ဘွန်ဆိုင်း သဘာဝ

Share |


ဘွန်ဆိုင်းပင်တဲ့။
သစ်ပင်တော့ သစ်ပင်ပါဘဲ။
ဒါပေမယ့် သစ်ပင် အငယ်စား၊ အပုစားလေးပေါ့။
ဧည့်ခန်းမတွေ၊ ဥယျာဉ်တွေထဲမှာ ပသာဒအတွက် တကူးတက ပြုပြင်မွေးမြူထားတဲ့ သစ်ပင်ကလေးတွေပေါ့။

ဘွန်ဆိုင်းပင်လေးတွေ အခုလို ပုနေ ညှက်နေတာဟာ မျိုးရိုးဗီဇကြောင့် မဟုတ်ရပါဘူးတဲ့။ အကိုင်း၊ အခက်၊ အရွက် နဲ့ အမြစ်တွေကို လွတ်လွတ်လပ်လပ် မကြီးထွားနိုင်အောင် ကာလ ရှည်ကြာ ပြုပြင်ပုံသွင်းခံထားရလို့သာပါတဲ့။

သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဘွန်ဆိုင်းပင်ရဲ့အစဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ခန့် တရုတ်ပြည်မှာ ဟန်မင်းဆက် လက်ထက်ကတည်းက စခဲ့တယ် လို့ ယူဆကြပါသတဲ့။ နောက်ပိုင်းမှာတော့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ ဗီယက်နမ်တို့မှာ ဘွန်ဆိုင်းပင်ကို အသွင် အမျိုးမျိုးနဲ့ တွေ့လာကြရတယ်။

သစ်ပင်တွေသာ ချုပ်ချယ်ပုံသွင်းခံရတာလား.......။

အချို့သော လူမှုအသိုင်းအ၀ိုင်း၊ အချို့သော နေရာဒေသမှာ ရှင်သန်ကြီးပြင်းရတာဟာလည်း လူဖြစ်ပေမယ့် ဘွန်ဆိုင်းပင်နဲ့ မခြားပါကလားလို့ တွေးမိတယ်။

လွတ်လပ်စွာ ရှင်သန်ဖွံ့ထွားခွင့်မရအောင် မိမိကြီးပြင်းရာ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းက နှစ်ရှည်လများဆိုသလို ပြုပြင်ပုသွင်းတာကို လှလှကြီး ခံလိုက်ရပြီးတဲ့နောက်.... ကိုယ်တိုင် ဘွန်ဆိုင်းပင်ကလေးလို ပုညှက်ကြုံလှီသွားသလားလို့တောင် ခံစားမိပါရဲ့။

ကျနော်တို့တတွေဟာ ဘွန်ဆိုင်းပင်လို လူသားတွေလား။

တချို့ကတော့ လူလိမ္မာလေးတွေ၊ လူယဉ်ကျေးလေးတွေ။
တချို့ကတော့ ရိုးရာအစွဲအလမ်းကြီးသူလေးတွေ၊ လူကြောက်ကလေးတွေ။
တချို့ကတော့ လူရိုးလူအ ကလေးတွေ.....။
တချို့ကတော့ ကိုယ့်ယဉ်ကျေးမှုသာ အကောင်းဆုံးလို့ ထင်မှတ်နေသူတွေ။
တချို့ကတော့ ငယ်ငယ်ကတည်းက သင်ပေးလိုက်တဲ့ ဓလေ့ထုံးစံတွေဟာ ထာဝရ မှန်ကန် ကောင်းမွန်နေမယ်လို့ တရားသေ မှတ်ယူနေကြသူတွေ။


တချို့ကျတော့ ကိုယ့်ဘာသာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ စံချိန်စံညွှန်းတွေ၊ ကျင့်ဝတ်သိက္ခာတွေ၊ တာဝန်ဝတ္တရားတွေ ကြားမှာ ကိုယ့်ဘာသာ ပိတ်မိပြီး မွန်းကြပ်နေတဲ့ ရှားရှားပါးပါး လူ့ဘွန်ဆိုင်းလေးတွေ....။

ဒါပေမယ့် သစ်ပင်တွေမှာ ဘွန်ဆိုင်းပင်ကို အလှအပ ပသာဒအဖြစ် ရှုမြင်တတ်သူတွေရှိသလို လူ့အဖွဲ့အစည်းမှာလည်း ကြုံလှီနေတဲ့ လူ့အဖွဲ့အစည်း (Retarded Society)ကိုမှ ပသာဒ ဖြစ်နေသူတွေလည်း ရှိလေရဲ့။

ဧည့်ခန်းထဲက ဘွန်ဆိုင်းပင်ကလေးသာ စကားပြောတတ်ခဲ့မယ် ဆိုရင်....

“ဥယျာဉ်မှူးကြီးခင်ဗျား၊ ကျနော့်ကို သဘာဝအတိုင်းသာ လွတ် လွတ်လပ်လပ် ရှင်သန်ကြီးထွားခွင့်ပေးပါ။ ကျနော်ဟာ တောင်ကုန်းထက်မှာ အရိုးပြိုင်းပြိုင်း အထီးကျန်ကျန် အရုပ် ဆိုးဆိုး ပသာဒမရှိတဲ့ သစ်ပင်ကြီးဘ၀နဲ့ နိဂုံးချုပ်ရလည်း ချုပ်ရပါစေတော့။ ဒါပေမယ့် သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်။ အကိုင်း အခက် အလက်တွေ ဝေေ၀စည်စည်နဲ့ လေပြည်ထဲမှာ၊ မုန် တိုင်းထဲမှာ၊ မိုးသည်းထဲမှာ၊ နေပူကျဲထဲမှာ လောကဓံကို ကြံ့ ကြံ့ခံရင်း သူလိုငါလို သာမန် သစ်ပင်တပင်ဘ၀နဲ့ဘဲ ရှင်သန် ပါရစေခင်ဗျား” .....လို့များ ပြောရှာလေမလားမသိ။

တကယ့်တကယ်မှာတော့ သစ်ပင်တွေက စကားမပြောတတ်ရှာလို့ ဒီလို ဖွင့်မပြောကြပါဘူး။ လူတွေမှာတော့ စကားပြောတတ်ပေမယ့် လူ့ဘွန်ဆိုင်းပင်ဘ၀မှာပဲ ပျော်မွေ့နေကြသူတွေလည်း ဒုနဲ့ဒေး ပါ။

(၂၀၀၈ ခု ဧပြီလတုန်းက ရေးတင်ခဲ့တဲ့ “ဘွန်ဆိုင်း”ဆိုတဲ့ ပို့စ်ကို နည်းနည်းပြုပြင်ပြီး ပြန်တင်လိုက်ပါတယ်။)

37 comments:

---- said...

အဲဒါဆိုလဲ လူရိုင်းတွေလို လွတ်လွတ်လပ်လပ် ကိုယ်တုံးလုံး နေပါလား မောင်ပေါရယ်။
ဂျောက်ဂျက်လို ဟစ်ပေါ့ဆိုလို့လဲ ရတယ်. ဘယ်သူမှ ဘာမှ မပြောပါဘူး။ လုပ်ချင်သလိုလုပ်ပေါ့။ အလွန်ဆုံးဖြစ်လှ မကြီးမငယ် သရုပ်ပျက်ရလားဆိုပြီး စင်္ကာပူက ပြည်နှင်ဒဏ် ပေးခံတာလောက်ပဲ ရှိမှာပါ။

လုပ်ကြည့်ပါလား။ ဘာလုပ်လုပ် အားပေးနေမယ်။

Anonymous said...

မင်းက စင်္ကာပူလောက် ရောက်နေပြီ ဘာစောက်ကြီးစောက်ကျယ်ပြောနေလဲ။ ရို့ရားယဉ်ကျေး
မှုက အညွန့်ချိုးထားတယ် ပြောရအောင် မင်းက မြန်မာသွေး ဘယ်နှစ်စက်ပါလဲ ငပေါစောက်ရူး။ သူများ
ကို လူကြောက်လေးတွေလို့ ပြောရအောင် မင်းက
မြန်မာပြည်ထဲမှာ နေခဲ့စဉ်တုန်းက ဘာများ လုပ်ခဲ့ဖူးလဲ
ငပေါ စောက်ရူး။

ကိုပေါ said...

မီလျံနာ....

ကျနော်ပြောချင်တာလည်း အဲဒါပေါ့ မီလျံနာ။

လူရိုင်းတွေက သူတို့ဘာသာ ကိုယ်တုံးလုံးနေတယ်။ သူတို့စိတ်ထဲမှာတော့ ကိုယ်တုံးလုံးနေတာဟာ ခင်ဗျားထင်သလို ရိုင်းတယ်လို့ မထင်ဘူးခင်ဗျ။ သူတို့ကြားထဲ အဝတ်အစား ဝတ်ပြီး သွားလည်း ခင်ဗျားကို ပြည်နှင်ဒဏ်ပေးမှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ လွတ်လပ်ခွင့်ကို မပိတ်ပင်ဘူး။ ကျနော်တို့ ယဉ်ကျေးတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းတွေမှာသာ သူတပါးရဲ့ လွတ်လပ်ခွင့်ကို အတင်းလိုက် ပိတ်ပင်နေတာကိုး။ လူတဖက်သားရဲ့ သဘောဆန္ဒကို အတင်းအဓမ္မ ဖိနှိပ်တဲ့လုပ်ရပ်ဟာ ကျနော့်အမြင်မှာ ယဉ်ကျေးတယ်လို့ မမြင်ပါဘူး။ ဒီဖြစ်ရပ်မှာဆိုရင် (အခေါ်အဝေါ်ကလူရိုင်းဖြစ်သော်လည်း) လူရိုင်းတွေရဲ့ လုပ်ရပ်နဲ့ သဘောထားက ပိုယဉ်ကျေးနေတယ်။

နည်းနည်းပိုရှင်းအောင် ဥပမာ တခု ထပ်ပေးရရင် ဈေးရောင်းတော့မယ့် ဈေးသည်လက်သစ်တယောက်ကို ၀ိုင်းဝန်းအကြံပေး ကြတာတွေ ရှိတယ်။ ....နှုတ်ချိုပြီးတော့ လက်တိုရမယ်.....တဲ့။ ဆိုလိုတာက နှုတ်က ရွှန်းရွှန်းဝေအောင် အချိုသကာတွေ လိမ်းကြံပြောဆိုပြီး ရောင်းကုန်ကိုတော့ ပိုပိုသာသာမပေးဘဲ ပေးသင့်ပေးထိုက်တာထက် လျှော့ပေး လိုက်တာမျိုးကိုပေါ့။ အဲသည် အဖြစ်အပျက်မှာကြည့်ရင် အပြောအားဖြင့် ယဉ်ကျေးပြီးတော့ တကယ့်လုပ်ရပ်မှာတော့ မယဉ်ကျေးတာကို တွေ့ရမယ်။

လူတွေဟာ တခါတလေမှာ အပြုအမူ (action, deed)ရဲ့ ယဉ်ကျေးခြင်းထက် အပေါ်ယံနှုတ်ဖျားက ယဉ်ကျေးခြင်းကို အမျာကြီး အသားပေးနေတာတွေကို တွေ့နေရတယ်။

တကယ်တော့ ကိုယ်၊နှုတ်၊အမူအယာ ယဉ်ကျေးခြင်းဆိုတာ ရိုးသားမှု နဲ့ ပူးပေါင်းလိုက်မှ တကယ်ယဉ်ကျေးတဲ့ အပြုအမူ (action, deed) ဖြစ်ပေါ်လာပါ။

ရိုးသားမှုမပါရင် အပေါ်ယံရွှေမှုန်ကြဲ အထဲက နွားချေး (နောက်ချေး)ခံ ဆိုတာနဲ့ ဘာမှ ထူးမခြားနားတာ့ဘူး။` တစုံတရာ အမြတ်ထုတ်ချင်လို့ မာယာဆင်ပြီး ယဉ်ကျေးချင်ယောင် ဆောင်သလိုတောင်ဖြစ်သွားနိုင်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ၂၀၀၇ ခုနှစ်အတွင်းက ဒီပို့စ်မှာ ရေးထားပါတယ်။ စိတ်ဝင်းစားရင် သွားဖတ်ကြည့်ပါ။

“ယဉ်ကျေးသူနဲ့ ရိုင်းပျသူ (၁)”
http://kopaw07.blogspot.com/2007/10/blog-post.html

ဖိုးတုတ် said...

ဗဟုသုတရပါတယ်၊

ပို.စ်ကို ကြိုက်သလို ပြန်လည် ချေပထားတဲ့ ကွန်.မန်.ကိုလည်း ကြိုက်ပါတယ် ၊

ကိုပေါရဲ. ပို.စ်တွေမြန်နေတာနဲ. ပတ်သက်လို. နည်းနည်းလေး ဝေဖန် ပါရစေဦး ၊ ထွန်းအိန္ဒြိဗိုလ် ရဲ. မချစ်ရင် မနေနိုင်တာကလွဲလို. (မဝေဖန်ရရင် မနေနိုင်တာက လွဲလို.) ဆိုတဲ့ သီချင်းလေးလို.ပေါ.ဗျာ ၊

ကိုပေါရဲ. ပို.စ်တွေက Chinese Restaurant မှာ course by course စားရတဲ့ meal နဲ.တူနေသလိုပါပဲ ၊ အထူးသဖြင့် Chinese New Year အချိန်မှာပေါ့၊ အချိန်နဲ.စား နောက် customer မလာခင် ပြေးရတော့တာပဲဗျို. ၊
တစ်ခုကို စားရတာမပြီးသေးဖူး ၊ (ပို.စ်တစ်ခုကို ကွန်.မန်.လုပ်နေတုန်း) နောက်တစ်ခုက ရောက်ရောက် လာသလိုပါပဲ ၊ နောက်တစ်ခုကတော့ စင်ကာပူ က ပညာရေး (private school) စနစ်လိုပါပဲ၊ -ကျောင်းကြီးတော့ မတက်ဖူးပါ -
ဒီက ပညာရေးစနစ်က မြန်မာပြည်က ကျူရှင်လို အချိန်ဆွဲသင်တာမဟုတ်ပါဘူး၊ ပိုက်ဆံယူ ၊ အချိန်တိုတိုအတွင်း မှာ တွန်းပြီးသင်တော့တာပါပဲ၊ ကျွန်တော် တက်ခဲ့ဖူးတဲ့ CAT (Certified Accounting Technician) ကို သတိရလို.ပါ ၊ စာကိုမနည်းလိုက်ယူရတယ်၊
အသက်ကလည်းကြီး ၊ အလုပ်ပြီးတာနဲ. ကျောင်းတက်ရ ဆိုတော့ တော်တော်ကို ပင်ပန်းပါတယ် ၊

အပြင်ခဏ ထွက်ဦးမှာမို. နောက်မှပဲ မန်.ပါဦးမယ် ၊

အားလုံး ဒေါသ ကင်းဝေးကြပါစေ ၊




ကိုပေါ said...

kokosan,

ဟုတ်ပါရဲ့ဗျာ။ ကိုကိုဆန်ရဲ့ Course by course meal
ဥပမာကို ဖတ်လိုက်ရတော့ ကျနော်အဖြစ်ကို ကျနော် ပြန်မြင်ယောင်ပြီး ရယ်လိုက်ရတာ။ ကွက်တိပါပဲဗျာ။

ကျနော်က အဲသလိုပဲ။ ပို့စ်တွေ တင်ချင်ပြီဆို တနေ့တပုဒ်နီးပါး တွန်းထိုးပြီးတင်လိုက်။ ရေးချင်စိတ် မရှိတဲ့အခါမျိုးဆိုရင် နှစ်ပတ် သုံးပတ်လောက် ပျောက်နေလိုက်။

ရင်းနှီးတဲ့မိတ်ဆွေတွေက “ခင်ဗျား ပို့စ်တွေ ပျောက်လှချည်လား” လို့ မေးလာရင် “စာဖတ်ပရိသတ်ကို မှတ်လောက်အောင် ဒဏ်ခတ်ထားတာဗျ” လို့ နောက်တီးနောက်တက် ပြန်ဖြေတတ်တယ်။

အဲဒါကြောင့်ပဲ မနေ့ကတော့ ရင်းနှီးတဲ့ မိတ်ဆွေတယောက်က မညှာမတာ မှတ်ချက်ချတယ်။

“ဒီလူ... သူ့ဘလော့ဂ်ကို လူတွေ မေ့သွားမှာစိုးလို့ Controversial post တွေ ဒရောသောပါး ကောက်ကိုင်နေပုံရတယ်” တဲ့။ ရက်စက်ပါ့ဗျာ...ဟီးဟီး။း-)

Anonymous said...

အားပေးပါတယ်...
ဂျောက်ဂျက်ကိစ္စလဲ မှန်တယ်ထင်တဲ့ ကြီးပေါ
လူရိုင်းတွေကိစ္စမှာလဲ သင့်တော်တယ်ထင်တဲ့ ကြီးပေါ

လုပ်ပါ... လုပ်ပါဆက်လုပ်ပါ..
လွပ်လပ်စွာ လူလယ်ခေါင်မှာ ဆက်လုပ်ပါ။

လူတိုင်းတွေကို အားကျသူ ကြီးပေါ
ဘာပဲဆက်လုပ်လုပ်ထောက်ခံနေပါ့မယ်..

ပုံ ထောက်ခံသူ

thant win said...

ကိုပေါ ကတော. tempo မြင်.နေ ပြီ ။
real climax !!!

ZT said...

အတွေးအခေါ်ကို ဘောင်ခတ်ထားတာ ကျွန်တော်လည်း မကြိုက်ဘူး။ ဘယ်ဟာမှန်တယ် ဘယ်ဟာမှားတယ် ဆိုတာကို အကျိုးသင့် အကြောင်းသင့် ခွဲခြမ်း စိတ်ဖြာ သုံးသပ် မပြဘဲ အရင်လူတွေ ဒီလို လုပ်ခဲ့လို့ မျက်စိစုံမှိတ်ပြီး ဒီဟာမှန်တယ် ပြောတာလည်း ကျွန်တော် မကြိုက်ဘူး။

ဟစ်တလာ မူဆိုလီနီ တို့လို ပုံစံမျိုး လူမျိုးကြီး ဝါဒ စွဲကိုင်ပြီး နေရာတကာ မြန်မာမှ မြန်မာ လုပ်နေတာလည်း မကြိုက်ဘူး။ အဲဒီ လူမျိုးကြီး ဝါဒ အကြောင်း ပြောရင်း ဆရာတစ်ယောက် ပြောဖူးတာ သတိရတယ်။ မျိုးစစ်တယ် မျိုးစစ်တယ် ဆိုပြီး သိပ်အော်မနေနဲ့။ သာကီဝင်တွေ မျိုးစစ်ချင်တော့ မောင်နှမချင်း ပြန်ယူရတယ်။ မင်းတို့လည်း မျိုးစစ်ချင်ရင် ကိုယ့်အစ်မ နှမ ပြန်ယူနေရမယ် ဆိုတာ။ :D

thant win said...

ကျနော်တို့တတွေဟာ ဘွန်ဆိုင်းပင်လို လူသားတွေလား?
ကျနော်တို့တတွေဟာ ဘွန်ဆိုင်းပင်လို လူသားတွေပါ။
ဘွန်ဆိုင်းပင် 100% အစစ် မဟုတ် ရင် တောင် ၁၀ . ၂၀ . ၃၀ % စသည် ဖြင်. ပုံ သွင်းခံရပြီးသူတွေပါ ဗျာ။

ဖိုးတုတ် said...

ကိုပေါ ခင်ဗျား ၊

ကျွန်တော့် အပေါ်က ကွန်မန်.ကျောင်းကြီး ကို မတက်ဘူးရေးတာ ရေးဖို.တစ်ခုမေ.
ကျန်ခဲ့လို.

စင်ကာပူ က ကျောင်းကြီး မတက်ဖူးပေမဲ့ မြန်မာပြည် က ကျောင်းတော်ကြီး (ထောင်) မှာ တော့ မနေချင်ပါဘူးဗျာ၊ ကြောင်ချေး ဘလော့မှာ ရေးထားသလို နအဖ က prison year ဆိုပြီး နိုင်ငံရေး အကျဉ်းသား တွေကို ဒေသန္တရ ဗဟုသုတ ရအောင်ဆိုပြီး နယ်တွေကို ပို.နေသလားမသိဘူး ၊

ကိုပေါ လည်း နအဖကို ကလောင် နှင့် ပညာသားပါပါ တွယ်လိုက် ၊ မထိကလိ ရိလိုက် ၊ ပေါ်တင်ကြီးတွယ်လိုက်နဲ. နအဖ က ကိုပေါ ကို ခုဆိုရင် တော်တော် ဒေါသ ထွက်နေပြီး ကိုပေါ ကို နအဖ က ဗိုက်ဖေါက်စားနေချင်ပြီ ထင်တယ် ၊ သတိတော့ ထားပါဗျာ၊ (ကျွန်တော်က ခရီးသွား အချင်ချင်း သတိပေးချင်တာပါ- ဆရာလုပ်တယ်လို. မထင်စေချင်ပါဘူး) ၊ ကိုပေါ က ကြောက်မွေးပါ ဇာဂနာ နဲ. နုတ်ပစ်မယ်ဆိုလည်း သူလို.လည်း ထင်မိပါရဲ.၊

နအဖ က ဗိုက်ဖေါက်စားမယ်ဆိုရင်လဲ ...

ကိုပေါက လှတောသား စကားလို ဒီလိုပြန်ဖြေလိုက်ပေါ့၊

" ဆရာရယ် ဗိုက်တော့ ဖောက်မစားပါနဲ.ဗျာ၊ စားချင်တယ်ဆိုရင် ယိုပြီးတော့ ကြွေးပါမယ် လို. "

Lun Lunn said...

ကိုပေါ …

လူဘွန်ဆိုင်းတွေက မဟုတ်တဲ့နေရာတွေမှာသာ ဘွန်ဆိုင်းဖြစ်နေကြတာပါ။

ထိန်းသိမ်းသင့်တဲ့ ကောင်းမွန်သော အကျင့်အကြံ၊ အပြောအဆို၊ အပြုအမှုတွေမှာကျတော့ ဘွန်ဆိုင်း မဖြစ်ကြတော့ဘူး။

အထင်ရှားဆုံး ဥပမာတစ်ခု ပြရရင် မီးရထားပေါ်မှာ သက်ကြီးရွယ်အိုတွေကို နေရာဖယ်ပေးခြင်း စတဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုမျိုးတွေမှာ လူဘွန်ဆိုင်းတွေ တော်တော်ရှားသွားတယ်။

တစ်ချို့ လူဘွန်ဆိုင်းတွေကျတော့ ကိုယ့်ဘာသာ လူဘွန်ဆိုင်း ဖြစ်လို့ ဖြစ်မှန်း မသိရုံသာမက လူဘွန်ဆိုင်း အဖြစ်ကနေ ဖောက်ထွက်ဖို့ အားပေး လမ်းပြတာကိုတောင် ကိုယ်မတွေးခေါ်တတ်တာကို သူများတွေးခေါ်တတ်တာကိုပဲ မနာလိုဖြစ်နေတယ်လို့ ယူဆရမလိုပဲ တမင်တကာ တိုက်ခိုက်နေကြတာ တွေ့ရလို့ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်းအတွက် အင်မတန်မှ ရင်လေးမိတယ်။

ဒီလို ပြောရတာက တကယ်ပဲ ဒီထင်မြင်တွေးခေါ်မှုဟာ မှားတယ်လို့ ရိုးသားစွာ ထင်ရင် ကောင်းမွန်စွာ ပြန်လည်ဆွေးနွေးမယ် ဆိုတဲ့ စိတ်ဓါတ်ကို သူတို့မှာ မတွေ့ရလို့ပါပဲ။

တစ်ခါတစ်ခါကျတော့လည်း မြန်မာလူမျိုးတွေ မြန်မာစာ တစ်ကယ် တတ်ကြရဲ့လားလို့ ထင်မိတယ်။ စာရေးသူ ပေးခြင်တဲ့ အကြောင်းအရာနဲ့ လွဲချော်စွာ ပြောနေကြလို့ပါပဲ။

တစ်ကြိမ် တစ်ခါ လွဲချော်စွာ ပြောခြင်းဟာ ပြန်လည် ဆွေးနွေးမှုတွေကြောင့် စာရေးသူရဲ့ အာဘော်ကို ပိုမို ထင်ရှားအောင် အထောက်အကူ ဖြစ်စေသော်လည်း ကိုယ်လွဲချော်စွာ ပြောနေတာကိုပဲ ခဏခဏ၊ ကြိမ်ဖန်များစွာ ပြောတဲ့နည်းနဲ့ သူ့အာဘော်ကို စာရေးသူ အာဘော်ဖြစ်အောင် ပြုလုပ်ခြင်းကတော့ စာရေးသူကို လုပ်ကြံခြင်း (သို့) စာပေကို အဆိပ်ခတ်ခြင်းပါပဲ။

ကိုကိုဆန်

တစ်ခုခုကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ဥပမာပေးတာ တော်ပါပေတယ်။ “မိုနာလီဇာ အပြုံး” နဲ့ “Chinese Restaurant မှာ course by course စားရတဲ့ meal” ကိုတော့ အချိန်အတန်ကြာ ခေါင်းထဲမှာ ရှိနေဦးမှာပါပဲ။

မခရေဖြူရဲ့ အကြွေးစာရင်း ဥပမာ ဖတ်ရတုန်းကလို သဘောကျပါတယ်။

ပျော်ရွှင်ဖွယ် တနင်္ဂနွေ ညနေခင်းလေး ပိုင်ဆိုင်ကြပါစေ …

thant win said...

ဘွန်ဆိုင်း ဖြစ်တာ မဖြစ်တာ အဓိက မဟုတ် ပါ
ဘွန်ဆိုင်း ဖြစ် ပြီး ပတ်ဝန်းကျင်မှာ တန်ဘိုး ရှိ ပြီး
လှပ ဖြူစင် နေ ရင် အကောင်း ဆုံး လို.ထင် ပါတယ်

Andy Myint said...

kokosan ပြောတာကို သဘောကျတယ်ဗျို့။ သူ့ တရုတ်ဆိုင်က ဟင်းတွေကို တစ်ခွက်ပြီး တစ်ခွက် ကောင်းသည် မကောင်းဘူး စိတ်ထဲမှတ် စားနေရင်တော့ ကိစ္စမရှိဘူးဗျို့။ စားဖိုမှူးကြီးနဲ့ မီးဖိုချောင်ထဲ ၀င်ချက်ရင်တော့ ဆီပူ မီးပူလောင်နိုင်တယ်ဗျ။ ကံကောင်းရင်တော့ Recipe လေးဘာလေးတော့ ရနိုင်ပါတယ်။ ဒါနဲ့ ဒီတစ်ခေါက်ဟင်းကတော့ ဟင်းကျန်ကို နွှေးပြီးကျွေးထားတယ်ဆိုပဲ။

Bino said...

တချို့ကျတော့ ကိုယ့်ဘာသာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ စံချိန်စံညွှန်းတွေ၊ ကျင့်ဝတ်သိက္ခာတွေ၊ တာဝန်ဝတ္တရားတွေ ကြားမှာ ကိုယ့်ဘာသာ ပိတ်မိပြီး မွန်းကြပ်နေတဲ့ ရှားရှားပါးပါး လေးတွေ....။
That kind of လူ့ဘွန်ဆိုင်း is become smart.
We are working under rules, regulations and law.
Some are very strictly followed by Rule.
Some are flexible.
If you are not complied with civil law under the recent social environment..............

BINO

ကိုပေါ said...

ကိုအင်ဒီရေ

စားဖိုမှူးကောင်းတို့မည်သည် (မီးဖို)တချောင်တည်းမှာ နှစ်ယောက် မအောင်းဘူးဆိုလား၊ ဘာလား။

ကိုအင်ဒီရဲ့ ကွန်မင့်ကိုတွေ့တော့ ဟိုမေတ္တာစာလေး(ကျည်းကန်ရှင်ကြီးထင်ရဲ့) ကို သတိရမိတယ်။

“မင်းမှာ လုပ်ချင်၏၊ တင်းကုတ်မှာ အချုပ်ခံဝံ့မခံဝံ့။
မှိုနဲ့မျှစ်ကို နှုတ်ချင်၏၊၊ ကျဉ်တုပ်ခံဝံ့ မခံဝံ့။
ပဲဟင်းကို ရှုတ်ချင်၏၊ နှုတ်ခမ်းမွှေးအနှုတ်ခံဝံ့ မခံဝံ့။” ဆိုတာလေ။

ကျနော်ကလည်း ထပ်ဖြည့်လိုက်ပါရဲ့။ ကိုပေါမေတ္တာစာပေါ့ဗျာ။

“ပျားအုံကို တုတ်နဲ့ ထိုးချင်၏။ ပျားတုပ် ခံ့ဝံ့မခံဝံ့။
ကိုပေါနဲ့ ဟင်းအတူ ချက်ချင်၏။ စလောင်းပူနှင့် အကပ်ခံဝံ့ မခံဝံ့။”........ ;-)

thant win said...

ဗဟုသုတရပါတယ်၊
ကိုပေါ ပျား က ရိုးရိုးပျား မဟုတ် ဖူး နော်
အောင်း ပျား ။ အသေတုတ် တာ
သတိထား ကျပေတော.
ပျားမလေး RITA ဆို ပို တုတ် သေး (NON STOP )

အားလုံး PEACE နော်

ဖိုးတုတ် said...

လွန်းလွန်း နှင့် ကိုအင်ဒီ တို.မှတ်ချက်အား ကျေးဇူးတင်ပါတယ်

ကိုအင်ဒီ သို.

စားဖိုမှူးကြီးနဲ့ မီးဖိုချောင်ထဲ ၀င်ချက်ရင်မှ ဆီပူ မီးပူလောင်နိုင်တာ မဟုတ်ဖူး ဗျို ၊ အပြင်မှာထိုင်စားနေရင်း လည်း စာပွဲထိုးကြောင့် ဟင်းကြိုပူ လည်း ကိုယ်အပေါ် ကျလာနိုင်ပါတယ် ၊

ကိုပေါ ကဟင်းကျန်ကို နွှေးပြီးကျွေးထား တယ်ဆိုပေမဲ့ အဲဒီဟင်းကို ကျွန်တော် မစားဖူးဘူးဗျာ၊ ကောင်းပါတယ်၊ ကိုပေါ ရဲ. ဟိုးအရင်က ပို.စ်တွေကို ကျွန်တော်မဖတ်ဖူးဘူးဗျ သူ.ရဲ. မာရသွန် ပို.စ်တွေကို မနည်းလိုက်ဖတ်နေတာနဲ. သူ.တင်ထားတဲ့ အရင် ပို.စ်တွေကို ဖတ်ဖို. နေနေသာ ၊ တစ်ခြား ဘလော့ တွေကိုတောင် အလည်မသွားနိုင်တော့ဖူး သူ.ရဲ. ဘလော့ ကိုတောင် ကျွန်တော့် ကျွန်တော့် PC ရဲ. bookmarks မှာ ထိပ်ဆုံးမှာ ထား ထားရပါတယ် ၊

အားလုံးကျန်းးမာ ရွင်လန်းကြပါစေ၊

ဖိုးတုတ် said...

ကိုသန်.၀င်း သို.

ပျားမလေး ထက် ကျားရဲမလေး ဆိုရင်ပိုပြီး သင့်တော်မလားလို.

thant win said...

ko ko san
ပျားမလေး ဘဲ ကောင်း ပါ တယ် ။
ကျားရဲမလေး ဆို တို.တွေ ကို ခုန် အုပ်သွားမှာေုကာက် ရသေးတယ် ။

ဖိုးတုတ် said...

ကိုသန်.၀င်း သို.

ပျားမလေး ပဲထားပါတော့ ၊ အဲဒီ ပျားမလေး က ကျွန်တော်တို. ကွန်.မန်.ကို ဖတ်ပြီး ပြုံးနေရင်တော့ ကိစ္စမရှိဖူး ၊ ပြန်ပြီးတော့ အချက်ကျကျ နှင့် ပြန်နှက်ရင်တော့ ကျွန်တော်မပါဘူး၊ ဆရာ ပဲ ဆက်ပြီး ရှင်းပေတော့ ၊

ကျွန်တော်ကတော့ ပြေးပြီ (မိတ်ဆွေကောင်း ဆိုတာ ဒါမျိုးလား ဆိုသလိုပေါ့) ၊

ကျွန်တော် ပျားမလေးကို လေးစားပါတယ်၊ ဒါပေမဲ့ ကြောက်တယ် ၊

ဧရာ said...

ကိုပေါရေ.. ဒီပို့စ်လေးနဲ့ ကွန့်မင့်အတော်များများကို သဘောကျမိပါတယ်။
လွတ်လပ်စွာတွေခေါ်ခြင်းဟာ ယဉ်ကျေးမှု၊ လူ့အဖွဲ့စည်းတွေနဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်နေတယ်လို့(တော့) မထင်ပါဘူး။ အတွေးအခေါ်တွေက ယဉ်ကျေးမှု စံချိန်စံညွှန်းတွေကြား ပိတ်မိ နေတတ်တာရှိသလို၊ အတွေးအခေါ် အပြောင်းအလဲတွေကြောင့် လူအဖွဲ့အစည်းက ပိုပြီး ယဉ်ကျေးလာတာတွေလည်း ရှိတာပါပဲ။ ယဉ်ကျေးမှုဟာ ပြောင်းလဲနေတတ်ပါတယ်။ ယဉ်ကျေးမှုဆိုတာကို အရိုင်းမှ အယဉ်သို့ ပြောင်းလဲခြင်းဖြစ်စဉ်လို့ ယူဆပါတယ်။ ဒီတော့ ယဉ်ကျေးမှုကြောင့် လူဘွန်ဆိုင်းတွေဖြစ်ကုန်တာထက်၊ ယဉ်ကျေးမှုကို အသေဆုပ်ကိုင်ထားလို့ လူဘွန်ဆိုင်းတွေဖြစ်ကုန်တယ်လို့ မြင်မိပါတယ်။

Lun Lunn said...

Ko Thant Win …

((ဘွန်ဆိုင်း ဖြစ်တာ မဖြစ်တာ အဓိက မဟုတ် ပါ
ဘွန်ဆိုင်း ဖြစ် ပြီး ပတ်ဝန်းကျင်မှာ တန်ဘိုး ရှိ ပြီး
လှပ ဖြူစင် နေ ရင် အကောင်း ဆုံး လို.ထင် ပါတယ်
June 13, 2010 5:41 PM))
ကျွန်တော် လုံးဝ သဘောတူပါတယ်။

Ko Ko San …

ဒီတစ်ခါတော့ တစ်ကယ် ကျေးဇူးတင်တယ် ထင်ပါတယ်။ မှန်ကန်တိကျစွာ ကျေးဇူးတင်ပါတယ် လို့ ရေးသွားတယ်။

ပထမအခေါက်တွေလို ကျေ ဇူးတင်ပါတယ် / ကျေးဇူ တင်ပါတယ် လို့ မရေးတော့ဘူး။ 

thant win said...

ုKO KO SAN
I will sign off from my vessel tomorrow and proceed to my Mega City Yangon.
During my stay in Yangon , i will not spend my time at Net Cafe and can't catch all of you. So
ပျားမလေး ပြသနာ ပြန်လာရှာ ရင် ဆရာ ပဲ ဆက်ပြီး ရှင်းပေတော့ ၊ အခြေနေ မကောင်း ရင် ဆရာုကီး ko paw ခေါင်းဆောင်တင်ပြီး Peninsula မှာုကမ်းခင်း ဈေး နဲ.လေလံတင်ကျတာပေါ.။
ko paw , ko ko san /lun lunn နဲ. comment လာ ပေး သူအား လုံး ကိုသတိရနေမယ်။
မေ.လို.ပျားမလေးပါတယ်။
တော်ုကာ yangon အထိ လိုက် တုပ်မှာေုကာက်ရသေး။
အားလုံး PEACE နော်

ကျော်ထင် said...

ဒီနောက်ပိုင်းမှာ ကွန်မန့်တွေသိပ်မပေးဖြစ်ဘူးကိုပေါရေ။ အကြောင်းကတော့ Debate အများစုမှာ တွေ့နေရတာက မိမိအဆိုကို အထောက်အပံ့ဖြစ်စေမယ့် ဥပမာ၊ ဥပမေယျတွေကို ဆွဲယူချပြကြ၊ ငြင်းကြရင်း နောက်ဆုံးမှာ ပို့စ်တွေက ပြောချင်တဲ့ မူရင်းလမ်းကြောင်းကနေ လမ်းလွဲသွားကြပြီး မပြီးမစီးနိုင်ဖြစ်နေတာတွေကို ခနခနတွေ့နေရတော့ ၊ အပြန်အလှန်ငြင်းခုန်နေမှုဟာ solution ကိုရောက်နိုင်ပါ့မလားဆိုတာ သံသယရှိလာလို့ပဲ။ ဒီတစ်ခါတော့ ဝေမျှချင်တာလေး တခုရှိလာလို့ ကွန်မန့်ပေးလိုက်ပါတယ်။ ဖြစ်ချင်တော့ ကိုပေါရဲ့ စည်းမျဉ်းများထဲက Do not post a comment that not relevant to the discussion ဆိုတဲ့ အချက်နဲ့ ငြိစွန်းနေကောင်း နေမှာဖြစ်တဲ့အတွက် အားလဲနာတယ် ခင်လဲခင်တယ် ဆိုသလိုပဲ။

ဒီလိုပါ။ ပျားအုံတုတ်နဲ့ထိုးတာ ၀ါသနာပါတဲ့ ကိုပေါကြောင့် ဘေးကနေ မယောင်မလည်လာစပ်စုသူတွေ၊ ခရီးသွားဟန်လွှဲ ၀င်ပွားကြသူတွေ ပဲ ပျားတုပ်ခံသွားရပြီး မအီမလည်ဖြစ်နေကြတယ်ထင်တယ်ဗျ။ အခု ဝေမျှချင်တာလေးက ပျားတုပ်ခံရလို့ ခံစားနေရသူများ ဝေဒနာပြန်သက်သာပြီး ကြည်ကြည်လင်လင်ပြန် ဖြစ်သွားမလားလို့ပါ။ ကျေးဇူးဆိုတာကို အမြတ်ထုတ် ကိုယ်ကျိုးရှာ၊ မဏ္ဍိုင် တက်ပြတဲ့ လုပ်ရပ်တွေဟာ မကောင်းဘူးပြောတဲ့ ကိုပေါတို့ရဲ့ အဆိုကို complement အနေနဲ့ ကျနော်ဖတ်မိတဲ့ လှပတဲ့ကျေးဇူးတရား သတင်းလေးတခုဝေမျှပါရစေ။

Australia နိုင်ငံ Sydney harbor မှာ suicide spot ရှိတယ်တဲ့၊ မိမိကိုယ်မိမိသတ်သေချင်လောက်အောင် ဒုက္ခရောက်နေသူတွေ အနည်းဆုံး တစ်ပတ်ကို တစ်ယောက်လောက် ကမ်းနားကျောက်ဆောင်ပေါ်ကနေ ခုန်ချကြတဲ့ နေရာပေါ့။ အာဏာပိုင်တွေက လုံခြုံရေး အတားဆီးတွေ၊ ခြံစည်းရိုးတွေ လုပ်ထားပေမယ့်လဲ သေချင်သူများကတော့ အဲဒီနာမည်ကျော်နေရာကို အမြဲလာကြတယ်ဆိုပဲ။ အဲဒီ သေကြောင်းကြံတဲ့ သူများကို ကယ်ဆယ်နေတဲ့ Angel လို့ လူတွေတင်စားခေါ်ကြတဲ့ Richie ဆိုတဲ့ အဘိုးကြီးရှိသတဲ့။ အဘိုးကြီးရဲ့ အိမ်ဟာ အဲဒီ suicide spot ရဲ့ အနီးနားက ကားလမ်းရဲ့ တစ်ဖက်မှာရှိတယ်။ သူများ အမြဲတမ်း သူ့အိမ်ခြံဝင်းထဲမှာ စာအုပ်တစ်အုပ်ထိုင်ဖတ်ရင်း ကမ်းနားကျောက်ဆောင်တွေကို ထိုင်စောင့်ကြည့်တယ်။ သိပ်အန္တရယ်ရှိလောက်တဲ့ နေရာအနီးမှာ သေကြောင်းကြံမယ်ထင်ရလောက်သူ တစ်ယောက်ယောက် ကိုတွေ့ပြီဆိုတာနဲ့ သူဟာ အနားကိုသွားပြီး ကြင်နာဖော်ရွေတဲ့ အပြုံးနဲ့ လက်ဖက်ရည်လေး တစ်ခွက်လောက် လိုက်သောက်ပါလားလို့ သွားခေါ်တယ်။ သူ့အိမ်ကိုခေါ် ကျကျနန ဧည့်ခံပြီး စကားပြောတယ်။ သူ့ဇနီး အဖွားကြီး Moya နဲ့အတူ ဧည့်ခံရင်း သေကြောင်းကြံမယ့်သူတွေ ပြောပြတာကို နားထောင် ကြင်နာစွာနဲ့ အားပေးကြတယ်။ သူက counseling လုပ်တာထက် အခက်အခဲတွေကို ကျော်လွှားဖို့ အခြားနည်းလမ်းများကို လင်မယားနှစ်ယောက် ကြိုးစားပြောပြကြတယ်။ တခါတလေ နေ့လည်စာတွေ ဘာတွေတောင် အတူစားကြတယ်။ ဒီလိုနဲ့ သတ်သေချင်သူများဟာ စိတ်ပြောင်းသွားကြတယ်။ တခါတလေတော့လဲ အဖိုးကြီးခမျာ သူ့အသက်ပဓါနမထားပဲ အတင်းဝင်ဆွဲရလို့ သူပါ ပြုတ်ကျတော့မလိုလို မသေရုံတမယ်အဖြစ်တွေကလဲ ခနခနပဲ။

ကျော်ထင် said...

အဖိုးကြီး Richie ကယ်ဆယ်ခဲ့သမျှ လူတွေဟာ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ တရားဝင်စာရင်းအရ အယောက် ၁၆၀ ရှိပါပြီ။ ဒါပေမယ့် ဒါက ခန့်မှန်းခြေပဲဖြစ်ပြီး တကယ့် စာရင်းမ၀င်တာ အများကြီးရှိပါသေးတယ်။ အဖိုးကလဲ သူကယ်တာ ဘယ်နှစ်ယောက် ဆိုတာ မှတ်မထားပါဘူး။ သူ့ဟာသူ လုပ်စရာရှိတာ လုပ်တယ်ပဲ မှတ်ယူပုံပါပဲ။ သူနေတဲ့ နေရာဟာ အဲလို နာမည်ဆိုးတဲ့ကျော်ကြားတဲ့ နေရာမှာရှိလို့ စိတ်အနှောက်အယှက် မရှိဘူးလား မေးတော့ လူတွေကို ကယ်ဆယ်ခွင့်ရတဲ့ နေရာမှာ နေရတာ မကောင်းဘူးလားလို့တောင် ပြန်မေးပါတယ်။ သူ မကယ်ဆယ်လိုက်နိုင်တဲ့ သူတွေရဲ့ အလောင်းကောက်ရာမှာလဲ သူဟာ အားကြိုးမန်တက် ၀ိုင်းကူလေ့ရှိတယ်။ ပြီးရင် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို သူ့အိမ်မှာခေါ် ဧည်ခံပြုစုလိုက်ပါသေးတယ်။

ဒီလိုနဲ့ပဲ အဘိုးကြီး Richie နဲ့ ဇနီး Moya တို့ကို Angel မောင်နှံအဖြစ် လူတွေက တင်စားခေါ်ဝေါ်လာကြပြီး အစိုးရက နိုင်ငံဂုဏ်ဆောင် နိုင်ငံသားဆု ချီးမြှင့်တာခံကြရပါတယ် ( ကျနော်တို့ရဲ့ ပြည်သူ့ဂုဏ်ရည် ကိုကျော်သူလိုပေါ့)။ Richie က သူ့အိမ်ဧည့်ခန်းမှာ သူကယ်ဆယ်ဖူးတဲ့ သူတစ်ယောက်က ရေးဆွဲထားဟန်ရှိပြီး သူ့စာတိုက်ပုံးထဲမှာထည့်သွားတဲ့ You are an angel ဆိုတဲ့ အမည်တပ်ထားတဲ့ ပန်းချီကားလေးကို တမြတ်တနိုးချိတ်ထားတယ်။ လူတွေကို ကူညီခြင်း၊ ကယ်ဆယ်ခြင်းဟာ သူ့ပျော်ရွှင်မှုပါပဲတဲ့။ အဲသလို အဖိုးကြီး Richie ဟာ ကိုယ်တိုင်ကတော့ ကင်ဆာရောဂါကြောင့် သူ့ရဲ့ နေ့ရက်တွေကို ရည်တွက်နေရသူဖြစ်တယ်တဲ့။ အတော်လေးရှည်သွားပြီမို့ အသေးစိတ်ဖတ်ရှုချင်သူများ အောက်ပါ လင့်ကိုဖတ်ကြပါ။
http://news.yahoo.com/s/ap/20100613/ap_on_re_as/as_australia_the_suicide_watchman

ကျော်ထင် said...

ပို့စ်နဲ့ ပတ်သက်ပြီး ပြောစရာတစ်ခုရှိတာ မေ့သွားလို့။ စကားတော့ ကြိုခံပါရစေ ငြင်းတာမဟုတ်ဘူး။ review လုပ်ဖို့ remind လုပ်တယ်ပဲ မှတ်ယူစေချင်တယ်။
လူရိုင်းတွေ အ၀တ်အစားမ၀တ်ပဲ နေတာနဲ့ ယခု ယဉ်ကျေးမှုတိုးတက်နေတယ်ဆိုတဲ့ လူ့အဖွဲ့စည်းမှာ public nudity ကို တားမြစ်ထားတာ၊ အဲဒီနှစ်ခုရဲ့ အနှစ်သာရ သဘောသဘာဝ အလွန်ကွာခြားပါတယ်။

ကိုပေါ said...

ကိုဧရာ....

ကိုဧရာရဲ့ အမြင်ကို နှစ်သက် သဘောတူပါတယ်။

“ယဉ်ကျေးမှုဟာ ပြောင်းလဲနေတတ်ပါတယ်။ ယဉ်ကျေးမှုဆိုတာကို အရိုင်းမှ အယဉ်သို့ ပြောင်းလဲခြင်းဖြစ်စဉ်လို့ ယူဆပါတယ်။ ဒီတော့ ယဉ်ကျေးမှုကြောင့် လူဘွန်ဆိုင်းတွေဖြစ်ကုန်တာထက်၊ ယဉ်ကျေးမှုကို အသေဆုပ်ကိုင်ထားလို့ လူဘွန်ဆိုင်းတွေဖြစ်ကုန်တယ်လို့ မြင်မိပါတယ်။”

မှန်ပါတယ်။ ကျနော်တို့က civilization, culture, politeness, etiquette, manners တွေကို ယဉ်ကျေးမှုလို့ပဲ မြန်မာ ဝေါဟာရမှာ ယဉ်ကျေးမှု ဆိုတဲ့ စကားတခုတည်းနဲ့ သုံးလေ့ရှိကြတော့ (တခြားဝေါဟာရတွေ ရှိနိုင်ပါတယ်၊ ဒါပေမယ့် ယဉ်ကျေးမှုက အသုံးအများဆုံး ဝေါဟာရပါ) အဓိပ္ပါယ် ဝေဝါး၊ ရောထွေး သွားလေ့ရှိတာကတကြောင်း၊ အဲဒီအထဲကမှ Cultural manners, habits ကို အမြဲတမ်းအမှန်လို့ အသေဆုပ်ကိုင်ရာကနေ လူဘွန်ဆိုင်းတွေ ဖြစ်ကုန်တယ်လို့ တွေးမိတဲ့သဘောပါ။

ကိုဧရာပြောတာမှန်ပါတယ်။

“ယဉ်ကျေးမှုဟာ ပြောင်းလဲနေတတ်ပါတယ်။ ယဉ်ကျေးမှုဆိုတာကို အရိုင်းမှ အယဉ်သို့ ပြောင်းလဲခြင်းဖြစ်စဉ်လို့ ယူဆပါတယ်။”

civilization တွေ culture တွေဆိုတာ အမြဲတစေ ပြောင်းလဲနေပါတယ်။ အဲဒီအထဲမှာ တိုးတက်မှုတွေလည်း ပါပါတယ်။ ဥပမာ ကျောက်ခေတ်လူသားဘဝက အသိဉာဏ်ရည်နိမ့်ပါးလို့ မိမိရဲ့ ပကတိ ဗီဇစိတ်နဲ့ ဆန္ဒအလိုကို ရှေ့တန်းတင်ပြီး တပါးသူထိခိုက်မှာတွေကို လုပ်မိတာမျိုးတွေ ရှိပါလိမ့်မယ်။ အတွေးအခေါ်တွေ တိုးတက်လာပြီး ယဉ်ကျေးမှုတွေ တိုးတက်လာတဲ့အခါ အဲသည်လို သူတပါး နစ်နာမယ့် အလုပ်မျိုးကို မလုပ်ရမှန်းသိလာပြီး ကိုယ့်အလိုဆန္ဒကို ထိန်းချုပ်တာဟာ civilized ဖြစ်လာတာ၊ ယဉ်ကျေးလာတာလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ civilization တွေသာ ပြောင်းလဲသွားတယ်။ culture တွေသာ ပြောင်းလဲသွားတယ်။ တကယ့် ယဉ်ကျေးခြင်းရဲ့ အနှစ်သာရက မပြောင်းမလဲ တည်ရှိတယ်လို့ ကျနော်ထင်ပါတယ်။

အဲဒီယဉ်ကျေးခြင်းရဲ့ အနှစ်သာရဆိုတာ ဘယ်ကနေအခြေခံမလဲလို့ ကျနော်ယုံကြည်လဲဆိုတော့....

သူတဖက်သားအပေါ်မှာ “ကိုယ်ချင်းစာစိတ်” ထားတဲ့ စိတ်အပေါ်မှာ အခြေခံမယ်။ ကိုယ်ချင်းစာစိတ်ဆိုတဲ့အထဲမှာ ကျနော်တို့ ပြောပြောနေတဲ့ ဗြဟ္မစိုရ်တရားတွေထဲက “မေတ္တာနဲ့ ဂရုဏာ” နှစ်ခုက ထူးထူးကဲကဲ ပါလိမ့်မယ်။ အဲဒီ စိတ်နဲ့ ယှဉ်ပြီး လုပ်တဲ့ အပြုအမူတွေဟာ လူ့အဆောက်အဦးတွေ ဘယ်လိုပြောင်းပြောင်း၊ culture ယဉ်ကျေးမှုတွေ ဘယ်လိုပြောင်းပြောင်း၊ မပြောင်းမလဲပဲ တကယ်ယဉ်ကျေးတဲ့ အပြုအမူအနေနဲ့ ကျန်ရစ်မယ်။

ဆိုလိုတာက အဝတ်အစားမဝတ်ပဲ တောထဲမှာ အစိမ်းစားနေဆဲ လူမျိုးနွယ်စုတွေထဲမှာလည်း သူတဖက်သားကို ကိုယ်ချင်းစာစိတ်ရှိသူတွေ ရှိမယ်။ သူတဖက်သား လွတ်လပ်ခွင့်နဲ့အကျိုးကို မထိပါးသူတွေရှိမယ်။ အဲသည်လူတွေဟာ culture(ယဉ်ကျေးမှု) အရ ကျနော်တို့နဲ့ မတူပေမယ့်၊ သိပ္ပ၊ ဝိဇ္ဇ လူ့ကိစ္စတွေမှာ ကျနော်တို့လိုက်တိုးတက်မှုမရှိပေမယ့် ကျနော်တို့ စံနှုန်းအရ မယဉ်ကျေးဘူးလို့ ယူဆရပေမယ့် (လူရိုင်းတွေလို့ ခေါ်နေသေးတယ်လေ) စောစောကပြောတဲ့ ကိုယ်ချင်းစာစိတ်ကို ကိုင်စွဲထားသရွေ့ ယဉ်ကျေးတဲ့ အပြုအမူကို လုပ်တယ်လို့ ဆိုလိုပါတယ်။

နောက်ထပ် ဥပမာတခုက သားစိမ်း၊ ငါးစိမ်းပဲ စားနေတဲ့ လူရိုင်းတယောက်ဟာ သူ့နေရာကို မျက်စိလည်လမ်းမှားလာပြီး ဒုက္ခရောက်နေတဲ့ မသိတဲ့လူတယောက်ကို ကယ်တင်တယ်၊ ကူညီတယ်ဆိုရင် အဲသည်လူရဲ့ အပြုအမူဟာ လူရိုင်းပေမယ့် ယဉ်ကျေးတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အထက်ကပြောခဲ့သလို ကိုယ်ချင်းစာစိတ်ကို အခြေခံပြီး ပြုမူခဲ့တာမို့ပါ။ ဒါက တကယ်အနှစ်သာရ ယဉ်ကျေးမှုလို့ ဆိုချင်ပါတယ်။

“လူကြီးရှေ့မှာ ခါးကိုင်းသွားတာ၊ ရှင်လို့ ထူးတာ၊ ကျွန်တော်၊ ကျွန်မလို့ ပြောတာ၊ လုံလုံခြုံခြုံ ဝတ်စားတာ” စတာတွေကတော့ Cultural norms တွေလို့ ဆိုချင်ပါတယ်။ အဲဒီအရာတွေကို လက်ခံတဲ့ အသိုင်းအဝိုင်းမှာတော့ ဒါတွေဟာ အရေးပါကောင်းပါမယ်။ အသုံးဝင်ကောင်းဝင်မယ်။ တခုတော့ရှိတယ်။ ဒါတွေသာလျှင်အကောင်းဆုံး ဆိုပြီး တခြား culture တွေက ငါတို့ cultural norms တွေလောက် မကောင်းဘူး။ မယဉ်ကျေးဘူး လို့ ဆိုလာကြရင် အဲသည်လို ရှုမြင်သူတွေဟာ တကယ်တမ်းမှာ အသေဆုပ်ကိုင်သူတွေ ဖြစ်လာပါတယ်။ တဖက်တည်းမှာပဲ သူတပါးလွတ်လပ်ခွင့်နဲ့ စိတ်သဘောကို စာနာ နားမလည်နိုင်ဘဲ တပါးသူရဲ့ လွတ်လပ်ခွင့်ကို ဖိအားပေးအကြပ်ကိုင်ပြီး သူတို့ဖြစ်ချင်တဲ့အတိုင်း စေခိုင်းလာတယ်ဆိုရင် ကိုယ်ချင်းမစာသူတွေဖြစ်လာတဲ့အတွက် တကယ် “မယဉ်ကျေးသူ”တွေ ဖြစ်သွားနိုင်ပါတယ်။

(ဆက်ရန်)

ကိုပေါ said...

(အဆက်)

နောက်ထပ်ဥပမာတခုပေးရရင်..... ကျနော့် သူငယ်ချင်းထဲမှာ ဆရာ ဆရာမတွေကိုတောင် “ငါ” လို့ ပြောတဲ့ သူငယ်ချင်းတယောက်ရှိတယ်။ သူက တရုတ်မိသားစုက မွေးလာပြီး သူ့မိသားစုထဲမှာလည်း နင်၊ ငါ ပြောတာ နှုတ်ကျိုးနေတယ်။ သူ့ကို ငါ လို့ မပြောနဲ့လို့ ပြောမယ့် ညွှန်ပြပေးတဲ့လူ ရှိပုံမပေါ်ဘူး။ ဒါပေမယ့် အဲသလို ပြောရုံသက်သက်နဲ့ ဒီကောင့်ကို ကျနော် လူရိုင်းလို့ မသတ်မှတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကောင်ဟာ အဲသည်လို ပြောတာကလွဲလို့ အကျင့်ကောင်းတယ်။ သူတပါးနစ်နာအောင် ဘယ်တုန်းကမှ မလုပ်ဘူး။ သူ့ကို ယဉ်ကျေးတယ်လို့ပဲ သတ်မှတ်ပါတယ်။

အလားတူပဲ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် အပြောကတော့ ရိုင်းပါရဲ့။ ဒါပေမယ့် စိတ်စေတနာနဲ့ အပြုအမူမှာ ယဉ်ကျေးနေတယ်။ သူ့ကို wild ဖြစ်တယ်ပဲ ပြောလို့ရမယ်။ မယဉ်ကျေးဘူး ပြောလို့မရဘူး။

ကျနော်ပြောချင်တာက လူတွေဟာ action, deed တွေရဲ့ ယဉ်ကျေးမှုထက်၊ etiquette တွေကို အသားပေးလွန်းရာကျနေတယ်လို့ မြင်မိပါတယ်။

ကိုယ့်ဘာသာလည်း ပြောချင်တာတွေ များနေတဲ့အတွက် ကိုဧရာရဲ့ ကွန်မင့်ကို ထောက်ခံရေးသားရင်းနဲ့ ထုံးစံအတိုင်း ရှည်ရှည်ဝေးဝေး ကွန့် လိုက်ပါတယ်။း-)

ကိုပေါ said...

ကိုကျော်ထင်....

ကွန်မင့်ရှည်ကြီးအတွက် ကျေးဇူးပါ။ ပို့စ်နဲ့ မဆိုင်ပေမယ့်လည်း အကျိုးရှိရာရှိကြောင်း ရေးတာဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုကျော်ထင်ရဲ့ Public nudity နဲ့ ပတ်သက်လို့ ပြောရရင် အရှည်ကြီး ပြောရမှာမို့ ဒီပို့စ်မှာတော့ မပြောသေးဘူးလို့ စိတ်ကူးပါတယ်။ အဲဒီကိစ္စကလည်း တကယ့်ကို Controversial ပါပဲ။း-)

Law Shay said...

Ko Paw,

You rock !!! and you rap !!! (because I am a rap-fan)

ထုံးစံအတိုင်း ထပ်ဆင့် ဖော်ပြခွင့်ကလေး ... (အီးမေးလ်ကိုနော် lawshay@lawshay.com)

ကျေးဇူးကြိုတင်လျှက် ...

ဂျူနို said...

ကိုပေါရေ မအယ်လည်း ဘွန်ဇိုင်းပင်လေးတွေ တွေ့ရရင် ဘာမှန်းမသိ စိတ်ထဲက ဝမ်းနည်းတယ်။
ဒီအကြောင်းလည်း အိမ်မှာ ခဏခဏ ပြောဖြစ်ကြတယ်။

တကယ်တော့ အပင်ဘွန်ဇိုင်းထက် လူဘွန်ဇိုင်း ဖြစ်ခဲ့ရတာကို ဝမ်းနည်းတာပါ။

မပြော မလုပ် မရှုတ်တို့၊ စကားနည်း ရန်စဲတို့၊ လူကြီးကို ပြန်မပြောနဲ့တို့နဲ့ နည်းနည်းနောနော ပုံသွင်းခံခဲ့ရတာလား။

ဒီလို မသိမသာလေး နည်းနည်းပါးပါးလို ထင်ရတာကနေ စ သိသိသာသာနဲ့ နောက်ဆုံး ဘရိန်းဝတ်ခ်ျ လုပ်ခံရတဲ့ထိပဲ။

တကယ်တော့ ကျေးဇူးရှင်ကို ကျေးဇူးမကန်းရဘူး၊ တလုပ်စားဖူး သူ့ကျေးဇူးဆိုတာတွေက သိတ်အရေးပေး ပြောကြ ဆိုကြတဲ့ခါ လူတွေဟာ ကျေးဇူးရှိခဲ့ဖူးရင် မှားနေလည်း ပြန်မပြောကြတောဘူး။ မတရားလုပ်နေလည်း ငါ့အပေါ်ကျေးဇူးရှိခဲ့ဖူးတယ်နဲ့ ငြိမ်ခံကြတယ်။အသက်နဲ့ရင်းပီး ဘဝနဲ့ရင်းပြီး ကျေးဇူးဆပ်ကြတယ်။

ပါမစ် ချပေး၊ အလုပ်လေး ဘာလေးရအောင် ပြောပေး စတဲ့ အခွင့်အရေးတွေပေးတဲ့သူကို ထိုင်ဦးချပြီး ဘာဖြစ်နေနေ နုတ်ပိတ်နေလာတယ် မဟုတ်လား။

ကျေးဇူးတရားနဲ့ ကိုင်ကိုင်ပေါက်တာ၊ ကျေးဇူးရှင်ဆိုရင် မဟုတ်တာလုပ်နဲ့ မပြောနဲ့ မဝေဖန်နဲ့ဆိုတာတွေလည်း တနည်းတဖုံ ရိုက်သွင်းထားသလို ဖြစ်နေတယ်။

ဒီကျေးဇူးရှင် ယဉ်ကျေးမှုက နှစ်တွေကြာလာတော့ အမှန်လိုပဲ ဖြစ်နေပါပြီ။


မအယ်

ဖိုးတုတ် said...
This comment has been removed by the author.
Sonata Cantata said...

ကျေးဇူးပဲ ကိုပေါရေ... မူရင်းပို့စ် ထက်ရှည်တဲ့ ကွန်မင့်ကြီးကို ပို့စ်နဲ့ အတူ ကူးသွားပါတယ်။ (ပို့စ်ပြန် မတင်ပါဘူးဗျာ သိမ်းထားရုံပါပဲ :D)
- ဧရာ

ဖိုးတုတ် said...

ကိုသန်.၀င်း ခင်ဗျား

ခင်ဗျားရဲ. ကွန်.မန်.တွေကို သတိရနေပါ့မယ်၊ တစ်ခုတော့ မေးချင်တယ် မီဂါ ရန်ကုန်မြို.ကြီးလား၊ ဒါမှမဟုတ် မီးမလာ ရန်ကုန်မြို.ကြီး လားလို.၊ အေးပေါ့ဗျာ၊ လူ.ဘ၀ဆိုတာ ကလည်း ခရီးသွားတဲ့သူတွေ မဟုတ်ပါလား၊ ခင်ဗျား တော့ သွားနှင့်ဦးပေါ့၊ ကျွန်တော်လည်း အနောက်က လိုက်ခဲ့ပါ့မယ်၊

ကိုကျော်ထင် ခင်ဗျား

ခင်ဗျား ရဲ. ကွန်.မန်.က ဗဟုသုတရစေပါတယ်၊ ဆရာထောက်ပြတဲ့ ပို.စ် နဲ. လွဲချော်ပြီး ငြင်းကြ ခုန်ကြ တာကိုလည်း မှန်ပါ့၊ ကျွန်တော့် ရဲ. ကွန်.မန်.တွေကို ပြောနေသလားလို. တောင် ထင်မိပါတယ် ၊ ကျွန်တော်ဟာ တစ်ယောက်သော သူကို ပျားမလေး၊ ကျားမလေး လို. နာမည်ဖျက်ခဲ့ပါတယ်၊ ကျွန်တော့် ရဲ. ဟိုခုန်၊ ဒီခုန် ကွန်.မန်.တွေနဲ. ကိုယ့် ဖာသာကို ကိုကိုမျောက်လို.တောင် နာမည် ပြောင်းချင်ပါတယ်၊ (၀ဋ်လည်တယ်ဆိုတာ ဒါမျိုးလား)
ဒါပေမဲ့ ကျွန်တော် တို.ဟာ ပတ်ဝန်းကျင် ၊ စနစ်တွေနဲ. ပတ်သက်တာတွေကို ကွန်.မန်. နေတော့ တစ်ခါတစ်လေ အခြားသူတွေ နဲ. ခလုပ်တိုက်မိတာပေါ့ဗျာ၊ ကျွန်တော်လဲ ဘယ်သူ.ဘက်မှ မလိုက်ပဲ ထင်ရာတွေ လျောက်ရေးနေတာပါ ၊ ပုဂ္ဂိုလ်ရေးရာ ၊ အမည်တွေနဲ. တိုက်ရိုက်ပြောတာကို တော့ အတတ်နိုင်ဆုံးရှောင်ပါတယ်၊ နည်းနည်းပါးပါးတော့ ပြောမိမှာပေါ့၊ ကျွန်တော် အမှန်အတိုင်း ၀န်ခံရရင်တော့ ဟိုတလောက ပေးခဲ့တဲ့ ဘလော့ဂါ အကယ်ဒမီ ရခဲ့တဲ့သူတွေကို အရမ်းအားကျခဲ့တယ်၊ အဲဒီသူတွေလောက်လည်း ကိုယ်က အဆင့်မမှီတော့ အဲဒီဆုကြီးကိုလည်း မမှန်းနိုင်ဘူးပေါ့ဗျာ၊ ဒါပေမဲ့ နောက်တစ်ခါ အဲဒီလို ဆုပေးပွဲကြီးမှာ ကွန်.မန်. အကယ်ဒမီ ဆုတစ်ခုကိုဖန်တီးပြီး ပေးလာခဲ့ရင် ကိုယ်များရလေမလားဆိုပြီး ဟုတ်တာ မဟုတ်တာ ၊ ပို.စ်နဲ.မဆိုင်တာ၊ ဆိုင်တာတွေ သတိမထားမိတော့ပဲ ကျွန်တော့် ကွန်.မန်. က သူများ ကွန်.မန်.ထက်ရှည်နေရင် ဆု ရနိုင်မလား ဆိုပြီး စွတ်ပြီးရေးနေတာပါ ၊

ကဲ ပို.စ်နဲ.ဆိုင်တာ ကို မန်.ပါ့မယ် ၊

ဘွန်ဆိုင်းပင်လေးက စကားပြောတတ်မယ်ဆိုရင်
“ဥယျာဉ်မှူးကြီး ကိုပေါ ခင်ဗျား၊ ကျနော်လည်း သဘာဝအတိုင်းသာ လွတ် လွတ်လပ်လပ် ရှင်သန်ကြီးထွား ချင်တာပေါ့ ၊ အကိုင်း အခက် အလက်တွေ ဝေေ၀စည်စည်နဲ့ လေပြည်ထဲမှာ၊ မုန် တိုင်းထဲမှာ၊ မိုးသည်းထဲမှာ၊ နေပူကျဲထဲမှာ လောကဓံကို ကြံ့ ကြံ့ခံရင်း သူလိုငါလို သာမန် သစ်ပင်တပင်ဘ၀နဲ့ဘဲ ရှင်သန်ချင်တာပေါ့ဗျာ ၊
ရှင်သန်လို.ကရော ဘာထူးမှာလည်း၊ တရားဝင် လိုင်စင်ရတဲ့ မက္ခရာဒါးကြီး ကို ကိုင်ပြီးခုတ်မဲ့သူက ရှိနေတော့ ကျွန်တော်တို.ဘ၀က ဘာထူးမှာလဲ၊ မြန်မြန်သေဖို.ပဲရှိတော့တာပေါ့၊ ကြုံလီတဲ့  ဘ၀မှာပဲဖြစ်သလိုနေပါရစေ၊ ခင်ဗျားရဲ. စေတနာကိုတော့ ကျေးဇူးတင်ပါတယ်၊ ကြုံလီတဲ့ ဘွန်ဆိုင်း အပင်အနေနဲ.လည်း မနေချင် ၊ လွတ်လွတ်လပ်လပ် ဘွန်ဆိုင်း အပင်အနေနဲ. ရှင်သန်ချင်လဲ မြန်မြန်သေနိုင်တာမို. ကျွန်တော်တို.ဘ၀က ရွေးရခက်တဲ့ dilemma situation ပါဗျာ လို.ပြန်ပြောလိမ့်မယ် ထင်ပါတယ်၊ အားလုံးကျန်းမာ ရွှင်လန်း ကြပါစေ၊

ခရေဖြူ said...

ပိတောက်ရိပ်စာပေ၏ စင်တင်ကလောင်ရှင် မဒမ်ပေါ၏ လုံးချင်းပို့စ်အသစ် - ကျေးဇူးရှင်ကိုကိုပေါအတွက်။။။။ ဘလောက်ပဲ ဂင်းနေတော့မှာလားဟင်! ထွက်ပါတော့မည်။

ကိုပေါ said...

အားပါးပါး..... အသာလုပ်ပါ။ ခရေဖြူရဲ့ မှတ်ချက်ကိုတွေ့တော့ မဒမ်ပေါက ခရေဖြူကို ကျေးဇူးတင်နေပုံပဲဗျ။ သူပြောချင်တာတွေကို ကိုယ်စားပြောပေးသွားလို့လေ။း-)

ခရေဖြူ said...

အဟဲ - ဘာလို့ဖြုတ်လိုက်တာလဲ?

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs