လေအေးစက်ဖွင့်ဘို့ မေ့လျော့သွားတဲ့
ကုန်တင်ကားတစင်းရဲ့
အလုံပိတ် အအေးခန်းတွင်းမှာ
အသက်ရှုမွန်းလိုက်တာကွယ်…..တဲ့။
သြော်…အရင်ကတော့
ပစ္စည်းမဲ့၊ ပညာမဲ့၊ အနာဂတ်မဲ့….
အခုတော့ အသက်မဲ့၊ ပိုင်ရှင်မဲ့….
ကြမ်းပေါ်မှာ တုံးလုံးပက်လက်နဲ့
ပိုးစိုးပက်စက် သေဆုံးနေရှာတဲ့
၅၄ ဦးသော မျက်နှာမွဲနိုင်ငံသား
လက်လုပ်လက်စားတွေရေ……
နောင်ဘ၀တွေမှာ
လွတ်လပ်တဲ့
တရားမျှတတဲ့
အသက်အိုးအိမ်စည်းစိမ်ကို
အကာအကွယ်ပေးနိုင်မယ့် တိုင်းပြည်မှာ
သင်တို့…လူပြန်ဖြစ်နိုင်ကြပါစေ။
တကယ်တော့….
သင်တို့ ၅၄ ယောက်သာမဟုတ်
ငါတို့ ၅၄ သန်းလုံး
ဖုန်းဆိုးမြေမှာ
မွန်းကြပ်နေခဲ့တာ ကြာပါပြီ။
(အညွှန်း။ ။ မြန်မာအလုပ်သမား ၅၄ဦး ကုန်တင်ယာဉ်အအေးခန်းအတွင်းမွန်းကြပ်သေဆုံး)
Posted by
ကိုပေါ
on Friday, April 11, 2008
Labels:
Poem
စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites | Blogs |
6 comments:
I felt very sad for them too.
Thanks for the poem.
ခု န က ကျွန်တော် တို့ အလုပ် က ကုလား တစ် ယောက် က မေး တယ် ။ မင်း တို့ တိုင်း ပြ ည် က ဒီ နှစ် အတွင်း သေ တာ များ လိုက် ချည် လား တဲ့ ။ သူတို့ နား လည် အောင် ဘယ် လို ရှင်း ပြ ရ ပါ လိမ့် ။ ( သူ က စက်တင်ဘာ က သေတာ ၊ မြန်မာ အလုပ် သမား တွေ ထိုင်း မှာ ၊ မလေး မှာ သေတာ အကုန် သိ တယ် )
ကိုပေါရေ...စကားလုံးတွေမဲ့ ရင်ထဲဆို့ဆို့တက်တယ်...
(((((((((((((((((( တောက် )))))))))))))))))
Sad to hear , really ko paw .
so sad for them.
Post a Comment