“မဟူရာနောက်ခံဝယ်......(၂)”

Share |
တိုတောင်းလှသော ကာလလေးအတွင်း ကြုံကြိုက်လိုက်ရသော်လည်း တသက်လုံး အမှတ်ထင်ထင် သတိရနေမိတတ်သော လူပုဂ္ဂိုလ်များ၊ မိတ်ဆွေများ ရှိတတ်ပေသည်။

ကိုကျော်စိုးသည် ထိုသို့သော လူမျိုးများမှ တယောက်ဖြစ်လေသည်။ သူနှင့်ကျနော် အပြန်အလှန်သိကျွမ်းလိုက်ရသည့်ကာလမှာ တနှစ်မျှပင် မကြာလိုက်။ သေချာသည်ကတော့ ကျနော့်ဘ၀ တလျှောက်လုံး သူ့အား အမှတ်ထင်ထင် ရှိနေဦးမည်သာဖြစ်သည်။



အနုပညာကို ၀ါသနာပါသူမို့....

အပြင်မှာ သိကျွမ်းခဲ့သည်က တနှစ်ဆိုသော်လည်း တကယ်တမ်းတွင်မူ သူ့ကို ကျနော်စပြီး သတိထားမိသည်ကတော့ လွန်ခဲ့သည့် သုံးနှစ်လောက်ကတည်းကဖြစ်သည်။ ထိုစဉ်က သူပါဝင် သရုပ်ဆောင်သော “Who wants to be millionaire” ဆန်ဆန် “ကံထူးရှင်ရွေးချယ်ပွဲ” နှင့် တီပီမြန်မာ သင်္ကြန်ဗီဒီယိုအခွေမှာ စင်္ကာပူရောက် မြန်မာလူမျိုးများအကြားတွင်သာမက မြန်မာပြည်တွင်းသို့တိုင် အင်မတန် လူကြိုက်များလှသည်။

ထိုဗီဒီယိုအခွေတွင် ကိုကျော်စိုး၏ အနုပညာဗီဇနှင့် ဟာသဉာဏ်ရွှင်ပုံကို အတိုင်းသား တွေ့မြင်နိုင်ပေသည်။ ကံထူးရှင်ရွေးချယ်အပြီးတွင် အနောက်တိုင်းဝတ်စုံကို အကျအန၀တ်ဆင်ထားသည့် ကိုကျော်စိုးက မြန်မာသံရုံးတွင် မိတ္တူကူးစက်မရှိ၍ အပြင်တွင် အပြေးအလွှား သွားကာ မိတ္တူကူးရပုံ၊ ချွေးတရွှဲရွှဲဖြင့် သံရုံးကို ပြန်ရောက်လာသည့်အခါတွင်ကား အမောပြေ ရေသောက်စရာ ရေအေးစက်မရှိပုံ၊ လေအေးစက်ဖွင့်ထားမပေးပုံတို့ကို ပြောပြကာ ကံထူးရှင်၏ ဆုငွေထဲမှာ တတိတတိ ပြန်နှုတ်ယူနေသည့်အခါ ပွဲကြည့်ပရိသတ်က လက်ခုပ်တဖြောင်းဖြောင်း။

အကျိုးဆက်အဖြစ်..... ထိုသင်္ကြန် ကပွဲနောက်ပိုင်း မြန်မာသံရုံးတွင် မိတ္တူကူးစက်နှင့် ရေအေးစက်များကို ထားပေးပြီး လေအေးစက်ကိုလည်း ဖွင့်ထားပေးခြင်းဖြစ်သည်။ ကျနော်ကိုယ်တိုင်လည်း ထိုအဖြစ်အပျက်မှ သင်ခန်းစာ ယူပါသည်။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်တိုက်ယူမှ ရသည် ဆိုသော သင်ခန်းစာ။


(တီပီမြန်မာ သင်္ကြန်သံချပ်ကဏ္ဍတွင် ကိုကျော်စိုး သံချပ်ထိုးနေပုံ -ဤဓါတ်ပုံကို ယူကျုဗီဒီယိုမှ ရယူပါသည်)


အိပ်ပျက်ညများစွာ.....

ဟော....သူ့ကို လူကိုယ်တိုင် စမြင်ဖူးတော့ ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း တိုပါးရိုးဘုန်းတော်ကြီးကျောင်း၌ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့သည့် ၀တ်ပြုဆုတောင်းပွဲတွေမှာ။ သို့သော် ရင်းရင်းနှီးနှီး စကားမဆိုဖြစ်။

သည့်နောက်ပိုင်း အမျိုးသားစာကြည့်တိုက်တွင် ပြုလုပ်သော အစည်းအဝေးများမှာ စတင်စကားပြောဖြစ်လာသည်။ သူသည် ဗီဒီယိုထဲတွင်သာမက အပြင်မှာလည်း ပွဲကျအောင် ပြောနိုင်သူ၊ ဟာသဉာဏ်ရှိသူတဦးအဖြစ် ကျနော့် စိတ်ထဲတွင် အသိအမှတ်ပြုမိပါသည်။

အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အောချာ့ဒ်လမ်းမပေါ်မှာ ဆန္ဒပြကြတော့ စီတန်းကာ ရပ်နေကြသော ဆန္ဒပြသူတွေ၏ ဘေးမှ ခေါက်တုန့်ခေါက်ပြန်လျှောက်ကာ စနစ်တကျဖြစ်စေရန် စီစဉ်ပေးနေခဲ့သည့် သူ့ပုံရိပ်ကို သတိရမိသည်။

စင်္ကာပူမှာ ရမ်ဘိုအပိုင်း(၄)ကို ရုံတင်သောအခါ ကိုကျော်စိုးနဲ့ အိုဘီပီအဖွဲ့ ရုပ်ရှင်ရုံကြီးတရုံလုံး ဘွတ်ကင်လုပ်ကာ မြန်မာတွေ အတူတကွ ကြည့်လို့ရအောင် စီစဉ်ပေးခဲ့တာကိုလည်း မေ့လို့မရ။ နောက် ရုပ်ရှင်အပြီးမှာ အားလုံးမတ်တပ်ရပ်ပြီး အားပေးခဲ့တာ၊ အားလုံးကမ္ဘာမကြေဆိုပြီး သူက ရှေ့ကနေ ကြွေးကြော်သံတွေ တိုင်ပေးတာတွေလည်း ချန်ထားလို့မရ။ အဲဒီနေ့က သူပြောတဲ့ စကားတွေထဲမှာ ကျနော်မှတ်မိသေးတာက “ရုပ်ရှင်ထဲမှာ ရမ်ဘိုပစ်သတ်တာက လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ၊ ဘုန်းတော်ကြီးတွေကို မဟုတ် ဆိုတဲ့အကြောင်း။

သည့်နောက်ပိုင်းမှာတော့ လှုပ်ရှားမှုပေါင်းများစွာ၊ အစည်းအဝေးပေါင်းများစွာမှာ ကိုကျော်စိုးနှင့် အတူလက်တွဲလှုပ်ရှားရင်း လျှင်မြန်စွာရင်းနှီးလာခဲ့သည်။ ကျနော်တို့အတူတွဲ လုပ်ခဲ့ကြသော လှုပ်ရှားမှုများအနက် အော့ချာ့ဒ်ဆန္ဒပြပွဲနှင့် မြန်မာသံရုံးရှေ့ပြုလုပ်သည့် ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုမှာ လူသိအများဆုံးနှင့် အအောင်မြင်ဆုံးဖြစ်သည်။

ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုအတွက် ကိုကျော်စိုးနှင့် အိုဘီပီအဖွဲ့ဝင်များသည် မြန်မာအလုပ်သမားများ နေထိုင်ရာ အလုပ်သမားအိမ်ယာများ၊ အလုပ်ခွင်များသို့ ညကြီးမင်းကြီး စည်းရုံးရေးခရီး ဆင်းခဲ့ကြသည်။ ထိုစည်းရုံးရေးခရီးစဉ်များ၏ အကျိုးဆက်အဖြစ် မဲပေးမည့်နေ့က မြန်မာလူမျိုး ၂၀၀၀ ကျော် အင်္ကျီအနီ၊ ဦးထုပ်အနီများ ၀တ်ဆင်ကာ ကန့်ကွက်ဆန္ဒမဲလာပေးခဲ့ရာ မြန်မာသံရုံးတည်ရှိရာ စိန့်မာတင်ဒရိုက်လမ်းသာမက တန်လင်လမ်းမပေါ်အထိပါ အနီရောင်လူတန်းကြီး လျှံကျသွားခဲ့ပါသည်။

(မြန်မာလုပ်သားများအကြား ကွင်းဆင်းစည်းရုံးနေပုံ- ဤဓါတ်ပုံများကို လင်းလက်ကြယ်စင် ဘလော့ဂ်မှ ယူပါသည်။)


ပရိတ်သတ်ကို ထိန်းနိုင်သူ....

သူအခမ်းအနားမှူးလုပ်သော ပွဲများကိုလည်း ကျနော်တက်ရောက်ဖူးပါသေးသည်။ ပထမဦးဆုံး အိပ်ဆဲစီးယား ဟိုတယ်တွင် ကျင်းပသော ပရိတ်သတ် ၇၀၀ ခန့် တက်ရောက်သော အခမ်းအနားတွင် ကိုကျော်စိုးတယောက် အရွှန်းအသောများဖြင့် ပရိတ်သတ်ကို ထိန်းသွားသည်ကို တွေ့ရသည်။

သည့်နောက် ဘုန်းကြီးကျောင်းမှာ ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲမှာ အခမ်းအနားမှူးလုပ်သည်။ ပို၍ အမှတ်တရဖြစ်စေသည်ကတော့ မြန်မာ့လူ့အခွင့်အရေးနေ့ (ဖုန်းမော်နေ့)အခမ်းအနားတွင် ကိုကျော်စိုး ကဗျာတပုဒ်ကို ရွတ်ဆိုခြင်းဖြစ်သည်။ ကဗျာကလည်း ကောင်း၊ ကိုကျော်စိုး ရွတ်ဆိုသည့် အသံနေအသံထား မှင်မောင်းကလည်း ကောင်းသဖြင့် ပရိသတ်မှာ ကိုကျော်စိုး၏ ဖမ်းစားမှုတွင် တိတ်ဆိတ်ငြိမ်သက်စွာ မျောပါနေခဲ့သည်။


(ဒေါ်အောင်ဆန်းစုကြည် ၆၃နှစ်ပြည့်မွေးနေ့အခမ်းအနားတွင် ကိုကျော်စိုး အခမ်းအနားမှူးပြုလုပ်နေပုံ)


သတို့သားလောင်းကြီးလေလား....

ယခင်နှစ်က တီပီမြန်မာ ဆယ်နှစ်ပြည့်အထိမ်းအမှတ် သင်္ကြန်ပွဲတွင် ကျနော်တို့အားလုံး လက်မှတ်ဝယ်ကာ သွားရောက်အားပေးကြသည်။ အဲဒီပွဲမှာ စီစဉ်သူတွေထဲက ညီငယ်ညီမငယ်အချို့ကို ကျနော်တို့သိကျွမ်းခင်မင်နေသဖြင့် အားပေးလိုခြင်းဖြစ်သည်။ နောက်ပြီး ကျနော်တို့ရဲ့ မင်းသားကြီး ကိုကျော်စိုးလည်း ပါဝင်ကပြမည် မဟုတ်ပါလား။

ပွဲမစခင် ပရိသတ်များ နေရာယူနေကြစဉ် နံသာရောင်တိုက်ပုံ၊ ပိုးသားပုဆိုးတို့ဖြင့် ခန့်ငြားတောက်ပြောင်နေသော ကိုကျော်စိုးသည် ပွဲကြည့်စင်ခုံတန်းများအကြား လူသွားလမ်းမှ အမျိုးသမီးတဦးနှင့် တွဲကာ လျှောက်သွားနေသည်ကို ကျနော်တို့ မြင်ကြရလေသည်။ အမျိုးသမီးသည် ပွဲလမ်းသဘင်တိုင်းတွင် တက်ပြီး က တတ်သူ ပွဲတိုင်းကျော်ဖြစ်သည်။ ကိုကျော်စိုးက ရှေ့ဆုံးတန်းရှိ သူမ၏ ထိုင်ခုံနေရာကို လိုက်ပြခြင်းဖြစ်သည်။ သို့သော် ကိုကျော်စိုး၏ အ၀တ်အစားနှင့် လျှောက်သွားပုံမှာ မင်္ဂလာအခမ်းအနားတွင် သတို့သားနှင့် သတို့သမီးသည် ပရိတ်သတ်အလယ် ကော်ဇော်ပေါ်က လျှောက်သွားသည်နှင့် တူရကား ကျနော်တို့မှာ အချင်းချင်း လက်တို့ပြရင်း ရယ်မောခဲ့ကြရပါသည်။

ထိုနေ့က တင်ဆက်သည့် ပြဇာတ်တခုတွင် ကိုကျော်စိုးသည် အင်မတန် မြင်ပြင်းကပ်ဖွယ် လက်နက်အားကိုးဖြင့် အဓမ္မ အနိုင်ယူလိုသော စစ်သူကြီးနေရာတွင် ပြောင်မြောက်စွာ သရုပ်ဆောင်သွားလေသည်။



လေအေးစက်ခန်းမမှ မြက်ခင်းပြင်ထက်သို့....


နောက်ပိုင်းတွင် ငွေကို ချွေတာလိုသည်ကတကြောင်း၊ စင်္ကာပူအစိုးရ၏ ထောက်လှမ်းရေးကို မျက်ခြေဖြတ်လိုသည်ကတကြောင်းတို့ကြောင့် ယခင်က လေအေးစက်တပ် လိုင်ဘရီရှိအစည်းအဝေးခန်းမများတွင် စမတ်ကျကျ ဆွေးနွေးသည့်အဆင့်မှ တဖြည်းဖြည်းဖြင့် လိုင်ဘရီအောက်က အုတ်ခုံတွင်လည်းကောင်း၊ လမ်းဘေးတွင်လည်းကောင်း၊ နောက်ဆုံး ဘောလုံးကွင်းမြက်ခင်းပေါ်တွင်လည်းကောင်း ဆွေးနွေးပွဲများကို လုပ်ရသည့် အခြေအနေသို့ဆိုက်သွားလေတော့သည်။

မြန်မာ့အရေးလှုပ်ရှားသူများအပေါ်တွင် စင်္ကာပူအစိုးရ၏ ဖိနှိပ်အရေးယူမှုအချို့ကြောင့် တက်တက်ကြွကြွ လှုပ်ရှားသူများအရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာသော်လည်း ကျန်ရစ်သူများမှာ ပိုမိုစည်းလုံးလာပြီး ယုံကြည်ချက်မှာလည်း ပို၍ ခိုင်မာလာသည်ကို တွေ့ရသည်။ ထိုအမာခံလူစုထဲတွင် ကိုကျော်စိုးသည် တယောက်အပါအ၀င်ဖြစ်လေသည်။


(အမျိုးသားစာကြည့်တိုက်အောက် အုတ်ခုံပေါ်က ညဦးပိုင်းအစည်းအဝေးတခု)
(ကိုကျော်စိုးနှင့်ကျနော်)


မျက်နှာဖုံးတပ် စင်္ကာပူအစိုးရ....

စင်္ကာပူအစိုးရသည် ရွှေဝါရောင်တော်လှန်ရေး အရှိန်အဟုန်မြင့်တက်နေစဉ်ကာလတွင် ပြည်ပရောက်မျိုးချစ်မြန်မာများ၏ လှုပ်ရှားမှုများကို အစွမ်းကုန် ပစားပေးထားခဲ့သည်။ အိတ်ဆဲစီးယားဟိုတယ်တွင်ပြုလုပ်သော အခမ်းအနားများအတွက် ကုန်ကျစားရိတ်ကို ကူညီ ကျခံပေးခဲ့ပြီး ဘုန်ကြီးကျောင်းနှင့် မြို့ထဲ အသွားအပြန်ခရီးများအတွကလည်း ဘတ်စ်ကားကြီးများကို စီစဉ်ပေးခဲ့သည်။

ထိုအချိန်က အတိုက်အခံ စင်္ကာပူဒီမိုကရက်ပါတီမှ ဒေါက်တာချီဆွန်းဂျွမ်သည် မြန်မာသံရုံးရှေ့တွင် မီးထွန်းဆုတောင်းပွဲလုပ်ခြင်း၊ မြန်မာအစိုးရ၏ လုပ်ရပ်အပေါ် ကန့်ကွက်သည့်စာအပေါ် လက်မှတ်ကောက်ယူခြင်း၊ စင်္ကာပူအစိုးရမှ မြန်မာအစိုးရသို့ လက်နက်များရောင်းချနေခြင်းကို ကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်နေချိန်ဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သော စင်္ကာပူအစိုးရ၏ ပံ့ပိုးမှုများမှာ ဒေါက်တာချီး၏ လုပ်ရပ်ကို မှိန်သွားစေရန် ကြိုးပမ်းမှုတစိတ်တဒေသဟု ယူဆမိပါသည်။

သို့သော် ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းတွင် စင်္ကာပူတွင်လည်း နိုင်ငံရေးလှုပ်ရှားမှုများ အရှိန်မြင့်တက်လာသည်။ ရွှေဝါရောင်တော်လှန်ရေးနှင့် စင်္ကာပူရောက် မြန်မာတို့၏ တက်ကြွမှုများကို အားကျကာ စင်္ကာပူနိုင်ငံသား တက်ကြွသူများမှလည်း နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ကလေးမှာ ဖွဲ့လာကြသည်။ Sghuman Rights အဖွဲ့ ပေါ်လာသည်။ လူ့အခွင့်အရေးအတွက် စတင်လှုပ်ရှားလာကြသည်။

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကို နအဖ စစ်အစိုးရမှ ရက်ရက်စက်စက် နှိမ်နင်းပြီးသွားသောအခါ စင်္ကာပူအစိုးရ၏ ဟန်ဆောင်မျက်နှာဖုံး ပြုတ်ကျလေတော့သည်။ ပြည်ပရောက် မျိုးချစ်မြန်မာများအဖွဲ့မှ အဖွဲ့ဝင်များကို ရဲစခန်းသို့ မကြာခဏ ခေါ်ယူစစ်မေးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လာခဲ့သည်။


မဆိုလောက်ဖွယ် အပြစ်ငယ်ကို.....

“ငါ၏ ကိုယ်၌၊ မဆိုလောက်ဖွယ် အပြစ်ငယ်ကို၊ ကြီးကျယ်ဝတ္ထု ရန်ငြှိုးပြု၍” ဟူသော ဦးပုည၏ ဆဒ္ဒန်ဆင်မင်းဝတ္ထုမှ စာတကြောင်းကို သတိရမိသည်။

စင်္ကာပူအစိုးရသည် အိုဘီပီ အင်အားကြီးထွားလာခြင်းကို သူတို့အာဏာတည်မြဲရေးအတွက် သွယ်ဝိုက်သော နိုင်ငံရေးခြိမ်းခြောက်မှုအန္တရာယ်ဟု မြင်လာသည်။ မည်သည့်ပြဿနာမဆို အညွန့်အဖူး ဘ၀ကတည်းက အပြတ် ဖြတ်တတ်သည့် စင်္ကာပူအစိုးရ၏ လုပ်ထုံးလုပ်နည်းအတိုင်း အိုဘီပီ လှုပ်ရှားမှုမှန်သမျှအား မျက်စိ ဒေါက်ထောက်၍ ကြည့်လာသည်။

စင်္ကာပူအစိုးရအနေဖြင့် ကိုကျော်စိုးသည် အိုဘီပီ၏ မောင်းနှင်အားဟု ထင်မြင်ယူဆသည်။ စင်္ကာပူတွင် ပိုလီကျောင်းဆင်း၍ အလုပ်လုပ်ကာ ပီအာရ်ကျနေပြီးသော ကိုကျော်စိုး၏ နောက်ကြောင်းကို မြေလှန်ရှာသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ အတိတ်က ငြိစွန်းဖူးသည့် (အိုဗာစတေး) အပြစ်တခုကို ယခုအခါတွင်မှ အလောသုံးဆယ် ပြန်ဖော်ကာ တရားစွဲကာ ပြစ်ဒဏ်ချမှတ်သည်။

ထုံးစံမှာ စင်္ကာပူပီအာရ်တယောက်သည် အသေးစားဥပဒေ ငြိစွန်းမှုတခုကြောင့် အပြစ်ဒဏ်ကိုကျခံရပါက ပီအာရ်ကို ပယ်ဖျက်ခံရခြင်း မရှိချေ။ စင်္ကာပူအစိုးရသည် ကိုကျော်စိုးအား သူ၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် စင်္ကာပူမှ မောင်းထုတ်လိုသည်။ သို့သော် သူ၏ အမြဲတမ်းနေထိုင်ခွင့်(ပီအာရ်)ကို တရားဝင် ပေါ်ပေါ်ထင်ထင် ရုပ်သိမ်းခြင်းအား မပြုရဲချေ။ အဘယ့်ကြောင့်ဆိုသော် ထိုလုပ်ရပ်သည် နိုင်ငံတကာမျက်နှာစာတွင် အစိုးရအား အင်မတန် အကျည်းတန်၊ အရုပ်ဆိုးစေမည်ဖြစ်သည်။

ထို့ကြောင့် စင်္ကာပူအစိုးရသည် ကိုကျော်စိုးအား စင်္ကာပူမှ သူ့အလိုအလျောက် ထွက်ခွာသွားစေရန် နည်းမျိုးစုံဖြင့် ဖိအားပေးသည်။ နောက်ဆုံးတွင် စင်္ကာပူတွင် ဆက်လက်နေထိုင် ရပ်တည်ရန် မည်သို့မျှ မဖြစ်နိုင်သောကြောင့် ကိုကျော်စိုးသည် သူ၏ ပီအာရ်ကို ပယ်ဖျက်ကာ ပြည်ပသို့ ထွက်ခွာသွားရပေသည်။

(သတင်းစာရှင်းလင်းပွဲအပြီး အဖွဲ့သားအချို့နှင့်အတူ။)


To sin by silence.....

လူတယောက်သည် သူ့သမိုင်းကို အနာဂတ်မှ ရေးလိုက်မည်ဟု အားခဲနေ၍ မရ။ သူ့သမိုင်းကို သူယခု လက်ရှိလုပ်ဆောင်နေသော လုပ်ရပ်များကသာ ဖန်တီးသည်။

ကိုကျော်စိုး စင်္ကာပူတွင် ရှိစဉ်က လုပ်ဆောင်ခဲ့သော လှုပ်ရှားမှုများသည် ယနေ့အခါ သူ့သမိုင်းဖြစ်လာသလို စင်္ကာပူရှိ မြန်မာ့အရေးလှုပ်ရှားမှုများသမိုင်း၏ တစိတ်တဒေသလည်း ဖြစ်လာပြန်သည်။

ကိုကျော်စိုးနှင့်ကျနော်နှင့်အကြားတွင် အခါခပ်သိမ်း အယူအဆ တူညီသည်တော့ မဟုတ်။ တူသည့်အခါတူသလို ကွဲလွဲသည့်အခါလည်း ကွဲလွဲသည်။ သို့သော် ကျနော်တို့အတူတကွ လက်တွဲအလုပ်လုပ်နိုင်ခဲ့သည်။

To sin by silence when we should protest makes cowards out of men."
-Ella Wheeler Wilcox

ကိုကျော်စိုးသည် ဆန္ဒပြဖို့ လိုအပ်လာသည့်အချိန်တွင် နောက်ချန်ကာ ရေငုံနှုတ်ပိတ်နေတတ်သူမျိုး မဟုတ်ခဲ့တာကတော့ သေချာသည်။

(ကိုကျော်စိုးနှင့် စကားလက်ဆုံ...)

ပူးတွဲ ဖတ်ရှုရန်များ။

ဒီပို့စ်မှာ မှတ်ချက်ပေးသွားကြတဲ့အထဲက “တီပီ ချစ်သူများ” ရဲ့ မှတ်ချက်ကို ပို့စ်အတွင်းမှာ ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။ အဲဒီမှတ်ချက်ဟာ ကိုကျော်စိုးရဲ့ အကြောင်းကို ပိုမိုပြည့်စုံသွားစေပါတယ်။ ကျေးဇူးတင်ပါတယ်။

Ko Ko yay..

We miss you dearly.

We knew how you love your people and motherland.

Throughout your TP days, we knew that and appreciate how you Lead, contribute and work hard together with your TP Myanmar brothers and sisters to achieve what TP Myanmar today.

We passionately call you Ko Ko (Big Brother) not only just as name it come with respect, love and admiration.

We will never ever forget your protection, your care and help whenever we need you and always ready for your brothers and sisters you try your best and find time even you are busy with handling many things. That’s why everybody comes to you for advice and listens to you for their affairs.

I still vividly remember that how you bravely protect your student brother in Singapore and Myanmar football match (if I am not wrong in 2005 right). A group of Singapore fans punch the TP student and you jump to his protection and fight back to many and let him escape. Lucky that SG police and TP Myanmar students saw and come to rescue. After the event your face look like over ripen prune with blue and black and we made joke about it. You still laugh off and said

Hey..One can win many only in movie lah..that was close man!…

And you control crowd and negotiate with authority to get us safety from unreasonable mob of Singapore fan. Thank you Ko Ko yay…I am crying now.

Without you we are feeling that same kind of feeling like elder missing in family. Although we are feel down we will carry on with your determination. When you said in one of motivational speeches in our gathering...

As long as Temasek Polytechnic exist, as long as Myanmar students exist in TP, TP Myanmar must exist and carry on.. Once you are TP Myanmar, forever you are…

When we listening to you we feel the bliss and togetherness with goose pump and hit to our heart with sense of belonging…..yes Ko Ko we will carry on with your direction with shoulder to shoulder ,generation by generation to carry out unity and fly our TP Myanmar flag high.

You believe in and hold onto our motto and truly committed to that.

We are family, discrimination; prejudice and rivalry are alien to us. We TP Myanmar Students are symbol of unity.

(You explained to us this is derived from your senior brother Leo and others senior right.)

You established TP Myanmar tradition and shown case to us how to build the unity. You leading us by example showing how you respect and value to your seniors and as well as how you concern and treasure to your juniors. You are a true symbol of unity Ko Ko, a proud son of TP Myanmar.

We don’t know about detail of all OBP movements although we participate and help in the movements and events that you lead, we knew that one thing for sure is you truly committed and you have lost everything for the OBP movement.

We even heard that you refuse to give in to SG authority when they force you to reveal about OBP and not accept offer of exchange status and personal gain with your believe.

People use to say that OBP and you, you and OBP are inseparable. Not only that Ko Ko you and TP Myanmar, TP Myanmar and you are inseparable too.

You made us proud and take pride as TP Myanmar Students as well as Burmese in Singapore.

We all wish to for the best and strongly believe and confidence that you will rise up again for your beloved people and country.

We will definitely meet again someday, some when and somewhere Ko Ko.

Wish you all the success our big brother!!!

Thank you very much to Ko Paw for the Blog and your post open flood gate of our emotion.
TP Chittu myar

16 comments:

Anonymous said...

ကိုကျော်စိုး ရောက်ရာ နေရာက မြန်မာ့အရေးထဲမှာ ဆက်လက်လှုပ်ရှားပါဝင်နေစေဖို့ မျှော်လင့်လျှက်ပါ။
အားတင်းထားဗျို့။
ခင်မင်စွာဖြင့်
ခင်မင်းဇော်

Thargyi(Gyobingauk) said...

ကိုကျော်စိုး...ရောက်ရာနေရာမှာ..မြန်မာ့အရေးကိုဒီ
ထက်ပိုမိုလုပ်ဆောင်နိုင်ပါစေ....

Anonymous said...

I really respect you, Ko Kyaw Soe. We need many people like you. I wish you all the best.

Anonymous said...

ကိုပေါ ...

ယခုလို သတိတရ နဲ့ အမှတ်တရ ရေးသားမှုအတွက် OBP အဖွဲ့ကိုယ်စား ကျေးဇူးတင်ရှိပါတယ်။

သတိတရနဲ့ ၀င်ရောက် ကော်မန့် ရေးပေးသူများကိုလည်း ကျေးဇူးတင်ရှိပါတယ်။

တရားမျှတမှု မရှိတဲ့ မော်ဒန်ကွန်မြူနစ်တွေကြောင့် အခြေအနေ အတိုင်းအတာတစ်ခုအရ အဝေးကို ရောက်ရှိသွားပေမယ့် ကိုကျော်စိုး နဲ့ ကျန်တဲ့ ရဲဘော် သုံးယောက်ရဲ့ မျိုးချစ်စိတ်ဓါတ် နဲ့ တက်ကြွ ဖျတ်လတ်တဲ့ စိတ်အားအင်တွေက ဘယ်တော့မှ မယိုင်လဲပဲ အမြဲတမ်း ကျွန်တော်တို့နဲ့အတူ ရှိနေမြဲပါပဲ။


လေးစားခင်မင်စွာဖြင့်

စိုးထွန်း

Anonymous said...

Thanks so much, Ko Paw, for the post.

Anonymous said...

အားတင်းထားပါ ကိုကျော်စိုး
ကျနော်တို့ တနေ့ ပန်းတိုင်ရောက်ရမှာပါ

Anonymous said...

hi ko kyaw soe i salute u..
cheers..i wish u all the best..

Anonymous said...

Ko Ko yay..

We miss you dearly.

We knew how you love your people and motherland.

Throughout your TP days, we knew that and appreciate how you Lead, contribute and work hard together with your TP Myanmar brothers and sisters to achieve what TP Myanmar today.

We passionately call you Ko Ko (Big Brother) not only just as name it come with respect, love and admiration.

We will never ever forget your protection, your care and help whenever we need you and always ready for your brothers and sisters you try your best and find time even you are busy with handling many things. That’s why everybody comes to you for advice and listens to you for their affairs.

I still vividly remember that how you bravely protect your student brother in Singapore and Myanmar football match (if I am not wrong in 2005 right). A group of Singapore fans punch the TP student and you jump to his protection and fight back to many and let him escape. Lucky that SG police and TP Myanmar students saw and come to rescue. After the event your face look like over ripen prune with blue and black and we made joke about it. You still laugh off and said

Hey..One can win many only in movie lah..that was close man!…

And you control crowd and negotiate with authority to get us safety from unreasonable mob of Singapore fan. Thank you Ko Ko yay…I am crying now.

Without you we are feeling that same kind of feeling like elder missing in family. Although we are feel down we will carry on with your determination. When you said in one of motivational speeches in our gathering...

As long as Temasek Polytechnic exist, as long as Myanmar students exist in TP, TP Myanmar must exist and carry on.. Once you are TP Myanmar, forever you are…

When we listening to you we feel the bliss and togetherness with goose pump and hit to our heart with sense of belonging…..yes Ko Ko we will carry on with your direction with shoulder to shoulder ,generation by generation to carry out unity and fly our TP Myanmar flag high.

You believe in and hold onto our motto and truly committed to that.

We are family, discrimination; prejudice and rivalry are alien to us. We TP Myanmar Students are symbol of unity.

(You explained to us this is derived from your senior brother Leo and others senior right.)

You established TP Myanmar tradition and shown case to us how to build the unity. You leading us by example showing how you respect and value to your seniors and as well as how you concern and treasure to your juniors. You are a true symbol of unity Ko Ko, a proud son of TP Myanmar.

We don’t know about detail of all OBP movements although we participate and help in the movements and events that you lead, we knew that one thing for sure is you truly committed and you have lost everything for the OBP movement.

We even heard that you refuse to give in to SG authority when they force you to reveal about OBP and not accept offer of exchange status and personal gain with your believe.

People use to say that OBP and you, you and OBP are inseparable. Not only that Ko Ko you and TP Myanmar, TP Myanmar and you are inseparable too.

You made us proud and take pride as TP Myanmar Students as well as Burmese in Singapore.

We all wish to for the best and strongly believe and confidence that you will rise up again for your beloved people and country.

We will definitely meet again someday, some when and somewhere Ko Ko.

Wish you all the success our big brother!!!

Thank you very much to Ko Paw for the Blog and your post open flood gate of our emotion.
TP Chittu myar

Anonymous said...

ကိုကျော်စိုး....ရေ.....
အားလုံးကို အမှတ်တရရှိနေပါတယ်ဗျာ အထူးသဖြင့် စင်္ကာပူမြန်မာသံရုံးမှာ မျက်မှန်အနက်ကြီးနဲ့ ကိုယ်လုံးကိုယ်ပေါက်..ဝဝ.... အတွင်းရေးမှုးမလေး(ကြီး) Ms Anna နဲ့ ကိုကျော်စိုး စကားပြောနေတာတွေ......
သံအမတ်ကြီးအပြင် အခြား သံဝန်ထမ်းတွေနဲ့စကားပြေခဲ့တာတွေ......
စင်္ကာပူက ထောက်လှမ်းရေးတွေ ရဲတွေနဲ့ ပြောခဲ့ဆိုခဲ့တာတွေ...................
အားလုံးအမှတ်တရရှိနေပါတယ်.............
ခြင်္သေ့ကျွန်းမှာ ပြည်ပရောက်မြန်မာမျိုးချစ်တွေ အားလုံး...အားလုံး .... ထဲမှာ.....
ကိုကျော်စိုး..........ဆိုတာ..............သမိုင်းစာမျက်နှာထဲက......... ဖြူစင်တဲ့ နှလုံးသားနဲ့..........ရိုသားတဲ့နေ့တွေကို ယုံကြည်ချက်နဲ့ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ ... အားပေးတယ် သူငယ်ချင်း......ဒီမိုကရေစီ ရွှေရောင်နေ့ရက်တွေအတွက် ကျော်စိုး ဆိုတာ မျိုးဆက်သစ် တို့အနာဂတ်မှာ လင်းလက်ဖို့ အတွက် ကြယ်စင်လေး တစ်ပွင့်ပါ.............။

ဂျေမိုး

Anonymous said...

Ko Kyaw Soe,

I really miss u,we know how u love ur people & motherland.i respect u & i'll never forget ur help & participated our wedding.we wanna meet u again if we have a chance.we wish u all the best

ur's younger bro's wife

jojo said...

Thank you Ko paw & all comrades..
All well wishers and my Bro & Sis…
I don’t know how to describe….
If only I could transform my emotion to words…..
Sincerely thanks for support & encouragement…..
Miss you all………………….

Anonymous said...

ကျနော် သံရုံးထဲက မဲပေးပြီး ထွက်လာတော့ ဒီအစ်ကိုကြီးထင်တယ် သံရုံး ခြံဝကနေ လက်ဆွဲ နုတ်ဆက်ပြီး အားအင် အပြည့်နဲ့ ရီပြတာ.. အဲ့တုန်းက ကြက်သီးတောင် ထတယ် . သူအဲ့လို တော်တာပါ. အသေးစိတ်ကို ပါးပါးနပ်နပ် ဂရုစိုက်တတ်ပုံ ရတယ်..။ စိတ်မကောင်းဘူးဗျ. အခုတခြားနေရာရောက်သွားတော့. ဒါပေမဲ့ သူကတော့ ဘယ်နေရာရောက် ရောက် တိုင်းပြည်အတွက် တာဝန်ထမ်းဆောင် နေမယ် ဆိုတာ သေချာပါတယ်... (FullStop)

Anonymous said...

မြန်မာ့အရေးအတွက် ကိုကျော်စိုး.. မနေနေတို့ လို ပြည်တွင်း ပြည်ပမှာ ရှိနေတဲ့ တက်ကြွ ရဲရင့်တဲ့သူတွေ ကို လေးစား ဂုဏ်ယူတယ်ဗျာ..

ရှေ့ လျှောက် အောင်ပွဲတွေ ဆင့်ကဲ ရယူနိုင်ဦးမယ်လို့ လဲ ယုံကြည်တယ်..

တရားမျှတမှုဟာ တနေ့ တော့ လူတိုင်းလက်ဝယ် ရရှိရမယ်..

ဂုဏ်ယူစွာဖြင့်
ကိုထွဋ်

Anonymous said...

အခွန်ရုံး ကအပြန် orchard ကနေ cityhall ထိ လမ်းလျှောက် ကြမယ် ဆိုပြီး အထွက် လမ်းထိပ် နားမှာ ပခုံး ကိုပုတ်ပြီး " ကျေးဇူးပဲဗျာ နောက်လဲ ဆုံကြ အုံးမယ်" လို့ ပြောခဲ့တာ ဒီအကိုကြီး ပဲပေါ့ သေသေချာချာ မှတ်မိ သေးတယ်။ အော်... ခုတော့ ဒါပေမယ့် ကိုကျော်စိုး တယောက် ရောက်ရာ ဒေသမှာ မြန်မာ့ အရေးကို လှုပ်ရှားဆောင်ရွက် နေအုံးမယ် ဆိုတာ ယုံကြည် ပြီးသားပါ

Anonymous said...

တီပီချစ်သူများ ရေးထားတာကို ဖတ်ရတာနဲ့တင်း ကြက်သီးထတယ်..တစ်ခွန်းပဲပြောစရာရှိတယ်.. မမြင်ဘူးပင်မယ့် အရမ်းကို လေးစားပါတယ် ကိုကျော်စိုး .. စစ်အာဏာရှင်စနစ် အမြန်ကျဆုံပါစေ..

mabaydar said...

ဒီပိုစ့်ကိုဖတ်ရတော့ ကိုကျော်စိုးကို တော်တော်လေးသတိရမိတယ်... ကျမတီပီသင်္ကြန်မှာဂျူနီယာအဖြစ် စပြီး သီချင်းဆိုတဲ့နှစ် ၂၀၀၂မှာ ကိုကိုက အသံစစ်မှာ အကဲဖြတ်အနေနဲ့ စသိခဲ့ပြီး ကျမသီချင်းဆိုတိုင်းလဲ "ငါ့ညီမ အဆိုကောင်းတယ်" ဆိုပြီး အားပေးခဲ့လို့ အားတက်ခဲ့ရတယ်.. ကျမတို့ တီပီမောင်နှမတွေကတော့ သူ့ကို ကိုကိုလို့ ခေါ်ကြတယ်.. တီပီသင်္ကြန်ကျင်းပတိုင်း အားသွန်ခွန်စိုက် ဂျူနီယာတွေကိုလိုက်စည်းရုံးခဲ့တာ အကတိုက်တဲ့နေရာ သီချင်းတိုက်တဲ့နေရာတွေမှာ အမြဲလိုအပ်တာတွေကို ကြည့်ရှုခဲ့တာ.. လိုအပ်နေတဲ့ ဇာတ်ကောင်တွေအတွက် ကျရာနေရာက ကောင်းအောင်ဝင်သရုပ်ဆောင်ခဲ့တာ..
၂၀၀၅ သင်္ကြန်တုန်းကလားမသိဘူး.. မနက်ဖက် နှာတစေးစေးနဲ့ နေမကောင်းဖြစ်နေပင်မဲ့ သံချပ်တိုက်တော့ အားမာန်အပြည့်နဲ့ ခုံပေါက်ပြီး Performance ကိုကောင်းအောင်လုပ်ခဲ့တာ..
ကိုကိုက လူမှုဆက်ဆံရေးနဲ့ စည်းရုံးရေးမှာ အတော်တော်တဲ့သူတစ်ယောက်.. အပြောလဲကောင်းတယ်.. အမြဲလဲ ပြုံးရွှင်နေတတ်တယ်..
၂၀၀၅ တီပီသင်္ကြန်မှာပဲထင်တယ်.. ပရိတ်သတ်အရမ်းများပြီး ပရိတ်သတ်ကိုမနိုင်တာကြောင့် ပြပွဲနှောင့်နှေးတာကို complain တွေလာ ပရိတ်သတ်က အုံ့အုံ့ကြွကြွနဲ့ စိတ်မရှည်ဖြစ်နေတဲ့အချိန်.. ဇာတ်ဆင်နောက်မှာလဲ သူ့ပြဿနာသူဖြစ်နေတဲ့အချိန်မှာ..လူပေါင်း ၁၀၀၀ကျော်ရှိတဲ့ ပရိတ်သတ်ရှေ့က စင်ပေါ်ကို တစ်ယောက်ထဲထွက်ပြီး လက်တန်းတောင်းပန်စကားပြောရင် ပွဲထိမ်းခဲ့တဲ့ အရည်အချင်းကလဲ တကယ်ကိုလေးစားစရာပါပဲ.. အဲဒိနောက်ပိုင်း ရုံတွင်းက ပရိတ်သတ်တွေလဲ အခက်အခဲကိုနားလည်ပြီး ညိမ်သွားကြတယ်..
ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာလဲ သူအားတက်သရောပါဝင်တာတွေ့တော့ ဂုဏ်ယူမိတယ်.. နောက်ပိုင်းစလုံးအစိုးရကလုပ်တဲ့ သူ့အခက်အခဲတွေကာလမှာ စီးတီးဟောမှာတွေ့ရင်ပဲဖြစ်ဖြစ် ပိန်ပြီး ကတုံးဆံပင်ပေါက်နဲ့ အသားတွေညိုသွားတဲ့ ကိုကို့ကိုတွေ့ရတော့ စိတ်မကောင်းဘူး... ဒါပေမဲ့ သူကတော့ ပြုံးမြဲပါပဲ.. ဘယ်လိုပဲဖြစ်ဖြစ် သူလုပ်ခဲ့တဲ့ သူ့သမိုင်းက ကျမတို့ရင်ထဲမှာ ရှင်သန်နေမှာပါ.. ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး.. သူနဲ့ခင်မင်ခွင့်ရတဲ့အတွက် ကျမအရမ်းဂုဏ်ယူပါတယ်.. ခုလို သူ့အကြောင်းကို ပိုစ့်ရေးပြီး မှတ်တမ်းတင်ပေးတဲ့ ကိုပေါကိုလဲ စာဖတ်သူတစ်ယောက်အနေနဲ့ အထူးကျေးဇူးတင်ရှိပါတယ်....

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs