သနပ်ခါးအဖွဲ့မှ စီစဉ်တည်းဖြတ်သော “မြန်မာနိုင်ငံ-ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ၏ အသံများ” စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်ပြည့် မွေးနေ့ နှင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ထဲမှာ မဒမ်ပေါရဲ့ ကဗျာတပုဒ်ကို ဖော်ပြထားတဲ့အတွက် ကျနော့်ဘလော့ဂ်မှာ မဒမ်ပေါကိုယ်တိုင် ရေးခြစ်ထားတဲ့ ပုံကလေးနဲ့အတူ ပြန်လည်မျှဝေလိုက်ပါတယ်။
A Place Called “Burma”
Prison without iron bars…
People always live in fear…
Midnight knocks you’ll get used to hear…
Heavy hearts are weeping with silent tears…and
Hope is the only thing people have for years…
That’s a place we call “Burma”
(by MDP)
---------------------------------
“မြန်မာပြည်”လို့ ခေါ်တဲ့နေရာ
သံတိုင်မဲ့ အကျဉ်းထောင်လို့
တင်စားရမယ့်နေရာ … …။
လူတွေဟာ
အမြဲ အကြောက်တရားနဲ့ပဲ နေထိုင်ကြရတဲ့ နေရာ … …။
သန်းခေါင်ယံ တံခါးခေါက်သံတွေကိုတောင်
နေသားကျလို့ ယဉ်ပါးကြရတဲ့ နေရာ … …။
လေးလံနေတဲ့ နှလုံးသားတို့
အသံတိတ် ကျိတ်လို့ ငိုကြွေးကြရတဲ့ နေရာ … …။
“မျှော်လင့်ချက်”ကလွဲလို့ ဘာဆိုဘာမှ မရှိဘဲ
ကာလရှည်ကြာ နေခဲ့ကြရတဲ့ နေရာ … …။
အဲဒီနေရာဟာ
ငါတို့ “မြန်မာပြည်”လို့ ခေါ်နေကြတဲ့ နေရာတခုသာ … …။
(ရေးသူ-မဒမ်ပေါ)
ပူးတွဲဖတ်ရှုရန်။...............။ Burmese women speak up for peace to mark Suu Kyi's 65th birthday (The Nation)
A Place Called “Burma”
Prison without iron bars…
People always live in fear…
Midnight knocks you’ll get used to hear…
Heavy hearts are weeping with silent tears…and
Hope is the only thing people have for years…
That’s a place we call “Burma”
(by MDP)
---------------------------------
“မြန်မာပြည်”လို့ ခေါ်တဲ့နေရာ
သံတိုင်မဲ့ အကျဉ်းထောင်လို့
တင်စားရမယ့်နေရာ … …။
လူတွေဟာ
အမြဲ အကြောက်တရားနဲ့ပဲ နေထိုင်ကြရတဲ့ နေရာ … …။
သန်းခေါင်ယံ တံခါးခေါက်သံတွေကိုတောင်
နေသားကျလို့ ယဉ်ပါးကြရတဲ့ နေရာ … …။
လေးလံနေတဲ့ နှလုံးသားတို့
အသံတိတ် ကျိတ်လို့ ငိုကြွေးကြရတဲ့ နေရာ … …။
“မျှော်လင့်ချက်”ကလွဲလို့ ဘာဆိုဘာမှ မရှိဘဲ
ကာလရှည်ကြာ နေခဲ့ကြရတဲ့ နေရာ … …။
အဲဒီနေရာဟာ
ငါတို့ “မြန်မာပြည်”လို့ ခေါ်နေကြတဲ့ နေရာတခုသာ … …။
(ရေးသူ-မဒမ်ပေါ)
ပူးတွဲဖတ်ရှုရန်။...............။ Burmese women speak up for peace to mark Suu Kyi's 65th birthday (The Nation)
15 comments:
မဒမ်ဇူးဇင် …
တိုတိုတုတ်တုတ်နဲ့ ထိထိရှရှ ရှိတဲ့ ကဗျာကောင်းလေး တစ်ပုဒ်ပါပဲ။
ဖတ်ဖူးပြီးသားပေမယ့် ထပ်ဖတ်ပြီး ထပ်ခံစားသွားပါတယ်။
Congratulation madam Paw!!! ပုံဖေါ်ထားတာရော ကဗျာလေးပါ သိပ်ပြီး အသက်ဝင်ပြီး အဓိပ္ပါယ်ပြည့်ဝပါတယ်။
မေ့ကျန်ခဲ့လို့ - ကိုပေါကို ကျောသွားပြီနော့်။ တော်ကြာ ကိုပေါက သူ့ထက် လူကြိုက်များသွားမှာစိုးလို့ မနာလိုအဖြစ်ပြီး ရေးခွင့်မပြုပဲနေလိုက်ဦးမယ်။ အရည်အချင်းတွေ အကုန်မထုတ်ပြနဲ့နော့်။
အစ်မကြီးရေ....ကောင်းတယ်ဗျ။
မျှော်လင့်ချက်ကလွဲလို့ ဘာဆိုဘာမှမရှိဘဲ
ကာလရှည်ကြာ နေခဲ့တဲ့ နေရာ...တဲ့လား
ဒီအတိုင်းဆို ကိုပေါတော့ ပင်စင်ယူလို့ရပြီ။
နောက်ဆို အစ်မကြီးပဲရေးတော့နော်....း)
မဒမ်ပေါကို ပြောပေးပါ။
ကဗျာလေးက မိုက်တယ်ဗျာ....
Well done MDP.
KP @ JP
မထင်ရဘူးဗျာ-
ကိုယ်ပိုင်ဘလောက်တစ်ခုလုပ်လိုက်တော့ -
ကိုယ်ပိုင်ကိုယ့် ဟန်နဲ့ လွတ်လွတ်လပ်လပ်ရှင်သန်တော
လေးစားလျက်ပါမဒမ်ပေါ-အဲ---အဲ မဒမ်းဇူးဇင်-
အပြစ်လုပ်ထားလို့ ကြောက်ရွံနေရတဲ့ လူတစ်ယောက်ရဲ့ ခံစားမှု့ မျိုးလို့ မြင်ပါတယ်။
Ko Paw said...
အေးဗျာ.... မခင်ဦးမေရေးတာ ဖတ်ရတော့....
ကျနော်တော့ ကိုယ်မွေးခဲ့ရာ အင်းလျားလမ်းက အိမ်ကို သတိရတယ်။ ခြံကျယ်ကြီးထဲက နှစ်ထပ်အိမ်။ နောက် ၁၀ နှစ်သားလောက်မှာ ရွှေတောင်ကြားမှာ နောက်ထပ် အိမ်တလုံး ထပ်ဝယ်တော့ ၅ နှစ်လောက် သွားနေဖြစ်သေးတယ်။ တက္ကသိုလ်ရောက်တော့ ဝင်ဒါမီယာက တထပ်တိုက်ပုလေးမှာ တယောက်တည်း သွားနေဖြစ်တာများတယ်။ ကျောင်းပြီးတော့ လှိုင်သာယာမှာ ပြောင်းနေတယ်။ အခုတော့ စင်္ကာပူမှာ ခြေသလုံးအိမ်တိုင်ပေါ့။
တကယ်တော့ ခြေသလုံးအိမ်တိုင်ဘဝက အလွတ်လပ်ဆုံးပါ။
(ခက်ဆစ်)
ခြေသလုံးအိမ်တိုင် = အိမ်တိုင်ကဲ့သို့ တုတ်ခိုင်သော ခြေသလုံး။
=========> ရယ်လိုက်ရတာ၊ အဲလို အသောလေးတွေက ကိုပေါမှ ရတာ။ sign in လုပ်ရမှာ ပျင်းလို့ ဒီမှာလာရေးတာ။ တုတ်ခိုင်သော ခြေသလုံးများကို မြင်ယောင်ရင်း၊ Giant ဘရန့်ကိုမှ ဝတ်တတ်သူ ကိုပေါ၊ ရှဲဒိုးရေးပီး မဒမ်ကို ဆွဲခေါ်နေတာလား၊ အစထဲက မဒမ်က ကိုပေါကို ရှဲဒိုးရေးပေးနေတာလား လား လား
အာ... ခရေဖြူကလည်း.. ကျနော်ရေးရင် ဒီထက် အများကြီး ပိုကောင်းတာပေါ့ဗျ...ငှဲငှဲ။
မဒမ်ပေါရဲ့ ကဗျာကို အားပေးသွားတဲ့ ဘလော့ဂ်ဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
မဒမ်ပေါရဲ့ ကိုယ်ပိုင်ဘလော့ဂ်က တချို့စာလေးတွေကို ကောင်းနိုးရာရာ ကောက်နှုတ်ပြီး နောက်ပိုင်းမှာ တင်ဆက်သွားပါဦးမယ်။
ကိုပေါ
မဒမ်ပေါရဲ့စာ ပရိုမိုးရှင်းလား
ကဗျာလေးက ကောင်းတယ်။
တီတီအယ်လ်
ကိုပေါ
မဒမ်ပေါရဲ့စာ ပရိုမိုးရှင်းလား
ကဗျာလေးက ကောင်းတယ်။
တီတီအယ်လ်
ကဗျာလေးက တကယ်ကောင်းတယ် ၊ တိုတို နဲ. အဓိပ္ပါယ် ထိမိပါတယ် ၊
နှစ်ယောက်စလုံး ပို.စ်တွေရေးနေတယ် ဆိုတော့ " မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုတာလား "
Hi Ko Paw & Ma'am Paw,
I am a regular reader here but never use to leave any comment. But i have to leave a comment here this time as I really really like her poem. A very good piece of poem and hope you would be able to produce more :)
ကိုပေါတို့မြန်မာပြည်မှာရှိနေတဲ့မိဘတွေခမျာလည်း သနားစရာပဲနော်
စလုံးခေါ်ထားပါလား
သူတို့ခမျာလဲ ကျီးလန့်စာစားနေရရှာမှာ
Post a Comment