ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပထမအကြိမ်တွေ့ဆုံပွဲပြီးလို့ ယခု ရက်ပေါင်း 4980 ရက် တိတိကြာခဲ့ပါပြီ။

“ခေါင်းရှောင် တတ်သလား”

Share |
မနေ့က အမေရိကန်သမ္မတဘုရှ် အီရတ်ကို ရှောင်တခင်သွားရောက်လည်ပတ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်နေတုန်း အောက်မှာထိုင်နေတဲ့ အီရတ်လူမျိုး သတင်းထောက်တယောက်က ဗြုန်းကနဲ မပြောမဆို ထတဲ့ပြီး ဘုရှ်ကို ဖိနပ်နဲ့ လှမ်းပေါက်တယ်။

ဘုရှ်ကလည်း စစ်သားလုပ်ခဲ့ဖူးလို့လားမသိ။ ခေါင်းငုံ့ရှောင်တာများ လှစ်နေတာပဲဗျိုး။ အနီးကပ်ပစ်တာကို နှစ်ချက်လုံး မထိအောင် ရှောင်နိုင်သဗျိုး။

ပထမ တချက်က မရှောင်ရင် မျက်နှာကို တည့်တည့် ထိမှန်နိုင်တယ်။ လုံခြုံရေးအေဂျင်စီတခုရဲ့ အကြီးအကဲတယောက်က သမ္မတဘုရှ်ရဲ့ ရှောင်တိမ်းပုံဟာ အင်မတန် မြန်ဆန်တယ်။ အဲဒီအတွက် ဘုရှ်နဲ့ပတ်သက်ပြီး သူဂုဏ်ယူရပါတယ်လို့ ပြောပါတယ်။

(ဗီဒီယိုကို ဒီမှာ သွားကြည့်လို့ရပါတယ်။ )

အင်း…..ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ဒီလိုလည်း ရှောင်တတ်ရသေးသကိုး။ လွယ်သလား…ခက်သလား..ရာမ….လွယ်သလား၊ ခက်သလား။

ဘုရှ်ကတော့ ပေါ့ပေါ့ပါးပါး ပါပဲ။ အဲဒီသတင်းထောက်ကို လုံခြုံရေးတွေက ဆွဲထုတ်သွားပြီးတဲ့နောက် ဘုရှ်က ပြက်လုံးတောင် ထုတ်လိုက်သေးတယ်။

သူ့ကို ပစ်လိုက်တဲ့ ဖိနပ်အရွယ်အစားက နံပါတ် ၁၀ ပါ......တဲ့။

မနေ့က စိတ်ဝင်စားဖွယ် တခြား ကမ္ဘာ့သတင်းတွေအနက် ထိုင်းပါလီမန်မှာ ထိုင်းဒီမိုကရက်ပါတီခေါင်းဆောင် အာဘစ်ဆစ် ကို ၀န်ကြီးချုပ်တင်မြှောက်လိုက်တဲ့ သတင်းလည်း ပါတယ်။ အာဘစ်ဆစ်သာ ခိုင်မာတဲ့ ခေါင်းဆောင်မှုကို ပေးနိုင်ရင် ထိုင်းနိုင်ငံရေးဟာ အကောင်းဖက်ကို စတင်ဦးတည်လာနိုင်မယ်။

10 comments:

Thargyi(Gyobingauk) said...

ကိုပေါရေ...
တခါတရံမှာတော့ခေါင်းရှောင်တတ်တာတွေဟာ စိတ်ပျက်စရာကောင်းတယ်ဗျာ...

ကိုပေါ said...

ကိုရွှေအောင်ရေ…. မှန်ပါပေတယ်။ ခေါင်းရှောင်တယ်ဆိုတာ ကိုယ့်ပခုံးပေါ်ကို ကျရောက်လာတဲ့တာဝန်ကို ရဲရဲဝံ့ဝံ့ တာဝန်မယူရဲရာက အခြေခံပါတယ်။ ခေါင်းရှောင်တတ်တဲ့သူဟာ လူတွေရဲ့ ယုံကြည်မှုကိုရဖို့၊ ခေါင်းဆောင်ကောင်းဖြစ်လာနိုင်ဖို့ အင်မတန် အခွင့်အလမ်းနည်းပါးပါတယ်။

Anonymous said...

ထိုင်ဝန်ကြီးချုပ်က တရုတ် ထိုင်း ကပြားဆိုဗျ...

Anonymous said...

ဖတ်တွားပါဂျောင်းးး....

M.Y. said...

ဘုရှ်ကတော့အရှောင်အတိမ်း ဂျက်စီဂျိမ်း အလားပဲ။
သူ့ မျက်နှာကြီးကို အီရတ်ဖိနပ်နှစ်ရံ တည့်တည့်ကြီးထိလို့ ကတော့ အမေရိကန် လူမျိုး နဲ့ တစ်နိုင်ငံလုံး သိက္ခာကျရမယ့်အဖြစ်ဆိုးပဲ။ ဒီခေါင်းရှောင်ကောင်းတာကတော့အင်မတန်လိမ္မာပါးနပ် လှတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ကိုယ်ခံအား၊ ဒေါသထွက်စရာအဖြစ်အပျက်ကို ရယ်မောစရာလုပ်ပစ်ပြီးပွဲထိန်းသွား နိုင်တဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အချင်းကိုမြင်နိုင်ပါတယ်။ ဘုရှ် ဟာ ဒီနေရာရဖို့ သေနတ်ခါးကြားထိုးပီးတက်လာခဲ့တာမဟုတ်တဲ့အတွက်သူ့ မှာ ခေါင်းဆောင်အရည်အသွေးရှိတာကျိန်းသေပါတယ်။
စကားမစပ်လွန်ခဲ့တဲ့နှစ်တွေက ဘားမားတူဒေးသတင်းမှာထင်တယ်ဖတ်ခဲ့ရတယ်။ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွှန့် လဲ ဂျပန်ခရီးမှာ စစက္ကူ စုတ်နဲ့ ဆန္ဒပြသူတွေက ပစ်ပေါက်တာ မှန်အလုံပိတ်ထားတဲ့ကားထဲကနေ ရာဇအိနြေ္ဒပျက်စွာ ရုပ်ပျက်ဆင်းပျက် ကားခြေနင်းဆီခေါင်းငုတ်ပုန်းခဲ့ရဖူးတယ်။
ကွာခြားချက်ကတော့ အဲဒိတုန်းက ပေါက်တဲ့သူကလဲ မြန်မာတွေပါပဲ။ရှောင်ရတဲ့ လူကလဲမြန်မာပါပဲ။ ဘုရှ်လို လူမျိုးခြားကလူကြားထဲမှာ အကာအကွယ်မဲ့ လူပုံအလယ် အပေါက်ခံရတာမဟုတ်ပါ။ ဘုရှ် အပေါက်ခံရတဲ့ ဗွီဒီယိုကြည့်ရတော့ အိနြေ္ဒမပျက်သလိုပဲလို့  မောင်ရင်လေး ပြောမိရင် လဲ ပြည်ပအားကိုးပိန်တာရိုး ၊ အဆိုးမြင်ဝါဒီကလေးဖြစ်ရ ဦးမယ်ထင်ရဲ့ ။အင်း...ခုတော့လဲ ဟိုဝန်ကြီးချုပ်ကြီးလဲ....

Anonymous said...

Yes...i agree with ko M.Y :)

Anonymous said...

Thanks, Ko Paw, for the post. I agree with what Ko Maung Yin said.

pandora said...

အနော်လည်း ကပေါတို့ ကမောင်ရင်တို့ ပြောတာကို သဘောတူတယ်ဆိုရင် အဆိုးမြင်ဝါဒီ ဖြစ်သွားမှာလားဟင်။

ကိုပေါ said...

အမည်မသိ...... သားသားလည်း တိဝူးဗျ။
ခရေတန်း....... ကျေးဇူး။
ကမောင်ရင်.... သေချာတာပေါ့ ကမောင်ရင်။ ဘုရှ်က ပထမ တချက်ရှောင်ပြီးတော့ ခေါင်းပြန်ထောင်လာတော့တောင် မျက်နှာက ပြုံးစေ့စေ့နဲ့။ ဒေါသမထွက်ပဲ ရယ်ချင်နေပုံတောင် ရတယ်။ ဗိုလ်ခင်ညွှန့်အကောင်းစားကလေးမှာတော့ စိန်ရတုပွဲတုန်းက သန်းဖေလေးက ပြက်လုံးထုတ်တာကိုတောင် အနာကြီးနာပြီး ရှေ့ဆုံးခုံတန်းမှာ ထိုင်နေရက ထထွက်သွားလောက်အောင် ရာဂအိနြေ္ဒ....အဲလေ ရာဇအိနြေ္ဒ ပျက်ယွင်းရှာလေတယ်။ စိတ်နုတာပေါ့ဗျာ။ စိတ်နုတာပေါ့။


အမည်မသိ....မှ စလုံး....ပန်ဒိုရာ....အားလုံကွန်မင့်များအတွက် ကျေးဇူးတင်ပါတယ်။ ကျနော်လည်း ကမောင်ရင်နဲ့ တသဘောတည်းပါ။

for ALL engineers said...

လွယ်သလား၊ ခက်သလားရာမ . . . ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ တပ်ထဲဝင်ရတယ်ကွ !

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs