ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်သားဖွယ် စကား

Share |
ရှေ့ပို့စ်ထဲက ကွန်မင့်ကဏ္ဍမှာ အမည်မသိတယောက်က လာရောက် ညွှန်းဆိုသွားလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလေးကို ရှာဖွေကြည့်ရှုမိပါတယ်။ လက်တလော ကျနော်တို့တွေ ရေးသားနေကြတဲ့ အကြောင်းအရာနဲ့ ထပ်တူထပ်မျှကျပြီး ကျနော်ကိုယ်တိုင်လည်း နှစ်ခြိုက်မိတဲ့အလျောက် ပို့စ်အတိုလေး အဖြစ် သီးသန့်တင်လိုက်ပါတယ်။

"It is not a sacrifice, it's a choice. If you choose to do something, then you shouldn't say it's a sacrifice, because nobody forced you to do it"
- Aung San Suu Kyi-

မြန်မာလို ဘာသာပြန်ဆိုကြည့်ရမယ်ဆိုရင်.....

“ဒါဟာ စွန့်လွှတ်အနစ်နာခံတာ မဟုတ်ပါဘူး။ ဒါဟာ ရွေးချယ်မှုပါပဲ။ သင်ဟာ တစုံတခုကို ပြုလုပ်ဖို့ ရွေးချယ်ခဲ့တယ်ဆိုရင် ဒါကို အနစ်နာခံတာပါလို့ သင့်အနေနဲ့ မပြောသင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်သူကမှ သင့်ကို ဒါလုပ်ရမယ်လို့ အတင်းဖိအားမပေးခဲ့တဲ့ အတွက်ဖြစ်ပါတယ်။”

ဒီ စကားကို ခေါင်းဆောင်တွေရဲ့ မှတ်သားဖွယ်ရာ စကားကောက်နှုတ်ချက်တွေမှာ ဖော်ပြထားခြင်း ခံရတာကို တွေ့ရပါတယ်။

ပူးတွဲဖတ်ရှုရန်။

(၁) “နှစ်သက်မိသော သူ့အမြင်”
(၂) ကျေးဇူးရှင် မှိုလိုပေါတဲ့ လောကကြီးအလယ်မှာ

82 comments:

Nge Naing said...

ဒါက ဒေါ်အောင်ဆန်းစုကြည်က သူလုပ်နေတဲ့အလုပ်ကို သူပခံယူချက်နဲ့ သူပြောတာသာ ဖြစ်တယ်။ သူ့ကို လူပုဂ္ဂိုလ် အနေနဲ့ ဒါကိုလုပ်ဖို့ ဘယ်သူမှ တောင်းဆိုလို့လုပ်ရတာ မဟုတ်၊ သူ့ဖါသာသူ လုပ်ချင်လို့ လုပ်တာဖြစ်တဲ့အတွက် သူ့အနေနဲ့ အနစ်နာခံတယ်လို့ မယူဆတာကို မငြင်းပါဘူး။ ဒါပေမဲ့ ကျွန်မတို့ နားလည်ရမှာက သူကို ဘယ်သူမှ ပုဂ္ဂိုလ်ရေးအရ တောင်းဆိုလို့ လုပ်တာမဟုတ်ဘူး ဆိုပေမဲ့ မြန်မာပြည်မှာ ဖြစ်နေနဲ့ အခြေအနေကြီးက သူ့ကို ဒါကိုလုပ်ဖို့ ဖိအားပေးနေပါတယ်။ သူက လစ်လျူရှုပြီး သူ့အစ်ကိုလို နေလို့လည်း ဘယ်သူမှ ဘာမှ ပြောမှာမဟုတ်ဘူး။ ဒါပေမဲ့ သူက ဒီလိုမနေဘဲ သူ့ဘ၀အတွက် ဘာမှ ပူပင်ကြောင့်ကြစရာ မရှိဘဲ သူ့မိသားစုနဲ့ အေးအေးဆေးဆေး သွားနေလို့ ရလျက်နဲ့ ဒီလိုလာပြီး မြန်မာ ပြည်သူလူထုအတွက် ဒုက္ခခံ၊ အနစ်နာခံနေတာကို အနစ်နာခံတယ်လို့ပဲ ပြောရမယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ဖါသာသူ ဘယ်လိုပဲခံယူပါစေ၊ ပကတိအခြေအနေက အိမ်ထဲမှာ အကျဉ်းကျခံရတာ ၀ါသနာပါလို့တော့ မဟုတ်ဘူး အနစ်နာခံတာပဲ ဖြစ်တယ်။

Andy Myint said...

It’s not a choice but a destiny. If one doesn’t choose, one will get forced anyway (by society). Out of two Aung San’s children, Daw Su accepted the destined task but not his brother. For that, people condemn him. (I’m not advocating this jerk). Same goes when you are destined to be a parent and not taking care of your children, you will get blamed too. When you get destined responsibility, “having to choose” is rather inevitable. By accepting the destined responsibility, she sacrifices. I salute her for that.

Andy Myint said...

ဟားဟား ကျွန်တော် မနက် ဖတ်မိကတည်းက စာစီနေတာ။ သြော်ဇီမှာ တူတူနေတဲ့ မငယ်နိုင်နဲ့ တိုင်ပင်ပြီး ရေးပုံပေါက်တော့မည်။ အင်္ဂလိပ်လိုက တမင်ရေးလိုက်တာ။ မြန်မာလိုဆို စကားပြန်နေရဦးမည် အဓိပ္ပါယ်နှစ်ခွ ထွက်နေဦးမှာစိုးလို့။ ပြီးတော့ ရေးချင်တာက ဒေါ်စုရေးထားတဲ့ စာအပေါ်မို့လို။

သေချာတာကတော့ မငယ်နိုင်နဲ့ ကျွန်တော် မတိုင်ပင်ထားဘူးဆိုတာပါပဲ။

ကိုပေါ said...

ကျနော့်အမြင်မှာတော့ မငယ်နိုင်ရဲ့ကွန်မင့်နဲ့ ကိုအင်ဒီရဲ့ ကွန်မင့် နှစ်ခုက မတူဘူး။ စိတ်ဝင်စားစရာကောင်းလောက်အောင် ကွဲလွဲနေတယ်။

မငယ်နိုင်ပြောတာ…. “သူက လစ်လျူရှုပြီး သူ့အစ်ကိုလို နေလို့လည်း ဘယ်သူမှ ဘာမှ ပြောမှာမဟုတ်ဘူး။” …. လို့ ပြောတယ်။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အောင်ဆန်းဦးလို နိုင်ငံရေးမှာ ဝင်မပါဘဲ နေလည်း ဘယ်သူက ဘာမှ ပြောမှာ မဟုတ်ဘူးလို့ ပြောတာ။

ကိုအင်ဒီ ပြောတကကျတော့….. “It’s not a choice but a destiny. If one doesn’t choose, one will get forced anyway (by society). Out of two Aung San’s children, Daw Su accepted the destined task but not his brother. For that, people condemn him.”

ကိုအင်ဒီ ဆိုလိုတဲ့ အဓိပ္ပါယ်ကို မြန်မာလို ပြန်ရရင်…. “ဒါဟာ ရွေးချယ်မှုမဟုတ်။ destiny သာလျှင်ဖြစ်တယ်။ မရွေးချယ်ခဲ့ရင် လူတွေက သူ့ကို လူ့အသိုင်းဝိုင်းက ပစ်ပယ်တာကို ခံရမယ်။

(ဒီနေရာမှာ နည်းနည်းလောက် ဖြတ်ပြောချင်တာက လူ့အသိုင်းအဝိုင်းက ပစ်ပယ်တာကို ခံရမှာကြောက်လို့ ကိုယ်စိတ်မပါဘဲ ရွေးချယ်ရတာဆိုရင် အဲဒါဟာ နည်းနည်းတော့ အပေါစားဆန်တယ်။ ကျနော့်အမြင်မှာ မြင့်မြတ်တယ်လို့လည်း မထင်ဘူး။ ဒေါ်စုဟာ လူတွေက ပစ်ပယ်မှာ ခံရမှာ ကြောက်လို့ လုပ်တယ်လို့လည်း ကျနော်မထင်ဘူး။ လူတွေ ပစ်ပယ်မှာကြောက်လို့ စိတ်မပါဘဲ လုပ်တဲ့လူတွေဟာ ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုတော့ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာကို ခံရသလိုပ။ဲ ကုသိုလ်မရ… အကုသိုလ်သာ ရလိမ့်မယ်) ။

ဆက်ပြီး ဘာသာပြန်ရရင်…. အောင်ဆန်းရဲ့ သားသမီးနှစ်ယောက်မှာ ဒေါ်စုကပဲ ဒီသတ်မှတ်ထားတဲ့ အလုပ်တာဝန်ကို လက်ခံလိုကတယ်။ သူ့အကိုက လက်မခံဘူး။ အဲဒီအတွက် လူတွေက သူ့ကို ရှုတ်ချကြတယ်။”

တခြားသူတွေကိုတော့မသိ၊ ကျနော့်အလိုအရဆိုရင် အောင်ဆန်းဦး မလုပ်ရုံသက်သက်နဲ့တော့ မရှုတ်ချပါဘူး။ ရှုတ်ချဘို့လည်း မသင့်ဘူးလို့ ထင်တာပဲ။ အခု အောင်ဆန်းဦးကို ရှုတ်ချတယ်ဆိုတာက မတရားမှုကို လုပ်နေတဲ့ နအဖနဲ့ပင်းတဲ့ လုပ်ရပ်တွေ၊ နောက် ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒုက္ခမရောက်ရောက်အောင် လုပ်တဲ့ မတရားတဲ့ လုပ်ရပ်တွေကြောင့်သာလျှင် ရှုတ်ချတာပါ။ ကျနော့်အမြင်မှာ ဒီနှစ်ခုကို မရောထွေးပါဘူး။ အဲဒီအချက်မှာ မငယ်နိုင်နဲ့ ကျနော် ထပ်တူကျပါတယ်။ ဒေါ်စုပြောချင်တာနဲ့လည်း ထပ်တူကျတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒီအလုပ်တွေလုပ်နေတာ သူကိုယ်တိုင်က သူ့ရွေးချယ်မှုကြောင့်လုပ်တာပါ လို့ ကြေညာထားပြီးဖြစ်တဲ့အတွက် ရွေးချယ်မှုဟုတ်တယ်၊ မဟုတ်ဘူးဆိုတာက ဆက်လက်အငြင်းပွားစရာမလိုဘူးလို့ ထင်ပါတယ်။

Anonymous said...

မငယ်နိုင်..

ှုI think you still confuse the two sides .“ပေးသူ” နဲ့ “ယူသူ”.

ဒေါ်အောင်ဆန်းစုကြည် --- ပေးသူ
ပြည်သူတွေ ----ယူသူ

“ သူ့ကို လူပုဂ္ဂိုလ် အနေနဲ့ ဒါကိုလုပ်ဖို့ ဘယ်သူမှ တောင်းဆိုလို့လုပ်ရတာ မဟုတ်၊ သူ့ဖါသာသူ လုပ်ချင်လို့ လုပ်တာဖြစ်တဲ့အတွက် သူ့အနေနဲ့ အနစ်နာခံတယ်လို့ မယူဆတာကို မငြင်းပါဘူး။ ”

ဟုတ်တယ်...rita, NLS, KP တို့ပြောနေတာ ဒီသဘော ဘဲ..“ ပေးသူ“ က အဲလို သူ့ကိုယ်သူ မယူဆသင့်ဘူးလို့ ပြောနေကြတာဘဲလေ.( အဲလို ယူဆနေသူတွေ ကို သာပြောနေတာ )

“ဒါပေမဲ့ သူက ဒီလိုမနေဘဲ သူ့ဘ၀အတွက် ဘာမှ ပူပင်ကြောင့်ကြစရာ မရှိဘဲ သူ့မိသားစုနဲ့ အေးအေးဆေးဆေး သွားနေလို့ ရလျက်နဲ့ ဒီလိုလာပြီး မြန်မာ ပြည်သူလူထုအတွက် ဒုက္ခခံ၊ အနစ်နာခံနေတာကို အနစ်နာခံတယ်လို့ပဲ ပြောရမယ်။ ”

ဟုတ်တယ်...အဲဒါက “ယူသူ” တွေဘက်က မြင်သင့်တဲ့အမြင်..အဲဒီလို မြင်စရာမလိုဘူး သူတို့မပြောခဲ့ကြပါ...It just depends on individual attitude only, so the level of appreciation can be different for different people.

အဲတော့ သူတို့ နဲ့ မငယ်နိုင် ဘယ်နေရာမှာ မှ လွဲနေတယ်လို့ မမြင်မိပါ

Have a nice day.

( Sorry for mixing with English sentences as I can't type Burmese that well)

Rita said...

June 11, 2010 11:01 AM မှာ ပြောသွားတဲ့ Anonymous, မငယ်နိုင်, ကိုပေါ တို့နဲ့ အမြင်ထပ်တူ ကျပါတယ်။ ရှင်းပြီးသားဖြစ်တဲ့ သဘောကို ထပ်ရှင်းဖို့ မလိုတော့ပါဘူး။

ဒါပေမဲ့ တခုပဲ ပြောစရှိတာက... မငယ်က သူဆိုလိုချင်တာဟာ ကိုပေါ၊ ကျွန်မတို့ ပြောချင်တာနဲ့ ကွဲလွဲတယ် လို့ ယူဆနေပုံရတယ်။

နောက် ပေးသူ ယူသူကို ကျွန်မတို့ ခွဲပြောနေပေမယ့် မငယ်က ရောနေတုန်း (သို့) ရောပြောနေတုန်းပါပဲ။ ပြီးတော့ ကိုမောင်လေးကို ကျွန်မပြောခဲ့တဲ့ သဘောမျိုးနဲ့တူတာ မငယ်နိုင် ရေးထားပါသေးတယ်။ ကာယကံရှင် လုပ်ချင်တာ မလုပ်ချင်တာ (ရွေးချယ်တာ မချယ်တာ) ကို ဘေးက စိတ်ကူးနဲ့ ဝင်ပြောရင်တော့ ချော်သွားပါလိမ့်မယ်။ ဒါပေမဲ့ ဘေးလူ အမြင်မှာ သူတို့ အနစ်နာခံတယ်လို့ မငယ်က ဝင်ပြောခဲ့တာကတော့ မမှားပါဘူး။ နိုက်တင်ဂေး ကိစ္စမှာ ကျွန်မ အတိအလင်း ပြောခဲ့ပြီး ဖြစ်တဲ့ သဘောတရားပါပဲ။

ဘေးလူအနေနဲ့ စွန့်လွှတ်သွားသူကို ဘယ်လိုပဲ ချီးမြောက်ပြောဆိုသည် ဖြစ်စေ၊ အမြင်တင့်တယ်ပါတယ်။

နောက် ဦးအောင်ဆန်းဦးနဲ့ ပတ်သတ်လို့ ကိုပေါနဲ့ ကျွန်မ အတွေးချင်း တူပါတယ်။
သူ့အနေနဲ့ နေသာသလို နေတဲ့ထိ ကျွန်မ အပြစ်မမြင်ပါဘူး။ အဖေက နိုင်ငံအတွက်လုပ်လို့ သားကလည်း လုပ်ကိုလုပ်ရမယ်၊ လုပ်သင့်တယ်လို့ သတ်မှတ်ရင် ဒါ ဘာမှ အဓိပ္ပါယ်မရှိဘူး။ သို့သော်... အိမ် နဲ့ ပတ်သတ်တဲ့ အမှုကိစ္စမှာတော့ ကျွန်မ သူ့လုပ်ရပ်ကို လုံးဝ အံ့သြစွာ ရှုံ့ချပါတယ်။

Andy Myint said...

Ko Paw, I didn’t say people accept destined task not to get blamed. People tend to condemn who does not accept though. Perhaps it’s only me (if not you guys) who got disappointed when this retarded guy did not involve as Daw Suu. Most importantly, what I wanted to say is that in her earlier political life, she didn’t have much choice but to accept what she was destined for. I wrote it wrong “It’s not a choice”. What I’m coming from is that she accepted all the destined responsibility rather than staying away and I just want to emphasise her sacrifice. (In my mind the fact that she chooses whatever she wants makes her sacrifices diminish and I’d rather want to say that she accepts whatever right to do.)

Anonymous said...

For us,
In the past as well as in the future, her sacrifices were never diminished and will never be diminished in the eyes and minds of the people. Eventhough she said it is her choice, we will/should still see it as a sacrifice.And it is the way it should be seen as from our side, the people.

For her,
She will always says it is her choice and will never ever say she has sacrificed her life for the people. And this is the way the true leader with his/her utmost sincerity should act and she does.
That is the reason why we admire her the most.

Rita said...

June 11, 2010 1:26 PM မှာရေးတဲ့ Anonymous ကို သဘောကျ/ တူ မိတယ်။

ဗမာစာနဲ့တင် မနိုင်တော့ဘူး။
English စာ ပါ ကူရတယ်။
နောက်ထပ် တရုတ်၊ ရုရှ၊ ဂျပန်၊ ဂျာမန်၊ ထိုင်း၊ မလေး၊ ဂရိ၊ စပိန်၊ ဟင်ဒီ၊ အာရဗစ်၊ ပါဠိ စသည် စသည် တတ်ကျွမ်းသူများအားလည်း ပါဝင်ဖို့ ဖိတ်ခေါ်ချင်စိတ် ပေါက်လာမိပါတယ်။

:)))

ကိုပေါ said...

ကိုအင်ဒီက ပြောတယ်။ “ People tend to condemn who does not accept though. Perhaps it’s only me (if not you guys) who got disappointed when this retarded guy did not involve as Daw Suu. ”

ဒေါ်စုလို ပါဝင်မပတ်သက်ရုံသက်သက်နဲ့ ရှုတ်ချအပြစ်တင်ရမယ်ဆိုတာ တရားနည်းလမ်းမကျသေးဘူးလို့ ထင်ပါတယ်။ ဒီလိုဆိုရင် ကျနော်တို့ ကိုအင်ဒီတို့ကိုလည်း ဒေါ်စုလိုပဲ ပါဝင်မပတ်သက်တဲ့အတွက် Retarded Guys တွေလို့ အောင်ဆန်းဦးက ပြန်ပြီး အပြစ်တင်မယ်ဆိုရင် တင်လို့ ရတာပေါ့။ Aung San Oo doesn’t owe you a living. အောင်ဆန်းဦးအပေါ်မှာ ကိုအင်ဒီတို့ ကျနော်တို့ ကျေးဇူးဘာမှ မရှိပါဘူး။ ဒီတော့ သူ့ဘဝကို သူသဘောကျသလို ရွေးချယ်နေထိုင်ခွင့်ရှိပါတယ်။ လွတ်လပ်တဲ့နိုင်ငံက လူတွေဆိုရင့် သူတို့ဘဝ၊ သူတို့နေထိုင်ပုံကို ကိုယ်ကသွားပြီး မိကျောင်းမင်းရေကင်းသွားပြရင် ( Judge လုပ်ရင) “Who are you to judge me? / How dare you judge me!” လို့ ပြန်ပြောလိမ့်မယ်ထင်တယ်။ လူတယောက်ဟာ သူ့ဘဝကို ကျနော်တို့ ဖြစ်စေချင်တဲ့အတိုင်း လိုက်နေစရာမလိုပါဘူး။ ဒါဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် (The freedom to pursuit of happiness) လို့ ခေါ်တဲ့ လူသားတယောက်ရဲ့ အခြေခံအကျဆုံး အခွင့်အရေးပါ။ လေးစားသင့်ပါတယ်။ အဲဒါကို သွားပြီး ကန့်သတ်တယ်ဆိုရင် ကျနော်တို့ဟာ အာဏာရှင်ဆန်သွားပါပြီ။

ကျနော်ပြောခဲ့တဲ့အတိုင်း အောင်ဆန်းဦးကို ကျနော်တို့ ရှုတ်ချနေတာဟာ နိုင်ငံရေးမှာ စွမ်းစွမ်းတမံ ပါဝင်ပတ်သက်မှု မရှိလို့ မဟုတ်ပါဘူး။ မတရားတဲ့ အမှုတွေကို လုပ်နေလို့ပါ။ မတရားတဲ့ ဗာလာနံတွေနဲ့ ပေါင်းပြီး ဗာလာန အမှုတွေကို ပြုနေလို့ပါ။

နောက်တခု ကိုအင်ဒီပြောတာက “ Most importantly, what I wanted to say is that in her earlier political life, she didn’t have much choice but to accept what she was destined for. ”

ကျနော်က အဲသည်လို မမြင်ပါဘူး။ ကျနော်တခါက ရေးခဲ့ဘူးတဲ့ “လွတ်လပ်မှုနဲ့ ရွေးချယ်ပိုင်ခွင့်” ဆိုတဲ့ ပို့စ်မှာ ပြောခဲ့သလိုပဲ… သိစိတ်နဲ့ ယှဉ်တဲ့ ဆုံးဖြတ်မှုတိုင်းဟာ ကိုယ့်ရွေးချယ်မှုအရသာလျှင် ဖြစ်ပါတယ်။ ဥပမာ…. သေနတ်နဲ့ နားထင်ကို ထောက်ပြီး တခုခုမေးလာမယ်ဆိုရင်တောင် ပြန်ဖြေမလား၊ မဖြေဘဲနဲ့ အသေခံလိုက်မလား။ ရွေးချယ်ပိုင်ခွင့်ရှိပါသေးတယ်။

အလားတူပဲ…. စကြဝတေးမင်းလုပ်မလား၊ ဗောဓိဉာဏ်ကိုရအောင် ဆက်လက်ကျင့်ကြံမလား။ ဒါဟာလည်း ရွေးချယ်မှုပါပဲ။

ထပ်ပြောပါမယ်။ သိစိတ်နဲ့ ယှဉ်တဲ့ ဆုံးဖြတ်မှုတိုင်းဟာ ကာယကံရှင်ရဲ့ ရွေးချယ်မှုအရသာ ဖြစ်လာတာတွေချည်းပါပဲ။

ဘာကြောင့် သိစိတ်နဲ့ ယှဉ်တယ်လို့ ထည့်ပြောနေရသလဲဆိုတော့…… ဥပမာ နာမကျန်းတာ၊ အက်ဆီဒင့်ဖြစ်တာ၊ စတဲ့ ဖြစ်ရပ်မျိုးတွေကျတော့ သိစိတ်နဲ့ ယှဉ်ပြီး ရွေးချယ်တာ မဟုတ်ဘဲ ဖြစ်သွားတဲ့ ကိစ္စတွေမို့ပါ။ ကိုယ့်အနားမှာ တယောက်ယောက်က ဟပ်ချိုးချေသွားလို့ ကိုယ့်ကို ကူးစက်သွားတယ်ဆိုရင် အဲဒါ ကိုယ့်ရဲ့ ရွေးချယ်မှုကြောင့်မဟုတ်ပါဘူး။

သိစိတ်နဲ့ ယှဉ်သမျှ ဆုံးဖြတ်ချက်တိုင်းဟာ ရွေးချယ်မှုပဲ။ ကိုယ်က ရွေးရဲသလား၊ မရွေးရဲဘူးလား။ အဲသည်အပေါ်မှာ မူတည်ပြီး ကိုယ်ဘယ်လမ်းကို ရွေးသလဲ ဆိုတာဖြစ်လာတယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ ရွေးချယ်မှုအကျိုးတရားကို ကိုယ်တာဝန်ယူရတာပဲ။ ကောင်းသည်ဖြစ်ဖြစ်၊ ဆိုးသည်ဖြစ်ဖြစ်။ တကယ်တော့ လောကကြီးမှာ လူတွေ ကိုယ့်လုပ်ရပ်ကိုယ် လိပ်ပြာမလုံတဲ့အခါ ထန်းလက်နဲ့ကာသလိုပြောကြားနေတဲ့ No Choice” ဆိုတဲ့သဘော လောကမှာ မရှိဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ဒီလမ်းကို သူ့စိတ်သဘောဆန္ဒနဲ့သူ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ သူအမှန်အတိုင်းပြောတာလို့လည်း ကျနော်ယုံကြည်တယ်။ ဘာကြောင့်လည်းဆိုတော့ သူ့ဆန္ဒမရှိရင် မရွေးဘဲ နေခဲ့ရင်လည်း ရလို့ပါပဲ။

Rita said...

(ကျနော်ပြောခဲ့တဲ့အတိုင်း အောင်ဆန်းဦးကို ကျနော်တို့ ရှုတ်ချနေတာဟာ နိုင်ငံရေးမှာ စွမ်းစွမ်းတမံ ပါဝင်ပတ်သက်မှု မရှိလို့ မဟုတ်ပါဘူး။ မတရားတဲ့ အမှုတွေကို လုပ်နေလို့ပါ။ မတရားတဲ့ ဗာလာနံတွေနဲ့ ပေါင်းပြီး ဗာလာန အမှုတွေကို ပြုနေလို့ပါ)

ကျွန်မအနေနဲ့လည်း အဲဒီအတိုင်း တသဝေ မတိမ်းပါပဲ။ ဒီ့ထက် ဒဲ့ပြောရရင် သူ 88 မှာ၊ အဲဒီနောက်ပိုင်းမှာ ပြန်မလာဘဲနေတဲ့ကိစ္စနဲ့ ပတ်သတ်လို့ ဘာမှ ဝေဖန်စရာ မရှိပါ။ ဗိုလ်ချုပ်အောင်ဆန်းသားဖြစ်လို့ အဖေခြေရာနင်းရမယ် လို့ သူ့ကို ဘေးလူက သွားဆုံးဖြတ်ဖို့ မသင့်ဘူးပဲ မြင်ပါတယ်။

နောက် ကြုံရတာ တစ်ခုရှိသေးတယ်။
စိုးသူကို ကျော်ဟိန်းကို စသဖြင့် ကျော်သူနဲ့ ယှဉ်လို့ ကဲ့ရဲ့စကားဆိုကြတဲ့အခါ...
ကျွန်မ အတော်ပဲ အံ့သြမိပါတယ်။

ကျော်သူ့ လုပ်ရပ်ကို ချီးကျူးတာ ထောက်ခံတာထိဟာ မှန်ကန်ပါတယ်။ ဒါပေမဲ့ သူ့လို မလုပ်တဲ့ သူနဲ့ နယ်ပယ်တူ လူတွေကို သူ့လို လိုက်မလုပ်ရကောင်းလားဆိုတာကတော့ တော်တော်အဆီအငေါ်မတည့်ဘူးလို့ ခံစားရပါတယ်။ ခု ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦး ကိစ္စမှာလိုပဲ။

ဒီ သဘောတရားတွေ ထည့်ရေးရင် နဂိုကမှ မရှင်းသေးတဲ့ ကိစ္စမှာ ပိုပြီး ရှု့ပ်လာနိုင်တာ တွေးမိပေမယ့် နဂိုတည်းက အရှုပ်တွေကို ရှင်းဖို့ ဝါသနာပါလာခဲ့တဲ့အလျှောက် (ကိုယ့်ဝါသနာနဲ့ကိုယ်) ရေးချလိုက်ပါတယ်။

Lun Lunn said...

ကိုပေါရေ …

သီချင်းထဲကလို နောက်တစ်ခါ လာပြန်ပြီဟေ့ … လို့ ပြောရတော့မယ်ထင်တယ်။

ကိုပေါ၊ မရီတာတို့နဲ့ ထပ်တူထပ်မျှ တူညီကြောင်းပါ။

ပေးသူ နဲ့ ယူသူ နှစ်ဖက် အမြင်နဲ့ အယူအဆကို ခုလောက် ရှင်းပြနေတာ နားလည်လောက်ပြီလို့ ယူဆရတာပါပဲ။

ဒီလိုပို့စ်မျိုးတွေ များများ တင်စေချင်တယ်။ မြန်မာလူမျိုးတွေ အတွေးအခေါ် အားကောင်းလာစေချင်တယ်။ ဒါဟာလည်း တိုင်းပြည်ကို တစ်ဖက်တစ်လမ်းကနေ အကျိုးပြုတာပါပဲ။

ဘလော့ဂ်တွေမှာ မြန်မာလူမျိုးဖြစ်ပြီး မြန်မာလို ရှင်းလင်း ထင်ရှားအောင် ရေးရတာကို အင်္ဂလိပ်လိုလောက် မကျွမ်းကျင်ဘူး ပြောတာ မကြာခဏတွေ့ရတယ်။ တစ်မျိုးကြီး ခံစားရတယ်။

ကလေးဘ၀ကတည်းက နိုင်ငံရပ်ခြားမှာပဲ ကြီးပြင်းခဲ့ရင်တော့ ပြောစရာ မရှိပါဘူး။ ဒါမှမဟုတ် ကျွန်တော်ကပဲ မြန်မာစာကို အင်္ဂလိပ်စာနဲ့ ယှဉ်ရင် နှိုင်းမရအောင် ကျွမ်းကျင်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မြင်တဲ့အတိုင်း ရေးမိတဲ့အတွက် စိတ်ခုရင်လည်း အင်း … မတတ်နိုင်ပါ။

Andy Myint said...

ကိုပေါနဲ့ ရီတာရေ... ဗိုလ်ချုပ် အောင်ဆန်းရဲ့ သားသမီးဆိုတာနဲ့ "ကိုပေါ"တို့ "အန်ဒီ"တို့ ဆိုတာတွေဆီက လူတွေရဲ့ Expectation က အများကြီး ကွာပါတယ်။ အဲဒီတုန်း လူတွေက သူ့ကို မျှော်လင့်ချက်တွေ ထားခဲ့ကြတာ မင်းလောင်းလိုလို အထိပါပဲ။ သူပါလို့ နိုင်ငံရေး အခြေအနေ တစ်မျိုးပြောင်းလဲသွားမလားကတော့ တမျိုးပါ။ လူတွေရဲ့ မျှော်လင့်ချက်ကို ပစ်ပြီး (နာအောင် ပြောရမည်ဆို) ကိုယ့်အတ္တ နောက်လိုက်သွားတာကိုတောင် သဘောထားကြီးနိုင်ပြီး သူတို့မောင်နှမ နှစ်ယောက် အမွေကိစ္စကျမှ ဘာလို့ ခွင့်မလွှတ်နိုင်ရမလဲ။ ထားပါ ဒါက ကျွန်တော်သူ့အပေါ်ဘာကြောင့် အမြင်မကြည်လင်ရတဲ့ အချက်ပါ။

ဒေါ်စုအပေါ်မှာတော့ သူမဟာ ကျရောက်လာတဲ့ တာဝန်တွေ အားလုံးကို သူ့ခင်ပွန်းနဲ့ သူမိသားစုကို စွန့်လွှတ်ပြီး ရဲရဲဝံ့ဝံ့ လက်ခံနေတာဟာ သူမရဲ့ Personal Choice ထက် အနစ်နာခံမူလို့ပဲ မှတ်ယူပါတယ်။

(ဒါကတော့ ကျွန်တော့်ရဲ့ သဘာထား အမှန်ပါပဲ။ ကျွန်တော် ထပ်ပြီး အရှည်ရှည် မဆွေးနွေးလိုတော့ပါဘူး။)

ko watote said...

OK. This is where I want to chip in. Please allow me to type in English as I can’t use Burmese at work.

First of all, Aung San Suu Kyi’s quote, if it is her real quote, I think it’s flawed. And I’ll explain more about it in my post later. I respect her for showing comradeship, honesty, perseverance, her steadfast loyalty to the people of Burma and her colleagues. But her philosophical outlook is pretty pathetic. I can say it anytime, anywhere, in front of her supporters and herself. She doesn’t impress me one bit regarding her ability to argue philosophical propositions. According to a writer in one of her books, she didn’t go to Oxford to read PPE (Philosophy, Politics and Economics) but Literature. But she was deemed not good enough to do literature and sent to PPE program. She didn’t enjoy it and after her first year or second year she asked to be transferred to Forestry degree which was turned down. What I’m trying to say is she’s not that smart at philosophy or politics. But that’s not to say that I don’t respect her. I always respect her for the stated reasons.

It may be true that Soe Thu and Kyaw Hein cannot be blamed for not being involved in social work like the way Kyaw Thu’s been involved. But I won’t consider their decisions wise. When you see someone is dying on the street, you are not obliged (at least in most societies) to help him. (That is not the case in France where such refusal to help is regarded as crime, which I think is very humane.) You can CHOOSE not to help the dying man on the street as much as Soe Thu and Kyaw Hein for choosing not to do the work Kyaw Thu’s been engaged in. What charges can anyone bring them except by telling them that they are being indifference to people’s sufferings. But a just, egalitarian society cannot be built with that attitude. This I can guarantee.

ko watote said...

Quite a few grammatical error in my post. Should have been more careful.

Anyway,'if it is her real quote, I think it’s flawed.' Please read 'I think is flawed.

'she didn’t go to Oxford to read PPE'
Please read she didn't go to Oxford with an intention to read PPE.

'social work like the way Kyaw Thu’s been involved' Please delete 'like'

'where such refusal to help is regarded as crime'
Please read 'regarded as a crime'.

Watote

ko watote said...

Everyone has a right to freedom, choose, refrain, etc etc...

But you should know that rights are not co-possible. I have a right to keep my knife anywhere I want but not in your chest. It's incompatible with your right to life.

More later, I'd better look away from the computer screen.. or I'll get a sack. :)

Mi Thant said...

BEFORE I LIKE YOU ALL ( KO PAW , RITA , WE SHE ME AND NGE NAING )
AFTER I HAVE READ YOUR COMMENTS ( I THINK NOT COMMENTS , SHOULD SAY DEBATE ), I AM VERY DISAPPOINTING ALL YOUR IMMATURE ATTITUDE. AS YOU KNOW " NOTHING IS EASIER THAN FAULT-FINDING"
DON'T WASTE YOUR PRECIOUS TIME !
OK, ALL?

Rita said...

(((လူတွေရဲ့ မျှော်လင့်ချက်ကို ပစ်ပြီး (နာအောင် ပြောရမည်ဆို) ကိုယ့်အတ္တ နောက်လိုက်သွားတာကိုတောင် သဘောထားကြီးနိုင်ပြီး သူတို့မောင်နှမ နှစ်ယောက် အမွေကိစ္စကျမှ ဘာလို့ ခွင့်မလွှတ်နိုင်ရမလဲ။)))

ကျွန်မ အနေနဲ့ ဘာမှ ဆက် မပြောတတ်အောင် ဖြစ်ရပါတယ်။ ကျွန်မတို့ အဲဒီ အချက်ကျကာမှ အဲလောက်ထိ ကွဲလွဲလိမ့်မယ်လို့လဲ မထင်ခဲ့မိဘူး။

ဒါ စိတ်ထဲမှာ ဘာမှ မရှိဘဲ ဒါကိုဖတ်ပြီးပြီးချင်း ဖြစ်လာတဲ့ စကားလုံးကို အရိုးသားဆုံးချရေးလိုက်တာပါပဲ။

တကယ်လဲ စိတ်ထဲမှာ မရှိပါဘူး။ ခုချိန်ထိလည်း ကိုအင်ဒီနဲ့ ကိုပေါ၊ ညလဆ၊ ကျွန်မဟာ ကျေးဇူးနဲ့ပတ်သတ်တဲ့ အယူအဆတခုကို ထိပ်တိုက်ငြင်းခဲ့ကြတယ် လို့ (ကျွန်မအနေနဲ့) လုံးဝ မထင်ခဲ့ပါဘူး။

ဒါဖတ်ပြီးတော့ အချိန်မှာတော့ ဒီတချက်ကျမှ ကွာခြားသွားလှချည်လား ဆိုတာကို တအံ့တသြ တွေးမိရပါတယ်။

လေးနက်စေချင်လို့ ထပ်ပြီး ပြောပါမယ်။ အဲဒီအတွက် စိတ်ထဲမှာတော့ ဘာမှ မရှိပါ။ မတူပါလားဆိုတာကို သိလိုက်ရရုံပါပဲ။

Rita said...

(လူတွေရဲ့ မျှော်လင့်ချက်ကို ပစ်ပြီး (နာအောင် ပြောရမည်ဆို) ကိုယ့်အတ္တ နောက်လိုက်သွားတာကိုတောင် သဘောထားကြီးနိုင်ပြီး)

ဒီနေရာမှာ တခုပြောချင်ပါတယ်။

သဘောထားကြီးတယ်ဆိုတဲ့စကားနဲ့ ဘယ်လိုမှ အံဝင်ခွင်ကျဖြစ်တယ်လို့ ကျွန်မ မထင်တာပါပဲ။ ကျွန်မတို့ သဘောထားကြီးပြီး ဆုံးဖြတ်ရမယ့်ကိစ္စလို့ကို မခံယူတာပါ။

ကိုပေါ said...

ကို Andy ရေ...

ကိုအင်ဒီရဲ့ နောက်ဆုံးကွန်မင့်ကို ဖတ်ရပြီးတဲ့နောက် ကျနော့်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းသားသမီး မဖြစ်ခဲ့ရတဲ့အပေါ် အများကြီး စိတ်သက်သာရာရသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုအင်ဒီရဲ့ အလိုဆန္ဒနဲ့ မျှော်လင့်ချက်အတိုင်း မဖြည့်ဆည်းပေးနိုင်ခဲ့ရင် Retarded guys လို့ အထင်ခံရကိန်းရှိလို့ပဲ။ လူတိုင်းသာ ကိုအင်ဒီ အတွေးမျိုးရှိခဲ့ရင် လူတိုင်းဆန္ဒကို မဖြည့်ဆီးနိုင်တဲ့ဘဝမှာ မတွေးဝံ့စရာပဲ။

နောက်တခုက ကိုအင်ဒီအနေနဲ့ စာဖတ်တာ လောကြီးတယ်ထင်ပါရဲ့။ စာရေးသူရဲ့ ဆိုလိုရင်းကို ကောင်းမွန်စွာသဘောမပေါက်ဘူး (Comprehend) မဖြစ်ဘူးလို့တောင် ဆိုရမလားမသိဘူး။ ဘာကြောင့်လဲဆိုတော့....

(၁) မငယ်နိုင်ရဲ့ ကွန်မင့်နဲ့ ကိုအင်ဒီရဲ့ ကွန်မင့် ကွဲလွဲပုံကို သတိထားမိပုံမရဘဲ ကိုအင်ဒီ့အနေနဲ့ အတူတူလို့ ထင်ခဲ့တယ်။

(၂) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားဟာ ပေးသူ (ထုတ်လုပ်သူ)ဖက်က ထားတဲ့စိတ်ထားဆိုတာရယ်၊ ကျနော်တို့ ရီတာတို့ ပြောနေတဲ့သဘောနဲ့ တထပ်တည်းကျတယ်ဆိုတာရယ်ကို သတိထားမိပုံ မပေါ်ဘူး။

(၃) ဒေါ်အောင်ဆန်းစုကြည် အနစ်နာခံတယ်လို့ ကိုအင်ဒီတယောက် (စားသုံးသူ)အနေနဲ့ ယူဆတာဟာလည်း ယူဆလိုက ယူဆနိုင်ကြောင်းကို ကျနော်၊ ရီတာနဲ့ အမည်မသိသူကပါ ဝိဝါဒ မကွဲဘူး၊ ကျနော်တို့ကိုယ်တိုင်လည်း ယူဆကြောင်း အကြိမ်ကြိမ်ပြောပြီးပါလျက် ကိုအင်ဒီအနေနဲ့ အဲဒါကိုပဲ ထပ်ဖန်တလဲလဲ ရေးနေတာကလည်း ကျနော်တို့ ဆိုလိုချက်ကို သဘောမပေါက်လို့ပဲလို့ ယူဆရမှာ ဖြစ်ပါတယ်။

တကယ်လို့ ဒီပို့စ်မှာ တင်ထားတဲ့ Quote နဲ့ ကျနော်၊ ရီတာတို့ ပြောနေတဲ့ သဘောတရားတို့ ကွဲလွဲတယ်ထင်ရင်လည်း ဘယ်နေရာမှာ ကွဲလွဲသလဲ သေသေချာချာ ထောက်ပြစေချင်ပါတယ်။

အောင်ဆန်းဦးနဲ့ ပတ်သက်တဲ့ကိစ္စမှာ သူနိုင်ငံရေးမှာ ပါဝင်မဆောင်ရွက်လိုဘဲ ဝေးဝေးနေတာ၊ (ပြောရရင် သူက မြန်မာနိုင်ငံသားတောင် မဟုတ်တော့ဘူးလို့ ပြောနေကြတာပဲ) သူ့အခွင့်အရေးပဲ။ သူ့အခွင့်အရေးမို့လေးစားတာဟာ ကျနော်တို့က သဘောထားကြီးပြတာမဟုတ်ပါဘူး။ အခွင့်အရေးကို လေးစားတာသက်သက်ပါပဲ။ ဒါကို ကိုအင်ဒီက ကျနော်တို့ သဘောထားကြီးပြနေတယ်လို့ ကိုယ့်သဘောနဲ့ကိုယ် လွဲမှားစွာ ယူဆတာသာလျှင် ဖြစ်ပါတယ်။

အိမ်အမှုမှာ သူလုပ်ပုံ၊ နအဖနဲ့ ပင်းပြီး လုပ်နေပုံတွေဟာ မတရားမှုကို ပြုလုပ်နေတာ ဖြစ်နေပါပြီ။ သူတပါးကိုလည်း ထိခိုက်နေပါပြီ။ နအဖနဲ့ ပင်းတဲ့ ကိုတေဇတို့ကို မတရားတဲ့လုပ်ရပ်အတွက် ရှုတ်ချသလိုပဲ သူ့ကိုလည်း ရှုပ်ချရပါမယ်။ အဲဒီမတရားမှုကို ကိုယ်နဲ့မဆိုင်သလို လက်ပိုက်ကြည့်နေလိုက်ရင် တချိန်မှာ ကိုယ့်ဆီကိုပါ အဲဒီမတရားမှုက လာရောက်ထိခိုက်မှာမို့ ကန့်ကွက်ရှုတ်ချနေခြင်းဖြစ်ပါတယ်။ ဒီလောက်ဆို ကိုအင်ဒီအနေနဲ့ ရှင်းပြီလို့ ယူဆပါတယ်။

ကိုပေါ said...

Zizawa (Ko watote),

ဒီဆိုရိုးစကားကို ဒေါ်အောင်ဆန်းစုကြည် မပြောဘဲ တခြားလူပြောလဲ ကျနော်ကတော့ သဘောတူဦးမှာပါပဲ။ တကယ်လို့ နဂိုကတည်းက ဒီအယူအဆကို မနှစ်သက်မလက်ခံခဲ့ဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်မကလို့ ဗိုလ်ချုပ်အောင်ဆန်းလာပြောလည်း ကျနော်လက်ခံချင်မှ လက်ခံမှာပါ။ ဘယ်သူပြောသည်ဖြစ်စေ ကျနော်လက်ခံနိုင်လောက်အောင် အကျိုးသင့်အကြောင်းသင့် ခိုင်ခိုင်မာမာ ပြောနိုင်တယ်ဆိုရင်တော့ သဘောထားပြောင်းချင်လည်း ပြောင်းသွားနိုင်သလို လက်မခံနိုင်ပဲ ဆက်ရှိချင်လည်း ရှိသွားမှာပါပဲ။

ဒါပေမယ့် အခု Quote လုပ်ထားတဲ့စကားဟာ ကျနော်တို့ အယူအဆနဲ့ ထပ်တူထပ်မျှ ကျရုံမက ကျနော်တို့ လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောထားတာဖြစ်တယ်ဆိုတဲ့အတွက် တိုးပြီး ဝမ်းသာတာတော့ ဖြစ်မိပါတယ်။ ဒါအမှန်အတိုင်းပြောတာ။ ဒါပေမယ့် ဘယ်သူနဲ့မှ မတိုက်ဆိုင်လည်း ကျနော့်သဘောထားကိုတော့ အများသဘောထားနဲ့ ကိုက်ညီအောင် လိုက်လံ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါဟာ ကျနော့်ရဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်ပါ။ ဘယ်သူမှ ပိတ်ပင်လို့ မရပါဘူး။

နောက်တခုက ကိုဝတုတ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီအယူအဆဟာ Pathetic ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကလည်း ကိုဝတုတ်ရဲ့ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ဖြစ်တဲ့အတွက် ထင်လို့ရပါတယ်။ ကျနော်တို့ ဘယ်လိုမှ စိတ်မရှိပါဘူး။ လွန်ခဲ့တဲ့ အနှစ်၂၀ အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွေးအခေါ်တွေနဲ့ ပတ်သက်လို့ ကိုဝတုတ်ထက် အပြန်တရာမက ဆိုးဆိုးရွားရွား ပြောကြ ဆိုကြတဲ့လူတွေ တလှေကြီးပါ။၊ သတင်းစာကြီးတွေထဲမှာ ရေးကြတဲ့လူတွေလည်း ရှိပါတယ်။ တခုတော့ရှိတယ်။ နအဖ သတင်းစာထဲတွေမှာ ရေးသူတွေကတော့ တဖက်သားကို တုန့်ပြန်ခွင့်မပေးဘဲ တဖက်စောင်းနင်း ရေးကြတာဆိုတော့ တရားမျှတမှုမရှိရာတော့ ရောက်ပါတယ်။

ကိုဝတုတ်ကပြောတယ်။ “According to a writer in one of her books, she didn’t go to Oxford to read PPE (Philosophy, Politics and Economics) but Literature. But she was deemed not good enough to do literature and sent to PPE program....တဲ့။

ကျနော့်အနေနဲ့ကတော့ သူမ ဘာ ဘာသာရပ်တွေ ယူခဲ့ မယူခဲ့ စိတ်မဝင်စားပါဘူး။ ကျနော်တို့ ကိုးကွယ်တဲ့ ဗုဒ္ဓလည်း အောက်စဖို့ တက္ကသိုလ်တက်ခဲ့တယ်လို့ မယူဆပါဘူး။း-) ဒါပေမယ့် အောက်စဖို့တက္ကသိုလ်ဆင်းတွေပြောတိုင်းလည်း ယုံချင်မှ ယုံမှာပေါ့။ ကိုယ်လက်ခံချင်မှ လက်ခံမှာပေါ့။ မဟုတ်ဘူးလား။

ဒါပေမယ့် တချို့လူတွေ ထင်ချင်နေသလို ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီစကားကို တကယ်မဟုတ်ဘဲ လူအထင်ကြီးအောင် ဖက်ရှင်လုပ်ပြီး ပြောတယ်လို့တော့ ကျနော် မထင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အယူဆကို အမှန်အတိုင်း ရိုးရိုးသားသားပြောတာလို့ပဲ ကျနော် ယုံကြည်တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ ကျနော်အလေးစားဆုံး အရည်အချင်းကလည်း အဲသည်လို ရိုးဖြောင့်ခြင်းပဲ။

ဘာပဲဖြစ်ဖြစ်.... ကိုဝတုတ်ရေးမယ့် Flawless ဒဿနဆောင်းပါးကိုလည်း ဖတ်ချင်ပါသေးတယ်။

ကျနော့်ပို့စ်မှာ လာဖတ်ပြီး အားပေးတဲ့အတွက် ကျေးဇူးပါ။

Rita said...

တကယ်လို့ ကျွန်မနဲ့ ကျွန်မ မောင် မိဘအမွေလုကြတယ် ဆိုရင် ဒါဟာ အမွေမှုထက် ဘာမှ မပိုတဲ့ အမွေမှုသာဖြစ်ပါတယ်။

ဒီလိုပဲ မြန်မာနိုင်ငံမှာ ခုလို အရေးကိစ္စတွေ ပေါ်မလာဘဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံခြားမှာ သူ့မိသားစုနဲ့သူ၊ ဦးအောင်ဆန်းဦးကလည်း သူ့ဘဝနဲ့သူ ရှိရာက မြန်မာပြည်က မိဘပိုင် အမွေဆိုင်အိမ်ကို လှမ်း လုကြတယ်ဆိုရင်လည်း ဒါဟာ အမွေမှုထက် ဘာမှ မပိုတဲ့ အမွေမှုသာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို အရေးကိစ္စတွေလည်း ဖြစ်နေခဲ့ပြီး၊ ကျဉ်းထဲ ကြပ်ထဲက ကိုယ့်သွေးသားလည်း တော်စပ်တဲ့၊ သူ့ကိုယ်ကျိုးကိုလည်း လုပ်နေတာ မဟုတ်တဲ့ ဒါ့အပြင် ဦးအောင်ဆန်းဦး ကိုယ်တိုင်မှာလဲ ဒီအိမ်ဟာ မက်လောက်စရာမဟုတ်တဲ့ အနေအထားမှာတော့ ဒါဟာ ရိုးရိုး အမွေမှုဆိုတာထက် ပိုတဲ့ ကိစ္စဖြစ်သွားပါတယ်။

တကယ်တော့ အဲဒါ ဦးအောင်ဆန်းဦးအနေနဲ့ နိုင်ငံရေးလုပ်လိုက်တာပါပဲ။

ကျွန်မ အဲဒီလို မြင်ပါတယ်။

ဖိုးတုတ် said...

တကယ်တော့ ဦးအောင်ဆန်းဦး နဲ. ဒေါ်အောင်ဆန်းစုကြည် တို. အိမ်အမွေ ကိစ္စဟာ သူတို.ရဲ. မောင်နှမ ကိစ္စသာ ဖြစ်ပါတယ်၊ ခုပြဿနာ က
ဒေါ်အောင်ဆန်းစုကြည် ရဲ. အနစ်နာခံမှု ကို လူတွေကြိုက်တယ်၊ ဦးအောင်ဆန်းဦး ကို နအဖ နဲ. ပူးပေါင်းတယ် ဆိုပြီး လူတွေက မုန်းကြတယ်၊ အဲဒီမှာ ပုဂ္ဂိုလ်ရေးအစွဲတွေ ပါဝင်လာတာဖြစ်ပါတယ်၊ ဒါတွေအားလုံး ဖယ်လိုက်ရင် မောင်နှမ နှစ်ယောက် ရဲ. အိမ်ပြဿနာပါပဲ ၊ မိဘပိုင်ဆိုင်တဲ့ အိမ်ကို ဦးအောင်ဆန်းဦး က သားအနေနဲ. သူရထိုက်မယ် ထင်တဲ့ အမွေကို တောင်းတယ်၊ သူရဲ.အခွင့်အရေး သူတောင်းဆိုတာ ဖြစ်ပါတယ် ၊ နှစ်ဦး နှစ်ဖက် amicably ဖြေရှင်းခြင်း (သို.မဟုတ်) တရားရုံး မှာ ဥပဒေနဲ.အညီ ဖြေရှင်းရမယ် ကိစ္စဖြစ်ပါတယ် ၊ ဘေးက လူတွေက တောင်ပြော၊ မြောက်ပြော ၊ ထင်ရပြောကြ နဲ. မောင်နှမ နှစ်ယောက် ပိုပြီးမုန်းတီး ၊ အခြေအနေ ပိုပြီး ဆိုးလာဖို.ပဲရှိပါတယ် ၊

Anonymous said...

First of all, I dont know who
is that chick Rita. But she won
my respect, and cheers for Ko Paw for compiling all of her comments in one post.

First of all, I will explain why do I dont like Jar Nel Kyaw.
I read that book 'Thu Lo Lu' when I was a teen decades ago. I think it is JarNelKyaw MaMa Lay's shameless attempt to boost her husband stature as if her hubby
was solely responsible for Burmesepre-Indepedencence attempt.
I never think he is an exceptional man but a bitter man who cannot go
to Univ of London. Fast forward, when I started reading the journal
'The Economist', sorry to say this but the fact is that I started to think that while the author is shameless, her character (her hubby) is pathetic.

He was a poor guy who was just translating or plagarizing the Economist magazine.

Make no mistake, I respect translators and authors those
who share their knowledge. But
I think JaNelJo Ma Ma Lay went overboard, she seemed to try
leading the reader to worship
her late husband. Try another
life old girl.

Next, I do feel loathesome for anti-government pygamies who claim they
have done this and that for country. To them the same, try another day, try to another fool. Good news for you! A sucker is born every minute so you can find a sucker and ask them to thank you. But not us.

Also, let me rant further as today is free Friday.

I have browsed some ex-ABSDF or ABCDE guys' or girls' blogs.
But I stopped browsing all together as nothing good there.
They are as worthless as those KyantPhont suckers' pathetic blogs. Sorry suckers, it is your time to get push in your little smelly asses.

I dont like you brownies either! Dont even think that I am your side. I am not like you guys who will swallow Than Shwe's and Aung Thaung's balls (Do your old men have balls by the way?).

Ok what I dont like about ex-ABCDE or sorry ABSDF or ABSF whatever
is that they are full of craps.

Am I alone? No one of my friends came across one pharase, translated
and quoted below.

'After leaving the battles, I started to forget how to do field strip M-16 rifle.'

One of my buddies told me while sipping beer that for someone who is experienced with small arms: automatic rifes and pistols for
10 years, he think that is crap. His words I quoted

'Field stripping is alike riding a bicycle, or swimming, once you can swim you can swim always, so that is a piece of crap from shameless suckers!'

So weed headed morons, if you blog, make sure you google first. Ok?
Do not bull shit, not all Burmese are fools like your mothers who has
beded with your fathers to bring you pathetic fools to this world. Oh sorry you guys or girls are sacrificing for us................

You will liberate us so that cronies of sucker Aung Thaung
and Than Shwe will be replaced with yours.

Let me finish in case, I feel
pity for Daw Su (yes I worship
her although I despise Aung San
Oo, and some opposition for their shallowness and stupidity) for wasting her life for useless
craps like those politicians and activists of all colours, races and religions begging in overseas.

Have a good weekend!

Anonymous said...

ဟုတ်ပါတယ်။ လူ့အခွင့်အရေးဆိုတဲ့ စကားကိုသုံးပြီး ပြောမယ်ဆိုရင် အောင်ဆန်းဦးကလဲ သားတယောက်အနေနဲ့ သူပိုင်ဆိုင်ရမဲ့ အိမ်မြေတ၀က်ကို တောင်းတာ သဘာဝကျပါတယ်။ ဒေါ်စုက သူ့ရွေးချယ်မှု့နဲ့ သူ အကျဉ်းကျပ်ခံ ဒုက္ခခံနေတာပဲ။ အောင်ဆန်းဦးက သနားပြီး စိတ်အနှောက်အယှက်မပေးနိုင်ရင်လဲ ရတယ်။ မသနားပဲ သူ့ရပိုင်ခွင့်သူတောင်းရင်လဲ မမှားပါဘူး။
နောက်တခုက နအဖလိုလူ့ဗာလာနံတွေနဲ့ ပေါင်းပြီးလုပ်လို့ ရှူံ့ချတယ်ဆိုတာ...
လူပဲ သူပေါင်းချင်တဲ့သူနဲ့ ပေါင်းခွင့်ရှိတာပဲ။ ကိုယ်ကမကောင်းဘူးသာ ထင်နေတာကိုး။ တကယ်မကောင်းရင်လဲ မကောင်းတဲ့သူကို ဆန့်ကျင်ချင်လဲ ရတယ်။ မဆန့်ကျင်ပဲ မသိချင်ယောင်ဆောင်နေချင်လဲရတယ် ဒါကိုယ့်အခွင့်အရေး၊ ဒါကိုယ့်ရွေးချယ်မှုပဲဆိုတဲ့ သဘောလဲ ပြောပြန်တယ်။ ကိုယ်နဲ့ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်တခုလုံးကို တကယ်လက်တွေ့ ဒုက္ခပေးနေတဲ့ အစိုးရကို လစ်လျူရှူတာ တကယ်ပဲ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးလို့ ယူဆရင် သူများမောင်နှမအမွေတောင်းတဲ့ကိစ္စမှာ ၀င်မလွမ်းနေစမ်းပါနဲ့ဗျာ။ အောင်ဆန်းဦးကို နအဖက ဒုက္ခပေးနေတာမှ မဟုတ်ပဲ။ ကိုယ့်အတွက် မကောင်းပေမဲ့ သူ့အတွက်ကောင်းလို့ ပေါင်းတာ နားလည်စမ်းပါ။

thant win said...

SINGAPORE TEAM ( STRIKER = RITA , MID FIELD DEFENDER = KO PAW )
FAN = ( NYI LYNN SECK , LUN LUNN , MG LAY )
AUSTRALIA TEAM ( STRIKER = KO ANDY , MID FIELD DEFENDER = MA NGE NAING )
FAN = ( KOM / KO KO SAN / အရိုင်းဆန်သူ )
STAGE = SEMI FINAL

ဖိုးတုတ် said...

thant win သို. - ကျွန်တော့် နာမည် ပါနေလို. ပြုံးမိပါသည်၊ World Cup FEVER အချိန် နှင့် တိုက်ဆိုင်နေ၍ ရေးသူ၏ idea ကိုလည်း ကြိုက်နှစ်သက်ပါသည်၊

ကိုပေါ said...

လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ ပြုမူပိုင်ခွင့်ဆိုတဲ့နေရာမှာ တခြားလူရဲ့ လွတ်လပ်ပိုင်ခွင့်ကို မထိခိုက်ဖို့လည်း လိုပါသေးတယ်။ ဒီလိုသာ မဟုတ်ရင် နအဖကလည်း စိတ်တိုင်းကျ နှိပ်စက်ပိုင်ခွင့်၊ထင်တိုင်းပြုပိုင်ခွင့် ရှိတယ်လို့ ကြွေးကြော်နေတော့မပေါ့။

ပထမဦးဆုံးအောင်ဆန်းဦးရဲ့ အိမ်အမွေဆိုင်မှုဟာ လွတ်လပ်တဲ့ နိုင်ငံတခုမှာ၊ လွတ်လပ်တဲ့ တရားခွင်တခုမှာ၊ လွတ်လပ်စွာ ခုခံပိုင်ခွင့် နှစ်ဖက်စလုံးမှာ ရှိတဲ့အချိန်မျိုးမှာ ဆိုင်တာဆိုရင် သူ့ကိစ္စပဲ။ ဘာစိတ်ဝင်စားစရာ၊ ဘာဝင်ပြောစရာ ရှိလဲ။

ဒါပေမယ့် အခု နအဖ အစိုးရဟာ တရားမျှတစွာ တက်လာတဲ့ အစိုးရလား။ နအဖလက်ထက် တရားစီရင်ရေးဟာ တရားမျှတတဲ့ တရားစီရင်ရေးလား။ နအဖက တရားရေးကို ဝင်မစွက်ဖက်တတ်တဲ့ အစိုးရမျိုးလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လာရင် နအဖက မှန်မှန်ကန်ကန် တရားမျှတစွာ ဆုံးဖြတ်တတ်တဲ့ အစိုးရလား။

ဒီအချက်တွေကို အရင်စဉ်းစားပြီးမှ အောင်ဆန်းဦးရဲ့ အမွေကိစ္စအပေါ်ကို ရှုတ်ချတာပါ။ မလွတ်လပ်တဲ့ တရားစီရင်ရေးအောက်မှာ အောင်ဆန်းဦးဟာ သူ့ဖက်ကို ပါမယ့် အစိုးရတစ်ရပ်အောက်မှာ အိမ်အမှုကို ဆိုင်တဲ့ ကိစ္စဟာ တရားမျှတတဲ့ ကိစ္စလား၊ ဖြစ်သင့်တဲ့ ကိစ္စလားဆိုတာကို စိတ်သန့်သန့်နဲ့ စဉ်းစား စေချင်ပါတယ်။

ဖိုးတုတ် said...

ကိုပေါခင်ဗျား၊ ကိုပေါ ပြောတဲ့ နအဖ တရားစီရင်ရေး ဟာ တရားမမျှတဲ့ တရားစီရင်ရေးလို. ရေးထားတာ ကျွန်တော် မငြင်းပါဘူး၊ ၊ ဒါပေမဲ့ အဲဒီ ကိစ္စကို တရားရုံး မှာ မဖြေရှင်းရင် ဘယ်မှာ သွားပြီး ဖြေရှင်းရမှာလဲ၊ အကြားအမြင် ဆရာ ၊ ဗေဒင်ဆရာ ၊ ဆိုက်ကားသမား တစ်ယောက် ဆီမှာ သွားပြီးဖြေရှင်းရမှာလား ၊ စကားကပ်ပြီး ပြောတယ်လို. မထင်စေချင်ပါ ၊ ကျွန်တော်ဆိုလိုချင်တာက လောလောဆယ် တရားမျှတ ၊ မမျှတ တာထက် ရှိနေတဲ့ တရားရုံး မှာဘဲ ဖြေရှင်းရမှာပဲ ၊ မရီတာ က ဒီအိမ်ဟာ ဦးအောင်ဆန်းဦး အနေနဲ. မက်လောက်စရာ မရှိဘူးလို. ဆိုထားပါတယ်၊ တကယ်တော့ အဲဒီအိမ်က အင်းယားကန်စောင်း မှာ ဆောက်ထားပြီး တကယ့်ကို ကောင်းတဲ့ နေရာပါ ၊ အမွေတစ်ဝက်ဆိုရင်လဲ ခုကျပ်ဈေးမြင့်တဲ့ အချိန်နဲ. ဆိုရင် US dollars တော်တော်တန်နေပါတယ် ၊ ပိုက်ဆံချမ်းသာသူများဟာ ပိုက်ဆံကို ပိုပြီးလိုချင်ကြပါတယ်၊ (ကျွန်တော်အိမ်ပွဲစား မဟုတ်ပါ ၊ ဒေါ်လာ နဲ. ကျပ် အရောင်းအ၀ယ် လုပ်စားနေတဲ့ သူလည်း မဟုတ်ပါ) ၊ အိမ်ကိုမက်လောက်စရာ မရှိဘူးလို. ထင်နေတဲ့ အတွက် ပြောပြရခြင်းသာ ဖြစ်ပါတယ် ၊

ကိုပေါ said...

kokosan,

မှန်ပါတယ်။ မတရားတဲ့ တရားရုံးတွေဖြစ်နေပေမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့တော့ ရှောင်လွှဲလို့ မရဘဲ ဒီတရားရုံးတွေကိုပဲ အသုံးပြုနေရသပေါ့။ ကျနော်တို့ ပြည်သူတွေဘဝဟာ တကယ် စာနာ သနားဖို့ ကောင်းပါတယ်။ ဒီ့ပြင်နည်းလမ်းလည်း မရှိဘူးမို့လား။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင် ဒီအမှုမှာ တရားဥပဒေဘောင်အတွင်းကပဲ ပြန်ပြီး ရင်ဆိုင်ရတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုအခင်းတွေမှာလည်း မတရားပေမယ့် ဥပဒေဘောင်အတွင်းက ရင်ဆိုင်ရတယ်။ တရားမျှတမှု မရှိလို့ အဖြေက တဖက်စောင်းနင်း ထွက်လာတာကတော့ တကဏ္ဍပါပဲ။

ဒီအမှုမှာ ကျနော်ဘာကြောင့် ရှုတ်ချရသလဲဆိုတဲ့အချက်ကို ဥပမာ တခုနဲ့ ပေးပါမယ်။

မောင်ဖြူနဲ့ မောင်ဘဟာ ပစ္စည်းတခုကို ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားပြီး တရားရုံးကို သွားတယ်ဆိုပါတော့။ အဲသည်တရားရုံးဟာ တရားမျှတမှုမရှိတဲ့ တရားရုံးဖြစ်တဲ့အပြင် တရားရုံးမှာ သြဇာရှိသူတွေက မောင်ဘကို နှိပ်ကွပ်ဖို့ စောင့်နေကြတယ်ဆိုတဲ့ အချက်ကို မောင်ဖြူသိတယ် ဆိုပါစို့။ အဲဒါကို သိသိကြီးနဲ့ မောင်ဖြူက အကွက်ကောင်းနင်းပြီး အဲဒီအမှုကို ဆက်လက်ပြီး တရားရုံးကို သယ်သွားတယ်ဆိုရင် မောင်ဖြူဟာ မရိုးသားဘူး။ မတရားတဲ့နည်းနဲ့ ပစ္စည်းတခုကို အချောင်နည်းနဲ့ ရယူချင်တာလို့ပဲ ကျနော်ယူဆတယ်။

မောင်ဖြူအနေနဲ့ ဒီပစ္စည်းကို လိုချင်တာတော့မှန်တယ်။ အဲဒီအထိက ကျနော့်အနေနဲ့ တရားတယ် မတရားဘူး မပြောလိုဘူး။ ဒါပေမယ့် ကိုယ့်ဖက်ကနေ ပင်းပြီး မတရား ဘက်လိုက်ဆုံးဖြတ်ပေးတဲ့ ပစ္စည်းကို မောင်ဖြူက အသာမှိန်းပြီး ယူတယ်ဆိုရင် အဲသည် မောင်ဖြူကို ကျနော် အထင်လည်း မကြီးဘူး။ သူ့လုပ်ရပ်ကို ရှုတ်ချတယ်။ ဒါဟာ သူများပစ္စည်းကို နိုင်ထက်စီးနင်း ဒမြတိုက်ပြီး လုယူတာနဲ့ ဘာမှ မထူးခြားဘူး။ ဒါက ကျနော့်အမြင်။

ဒါကို တခြား ဘယ်လိုနည်းနဲ့ ဖြေရှင်းသင့်သလဲဆိုတာတော့ ဥပဒေကိုသိပ်မကျွမ်းကျင်တဲ့အတွက် ကျနော့်သဘောနဲ့ ကျနော်သာဆိုရင် မပြောချင်ဘူး။ အခုကိုကိုဆန်က အမေးရှိတယ်ဆိုတော့ ကျနော့်သဘောထားကို ကြိုးစားပြီး ဖြေပါမယ်။

ပြဿနာက နအဖ တရားရုံးသွားရင် နအဖက ဝင်စွက်ဖက်တာမျိုး ဖြစ်လာမယ့်အတွက် တရားမျှတမှုမရှိနိုင်ဘူး။ အောင်ဆန်းဦးဟာ ဒီအိမ်ကို သူရပိုင်ခွင့်ရှိတာလို့ ရိုးရိုးသားသား ယုံကြည်တယ်ဆိုရင် လွတ်လပ်တဲ့ တရားရုံးတခုမှာ နှစ်ဖက်သဘောတူ တရားရင်ဆိုင်နိုင်ပါတယ်။ မြန်မာပြည်က တရားရုံးဖြစ်စရာမလိုပါဘူး။ ကာယကံရှင်နှစ်ဦးလုံးက ရလာမယ့် အဖြေကို လက်ခံမယ်လို့ ကတိကဝတ်ထား သဘောတူကြမယ်ဆိုရင် အဲဒီနည်းနဲ့ ဖြေရှင်းနိုင်ပါတယ်။ အောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အတွက် ဒီကိစ္စမျိုး စီစဉ်ဖို့ဟာ မခက်ခဲနိုင်လောက်ဘူးလို့ ထင်ပါတယ်။ (ဒါတောင် ဒေါ်စုကို ရှေ့နေတွေနဲ့ ပုံမှန်ပေးတွေ့ဦးမှ တရားမျှတမှုရှိမှာ) အောင်ဆန်းဦးဟာ အမေရိကန်နိုင်ငံသားလို့ ကြားသိရတဲ့အတွက် (တပ်အပ်သေချာ သိတာတော့မဟုတ်ပါဘူး) အမေရိကန်နိုင်ငံက တရားရုံး ဒါမှမဟုတ် လွတ်လပ်တဲ့ ကြားနေနိုင်ငံတခုခုက တရားရုံးမှာ ဒီအမှုကို ဆိုင်သင့်ပါတယ်။ ဖြစ်လာတဲ့ အဖြေပေါ်မှာ နှစ်ဦးနှစ်ဖက် လက်ခံတယ်ဆိုရင် ပြီးတာပဲ။

ဒါကျနော့်အမြင်ပါ။ ဒီဖြေရှင်းနည်းဟာ အကောင်းဆုံးနည်းလို့ဖြင့် ကျနော်မဆိုပါဘူး။ လက်ခံချင်မှ လက်ခံပါ။ ဒီထက်ကောင်းတဲ့နည်းကို စဉ်းစားနိုင်သူတွေလည်း တပုံကြီး ရှိမှာပါ။

ko watote said...

ကိုပေါရေ

ဒေါ်စုနဲ့ ပတ်သက်ပြီးပြောတာက သူပြောတယ်ဆိုတဲ့ အဆိုဟာ (ဘယ်သူပြောပြော) flawed ဖြစ်နေတယ်လို့ ကျွန်တော်က ပြောတာပါ။ flawed ဆိုတာက technical ဆန်ပါတယ်။ မှားတယ်လို့ အဓိပ္ပါယ်တန်း မထွက်ပါဘူး။ နည်းလမ်းမကျဘူးလို့ ပြောတာက ပိုမှန်မယ်ထင်ပါတယ်။ ထားပါတော့။
ဒေါ်စု oxford သွားတဲ့ ကိစ္စကို ထည့်ပြောရတာက သူဟာ ဖီလော်ဆော်ဖီတို့၊ ပေါ်လက်တစ်တို့ထက် အင်္ဂလိပ်စာပေကို စိတ်ဝင်စားသူပါ။ နောက်သူဟာ ဒီဘာသာရပ်တွေမှာ တော်ပုံမရပါဘူး။ ဒါ့ကြောင့် သူ forestry ကိုပြောင်းဖို့လုပ်တာပါ။ ကျွန်တော်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ဟာ ဖီလော်ဆော်ဖီအပိုင်းမှာ အထင်ကြီးစရာ မရှိဘူးလို့ ပြောချင်တာပါ။ သူ့ရှေ့ လဲ ကျွန်တော်ပြောရဲပါတယ်။
ကိုပေါက ဒေါ်စုပြောတာ မပြောတာ အရေးမကြီးဘူး၊ ကိုပေါကိုယ်တိုင်က ဒီအဆိုကို နှစ်သက်တယ်ဆိုတော့လည်း ကိစ္စမရှိပါဘူး။ ဒေါ်စု ကိုယ်တိုင် ပြောပြော မပြောပြော ဒီအယူအဆကို ကိုပေါကိုယ်တိုင်က နှစ်သက်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မှတ်သားဖွယ်စကားလို့ ဘာ့ကြောင့် ခေါင်းစဉ်တပ်ထားသလဲဆိုတာ ရှင်းပြနိုင်မလားခင်ဗျ။
နောက်ကျွန်တော်ရေးမယ့်အကြောင်းအရာတွေကလည်း flawless လို့မပြောပါ။ ဒါပေမယ့် ကျွန်တော် အကြိုက်ဆုံးဆောင်းပါးက လူနဲ့လူ့အဖွဲ့အစည်းလို့ နံမယ်ပေးထားတဲ့ ဆောင်းပါးပါ။ ဒီဆောင်းပါးကို ပက်ပက်စက်စက် ဝေဖန်ဖို့ ကျွန်တော့် မိတ်ဆွေတွေကို ဖိတ်ခေါ်ပေမယ့် ခုထိ ဘာမှ မပြောသေးပါဘူး။ ကျွန်တော်ကိုယ်တိုင် စိတ်တိုင်းမကျတဲ့ အပိုင်းလေးတွေ အဲဒိဆောင်းပါးမှာ တွေ့ပါတယ်။ ဒါပေမယ့် ဘယ်သူတွေ ဘာပြောမလဲဆိုတာ စောင့်နေတာပါ။ ကျွန်တော်တို့ ဘလော့မှာ တင်ထားပါတယ်။
နောက်များမှ …..

Anonymous said...

What Ko Paw and Rita said was cristal clear. I just cannot understand why Andy Myint and Nge Naing were so confused about it. As DASSK is destined to be such she chose that way. She does not feel sacrificed for the people and the country because she herself chose this path. Eventhough she does not think that way it does not mean that we Burmese do not have to thank, appreciate or admire her. In the eyes and minds of most of the Burmese people we feel her sacrifices. It's a metter of attitude of the recipients. I have long accepted and tried to exercise this concept in my own ways.. The thing is you do not have to blow your own horn. When you do something if you feel you sacrifice for somebody you will have expectation on that person or you would feel imposed by that person. The degree of expectation and imposition depend on how much sacrifice you feel you put up with.When your expectation is not met your resentmet towards that person would grow. Consequently there would be a bitter relationship between these two. At least to me this concept gives me a piece of mind for I am a giver or producer or supplyer whatever you want to call.
I am all for this concept posted by NLS, Rita and Ko Paw.

Lun Lunn said...

ကိုဇီဇ၀ါသို့…

ဒေါ်စုရဲ့ Quote ကို ကျွန်တော်လည်း အရမ်းသဘောကျတဲ့ထဲမှာ ပါ၊ ပါတယ်။ ကျွန်တော့် Gtalk မှာတောင် ရံဖန်ရံခါ တင်လေ့ရှိပါတယ်။

ကိုဇီဇ၀ါက အဲ့ဒါ ကို နည်းလမ်းမကျဘူးလို့ ဆိုထားတဲ့အတွက် ဘယ်သို့သော အကြောင်းအချက်တွေကြောင့် နည်းလမ်းမကျသလဲဆိုတာ သိခွင့်ရရင် သိချင်ပါတယ်။ အတွေးအမြင်၊ အယူအဆ ဖလှယ်ခွင့်ရတော့ အားလုံးအတွက် အကျိုးရှိတာပေါ့။

ကိုဇီဇ၀ါရဲ့ ဘလော့ဂ်ကို သိခွင့်ရရင် သိချင်ပါတယ်။ လူနဲ့လူ့အဖွဲ့အစည်း ဆောင်းပါးကို ဖတ်ချင်လို့ပါ။ အတွေးအမြင် ဗဟုသုတနဲ့ လူတွေရဲ့ အသိအမြင်၊ စဉ်းစားဆင်ခြင်ပုံတွေကို သိခွင့်ရစေတဲ့ စာမှန်သမျှ နှစ်ခြိုက်ပါတယ်။

ပိတ်ရက်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ …

Anonymous said...

လွတ်လပ်တဲ့ တရားခွင်မှာ ဒေါ်စုဘက်က လွတ်လပ်စွာ ခုခံပိုင်ခွင့်ရှိလာမဲ့ အချိန်ကိုသာစောင့်ပြီး အောင်ဆန်းဦး အမွေတောင်းရမယ်ဆိုရင်...ကိုပေါတို့ ကျနော်တို့ သံသရာ အဆက်ဆက်ဖြတ်ပြီး နိဗ္ဗာန်ရောက်တဲ့ အထိတောင် သူ့မိဘအမွေကို သူ့သားခံစားရမယ်မထင်ပါဘူးခင်ဗျားးး
နောက်ပြီး ဒေါ်းစုက သူ့ရွေးချယ်မှု့နဲ့သူ လွတ်လပ်စွာခုခံပိုင်ခွင့် မရမဲ့ နေရာမျိုးမှာ ရှိနေတာ၊
ကိုပေါပြောသလိုပဲ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆိုပေမဲ့
တခြားလူရဲ့ လွတ်လပ်ခွင့်ကို မထိခိုက်ဘို့ လိုပါသေးတယ်။ အောင်ဆန်းဦးဘက်က သူလိုချင်တဲ့အချိန်တောင်းတာ သူ့လွတ်လပ်ခွင့်ပဲ။ ခုပဲ သူတို့ အသက်တွေ ရ၀နားဝန်းကျင်ရောက်နေပြီ။ ဒေါ်စုသာ သူ့ရွေးချယ်မှု့ကြောင့် ဒီလို အနှိပ်ကွပ်ခံရမဲ့ အခြေနေမျိုးမဟုတ်ရင် မလွတ်လပ်တဲ့ အနေမျိုးမဟုတ်ရင် သူ့မိဘ အိမ်ကို သားသမီး၂ယောက်ထဲက တယောက်က တ၀က်လိုချင်တာ ဘာမှပြသနာမရှိဘူး။ ရိုးရိုးလေးပဲ ပြီးသွားမှာ။ သူတို့မှာ ပေါများနေလို့ လှူပစ်ပစ်၊ လွှတ်ပစ်ပစ် ဒါသူ့အခွင့်အရေးပဲလေ။
သူ့ဘက်ပါမဲ့ အစိုးရဆိုတာလဲ သူ့အပြစ်မဟုတ်ဘုး။ သူ့ရွေးချယ်မှု့နဲ့သူ နိုင်ငံရေးပြန်မလုပ်တာကို နအဖက ၀မ်းသာအားရဖြစ်ပြီး ချီးမြှောက်ချင်တာဘယ်တတ်နိုင်မလဲ။
သူဒီအစိုးရကို မဆန့်ကျင်တာနဲ့ပဲ အလိုတူအလိုပါ သဘောမျိုးပြောလို့မရနိုင်ဘူး။ ဥပမာ မရီတာပေါ့။

Lun Lunn said...

ကိုပေါရေ …

ကျွန်တော် ဦးအောင်ဆန်းဦးကို ရှုတ်ချအပြစ်တင်တာက ကိုပေါ စဉ်းစားသလို အကုန် တူညီပါတယ်။ အမွေရဖို့ တရားစွဲတာတောင် သူ့အမွေ သူလိုချင်တာမို့ စဉ်းစားပေးလို့ ရသေးတယ်။ (တရားစွဲလို့ ရတဲ့နေရာ မြန်မာပြည်ကလွဲလို့ တစ်ခြားနိုင်ငံ ရှိ၊ မရှိ ကိုပေါပြောသလို ဥပဒေကြောင်းအရ သိပ်နားမလည်လို့။)

ဒါပေမယ့် ကိုပေါ ရေးသားသလိုပဲ သူ့ရဲ့ လုပ်ပုံလုပ်နည်းကို သဘောမကျလို့။ အရိုးရှင်းဆုံး မြင်သာအောင် ဖြည့်စွက်ပြောရရင် …

၁) သူတရားစွဲတဲ့ အချိန်အခါတိုင်းဟာ ဒေါ်စု အကြပ်အတည်းကျချိန်နဲ့ အမြဲတိုက်ဆိုင်နေခြင်း (သို့) သွေးရိုးသားရိုးလို့ ယူဆရန် ခက်ခဲခြင်း။

၂) ဖတ်ရသလောက် အမွေဆိုင်အိမ် ဖြစ်သော်လည်း နေရန် မသင့်တော်အောင် ပျက်စီးပါက လက်ရှိနေထိုင်သူရဲ့ လုံခြုံရေးအရ ပြုပြင်ခွင့်ရှိမှန်း သိသော်လည်း သိသာထင်ရှားစွာ နှောင့်ယှက်ခြင်း။ (ဦးအောင်ဆန်းဦး သိချင်မှ သိမှာလို့ စောဒက မတက်စေချင်ပါ။ သူမသိရင်တောင်၊ သူရဲ့ ရှေ့နေမှတစ်ဆင့် မလွဲမသွေ သိရှိမှာမို့ပါ။)

အဲ့ဒီလို အစ်ကိုတစ်ယောက်အနေနဲ့ ကိုယ့်သွေးရင်းချာ ညီမတစ်ယောက်ကို ဒုက္ခရောက်ချိန်မှာ မစောင့်ရှောက်တဲ့အပြင် သဘောထား သေးသိမ်စွာ နည်းမျိုးစုံနဲ့ အနှောင့်အယှက် ပေးနေခြင်း၊ မတရား ပြုလုပ်နေခြင်းတို့ကြောင့်ပါပဲ။

(ဒါတောင် သာမန် မောင်နှမ နေရာကနေ စဉ်းစားပြီး သူ့ရဲ့ လုပ်ရပ်ကို ရှုတ်ချအပြစ်တင်တာ။ ဒေါ်စုကို ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကောင်းစားရေးအတွက် ဆောင်ရွက်နေသူ၊ နိုင်ငံခေါင်းဆောင်နေရာကနေ မစဉ်းစားရသေးဘူး။)

ကိုပေါ said...

ဇီဇဝါ

“ကိုပေါက ဒေါ်စုပြောတာ မပြောတာ အရေးမကြီးဘူး၊ ကိုပေါကိုယ်တိုင်က ဒီအဆိုကို နှစ်သက်တယ်ဆိုတော့လည်း ကိစ္စမရှိပါဘူး။ ဒေါ်စု ကိုယ်တိုင် ပြောပြော မပြောပြော ဒီအယူအဆကို ကိုပေါကိုယ်တိုင်က နှစ်သက်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မှတ်သားဖွယ်စကားလို့ ဘာ့ကြောင့် ခေါင်းစဉ်တပ်ထားသလဲဆိုတာ ရှင်းပြနိုင်မလားခင်ဗျ။” လို့ မေးထားတယ်နော်။

ဒီစကားကို ဒေါ်စုပြောတာမဟုတ်လည်း နှစ်သက်တယ်ဆိုတာကတော့ ဒီ့အရင် ရီတာတို့ ပြောခဲ့တာတွေ ကျနော်တင်ထားတာဆိုကတည်းက ထင်ရှားခဲ့တာဆိုတော့ ကိုဝတုတ် (ဇီဇဝါ)လည်း ဒါကို ကိစ္စမရှိဘူးလို့ လက်ခံတာ သဘာဝကျပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်သားဖွယ်စကားလို့ ခေါင်းစဉ်တပ်ထားရတော့ “Daw Aung San Suu Kyi quote" ဆိုတဲ့ အင်္ဂလိပ်စကားကို ကျနော်နားလည်သလို ဘာသာပြန်လိုက်တာပဲခင်ဗျ။ ရှင်းရှင်းလေးပါ။ အင်တာနက်ပေါ်မှာလည်း quotes တွေနဲ့ ပတ်သက်လို့ ဒီလိုပဲ ဘာသာပြန်ကြတာတွေ့ဖူးပါတယ်။

ဒါပေမယ့် အမှန်အတိုင်း ပြောရရင် အဲဒီ ခေါင်းစဉ်ကို ကျနော်သိပ်မကြိုက်လို့ တင်ပြီးကာမှ ပြန်ပြောင်းဖို့ စိတ်ကူးပေါ်ခဲ့ဖူးတယ်။ မကြိုက်ဘူးဆိုတာ တခြားအကြောင်းကြောင့်မဟုတ်ဘူး။ ကျနော်ခေါင်းစဉ်ပေးရင် လူတွေ ဖတ်ချင်လာအောင် ခေါင်းစဉ်လေးတွေ စဉ်းစားပေးတဲ့ အလေ့အထရှိတယ်။ အဲသည်မနက်က ရုံးသွားကာနီးဖြစ်နေလို့ ကပျာကယာ ပေးလိုက်ရတဲ့အတွက် ခေါင်းစဉ်က ရိုးရှင်းသွားတယ်။ လူတွေက ဒီလို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဆိုအမိန့်တွေကို နိုင်ငံရေးဘလော့ဂ်တွေမှာ ဖန်တရာတေနေအောင် တွေ့ဖူးနေတာဆိုတော့ ဒီခေါင်းစဉ်မျိုးမြင်ရင် လာဖတ်ချင်ပါ့မလားလို့ တွေးမိပြီး ပြောင်းဖို့ စိတ်ကူးပေါ်ခဲ့တာ။ သို့သော် အဲသည်လို ခေါင်းစဉ်ပြောင်းလိုက်ရင် အညွှန်းလင့်ခ်ပေါ်နေတဲ့ တခြားဘလော့ဂ်တွေက ကလစ်ခေါက်တဲ့အခါ ပို့စ်ကိုမရောက်တော့ပဲ ရှာမတွေ့ဘူးဆိုတဲ့ သဘောမျိုး ဘလော့ဂ်စပေါ့မှာ ဖြစ်တတ်တော့ မပြင်တော့ဘူးဆိုပြီး လွှတ်ပေးလိုက်တာ။

Bino said...

"It is not a sacrifice, it's a choice. If you choose to do something, then you shouldn't say it's a sacrifice, because nobody forced you to do it"

Whatever they said I absolutely agreed with Daw Su's above words.

BINO

ko watote said...

အခြေအနေတခုကို စိတ်ကူးယဉ်ကြည့်ရအောင်ဗျာ။ မီးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်တယောက် အကြောင်းကြောင်းကြောင့် ခလေးက ၀မ်းထဲက မထွက်နိုင်ဖြစ်နေတယ်။ ခလေးရဲ့ အသက်နဲ့ အမေရဲ့ အသက် တခုခုကိုပဲ ရွေးရတဲ့ အခြေအနေမျိုး ရောက်လာတယ်ဆိုပါစို့။ ဘယ်သူ့အသက်ကို ရွေးရွေး တခုကိုရွေးရင် နောက်တခုကို sacrifice လုပ်ရမှာဘဲ။ ဘယ်သူကမှ ခလေးအသက်ကိုရွေးပါ၊ အမေ့အသက်ကို ရွေးပါလို့ force မလုပ်ဖူး။ ဒီနေရာမှာ ကိုယ့်ရွေးချယ်မှုဟာ sacrifice ပါနေတယ်။ ဒေါ်စုနေရာမှာဆိုရင် တခုကသူ့ခလေးတွေကို ပြုစုစောင့်ရှောက်ဖို့ အပါအ၀င် အင်္ဂလန်က သက်တောင့်သက်သာ ဘ၀နဲ့ ဗမာပြည်မှာ သူလုပ်သင့်တယ်ထင်တဲ့ အရာကို လုပ်ဆောင်မှု နှစ်ခုမှာ တခုခုကိုရွေးခဲ့ရတယ်။ သူဘာချည်းပြောပြော သူ့ရွေးချယ်မှုမှာ sacrifice ပါနေတယ်။ နောက်ဒေါ်စုပြောတဲ့ quote အရ (It’s not a sacrifice) ဆိုတာကို သေချာ ဖတ်ပြီး သေချာနားလည်ရင် ဒါဟာ fact လား သူ့ရဲ့ opinion လားဆိုတာ ရှင်းပါတယ်။ သူက သူ့ထင်မြင်ချက်ကို ပြောတာပါ။ ဒါ factually မှန်တဲ့ အဆိုမဟုတ်ပါဘူး။ To be fair ဘယ်သူကမှလည်း factually မှန်တယ်လို့ မပြောသေးပါဘူး။

(ကိုပေါက သူဘာ့ကြောင့် ပေးထားတဲ့ခေါင်းစဉ်တပ်သလဲ ရှင်းပြတာ အိုကေပါ။ ကျွန်တော့် စိတ်ထဲမှာ ကိုပေါက မျောက်အမြီးနဲ့မျောက်ပြန်ချည်(ချီ)ချင်လို့ ဒီလိုခေါင်းစဉ်တပ်တယ် စိတ်ထဲ မသင်္ကာတာနဲ့ စိတ်ထဲရှိတာကို အတည့်လှမ်းမေးတာပါ။ မဟုတ်ရင် ပြီးတာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ကိုပေါသဘောကျတယ်ဆိုတဲ့ အဆိုကို လက်မခံနိုင်သူတွေ၊ လက်ခံရ ခက်နေသူတွေက ဒေါ်စုကို အားပေးထောက်ခံသူတွေမို့ အဲ့သလို ပြောသလားလို့ ကျွန်တော်အထင်ကို မေးတာပါ။)

တခုခုကို ရွေးရတယ်ဆိုကတဲက မရွေးလိုက်ရတဲ့ အရာတခုကို စွန့်လွှတ်လိုက်ရတာပဲ။ (This is an analytic proposition. Please see www.zizawa.wordpress.com ဦးနှောက်စားကြည့်မယ်) economist တွေကတော့ forego လုပ်တယ်ခေါ်တယ်။ အဲ့တော့ ရွေးချယ်မှု မှန်သမျှမှာ သူ့အဓိပ္ပါယ်ဖွင့်ဆိုချက်အရကို မရွေးလိုက်ရတဲ့ အရာတခုကို sacrifice လုပ်လိုက်ရတာပဲ။ လောလောဆယ် ကျွန်တော် ဒီလောက်ပဲ ပြောချင်သေးတယ်။ ဒီ concept ကို သေချာ develop လုပ်ပြီးမှ ကျွန်တော်တို့ ဘလော့မှာ အသေးစိတ်ဆက်ပြောမယ်။

ko watote said...

နောက် ဒေါ်စုက အဲဒိ quote ကို John Pilger နဲ့အင်တာဗျူးမှာ ပြောခဲ့တယ်လို့ ကျွန်တော် မှတ်သားမိတယ်။ ဒါဟိုးလွန်ခဲ့တဲ့ ဆယ်ငါးနှစ်ကျော်လောက်ကပြောခဲ့တာ။ သူဒီလိုပြောသာ ပြောတာပါ။ နောက်ပိုင်းလူထုကိုတရားဟောပွဲတခုမှာ စွန့်လွှတ်ခဲ့ရတာတွေလည်း ကိုယ်ပဲ သိတာပဲလို့ သူပြောခဲ့တာ ကျွန်တော်မှတ်မိသလိုလိုရှိတယ်။ သူ့မိန့်ခွန်းတွေကို အတိအကျ မမှတ်ထားတဲ့ အတွက်သေချာတော့မသိဘူး။ အဲဒိတော့ သူ့ရွေးချယ်မှုမှာ စွန့်လွှတ်မှု ပါတယ်ဆိုတာ သူကိုယ်တိုင် ၀န်ခံတယ်လို့ ကျွန်တော်က ယူဆတယ်။ ဒါပေမယ့် အဲဒိ မိန့်ခွန်းအထောက်အထားလည်း မရှိတော့ ခက်တယ်။ ဒေါ်စုက သူပြောတာကို ပြန်ပြင်လည်း ကိုပေါက ဒီစကားကို ကြိုက်ကို ကြိုက်တဲ့အတွက် သူ့အတွက်အရေးကြီးမယ် မထင်ပါဘူး။ 

Anonymous said...

@Zizawa

In case you dont know, PPE is the flagship program at constituent colleges in Oxford Univeristy. Best brains go there to read PPE. Literature is for wimps, most
of British writers (some are doctors, some engineers think studying literature is a waste of time). There are less prominent authors who pursued Literature or language studies, perhaps paralysis by analysis. They analyse the art of writing and they cannot write anymore.

ko watote said...

After the second year, PPE students are required to choose P,P or E. The best brains are chosen to do philosophy. Literature is for wimps? That's precisely what Daw Suu wanted to do.
I won't say where I study. But try BPhil (Oxon) and you'll see the difference BA and BPhil at Oxford.

ko watote said...

I won't say where I studied. But try googling BPhil (Oxon) and you'll see the difference between normal BA and BPhil.

ko watote said...

Well you don't study literature with an intention to become a writer. Perhaps those who chose literature want to become literary critics. Don't assume too much and bigotry is not a virtue, anonymous.

ကိုပေါ said...

Zizawa...ရေ

ဇီဇဝါ (ကိုဝတုတ်)က ဒီလိုပြောတယ်။

“ကိုပေါက သူဘာ့ကြောင့် ပေးထားတဲ့ခေါင်းစဉ်တပ်သလဲ ရှင်းပြတာ အိုကေပါ။ ကျွန်တော့် စိတ်ထဲမှာ ကိုပေါက မျောက်အမြီးနဲ့မျောက်ပြန်ချည်(ချီ)ချင်လို့ ဒီလိုခေါင်းစဉ်တပ်တယ် စိတ်ထဲ မသင်္ကာတာနဲ့ စိတ်ထဲရှိတာကို အတည့်လှမ်းမေးတာပါ။ မဟုတ်ရင် ပြီးတာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ကိုပေါသဘောကျတယ်ဆိုတဲ့ အဆိုကို လက်မခံနိုင်သူတွေ၊ လက်ခံရ ခက်နေသူတွေက ဒေါ်စုကို အားပေးထောက်ခံသူတွေမို့ အဲ့သလို ပြောသလားလို့ ကျွန်တော်အထင်ကို မေးတာပါ။”

ကျနော့်အနေနဲ့ ဒီစကားကို ဒေါ်စုပြောမှ လက်ခံတာမျိုးမဟုတ်ပါဘူးဆိုတာက ဇီဇဝါအနေနဲ့ ရှင်းပြီးသားမို့ ထပ်မရှင်းလိုပါဘူး။ ဒါပေမယ့် မရှင်းသေးတဲ့လူတွေအတွက် နည်းနည်းလောက် ထပ်ရှင်းပါမယ်။

အရင်တုန်းက ကျနော့်ဘလော့ဂ်မှာ တယောက်က ကွန်မင့်လုပ်ဖူးတယ်။ ဒီစကားမျိုးက ဗိုလ်ချုပ်အောင်ဆန်းလိုလူကပြောရင် လက်ခံနိုင်တယ်။ ကျနော်တို့လို လူတွေက ပြောရင်တော့ လက်ခံနိုင်ဖို့ ခဲယဉ်းတယ်ဆိုတဲ့ ကွန်မင့်မျိုး။

ကျနော့်အနေနဲ့ကတော့ စကားတခုကို ပြောတယ်ဆိုရင် ပြောတဲ့လူရဲ့ အသက်အရွယ်တို့၊ လူမှုအဆင့်အတန်းတို့၊ အောင်မြင်ကျော်ဇောမူတွေကို မကြည့်ဘူး။ သူပြောတဲ့ စကားရဲ့ ပုံစံ “၊ ချိုချိုသာသာပြောသလား၊ ခပ်မာမာပြောသလား” ဆိုတာလည်း သိပ်အရေးမပါဘူး။

သူပြောတဲ့စကားရဲ့ အနှစ်သာရကိုပဲ ကြည့်တယ်။ သူ့စကားရဲ့ အနှစ်သာရကို နှစ်သက်တယ်ဆိုရင် လက်ခံလိုက်တာပါပဲ။

ကျနော်တို့ ဗုဒ္ဓဘာသာအမြင်နဲ့ ကြည့်မယ်ဆိုရင်လည်း လူတယောက်ဟာ အကြောင်းကြောင်းကြောင့် ဒီဘဝမှာ နိမ့်ပါးတဲ့နေရာရောက်နေပေမယ့် သူ့မှာ ပညာပါရမီတော့ ပါလာနိုင်တာပဲ။ ဒီဘဝမှာ သို့မဟုတ် နောက်ဘဝမှာ ရဟန္တာတောင် ဖြစ်ချင် ဖြစ်သွားနိုင်တာပဲ။ ဒါကြောင့် လူပုဂ္ဂိုလ်တယောက်ကို သူ့လက်ရှိ လူမှုအဆင့်အတန်းကြည့်ပြီး သူ့တရားကို နှိမ့်ချ ဆုံးဖြတ်တယ်ဆိုရင် ဒါဟာ celebrity worship (နာမည်ကြီးကိုးကွယ်တဲ့) လုပ်ရပ်ဆန်သွားပါတယ်။ လူတန်းစားခွဲခြားရာလည်း ရောက်တယ်။

အခုလည်း ဒီစကားကို ရီတာဆိုတဲ့ ဘလော့ဂါပြောတာကို ကြားတော့ နှစ်သက်မိတယ်။ ဒီအချိန်မှာ အမည်မသိတယောက်က ဒီစကားကို ဒေါ်စုလည်း ပြောဖူးတယ်လို့ ပြောလာတော့ ကျနော်လေးစားတဲ့လူနဲ့ ကျနော်နဲ့ တထပ်တည်းကျလို့ ဝမ်းမြောက်ဝမ်းသာ တင်လိုက်တယ်။ ဒါပဲ ကျနော့်ရည်ရွယ်ချက်က။ ဒေါ်စု ဒီလိုပြောခဲ့ဖူးမှန်း အစက မသိခဲ့ဘူး။ ကျနော်ဟာ ဒေါ်စုထောက်ခံသူဆိုပေမယ့် သူပြောတဲ့အရာတိုင်းကို ၁၀၀ ရာခိုင်နှုန်းထောက်ခံချင်မှလည်း ထောက်ခံတဲ့သူပါ။ အဲဒီအတွက် ကိုဝတုတ်ပြောသလို မျောက်အမြီးနဲ့ မျောက်ပြန်ချည်တဲ့ကိစ္စဆိုတာ ကျနော့်သဘောအလိုရကတော့ တွေးစရာမလိုတဲ့ကိစ္စပါ။ တခြားသူတွေကတော့ ကျနော်တွေးသလို တွေးချင်မှ တွေးမှာပေါ့။

အဲဒီတော့ ဒီစကားကို ဒီနေရာမှာ အလေးအနက်ထပ်ပြောပါမယ်။

ဒီ Quote ကို အမည်မသိပဲ ရေးရေး၊ ရီတာပဲရေးရေး၊ ဂန္ဒီပဲ ရေးရေး၊ နယ်လဆင်မန်ဒဲလားပဲ ရေးရေး.... ဒီအချိန်မှာ တယောက်ယောက်က ကျနော့်ကို လာဝေမျှရင် ကိုယ့်အယူအဆနဲ့ တိုက်ဆိုင်နေတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ရေးဖြစ်တင်ဖြစ်မှာပါပဲ။ (အရင်ကလည်း တချို့ဘလော့ဂါတွေ ပြောတဲ့စကားတွေထဲက နှစ်သက်တာရှိရင် ကျနော့်ဘလော့ဂ်ဘေးဖက်မှာ တင်ဖြစ်ပါတယ်။ အခုအလုပ်များပြီး ပုံမှန် update မလုပ်နိုင်လို့ ခဏဖြုတ်ထားတာပါ။) ဒေါ်စုပြောလို့ ဆိုတဲ့ အချက်သက်သက်ကြောင့်တော့ဖြင့် တင်ခြင်းမဟုတ်ပါ။ ဒါပေမယ့် ကျနော်ရှေ့မှာ ပြောခဲ့ဖူးသလို ကိုယ်လေးစားတဲ့ခေါင်းဆောင်ရဲ့ စကားဟာ ကိုယ့်စကားနဲ့ ထပ်တူဖြစ်နေတဲ့အတွက် ပိုမိုဝမ်းမြောက်တာကတော့ လူ့သဘာဝမို့လား။

ကိုပေါ said...

Zizawa,

နည်းနည်း ထပ်ဖြည့်စွက်ချင်ပါတယ်။

ကိုဝတုတ်အပြောအရဆိုရင် အခုဖြစ်နေပုံက လူတွေက ကျနော်နဲ့ ရီတာပြောလိုက်တဲ့ စကားကို သူတို့ လက်သင့်မခံ ဖြစ်နေချိန်မှာ မထင်မှတ်ဘဲ ကျနော်တို့အယူအဆဟာ ဒေါ်စုရဲ့ စကားနဲ့ ထပ်တူဖြစ်သွားတဲ့အတွက် မခံချိမခံသာ ဖြစ်နေတဲ့ သဘောမျိုးသက်ရောက်နေပါတယ်။ကိုဝတုတ်အနေနဲ့ ဒီသဘောသက်ရောက်အောင် ရေးတာ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ကျနော်လည်း မပြောတတ်ဘူး။

တကယ်လို့ အဲဒီသဘောမျိုးရေးတာဆိုရင်...ကျနော့်အလိုအရကတော့ ဘာဖြစ်စရာလိုလဲဗျာ။ တကယ်လို့ တခြားလူတွေအမြင်နဲ့ ဒေါ်စုအမြင် ထပ်တူကျသွားတဲ့ ဖြစ်ရပ်မျိုးဆိုလည်း ကျနော့်အဖို့ကတော့ ဘာမှ မဖြစ်ပါဘူး။ ကိုယ့်အယူအဆကို ကိုယ့်ဘာသာ လက်ခံနှစ်သက်နေရင် ပြီးတာပါပဲ။ ကိုယ့်အမြင်ကို ကိုယ့်ဖာသာ မနှစ်သက်တဲ့အချိန်ကျရင်လည်း ပြောင်းလိုက်မှာပေါ့။ မခံချိမခံသာဖြစ်စရာ အကြောင်းမမြင်ပါဘူး။ တသက်လုံး တောက်လျှောက် ယူဆလက်ခံလာတာတွေတောင်မှ အခုအချိန်မှာ ကျနော့်အနေနဲ့ လက်မခံနိုင်တော့တာတွေ အများကြီး။ ကျနော့်ကိုယ်ပိုင်သဘောအရ ကျနော်နှစ်သက်တဲ့ အယူအဆကိုပဲ ဘယ်သူနဲ့ ထပ်တူကျမကျ လက်ခံမှာပါ။
သူများယောင်လို့တော့ အမောင်တောင်မှန်းမြောက်မှန်းမသိ လိုက်ယောင်ဖို့ စိတ်ကူးမရှိပါဘူး။

ဖိုးတုတ် said...

အိမ်အမွေကိစ္စကို ကိုပေါပြောသလို U.S.A သို.မဟုတ် ကြားနိုင်ငံတစ်ခုမှာ ဖြေရှင်းစရာ လိုမည်မထင်ပါ၊ မြန်မာနိုင်ငံတွင်းက ပြဿနာ မို. ပြည်တွင်းမှာ သာဖြေရှင်းရပါလိမ့်မယ် ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက စင်ကာပူ နှင့် မလေးရှား (၂) နိုင်ငံ Pedra Branca ကျွန်းကလေးကို အငြင်းပွားတဲ့ ကိစ္စကို ICJ (International Court of Justice) မှာဖြေရှင်းတာနဲ. နှိုင်းယှဉ်လို.မရနိုင်ပါဘူး ၊
Thailand နှင့် Cambodia တို. နယ်စပ်မှာရှိတဲ့ Buddha Temple နှင့် ပိုင်ဆိုင်မှု အငြင်းပွားတဲ့ ကိစ္စလိုမျိုး ၊ နှစ်နိုင်ငံ အငြင်းပွားတဲ့ ကိစ္စမျိုးဖြစ်လာရင် စစ်ဖြစ်လာနိုင်တဲ့ အထိ အခြေအနေ ပိုပြီးရှုတ်ထွေးလာစေနိုင်တာမို. ICJ မှာ နှစ်ဖက် သဘောတူ ဖြေရှင်းကြဖို.လိုတာပါ ၊ တကယ်တော့ ဒီလို ဆွေမျိုး၊ မောင်နှမ အမွေလုမှု ဟာ မြန်မာ့လူအဖွဲ.အစည်းမှာ သိပ်မဆန်းကြယ်တဲ့ ကိစ္စပါ ၊ နှစ်ယောက်စလုံး က ဗိုလ်ချုပ်အောင်ဆန်း ရဲ. သား နှင့် သမီး ၊ ထင်ရှားကြော်ကြားတဲ့ ပုဂ္ဂိုလ်များ ဖြစ်နေတာကြောင့် အားလုံးက စိတ်ဝင်စား ၊ ငြင်းခုံနေကြခြင်းဖြစ်ပါတယ်၊

Rita said...

(တကယ်တော့ ဒီလို ဆွေမျိုး၊ မောင်နှမ အမွေလုမှု ဟာ မြန်မာ့လူအဖွဲ.အစည်းမှာ သိပ်မဆန်းကြယ်တဲ့ ကိစ္စပါ ၊ နှစ်ယောက်စလုံး က ဗိုလ်ချုပ်အောင်ဆန်း ရဲ. သား နှင့် သမီး ၊ ထင်ရှားကြော်ကြားတဲ့ ပုဂ္ဂိုလ်များ ဖြစ်နေတာကြောင့် အားလုံးက စိတ်ဝင်စား ၊ ငြင်းခုံနေကြခြင်းဖြစ်ပါတယ်)

ကျွန်မ အယူအဆကို ပြောချင်ပါတယ်။
(ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သား နှင့် သမီး) ဖြစ်လို့ မဟုတ်ပါဘူး။ အထက်မှာလဲ comment ရေးခဲ့ပါတယ်။

(((ဒီလိုပဲ မြန်မာနိုင်ငံမှာ ခုလို အရေးကိစ္စတွေ ပေါ်မလာဘဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံခြားမှာ သူ့မိသားစုနဲ့သူ၊ ဦးအောင်ဆန်းဦးကလည်း သူ့ဘဝနဲ့သူ ရှိရာက မြန်မာပြည်က မိဘပိုင် အမွေဆိုင်အိမ်ကို လှမ်း လုကြတယ်ဆိုရင်လည်း ဒါဟာ အမွေမှုထက် ဘာမှ မပိုတဲ့ အမွေမှုသာဖြစ်ပါတယ်။)))
ဆိုတာကို... အဲဒီအခြေအနေမှာ စိတ်ဝင်စားတယ်ဆိုရင် အဲဒီဝင်စားမှုက (ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သား နှင့် သမီးဖြစ်လို့) ဆိုတဲ့ ဝင်စားမှုပါပဲ။ နာမည်ကျော် ရုပ်ရှင်မင်းသား မင်းသမီးတွေ ဒီကိစ္စမျိုးဖြစ်လည်း ဝင်စားမှာပဲ။ ဒီ့ထက်တော့ မပိုဘူး။ ဝေဖန်စရာလဲ မရှိဘူး။

ဒါပေမဲ့ ခုဟာကတော့ ကာလ၊ ဒေသ၊ ပယောဂကြောင့် ဒီလုပ်ရပ်ကို ရှုံ့ချတယ် ဆိုတာပါ။

နောက် kokosan ပြောတဲ့ မက်လောက်စရာ ဆိုတာကလည်း kokosan ပြောတဲ့ ရှုထောင့်ကဆို မှန်နေပါတယ်။ မိဘအမွေကို လိုချင်တာထိ ဝေဖန်စရာ မရှိပါဘူး။ မက်ခြင်း မမက်ခြင်းကလည်း မြို့ပြင်က တိုက်ခန်းကျဉ်းလေး ဖြစ်လည်း ကိုယ့်မှာ နန်းတော်တမျှအဆောင်အယောင်ရှိတဲ့ကြားက မက်ချင် မက်ကြတာပါပဲ။ မှန်ပါတယ်။ ဝေဖန်ဖို့ မသင့်ပါဘူး။

ဒါပေမဲ့ အထက်ကပြောခဲ့သလို ကာလ၊ ဒေသ၊ ပယောဂကြောင့် ဒါဟာ အမွေမှုထက် ပိုတဲ့ကိစ္စလို့ ကျွန်မအနေနဲ့ မြင်ပါတယ်။

ကိုပေါ said...

kokosan,

မှန်ပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံးလောက်အထိ တက်လောက်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တဖက်မှာ စဉ်းစားကြည့်ရင် ဒီအမွေမှုဟာ “ဒေါ်အောင်ဆန်းစုကြည် Vs. အောင်ဆန်းဦး” ဆိုတာထက် “အောင်ဆန်းစုကြည် Vs အောင်ဆန်းဦး+နအဖ” ဖြစ်နေပါတယ်။

ပြည်သူအများစုအပေါ် အစုလိုက်အပြုံလိုက် ရာဇဝတ်မှုကျူးလွန်တဲ့ အစိုးရတွေကို အပြည်ပြည်ဆိုင်ရာ တရားရုံးတင်လို့ရပေမယ့် လူတဦးတယောက်ချင်းအပေါ် အစိုးရတွေက ကျူးလွန်တဲ့အမှုတွေအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးတင်လို့မရသေးတာ အဲဒီအစိုးရတွေအတွက် ကံကောင်းနေတဲ့အချက်ပါ။

အပေါ်က ကျနော်ပြောခဲ့တဲ့နည်းက ဥပဒေကြောင်းအရ ဖြစ်နိုင်မဖြစ်နိုင် ကျနော်မသေချာပါဘူး။ အကောင်းဆုံးလို့လည်း မဆိုပါဘူး။

ဒိပြင်နည်းဆိုရင်လည်း တရားရုံးမရှိတဲ့ တောရွာတွေမှာ ဖြေရှင်းသလို သမာသမတ်ရှိတဲ့ လူကြီးစုံရာရှေ့မှာ နှစ်ဦးသဘောတူ ဖြေရှင်းတာမျိုးလည်း လုပ်လို့ရပါတယ်။ ဒါဟာ နအဖ တရားရုံးထက်တော့ တရားမျှတမှုရှိနိုင်ပါတယ်။ အဓိက ကတော့ ထွက်လာတဲ့အဖြေကို နှစ်ဦးနှစ်ဖက်က လူကြီးလူကောင်းပီပီ လက်ခံကြဖို့ပါပဲ။

ဒါလောက်ပါပဲ။ ဒီအောင်ဆန်းဦးကိစ္စဟာ ဒီပို့စ်ရဲ့ အနှစ်သာရမဟုတ်တဲ့အတွက် သိပ်တော့ ထဲထဲဝင်ဝင် ဆွေးနွေးလိုတဲ့ ဆန္ဒမရှိပါ။ ကိုကိုဆန်ပြောသလို မောင်နှမတွေ ပြေပြေလည်လည် ဖြေရှင်းနိုင်ရင်အကောင်းဆုံးပါပဲ။

အောင်ဆန်းဦးလုပ်ရပ်ကို ဘာကြောင့်မကြိုက်သလဲဆိုတာ အပေါ်မှာ စေ့စေ့စုံစုံ ရှင်းလင်းခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုမှ မကြိုက်ရကောင်းလား၊ ကိုပေါ ခင်ဗျား ကြိုက်ကို ကြိုက်ရမယ်လို့ အတင်းဖိအားလာပေးရင်လည်း ဝမ်းနည်းပါတယ်။ သဘောထား မပြောင်းနိုင်ပါဘူးခင်ဗျာ။

Rita said...

နောက်တခု တရားစီရင်ရေးတွေ ဘာတွေ နားမလည်လို့ ဘာမှ မပြောလိုပါဘူး။

ဒါပေမဲ့ အမွေကိစ္စဆိုတာနဲ့ပဲ တရားရုံးတက်ရရော၊ လိုချင်တဲ့လူက လက်ရှိ နေထိုင်သူကို တရားစွဲရရော လုပ်စရာ မလိုဘူး။ မိဘတွေ ကျန်ခဲ့တဲ့ ပစ္စည်းကို ခွဲဖို့လိုတိုင်း သားသမီးတွေ တရားရုံးတက်နေရတာ မဟုတ်ဘူး။ တယောက်နဲ့ တယောက် မညီမျှတာတွေ၊ မကျေနပ်တာတွေ ဖြစ်ကြမှသာ တက်ကြတာပါ။ ကြားဖူးသလောက်တော့ အမွေမှုဖြစ်တယ်တဲ့ဆို ဘယ်သူနိုင်နိုင် အရှုံးချည်းဖြစ်တယ် ဆိုတာပဲ။ (မြတ်တဲ့လူတွေက ဘယ်သူတွေဖြစ်မလဲ) ထားပါတော့။ ဒါတွေ ကိုယ်လဲ ထဲထဲဝင်ဝင် မသိပါဘူး။

ဒီမှာ ပြောကြရင်းနဲ့ တွေးမိတာ တစ်ခုက အမွေခွဲရုံသက်သက်နဲ့တော့ တရားရုံးကနေ စဖို့ မလိုပါဘူး ဆိုတာပါပဲ။

ဒါတွေ ဒါတွေကြောင့် (စိတ်ဝင်စားတာ၊ မဝင်စားတွေဖယ်ထားလိုက်ဦး) အမွေမှုက အမွေမှုထက် မကဘူး လို့ ကျွန်မက မြင်တာပါ။

Anonymous said...

စကားနိုင်လုနေတာလား
ဘာပြောမှန်းကိုမသိတော့ဘူး
ကျွန်တော်ပဲ ဥာဏ်မမှီတာလားတော့မသိဘူး
အမေစု အကြောင်းပြောတာ လား အမေစုစကားကို ၀ိုင်းပြီး သတ်ပုံစစ်နေကြတာလားမသိဘူး
လောလော ဆယ်တော့ တိုင်းပြည်က စားစရာတောင် မရှိဘူးဗျ ကြည့်လုပ်ကြပါ ကိုရွှေဗမာတို့ရေ

Lun Lunn said...

ကိုကိုဆန်သို့ …

ကိုကိုဆန်ရဲ့ နောက်ဆုံး ကွန်မန့်အရ ဒီပို့ရဲ့ ကွန်မန့်မှာ ပြောဆိုရှင်းလင်းချက်တွေရဲ့ အနှစ်သာရကို ကောင်းကောင်း နားလည်ပုံ မရဘူး။

(ကျွန်တော် သိရသလောက် ဒေါ်စုက အစ်ကို လုပ်သူကို အမွေခွဲ မပေးဘူးလို့ ပြောသံ မကြားဖူးပါဘူး။ ကြားဖူးသူများရှိရင် ပြောပြကြပါ။ အဲဒီလို ပြောဆိုခဲ့လို့ ဦးအောင်ဆန်းဦးက တရားစွဲတယ်ဆိုရင်တော့ မမှားတဲ့အပြင် ဒေါ်စုကိုတောင် မတရားဘူးလို့ ဆိုရမှာပါပဲ။)

အခုက သူ့ရဲ့ လုပ်ရပ် နည်းလမ်းမကျလို့ မတရားတဲ့ ကိစ္စတစ်ရပ်အနေနဲ့ ထင်ထင်ရှားရှား သိသာနေလို့ ပြစ်တင် ရှုတ်ချခြင်းဆိုတာ နည်းမျိုးစုံနဲ့ ပြောဆိုရှင်းပြနေကြတာ။ ကိုကိုဆန်ပြောသလို ငြင်းခုံနေကြတာ မဟုတ်ဘူး။

ကျွန်တော့်အနေနဲ့ကတော့ တိုင်းကျော်ကမ္ဘာသိကိစ္စွမို့ စိတ်ဝင်စားပြီး ပြောတယ်ဆိုတာထက် မတရားတဲ့ကိစ္စမို့ ပြောတယ်ဆိုတာကို ခွဲခြားမြင်သင့်တယ်လို့ ဆိုချင်ပါတယ်။

တစ်ခုတော့ ရှိတာပေါ့။ နာမည်ကြီးပြီး လူသိများလေ ချီးမွမ်းတဲ့သူ (သို့) ရှုတ်ချအပြစ်တင်တဲ့လူ ပိုများလေပေါ့။

ဖိုးတုတ် said...

ကိုပေါ နှင့် မရီတာ နှစ်ယောက် Laptop တစ်လုံးစီ နှင့် ကော်ဖီဆိုင်မှာ ထိုင်ပြီး statement ထုတ်လိုက်ရသလား လို.တောင် ထင်ရပါတယ်၊ ကွန်.မန်. (၂) ခုက ၃မိနစ်ဘဲခြားပါတယ်၊ ကိုပေါ ကို ဘယ်သူ.မှ ဦးအောင်ဆန်းဦး ကို ကြိုက်ဖို. မတိုက်တွန်း ပါဘူး ၊ ဒါပေမဲ့ ကိုပေါ ရဲ. အရေးအသားထဲ မှာ ဦးအောင်ဆန်းဦး ကို ခါးခါးသီးသီး မုန်းနေပုံရပါတယ်၊ ဒါဟာ ကိုပေါ ရဲ. ပုဂ္ဂိုလ်ရေး ရပ်တည်ချက်ကို ဘယ်သူ.မှ မှားတယ် ၊ မှန်တယ် ဝေဖန်လို.မရနိုင်ပါဘူး၊ ကိုယ်ပေါ ရဲ. အခွင့်အရေးပါ ၊ ဒါပေမဲ့ emotional ပါဝင်ပတ်သက်နေရင် ဥပဒေကြောင်း နှင့် တစ်ခြား ပြဿနာတွေ မှာ ဖြေရှင်းဖို. ၊ ဆွေးနွေးဖို. ခက်ခဲမယ် ထင်ပါတယ်၊ ဘာနဲ.တူနိုင်သလဲ ဆိုတော့ အရက်မူးတဲ့ သူတစ်ယောက် ကားကို မောင်းနေတာနဲ. အတူတူပါပဲ ၊ အချိန်မရွေး accident ဖြစ်နိုင်ပါတယ် ၊ ဦးအောင်ဆန်းဦး အကြောင်း မပြောချင်ဖူး ဆိုပေမဲ့ အိမ်အကြောင်း၊ ဒေါ်စု အကြောင်း ပြောရရင်တော့ သူ.နာမည် ပါနေရမှာပဲ၊ (ဦးအောင်ဆန်းဦး နာမည်ကြိမ်ဖန်များစွာ ပါနေလို. စိတ်အနှောက်အယှက် ဖြစ်တယ်ဆိုရင် ခွင့်လွှတ်ပါ) ၊ ဒေါ်အောင်ဆန်းစုကြည် အမည်ကို ဗိုလ်ချုပ်မှူးကြီး က လုံးဝ မကြားချင်ဖူးလို. ကျွန်တော်အရင်က ပြည်ပကရေးတဲ့ ဆောင်ပါးတစ်ခုမှာ ဖတ်ဖူးပါတယ်၊ ခုတော့ ကိုပေါ က ဒုတိယ ပုဂ္ဂိုလ်အနေနဲ. ဦးအောင်ဆန်းဦး အမည်မကြားချင်ဖူးလို. မြန်မာ့ သမိုင်းမှာ တွင်ရစ်နိုင်ပါတယ်၊ ကျွန်တော် ဒေါ်စု ကို လေးစားပါတယ်၊ ဒါပေမဲ့ အိမ်ကိစ္စ ဆိုရင် အိမ်ပြဿနာ ပဲ ပြောတာ ကောင်းပါတယ်၊ နိုင်ငံရေးတွေ၊ ပုဂ္ဂိုလ်ရေး တွေကို ခေတ္တ ခဏမေ့ထားကြရင် ကောင်းပါလိမ့်မယ် ၊

အိမ်အမွေ အကြောင်းနဲ. ဒေါ်စု ရဲ. quote အကြောင်းတောင် မဆွေးနွေးနိုင်ဖူး ဖြစ်နေတယ်၊ ကဲ quote အကြောင်း ကိုကျွန်တော် ဆွေးနွေးချင်ပါတယ်၊ quote က short sentence တစ်ခုကို အင်္ဂလိပ်စာကောင်းတဲ့ ဒေါ်စု က လက်တန်းပြောခဲ့တာဖြစ်ပါတယ် ၊ ဒီအချိန်မှာ ဒေါ်စု မှတ်မိဦးမလား မသိနိုင်ပါဘူး ၊ နိုင်ငံရေး အဖွဲ.အစည်းကို ညွှန်းသလား၊ တစ်ဦးတစ်ယောက်ကို ညွှန်းသလား ၊ သူ. ကိုသူ ညွှန်းသလား ဆိုတာ ဘယ်သူမှ မသိပါဘူး၊ ဒေါ်စု ကိုယ်တိုင်သာ လျှင်သိနိုင်ပါ့လိမ့်မယ် ၊(ဒေါ်စု က နာမည်ကြီးတဲ့ သူဆိုတော့ ကမ္ဘာကျော်သွားတယ် လို.ထင်ပါတယ်) ၊ ကျွန်တော့် အင်္ဂလိပ်စာ ညံတယ်လို. ပြောလည်းဝန်ခံရမှာပဲ၊ ကိုပေါ က ဗမာလို. အတိအကျ ပြန်ပြီးပြီ ဆိုတော့ ဗမာစာလည်း ညံတယ်ဘဲ ထားလိုက်ပါတော့၊ ကျွန်တော် ဆိုလိုချင်တာက မူရင်းအဓိပ္ပါယ် ထက် ဘယ်အဖွဲ.အစည်း ကို ရည်ညွန်းတယ် ဆိုတာပါပဲ၊ ကျွန်တော်ကတော့ အဲဒီ့ quote ကို ဘင်လာဒင် တို. ကို တိုက်ရိုက်ညွှန်းရင် ပိုသင့်တော်မယ် ထင်ပါတယ် ၊ ကျွန်တော်ကတော့ ဒေါ်စု ရဲ. quote ကို မိုနာလီဇ ရဲ. အပြုံးနဲ.ပဲ နှိုင်းယှဉ်ချင်ပါတယ်၊ မိုနာလီဇာ ရဲ. အပြုံးကို အဲဒီအချိန်မှာ ဘာကြောင့် ပြုံးတယ် ၊ ဘာကိုတွေးနေတယ် ဆိုတာ ဘယ်သူ.ကမှ မသိပါဘူး ၊ ခုထက်တိုင် လူတွေက puzzled ဖြစ်နေတုန်းပါပဲ၊ တစ်ခု ကံကောင်းတာ က ဒေါ်စု က ခုထိ အသက် ထင်ရှား ရှိနေသေးတဲ့ အတွက် အဲဒီ quote ကို တစ်ချိန်ချိန်မှာ မေးနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ် ၊ အားလုံးကျန်းမာ ရွှင်လန်းကြပါစေ၊

thant win said...

အား လုံး ခက် တယ်
ဒေါသ ။ လောဘ ။ မောဟ အသံတွေ

Mi Thant said...

What topic are you talking about?
You all discussion
"Thanks & No Thanks or Heir or Daw Aung San Su Kyi & U Aung San Oo or etc."
Don't make us confuse!
Keep your heading !

ကိုပေါ said...

ကိုကိုဆန်....

ဟိုက်ရှာလပတ်ရည်.....

ဦးအောင်ဆန်းဦးနာမည် မကြားလိုပါလို့ မပြောခဲ့ရပါလားဗျိုး။ ကိုကိုဆန် နှစ်သက်မယ်ဆိုရင် ပြောပါ။ ကွန်မင့်တွေ ထောင်သောင်းချီပြီး ဦးအောင်ဆန်းဦးအကြောင်း ကွန်မင့်လုပ်မယ်ဆိုရင်လည်း လုပ်ပါ။ ကျနော်ခွင့်ပြုပါတယ်။ ဗိုလ်ချုပ်မှူးကြီးလို ဆင်ဆာမဖြတ်ပါဘူး။း-)

ဆိုလိုတာက ကျနော့်ပို့စ်ရဲ့ အနှစ်သာရနဲ့ တိုက်ရိုက်မပတ်သက်တဲ့အတွက် ကျနော်ဖက်က ဆက်ရှင်းစရာ မရှိတော့ပါဘူးလို့ ပြောတာပါ။

မုန်းသလားလို့မေးရင် ရွှေမန်းတင်မောင် လေသံနဲ့ ပြောရရင် “မုန်းလို့ဟုတ်ဘူး၊ မုန်းလို့ဟုတ်ဘူး” လို့ ဖြေရမှာပဲ။

သတိထားကြည့်ရင် ကျနော်က အောင်ဆန်းဦးကို ကိုအင်ဒီကြီး ခေါ်သလို “Retarded guy” တွေ ဘာတွေ တောင် မခေါ်ခဲ့ပါဘူးခင်ဗျာ။း-)

Anonymous said...

အောင်ဆန်းဦးက 88မှာ နိုင်ငံေ၇းမလုပ်ဘုး ဆိုပေမဲ့သု့မိန်းမ က ၉၀ ရွေးကောက်ပွဲမှာပါတယ်။ အခုအမှုကလည်း သု့မိန်းမလက်ချက်ပဲ။

Anonymous said...

"ဒေါ်စု oxford သွားတဲ့ ကိစ္စကို ထည့်ပြောရတာက သူဟာ ဖီလော်ဆော်ဖီတို့၊ ပေါ်လက်တစ်တို့ထက် အင်္ဂလိပ်စာပေကို စိတ်ဝင်စားသူပါ။ နောက်သူဟာ ဒီဘာသာရပ်တွေမှာ တော်ပုံမရပါဘူး။ ဒါ့ကြောင့် သူ forestry ကိုပြောင်းဖို့လုပ်တာပါ။ ကျွန်တော်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ဟာ ဖီလော်ဆော်ဖီအပိုင်းမှာ အထင်ကြီးစရာ မရှိဘူးလို့ ပြောချင်တာပါ။"

She is a politician & humanist not a philosopher. And globally, she is well respected for what she does.

သူ Oxford PPE မှာတော်ခဲ့တာလား မတော်ခဲ့လား မသိပါဘူး။ Graduated ဖြစ်တယ်ဆို သင်ခဲ့တာ နားလည်တယ်လို့ပဲ ယူဆတယ်။ ဒီ Philo ပိုင်းမှာ Pre-Socratic - Thales, Heraclitus တို့ ကနေ ဒီခတ်အထိ ပြန်နေအောင် နားလည်ပါပြီတဲ့ ကိုယ်ပိုင် Philo မရှိရင် outstanding/breakthrough ဖြစ်လာမှာ မဟုတ်တာ သေချာတယ်။ Oxford PhD ရလဲ "အလွန်ဆုံး" ဘယ်အတွေးအခေါ် ပညာရှင်က ဘယ်လိုပြောခဲ့တယ်ဆိုတဲ့ သာမန် professor လောက်ပဲ ဖြစ်ပြီး influential philosopher ဖြစ်လာမှာ မဟုတ်ဘူး။

သူလုပ်နေတဲ့ အလုပ်မှာ နိုဗယ်ဆုပေးတဲ့ အထိ အသိအမှတ် ပြုကြပြီးသားမို့ သူ့လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော်က education က အခုချိန်မှာ အရေးကြီးတယ်လို့လဲ မခံစားရဘူး။

Quote ညွန်းသွားသူ အမည်မသိ

Nge Naing said...

မှတ်ချက်တွေ အားလုံးကိုလည်း ဖတ်ဖြစ်ပြီး ကျွန်မကို ဦးတည်ပြီး ဆွေးနွေးပေးထားတဲ့ အောက်က မှတ်ချက်တွေကို ကျွန်မ အလေးအနက်ထားပြီး ဖတ်ခဲ့ပါတယ်။ အားလုံးကို ကျေးဇူးတင်ကြောင်း ပထမဦးဆုံး ပြောချင်ပါတယ်။ ကျေးဇူး မလိုအပ်ဘူး ယူဆရင်တော့ ဒီဝါကျကို ကျော်ဖတ်လိုက်ပါ၊ ကျွန်မကတော့ ကျေးဇူးဆိုဖို့ကို လုံးဝ မတွန့်တိုတတ်တော့ ကျေးဇူး ဆိုဖြစ်နေမှာ အမှန်ပဲ။ ကိုပေါဘလော့ဂ်က ကျွန်မ ဘလော့ဂ်မရေးခင်ကတောင် အမြဲလာဖတ်နေတဲ့ ဘလော့ဂ်ဖြစ်ပြီး ကျွန်မအတွက် ဗဟုသုတတွေလည်း အများကြီးရတဲ့အတွက် ကျေးဇူးတင်တာ အမှန်ပဲ။

Anonymous said...
မငယ်နိုင်..
I think you still confuse the two sides .“ပေးသူ” နဲ့ “ယူသူ”.

ဒေါ်အောင်ဆန်းစုကြည် --- ပေးသူ
ပြည်သူတွေ ----ယူသူ

မငယ်နိုင်..

ှုI think you still confuse the two sides .“ပေးသူ” နဲ့ “ယူသူ”.

ဒေါ်အောင်ဆန်းစုကြည် --- ပေးသူ
ပြည်သူတွေ ----ယူသူ

“ သူ့ကို လူပုဂ္ဂိုလ် အနေနဲ့ ဒါကိုလုပ်ဖို့ ဘယ်သူမှ တောင်းဆိုလို့လုပ်ရတာ မဟုတ်၊ သူ့ဖါသာသူ လုပ်ချင်လို့ လုပ်တာဖြစ်တဲ့အတွက် သူ့အနေနဲ့ အနစ်နာခံတယ်လို့ မယူဆတာကို မငြင်းပါဘူး။ ”

ဟုတ်တယ်...rita, NLS, KP တို့ပြောနေတာ ဒီသဘော ဘဲ..“ ပေးသူ“ က အဲလို သူ့ကိုယ်သူ မယူဆသင့်ဘူးလို့ ပြောနေကြတာဘဲလေ.( အဲလို ယူဆနေသူတွေ ကို သာပြောနေတာ )

“ဒါပေမဲ့ သူက ဒီလိုမနေဘဲ သူ့ဘ၀အတွက် ဘာမှ ပူပင်ကြောင့်ကြစရာ မရှိဘဲ သူ့မိသားစုနဲ့ အေးအေးဆေးဆေး သွားနေလို့ ရလျက်နဲ့ ဒီလိုလာပြီး မြန်မာ ပြည်သူလူထုအတွက် ဒုက္ခခံ၊ အနစ်နာခံနေတာကို အနစ်နာခံတယ်လို့ပဲ ပြောရမယ်။ ”

ဟုတ်တယ်...အဲဒါက “ယူသူ” တွေဘက်က မြင်သင့်တဲ့အမြင်..အဲဒီလို မြင်စရာမလိုဘူး သူတို့မပြောခဲ့ကြပါ...It just depends on individual attitude only, so the level of appreciation can be different for different people.

အဲတော့ သူတို့ နဲ့ မငယ်နိုင် ဘယ်နေရာမှာ မှ လွဲနေတယ်လို့ မမြင်မိပါ

Have a nice day.

( Sorry for mixing with English sentences as I can't type Burmese that well)

June 11, 2010 11:01 AM

Blogger Rita said...
June 11, 2010 11:01 AM မှာ ပြောသွားတဲ့ Anonymous, မငယ်နိုင်, ကိုပေါ တို့နဲ့ အမြင်ထပ်တူ ကျပါတယ်။ ရှင်းပြီးသားဖြစ်တဲ့ သဘောကို ထပ်ရှင်းဖို့ မလိုတော့ပါဘူး။

ဒါပေမဲ့ တခုပဲ ပြောစရှိတာက... မငယ်က သူဆိုလိုချင်တာဟာ ကိုပေါ၊ ကျွန်မတို့ ပြောချင်တာနဲ့ ကွဲလွဲတယ် လို့ ယူဆနေပုံရတယ်။
နောက် ပေးသူ ယူသူကို ကျွန်မတို့ ခွဲပြောနေပေမယ့် မငယ်က ရောနေတုန်း (သို့) ရောပြောနေတုန်းပါပဲ။

Anonymous said...
What Ko Paw and Rita said was cristal clear. I just cannot understand why Andy Myint and Nge Naing were so confused about it. As DASSK is destined to be such she chose that way.

Nge Naing said...

ကျွန်မကို ပေးသူယူသူ ရောနေတယ် ပြီးတော့ ကျွန်မနဲ့ ကိုအန်ဒီရဲ့ ဆွေးဆွေးချက်ကို သဘောမပေါက်ဘူး ပြောထားတာတွေအတွက် ကျွန်မတို့ ဆွေးနွေးတာ အားနည်းလို့ပဲ လို့ သတ်မှတ်တယ်။ အဓိက ကိုပေါနဲ့ ရီတာက အနစ်နာခံတာမဟုတ်ဘူး၊ ကိုယ့်ရဲ့ ရွေးချယ်မှုသာ ဖြစ်တယ် ဆိုတာနဲ့ တချို့ ကျောင်းဆရာ၊ ဆရာဝန်၊ နိုင်ငံရေး စသည်ဖြင့် တချို့အလုပ်တွေကို အနောက်နိုင်ငံက အယူအဆတွေလို သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်ကြတာ ဖြစ်လို့ ကျေးဇူးဆိုတာ မလိုအပ်ဘူး ဆိုတဲ့အချက်ကို ကျွန်မတို့က ရွေးချယ်မှုဆိုတာကို မငြင်းဘူး၊ ဒါပေမဲ့ အဲဒီရွေးချယ်မှုမှာ အနစ်နာခံတာပါတယ်။ ကျောင်းဆရာ၊ ဆရာဝန်စသည့် လူတွေသူ့အလုပ်သူလုပ်တာလည်း လက်ခံတယ်။ ဒါပေမဲ့ ကိုပေါတို့ ရီတာတို့က ကျေးဇူးတင်စရာ မလိုဘူး ယူဆတာကို ကျွန်မတို့က ကျေးဇူးရှိတယ်လို့ ယူဆတယ်။ ကွာတာက ဒါပါပဲလို့ ကျွန်မမြင်တယ်။

ဘာကြောင့် အနစ်နာခံတယ်လို့ ယူဆတယ်ဆိုတာကို အရင်မှတ်ချက်မှာ ကျွန်မ ရှင်းထားပြီးပြီမို့ ထပ်မရှင်းတော့ဘူး။ ကျေးဇူးနဲ့ပတ်သက်ပြီးလည်း ကိုအန်ဒီပို့စ်မှာ ဘာကြောင့် ကျေးဇူးတင်သင့်တယ် ဆိုတာ အတော်များများ ရှင်းထားပြီးပြီ ကျွန်မလည်း လက်ခံလို့ ဒီမှာ ထပ်မပြောတော့ဘူး။

ပေးသူယူသူ မကွဲဘူး ထင်တာနဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြချင်တယ်။ ကျွန်မက ကွဲပါတယ်။ ကိုပေါတို့ ရီတာတို့က ပေးသူဘက်က ဦးတည်ပြီး ပြောနေတာ ဖြစ်ပေမဲ့ ကျွန်မ ပြောတာက ပေးသူရယ် ယူသူရယ် အနေနဲ့ မဟုတ်ဘူး ပကတိ ဖြစ်ရှိနေတဲ့ သဘောသဘာဝကို ပြောတာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က သူဒီလိုပြောတယ် အဲဒါသူလုပ်တဲ့အလုပ်အပေါ်မှာ သူ့ရဲ့သဘောထားသာ ဖြစ်နိုင်တယ်။ သူဘယ်လိုပဲ သဘောထားထား Zizawa ပြောတာကို ပြန်ကောက်ပြောရရင် သူလုပ်နေတာကိုက အနစ်နာခံနေတာ ဖြစ်နေပြီးသားဖြစ်တယ်။ ဒါဟာ အနစ်နာခံတာ မဟုတ်ဘူးလို့ ဘယ်သူမှ ငြင်းလို့မရဘူး။ လုပ်တဲ့သူက ပြောစရာမလိုဘူး အနစ်နာခံတာ ဟုတ်မဟုတ် တခြားလူ ဆုံးဖြတ်လိမ့်မယ်လို့ စောတက တက်စရာ ရှိပါတယ်။ လုပ်တဲ့သူက သူလုပ်တာကို အနစ်နာခံတယ်လို့ ပြောသင့်မပြာသင့်ဆိုတာ တဦးချင်းရဲ့ သဘောထားသာ ဖြစ်တယ်လို့ ကျွန်မ ယူဆတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် အနစ်နာခံပြီး လုပ်နေတာကို သူကိုယ်တိုင်က အဲဒါအနစ်နာခံတာမဟုတ်ဘူး သူကြိုက်လို့ ရွေးချယ်တာသာ ဖြစ်တယ်လို့ ပြောတာ ဂုဏ်ယူစရာ မှတ်သားစရာလို့ သတ်မှတ်လို့ ရနိုင်ပေမဲ့ ကိုယ်ကိုယ်တိုင်လည်း ဘာမှမလုပ် လုပ်နေတဲ့သူတွေကိုလည်း ဘုပြောပြောပြီး အကောင်းမမြင် ပြည်သူကို ဒုက္ခေ၇ာက်အောင် သွေးထိုးပတ်ကော်နေတဲ့သူတွေလို့ စွပ်စွဲပြီး သာတဲ့နေရာမှာ ကပ်နေတဲ့သူတွေက လုပ်နေသူတွေကိုကြည့်ပြီး ဒီလိုပြောရင် အဓိပ္ပါယ်က ဒေါ်အောင်ဆန်းစုကြည် ဆိုလိုတာနဲ့ လုံးဝမတူပါဘူး။

ဒါကြောင့် ကိုပေါက ဒီစကားကိုဘယ်သူပဲ ပြောပြော လက်ခံတယ်ဆိုပေမဲ့ ကျွန်မတော့ ခုနက လူတွေလို ပြောရင်တော့ လုံးဝ လက်မခံနိုင်ဘူး။ ဒါဟာ ဟူလူပြောတော့ လက်ခံတယ် ဒီလူပြောတော့ လက်မခံဘူး အမျိုးမျိုးပါလားလို့ ကျွန်မကို စောတက တက်နိုင်ပေမဲ့ ဒါကျွန်မ မျက်နှာလိုက်တာ မဟုတ်ဘူး ပြောသူနှစ်ဦးရဲ့ အခြေခံ ခံယူချက်ချင်း လုံးဝမတူလို့ အဓိပ္ပါယ်လုံးဝ ကွာတာကို လက်မခံတာ ဖြစ်တယ်။ ဒါကြောင့် ကျွန်မက ဒီလိုလုပ်နေတဲ့ သူတွေကို ကျေးဇူးတင်တယ် ကျေးဇူးရှိတယ်၊ လုံးဝ အနစ်နာခံနေကြတယ်လို့ လက်ခံတာ ဖြစ်တယ်။ ဒီလောက်ဆိုရင် ကျွန်မတို့ဆိုလိုချက်ကို ရှင်းလောက်ပြီလို့ ယူဆတယ်။

(စာမေးပွဲကာလမှာ ကျွန်မဆီ တကူးတက ရောက်လာတဲ့သူတွေဆီကိုပဲ ကျွန်မပြန်လည်ဖြစ်ပေမဲ့ အခုဒီမှာ လာပြီး လျှာရှည်မိလို့ ပြန်ဖြေရှင်းနေရတာနဲ့ မတော်တဆ စာမေးပွဲသာ ကျသွားလို့ ကျွန်မ အမျိုးသား ကျွန်မကို ဘလော့ဂ်ရေးခွင့် ပိတ်လိုက်ရင် ကိုပေါကို တရားခံလုပ်ရလိမ့်မယ်ထင်တယ် )

Anonymous said...

@Wa Tote alias Zizawa

Bashing literature studies is not bigotry even if bigotry is a vice.
It is just to correct you that PPE
is what Oxford is known for.

Literature studies? Who gives a
shit what was spoken 10 years ago
by a bunch of loonies or whatever.

Rita said...

(ကျေးဇူး မလိုအပ်ဘူး ယူဆရင်တော့ ဒီဝါကျကို ကျော်ဖတ်လိုက်ပါ၊ ကျွန်မကတော့ ကျေးဇူးဆိုဖို့ကို လုံးဝ မတွန့်တိုတတ်တော့ ကျေးဇူး ဆိုဖြစ်နေမှာ အမှန်ပဲ။ )

(ကိုပေါတို့ ရီတာတို့က ကျေးဇူးတင်စရာ မလိုဘူး ယူဆတာကို ကျွန်မတို့က ကျေးဇူးရှိတယ်လို့ ယူဆတယ်။ ကွာတာက ဒါပါပဲလို့ ကျွန်မမြင်တယ်)

မငယ်နိုင် အနေနဲ့ ခုချိန်ထိ မူရင်း post ကို သေချာ မဖတ်သေးဘဲ (ဝါ) သေချာ အဓိပ္ပါယ်မပေါက်သေးဘဲ ကွန်မန့်တွေကိုသာ ထပ်ကာ ထပ်ကာ လာရေးနေတယ်လို့ အထက်ပါ စာကြောင်းတွေကို ဖတ်ပြီး ကျွန်မ ကောက်ချက်ချမိပါတယ်။

Rita said...

((ကိုပေါတို့ ရီတာတို့က ကျေးဇူးတင်စရာ မလိုဘူး ယူဆတာကို ကျွန်မတို့က ကျေးဇူးရှိတယ်လို့ ယူဆတယ်။ ကွာတာက ဒါပါပဲလို့ ကျွန်မမြင်တယ်))

မငယ်နိုင် စာမေးပွဲရှိနေရင် စာမေးပွဲကိုသာ အရင်ပြီးအောင် ဖြေလိုက်ပါဦးလို့ အကြံပေးချင်မိပါတယ်။ ဒါပေမဲ့ ကိုယ်ချင်းလဲ စာပါတယ်။ ကျွန်မသာဆိုလဲ စိတ်က ဒီထဲ ရောက်နေမိမှာ။

စာမေးပွဲ ပြီးတဲ့အခါမှာ နောက်တခါ ဆက်ဆက် ပြန်လာ ဖတ်ပါဦးလို့လည်း ခေါ်ချင်ပါသေးတယ်။ ကျွန်မသိရသလောက် မငယ်နိုင် စာလုံးပေါင်း အားနည်းချင် နည်းမယ်။ ဒါပေမဲ့ မြန်မာစာကို နားလည်နိုင်စွမ်းကတော့ လုံးဝ မနိမ့်ဘူးလို့ ကျွန်မ ယူဆတယ်။

ဒါနဲ့ကို ထပ်ကာထပ်ကာ တလွဲတွေ လာရေးတာဟာ စာမေးပွဲကိစ္စနဲ့ ရှုပ်ပြီး မူရင်း post ကို သေချာ မဖတ်မိလို့ပဲ နေမယ်။

မငယ်နိုင် အထက်မှာ ပြောထားတဲ့ စကားလုံးကိုက ကျွန်မတို့ ဆိုလိုရင်းကို တလွဲ အဓိပ္ပါယ်ပေါက်နေတာကို ပြတယ်။

ကျွန်မတို့အနေနဲ့ ကျေးဇူးတရားရဲ့ သဘောဟာ မရှိဘူး။ ကိုယ်လုပ်ချင်တာ လုပ်နေတဲ့လူတွေကို၊ ရွေးချယ်ခွင့် ရှိရက်သားနဲ့ လုပ်နေတဲ့လူတွေကို ကျေးဇူးတင်စရာ မလိုဘူးလို့ ဘယ်တုန်းကမှလည်း မဆိုလိုခဲ့ဘူး။ နောင်လည်း ဆိုလိုမှာ မဟုတ်ဘူး။

ဒါ့အပြင် ဒီသဘောတရားတွေက တွေးကြည့်မှ ဉာဏ်မီမှ ကျွန်မတို့ရေးတာကို သဘောပေါက်ရလောက်အောင် ထည့်မရေးထားတာကို မဟုတ်ဘူး။ တလွဲ အဓိပ္ပါယ် ဖွင့်စရာ မလိုအောင်ကို အတိအလင်း၊ အဓိပ္ပါယ် အပြည့်အစုံနဲ့ ထည့်ရေးထားတာ ဖြစ်တယ်။

မငယ်နိုင် စာမေးပွဲပြီးလို့ နောက်တစ်ခါ ပြန်လာဖတ်ခဲ့ရင် comment တွေတင်သာမကဘဲ မူရင်း post ကို တခါလောက် ပြန်ဖတ်ပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

ကိုပေါ said...

မငယ်နိုင်....

မငယ်နိုင်က နောက်ဆုံး ကွန်မင့်မှာ.....

“ကျောင်းဆရာ၊ ဆရာဝန်စသည့် လူတွေသူ့အလုပ်သူလုပ်တာလည်း လက်ခံတယ်။ ဒါပေမဲ့ ကိုပေါတို့ ရီတာတို့က ကျေးဇူးတင်စရာ မလိုဘူး ယူဆတာကို ကျွန်မတို့က ကျေးဇူးရှိတယ်လို့ ယူဆတယ်။ ကွာတာက ဒါပါပဲလို့ ကျွန်မမြင်တယ်။ ”

အဲဒီပြောခဲ့တဲ့အထဲက “ကိုပေါတို့ ရီတာတို့က ကျေးဇူးတင်စရာ မလိုဘူးလို့ ယူဆတာကို”...........ဆိုတဲ့စကားကို ပြောဖို့အတွက်ဆိုရင် ကျနော်တို့ ဘယ်နေရာမှာ အဲသည်လို ပြောခဲ့သလဲဆိုတာ မငယ်နိုင်ကို ပြန်မေးရပါလိမ့်မယ်။ မငယ်နိုင်အနေနဲ့ ကျနော်တို့ စကားကို အတိအကျ ကိုးကားပြီး ပြောစေချင်ပါတယ်။ မငယ်နိုင်နဲ့ ဇီဇဝါကွာတာက ဇီဇဝါက ဒီအချက်ကို ကောင်းကောင်းကြီးသဘောပေါက်တယ်။ ကိုအင်ဒီတောင် ဒီအချက်ကို ပထမပိုင်းမှာ သဘောပေါက်ဟန်နဲ့ ကျနော်တို့ပြောတဲ့ Audience က ထုတ်လုပ်သူ(ပေးသူ)ဖြစ်တယ်ဆိုတာ “ကျေးဇူးတင်လိုက်ပါ” ပို့စ်မှာ အတိအလင်း ပြောထားပါသေးတယ်။

ကျနော်ဆိုရင် “ကျေးဇူးရှင်မှိုလိုပေါတဲ့လောကကြီးအလယ်မှာ” ဆိုတဲ့ ပို့စ်မှာ “ကျေးဇူးခံ၊ ကျေးဇူးစားတွေဖက်က ကြည့်ရင် ကျေးဇူးတင်တာဟာ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ကျေးဇူးမသိတတ်သူ၊ ကျေးဇူးကန်းသူအဖြစ်ထက်စာရင် ကျေးဇူးသိတတ်တာက ပိုကောင်းပါတယ်။ ” လို့တောင် အတိအလင်း ရေးထားပါတယ်။ မငယ်နိုင်စွတ်စွဲသလို ကျနော်က ကျေးဇူးတင်စရာမလိုဘူးလို့ ရေးထားပါသလား။

ဆရာဝန်၊ ကျောင်းဆရာ စတဲ့ ပရိုဖက်ရှင်းတွေနဲ့ ပတ်သက်လို့လည်း....

“တကယ်ကတော့ လူတယောက်ဟာ သူ့အလုပ်ကိုသူ မှန်မှန်ကန်ကန် လုပ်ဆောင်နေသရွေ့ သူ့အကျိုးအတွက်ရော၊ အများအကျိုးတွက်ရော သယ်ပိုးပြီးသား ဖြစ်ပါတယ်။ စစ်သားကလည်း စစ်သားအလျောက်၊ ဈေးသည်ကလည်း ဈေးသည်အလျောက်၊ အင်ဂျင်နီယာကလည်း အင်ဂျင်နီယာအလျောက်၊ အိမ်ရှင်မကလည်း အိမ်ရှင်မအလျောက်၊ လှေသမားကလည်း လှေသမားအလျောက်၊ ဆရာဝန်ကလည်း ဆရာဝန်အလျောက်၊ ကျောင်းဆရာကလည်း ကျောင်းဆရာအလျောက် သူ့နည်းနဲ့သူ လူ့အဖွဲ့အစည်းကို ညီတူညီမျှ ကျေးဇူးပြုနေကြသူတွေချည်းပါ။ ” လို့ရေးသားခဲ့ပါတယ်။

ကျနော်တို့ဆိုလိုတာက ပြုသူဖက်က သဘောထားဖြစ်တဲ့.... “ဒီတော့ တခုခုကို လုပ်တယ်ဆိုရင် ကျေးဇူးတင်ခံချင်လို့ လုပ်တာထက် ကိုယ့်ရွေးချယ်မှုအလျောက်၊ ကိုယ့်ဝါသနာအလျောက်၊ ကိုယ့်ယုံကြည်မှုအလျောက်၊ လုပ်သင့်လုပ်ထိုက်တယ်လို့ ယူဆတဲ့အလျောက်၊ လုပ်တာမျိုးပဲ ဖြစ်သင့်တယ်လို့ မြင်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ညီလင်းဆက်တို့ ရီတာတို့ရဲ့ အယူအဆကို သဘောကျ နှစ်ခြိုက်မိပါတယ်။” .... လို့ ရေးခဲ့ပါတယ်။ ဒီစကားဟာ ရွေးချယ်မှုအလျောက် လုပ်တာပဲ ဖြစ်သင့်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားနဲ့ ထပ်တူမကျဘူးလား။ ဒါကို မငယ်နိုင်က မငြင်းပါဘူးလို့ အထက်မှာလည်း ပြောခဲ့တဲ့အတွက် ဒီအချက်ကိုတော့ လက်ခံတယ်လို့ယူဆရပါမယ်။

အခုက ဘယ်လိုဖြစ်နေတာလဲဆိုတော့ မငယ်နိုင် ကွန်မင့်ရေးရာမှာ... တချို့စကားတွေကို ကျနော်တို့ မပြောခဲ့ပါဘဲနဲ့ မငယ်နိုင်ဘာသာ (စိတ်ထဲမှာ ကျနော်တို့ပြောခဲ့သယောင် ထင်မှတ်ပြီး) ကိုယ့်သဘောနဲ့ကိုယ် ဖြည့်သွင်းရေးသားပြီး ပြောနေတဲ့အတွက် ကျနော်တို့နဲ့ အဲဒီနေရာမှာ ကွဲလွဲတယ်ဆိုတာ ဖြစ်လာတာပါ။

ဒီလိုပဲ အရင် “နှစ်သက်မိသော သူ့အမြင်” ပို့စ်ထဲမှာ မငယ်နိုင်ကွန်မင့်ပေးတဲ့အခါ ရီတာ မပြောခဲ့တဲ့ စကားတွေကို ပြောခဲ့သယောင် မှားယွင်းပြီး Quote လုပ်ထားတာကို တွေ့ရပါတယ်။

အဲဒါက တကယ့် အဓိကပြဿနာပါ။ တကယ့်တကယ်မှာတော့ မငယ်နိုင်ပြောနေတဲ့ သဘောတရားတွေက ကျနော်ပြောခဲ့တာနဲ့ တထပ်တည်းနီးပါးကျပါတယ်။ ကျနော်တို့ မပြောတဲ့စကားတွေကို မငယ်နိုင်တယောက် ကိုယ့်ဘာသာ လေထဲက ဖမ်းယူဖန်ဆင်းပြီး ကိုးကားနေတဲ့အတွက် မငယ်နိုင်တယောက်ကပဲ ကွဲလွဲတယ်လို့ ထင်နေတာပါ။ ဒီတော့ ရီတာပြောသလိုပဲ မငယ်နိုင်တယောက် ပို့စ်မူရင်းကို သေချာမဖတ်ဘဲ ကွန်မင့်တွေချည်း လာရေးနေသလားလို့ မှတ်ယူရမယ့်ပုံ ပေါ်နေပါတယ်။

ကွန်မင့်ရှည်ကြီးအတွက် ကျေးဇူးတင်ပါတယ်။ စာမေးပွဲကိုလည်း အာရုံစိုက်လိုက်ပါဦး။း-)

Rita said...

ဒီလို မဟုတ်ဘူးလို့ အတိအလင်း ပြောနေတာကိုပဲ ဒီလိုပါလို့ ထပ်ကာထပ်ကာ ယူနေကြတာ တကယ်နားမလည်နိုင်တာရော ဟုတ်ရဲ့လားလို့ နောက်ဆုံးတော့ သံသယ ဝင်လာတယ်။

Anonymous said...

ဪ အားရစရာကြီးပါလား :P

ko watote said...

ဒေါ်စုရဲ့  moral authority က သိပ်ကြီးပါတယ်။ ကြီးလဲ ကြီးထိုက်ပါတယ်။ အဲဒိအတွက် သူနဲ့ ကိုင်ပေါက်သလားလို့ ကျွန်တော်တွေးမိတာပါ။ အဲသလို မဟုတ်ဘူးဆိုတာ သိရတော့ ကျွန်တော့်အတွက် ရှင်းသွားပါပြီ ကိုပေါရေ။

နောက်များမှ …..

ကိုပေါ said...

zizawa,

ကျေးဇူးကမ္ဘာ။
နောက်များမှ...

ဖိုးတုတ် said...

ကိုပေါ က မုန်းတယ်လို. တိုက်ရိုက်မပြောပေမဲ့ ကိုပေါရေးတဲ့ အကြောင်းအရာ တော်တော်များများက အဲဒီလို အဓိပ္ပါယ်မျိုးပေါက်နေလို.ပါ ၊ (ကျွန်တော် အဓိပ္ပါယ်ကောက်တာ လွဲခဲ့ရင် ခွင့်လွှတ်ပါ) ၊ ကျွန်တော် ကွန်မန်.တစ်ခုမှာ အမှန်တရားဘက် ကရပ်တည်တဲ့ ကိုပေါ ကိုလေးစားတယ်လို. ဖော်ပြခဲ့ပါတယ်၊ ကျွန်တော်နဲ. အိမ်အမွေကိစ္စ မှာ ကိုပေါ နှင့် သဘောမတူညီနိုင်ပေမဲ့ ခုထက်ထိ ကိုပေါ ကို ဒေါသမထွက်ပါဘူး၊ ကျွန်တော် က ဦးအောင်ဆန်းဦး ကို တောင်မှာ ဘေးကကြည်.ပြီး ဒေါသမထွက်၊ ရှုံချခြင်း မလုပ်ခဲ့ပါဘူး၊ ကျွန်တော် က မေတ္တာရှင်ကြီး တော့ မဟုတ်ပါဖူး ၊ ကျွန်တော် ထင်တာကတော့ ဦးအောင်ဆန်းဦး ကို ရှုံချဖို. မရှိသလို အမွန်းတင်ပြီး သူ.ဘက်က လိုက်ပြောတာလဲ မရှိပါဘူး ၊ ကျွန်တော်က လက်ရှိအခြေအနေပေါ်မှ ပဲမူတည်ပြီး ဆွေးနွေးနေတာပါ၊ ဦးအောင်ဆန်းဦး နှင့် ဒေါ်စု ကို ကြိုက်တာ ၊ မကြိုက်တာ ထက် အခြေအနေအရ မောင်နှမ နှစ်ယောက်ရဲ. ပြဿနာလို. ပဲထင်ပါတယ်၊ ပို.စ်နှင့် သက်ဆိုင်တဲ့ ကိစ္စကို ဆက်လက်
ဆွေးနွေးပါ့မယ်၊ အပြင်က ခုပဲပြန်ရောက်လာလို.ပါ၊

အိမ်အမွေကိစ္စ ကို ဒီမှာပဲ ရပ်လိုက်ပါတယ် ၊

အားလုံး ကျန်းမာရွှင်လန်းကြပါစေ၊

Rita said...

ဦးအောင်ဆန်းဦးကို ရှုံ့ချတယ် ဆိုတာထက် ဒီကိစ္စမှာ မတရားသဖြင့် ကျင့်ဝတ်နဲ့ မလျော်ညီတာ လုပ်တဲ့သူကို ရှုံ့ချတယ်လို့ပြောရင် ပိုပြီး ဆီလျော်တယ်လို့ ယူဆပါတယ်။

ပုဂ္ဂိုလ်ရေးသက်သက်နဲ့တော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ဆန်းဦး၊ ခုလက်ရှိ အာဏာပိုင်အဖွဲ့ကလူတွေ ဘယ်သူ့မှ မချစ်ဘူး။ မုန်းလည်း မမုန်းဘူး။

kokosan က ပြောတာ ကျွန်မကို မဟုတ်ပေမဲ့ ကျွန်မ အတွေးကို ဝင်ပြောတာပါ။

ကိုပေါ said...

ကိုကိုဆန်ရေ...

ရှုတ်ချပြစ်တင်တာကတော့ သူတော်ကောင်းတွေ၊ ဘုရားရဟန္တာတွေလည်း ရှုံ့ချပြစ်တင်ထိုက်တာတွေကိုဆိုရင် အခါအားလျော်စွာ ရှုတ်ချပြစ်တင်ခဲ့ကြတာပါပဲ။ သူတို့တွေ ရှုတ်ချတဲ့အခါမှာတော့ ဒေါသပါလို့ ရှုတ်ချတယ်လို့ ကျနော်မယူဆပါ။ သို့သော် ကျနော်တို့လို ပုထုဇဉ်တွေဟာ လောဘ၊ ဒေါသ၊ မောဟ လုံးလုံး ကင်းစင်တယ်လို့ဖြင့် မယူဆပါဘူး။ နည်းနည်းပါတဲ့ လူနဲ့ များများ ပါတဲ့လူပဲ ကွာတာပါ။

ဘာပဲဖြစ်ဖြစ် ကျနော့်အပေါ်မှာ ဒေါသမထွက်တဲ့အတွက်တော့ ကျေးဇူးပါဗျာ။ ကျနော်လည်း ဒီအချက်ကို သတိထားမိပါတယ်။ အောင်ဆန်းဦးကို ဒေါသမထွက်တဲ့အတွက်လည်း ကြားထဲကနေ သာဓုခေါ်ပေးပါတယ်ဗျာ။ တကယ်ပါ။ “အဒေါသ” ဆိုတာ ကုသိုလ်စိတ်ပဲ မဟုတ်လား။

ကျေးဇူးလည်း တင်ပါတယ်။

ဖိုးတုတ် said...

ကိုပေါ ရယ် ----

မငေါ့ပါနဲ.ဗျာ -------

ကျွန်တာ် တို. ခုလို ငြင်းခုံနေကြတာဟာ တကယ်တော့ ကျွန်တော်တို.ရဲ. brain ကို အလုပ်ပေးနေခြင်း မဟုတ်ပါလား? အပြုသဘောအရ တွေးရမယ်ဆိုရင် ကျွန်တော်တို. ဟာ Alzheimer Disease - (Dementia) ကို ကြိုတင်ကာကွယ်ခြင်းဖြစ်တယ်လို. ယူဆပါတယ် ၊

ကိုပေါ said...

kokosan,

အာ... အတည်ပြောနေတာပါဗျ။ ငေါ့ပြောနေတာမဟုတ်ပါဘူး။ ခင်ဗျား ဒေါသစိတ်နဲ့ ပြောနေတာမဟုတ်ဘူးဆိုတာ တကယ်ပဲ ကျနော်သတိထားမိလို့ပါ။

အွန်လိုင်းပေါ်မှာ လာကွန်မင့်ပေမယ့် အေးအေးဆေးဆေး ကွန်မင့်ပေးနိုင်တဲ့ နောက်တယောက်ရှိသေးတယ်။ မောင်သတိတဲ့။ သူကတော့ နိုင်ငံရေးပို့စ်တွေမှာ အရင်က လာပြီး ကျနော်နဲ့ ဆန့်ကျင်ဖက်က ရေးလေ့ရှိပါတယ်။ အခုတော့ ပေါ်မလာတာ ကြာပါပြီ။

ဖိုးတုတ် said...

ကိုပေါ ခင်ဗျား၊ ကျေးဇူတင်ပါတယ် ၊ ကျွန်တော်လည်း မောင်သတိ ကို သတိရပါတယ်၊ ကျွန်တော်ကတော့ ကိုပေါ ကို အခြေအနေအရ သဘောထားကွဲလွဲမှုတွေ ကိုရေးနေရတာပါ၊ အမြဲတမ်း ဆန်.ကျင်ဘက်ရေးဖို. စိတ်ကူးမရှိပါဘူး ၊ ကိုပေါ ရဲ. မြက် နုတ်တဲ့ ပို.စ်မှာ မောင်သတိ နှင့် ကိုပေါ တို. (၂) ယောက် သဘောထား တူညီတာကို တွေ.ရှိရပါတယ်၊ အဲဒါဆို ကျွန်တော်က ကိုပေါ ရဲ. ပို.စ်ကို ဘယ်လောက်ဖတ်တယ် ၊ ကိုပေါရဲ. ပရိတ်သတ်ဆိုတာ သဘောပေါက် ၊

thant win said...

Ma Nge Naing , i think
you misunderstand Ko Paw and Rita
It is very clear , if you comment to their posts (" ko paw, good idea , excellent post" ) / ( " Rita ,lovely idea , very good post " ). i dare say you will get their good reply " thanks or thank you so much ma nge "
u see , now ko paw said to
zizawa,

ကျေးဇူးကမ္ဘာ။
နောက်များမှ...

Unknown said...
This comment has been removed by the author.
Unknown said...

ဇီဇဝါ။.
မင်းရဲ့မနာလိုစိတ်နဲ့DASSK ပညာရေးကိုသေးသိမ်အောင်ပြောနေတာဖတ်ပြီးပြုံးမိတယ်။
အဲ့ဒီဘွဲ့တွေရလာသလားမတော်တဆရခဲ့သလားငါတို့မြန်မာတွေစိတ်မဝင်စားဘူး။
သူ့ရဲ့အနစ်နာခံမှူ၊ထက်မြက်မှုတွေကြောင့်တို့လေးစားတယ်။
မင်းရှေ့တင်ပြောရဲလဲဘာမှမဖြစ်ဘူး။ခွေးလှေးခုန်လို့ဖုံထမလားကွ?
ခက်ရချည်ရဲ့။ဟား ဟား။
မင်းဘယ်ကဘာဘွဲ့ရလာလာ မင်းတိုင်းပြည်အတွက်ဘာလုပ်ခဲ့သလဲဆိုတဲ့ပေတံနဲ့ဘဲပြည်သူကတိုင်းတယ်။
မင်းကိုနိုင် ကိုဌေးကြွယ်ဘာဘွဲ့မှမရှိလဲ ငါတို့လေးစားတယ်။
ဟုတ်ပြီလား။ ခက်ပကွာ။

Unknown said...

အင်းဂလိပ်လိုနဲနဲတပ်ရင်စာထဲဘိုလိုညှတ်ရေး၊
ဟိုကိုးကားဒီကိုးကားလုပ်၊
ပညာရှင် ရောင် NGO ရောင် မြန်မာ့အရေးလေ့လာသူရောင်
...ရောင်..ရောင်တွေများနေဘီကွ
အောင်ဆန်းစုကြည် ဘာနဲ့ကျောင်းပြီးလဲ
အောက်ကလိအာကလိလေကန်နေမဲ့အစား
မင်းဟာမင်း မင်းblog မှာကိုယ်ရည်သွေးရတုဆက်ရေး
ဟုတ်ပြီလား။ဝတုတ်

Anonymous said...

Kokosan

Sucking Ko Paw will lead you nowhere :D.

ဖိုးတုတ် said...

Anonymous - June 15, 2010 6:44PM သို.

Whatever

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

ဘလော့ပေါ်မှာ နိုင်ငံရေးလောကထဲဝင်ကြည့်တော့မှ. . . . မြန်မာတွေအကြောင်း မသိတာတွေ အများကြီးရှိနေပါလားလို့ တဖြေးဖြေးသဘောပေါက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလေးတစ်ခုအပေါ်မှာ ဘာလို့ အဲလောက်အထိ စိတ်ဝင်စားနေလဲ…. ဟင်? Obama ကျမ်းကျိန်တဲ့နေ့က မိန့်ခွန်းပြောတော့လည်း. . . သူ့မိန့်ခွန်းထဲက စကားလုံးလှလှလေးတွေကို အားပါးတရ ဆွေးနွေးကြတယ်။ စကားလုံးလေးလှလှလေးတွေနဲ့ အချိန်ကုန်ခံပြီးဆွေးနွေးတာ မြန်မာတွေမှာပဲ ထူးခြားစွာ တွေ့ရပါတယ်။ ကျနော်မေးချင်တာက . . . . . စကားလုံးလှလှလေးဟာ နှစ် ၂၀ကျော် နအဖပြုတ်ကျရေးအတွက် ဘယ်လို အထောက်အကူဖြစ်စေလို့ အဲလောက် စွဲလန်းနေပြီး. . . .ဆွေးနွေးနေကြလဲခင်ဗျာ? သိတဲ့သူများဖြေပေးကြပါရန်။

လေးစားလျက်
ဇော်မျိုး

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
Anonymous said...

ဇော်မျိုးပြော တာ မှန် ပါ တယ် ...ကျနော် တို့ မြန်မာ လူ မျိုး တွေ ဟာ အဆိုအမိန့်  တွေ ဆို သိပ် ကြိုက် တယ်...စကား လှလှ လေး တွေ ဆို လည်း သိပ် ခရေဇီ ဖြစ် တယ်..ပြောမပြီးတော့ ဘူး ...

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs