ့တဲ့... စာရွက်က မူရင်းပိုင်ရှင်ကို ပြန်ပေးပြီးပြီ ကိုယ်တို့ ဖြစ်နေတဲ့ အခြေအနေကိုလည်း သူ့ ကိုပြောပြပြီးရဲ့သားနဲ့ .. ယူလာရင်လုပ်ပေးမယ် မဟုတ်ရင် ဘာမှလုပ်မပေးနိုင်ဘူး ပိုက်ဆံလည်းပြန်မအမ်းနိုင်ဘူး ဆိုပြီး လေသံခပ်မာမာနဲ့ ပြောလွှတ်ပါတယ်။
ကိုယ်တို့ လည်း ဘာမှလုပ်မရတဲ့အဆုံး ဆိုင်ထဲကလည်းထွက်လာရော သူငယ်ချင်းက ငိုပါလေရော...အိမ်ကဆူတော့မယ် အဲဒါအဖေ့ရဲ့ အလုပ်ကိစ္စ စာရွက်မို့ လို့ ပါဆိုပြီးတော့..
သူ့ ကိုကြည့်ပြီး ကိုယ်ကလည်း သနားလည်းသနား ဒေါသလည်းထွက်နဲ့ ။ ဒါနဲ့ နောက်တစ်ခေါက် သွားပြောမယ်ဆိုပြီး အဲဒီအန်တီကြီးကိုပဲ computer ကိုတစ်ချက်စစ်ပေးပါ။ document ကျန်ချင်ကျန်နိုင်သေးတယ်ဆိုပြန်တော့လည်း တစ်ရက်ကိုတစ်ရက် delete လုပ်တာတဲ့...မရှိတော့ဘူး နင့်ကိုလိမ်ပြီးဘာလုပ်ရမှာလည်းတဲ့...စာရွက်ယူလာတဲ့ မရှိရင်မတတ်နိုင်ဘူးဆိုပြီး အဲလိုတွေ မချေမငံပြောလွှတ်လိုက်ပါတယ်။ ပြန်ယူပြီး ပြန် scan ဖတ်လို့ ရတဲ့ ကိစ္စဆို ဒီလိုတောင်အလုပ်ရှုတ်ခံပြီး ပြောမနေပါဘူး။
တကယ်တော့ သူ ပိုက်ဆံယူ တာဝန်ယူထားတဲ့ ကိစ္စကိုအတတ်နိုင်ဆုံး အဆင်ပြေအောင်လုပ်ပေးရမှာပါ။နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်ရင်တောင် စိတ်ကျေနပ်အောင် ပြေပြေလည်လည်ပြောရမှာပါ။အမှန်တကယ် နစ်နာသူက customer ဘက်ကပါ။ပိုက်ဆံလည်းပြန်မရ data လည်းဆုံး.. နောက်ဆုံး မချေမငံပါ ပြောလွှတ်ခံခဲ့ရတာပါ။ စပြောကတည်းက customerကို နင်နဲ့  ငါနဲ့ ပြောနေတာပါ ..ထားပါ.. သူ့ အရပ် သူ့ ဇာတ် သူ့ စရိုက်ပေါ့။ ဒီလိုအဖြစ်အပျက်မျိုးဆိုတာ ရောင်းသူနဲ့  ဝယ်သူကြားမှာ ဖြစ်လေ့ ဖြစ်ထရှိတတ်ပါတယ်။ "customer is always right" လို့ မဆိုလိုပါဘူး။ သူသာ ပြေပြေလည်လည် ကောင်းကောင်းမွန်မွန်သာပြောခဲ့မယ်ဆိုရင် ကိုယ်တို့  တွေကလည်းရိုင်းသူတွေမဟုတ်ပါဘူး။ နားလည်ပေးနိုင်ပါတယ်။နောက်...နိုင်ငံရပ်ခြားမှာ မြန်မာအချင်းချင်း ရိုင်းပင်းကူညီမှူမရှိ ကိုယ့်အလုပ်ကို လေးစားမှူမရှိပဲ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတာဟာ အတော်ရှက်စရာကောင်းတာပါ။
နောက်ဆုံး...အဲဒီနေ့ က ကိုယ့် သူငယ်ချင်းလည်း ပိုက်ဆံလည်းဆုံး စာရွက်လည်းဆုံး ငိုလည်းငိုရ ဒေါသလည်းထွက်ရနဲ့  အတော်အလုပ်ရှုတ်သွားခဲ့ပါတယ် :D
ဪ စကားမစပ်... အဲဒီဆိုင်နာမည်က "Faster Internet"တဲ့ ။ ပင်နီဆူလား ပလာဇာ သုံးထပ်မှာပါ။ လမ်းကြုံရင် သွားသုံးကြည့်ပါလား? service အရမ်းကောင်းပဲ :D
( share from my fri's blog )
what a shame ! why some people are so rude ?? why they act their customer like an enemy ??
Ohhh.. so sorry.. my comments are again and again .. pls delete the last two for me..
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား မခံယူဖို့ စိတ်ကူးနေသလား။ ဒီအသံဖိုင်လေးကို အရင်နားထောင်ကြည့်ဖို့ တိုက်တွန်းပါရစေ။
တွဲဖက်ဖတ်ရှူရန် ----------- http://mabaydar.blogspot.com/2008/05/blog-post_13.html
ပါးစပ် စက်သေနပ်ပစ်နေတာ။ သူတို့လို သတ္တ ဝါမျိုးက ပြည်သူကို သေနပ်တစ်မျိုးမျိုးနဲ့ ပစ်နေရမှ။
ဘာတွေပြောမှန်းသေချာ မသိပေမယ့် အသက်မရှုပဲ ဆက်တိုက် ရန်တွေ့နေတာတော့ သိတယ်။း) နားထောင်လို့တော့ရတယ်။ မသဲကွဲတာပါ။
မြန်မာသံရုံးက လူတွေ အဲလို ယဉ်ကျေးတာနော်။ ဘာမှတ်လဲ နိုင်ငံ့ဝန်ထမ်းတွေ။
ကြောက်လွန်းလို့ (၃) နှစ်တခါ သွားရတာတောင် မသွားပဲ ပွဲစားပဲ အပ်လိုက်တယ် ကိုပေါရေ။
Actually, a diplomat from Myanmar is already trained the diplomacy by MOFA.
Where will they use good diplomacy?
Will they use when they have to relate with Military leaders?
Dog thinks everybody as enemy inside his sovereignty except its masters.
ပင်နီဆူလားကဆိုင်တွေအကြောင်းတော.ပြောမနေနဲ.တော.ကို.လူမျိုးချင်းလိမ်စားနေကြတာ။တရုတ်၊ကလားကကိုယ်.လူမျိုးကိုမလိမ်ဘူးတခြားလူမျိုးကိုလိမ်တာ။ဗမာကကို.အချင်းချင်းလိမ်တာအောင်ချမ်းသာဆိုင်မှာဖုန်းကဒ်ထည်.တုံးကလဲဒီလိုဘဲ၁ိနမြောပီးကဒ်မယူဘဲသူတို.ကိုထည်.ခိုင်းလိုက်တာမဝင်ဘူး။နားမလည်လို.နောက်နေ.မှပြန်သွားပြောတော.လိမ်နေတယ်ဆိုတဲ.ပုံနဲ.ပြောလွတ်တယ်။ကို.မှာ ၂၅ိ၅၀ါးလဲဆုံးသေးအပြောလဲခံရသေးထားဝယ်မကြီးအ တော်ဆိုးတာ။နားမလည်တဲ.သူကိုမလုပ်တတ်တဲ.သူကလိမ်စားတယ်။အပ်ဝင်ပုဆိန်ထွက်မဲ့ဟာတွေသူများ မြေခံရမဲ.ဟာတွေ
Post a Comment