“ဘွန်ဆိုင်း”

Share |


ဘွန်ဆိုင်းပင်တဲ့။
သစ်ပင်တော့ သစ်ပင်ပါဘဲ။
ဒါပေမယ့် သစ်ပင် အငယ်စား၊ အပုစားလေးပေါ့။
ဧည့်ခန်းမတွေ၊ ဥယျာဉ်တွေထဲမှာ ပသာဒအတွက် တကူးတက ပြုပြင်မွေးမြူထားတဲ့ သစ်ပင်ကလေးတွေ...ဟောဒီ ကမ္ဘာလောကမှာ ရှိနေကြတယ်။

ဘွန်ဆိုင်းပင်လေးတွေ အခုလို ပုနေ ညှက်နေတာဟာ မျိုးရိုးဗီဇကြောင့် မဟုတ်ရပါဘူးတဲ့။ အကိုင်း၊ အခက်၊ အရွက် နဲ့ အမြစ်တွေကို လွတ်လွတ်လပ်လပ် မကြီးထွားနိုင်အောင် ကာလ ရှည်ကြာ ပြုပြင်ပုံသွင်းခံထားရလို့သာပါတဲ့။

သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဘွန်ဆိုင်းပင်ရဲ့အစဟာ တရုတ်ပြည်မှာ ဟိုးလွန်ခဲ့တဲ့ နှစ် ပေါင်း ၂၀၀၀ ခန့် ဟန်မင်းဆက် လက်ထက်ကတည်းက စခဲ့တယ် လို့ ယူဆကြပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ ဗီယက်နမ်တို့မှာ ဘွန်ဆိုင်းပင်ကို အသွင် အမျိုးမျိုးနဲ့ တွေ့လာကြရတယ်။

သစ်ပင်တွေဘဲ ချုပ်ချယ်ပုံသွင်းခံရလေသလား.......။

အချို့သော လူမှုအသိုင်းအ၀ိုင်း၊ အချို့သော နေရာဒေသမှာ ရှင်သန်ကြီးပြင်းရတာဟာ လည်း လူဖြစ်ပေမယ့် ဘွန်ဆိုင်းပင်နဲ့ မခြားပါလားလို့ တွေးမိတယ်။

လွတ်လပ်စွာ ရှင်သန်ဖွံ့ထွားခွင့်မရအောင် မိမိကြီးပြင်းရာ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းက နှစ်ရှည်လများဆိုသလို ပုံသွင်းပြုပြင်တာကို လှလှကြီး ခံလိုက်ရပြီးတဲ့ နောက်.... ကိုယ်တိုင် ဘွန်ဆိုင်းပင်ကလေးလို ပုညှက်ကြုံလှီသွားလေသလားလို့ ခံစားမိ ပါရဲ့။

ကျနော်တို့တတွေဟာ ဘွန်ဆိုင်းပင်လို လူသားတွေလား။

တချို့ကတော့ လူလိမ္မာလေးတွေ၊
လူယဉ်ကျေးလေးတွေ၊
ရိုးရာအစွဲအလမ်းကြီးသူလေးတွေ၊ လူကြောက်ကလေးတွေ၊
လူရိုးလူအ ကလေးတွေ.....
သရုပ်ပျက်လို့ သူများက သတ်မှတ်ထား တာတွေနဲ့ အနောက်တိုင်းအယူအဆလို့ သူများက ကင်ပွန်းတပ်ထားတာတွေကို ကိုယ်တိုင်ကြိုက်မကြိုက် ယောင်လို့တောင်မှ စမ်းသပ်မကြည့်ဝံ့တဲ့ သမားရိုးကျ လူ့ဘွန်ဆိုင်းလေးတွေ.....။

တချို့ကျတော့ ကိုယ့်ဘာသာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ စံချိန်စံညွှန်းတွေ၊ ကျင့်ဝတ်သိက္ခာတွေ၊ တာဝန်ဝတ္တရားတွေ ကြားမှာ ကိုယ့်ဘာသာ ပိတ်မိပြီး မွန်းကြပ်နေတဲ့ ရှားရှားပါးပါး လူ့ဘွန်ဆိုင်းလေးတွေ....

ဒါပေမယ့် သစ်ပင်တွေမှာ ဘွန်ဆိုင်းပင်ကို အလှအပအဖြစ် ရှုမြင်တတ်သူတွေရှိသလို လူ့အဖွဲ့အစည်းမှာလည်း ကြုံလှီနေတဲ့ လူ့အဖွဲ့အစည်း (Retarded Society)ကိုမှ ပသာဒ ဖြစ်နေသူတွေလည်း ရှိလေရဲ့။

ဘွန်ဆိုင်းပင်ကလေးသာ စကားပြောတတ်ခဲ့မယ် ဆိုရင်....
“ဥယျာဉ်မှူးကြီးခင်ဗျား၊ ကျနော့်ကို သဘာဝအတိုင်း လွတ် လွတ်လပ်လပ် ရှင်သန်ကြီးထွားခွင့်ပေးပါ။ ကျနော်ဟာ တောင်ကုန်းထက်မှာ အရိုးပြိုင်းပြိုင်း အထီးကျန်ကျန် အရုပ် ဆိုးဆိုး ပသာဒမရှိတဲ့ သစ်ပင်ကြီးဘ၀နဲ့ နိဂုံးချုပ်ရလည်း ချုပ်ရပါစေတော့။ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်။ အကိုင်း အခက် အလက်တွေ ဝေေ၀စည်စည်နဲ့ လေပြည်ထဲမှာ၊ မုန် တိုင်းထဲမှာ၊ မိုးသည်းထဲမှာ၊ နေပူကျဲထဲမှာ လောကဓံကို ကြံ့ ကြံ့ခံရင်း သူလိုငါလို သာမန် သစ်ပင်တပင်ဘ၀နဲ့ဘဲ ရှင်သန် ပါရစေခင်ဗျား” .....လို့များ ပြောရှာလေမလားမသိ။

လူတွေမှာတော့ စကားပြောတတ်ပေမယ့် လူ့ဘွန်ဆိုင်းပင်ဘ၀မှာဘဲ ပျော်မွေ့နေချင်ကြသူတွေလည်း ဟောဒီကမ္ဘာလောကမှာ ရှိနေလေရဲ့။

5 comments:

တန်ခူး said...

ကိုပေါရေ...ကြောင်လေး၊ ခွေးလေးတွေကို ဘွန်ဆိုင်းလုပ်ထားတာ emailထဲမှာ ပုံလေးတွေနဲ့တွေ့ဘူးတယ်။ လူတွေရဲ့ဖျော်ဖြေမှူအတွက် သွားလေရာ အလွယ်တကူခေါ်နိုင်ဖို့ ပုလင်းသေးသေးလေးထဲထည့်လို့ရအောင် ဘွန်ဆိုင်းလုပ်ထားတာသိပ်သနားဖို့ကောင်းတာပဲ။ လူ့ဘွန်ဆိုင်းကတော့ ဘွန်ဆိုင်းထဲမှာ အဆိုးဆုံးဖြစ်မယ်ထင်တယ်။

Anonymous said...

ကိုပေါ ကတော့ body size အရ ဘွန်ဆိုင်းမဖြစ်နိုင်ဘူးဗျ.. ဟဲ :))))))

MM

kay said...

ဟုတ်တယ်..ကျမ လည်း..ဘွန် ဆိုင်း ပင် တွေ ကို အဲလို ပဲ ခံစား မိတယ်.. လူ တွေက..ကို့သာယာမူ အတွက်..မတရား သွား ချုပ်ချယ်တာပဲ.. စင်ကာပူ က..ငှက်မွေးတဲ့လူ တွေ လည်း..အသဲယားတယ်။ ငါးတို့ဘာတို့က..ထားပါတော့.. ငှက် ဆိုတာ..နေရာအများကြီး လို တာ.. ကောင်းကင် လို တာ လေ။ ပိတ်ရက် တွေ မှာ..စု ကြ ပြီး..ဆိုင်ကယ် တွေ ပေါ်..ငှက် လှောင်အိမ် လေး တွေ တင်ပြီးပြန်လာတဲ့လူတွေ မြင် ရင်.စိတ် ကုန် တယ်။

Tin said...

ကြံကြံဖန်ဖန် တွေးတတ် ရေးတတ် ပါပေတယ် ။။ ကိုပေါရယ်။

Anonymous said...

Even though I have seen Bonsai trees more than ten thousands times, I did not come across with that different point of view.Thanks for lightening up.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs