“မုသားမပါ လင်္ကာမချောဟု ဆိုကြရာဝယ်”

Share |
(အာရ်အက်ဖ်အေ ရေဒီယိုရဲ့ “လေလှိုင်းထဲက စာအုပ်စင်” ကဏ္ဍမှာ ဦးအောင်ခင် သုံးသပ်တင်ပြသွားတဲ့ ဒေါက်တာမောင်မောင်ကြီးရဲ့ Burmese Political Values စာတမ်းက ကောက်နှုတ်ချက် အပိုင်း(၂၀)ကို ဆက်လက်တင်ပြလိုက်ပါတယ်။ မူရင်းကို သက်ဆိုင်ရာမှာ ခွင့်မတောင်းနိုင်တာ နားလည်စေချင်ပါတယ်။ နောက်တပို့စ်မှာတော့ ကျနော်ရေးထားပြီးဖြစ်နေတဲ့ ပို့စ်တွေထဲက နည်းနည်းချင်း အသစ်တင်ပေးသွားပါမယ်။ ဦးအောင်ခင်ရဲ့ ထုတ်လွှင့်ချက်တွေကိုလည်း နောက်ပိုင်းမှာ အလျဉ်းသင့်သလို ပြန်တင်ပေးသွားပါမယ်။)

မြန်မာ့နိုင်ငံရေးအတွေးအခေါ်-အပိုင်း(၂၀)

တရားဥပဒေကို အာဏာရှိသူရဲ့ အလိုကျ အသုံးချနေတာဟာ တရားဥပဒေမရှိတာနဲ့ အတူတူပါပဲ။ မြန်မာ့ဓလေ့မှာ တရားဥပဒေက အဆုံးအဖြတ်မပေးဘဲ အာဏာရှိသူကသာ အဆုံးအဖြတ်ပေးတာမို့ အထက်အောက်ဆက်ဆံရေး၊ အစိုးရပြည်သူဆက်ဆံရေး စတာတွေမှာ အမှန်အတိုင်းမပြောရဲဘူးလို့ သမိုင်းပညာပါမောက္ခဟောင်း ဒေါက်တာမောင်မောင်ကြီး သုံးသတ်ထားတာကို မြန်မာ့နိုင်ငံရေးအတွေးအခေါ် အပိုင်း ၂၀ မှာ တင်ပြလိုက်ပါတယ်။ အထက်လူကြီးအကြိုက်လိုက်ပြောပြီး အမှန်တရားကို ဖုံးကွယ်တဲ့အကျင့်ဟာ ဗမာမင်းခေတ်ကအမွေပေးလိုက်တဲ့ အထက်အောက် ဆက်ဆံရေး စနစ်ဖြစ်နေပါတယ်။

သြဇာအာဏာရှိသူကိုကြောက်ကြရတာဟာ ဗမာ့ဓလေ့ပါ။ အထူးသဖြင့် မိမိကိုချက်ချင်းဒုက္ခပေးနိုင်တဲ့အထက်အရာရှိကို ကြောက်ကြပါတယ်။ ရာထူးအာဏာရှိသူဟာ သူ့မှာရှိတဲ့အာဏာကိုအသုံးပြုပြီး အောက်လူကို ဒုက္ခပေးတတ်တာကို ဗမာတွေနားလည်ကြပါတယ်။ ဒါကြောင့် အာဏာရှိသူ မကြိုက်မဲ့စကားကို မပြောဘဲ လိမ်ပြောတာမျိုး (ဒါမှမဟုတ်လည်း) အမှန်တရားကို ရေရောပြီး ပြောတာမျိုး လုပ်တတ်ပါတယ်။ ဖြစ်ရပ်မှန်ကို မတင်ပြဘဲ အထက်အရာရှိအကြိုက် လိုက်ပြောတာဟာ ဗမာမင်းလက်ထက်ကမင်းမှုထမ်းတွေရဲ့ အကျင့်ဓလေ့ပါ။ ဥပမာ.. ပထမ အင်္ဂလိပ်-ဗမာစစ်ပွဲမှာ ဗမာဘက်က အကျအဆုံးများတာကို ဖုံးကွယ်ခဲ့ပါတယ်။ အမှန်အတိုင်းမပြောတဲ့ဗမာ့အကျင့်ကို ၁၉ ရာစုအစောပိုင်းမှာ ရောက်လာတဲ့ အီတလီဘုန်းကြီးက ကောင်းကောင်း သတိထားမိတဲ့အတွက် မှတ်တမ်းတင်ထားပုံက....

“ဗမာတွေလိုက်နာရမယ့် အဓိကကျင့်ဝတ်တွေထဲမှာ မုသာဝါဒါဆိုတဲ့ ပညတ်ချက်လည်းပါဝင်တယ်။ ဒါပေမဲ့ ဒီပညတ်ချက်ကို မလိုက်နာဆုံးပါဘဲ။ ဒီလူမျိုးအဖို့ အမှန်ကိုပြောဘို့ဆိုတာ မဖြစ်နိုင်သလောက်ဘဲ။ ဒါတင်မကသေးပါဘူး၊ အမှန်အတိုင်းပြောဘို့ ကြိုးစားသူကို အရူးလို့ခေါ်တတ်ပါတယ်။ အမှန်အတိုင်းပြောသူဟာ လူကောင်းဖြစ်ပေမယ့် မအောင်မြင်နိုင်တဲ့လူလို့ သတ်မှတ်ကြပါတယ်။ ဒါကြောင့် ပရိယာယ်ဆင်ပြီး ဟန်ဆောင်လှည့်ဖြားတဲ့နေရာမှာ ဗမာတွေကျွမ်းကျင်ကြတယ်။ ကိုယ်တကယ်လိုချင်တာကို မလိုချင်သလိုဟန်ဆောင်တာမျိုး လုပ်တတ်တယ်။ မချစ်သော်လည်း ချစ်ဟန်ဆောင်တာတွေ သိပ်များတယ်” လို့ ၁၉ ရာစု အစောပိုင်း မြန်မာပြည်ကိုရောက်လာတဲ့ အီတလီဘုန်းကြီးက မှတ်တမ်းတင်ထားပါတယ်။

မုသာဝါဒါဆိုတဲ့ ပညတ်ချက်ကို ဗမာတွေအချိုးဖောက်ဆုံးပဲလို့ ၁၈၂၇ ခုနှစ်မှာ အင်းဝကို သံတမန်အဖြစ်ရောက်သွားတဲ့ John Crawford က မှတ်ချက်ချပါတယ်။ အင်္ဂလိပ်-ဗမာ ပထမစစ်ပွဲအတွင်း အင်းဝမှာထောင်ကျနေတဲ့ အမေရိကန်သာသနာပြု Mr. Judson ရဲ့ ပြောပြချက်ကိုလည်း ဖော်ပြထားပါတယ်။ သူနဲ့အတူ ထောင်ကျနေတဲ့ မင်းမှုထမ်းနှစ်ဦးပြောတာကို Mr. Judson ကြားခဲ့ရတာပါ။ ငယ်ရွယ်တဲ့ မင်းမှုထမ်းက ဖြောင့်မတ်တယ်ဆိုတာဘာလဲလို့ မေးတဲ့အခါမှာ အသက်ကြီးတဲ့ မင်းမှုထမ်းက “ဖြောင့်မတ်တယ်ဆိုတာဟာ အသိဉာဏ်ကင်းမဲ့တဲ့ လူအ၊လူနနဲ့ အတူတူပဲ” လို့ ဖြေလိုက်ပုံ Mr. Judson ကြားခဲ့ရပါတယ်။ ရိုးသားဖြောင့်မတ်မှုကို ထုံထိုင်းမှုလို့ ယူဆကြ တာကြောင့် “လူရိုးလူအ” ဆိုတဲ့ အသုံးအနှုန်း ပေါ်လာပုံရပါတယ်။

“မုသားမပါ လင်္ကာမချော” ဆိုတဲ့ စကားအတိုင်း မကောင်းတဲ့သတင်းကို လျှော့ပြောပြီး ကောင်းတဲ့သတင်းကို ပုံကြီးချဲ့ပြီး ပြောတာဟာ ဗမာ့ဓလေ့လိုဖြစ်နေပါပြီ။ အထက်လူကြီးအကြိုက်လိုက်ပြောချင်တာကြောင့် စကားအရာမှာ လှည့်ပတ် ပြောဆိုတတ်တဲ့ အကျင့်ဓလေ့ ပေါ်ထွက်လာတာဖြစ်ပါတယ်တဲ့။ မိမိကိုမထိခိုက်အောင် လှည့်ပတ်ပြောဆိုတဲ့အတတ်ပညာကို တန်ဖိုးထားတဲ့သဘောပါပဲ။ လူတဖက်သားကို စော်ကားသလိုမဖြစ်အောင်၊ မထိခိုက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လိမ်ညာပြောဆိုတဲ့ ကိစ္စတွေဟာ ဆက်ဆံရေးအဆင်ပြေအောင် လုပ်တဲ့သဘောဖြစ်နေလို့ ဗမာတွေက စိတ်မသိုးမသန့် မဖြစ်ကြပါဘူး။

စိတ်သာရှင်စော ဘုရားဟော”၊ “စိတ်ထားတတ်က မြတ်၏”ဆိုတဲ့ စကားကိုကြည့်ရင် ရည်ရွယ်ချက်က တကယ့်လုပ်ရပ်ထက်အရေးကြီးပုံကို ဗမာတွေလက်ခံတာကို သိနိုင်ပါတယ်တဲ့။ သူများရည်ရွယ်ချက်ကို အကဲခတ်ရတာနဲ့ သံသယဖြစ်ရတာဟာ ဗမာ့အမှုထမ်းလောကရဲ့ ထင်ရှားတဲ့အသွင်လက္ခဏာတခုပါပဲ။ နန်းတွင်းလျှို့ဝှက်ကြံစည်မှုတွေက ဆင်းသက်လာတဲ့ အကျင့်ဓလေ့လည်း ဖြစ်ပါတယ်။ ရာထူးတက်အောင်၊ သြဇာအာဏာရှိလာအောင် နန်းတွင်းမှာ အပြန်အလှန် စုံစမ်းထောက်လှမ်းတဲ့အခါ စိတ်ထဲရှိသမျှ အကုန်ထုတ်ပြောလို့ မဖြစ်ပါဘူး။ သူများရဲ့ ရည်ရွယ်ချက်ကို သံသယအပြည့်နဲ့ သုံးသပ်ရပါတယ်။

အင်္ဂလိပ်-ဗမာ ပထမစစ်ပွဲပြီးသွားပေမယ့် အင်္ဂလိပ်ရဲ့ ရည်ရွယ်ချက်ကို ဗမာက သံသယရှိနေတဲ့အတွက် ပေးရမယ့် စစ်လျော်ကြေး ပထမအရစ်ကို မပေးသေးဘဲ ဆိုင်းထားပါတယ်။ စစ်လျော်ကြေး ပထမအရစ်ပေးလိုက်တာနဲ့ အင်္ဂလိပ်စစ်တပ် ချက်ချင်းဆုတ်ခွာသွားတာကို ဗမာတွေအံ့သြနေကြပုံရပါတယ်။ ဒါကြောင့် “ဒီကုလားတွေဟာ အရက်သောက် နွားသတ်ပြီး အလွန်လောဘကြီးပေမယ့် ကတိတည်ပြီး အမှန်အတိုင်းလုပ်တာကို တန်ဖိုးထားကြတယ်။ ငါတို့ဗမာတွေကတော့ မှန်တာဆိုရင် တခုမှမပြောရဲဘူး”လို့ မှတ်ချက်ချကြပုံကို အင်္ဂလိပ်သံတမန်တဦးက သက်သေ ထွက်ဆိုခဲ့ပါတယ်။

အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးစနစ်ကျင့်သုံးတော့လည်း သံသယဖြစ်တတ်တဲ့ ဗမာ့ဓလေ့ဟာ ကွယ်ပျောက်သွားတာမဟုတ်ပါဘူး။ ၁၉၂၇ မှာ ကျင်းပတဲ့ မိတ္ထိလာအရာရှိငယ်သင်တန်းမှာ “သံသယစိတ်တိုက်ဖျက်ရေး” ကို ဘုရင်ခံ Harcourt Butler မိန့်ခွန်းပြောပါတယ်။ ဖြစ်ရပ်မှန်နဲ့ ပကတိအချက်အလက်တွေကိုသာ အဓိကထားပြီး စဉ်းစားဘို့နဲ့ ကိုယ်ဖြစ်ချင်တာ၊ ထင်မြင်ယူဆတာတွေကို ဦးစားမပေးဘဲ သိပ္ပံနည်းကျလေ့လာသုံးသပ်ဖို့ Harcourt Butler က တက္ကသိုလ်ကျောင်းသားတွေကို တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံအုပ်ချုပ်ရေးပြုပြင်ဘို့အတွက် ၁၉၃၀ ခုနှစ်က လန်ဒန်မှာ စားပွဲဝိုင်းဆွေးနွေးပွဲလုပ်တဲ့အခါ ဗမာကိုယ်စားလှယ်တဦးက ရှမ်းစော်ဘွားတွေရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေရှိနေကြောင်း ရမ်းသန်းပြောလိုက်ပါတယ်။ အချက်အလက် အထောက်အထားမပြနိုင်ဘဲ ထင်ရာမြင်ရာ ရမ်းသန်းစွပ်စွဲတာမျိုးကို လုံးဝလက်မခံနိုင်ကြောင်း အင်္ဂလိပ်ဘက်က သတိပေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဓမ္မဓိဋ္ဌာန်ကျကျ အရှိကိုအရှိအတိုင်း တန်ဖိုးဖြတ်နိုင်တဲ့စွမ်းရည် ဗမာတွေမှာ ချို့တဲ့နေတာ တွေ့ရပါတယ်တဲ့။

ပေါ့ပေါ့တန်တန်နေထိုင်ပြောဆိုမှုတွေနည်းပါးသွားပြီး လေးလေးနက်နက် နေထိုင်ကျင့်ကြံတတ်ဘို့အတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရဲ့ အဓိပ္ပါယ်ကို ဗမာတွေ နားလည်သဘောပေါက်ဖို့လိုတယ်လို့ ဆရာမောင်မောင်ကြီးက ယူဆပါတယ်။ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးသဘောကို နားလည်တဲ့ ပြည်သူလူထုကသာ မိမိကိုယ်မိမိ ယုံကြည်လာမှာဖြစ်ပါတယ်။ စိတ်ထင်သလို ဖမ်းဆီးထောင်ချတာမျိုး မလုပ်ဘဲ တရားမျှတတဲ့ ဥပဒေကို ကျင့်သုံးနိုင်ရင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ရရှိပါလိမ့်မယ်။ တရားဥပဒေရဲ့ စောင့်ရှောက်မှုကို ရရှိထားတဲ့ ပြည်သူလူထုကသာ လေးလေးနက်နက် စဉ်းစားပြီး အလုပ်ကြိုးစားကြပါလိမ့်မယ်တဲ့။

ဒီမိုကရေစီစနစ်ကို ထိထိရောက်ရောက် ကျင့်သုံးနိုင်တဲ့ အလေ့အကျင့် ဗမာတွေမှာ မရှိသေးပါဘူး။ ပြည်သူ့ကိုယ်စားလှယ်တွေလက်ထဲ အာဏာရောက်ရှိလာဘို့ နှစ်ပေါင်းများစွာ အနောက်တိုင်းမှာ တိုက်ပွဲဝင်ခဲ့ရတာကို ဗမာတွေ သတိပြုဘို့ လိုပါတယ်။ ထိရောက်စွာ ကျင့်သုံးနိုင်တဲ့ နိုင်ငံရေးစနစ်ကို မွေးထုတ်ရာမှာ သမိုင်းကြောင်း ရှည်လျားတာကို မမေ့သင့်ဘူးလို့ ဆရာမောင်မောင်ကြီးကဆိုပါတယ်။


ကိုပေါမှတ်ချက်။..............။ ဆရာဒေါက်တာမောင်မောင်ကြီးက ဒီမိုကရေစီစနစ်ကို ထိထိရောက်ရောက် ကျင့်သုံးနိုင်တဲ့ အလေ့အကျင့် ဗမာတွေမှာ မရှိဘူးပြောတာဟာ မြန်မာတွေ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူးလို့ ဆိုလိုတာလို့ ကျနော်မယူဆပါဘူး။ မြန်မာတွေဟာ သူများနည်းတူ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို တန်းတူရည်တူ ခံစားခွင့်ရှိရမှာပါ။ ဒါပေမယ့် ဒီမိုကရေစီစနစ်မှာ ကြုံရမယ့် အလေ့အထတွေ၊ အကျင့်စရိုက်တွေနဲ့ ယဉ်ပါးဘို့ဆိုရင် အချိန်ယူရမှာ ဖြစ်ကြောင်းကို ဆိုလိုဟန်ရှိပါတယ်။ ကျနော့်မိတ်ဆွေ လူငယ်တယောက်ကတော့ ပြောပါတယ်။ ဒီမိုကရေစီ စနစ်ဆိုတာ တံဆိပ်ပြောင်းကပ်လိုက်တာမျိုးမဟုတ်။ လူတွေရဲ့ စိတ်ဓါတ်နဲ့တွေးခေါ်ပုံကို ပြောင်းလဲကြရမှာ ဖြစ်တယ်။ သူဥပမာပေးပုံက.... ဒီမိုကရေစီဟာ အင်ဂျင်စက်ကြီးတလုံးဆိုရင် လူတွေရဲ့ စိတ်ဓါတ်နဲ့ တွေးခေါ်ပြုမူကျင့်ကြံပုံတွေက အဲဒီအင်ဂျင်ကြီးကို မောင်းနှင်မယ့် လောင်စာဆီနဲ့တူမယ်။ လောင်စာဆီက သူ့အင်ဂျင်နဲ့ မလိုက်ဖက်တဲ့ ကြက်ဆူဆီတွေဖြစ်နေမယ်ဆိုရင် အင်ဂျင်ကြီးဟာ မလည်ပတ်နိုင်ရုံမျှမက ကြာရင် သံချေးတောင်တက်သွားနိုင်ပါသေးသတဲ့။

ပူးတွဲဖတ်ရှုရန်။.........။ လွတ်လပ်သောစိတ် (ကိုရွှေအောင်ရဲ့ စိမ်းလန်းသောမြေမှ)

30 comments:

Anonymous said...

Thanks for posting Ko Paw, I will be waiting for the next one.


Ko Ko Kyaw

Anonymous said...

အမှန်တရားရဲ့ အရသာ


လူတွေက အမှန်တရားကို ချစ်မြတ်နိုးကြတယ်… အမှန်တရားကို ဖွေရှာကြတယ်… အမှန်တရားကို လိုချင်ကြတယ်။ ဒါပေမယ့် တကယ်တမ်း အမှန်တရားကို တွေ့ တဲ့အခါ... မြင်နိုင်ဖို့ ၊ ကြားနိုင်ဖို့ ၊ လက်ခံနိုင်ဖို့ … ခံနိုင်ရည် တကယ်ရှိပါသလား… အဆင်သင့်ရော ဖြစ်ပြီလား…။ တခါတလေ အမှန်တရားက ကိုယ်ထင်ထားတာနဲ့  တခြားစီဖြစ်အောင် လွဲချော်နေတတ်တာလေ။ ဒီလောကကြီးထဲမှာ နေရာတကာ အမှန်တရားကို သိရတဲ့အခါ ပျော်ရွှင်နိုင်ပါဦးမလား…။ ဒါဆို အမှန်တရားကို ဖုန်းကွယ်တာကို အားပေးရာကျနေလား…။ အမှန်တရားကို အမြဲသိနေရဖို့ က သဘာဝကျသလား…။ နာကျင်စေမယ့် အမှန်တရားတွေကို ကြောက်တတ်သလား။

အစချီတာကြီးက နဲနဲကြီးသွားသလားလို့ …။ ဒီအကြောင်းရေးမယ်ဆို တွေးစရာတွေက မဆုံးနိုင်အောင် ပါတော့မှာ။ ကျေးဇူးပြုပြီး ပေါ့ပေါ့ပါးပါးလေးပဲ ဖတ်ပေးပါနော်။ ဘာရယ် မဟုတ်ပါဘူး။ ခုတလော ကြည့်ဖြစ်နေတဲ့ TVကလာတဲ့ game showလေးကနေ အတွေးပွားသွားတာပါ။ “The Moment of Truth ” တဲ့ ။ အပွင့်လင်းဆုံးမေးခွန်းတွေကို မချွင်းးမချန် အမှန်အတိုင်းသာ ဖြေခဲ့ရင် အမြင့်ဆုံးဆု ဒေါ်လာသန်းတ၀က်ထိ ရနိုင်တဲ့gameပေါ့။ ကိုယ်ဖြေတဲ့အဖြေက လိမ်ဖြေခဲ့ရင်တော့…။

Gameထဲမှာ မေးတဲ့ မေးခွန်းတွေက တကယ့် အတွင်းရေးကို နှိုက်နှိုက်ချွတ်ချွတ်။ “မင်း သူနဲ့  လက်ထပ်ခဲ့တာ မှားတယ်လို့  နောင်တရခဲ့ဘူးသလား” တဲ့။ “ရခဲ့ဘူးပါတယ်… ဟုတ်ကဲ့” ဆိုတဲ့ အဖြေက မှန်တယ်လဲ ဆိုရော မျက်ရည်တွေ ရစ်ဝဲပြီး
ယူကျူံးမရဖြစ်သွားတဲ့ အမျိုးသမီး နေရာ ပူးဝင်ခံစားမိတယ်။ ခါးသီးလွန်းတဲ့ အမှန်တရား။ ရင်ကို နာကျင်စေတဲ့ အမှန်တရား။ ဒီလို သိလိုက်ရတဲ့အခါ ယုံကြည်မှုတွေက ပါးလျသွားတော့မှာ။ ဒါပေမယ့်… ဒါအမှန်တရားလေ။ လက်ခံနိုင်ဖို့  အင်အားမွေးကို မွေးရတော့မှာပေါ့။

“မင်းအမျိုးသမီးလက်ထဲကနေ တခြားမိန်းမနဲ့  ဖောက်ပြန်ဘူးသလား” ။ သေလိုက်ပါတော့…။ အဲဒီအဖြေတခုက နှလုံးသားကို အသေသတ်မဲ့ အဖြေ။ မေးခွန်းမေးတဲ့ သူက ယောင်္ကျား အဖြေ မပေးခင် မိန်းမဘက်လှည့်မေးသေးတယ်။ “ ဘယ်လို ထင်သလဲ” တဲ့။ “ယုံကြည်မှု ရှိနေတဲ့ အပြုံးနဲ့  “သူဒီလို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး” တဲ့။ သွေးအေးတဲ့ ယောင်္ကျားက အမှန်တရားကို ရက်ရက်စက်စက် ပြောသွားတယ်။ “ဟုတ်ကဲ့… ငါဖောက်ပြန်ဘူးပါတယ်” တဲ့။ ခုနက မိန်းမဆီက ယုံကြည်မှုတွေ မျက်ရည်အဖြစ်ပြောင်း ချောင်းစီးသွားတယ်။ ပွဲကြည့် ပရိသတ် ကိုယ်ကတော့ ဒီတခါမှာ
ဒီgameကို ကျေးဇူးတင်သွားတယ်။ နို့ မို့  ဘယ်အချိန်ထိများ ဖောက်ပြန်သူ တယောက်ရဲ့ လှည့်စားမှုကို ခံနေဦးမလဲ။ ဒီအမှန်တရားက သိသင့်တဲ့ အမှန်တရား။ လူပုံလည်မှာ ကျုပ်ဒီလောက် ကိုယ်ကျင့်တရား ပျက်ပြားပါတယ် ဆိုတာ ဖွင့်ချလိုက်ရသူအတွက် အရှုံး။

“မင်းဟာ မင်းမိဘတွေ အတွက် ၀န်ထုပ်ဝန်ပိုးတခုလို့  ခံစားရလား”။ အမေကြီးက သားအဖြေကို စိတ်လှုပ်ရှားစွာနဲ့  စောင့်မျှော်နေတယ်။ ကိုယ့်ရင်သွေးနာကျင်တာ မကြည့်ရက်တဲ့ အမေတယောက် အတွက် လှပတဲ့ အဖြေပဲဖြစ်ပါစေလို့  ဆုတောင်းမှ မဆုံးသေး “ခံစားရခဲ့တယ်…” တဲ့။ ခေါင်းလေး တငြိမ့်ငြိမ့်နဲ့ မျက်ရည်ဝိုင်းသွားတဲ့ မိခင်တယောက်ရဲ့ ခံစားမှုကို ကိုယ်ချင်းစာမိတယ်။ ငယ်ငယ်တုန်းက အဖေက ရိုက်ရင် နောက်တနေ့  အဖေနဲ့ အမေ အပြင်က ပြန်မလာခင် ကျွန်မသည် ဦးxxx နှင့် ဒေါ်xxxတို့ ရဲ့ သမီးအရင်း မဟုတ်ပါလို့  စာရွက်ပေါ်ရေး အိမ်ရှေ့ ခန်းမှာ ကပ်ထားတတ်တဲ့ ကိုယ့်ကို ဒီလိုမေးခွန်းမျိုး မေးလာခဲ့ရင်ကော။ မိဘဖြစ်လာမှ မိဘမေတ္တာကို ပိုနားလည်လာတတ်ကလဲ အမှန်တရားတခုပဲ မဟုတ်ပါလား။

တခါတလေကျတော့လဲ အမှန်တရားက ချိုမြနေပြန်ရော။ “မင်းရဲ့ ရီးစားဟောင်းက မင်းရင်ထဲမှာလွှမ်းမိုးတုန်း… အခြေအနေပေးရင် ပြန်ဆက်ချင်တုန်း” ဆိုတာကို “ဟုတ်ကဲ့” လို့ ဆိုတော့ ကောင်မလေး မျက်လုံးလေးတွေ ပြုံးသွားတယ်။ အဲဒီအပြုံးထဲမှာပဲ အချစ်က ပျော်ဝင်စီးမျောလို့ ။ ဒါမျိုးလေးတွေ လုပ်စမ်းပါလို့  ပြောလို့ မှ မဆုံးသေး ရက်စက်တဲ့ မေးခွန်းက ဆက်လာတယ်။ “မင်းရီးစားဟောင်းကို အရင်ချစ်သူဘ၀က လှည့်စားလိမ်ညာခဲ့ဘူး သလား” တဲ့။ “ဟုတ်ကဲ့” ။ ခုနက ပျော်နေခဲ့တဲ့ ကောင်မလေး ပါးစပ်လေးဟ အံ့သြသွားခဲ့တယ်။

ဒီလူကလဲ မှန် မှန်နိုင်လွန်း။ အဖြေတွေ တခုပြီး တခု မလိမ်ညာပဲ အမှန်ဖြေလေလေ သူ့ နားက သူနဲ့ ရင်းနှီးသူတွေ နာကျင်လေလေ။ နောက်ဆုံး အမေကြီးက တော်လောက်ပါပြီ… ဘယ်သူ့ နှလုံးသားကိုမှ ဆက်ပြီး မနာကျင်စေချင်လို့ ပါတဲ့။ အမှန်တရားကို လက်မြှောက် အရှုံးပေးလိုက်ရခြင်း။

ဒီshowဟာ ကိုယ်ကျင့်တရား မဖောက်ပြန်၊ စိတ်ထားမြင့်မြတ် သိမ်မွေ့ တဲ့ သူတွေ နဲ့ ဆို အတော်ကြည်နူး စရာကောင်းမှာပါ။ သူတို့ က အမှန်တရားတွေနဲ့  နေထိုင်သူလေ။ ကိုယ်ကျင့်တရား ပျက်စီးသူ စိတ်ထားပျော့ညံ့ ယိုင်နဲ့ လွယ်သူတွေ အတွက်တော့ အတော် ရုပ်ဆိုးစေတဲ့  game တခုပေါ့။ တကယ်လို့ များ အမှန်တရားနဲ့  စိတ်လှုပ်ရှားချင်ရင် ကိုယ်တယောက်ထဲ online ပေါ်မှာ အရင်ကစား ကြည့်ပေါ့။ ပြီးရင်… ပြောပြဦးနော်… အမှန်တရားရဲ့ အရသာ။
(မေးခွန်းများကို မြန်မာယဉ်ကျေးမှုနဲ့ နီးစပ်အောင် အကြမ်းဖျင်း ဘာသာပြန်ထားခြင်းဖြစ်ပါတယ်)

တန်ခူး
11:00pm 17-Oct-2008
Posted by တန်ခူး at 11:32 PM
43 comments:

Moe Cho Thinn said...

မတန်ခူးရေ
အမှန်တရားဆိုတာ လိုအပ်တာ မှန်ပါတယ်။
ဒါကြောင့် တခြားမေးခွန်းတွေ မပြောချင်ပေမဲ့ ကိုယ်ချစ်တဲ့ သားတယောက်ရဲ့ အဖြေကို အမေကြီးတယောက် မျက်ရည်ဝဲပြီး မခံစားစေချင်ဘူး။ လူဆိုတာ perfect မဖြစ်ပါဘူး။ ဒါပေမဲ့ လက်ရှိကျန်တဲ့ ဘ၀တိုတိုလေးမှာတော့ အမေရဲ့ ခံစားချက် နဲ့ ယုံကြည်မှုဟာ သူရမဲ့ ဆုငွေထက် အများကြီး တန်ဖိုးရှိပါတယ်။
နောက်တခုက အဲဒီလိုပြောတာဟာ လိမ်တာ၊ မှန်တာဆိုတာကိုရော ဘာနဲ့များ check ပါလိမ့်။ တွေးမိတာလေးတွေပါ။
ချိုသင်းကတော့ ကိုယ့်ဘ၀မှာ အမြဲတမ်း မှန်မှန်ကန်ကန် စိတ်ထဲရှိတဲ့အတိုင်း နေခဲ့၊ နေဆဲ။ အဲဒါဟာလဲ ကိုယ်ချစ်ခင်သူကိုလဲ မထိခိုက်စေခဲ့ဘူးလို့ ခုထိ ယုံကြည်နေဆဲပဲ။
October 17, 2008 11:55 PM
tg.nwai said...

တန်ခူးရေ..
တခါတခါတော့ အမှန်တရားဆိုတာ သိပ်ခါးသီးတာပဲနော်.. အမှန်တရားကို ဖွင့်ဟ၀န်ခံတာ ခွင့်လွှတ်မှုကိုတောင်းခံတာမျိုး၊ ကိုယ်မှားခဲ့တဲ့ အတွေးတွေ လုပ်ရပ်တွေကို နောင်တ ရလို့ တောင်းပန်တာမျိုးဆိုရင်တော့ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ် ထင်ပါရဲ့။ လူတိုင်းက ရင့်ကျက်တဲ့သူ မဟုတ်လေတော့ အမှန်တရားရဲ. ခါးသီးမှုကို လူတိုင်းခံနိုင်ရည် ရှိပါ့မလား... တွေးမိတာလေးတွေပါ..။
October 18, 2008 12:41 AM
PAUK said...

မတန်ခူးရေ...
နာကျင်စေတဲ့အမှန်တရားကြီးကို
မလိုချင်ပေမယ့်..
ရရှိနေတယ်..
ဝတ္ထုတစ်ပုဒ်ဖတ်ဖူးတယ်..
ကိုရိုးကွန့်လား...ညီပုလေး ရေးတာလားမမှတ်မိတော့ဘူး
ဝတ္ထုထဲက ကိုသက်ခိုကို အဘကအရက်ဖြတ်စေချင်လို့
ကိုသက်ခိုဖခင်အနေနဲ့ ဟန်ဆောင်ခဲ့တယ်
အဲဒါကျတော့ ကောင်းသောလိမ်ညာခြင်းပေါ့နော်
October 18, 2008 1:00 AM
PTi said...

ကောင်းသော လိမ်ညာခြင်းဆိုတာကလည်း လိုအပ်တယ်လို့ ထင်တယ်... တကယ်လို့ ကိုယ်သာ အဲလို နေရာမှာ အမေးခံရရင်ကော... ???
October 18, 2008 2:17 AM
ThuHninSee said...

အဲဒီshowကိုကြည့်တိုင်း စိတ်ဆင်းရဲတယ်။
မကြည့်ပဲလဲမနေနိုင်ဘူး။
ကိုယ်လဲ ဘယ်တော့မှ သွားမဖြေဘူး။
ကိုယ်နဲ့သက်ဆိုင်သူတွေလဲ ဖြေမှာမကြားရဲဘူး။
October 18, 2008 4:39 AM
myatnoe said...

အမှန်တရား... ဆိုတာ .. အမြဲတမ်းမှန်ကန်နေသူတွေအတွက်တော့ မှန်ပါတယ်။
ဒါပေမဲ့ တခါတလေမှာ ကောင်းသော ညာခြင်းအတွက်တော့ အမှန်တရားကို သွေဖယ်သွားရတဲ့အခါတွေ ရှိကောင်းရှိပေမဲ့
အကွက်ကျကျ လိမ်ညာထားတဲ့ အမှန်တရားဆို၇င်တော့ အဲဒီအမှန်တရားက တဖက်သားကို ပိုနစ်နာစေတတ်ပါတယ်..။
လူဆိုတာ တခါတလေတော့လည်း အမှန်တရားနဲ့ မုသားစကားကြားမှာ တော့နေထိုင်နေရတာ မဟုတ်ဘူးလား။
တခါတုန်းက .. အိမ်မှာ အက်ဆီဒင့်ဖြစ်တဲ့ မြတ်နိုးကို ဆေးရုံကိုလိုက်တာတဲ့ အမက ဖက်ပီး အားရပါးရ ငိုနေတာ.. ကိုယ်ပါလိုက်ငို ပီး ကိုယ့်အမက ကိုယ့်ထက် မတိတ်တမ်းငိုနေတော့ ..ကိုယ်က ပါဆက်ငိုနေရင် ကိုယ့်အမက ဒုက္ခပိုရောက်တော့မှာလေ...။ ဒါနဲ့ အငိုတတ်ပီး သမီးဘာမှမဖြစ်ပါဘူးလို့ဆိုတဲ့ သူက တမျက်နှာလုံးမှာ သွေးတွေ အလိမ်းလိမ်းနဲ့ လေ..အဲဒီအချိန်ဆရာဝန်က ဓာတ်မှန်မရိုက်ရသေးတော့ အပေါ်ယံကြည့်ပီး ပြောတာက မေးရိုးကျိုးသွားပီတဲ့..။ ဒါဆို အဲဒီအချိန်က မြတ်နိုးအငိုတိတ်ပီး ညာလိုက်တာ အမှန်တရား မဟုတ်ဘူးဆိုပေမဲ့ မြတ်နိုးအမ .. ပြန်တည်ငြိမ်သွားတာတော့ အမှန်ပဲ.။ ဟုတ်ဖူးလား။
အဟီး..။

အမ..ဟုတ်တယ်နော်.. မြတ်နိုးလည်း ငယ်ငယ်က အဲလိုပဲ အိမ်က လူကြီးတွေ ဆူပီဆိုရင် ..ငါက သမီးအရင်းမဟုတ်ဘူးဆိုပီး ..အမြဲ တွေးတာ။ တခါတလေတောင် သူငယ်ချင်းတွေကို ပြောပြသေးတယ်။ ငါက.. မွေးစားသမီးထင်တယ်လို့..။ အဟီး..
October 18, 2008 6:44 AM
မောင်မျိုး said...

အမှန်တရားကို ကျနော်လည်းချစ်တယ် အစ်မရေ့ ဒါပေမယ့် မုသားမပါလကာင်္မချောဆိုတဲ့စကားလို ကိုယ့်ကြောင့် ပတ်ဝန်းကျင်က လူတွေနာကျင်ရမယ် ခံစားရမယ့် အဖြစ်...။သူတစ်ပါးကိုမထိခိုက်တဲ့ လိမ်ညာမှုမျိုးဆိုရင်တော့ ကျနော်က မရိုးသွားစွာနဲ့ လိမ်ညာမိမှာပဲ ဆုကြေးမရရင်လည်းနေပါစေ ပိုက်ဆံနဲ့  အမေ့မျက်ရည်ကိုတော့ မလဲနိုင်တာ အမှန်ပဲ ။
October 18, 2008 10:29 AM
khin oo may said...

အမှန် တရား ကို မသိလိုပါ။ ညာနေ တာ လေး ကို သာ ခံယူ ချင်ပါတယ်။ ကိုယ် က မပြတ် သား နိုင်လို့ပါ။
October 18, 2008 10:47 AM
Ko Paw said...

တန်ခူးရေ….
အမှန်တရား (သစ္စာ) နဲ့ အမှန်ကို ပြောဆိုခြင်း နှစ်ခုကို နည်းနည်းရောထွေးနေတယ်လို့ ထင်မြင်မိပါတယ်။
အမှန်တရားကို သိမြင်တာ၊ ဒီထက်ပိုပြီးတော့ အမှန်တရားကို မြတ်နိုးတာ၊ ဒီထက့်တဆင့်ပိုပြီးတော့ အမှန်တရားကို လက်ခံနိုင်တာဟာ အင်မတန်ကောင်းပါတယ်။ ဥပမာပေးရရင်…. လူဟာ အိုခြင်းသဘောရှိတယ်၊ နာခြင်းသဘောရှိတယ်၊ သေခြင်းသဘောရှိတယ်၊ ချစ်မြတ်နိုးသူအားလုံးနဲ့ သေကွဲသော်လည်းကောင်း၊ ရှင်ကွဲသော်လည်းကောင်း မလွှဲမသွေ ခွဲခွာရတဲ့ သဘောရှိတယ်။ ဒါကြောင့် ဒီသဘောတရားတွေကို နေ့ညမပြတ်ဆင်ခြင်အပ်တယ်လို့ ဗုဒ္ဓက ပြောခဲ့တယ်။ ဒီသဘောတွေကို တန်ခူးတွေးကြည့်ပါ။ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ သေကွဲ၊ ရှင်ကွဲ ကွဲခြင်း စသဖြင့် ဘယ်တခုက နှစ်မြို့စရာကောင်းလို့လဲ။ ဒါပေမယ့် ဒါတွေဟာ အမှန်တရားတွေချည်းဘဲ။ ဒီအမှန်တရားကို သိနားလည်ခြင်းဖြင့်၊ သဘောပေါက်ခြင်းဖြင့်၊ ဒီ့ထက်ပိုပြီး လက်ခံနှလုံးသွင်းနိုင်ခြင်းဖြင့် ပိုမိုရင့်ကျက်သူတယောက်ဖြစ်လာတတ်ဟာ စဉ်းစားကြည့်ရင်ကို အတိုင်းသားမြင်နိုင်ပါတယ်။
အမှန်တရားဟာ ခါးသီးလို့ မကြားရဲ၊ မနာရဲ၊ မပြောရဲ၊ လက်မခံရဲဘဲ ရှောင်ပြေးတာဟာ မရင့်ကျက်ရာ၊ သူရဲဘောကြောင်ရာကျပါတယ်။
ငယ်စဉ်ကလေးဘ၀ စဉ်းစားဉာဏ်မရင့်သန်မီ၊ မရင့်ကျက်မီမှာ “လူကလေးလာလာ၊ ဒီဆေးဟာ ချိုတယ်၊ သောက်လိုက်ပါကွာ” လို့ ချော့မော့တိုက်ကြရပေမယ့် ရင့်ကျက်လာတဲ့လူကြီးတယောက်အဖို့တော့ ဆေးခါးကိုလည်း ရောဂါပျောက်ဘို့အတွက် သောက်တန်သင့်ရင် ကိုယ့်အသိစိတ်နဲ့ကိုယ် သောက်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ လောကကြီးမှာ ရှိသမျှ ဆေးဝါးတိုင်းဟာ သကြားအုပ်မထားတဲ့အတွက်ပါ။
အမှန်တရားမှာလည်း အလားတူဘဲ။ အမှန်တရားတိုင်းဟာ မချိုမြိန်နိုင်ဘူး။ ရင့်ကျက်သူတယောက်အတွက်တော့ မချိုမြိန်တဲ့ အမှန်တရားကိုလည်း လက်ခံနိုင်ပေလိမ့်မယ်။
အမှန်တရားကို ပြောကြားတာနဲ့ ပတ်သက်လို့တော့ ဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့ “ဟုတ်မှန်တယ်၊ အကျိုးရှိတယ်ဆိုရင် ကြားရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ အခါအားလျော်စွာ ပြောဆိုအပ်တယ်” ဆိုတဲ့ စကားကိုဘဲ ကျနော်သဘောကျတယ်။
နောက်တခုက လူတွေက “ကောင်းတဲ့စိတ်နဲ့ လိမ်ပြောတာဆိုရင် ကောင်းတယ်။ အဖြူရောင်မုသားကို လက်ခံတယ်” စသဖြင့် ပြောကြတာရှိတယ်။ အမှန်တော့ မုသားဆိုရင် ဘယ်မုသားမှ မကောင်းဘူးလို့ ထင်တယ်။ ဗုဒ္ဓဘာသာဝင်လို့ ကြွေးကြော်ထားသူတွေအဖို့ ပိုလို့တောင် မလိမ်သင့်သေးတယ်။
ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀ါဒကို သဘောကျတယ်။ သူမက မလိမ်မညာဘဲ မဖြေလို့ဖြစ်တဲ့ မေးခွန်းတွေဆိုရင် လုံးဝ မဖြေဘဲသာ နေလိုက်တယ်။ လိမ်ညာဖြေဆိုခြင်း မလုပ်ဘူးတဲ့။ အန်တီစုကို လေးစားတဲ့အချက်တွေမှာ အဲသည်အချက်လည်း ထိပ်ဆုံးကပါတယ်။
တဖက်သားကို အမှန်အတိုင်းပြောလိုက်ရင် သူစိတ်ထိခိုက်သွားမှာစိုးလို့ ဆိုတဲ့အကြောင်းပြချက်ဟာ တကယ်တော့ တဖက်သားကို အထင်အမြင်သေးထားတာဘဲ။ စော်ကားတာဘဲ။ တဖက်သားကို ကိုယ်လိုဘဲ ရင့်ကျက်သူလို့ ယူဆထားရင်တော့ ဒီလိုတွေးစရာ အကြောင်းမရှိဘူးလေ။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကျနော် ပို့စ်သတ်သတ် တပုဒ်ရေးပါဦးမယ်။
October 18, 2008 10:49 AM
Ko Paw said...

အမှားပြင်ဆင်ချက်။ ။ (ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့နေရာမှာ) သူမက လိမ်ညာပြီးဖြေရမယ့်မေးခွန်းတွေဆိုရင် လုံးဝ မဖြေဘဲသာ နေလိုက်တယ်။ လိမ်ညာပြီးဖြေတာမျိုးတော့ မလုပ်ဘူး….. လို့ ဖတ်ပေးပါရန်။
October 18, 2008 11:10 AM
ဆောင်း said...

အတွေးအခေါ်အယူအဆနဲ့  တင်ပြချက်လေးတွေ သဘောကျနေတာ ကြာပြီ သိလား
October 18, 2008 11:22 AM
nu-san said...

ဟင်း.. အမရယ်.. သူတို့ဖြေနေတာ ပိုက်ဆံရဖို့ အဓိကပေါ့နော်.. သူတို့မှန်တယ် မမှန်ဘူးက မမိုးချိုသင်းပြောသလိုပဲ ဘယ်လို check လဲဟင်.. သူတို့တွေ အဲဒီငွေကို ရသွားကြလားဟင်။ အမှန်တရားဆိုတာ အခုလို ပါးစပ်နဲ့ထုတ်ပြောမှ မှန်သတဲ့လား.. မတွေးတတ်တော့ဘူး အမရယ်.. အဲဒီလို show မျိုးလည်း မကြည့်ဖူးပါဘူး။
October 18, 2008 11:44 AM
Anonymous said...

ကိုပေါရေးတဲ့
ဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့ “ဟုတ်မှန်တယ်၊ အကျိုးရှိတယ်ဆိုရင် ကြားရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ အခါအားလျော်စွာ ပြောဆိုအပ်တယ်” ဆိုတဲ့ စကားကိုဘဲ ကျနော်သဘောကျတယ်။

အဲဒီအဆိုကို လက်ခံပါတယ်။

နောက်တခုက လူတွေက “ကောင်းတဲ့စိတ်နဲ့ လိမ်ပြောတာဆိုရင် ကောင်းတယ်။ အဖြူရောင်မုသားကို လက်ခံတယ်” စသဖြင့် ပြောကြတာရှိတယ်။ အမှန်တော့ မုသားဆိုရင် ဘယ်မုသားမှ မကောင်းဘူးလို့ ထင်တယ်။

"မဟုတ်ပါ။ သူတပါးကို အကျိုးရှိစေမဲ့ မုသားဆိုတာ သုံးသင့်ပါတယ်။ ဥပမာ.. သေခါနီးလူမမာတယောက်ကို ခင်ဗျား ခုသေတော့မှာလို့ ပြောရင် ချက်ချင်းသေသွားနိုင်ပါတယ်။ ဒါကို ခင်ဗျား မသေနိုင်သေပါဘူး။ စိတ်ချမ်းသာတာလေးတွေ လုပ်ချင်ရာလုပ်သွားလို့ပြောကြည့်လေ.. အဲဒီလူ သေကာမှ သေရော သူ ပြုံးပြုံးလေးနဲ့ အနဲဆုံး တော့ မသေခင်အချိန်ထိ နေနီုင်မှာပေါ့။"

ဗုဒ္ဓဘာသာဝင်လို့ ကြွေးကြော်ထားသူတွေအဖို့ ပိုလို့တောင် မလိမ်သင့်သေးတယ်။တဖက်သားကို အမှန်အတိုင်းပြောလိုက်ရင် သူစိတ်ထိခိုက်သွားမှာစိုးလို့ ဆိုတဲ့အကြောင်းပြချက်ဟာ တကယ်တော့ တဖက်သားကို အထင်အမြင်သေးထားတာဘဲ။ စော်ကားတာဘဲ။ တဖက်သားကို ကိုယ်လိုဘဲ ရင့်ကျက်သူလို့ ယူဆထားရင်တော့ ဒီလိုတွေးစရာ အကြောင်းမရှိဘူးလေ။

တဖက်သတ်သိပ်ဆန်နေသလားလို့။
October 18, 2008 12:08 PM
မဇနိ said...

အမှန်တရားနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးကလည်း ဝေခွဲရခက်လိုက်တာ။ အတွေးတွေတသီကြီးနဲ့ ဖြစ်သွားတယ် အမတန်ခူးရယ်။
October 18, 2008 12:28 PM
Ko Paw said...

အမည်မသိသို့…..
အမည်မသိပေးတဲ့ ဥပမာနဲ့ အပေါ်မှာ ထောက်ခံပါတယ်လို့ ပြောထားတဲ့ အဆို၂ခုက ကွန်မင့်တခုထဲမှာတင် ၀ိရောဓိ ဖြစ်နေပါတယ်။ အပေါ်မှာတော့ ဟုတ်မှန်သော်လည်း အကျိုးမရှိရင် မပြောသင့်ဘူးဆိုတာကို ထောက်ခံတယ်လို့ ဆိုခဲ့တယ်။ အောက်မှာ ဥပမာပေးတဲ့အခါမှာကျတော့…
"မဟုတ်ပါ။ သူတပါးကို အကျိုးရှိစေမဲ့ မုသားဆိုတာ သုံးသင့်ပါတယ်။ ဥပမာ.. သေခါနီးလူမမာတယောက်ကို ခင်ဗျား ခုသေတော့မှာလို့ ပြောရင် ချက်ချင်းသေသွားနိုင်ပါတယ်။ ဒါကို ခင်ဗျား မသေနိုင်သေပါဘူး။ စိတ်ချမ်းသာတာလေးတွေ လုပ်ချင်ရာလုပ်သွားလို့ပြောကြည့်လေ.. အဲဒီလူ သေကာမှ သေရော သူ ပြုံးပြုံးလေးနဲ့ အနဲဆုံး တော့ မသေခင်အချိန်ထိ နေနီုင်မှာပေါ့။"
ပထမ စဉ်းစားရမှာက သေတော့မယ့် လူမမာကို ခင်ဗျား ခုသေတော့မှာလို့ ပြောတာဟာ အကျိုးရှိမရှိ စဉ်းစားရမယ်။ ဘယ်သူကမှ ရိုက်မပြောခိုင်းဘဲနဲ့ လူမမာစိတ်မချမ်းသာပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားပြောရင် ဘယ်အကျိုးရှိနိုင်ပါ့မလဲ။ မပြောလည်း ဖြစ်တဲ့ကိစ္စဘဲမဟုတ်လား။
ဒါပေမယ့် ခင်ဗျားမသေနိုင်သေးပါဘူးလို့ မဖြစ်နိုင်တာကို လိမ်ညာပြီး False Hope သွားပေးတာကမှ အပြစ်ကြီးတယ်။ လိမ်တဲ့လူမှာ တာဝန်ရှိတယ်။ မလိမ်ဘဲ အဖြစ်မှန်ကို ပြောလိုက်တာကမှ ဟိုလူက ရင့်ကျက်တဲ့လူဖြစ်လို့ ၊ ဒါမှမဟုတ် တရားရသူဖြစ်လို့ သူမသေခင် စီစဉ်စရာရှိတာလေး၊ လုပ်သင့်လုပ်ထိုက်တာလေး လုပ်သွားချိန်ရဦးမယ်။ သွားပြီး False hope ပေးမိလို့ အချိန်တွေရှိသေးတယ်ထင်ပြီး လုပ်သင့်လုပ်ထိုက်တာကို မလုပ်သွားရဘူးဆိုရင် အဲသည်လိမ်တဲ့လူမှာ အရမ်းအပြစ်ရှိတယ်။ ရည်ရွယ်ချက်ကောင်းသော်လည်း လုပ်နည်းလုပ်ဟန်မှားတဲ့အတွက် အကျိုးမဲ့သွားတာတွေ လောကကြီးမှာ တပုံကြီးရှိတယ်။ ဥပမာ ဖခင် နဖူးမှာ ကိုက်နေတဲ့ခြင်ကို တူနဲ့ထုပြီး သတ်ပေးတဲ့ သားရဲ့ လုပ်ရပ်လိုပေါ့။ စေတနာမှန်တယ်။ လုပ်နည်းလုပ်ဟန်မှားတယ်။
နောက်တခုက ငါးပါးသီလမှာ မကြောင်မကျားတဲ့ သီလဟာ အကောင်းဆုံးလို့ ဆိုတယ်။ လိမ်တာကတော့ ဘယ်လိုလိမ်တာဘဲဖြစ်ဖြစ် အမှန်ကို သိသိနဲ့ မပြောသရွေ့ကတော့ မုသာဝါဒါဘဲ။ အဲသည်လိုသာ တချို့အလိမ်တွေကို လက်ခံလို့ရတယ်ဆိုရင် မုသာဝါဒါ ဝေရာမဏိကို ဗုဒ္ဓက ငါးပါးသီလမှာ ဘယ်ထည့်လိမ့်မတုန်း။ မဟုတ်ဘူးလားဗျာ။
October 18, 2008 12:52 PM
Anonymous said...

ကိုပေါ..
ဥပမာ..ကိုပေါနဲ့ပက်သက်တဲ့ ဆွေမျိုးအရင်းကြီး သေခါနီးနေပီဆိုပါစို့..။ (ဥပမာပေးတာ)
ကိုပေါ ..ချက်ချင်းပြောမလား ..XXXX သေတော့မှာဆိုပီး ။ ပြောမလား။

တခါတလေ အမှန်တရားဆိုပေမဲ့ တဖက်သား မနစ်နာစေချင်ရင် မုသားသုံးသင့်က သုံးရမှာပဲ။ မသုံးပါဘူးဆိုရင်တော့ တေမိလိုနေတာပဲ အကောင်းဖြစ်မှာပေါ့ . မဟုတ်ဘူးလား။
ကိုပေါ.. လောကမှာ အမှန်တရားဆိုတာ သိသိကြီးနဲ့တခါတခါမှာ ကိုယ့်ကြောင့် သူတပါး စိတ်ချမ်းသာစေဖို့ အတွက် မုသားသုံးသင့်သုံးရမှာပါပဲ။
ငါ့စကားနွားရ စွတ်မငြင်းပါနဲ့။ လောကမှာ လူရယ်လို့ ဖြစ်လာရင် အနည်းနဲ့အများ မုသားမသုံးတဲ့ သူရယ်လို့ မတွေ့ ဘူးသေးပါဘူး။
အဲဒါကို ငါ... ဘယ်တုန်းကမှ မပြောပါဘူးလို့ ငြင်းရင်လဲ..။ ပြုံးလျက်သာ ပြန်သွားတယ်လို့ ..

တော်ပါပီ ဘလော့ရှင်ကို အားနားလို့ ဆက်မပြောတော့ပါဘူး။
ကိုပေါက အရမ်းစွာတယ်။ ကိုယ်လိုရာကို ရအောင်ဆွဲပြောတတ်လို့ ကျနော်က စကားသိပ်မတတ်တော့ လက်ရှောင်ပါတယ်..။

ဘလော့ဖတ်သူ
October 18, 2008 1:52 PM
Ko Paw said...
This post has been removed by the author.
October 18, 2008 3:30 PM
Ko Paw said...

ဘလော့ဂ်ဖတ်သူရေ….
အပေါ်က ကျနော့်ကွန်မင့်တွေကို သေသေချာချာ ဖတ်ပြီးမှ ရေးပါဗျာ။ အမည်ဝှက်နဲ့ရေးတယ်ဆိုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရေးသားလို့ အကျိုးမရှိပါဘူးဗျာ။ ကိုယ့်အဆင့်အတန်းကို ဆွဲချသလိုဘဲ ဖြစ်နေပါလိမ့်မယ်။ ကိုယ့်လိပ်ပြာကိုယ်သန့်ရင်၊ ကိုယ့်စကားကိုယ် တာဝန်ယူရဲတယ် ဆိုရင် ကလောင်နာမည် (သို့မဟုတ်) နာမည်ရင်းနဲ့ ရေးပေါ့ဗျာ။

အယူအဆတရပ်ကို ဆွေးနွေးကြတာဘဲ စွာတယ်မစွာဘူး ရှိသလားဗျာ။ မိတ်ဆွေနဲ့ အယူအဆမတူတဲ့ အမြင်ဘက်ကနေ ဆွေးနွေးမိတာနဲ့ဘဲ စွာတယ်လို့ စွတ်စွဲတာ ကလေးမဆန်ဘူးလားခင်ဗျာ။ ဒီမိုကရေစီစနစ်မှာဘဲဖြစ်ဖြစ်၊ ဘာသာရေးမှာဘဲဖြစ်ဖြစ်၊ ဘယ်အကြောင်းအရာမှာမဆို ရင့်ကျက်ကြတယ်ဆိုရင် ဒီလိုဘဲ အပြန်အလှန်ဆွေးနွေးကြတာဘဲ။ အကျိုးသင့်အကြောင်းသင့်မဟုတ်ဘဲ စွာတယ်ဆိုပြီး အတင်းကောက်ချက်ဆွဲတာမျိုးကမှ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စဘဲ မဟုတ်လား။

အကျိုးသင့်အကြောင်းသင့်ပြောပြီး ဆွေးနွေးလို့ ရပါတယ်ဗျာ။ ဆွေမျိုးအရင်းကို သေကာနီး အကျိုးမရှိပြောချင်တဲ့ ကိစ္စကလည်း မိတ်ဆွေဘဲ စတင် လာတာပါဗျာ။ ကျနော်စခဲ့တဲ့ အကြောင်းအရာမဟုတ်ပါဘူး။

ကျနော်ပြောတာက “လိမ်ပြောတဲ့ ကိစ္စဟာ မကောင်းဘူး”လို့ဘဲ ပြောတာပါ။ “ကျနော် ဘယ်တုန်းကမှ မုသား မပြောဖူးပါဘူး”လို့ ကွန်မင့်ထဲမှာလည်း တခါမှ မပြောခဲ့ပါလားဗျာ။ ဒီတော့…ဘယ့်နှယ် ကျနော်မပြောခဲ့တာကိုတွေကို မတော်မတရား အတင်းအဓမ္မ စွတ်စွဲနေရတာလဲ။

အမုန်းတရားတွေ လျှော့ပါဗျာ။ မိတ်ဆွေအနေနဲ့ အမည်ဝှက်နဲ့ရေးပေမယ့်လည်း စိတ်ထဲမှာ ပူလောင်နေမယ်ဆိုတာ ခန့်မှန်းမိလို့ပါ။
October 18, 2008 3:45 PM
ရွှေပြည်သူ said...

မတန်ခူးရေ... တကယ်ကို စိတ်ဝင်စားစရာ ရှိုးတစ်ခုပါ။ ဟုတ်ပါတယ် တခါတခါ အမှန်တရားတချို့က ကြောက်စရာကောင်းလွန်းတော့ ကိုယ်ပါ အမှန်တရားကိုပါ မသိချင်တော့ဘူးလို့ တွေးမိတဲ့ အခါတွေ ရှိပါတယ်။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်နော်...
October 18, 2008 7:17 PM
Taungoo said...

ဒီလိုမျိုးဂိမ်းရှိသတဲ့လားမမတန်ခူးရေ။
အခုတစ်လောကြားရတာတွေက မကြားဖူးတာတွေ များနေတယ်။ တော်တော်လည်း ထွင်တတ်ကြပါရဲ့။
October 18, 2008 9:30 PM
ကောင်းကင်ကို said...

ဂိမ်းလေး အကြောင်းဖတ်သွားပါတယ် အစ်မရေ။
October 18, 2008 10:53 PM
Everest said...

I also usually watch this game show.
It's a killer show!
It kills your name, reputation, relationship and everything!
I could never understand why these people want to exchange their whole life with just some certain amount of money!
October 19, 2008 12:21 AM
Everest said...

By the way, this is the first time I visit your blog.
I must say what a great blog. :)
Bookmarked!
October 19, 2008 12:22 AM
pandora said...

အမှန်တရားဟူသည် တုတ်ထမ်း ဒါးထမ်းပြီး ငြင်းခုံရသော အရာဖြစ်သလော။
အမှန်တရားသည် ခါးသီးသလော။
အမှန်တရားသည် ပန်းကန်ပြားပေါ်တွင် ရှိသလော။
အမှန်တရားသည် အမှားတရံဖြစ်သလော။
အမှန်တရားက ပီတာဇော်မြင့်ပြုံးကလေး ပြုံးကာ ခတ်မဆိတ်နေ၏။
October 19, 2008 1:06 PM
Ko Paw said...
This post has been removed by the author.
October 19, 2008 3:15 PM
Ko Paw said...

သမိန်ပန်သွပ်….

ဒေါ်ကြီးပန်ကဲ့သို့ လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့်ကို ယုံကြည်သူ ဘလော့ဂါတဦးအနေဖြင့် အင်တာနက်ပေါ်တွင် မတူညီသည့်အမြင်များအကြား လွတ်လပ်စွာရေးသားဆွေးနွေးနေကြသည့်ကိစ္စကို တုတ်ထမ်း၊ ဒါးထမ်းငြင်းခုံသည်ဟု တံဆိပ်ကပ်လိုခြင်းဖြစ်ပါက နည်းနည်းတော့ အံ့သြစရာရှိသည်။ (မဟုတ်ပါက ဆောရီးပါဗျိုး။း-)

အမှန်တရားသည် တုတ်ထမ်း၊ ဒါးထမ်းပြီး ငြင်းခုံရသော အရာ ဟုတ်မဟုတ်တော့မသိ။ ကမ္ဘာ့နိုင်ငံတိုင်းတွင် ထိုသို့သောငြင်းခုံမှုများကို ဖြေရှင်းရန်အလို့ငှာ မှိုလိုပေါက်နေသော တရားရုံးတော်များနှင့် ထိုတရားရုံးကို မှီကာ ကြီးပွားနေသော ရှေ့နေများကား လက်ညှိုးထိုးမလွဲအောင် ရှိတော့သည်မဟုတ်ပါလား…ဒေါ်ပန်ဒိုရာ။ (I want the truth, nothing but the truth, lahး-)

အမှန်တရားသည် အရေးကြီးသောအရာမဟုတ်ခဲ့လျှင် ထိုတရားရုံးများ၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့များ၊ စာရင်းစစ်များ စသည့် ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို ဖျက်သိမ်းပစ်ရတော့မည်လော….

အမှားအမှန်ကို ဝေဖန်ခွဲခြားနိုင်ရန် ပညာသင်ကြားပေးနေရာ စာသင်ကျောင်းအားလုံးကို ပိတ်ပစ်ရတော့မည်လော…. (ပြောသာပြောရ၊ နအဖ ကတော့ ပိတ်လေ့ရှိတယ်၊ ကိုယ့်အလှည့်တုန်းက သုံးနှစ်ပိတ်တာ ခံလိုက်ရတယ်)

အလားတူပင် လေးအသင်္ချေနှင့်ကမ္ဘာတသိန်းပတ်လုံး ပါရမီဖြည့်ကာ (သစ္စာလေးပါး) အမှန်တရားကို ရှာဖွေခဲ့သူညွှန်ပြခဲ့သူ ဗုဒ္ဓအား အရေးမကြီးတဲ့အရာအတွက် အချိန်ကုန်ခံသူ၊ မယောင်ရာဆီလူးသူဟု သမုတ်ရတော့မည်လော….

တကယ်တော့ အမှန်တရားသည် အရေးပါသည်။ အမှန်တရားကို နံပြားလို့ ထင်နေသူများကသာ အမှန်တရားကို ပန်းကန်ပြားအောက်တွင် ဖုံးကွယ်ဖို့ ကြိုးစားနေကြခြင်းဖြစ်သည်။ မုသားကို ဗန်းပေါ်တင်ဘို့ ကြိုးပမ်းနေကြခြင်းဖြစ်သည်။ မုသားကို ရောင်းထုတ်ဘို့ ကြိုးစားနေကြခြင်းဖြစ်သည်။

အမှတ်တရအဖြစ်… အိုးဝေ(စင်္ကာပူ) အင်တာနက်စာမျက်နှာမှာ ကိုဝေလင်းရေးသားခဲ့ဘူးသော မုသား၊ အမှန်တရားတို့နှင့် ပတ်သက်သော စာစုလေးကို နှစ်သက်သဖြင့် (ကွက်တိမဆိုင်လှသော်လည်း) ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

“မုသားက ကမ္ဘာပတ်ပြီးချိန်အထိ အမှန်တရားက ဖိနပ်စီးနေတုန်းဆိုသည့် စကားတခွန်းကို မှော်ရုံတောမှာ မောလှပြီဆိုသည့်သူများက ဘုရားဟောလိုလို ပြောကြဆိုကြသံကိုလည်း ကြားဘူးသည်။ တကယ်က မုသားက သူ့ဖိနပ်ကို ခိုးစီးသွား၍ အမှန်တရားခမြာ ဖိနပ်ပျောက်နေခြင်းသာဖြစ်ပါသည်။ မုသားသည် သူ့ဖိနပ်နှင့်သူ အိမ်တ၀င်းတောင် ပတ်နိုင်တဲ့သူ မဟုတ်ကြောင်း သိကြဖို့ကောင်းသည်။ -------------------------------------------------------အလှုပ်အယမ်းများသည့်ဘ၀ထဲ အသက်တွေ ကြီးရင့်လာကြလို့လားမသိ။ အမှန်တရားအပေါ် ယုံမှားချင်မိသလို ဖြစ်ကြရသည်ကိုတော့ မဖုံးကွယ်ချင်။ ဒါပေမယ့် သေချာသည်မှာ အမှန်တရားကတော့ မမှားပါ။ မှားချင်းမှားလျှင် မိမိတို့ မှားခဲ့ကြတာပဲ ဖြစ်မည်။”

(ကိုဝေလင်း ရေးသားခဲ့ဘူးသော “တောအုပ်ထဲက လူသွားလမ်းကလေး” စာစုမှ ကောက်နှုတ်သည်။)

ကဲ...ကျနော်တို့တတွေကရော.... အမှန်တရားရဲ့ ဖိနပ်ကို ခိုးစီးသွားတဲ့ မုသားဆိုတဲ့ သူခိုးကို ဖော်ထုတ်မလား။ ဒါမှမဟုတ် သူခိုးဓားရိုးကမ်း လုပ်ကြမလား။
October 19, 2008 3:22 PM
BlogReader said...
This post has been removed by the author.
October 19, 2008 6:19 PM
pandora said...

တိန်... ခင်ဗျားကို မဆိုလိုပါ ကိုပေါ။
October 19, 2008 6:55 PM
thorn musem said...

မတန်ခူးရေ...
ဒီပို့စ်လေးက အတွေးတော်တော်များစေတယ်...။
အမှန်တရားဆိုတဲ့ အရာက သူ့ ဘာသာ နေ နေပါတယ်...
ဒါပေမယ့် လူတွေက မုသားတွေထဲမှာ နေထိုင်ခြင်း၊
မုသားတွေထဲမှာ နစ်မျောခြင်းများလာတဲ့ အခါ..
အမှန်တရားဆိုတာကို နေရာတိုင်း နားဝင်မချိုနိုင်တော့ပါဘူး....။
လူသတ္တ၀ါတွေကလဲ စေတသိတ်ရဲ့ 
ခြယ်လှယ်မှုတွေကြောင့် တစ်ချို့ မုသားတွေကို ခါးသီးလာကြတော့တာပေါ့..။
ကျနော်က အစလေ...
အားလုံးကလဲ အာသဝေါကုန်ခမ်းတာမဟုတ်လို့ 
အပြစ်မဆိုသာပါဘူး...
ဒါပေမယ့်...
ပြောဆိုကြတဲ့ နေရာမှာ ဝေဖန်ပိုင်းခြားတတ်ဘို့ တော့
အများကြီးလိုပါတယ်...။
မြတ်စွာဘုရားက ကိုယ်အကျိုးရှိပြီး
တစ်ဖက်သား အကျိုးပျက်စေသော စကားကို မဆိုအပ်ဘူးလို့ ဆုံးမထားပါတယ်..။
အခုက ဆုငွေ လိုချင်လို့  အမှန်အတိုင်းပြောတာ...
လိမ်ပြန်ရင်လဲ ရှုံးဦးမှာဆိုတော့....ခက်ပါတယ်...
ရရှိလာမယ့်ငွေကြေးနဲ့  ကိုယ်နဲ့ ပါတ်သက်သူအားလုံး
ရဲ့  နှလုံးသားကို နင်းပစ်လိုက်ရမှာကိုတော့...
မသင့်တော်ပါဘူး...
ရလိုက်တာနဲ့  ပေးလိုက်ရတာတွေ မတန်ပါဘူး...။
ငေါက လူတိုင်း သည်းခြေကြိုက်ပါ...ဒါပေမယ့်
သေရာမပါနိုင်ပါဘူး....
သူ့ စကားကို ကြားလိုက်ရျတဲ့ သူတွေရဲ့ ခံစားမှုက သေရာပါသွားနိုင်ပါတယ်...။
ကျနော်လဲ လိမ်တာမကြိုက်ပါဘူး..
ဒါပေမယ့် အဲဒီဂိမ်းကိုတော့ မဖြေချင်ပါဘူး...
ကျနော်တို့ က လူတွေလေ..။
October 20, 2008 3:37 AM
Ko Paw said...

ဒီပို့စ်မှာ လာရေးမယ့် ကွန်မင့်တွေကို စိတ်ဝင်စားလို့ ကျနော်လိုက်ဖတ်နေတာ။

Thorn Musem ရဲ့ အမြင်ကို သဘောကျပါတယ်။

မှန်ပါတယ်။ ဒီ ဂိန်းမ်ကို ၀င်ကစားတော့မယ်ဆိုကတည်းက ဒီလိုမေးခွန်းတွေ ကြုံရတော့မယ်ဆိုတာ ကြိုတင်တွက်ဆထားရတော့မှာပေါ့။ ချစ်သူခင်သူတွေကို မိမိအမှန်အတိုင်းပြောလိုက်လို့ စိတ်ထိခိုက်မှာ၊ နစ်နာမှာ စိုးရိမ်တယ်ဆိုရင်တော့ အစကတည်းက ဒီဂိန်းမ်ကို ၀င်မပြိုင်ကြရုံဘဲ ရှိတော့တာပေါ့။

သို့သော် လူဆိုတာကလည်း အခက်သား။ ငွေကိုလည်း မက်ကြသေးတာကိုး။ ဒီတော့ ၀င်ပြိုင်မယ်ဆိုရင်လည်း ကိုယ်ဘာလုပ်လုပ် အကောင်းဆုံးလုပ်ရတဲ့ သဘောလည်း ရှိသေးတာဆိုတော့ ကိုယ်ဘာလိုချင်သလဲဆိုတာကို ပြတ်ပြတ်သားသား စဉ်းစားရပေမပေါ့။ ကိုယ်လိုချင်တာက ငွေ ဆိုရင်တော့ ဘာမှ ကွယ်ဝှက်မနေနဲ့တော့။ အမှန်အတိုင်းသာ ပြောပေတော့။ အပေါ်က ကွန်မင့်တွေမှာ လိမ်တယ်၊ မှန်တယ် ဆိုတာ ဘယ်လိုခွဲခြားမလဲဆိုတဲ့ မေးခွန်းပါတယ်။ အခုခေတ်မှာ လိမ်ညာတဲ့လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နှလုံးခုန်မမှန်ခြင်း၊ ချွေးထွက်ခြင်း၊ မျက်တောင်ခတ်သည့် အကြိမ်နှုန်းပြောင်းလဲခြင်း၊ သူငယ်အိမ်အကျုံ့အကျယ် စတဲ့ (ကျနော်ဥပမာအဖြစ်ပြောတာပါ။ တခြားပြောင်းလဲချက်တွေကို စောင့်ကြည့်တာလည်း ဖြစ်နိုင်ပါတယ်) ပြောင်းလဲချက်တွေပေါ်မှာ အခြေခံပြီး မုသားဖော်စက် ဆိုတာ တီထွင်ထားတာ ရှိပါတယ်။ ဘယ်လောက်အထိ တိကျသလဲ မပြောနိုင်ဘူး။ ၀င်ပြိုင်သူတွေတော့ အလိမ်ပေါ်မှာ စိုးလို့ အမှန်အတိုင်းကြတာတော့ မျက်မြင်ဘဲ မဟုတ်လား။ (အဲသည် ရှိုးကို ကျနော်မကြည့်ဘူးပါဘူး။)

နောက်တခုက ကိုယ်က ချစ်သူခင်သူတွေအပေါ်မှာ အမြဲမှန်ခဲ့တာဆိုရင်တော့ အမှန်အတိုင်းပြောရတာပြဿနာ မရှိပေမယ့် ကိုယ်က မမှန်ခဲ့တဲ့လူဆိုရင်တော့ အကျဉ်းအကြပ်ထဲ ရောက်တော့တာပေါ့။

ဒါပေမယ့် စဉ်းစားစရာတခုရှိတယ်။ ဥပမာ…. ကိုယ်က မိဘအပေါ်မှာ ငြိုငြင်ခဲ့ဘူးသူဆိုပါတော့၊ ဒါမှမဟုတ် အိမ်ထောင်ဘက်အပေါ်မှာ သစ္စာဖောက်ခဲ့ဘူးသူ ဆိုပါစို့။ အဲသည်ပွဲကျမှ မိဘ (သို့မဟုတ်) အိမ်ထောင်ဘက် စိတ်ညစ်သွားမှာစိုးလို့ ထပ်ပြီး လိမ်ပြောလိုက်တာနဲ့ ကိုယ်က တထိုင်တည်းနဲ့ လူကောင်းလေး ဖြစ်သွားရောလား။ ပိုဆိုးတာက အဲဒီ အလိမ်ပေါ်သွားကာမှ နှစ်ထပ်ကွမ်းလိမ်သူဘ၀ ရောက်သွားနိုင်ပါသေးတယ်။ အဲဒါမျိုး အဖြစ်မခံနိုင်ရင် အစကတည်းက ၀င်မပြိုင်ဘဲ နေလို့ရတယ်။ ငွေလိုလို့ မဖြစ်မနေ ၀င်ပြိုင်ရမယ်ဆိုရင်လည်း ကိုယ့်ချစ်သူခင်သူတွေကို အမှန်ကို လက်ခံနိုင်အောင် ပြင်ဆင်ထားဘို့ ကြိုတင် သဘောတူညီချက် ရယူထားပေါ့။ လူဆိုတာ များသောအားဖြင့် ချို့ယွင်းချက်ကလေးတွေ၊ အမှားလေးတွေ ရှိတတ်တာကို နားလည်အောင် ပြောပြပြီး ခွင့်လွှတ်အောင် တောင်းပန်ထားပေါ့။

အဓိက ကတော့ ကိုယ်ဘာလုပ်နေသလဲဆိုတာ ကိုယ့်ဘာသာကိုယ်သိဘို့အရေးကြီးတယ်။ ကိုယ်ဘာလိုချင်သလဲဆိုတာ သိဘို့အရေးကြီးတယ်။

နောက်ဆုံးတခု မထင်မှတ်ဘဲ (ပြုံးစရာအဖြစ်) သွားတွေ့တာက ဘလော့ဂါတော်တော်များများက သူတပါးစိတ်ချမ်းသာဘို့ လိမ်ပေးတန်သင့်ရင် လိမ်ပေးရမယ်ဆိုတဲ့ အယူအဆကို လက်ခံတာကို တွေ့ရတယ်။ ဒီတော့ သူတို့တွေ ဘလော့တကာ လည်ပြီး ကွန်မင့်ကဏ္ဍတွေမှာ “ ဟယ်….ရေးတတ်လိုက်တာ”၊ “စာဖတ်သူကို တထိုင်တည်းအဆုံးအထိ ဆွဲခေါ်သွားတယ်” ဘာညာကွိကွ ရေးနေကြတာတွေဟာ ရင်ထဲက ပါလို့လား။ ဒါမှမဟုတ် သူတို့ ကြွေးကြော်တဲ့အတိုင်း တဖက်သာူး စိတ်ချမ်းသာအောင် လိမ်ပေးနေတာလား။ တော်တော်လေး ဝေခွဲရခက်မယ်နော်။

ဘာဘဲဖြစ်ဖြစ် ကျနော့်ပို့စ်တွေမှာ လာပေးကြတဲ့ ကွန်မင့်တွေကတော့ အမှန်အတိုင်းရေးတယ်လို့ ယူဆလိုက်ပါတယ်….အဟတ်ဟတ်။
October 20, 2008 9:27 AM
အမြင်မတော်သူ said...

ကိုပေါ
ရန်ဖြစ်စရာလူ မရှိတော့တာလား
အတော်ကိုရန်လိုနေတာ .. အများနဲ့တယောက်ဖြစ်နေပီဆိုတာလဲ သတိထားဦးဗျ။
ဘလော့ဂါ တစ်ယောက်စာရေးမကောင်းရင် .
ဘာမှ မပြောပဲ တိတ်တိတ်လေးပြန်သွားတတ်တဲ့ စာဖတ်သူတွေလဲ ရှိတယ်။ဝါးလုံးရှည်နဲ့ မယမ်းနဲ့.။
လေတွေ သိပ်များနေပီ။
မတန်ခူးရဲ့ ဘလော့ဆိုတာလဲ သတိထားဦးဗျ
October 20, 2008 10:17 AM
Ko Paw said...

ကျနော်လေပေါသမျှ မိတ်ဆွေ အသေးစိတ် လိုက်ဖတ်နေတော့ ကျနော့်အဖို့ လက်ညောင်းရကျိုးနပ်တာပေါ့ဗျာ။ ဆက်လက်ကြိုးစားပါဦးမည်ပေါ့။…း-)
October 20, 2008 10:41 AM
မောင်မျိုး said...

အစ်မကြီးရေ့ နေကောင်းလား ဆီပုံးလေးတပ်ပါလားးး) အရေးပေါ်နှုတ်ဆက်လို့ ရတာပေါ့ ကော့မန့် တွေဖတ်သွားတယ် အစ်မရေ့ :P တစ်မျိုးကြီးပဲ စိတ်ထဲမှာ ဆိုင်တာလည်းဟုတ်ဘူးလို့ ထင်တာပဲ ဟိဟိ တော်သင့်ပြီး သားသားရေ့ ဒီနေ့ ဘာနဲ့ စားတုန်းဗျ
အာဘွားးးးး
October 20, 2008 10:43 AM
တန်ခူး said...

ကျွန်မ ကော်မန့် တွေ မပြန်ခင် ကျွန်မပို့ စ်မှာ ကျန်သွားတဲ့ ဒီ game show ရဲ့ အဖြေအမှန်အမှားကို ဘယ်လို ဆုံးဖြတ်လဲဆိုတဲ့ အချက်ကို အရင်ပြောပြပါရစေ… ကျွန်မ ပို့ စ်မှာ ဒီshowအကြောင်း စိတ်ဝင်စားသူတွေ ဖတ်နိုင်ဖို့  လင့်ခ်တော့ လုပ်ခဲ့ပါတယ်… ဖြေဆိုသူလိမ်မလိမ်ကို အမှန်ဆုံး ဆုံးဖြတ်နိုင်အောင် ဖြေဆိုသူကို ဒီမေးခွန်းတွေပဲ နှစ်ကြိမ်တိုင်တိုင်မေးခဲ့ပါတယ်… တကြိမ်မှာ အမှန်တွေချည်းဖြေရမှာဖြစ်ပြီး နောက်တကြိမ်က လူအများကြီးရှေ့ မှာ ကြိုက်သလိုဖြေခွင့်ရှိပါတယ်… ပထမတကြိမ်ဖြေချိန်မှာ အနားမှာ ဘယ်သူမှ မရှိပေမယ့် လိမ်တာတိုင်းတာစက်တွေနဲ့  သူ့ တကယ် အမှန်ဖြေမဖြေ တိုင်းတာ ဆုံးဖြတ်ပါတယ်… ဒီအဖြေတွေကို အမှန်အနေနဲ့ ယူပြီး တကယ်လူအများကြီးနဲ့  ဖြေတဲ့ ပွဲကြီးနေ့ က အဖြေနဲ့ နှိုင်းယှဉ်ပြီး လိမ်မလိမ် ဆုံးဖြတ်တာပါ…

အားလုံး စိတ်ဝင်တစားနဲ့  အတွေးအမြင်ဖလှယ်ပြီး ကော်မန့် လေးတွေ ပေးထားကြတာ ကျေးဇူးပါ…

ချိုသင်းရေ… ချိုသင်းမေးခွန်းလေးအတွက် အပေါ်မှာ ဖြေပေးလိုက်ပြီနော်… ဘ၀မှာ ချစ်တဲ့သူတွေကို မထိခိုက်စေပဲ မှန်မှန်ကန်ကန် နေခဲ့တဲ့ ချိုသင်းဘ၀က အတုယူ အားကျစရာပါ…

ဟုတ်ပါ့ မ ရေ… ကိုယ်က ကျူးလွန်သူမဟုတ်ပဲ ကျူးလွန်သူနဲ့  ပတ်သက်တဲ့သူဆို အမှန်တရားရဲ့ ခါးသီးမှုတွေက ကိုယ့်ဆီပါ စီးဆင်းလာမှာ…

ပေါက်ရေ… ကောင်းသောလိမ်ညာခြင်း… စေတနာမှန်တဲ့ အလုပ်က ကောင်းသောအလုပ်လို့  ပြောလို့ ရမယ်လို့  ထင်တာပဲ… ရွေးချယ်လို့  ရမယ်ဆိုရင်တော့ မလိမ်မညာပဲနဲ့ လုပ်လို့  ရမယ့် နည်းကို ရွေးချယ်သင့်ပေမယ့် ရွေးချယ်ခွင့်တွေ ပျောက်ဆုံးနေရင်တော့….

ကိုယ်သာ အဲလိုနေရာမှာ အမေးခံရရင်… သွားဖြေသင့်မဖြေသင့်ကို အရင်စဉ်းစားသင့်တယ် ထင်တာပဲ ကိုပီတိရေ…

ညီမရေ… အမှန်ပဲ… သတ္တိကြောင်တယ်ပြောပြော….

မြတ်နိုးရေ… တို့ အဖိုး ဆုံးခါနီးက နှစ်ပတ်လောက် ကိုမာ ရသွားတယ်…အသက်ရှင်လျှက် လောကကြီးနဲ့ အဆက်ပြတ်သွားတာလေ… အဖိုးက အသက်ကလဲ အတော်ကြီးပြီဆိုတော့ တို့ ဆို သတိပြန်လည်လာဖို့  မျှော်လင့်ချက်တောင် မထားမိဘူး… ဒါပေမယ့် အဖိုးသတိပြန်လည်လာခဲ့တယ်… သူများတွေက ပြောကြတယ်… သတိပြန်လည်ပြီး ခဏပဲ ခံတတ်တယ်တဲ့… ဒီတော့ အဖိုးနေရတုန်းခဏ စိတ်ချမ်းသာမယ့် စကားတွေပဲ ရွေးပြောခဲ့တယ်… တရားဓမ္မအကြောင်းတွေလဲ ပြော… နောက်…အင်း… ကောင်းသောလိမ်ခြင်းလို့ ပဲ ခေါ်မလား… အဖိုးကို တခုလိမ်ပြောမိခဲ့တယ်… အဖိုးသမီး တို့ အမေနဲ့ ရွယ်တူ… တို့ တွေ အားလုံးရဲ့အမေကို အဖိုးက သိပ်လေးစားချစ်ခင်တာ… အဖိုးမဆုံးခင်တရက်အလိုမှာ သူ့ ရဲ့ အဲဒီသမီးလေးမှာ လွတ်လပ်တဲ့ ခြေလှမ်းတွေ ပိုင်ဆိုင်လိုက်ရပြီလို့  လိမ်ပြောခဲ့တယ်… ပြုံးသွားတဲ့ အဖိုးမျက်နှာလေးကို ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ… အဲဒါအဖိုးရဲ့နောက်ဆုံးအပြုံးပါပဲ… ဒါပေမယ့်… တို့ ရဲ့ လိမ်ညာမှုတွေက ယနေ့ ထက်ထိ အမှန်တရားဖြစ်မလာသေးတာတော့….

မောင်မျိုးရေ… ရိုးသားတဲ့ အမေချစ်သားလေးရဲ့ စေတနာ… စေတနာအားကြီးသွားရင် လိမ်စရာတောင် မလို အဆင်ချောသွားတတ်တယ် မောင်မျိုးရေ…

မမရေ… အဲဒီလို ပွင့်လင်းတာလေးတွေကြောင့် ချစ်နေရတာ….

ကိုပေါရေ… ကိုပေါပြောတာတွေကို လက်ခံပါတယ်… ဗုဒ္ဓအဆုံးအမအတိုင်း ဘယ်လိမ်ညာတာကမှ မကောင်းဘူးဆိုတာကိုလဲ အကြွင်းမဲ့ ယုံကြည်ပြီး ငါးပါးသီလ လုံအောင် အတတ်နိုင်ဆုံး ကြိုးစားပါတယ်... ခက်တာက… ကျွန်မအဆင့်က ရင့်ကျက်သူအဆင့်ကို မရောက်သေးတာပဲ… ကြိုးစားနေတုန်းပါ်… အထက်မှာ ပြောခဲ့သလို တတ်နိုင်သမျှ မလိမ်ရမယ့် လမ်းကို ရွေးပါတယ်… (ကိုပေါရေ…ရွေးစရာမရှိတဲ့ဘ၀တွေ အကြောင်း တွေ့ တဲ့အခါပြောပြဦးမယ…လက်တွေ့ ဘ၀တွေပေါ့်)… ကိုပေါရေးမယ့် ဒီအကြောင်းကို စောင့်ဖတ်ပါမယ်…

ကျေးဇူးပါဆောင်းရေ… နောင်လဲ အမြဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

နုရေ… နုသိချင်တာလေး အပေါ်မှာ ဖြေပေးထားတယ်နော်… အမှန်တရားဆိုတာ ပါးစပ်နဲ့ ထုတ်ဖော်မှ မှန်သတဲ့လားတဲ့… သိပ်လှတဲ့စကားလေးပဲ…တို့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အမှန်တရားတွေအများကြီး…ဟုတ်တယ်နော်…

ကိုပေါနဲ့ Anonymousရေ…ခုလို စိတ်ဝင်တစား ပွင့်လင်းစွာ ဆွေးနွေးတဲ့အတွက် ကျေးဇူုးပါ…ဒါကပဲ ဘလော့ဂ်ရဲ့ စိတ်ဝင်စားစရာ တခုမဟုတ်လား…

ဟိဟိ… နိနိရေ… ကိုယ်ဦးနှောက်ခြောက်တာတွေကို သူများဆီဝေမျှလိုက်တာ ဆိုးတယ်နော်… စိတ်ချမ်းသာစရာပို့ စ်လေးတွေနဲ့  ပြန်လျော်ပေးမယ်….

ညီမလေးရွှေပြည်သူရေ… ဟုတ်တယ်နော်… သူတို့ နိုင်ငံရဲ့ ရှုပ်ထွေးတဲ့ လူမှုရေးတွေနဲ့ ဆိုတော့ showက ပိုလို့ အသက်ဝင်တယ်… လာလည်တာ ကျေးဇူးပါညီမရေ… နောင်လဲ လာလည်ဖို့  ဖိတ်ခေါ်ပါတယ်…

ဟုတ်ပါ့ကိုတောင်ငူရေ… ထွင်..ထွင်နိုင်လွန်း…

ကောင်းကင်ကိုရေ… အဲဒီgameသွားရင် ဖောက်ထွင်းမျက်မှန်မလိုတော့ဘူး…

Everestရေ… ဟုတ်တယ်နော်… ငွေကြောင့်လား…ပေါ်ပြူလာဖြစ်ချင်လို့ လား…ဘာပဲဖြစ်ဖြစ် တချို့ သူတို့ အဖြေတွေက သူတို့ ကို လက်ရှိပတ်ဝန်းကျင်တခုလုံးနဲ့ တောင် ပြတ်တောက်သွားနိုင်တယ်… ကျေးဇူးပါ… နောင်လဲ လာလည်ဖို့  ဖိတ်ခေါ်ပါတယ်…

ပန်ရေ… မနောက်နဲ့ နော်… ပန့် မေးခွန်းတွေ ဖြေဖို့ ဥာဏ်မမှီဘူး…အဖြေပြောပြ…

ကိုသစ်နက်ဆူးရေ… ပြောသွားတာလေးက ကောင်းလိုက်တာ… ဟုတ်ပါရဲ့… ကျွန်မတို့ တွေက လူအဆင့်မှာပဲ ရှိသေးတာပါ…

ကိုပေါရေ… ကော်မန့် တွေက သူတပါးစိတ်ချမ်းသာဖို့ လိမ်ပေးရမယ်ဆိုတဲ့ အယူအဆကို လက်ခံတာ လို့ ကျွန်မက မယူဆပါဘူး… သူတို့ ဆိုလိုရင်းက စေတနာပါ… စေတနာတရားက လွှမ်းမိုးလာတဲ့အခါ သူများကို စိတ်ချမ်းသာစေချင်သွားတာပါ… ကိုယ့်မိဘကို၊ ကိုယ့်ဆွေမျိုးအသိုင်းအ၀ိုင်းကို ကိုယ့်သူငယ်ချင်းကို စိတ်ချမ်းသာစေချင်တဲ့ စေတနာအရင်းခံက လာတဲ့ စကားတွေပါ…ကော်မန့် နဲ့ ပတ်သက်လို့ ပြောချင်တာကတော့ ကျွန်မလိုပဲ အများစု အဲဒီလို ဖြစ်ကြမယ်ထင်လို့  ကျွန်မနဲ့ ပဲ ဥပမာ ပြပါရစေ… ကျွန်မ ဘလော့ဂ်လည်တဲ့အခါ ဘလော့ဂါရဲ့ စာကို အသေအချာဖတ်ပါတယ်… အပြင်ပန်း ဖတ်ပြီး ကောင်းတယ်ကောင်းတယ်လို့  ကော်မန့် ပေးတဲ့အထဲ ကျွန်မ မပါပါဘူး…ကျွန်မစိတ်ထဲက ရှိတဲ့အတိုင်း ကော်မန့် ပေးပါတယ်… တကယ်လို့ ကျွန်မသိပ်မကြိုက်ခဲ့ဘူးဆိုရင် ကော်မန့် မပေးပါဘူး… မကြိုက်ကြောင်းကို ဘာလို့ မပြောလဲဆိုတာ ကျွန်မကို မုန်းသွားမှာ ကြောက်လို့ မဟုတ်ပါဘူး… သူ့ ရဲ့ အားထုတ်မှုကိုငဲ့ညှာလို့ ပါ… ပို့ စ်တခုရေးဖို့ အားထုတ်ရတဲ့ စိတ်အားလူအားကို ကျွန်မထည့်တွက်လို့ ပါ… ကျွန်မဆီလာလည်ကြတဲ့ ဘလော့ဂ်ရောင်းရင်းတွေလဲ ကျွန်မလိုပဲလို့  ကျွန်မယုံကြည်ပါတယ်…

မောင်မျိုးရေ… ဆီဗုံးလေးတော့ တပ်ချင်ပါတယ်… ဒါပေမယ့် အချိန်မှီမပြန်နိုင်မှာ အားနာလို့ … ခုတောင် ကော်မန့် တွေကို အချိန်မှီမပြန်နိုင်မှာ အားနာနေတာပါ… သားလေးကလဲ လေးလေးမျိုးကို သတိရနေပါတယ်… ဒီအပတ်အတွင်းသားလေးဆွဲတဲ့ပန်းချီလေးတွေ တင်ဖြစ်လိမ့်မယ်…
October 20, 2008 12:03 PM
သက်ဝေ said...

တန်ခူးရေ...
တန်ခူးရေးထားတဲ့ အမှန်တရား ရဲ့  အရသာ ရယ်...
သူငယ်ချင်း မိတ်ဆွေတွေရဲ့  အမှန်တရားအတွက် ရှုထောင့် အစုံစုံက Comments တွေရယ်...
တန်ခူးရဲ့  ပြန်ထားတဲ့ Comments ရယ်ကို အချိန်ပေးပြီး သေသေချာချာ ဖတ်ရှုသွားပါကြောင်း...
October 20, 2008 7:42 PM
Ko Paw said...
This post has been removed by the author.
October 21, 2008 8:37 PM
Ko Paw said...

တန်ခူးရေ....

မကြာခင်ကမှ ရေးထားခဲ့ပြီး ကျနော်နှစ်သက်ခဲ့တဲ့ တန်ခူးရဲ့ ပို့စ်အဟောင်းလေးနဲ့ လာလည်ကြသူတွေရဲ့ ကွန်မင့်လေးတွေကို အမှတ်တရ ပြန် တင်ပေးလိုက်ပါတယ်။း-)

“အချိုမကြိုက်တဲ့ငါ”

ငါက သကြားလုံးလေးတွေ အလကားပေးတိုင်း မယူတတ်တာ အချိုမကြိုက်လို့ ပါ…ငါက လျှာဖျားက အရသာချိုချိုထက် ရင်ထဲက နှလုံးသားချိုချိုတွေကို တရှိုက်မက်မက် တောင့်တတတ်သူ…သကာလူးထားတဲ့ စကားလုံးတွေ နောက်က မရိုးသားခြင်းထက် အရိုးခံရင်ထဲက စကားတချို့ ကို ခုံမင်တတ်သူ…

ငါ့ရင်ထဲက နှလုံးသားကို အကာအကွယ်မရှိ တိုးယိုပေါက်မြင်နိုင်အောင် ငါက နုံချာသူ…
အဲဒီနုံချာမှုအတွက်… ငါဆုံးရှုံးခဲ့ရပေါင်းလဲ များပေါ့…လမ်းမှားမှာ မူးမိုက်နေသူ တယောက်ကို သူ့ အကြိုက်လိုက်ပြီး အတူမမူးမိတာနဲ့ ပဲ စေတနာတွေက အရာမထင်ခဲ့တဲ့ ဥပမာတွေ ခဏခဏတွေ့ လဲ ငါက ခေါင်းမာနေတုန်းပဲ…

ချစ်သူရေ… ဒီတခုတော့ ခွင့်လွတ်ပါကွယ်… ငါဟာ ချစ်သူ့ ကို ညွှတ်နူးစေအောင် အပြောအဆို မတတ်တဲ့ ခပ်အအ မိန်းမတယောက်ပါ… ငါဟာ ရင်ထဲရှိတဲ့အတိုင်း ဖွင့်ဖွင့်ချတတ်တဲ့ စကားလုံးချိုချိုတွေ ဆင်းရဲသူတယောက်ပါ… ငါ့နှလုံးသားတခုလုံး မင်းကို ပုံပေးပြီးမှတော့ ကျန်တာတွေ ဘာအရေးကြီးလို့ လဲလို့  အတွေးခေါင်တဲ့ မိန်းမတယောက်ပါ… မချစ်သော်လည်း အောင့်ကာမနမ်းတတ်သူမို့  မင်းအတွက် ငါ့အနမ်းမှန်သမျှက စစ်မှန်နေတယ်ဆိုတာတော့ ငါကျိန်ဆိုရဲပါတယ်…

ခင်မိသူတိုင်းကို ဆွေလိုမျိုးလို အောင့်မေ့မိတဲ့ ငါက ဒဏ်ရာတခုခု ရလို့  ငိုမိတိုင်း အမေက စည်းမခြားတတ်သူတဲ့… ငါကလဲငါ… ပေးမိတာတွေ များများသွားတော့ င့ါဆီက မျှော်လင့်တာတွေ များများလာ… အခြေအနေတခုကြောင့် ငါက မပေးနိုင်တော့တဲ့အခါ အရင်က ပေးခဲ့တာတွေ အလကားဖြစ်ဖြစ်သွားတတ်တယ်.. အမေပြောတဲ့ စည်းပေါ့… ဒါလဲ အမှတ်မရှိစွာ ထပ်ထပ်မှားနေတတ်တော့ င့ါနှလုံးသားမှာ ဒဏ်ရာတွေ ဗလပွ…

တဆိတ် မိတ်ဆွေရယ်… ငါက လုပ်ယူထားတဲ့ အရာတွေကို မနှစ်သက်တတ်ဖူးကွယ်… ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ် ပေါ့…ဖန်တီးယူထားတဲ့အရာတွေကို မနှစ်သက်တတ်ဖူး… မင်းနှလုံးသားထဲက ပြိုကျလာတာဖြစ်ပစေ မလှမပလဲ ငါက တန်ဖိုးထားနေမှာ… ဖြစ်နိုင်ရင် အတွင်းနဲ့ အပြင် ထပ်တူကျတဲ့ စစ်မှန်မှုတွေကိုပဲ င့ါကို ပေးနော်…သိပ်များ လောဘကြီးသွားသလား… ငါ့ကို ရင်ထဲကမုန်းမုန်းနဲ့ ဟန်ဆောင်ပြုံးပြနေတာနဲ့ စာရင် ဆဲလိုက်တာမှ ခံသာဦးမယ်လေ…

သူငယ်ချင်းရေ…ရှေ့ မှာ ချီးမွမ်းစကားတွေဆိုပြီး နောက်ကွယ်မှာ သူများအားနည်းချက်ကို ထောက်ပြ ရယ်မောတတ်သူတွေထဲ ငါမပါတာကိုတော့ နင်နားလည်ပေးနော်… နင်တခုခု လွဲချော်နေတယ်ထင်ရင် ငါက မကွေ့ မ၀ိုက်ပဲ ထောက်ပြမိမှာပဲ… တခါတခါ ဇလိုက်ဇရောဆိုတာ ငါနဲ့ သူစိမ်းပြင်ပြင် ဖြစ်နေရင်ဖြစ်နေလိမ့်မယ်… မတရားတဲ့ အရာရှိကို ရာထူးတိုးဖို့ တခုထဲနဲ့  ခေါင်းငုံ့ မခံတတ်တဲ့ ငါက လိမ္မာပါးနပ်သူ မဟုတ်တာ အမှန်ပဲ… အဲဒီလို မိုးခါးရေတွေ မကြိုက်တတ်တဲ့ မိုက်မိုက်မဲမဲ င့ါလိုလူကို နင် ယနေ့ ထက်ထိ ခင်နေတာ ကျေးဇူးပါဟာ…

လောကကြီးက ချိုမြတဲ့အရသာဆိုပြီး င့ါကို လက်ဆောင်ပေးတယ်… ငါလေ မိုက်လိုက်ပုံများ… ခေါင်းတွင်တွင်ခါပြီး ငြင်းနေတော့တာ…

တန်ခူး
10:30am 02-Sep-2008

Posted by တန်ခူး at 10:44 AM
Labels: ခံစားချက်
13 comments:
nu-san said...
မတန်ခူးရေ.. ဒီစာလေးဖတ်ပြီး သဘောကျတယ်။ အတွင်းက စိတ်တမျိုး အပြင်က တစ်မျိုး၊ အဲဒီလို လူတွေနဲ့ ဆက်ဆံရတာ ကျနော်နဲ့ ကီးမကိုက်။ အခုဒီမှာတော့ ဟန်ဆောင်သူတွေကြားနေရတာ တကယ်မွန်းကျပ်တယ်။ ကိုယ့်အတွက်တော့ စိတ်ထဲက ဖြစ်သမျှဟာ မျက်နှာမှာပေါ်နေတယ်။ မကြိုက်ရင်လည်းအရှင်း ကြိုက်ရင်လည်း ဘွင်းဘွင်းသမား မို့ လူချစ်လူခင် မများလှဘူး။ ဟန်မဆောင်တတ်တော့လည်း အခက်သားလားပဲ မရေ.. :)

September 2, 2008 11:42 AM
Ko Paw said...
ဘ၀ဟာ တိုတိုလေးပါ….တန်ခူးရေ။
လံကဓော…လောကဓံကတော့ ဘယ်သူမှ ပြေးမလွတ်ဘူး။ ဒီတော့ သိပ်စိတ်ညစ်နေလို့ တွက်ခြေမကိုက်ဘူး။ စိတ်ညစ်ရင် ချစ်ကောင်းသီချင်းလေး ဟစ်လိုက်မယ်။
ဒုက္ခဟာ ပျားရည်လိုချိုတယ်….. (ဘီယာလို ခါးရင်လည်း ကြိုက်ပါတယ်…အဟဲ)

September 2, 2008 11:47 AM
မောင်မျိုး said...
အစ်မရေ့ ဒီပို့စ်လေး သဘောကျတယ် ဖတ်ပြီး ကိုယ်ဖြစ်လေးတွေနဲ့ လည်းတိုက်ဆိုင်တာ ဟန်ဆောင်ရတာကလည်း ပင်ပန်းတယ် သီးခံရပါများတော့လည်း ကိုယ့်ကိုယ်ကိုတောင်ဘာမှန်းကိုမသိတော့ဘူး ။ အမှန်တကယ်တော့ နားလည်မှုတွေ ရှိကြရင် လောကကြီးကတော်တော်ငြိမ်းချမ်းမှာ အစ်မ အဆင်ပြေပါစေ ညစ်နေတာတွေခေါင်းထဲဝင်လာရင် သားသားနဲ့  ကစားလိုက် ပျော်လာလိမ့်မယ် :)

September 2, 2008 12:57 PM
Moe Cho Thinn said...
အမသည်လည်း ထိုနည်းလည်းကောင်း။ :P

လူတွေရဲ့ အပေါ်ယံအချိုတွေတော့ မကြိုက်တတ်ဘူး။ ဒါပေမဲ့ အစားအသောက် အချိုတော့ ကြိုက်ပ ညီမရေ။

ညီမရေ စိတ်အေးအေးချမ်းချမ်းနဲ့ ဘ၀မှာ လုပ်သင့် လုပ်ထိုက်တာလုပ်ပြီး စေတနာမှန်ရင် ပြီးတာပါပဲ။ အဲဒါတော့ အမ သုံးတဲ့ နည်းပဲ။
အစစ အဆင်ပြေပါစေနော်။
ချစ်သော
အမ - မချိုသင်း

September 2, 2008 1:01 PM
မဇနိ said...
အမ တန်ခူးရေ ပို့စ်လေးကို သေချာဖတ်မိတယ်
ဟန်မဆောင်ချင်သလို ဟန်ဆောင်တတ်သူတွေလဲ ကြောက်မိတယ်နော်..
မလွယ်ပါဘူးအမရယ် “မုသားမပါ လင်္ကာမချော“ဆိုရင်တော့ လင်္ကာတွေကြမ်းနေအုံးမယ်နဲ့တူပါတယ်

September 2, 2008 7:55 PM
myatnoe said...
အဲလိုနဲ့ သကြားမစားမိလို့ ခဏခဏပြဿနာတွေ့ရပေမဲ့ အမှန်တရားအတွက် အမုန်းခံဆဲပဲ..။
ပြောမရလို့ ကြည့်နေရပေမဲ့ ... အခွင့်သာတာနဲ့ ပြန်နှက်နေဆဲ..။

ဟန်ဆောင်တာတွေ သိပ်မုန်းတယ်။ သကာလောင်းတဲ့ ပဋိသဓာရ စကားတွေလဲ သိပ်မုန်းတယ်။
မခင်ရင် ပြုံးပြဖို့တောင် ဝန်လေးတယ်.
ဒါပေမဲ့ ..ခုတော့ တခါတလေ..ပြုံးပြနေရတယ် နုတ်ကလဲ ဂျပန်တွေလို အလွယ်တကူထွက်သွားတယ်
sumimasen ဆိုပီး..မပြောလို့မှ မရပဲလေ..။ဟင်းးး

September 2, 2008 9:48 PM
Ko Paw said...
(အန်တီစုဘာသာပြန်တဲ့ “အကယ်၍” ကဗျာက သက်ဆိုင်ရာနေရာလေးကို ထုတ်နှုတ်ပြီး နှစ်ခါပြန် ကွန်မင့်လိုက်ပါတယ်။)

အကယ်၍…
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာကျည်းအောင်မလုပ်နိုင်စေရင်…။
အကယ်၍ …
လူတိုင်းကို တန်းဖိုးထား လေးစားရပေမဲ့
စွဲလန်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်…။
အကယ်၍ ..
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်…။
ငါ့သားရေ ..မင်းဟာ
အရာရာရှိတဲ့
အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့ …။
အဲဒီတော့
မင်းဟာလည်း ယောက်ျားကောင်းတယောက်ပေါ့ …။

ဒေါ်အောင်ဆန်းစုကြည်

September 3, 2008 9:56 AM
Ko Paw said...
This post has been removed by the author.
September 3, 2008 9:57 AM
ခွန်မြလှိုင် said...
စကားချိုချိုတွေနောက်ကွယ်က မာယာ ခါးခါးတွေကို ကြောက်တယ်... အမရေ ဓာတ်ပုံတွေ တင်ပြီးပြီနော် လာအကြောင်းကြားတာပါ

September 3, 2008 2:02 PM
sonata-cantata said...
တန်ခူးရေ comment မရေးဖြစ်တာရော၊ post မတင်ဖြစ်တာရောက တို့ရေးသမျှတွေ စာပေစိစစ်ရေးကို တင်နေရတယ်။ အဲ့ဒီတော့ အထွက်နောက်ကျတာပေါ့ကွာ။
အစဉ် အားပေးလျက်ပါ။

September 4, 2008 10:47 AM
တန်ခူး said...
နုရေ… တူလိုက်တာနော်… ဘွင်းဘွင်းသမားတွေရဲ့ စေတနာကို နားလည်သွားတဲ့ တနေ့ ကို စိတ်ရှည်ရှည်နဲ့ စောင့်ရမှာပေါ့လေ….

ကိုပေါရေ… အားပေးတာ ကျေးဇူးပါ…

မောင်မျိုးရေ… အမှန်ပဲ… နားလည်မှုတွေရှိကြရင် စစ်ပွဲတွေတောင် ရှိတော့မှာ မဟုတ်ဘူးနော်… သားနဲ့ ကစားရတာ တကယ် အားလုံးမေ့….

မ ရေ… ကျွန်မက တကယ်လဲ အချိုအရသာကို မကြိုက်လို့  သွေးထဲမှာ သကြားဓာတ်နဲ့ တဲ့ ရောဂါ ခဏခဏရတယ်… မူးတာ ချာချာလည်လို့ … မ နဲ့ ကျွန်မ ရောမွှေပစ်လိုက်ရင် အတော်ပဲနေမှာ… မ ရဲ့ ဘ၀လေး ငြိမ်းချမ်းတာ မ စာတွေက တဆင့် သိပြီး အားကျမိတယ်….

မဇနိရေ… အမလင်္ကာတွေ ကြမ်းကြမ်းနေလို့  အတော်သတိထားနေရတယ်…

မြတ်နိုးရေ… အတူတူပဲနော်… ဒါကြောင့်လဲ မြန်မြန် ခင်မိသွားတာ ဖြစ်မယ်….

ကိုပေါရေ… အဲဒီကဗျာလေးကို ကြိုက်လွန်းလို့  ကျွန်မအလုပ်စားပွဲဘေးမှာ ကပ်ထားခဲ့ဖူးတယ်…

လှိုင်ရေ… မာယာခါးခါးတွေက တကယ့်ကြောက်စရာပါ…
ဓာတ်ပုံလေးတွေ အားပေးပြီးပြီ… သိပ်လှတဲ့ နဂါးမလေးကို တွေ့ လိုက်ရတယ်…

မ ရေ… စာပေစီစစ်ရေးနဲ့ လား… အဲလိုတော့ မလုပ်ပါနဲ့ လို့ ဝိုင်းပြောပေးရမလား… မရဲ့ ခံစားချက်တွေ filterလုပ်ပြီးမှ ရောက်လာတော့မှာပေါ့…

September 4, 2008 10:47 PM
သက်ဝေ said...
အတွေးကောင်းသလို အရေးလဲကောင်းတဲ့ တန်ခူး..။
လျှာဖျားက အရသာ ချိုချိုကို နဲနဲမှ မကြိုက်ပေမယ့် နှလုံးသားချိုချို နဲ့  ရိုးသားမှု ချိုချိုကိုတော့ တန်ဖိုးထား တလေးတစား မြတ်နိုးတတ်ပါတယ်..။

မအားလို့  ဘယ်မှ ကောင်းကောင်း မလည်ဖြစ်ဖူး တန်ခူးရေ...။ တန်ခူးဆီတော့ နေ့ တိုင်းရောက်ပါတယ်။ Comment မရေးဖြစ်ပေမယ့် စာတော့မှန်မှန် လာဖတ်ဖြစ်တယ်...။

September 6, 2008 2:01 PM
တန်ခူး said...
သက်ဝေရေ… ကော်မန့် လေးကို ခုမှတွေ့ လို့  sorryနော်… နှလုံးသားချိုချိုနဲ့ ရိုးသားမှုချိုချိုတွေ ကြိုက်တာချင်းတူနေပြီ… မအားတဲ့ ကြားထဲက လာလည်တာ ကျေးဇူးနော်…
October 21, 2008 8:40 PM
Anonymous said...

ကိုပေါရဲပ bolg က ဘာလဲ။ အားပေးချင်လို့ဘာ
October 21, 2008 9:45 PM
ငပေါ said...

ဘာလို့ရန်ဖြစ်နေကြတာလဲ
October 21, 2008 9:49 PM
တန်ခူး said...

သက်ဝေရေ…မအားတဲ့ကြားထဲက အချိန်ပေးပြီး ဖတ်သွားတာ တကယ်ကျေးဇူးတင်ပါတယ်…

ကိုပေါရေ… အပြုသဘောနဲ့ အပျက်သဘောရယ်လို့ နှစ်မျိုးရှိပါတယ်…
အပြုသဘောဆောင်တာက သူများ အကျိုးလိုလားပြီး
အပျက်သဘောကတော့ သူများ အကျိုးမလိုလားတာပါ
ကျွန်မရဲ့ အချိုမကြိုက်တဲ့ငါ ပို့ စ်ကို သေချာပြန်ဖတ်ကြည့်ပါဦး…
ကျွန်မက အပျက်သဘောဆောင်တဲ့ အချိုတွေကို မုန်းတယ်… ကျွန်မကိုယ်တိုင်လဲ အပျက်သဘောဆောင်တဲ့ အချိုကို ဘယ်တော့မှ မလူးဘူး…
စိတ်ထဲမှာ ဆဲနေပြီး အပြင်မှာပြုံးပြနေတဲ့ သူတယောက်ရဲ့ အပြုံးက အပြုသဘောလား အပျက်သဘောလား သိပ်သိသာထင်ရှားပါတယ်…
ကိုပေါပြောတဲ့ ဥပမာပဲ ပြန်ပေးရရင် ငယ်က ကလေးတွေ ဆေးသောက်စေချင်လို့  ဆေးချိုတယ်ပြောတာဟာ အပြုသဘောအရ ပြောဆိုခြင်း… အဲဒီနောက်မှာ စေတနာဆိုတဲ့ အကျိုးလိုလားခြင်းတွေ ပါနေတယ်လေ…
အမှန်တရားရဲ့ အရသာ ပို့ စ်နောက်ခံ gameမှာ ကစားသူ နဲ့ ကစားသူအသိုင်းအ၀ိုင်းက အရင်းနှီးဆုံးသူတွေ ပဲပါပါတယ်… မေးတဲ့ မေးခွန်းတွေကလဲ သူ နဲ့ သူ့ အသိုင်းအ၀ိုင်းကြားက ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ပါပဲ… သူ့ အရင်းနှီးဆုံးအသိုင်းအ၀ိုင်းက သူ့ အကျိုးလိုလားသူတွေ အပြုသဘောဆောင်သူတွေ များမှာပါ… ဒါကြောင့် အပြုသဘောနဲ့ တွေးရင် တဖက်သား(အဲဒီတဖက်သားက…ကိုယ့်နဲ့ သိပ်ကိုရင်းနှီးလွန်းတဲ့သူ…ကိုယ့် မိခင်တောင်ပါရင်ပါနိုင်တယ်) နှလုံးသားကို မနာကျင်စေချင်တဲ့ စေတနာကို ကျွန်မဆိုလိုချင်တာပါ…

Anonymousရေ… ကိုပေါရဲ့ blogက http://www.kopaw07.blogspot.com/ ပါ…

ကိုငပေါရေ… ရန်ဖြစ်နေကြတာ မဟုတ်ပါဘူး.. အမြင်တွေ ဖလှယ်နေကြတာပါ… ဘလော့ဂ်ရဲ့အားသာချက်က ဒါပဲထင်ပါတယ်… ခုလို လာလည်တာကျေးဇူးပါ…
October 22, 2008 1:07 PM
Ko Paw said...

တန်ခူးရေ…..

အခုလို တန်ခူးရဲ့ ထင်မြင်ယူဆချက်ကို အကျိုးသင့်အကြောင်းသင့် ရှင်းပြတာကို ကျေးဇူးတင်ပါတယ်။

အမှားအမှန်၊ မုသားပြောခြင်း မပြောခြင်းနဲ့ ပတ်သက်လို့ကတော့ နောက်ကျနော်အချိန်ရမှ ပို့စ်တခုသတ်သတ် ရေးဘို့ စိတ်ကူးရှိတဲ့အတွက် အမှားအမှန်နဲ့ ပတ်သက်လို့တော့ ကွန်မင့်ကို ဒီမှာ ခဏနားလိုက်ဦးမယ်။

တကယ်တော့….. မနေ့က တန်ခူးလို ပို့စ်မျိုးဆန်ဆန်ရေးထားတဲ့ ဘလော့ဂ်တခုကို White Lies တွေအကြောင်း ကျနော်အင်တာနက်မှာ လိုက်ဖတ်ရင်းနဲ့ တွေ့မိတယ်။

http://spaceofreality.blogspot.com/2008/01/is-it-okay-to-tell-white-lies.html

အဲသည်မှာ သတိထားမိတာက ကွန်မင့်လုပ်တဲ့လူတွေဟာ ကိုယ့်အယူအဆကိုယ် ကိုယ်ထင်သလို ကွန်မင့်လုပ်ကြတာဘဲ။ အမြင်မတူလို့လဲ ကန့်လန့်တိုက်တယ်၊ စွာတယ်၊ ရန်ဖြစ်တယ် ရယ်လို့လည်း ဘယ်သူမှ ပြောမနေကြဘူး။

ကျနော်ထင်တာတော့ အပြန်အလှန် ဆွေးနွေးငြင်းခုန်တာနဲ့ ပတ်သက်ရင် ကျနော်တို့ မြန်မာဘလော့ဂါအသိုင်းအ၀ိုင်းက လူတွေ နည်းနည်း စိတ်နုသေးတယ်လို့ ထင်တာဘဲ။ နည်းနည်းလေး အများနဲ့မတူတဲ့ အမြင်ကို တင်ပြမိတာနဲ့ အများနဲ့ တယောက်ဖြစ်နေပြီ။ စွာတယ်။ ရန်စတယ်၊ ရန်ဖြစ်နေကြတယ်၊ မညီညွတ်ဘူး စသဖြင့် ဒီလိုမြင်ကြတယ်။

တချို့ကလည်း Conflict ဆိုတာနဲ့ ဝေးဝေးရှောင်ကြတော့တာဘဲ။ နောက်တခုကတော့ အမည်ဝှက်နဲ့ တိုက်ခိုက်တာမျိုးတွေ။ ဒါတွေကလည်း နအဖလက်ကိုင်ဒုတ် သတင်းစာတွေပေါ်မှာ အမည်ဝှက်နဲ့ ရေးနေတဲ့ ဆောင်းပါးရှင်တွေကျနေတာဘဲ။ တဖက်သက် နာမည်ဝှက်နဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရေးသားနေကြတာမျိုးတွေ တွေ့ရတယ်။

အမှန်က ဆန့်ကျင်ဘက် အမြင်တွေ ရှိနိုင်တယ်ဆိုတာကို လက်ခံရမယ်။ အဲသည်အမြင်တွေကြားမှာ လွတ်လွတ်လပ်လပ် အပြန်အလှန် ငြင်းခုန်ဆွေးနွေးတာဟာ အင်မတန် သင့်လျော်မှန်ကန်တယ် (Very healthy) ဆိုတာကို သဘောပေါက်ဘို့ လိုပါတယ်။ အဲသည်လို ဆွေးနွေးမှသာလျှင် ကိုယ့်ရဲ့ ဗဟုသုတနဲ့ စဉ်းစားဉာဏ်ကလည်း တိုးတက်ဖွံ့ထွားမှာကိုး။

အားလုံးတသံတည်းထွက်နေတာမျိုးက လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမှာ မဖြစ်နိုင်ဘူး။ တသွေးတသံတမိန့် ဆိုတာ ဘယ်လိုလူအဖွဲ့အစည်းမျိုးမှာဘဲ ဖြစ်လေ့ဖြစ်ထ ရှိသလဲ ပြန်စဉ်းစားကြည့်သင့်ပါတယ်။ အာဏာရှင်စနစ်မှာဘဲ အဲသည်လို တသွေးတသံတမိန့်ကို တွေ့ရတာမဟုတ်လား။

အများနဲ့ တယောက် အမြင်မတူလို့ မပြောရဲတာမျိုးလည်း မရှိသင့်ပါဘူး။ တချိန်တုန်းက ကမ္ဘာကြီးပြားတယ်လို့ လူတိုင်းထင်ခဲ့တဲ့ခေတ် ရှိခဲ့ဘူးတာဘဲ။ အမှန်တရားဆိုတာ လက်ခံကျင့်သုံးတဲ့လူ အနည်းအများပေါ်မှာ မူမတည်ပါဘူး။ လူနည်းစုက အမှန်တရားကို မြင်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

နောက်တခုက လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်းမျိုးမှာဆိုရင်တော့ လူနည်းစုရဲ့ အကျိုးစီးပွား၊ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်ကိုလည်း ကာကွယ်ပေးရတယ်။ လူနည်းစုဘဲ ယုံကြည်တဲ့ ယုံကြည်မှုမျိုးကို မှားတယ်ဆိုပြီး အများစုက ပိတ်ပင်လို့ မရဘူး။ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်၊ တွေးခေါ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်တွေ ရှိရတယ်။

တန်ခူးရဲ့ ဘလော့ဂ်မှာ ဆန့်ကျင်ဘက်သဘောထားတွေကို မပိတ်ပင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဘလော့ဂ်လာဖတ်သူတွေအနေနဲ့လည်း အကြောင်းအရာတခုကို မတူညီတဲ့ ရှုထောင့်တွေက ဆွေးနွေးငြင်းခုန်ကြတာဟာ ညီညွတ်ခြင်းပျက်ပြားတာနဲ့ ဘာမှမဆိုင်။ ရန်ဖြစ်တာလဲ မဟုတ်ဘူးဆိုတာကို သဘောပေါက်နားလည်သင့်ပါတယ်။ မိမိကိုယ်တိုင် တက်တက်ကြွကြွ ၀င်ရောက်ဆွေးနွေးကြဘို့ တိုက်တွန်းလိုပါတယ်။ အဲသည်လို ဆွေးနွေးကြပြီဆိုရင် ချက်ကျလက်ကျ ပြောနိုင်ဘို့အတွက် စဉ်းစားရတယ်။ ဖတ်ရှုရတယ်။ လေ့လာရတယ်။ တကယ်လို့ အဲသည်ဆွေးနွေးပွဲမှာ အတွေ့အကြုံရှိတဲ့၊ စဉ်းစားမြော်မြင်တတ်တဲ့၊ ဗဟုသုတကြွယ်ဝတဲ့ ဆွေးနွေးသူတွေ ပါဝင်လာပြီဆိုရင် အင်မတန်လေ့လာမှတ်သားစရာကောင်းတဲ့ အတွေ့အကြုံတွေကိုလည်းရတယ်။

သည်လို ကောင်းမွန်တဲ့ ဆွေးနွေးငြင်းခုန်မှုတွေကို အခုလိုဘဲ လွတ်လွတ်လပ်လပ် ဆက်လက် ဖွင့်ပေးထားပါလို့ တန်ခူးကို တိုက်တွန်းလိုက်ပါတယ်။
October 22, 2008 1:52 PM
Anonymous said...

မတန်ခူးပြောတဲ့ အချက်အလက်တွေကို ပို့စ်၂ခုလုံးကို ထောက်ခံတယ်။ ကိုပေါကို ပြန်ဖြေရှင်းတဲ့ စကားလုံးတွေကိုလည်း ကြိုက်ပါတယ်။

အမှန်က ပြောသူ ကိုလေပေါ ကိုယ်တိုင်က ရန်စနေတယ်လို့ထင်မိပါတယ်။
သူမကျေနပ်ဘူးလေ။ ဒါကြောင့် မတန်ခူးရေးခဲ့တဲ့ အချိုမကြိုက်တဲ့ငါကို ကူးပြတာပေါ့။
တကယ်က ရန်လိုနေသူသည် ကိုပေါသာလျှင်ဖြစ်ပါကြောင်း နဲ့
နောက်ဆုံးမှာ ပျားရည်နဲ့ ပြောသွားသည်ဟု မြင်မိပါကြောင်း
October 23, 2008 8:33 PM
M said...

ဟုတ်မှန်၊အကျိုးမရှိ။သူများမနာ လိုသောစကားကို ဘုရားကိုယ်တော်တိုင် ပယ်ထားတာပဲ။
October 25, 2008 4:39 AM

Anonymous said...

"ဒီမိုကရေစီဟာ အင်ဂျင်စက်ကြီးတလုံးဆိုရင် လူတွေရဲ့ စိတ်ဓါတ်နဲ့ တွေးခေါ်ပြုမူကျင့်ကြံပုံတွေက အဲဒီအင်ဂျင်ကြီးကို မောင်းနှင်မယ့် လောင်စာဆီနဲ့တူမယ်။ လောင်စာဆီက သူ့အင်ဂျင်နဲ့ မလိုက်ဖက်တဲ့ ကြက်ဆူဆီတွေဖြစ်နေမယ်ဆိုရင် အင်ဂျင်ကြီးဟာ မလည်ပတ်နိုင်ရုံမျှမက ကြာရင် သံချေးတောင်တက်သွားနိုင်ပါသေးသတဲ့။"

ဒါကြောင့်လဲ ကျနော်တို့ နိုင်ငံ ဒီလို အခြေအနေရောက်နေ
ရတာ ထင်ပါရဲ့ နော်....

Anonymous said...

Burmese Political Values စာတမ်းကို ဖတ်ချင်ပါတယ်။ ဝယ်လို့ ရမယ်ဆိုရင်လည်း ဝယ်ချင်ပါတယ်။ ရနိုင်မယ့် နေရာလေးကို လမ်းညွှန်ပေးစေချင်ပါတယ်။
ဘလော့ဂ်ကို နေ့တိုင်းနီးပါး ရောက်ပေမယ့် ဝင်ရောက် ဆွေးနွေးနိုင်တဲ့ အဆင့် မရှိသေးတာကြောင့် ဖတ်ရုံနဲ့ပဲ ကျေနပ်နေရသူပါ။
ထိုးဖောက်မွှေနှောက်နိုင်တဲ့ အမြင်ရှိသူမို့ လေးစားလျက်ပါ။

ကိုပေါ said...

မိုးစံ....သို့။

စိတ်ဝင်တစားရှိတယ်ဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကျနော်လည်း ဒေါက်တာမောင်မောင်ကြီးရဲ့ စာအုပ်မူရင်းကို မဖတ်ဘူးပါ။ အွန်လိုင်းမှာ ရှာကြည့်တော့ Amazon.com မှာ စာအုပ်အဟောင်းအဖြစ်နဲ့ တအုပ်ရောင်းဖို့ရှိတာတွေ့ရတယ်။ ပြည်ပက စာကြည့်တိုက်ကြီးတွေမှာတော့ ရှိပုံရပါတယ်။

ဒီပို့စ်မှာ ထုတ်နှုတ်တင်ပြထားတာတွေက ဆရာဒေါက်တာမောင်မောင်ကြီးရဲ့ စာအုပ်အပေါ် ဦးအောင်ခင်ရဲ့ ဖတ်ညွှန်းတွေဖြစ်တာကြောင့် ချီးမွမ်းစရာရှိရင် ဆရာနှစ်ဦးတို့ကိုသာ ချီးမွမ်းထိုက်ပါတယ်။ ကျနော်ကလည်း မိုးစံလိုပဲ သူတို့ အမြင်တွေကို နှစ်သက်မိသူမျှသာပါ။

ဦးအောင်ခင်ရဲ့ ထုတ်လွှင့်ချက်တွေကို အောက်ကလင့်ခ်မှာ ကျနော်တင်ထားပါတယ်။ ဖိုင် ဆိုက်ဇ်က 4.7Mb လောက်ရှိပါတယ်။ အလွယ်တကူ download ရယူနိုင်ပါတယ်။ ဇော်ဂျီဖွန့်နဲ့ ရိုက်ထားတာမဟုတ်တဲ့အတွက် ကျနော့်ပို့စ်မှာ တင်တဲ့အခါ တခန်းချင်း နည်းနည်းစီ ရိုက်ပြီး တင်ခဲ့တာဖြစ်ပါတယ်။

http://sites.google.com/site/burmesepoliticalvalues/Home/BurmesePoliticalValues.pdf?attredirects=0

(ကလစ်ခေါက်လို့ရတဲ့ လင့်ခ်ပေါ်အောင် လောလောဆယ် ဘယ်လို လုပ်ရမှန်းမသိတဲ့အတွက် ဒီအတိုင်းပဲ တင်ပေးလိုက်ပါတယ်။)

Anonymous said...

အမှန်တရားနဲ့မုသားကအမြဲတမ်းဒွန်တွဲနေတယ်လို့ထင်တယ်
ဘာလို့လဲဆိုတော့ အမှန်တရားဆိုတဲ့ခန္ဒ္ဒာကိုယ်ကြီးပေါ် မုသားဆိုတဲ့ဝတ်ရုံကြီး အမြဲတမ်းခြုံနေရတယ်လေဗျာ..အဲ
ဒီမုသားကြီးချွတ်လိုက်ရင်...ဟီးဟီး)))))))
မကောင်းဘူးနဲ့တူတယ်..း)
ဒါဆိုရင်ကျွန်းပင်ကြီးက ကိုင်းပင်ကြီးကိုမှီ :D
ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါးပေါ့ဗျာ....

Anonymous said...

စာဖတ်နိုင်တာ ပညာတတ်လား
ဖတ်ထားတဲ့စာကို အသုံးချနိုင်တာ ပညာတတ်လား

ခင်မင်းဇော် said...

ဘာပဲပြောပြော
ကိုပေါရဲ့ တင်ပြချက်တွေ တွေးခေါ်တာတွေ အားလုံးဟာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေပဲ ဖြစ်ပါတယ်။
ဘယ်အရာမှ အလုံးစုံမမှန်ပါဘူး။ ဒီလိုပဲ ကိုပေါပြောသမျှ ကန့်ကွက်စရာချည်း မဟုတ်ပါဘူး။ ကိုယ်လက်မခံနိုင်တောင် ထည့်စဉ်းစားရမယ့်အချက်အဖြစ် လက်ခံထားသင့်ပါတယ်။
စိတ်တွေကို အတွေးတွေကို ဖွင့်ထားသင့်ပါတယ်။

ထက်မြက်သူ said...

မှန်တယ် မခင်မင်းဇော်ရေ။ ဒါပေမယ့် အခုဖြစ်နေတာကလဲ ကိုပေါရေးနေတဲ့ စာတွေထဲက အချက်တွေထက် ကိုပေါ ဘာကြောင့် ဒီလိုစာတွေကို ဒီလို အချိန်မှာ တင်နေရသလဲ ဆိုတာကို ပြောနေတာပါ။ ဒါကတော့ ကျွန်တော် ကိုပေါကို ဝေဖန်နေရတဲ့အကြောင်းရင်းပဲ။ အခုနောက်ပိုင်း ပို့စ်တွေဟာ ပုံမှန်သာမန်အချိန်မှာ တင်နေခဲ့ရင်တော့ ကျွန်တော်ကိုယ်တိုင်လဲ လက်ခုပ်တီးခဲ့မိဦးမှာဗျ။ အခုပြောနေတာက တစ်နေရာရာကနေ တစ်ခုခု၊တစ်ယောက်ယောက်နဲ့ သူငြင်းခုန်လာပြီးပလားဆို အဲဒီမှာတင် အားမရ မကျေနပ်နိုင်ဘဲ သူ့ဘလော့ပေါ်ကနေ စကားကြီးစကားကျယ်၊ စာအုပ်ကြီးငယ်အသွယ်သွယ်ကနေ စောင်းမြောင်းရိထေ့နေတဲ့စိတ်ကြောင့်ဒီလို ဖြစ်နေရတာလို့ ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်လဲ ကိုပေါရေးတာတွေကို အားပေးခဲ့ဖူးသူကိုးဗျ။

Anonymous said...

Dear Htet Myet Thu,
I think if you read most of Ko Paw’s posts, you should know his style of writings. Why did you accuse him of “တစ်နေရာရာကနေ တစ်ခုခု၊တစ်ယောက်ယောက်နဲ့ သူငြင်းခုန်လာပြီးပလားဆို အဲဒီမှာတင် အားမရ မကျေနပ်နိုင်ဘဲ သူ့ဘလော့ပေါ်ကနေ စကားကြီးစကားကျယ်၊ စာအုပ်ကြီးငယ်အသွယ်သွယ်ကနေ စောင်းမြောင်းရိထေ့နေတဲ့စိတ်ကြောင့်ဒီလို ဖြစ်နေရတာလို့ ကျွန်တော်ထင်တယ်။”?
Everyone should refers to well known books, famous quotes etc. to confirm his or her believe. I think it is reasonable and acceptable. We should welcome such kind of brainstorming. Ko Paw also has a sense of humor. I really appreciate it. Carry on your good work, Ko Paw!

Anonymous said...

totally agree with Ko Htet Myet Thu..

မျိုးမြင့်မောင် said...

ထက်မြက်သူ

"အခုပြောနေတာက တစ်နေရာရာကနေ တစ်ခုခု၊တစ်ယောက်ယောက်နဲ့ သူငြင်းခုန်လာပြီးပလားဆို အဲဒီမှာတင် အားမရ မကျေနပ်နိုင်ဘဲ သူ့ဘလော့ပေါ်ကနေ..."

It's really 'incredible' that you're pissed off by this. Doesn't Ko Paw has the right to post 'on his own blog' an article in response to an issue he has recently debated or is currently debating on? Is there such a monopolistic right for the person who first points out an issue that whatever things regarding the issue must be written 'only' on his/her blog?

Man, you're really 'incredible'.

ထက်မြက်သူ said...

မျိုးမြင့်မောင်ရယ်၊ မောင်ရင့်မှာလဲ ကိုပေါထိ ဓားကြည့် ဖြစ်နေပြီ။ တဖြည်းဖြည်းနဲ့ လေးစားချင်စိတ်ပျောက်လာတဲ့အထဲမှာ မောင်ရင်ပါ ပါနေပြီ။ သူ့ဘလော့ သူတင်ချင်ရာ တင်နိုင်သလို ကိုယ်လဲကိုယ်မြင်တာကို ကိုယ်ပြောနိုင်တယ်လေ။ မမေ့စမ်းပါနဲ့။ ကိုယ့်ဘလော့ကိုယ် တင်ချင်ရာတင်တယ်ကွ၊ ဘယ်သူ့သောက်ဂရုစိုက်ရမလဲဆိုတဲ့ မူကို မောင်ရင်လက်ခံတယ်၊ ဒါမှမဟုတ် အားပေးထားတယ်ဆိုရင်တော့ ကိုယ့်လူရေ။ မောင်ရင်ကမှ extremely incredible ပဲ။ ဦးနှောက်ကို ခပ်ကျယ်ကျယ်လေးတွေးလိုက်ဦး။
နေစမ်းပါဦး မောင်ရင့်ကိုတော့ နည်းနည်းစိတ်ဝင်စားလာပြီ။ ကိုပေါကို ထိတဲ့လူမှန်သမျှကို လိုက်ချဲနေတာ ဘာတွေတုန်း။ ကိုယ်တို့ပြောနေသမျှ အချက်တွေအကုန် မှားပြီး မောင်ရင့်ကိုပေါကသာလျှင် မှန်ကန်သူကြီးလား။ မောင်ရင်တို့ပြောပြောနေတဲ့ အိုးပန်းမိုင်းတို့၊ ရီစ်ပတ်တို့ ဆိုတာတွေကရော ဘာတွေတုန်း။ စကားမစပ် မောင်ရင် မှတ်ချက်ရေးရင် မြန်မာလိုရေးစမ်းပါ။ မြန်မာ့အရေးလိုက်လုပ်နေတယ်ဆိုတဲ့လူက ကွန်ပျူတာမှာ မြန်မာလိုလေးတောင် မရိုက်တတ်သေးဘူးဆိုရင် ဘယ်နိပ်ပါ့မလဲ။ လုံးဝမရိုက်တတ်ရင်လဲ မောက်စ်နဲ့ တလုံးခြင်း စာစီလို့ရတဲ့ ကွန်ဗာတာတွေ တင်ထားတဲ့ ဘလော့တွေ ရှိတယ်။ တစ်ခုတော့ရှိတယ်နော်။ ကျားကျားမီးယပ်ကွဆိုပြီး နောက်ထပ် man, you 're really incredible တော့ လာမလုပ်နဲ့တော့။ အဲဒါမျိုးဆိုရင်တော့ မောင်ရင်နဲ့ ပြောရမှာပျင်းတယ်။

Anonymous said...

"မျိုးမြင့်မောင်ရယ်၊ မောင်ရင့်မှာလဲ ကိုပေါထိ ဓားကြည့် ဖြစ်နေပြီ။"

Ko Myo Myint Maung, just curious what is your relationship with Ko Paw. Do you guys know each other in real world?

"မြန်မာ့အရေးလိုက်လုပ်နေတယ်ဆိုတဲ့လူက ကွန်ပျူတာမှာ မြန်မာလိုလေးတောင် မရိုက်တတ်သေးဘူးဆိုရင် ဘယ်နိပ်ပါ့မလဲ။ "

Ko Paw parise you for doing things for burmese, so I think Ko Htet Myat Thu got a good point here. What's ur excuse?

Anonymous said...

အော် ခက်တော့နေပြန်ပါဘီ အရပ်ကတို့ရေ့။ ပေါ်ပင် (current)ဖြစ်တဲ့ အကြောင်းအရာကို ပူပူနွေးနွေး မဆွေးနွေးရဘူးလို့ နအဖ ဥပဒေလိုမျိုး blogsတွေကို တားမြစ်ရအုံးမယ် ထင်တယ် ကိုပေါရေ့ ။
ဒါကြောင့် သတိပေးပါတယ်၊ အိမ်တကာလျှောက် မလည်နဲ့လို့..၊၊ ခုတော့ လူတွေက ဧည့်ဆွယ်တယ်ထင်ပြီး လိုက်လာ ရန်စွာတော့တာပေါ့ ကိုပေါရဲ့..။

မျိုးမြင့်မောင် said...

"သူ့ဘလော့ သူတင်ချင်ရာ တင်နိုင်သလို ကိုယ်လဲကိုယ်မြင်တာကို ကိုယ်ပြောနိုင်တယ်လေ။"

Then, it's fine, isn't it? Why are you still pissed off by that? Be sensible!

"မျိုးမြင့်မောင်ရယ်၊ မောင်ရင့်မှာလဲ ကိုပေါထိ ဓားကြည့် ဖြစ်နေပြီ။"

"Ko Myo Myint Maung, just curious what is your relationship with Ko Paw. Do you guys know each other in real world?"

I know him in person. But, that's not the reason why I'm arguing for his 'ideas'. I'm arguing for his 'ideas' because I agree with them. And whenever I do so, I also make my 'own points'. I just don't defend Ko Paw like ထက်မြက်သူ said. Don't exaggerate!

"မြန်မာ့အရေးလိုက်လုပ်နေတယ်ဆိုတဲ့လူက ကွန်ပျူတာမှာ မြန်မာလိုလေးတောင် မရိုက်တတ်သေးဘူးဆိုရင် ဘယ်နိပ်ပါ့မလဲ။ "

"Ko Paw parise you for doing things for burmese, so I think Ko Htet Myat Thu got a good point here. What's ur excuse?"

Well, I just don't have any excuse for not being able to type in Burmese. I'll try to learn. If you don't like it, suit yourselves. I can't stop you from disliking my inability to type in Burmese. But, I'll still try to support the cause of Burma as much as I can and continue to type in English. By the way, my inability to type in Burmese has never caused me much inconvenience yet.

Anyway, you are really 'incredible'.

မျိုးမြင့်မောင် said...

ထက်မြက်သူ

"မောင်ရင်တို့ပြောပြောနေတဲ့ အိုးပန်းမိုင်းတို့၊ ရီစ်ပတ်တို့ ဆိုတာတွေကရော ဘာတွေတုန်း။"

I can't type in Burmese. But, I still know how to translate 'open-mindedness' and 'respect' into Burmese appropriately.

"အိုးပန်းမိုင်းတို့၊ ရီစ်ပတ်တို့"

Come on, they do have their counterparts in Burmese. Don't make Burmese language seem deficient even in basic vocabulary.

Anonymous said...

"
Blogger Myo Myint Maung said...

ထက်မြက်သူ

"မောင်ရင်တို့ပြောပြောနေတဲ့ အိုးပန်းမိုင်းတို့၊ ရီစ်ပတ်တို့ ဆိုတာတွေကရော ဘာတွေတုန်း။"

I can't type in Burmese. But, I still know how to translate 'open-mindedness' and 'respect' into Burmese appropriately.

"အိုးပန်းမိုင်းတို့၊ ရီစ်ပတ်တို့"

Come on, they do have their counterparts in Burmese. Don't make Burmese language seem deficient even in basic vocabulary.
"

Lost in Translation???

One asked 'Are you open-minded အိုးပန်းမိုင်း?'

Another answer 'I can't type in Burmese.Come on, they do have their counterparts in Burmese.'

Oscar goes to Ko Myo Myint Maung :P

မျိုးမြင့်မောင် said...

Anonymous

What are you talking about? Please help me understand what your point is.

Anonymous said...

"Anonymous

What are you talking about? Please help me understand what your point is."

aww..you are a bit slow to pick up..

Anonymous said...

ကိုမျိုးမြင့်မောင်ရေ..သိက္ခာရှိရှိ စကားလုံးတွေနဲ့ သူနိုင် ကိုယ်နိုင် debate (အချေအတင်) လုပ်နိုင်တဲ့ နှလုံးရည် အကြောင်းကြောင်းကြောင့် ခန်းသွားတဲ့အခါ၊ နှမ မအေ ကြီးတော်တွေနဲ့ ကိုင်တုတ်တာတို့၊ မင်းယောက်ဖမို့ နာတာလားတို့၊ မင်းငယ်ပါသေးတယ်တို့၊ ဒါလေးတောင် နားမလည်ဘူးလား..တုံးလှချည်လားတို့၊ ဘိုလိုလာမမှုတ်နဲ့..မြန်မာလို့ မရေးတတ်ဘူးလားတို့၊ ဟုတ်တာပေါ့..မင်းဘဲ(ပဲ)တတ်ပါတယ်. မင်းဘဲနားလည်တာပါတို့၊ etc.,(စသဖြင့်) ပုဂ္ဂိုလ်ရေးထိခိုက် စော်ကားလိုက်ရရင်၊ တကယ်အဟုတ် အနိုင်ရလိုက်သလို ကျေနပ် အားရတတ်တဲ့ ဉာဉ်ဆိုးတွေဟာ၊ မရင့်ကျက်နိုင်သေးတဲ့ မြန်မာနိုင်ငံရေးနဲ့ လိုက်ဖက်စွာ ဒွန်တွဲ တည်ရှိနေတာကို နားလည်သဘောပေါက်စေလိုပါတယ်။ သဘောမပေါက်သေးရင် မှာဖတ်. နိုင်ငံတော်ထုတ် သတင်းစာရဲ့ ဆောင်းပါးကဏ္ဍ..။ ကိုပေါမျှော်မှန်းသလို တနေ့တော့ဖြစ်လာမှာပါ(လေးနက်အောင်၃ကြိမ်ရွတ်လိုက်သည်)
(ဒီကွန်မင့်ကြောင့် ခင်ဗျားတို့ဖက်လှည့်နေတဲ့ မြှားတချို့ ကျနော်ဆီ ရောက်လာအုံးမှာ.. တွေးကြည့်ရုံနဲ့ ပျော်စရာကြီး..ဟီဟီ.။)

Anonymous said...

CMA ပြောနေတာကတော့ အတော်လေး ဂုဏ်သိက္ခာရှိသကိုးဗျာ။

Anonymous said...

CMA သူများတွေအငြင်းပွားနေကြတာကို ဘေးကနေကြည့်ပြီး အတော်ပျော်နေတယ်ထင်ပ .. ဘယ်သူကမှ မဆဲပဲ ကောင်းကောင်းပြောနေတာကို ခင်ဗျားက မမြင်ချင်ဘူးထင်တယ်..

Anonymous said...

ကိုမျိုးမြင်.မောင်ရေ...မြန်မာစာရိုက်တာမခက်ပါဘူးဗျာ။ ခင်ဗျားတစ်နေ.ကို နာရီဝက်လောက် အချိန်ပေးလိုက်ရင် ၂ ပတ်အတွင်း သွက်သွက်လက်လက်ရိုက်နိုင်ပါတယ်ဗျာ။ အင်္ဂလိပ်လိုဘယ်လောက်သွက်သွက် မြန်မာလိုပြောရတာလောက် အားမရပါဘူးဗျာ။ အကြံပေးတာပါဗျာ။

Anonymous said...

ကွန်မန့် တွေဖတ်ကြည့် ပြီး ကောက်ချက်ဆွဲရရင်.."ထက်မြက်သူ" ဟာ နာမည် စည်းသွားပုံရတယ် ဟုသာ မြင်မိပါကြောင်း.. :DD

Unknown said...

Oh..my God ! I don't really understand why it becomes a big issue on whether the comments should be typed in Burmese or in English.

What is really matter is the facts and the message conveyed in the comments and not the way it is typed.

There's nothing to be proud of or ashamed of for knowing/not knowing how to type in Burmese. Everybody can type Burmese within a short period of time by practising it if he/she wishes to do so and it is really an individual's choice.

Anonymous said...

La Yeak: I should have added the followings in my previous comment:
{သိက္ခာရှိရှိ စကားလုံးတွေနဲ့ သူနိုင် ကိုယ်နိုင် debate (အချေအတင်) လုပ်နိုင်လောက်တဲ့ နှလုံးရည် အကြောင်းကြောင်းကြောင့် ခန်းသွားတဲ့အခါ၊} မရောင်ရာ ဆီလူး (beating the bushes)တတ်ကြပါသေးတယ်။ (မြှားနှစ်စင်းတော့ လွင့်စဉ်လာပြီဗျို့၊ လာအုံးမှာ.လာအုံးမှာ..)

Unknown said...

ကိုပေါ-
ဒီPost က ဗဟုသုတလည်း ဖြစ်စေတယ်။
သုတေသန စာတမ်းလည်းဖြစ်တော့ ကျွန်တော်တို့  sanchaung journal မှာ ဖော်ပြချင်ပါတယ်။
ခွင့်ပြုနိုင်မလား-

ကိုပေါ said...

KaSanchaung,

ဟုတ်ကဲ့... ဖော်ပြနိုင်ပါတယ်။ ကျေးဇူးပါတယ်။

Anonymous said...

ကိုပေါနဲ့ မျိုးမြင့်မောင် နဲ့ဘယ်လိုပတ်သက်လဲ သိချင်ကြလား ဟောဒီကိုသွားကြည့်http://www.coloursrainbow.com/index.php

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs