ကျနော်တို့ ငယ်ငယ်က အက်ဆေးရေးတဲ့နေရာမှာ ကိုယ်ရေးလိုက်တာက ကောင်းပေမယ့် မမှားသင့်တဲ့အမှားမျိုး တခုတလေ ပါသွားရင် အင်္ဂလိပ်စာဆရာက ဒီလို တစ်တစ်ခွခွ မှတ်ချက်ပေးတယ်။
“မင်း အက်ဆေးက ကြက်သားဆီပြန်ဟင်းထဲ ချေးတစက် ကျသလိုဘဲ။ လွှင့်ပစ်ရခက်၊ စားရခက်”……………..တဲ့။
အခုလည်း ဘလော့ဂ်တွေလိုက်ဖတ်ရင်း ပို့စ်လေးတွေက ဖတ်လို့ကောင်းပေမယ့် မျက်စိထဲမှာ အမြင်မတော်ဖြစ်နေတာလေးတခုအကြောင်း မနေနိုင်လို့ ချရေးပြလိုက်ပါတယ်။ အမှန်ကတော့ အကျင့်ပါနေတဲ့အတိုင်း ဆရာ ၀င်လုပ်တာပါ။ ဒီအကြောင်းကို ကိုဘွိုင်းဇ် လည်း တခါက ရေးခဲ့ဘူးပါတယ်။
ဘာလဲဆိုတော့ ရရစ်၊ ယပင့်၊ နောက်ပစ်၊ ၀ဆွဲ၊ အောက်မြစ်၊ သေးသေးတင် စတာတွေကို ဖြစ်သလို သုံးစွဲနေကြတာတွေ့ရလို့ပါ။
ကျနော်တို့ငယ်ငယ်က ရွာမှာတော့ နောက်ပစ်ကို နောက်ကိုးပစ်၊ အောက်မြစ်ကို အောက်ကမြင့် လို့ ဖတ်ကြသဗျ။ ကြီးလာတော့ နယ်ပေါင်းစုံက လူပေါင်းစုံနဲ့ တွေ့လာတဲ့အခါ တချို့လည်း ၀စ္စပေါက်ကို ရှေ့ကပေါက်။ အောက်ကမြစ်ကို အောက်ကပေါက် စသဖြင့် ခေါ်တာကို တွေ့လာရတဲ့အခါ ဟို ဟာသလေးတပုဒ်ကို ပြေးသတိရမိတယ်။ ဟာသက ဒီလိုပါ….။
(ပထမလူ) “လ” တလုံးထဲသုံးပြီးတော့ လှည်းရယ်၊ နှင်တံရယ် (အညာမှာ နှင်တံကို နဒန် လို့အသံထွက်ခေါ်သည်)၊ လူရယ်၊ နွားရယ် အကုန်ပါအောင် ရေးပြကွာ။
(ဒုတိယလူ) ဘယ်ဖြစ်နိုင်ပါ့မလဲကွ၊ မင်းကော ရေးတတ်လို့လား။
(ပထမလူ) လွယ်လွယ်လေးပါကွ။ လ… ဟထိုး..နောက်ပစ်…..လှဲ။ “လှဲ” ပေါ်ကို သေးသေးတင်တော့ နှင်တံ။ ရှေ့ကပေါက်တော့ လူ။ အောက်ကပေါက်တော့ နွား။
အင်း…..ပြောရင်းနဲ့ ဘေးချော်သွားပြီ။ အပေါ်မှာပြောခဲ့သလို ရရစ်၊ ယပင့်၊ ဟထိုး၊ တချောင်းငင်၊ လုံးကြီးတင် စတဲ့ သရ အက္ခရာတွေကို အမှားမှားအယွင်းယွင်း သုံးစွဲနေတာတွေ တွေ့ရပါတယ်။
တချို့လည်း သုံးစွဲပုံအမှန်ကို လုံးဝ မသိလို့ ဖြစ်နိုင်ပါတယ်။ အများစုကတော့ ကီးအမှန်ကို လိုက်ရှာရမှာ ပျင်းတဲ့အတွက် ဖြစ်သလို နှိပ်ထည့်လိုက်တာလို့ ထင်ပါတယ်။ (သိနေတယ်လေ..)
အိုးဝေ(စင်္ကာပူ) အင်တာနက်စာမျက်နှာမှာ စာစီ၊ စာရိုက်၊ သရုပ်ဖော်တဲ့တာဝန်ယူတုန်းက ကျနော်ကလည်း ဂျီးများတတ်တဲ့လူဆိုတော့ သူများရေးပို့တဲ့ စာမူတွေမှာ အဲဒီလို အမှားတွေကို လိုက်ပြင်ပေးရတာ တော်တော် မစားသာဘူး။ တခါတလေများ စာတပုဒ်လုံးကို လိုက်ပြင်ရတာ နာရီပေါင်းများစွာ ကြာတယ်။ သရုပ်ဖော်ရတာက အဲဒီလောက် မကြာဘူး။
ဇော်ဂျီဖွန့်ပေါ်လာတဲ့အခါမှာတော့ အရင်ကလို ရှော့တ်ကပ်တ်ကီးတွေ မှတ်ရတာ မရှိတော့ဘဲ အက္ခရာတွေ သင်္ကေတတွေကို အလွယ်တကူ နှိပ်လို့ရလာတဲ့အခါ လူတွေလည်း အရင်ကလောက်တော့ မမှားကြတော့ဘူး။ ဒါပေမယ့် ဘလော့ဂ်တိုင်းလိုလိုမှာတော့ အမှားတွေကို တွေ့နေရဆဲပဲ။
တတ်နိုင်သမျှ သတိထားကြမယ်ဆိုရင်တော့ ဇော်ဂျီဖွန့်ကို ကြိုးစားပမ်းစား တီထွင်ခဲ့ရသူတွေအတွက် အပင်ပန်းခံရကျိုးနပ်တာပေါ့ခင်ဗျာ။ နောက်ပြီးတော့ ကိုယ်ရိုက်ထားတဲ့ မြန်မာစာလေးလည်း လှလှပပ ဖြစ်တာပေါ့။
အောက်မှာ ကျနော် စဉ်းစားလို့ ရသမျှ အမှားတွေကို က၊ခ၊မ၊လ၊န၊ရ စတဲ့ အက္ခရာတွေ အခြေခံပြီး ရေးပြလိုက်ပါတယ်။ အခြား အက္ခရာတွေနဲ့ အစားထိုးရေးတဲ့အခါ သဘောတရားကတော့ အတူတူပါဘဲ။ သတိထားမိကြဖို့ပါ။ (ဆရာလုပ်တယ်လို့ မထင်ကြပါနဲ့.....ဆရာတို့၊ ဆရာမတို့။)

အကောင်းဆုံးကတော့ ဇော်ဂျီလက်ကွက်ပုံကို ပရင့်ထုတ်ပြီး ကွန်ပြူတာစားပွဲမှာ မြင်သာတဲ့နေရာမှာကပ်ထားတာပဲ။ လိုအပ်ရင် ကြည့်လိုက်ရုံပေါ့။
အမှား | အမှန် |
ကြ၊ ကြ၊ ကြ၊ ကြ၊ ကြ၊ ကြ၊မြ ၊ မြ၊ မြ၊မြ | ကြ၊ မြ |
မြိ၊ မြိ၊ မြိ၊ ကြိ၊ ကြိ၊ ကြိ၊ ကြိ | ကြိ၊ မြီ |
မြဲ၊ မြဲ၊ မြဲ၊ ကြဲ၊ ကြဲ၊ ကြဲ၊ ကြဲ | ကြဲ၊ မြဲ |
မြွ၊ မြွ၊ မြွ၊ ကြွ၊ ကြွ၊ ကြွ | မြွ၊ ကြွ |
မြံ၊ မြံ၊ မြံ၊ ကြံ၊ ကြံ၊ ကြံ | မြံ၊ ကြံ |
ကြွိ | ကြွိ (ဒီစာလုံးကို ဘယ်မှာသုံးလဲတော့မသိ) |
ချွတ် | ချွတ် |
လွှ | လွှ |
လေ့ | လေ့ |
မြေ့ | မြေ့ |
မွေ့ | မွေ့ |
ချို့ | ချို့ |
အက်ၤ ီ | အက်ႌ |
ရူ | ရူ |
နူ | နူ |
နွံ | နွံ |
လှေ့ | လှေ့ |
နဲ့ | နဲ့ |
နွဲ့ | နွဲ့ |
ညှာ | ညှာ |
ညွ | ညွ |
26 comments:
ဇယားလေးရဲ့ ဘယ်ဖက်ကော်လံကို ကြည့်ရင်း မမခင်ဦးမေကို ဘာလို့သတိရမိပါလိမ့်.....
ဟဲဟဲ.. ကျွန်မလည်း သတ်ပုံအမှန်ပြန်ကြည့်ရမှာ ပျင်းတဲ့ အများစုထဲပါပါတယ်။ "၏" ကိုတောင် "ဧ။်" ရိုက်လို့ ဟိုနေ့ က ကိုဘွိုက်ဇ်ပြောမှ ပြင်ရတယ်။
ဟုတ်တယ် ကိုပေါရယ်..
ကျမလဲ စာဖတ်ရင် စာလုံးပေါင်း သိပ်မှားနေရင် ခံစားလို့မရဘူး။ ကိုယ်လဲ တခါတရံမှားတတ်ပေမယ့် တတ်နိုင်သလောက် သတိထားတယ်။ အခုနောက်ပိုင်း မှားတာတွေမှာ ရိုက်တာကိုတောင် မကဘူး။ ရရစ်နဲ့ ရပင့် မှားတာမျိုးတွေကိုလဲ စိတ်ညစ်မိသေးတယ်။ မြန်မာစာကို သေသေသပ်သပ် ဖြစ်စေချင်တာ စေတနာပါ။ ဆရာလုပ်ချင်တာ မဟုတ်ပါဘူးလေ။ ကိုပေါရေးပေးလိုက်တော့ ကောင်းသားပဲ ။
ခင်မင်စွာဖြင့်
ခင်မင်းဇော်
ယူနီကုတ်စံမှာ ရရစ်ဆိုတာ ၅ မျိုး ၆ မျိုး မရှိပါဘူး။ တစ်မျိုးတည်း ရှိပါတယ်။ စာရိုက်တဲ့သူက အဲဒါတွေကို ဂရုစိုက်စရာ မလိုပါဘူး။ ဖောင့်က အလိုအလျောက် ပြင်ပေးရမှာပါ။ ဒါပေမယ့် ဇော်ဂျီမှာ အဲဒီလို Smart Rendering တွေ မပါတဲ့ အတွက် ပြသနာတွေ တက်နေတာပါ။ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားတာတွေ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။
http://mmfontconvert.blogspot.com/
စင်ဒဏ်လား... ဧ။် ကတော့ လွန်လွန်းပြီဗျိုး။
မခင်ဦးမေ... အဖျက်လုပ်ငန်းတွေ လုပ်နေတာလား။ ရေးလိုက်ဖျက်လိုက်နဲ့။း-)
မခင်မင်းဇော်..... စာလုံးပေါင်းသတ်ပုံကတော့ ကျနော်ကိုယ်တိုင်လည်း မှားဆဲမို့ မပြောသေးဘူး။း-)
လွိုင်လင်း... ကျေးဇူးပဲဗျိုး။ အဲဒီအကြောင်းကို ကျနော်မသိခဲ့ဘူး။ ကျနော့်စိတ်ထဲမှာတော့ စာတွေကို လက်ရေးနဲ့ရေးတဲ့အခါ ရေးတဲ့အစီအစဉ်အတိုင်း ရေးခွင့်ရရင်ကောင်းမယ်လို့ စိတ်ထဲမှာတော့ ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် မြန်မာပြည်မှာ လက်နှိပ်စက်သင်တန်း တက်ခဲ့စဉ်အခါက ရရစ်တွေ၊ ယပင့်တွေ ရိုက်တဲ့အခါ အခု ဇော်ဂျီဖွန့်မှာလိုဘဲ ရိုက်ခဲ့ရတာကို သတိရမိတယ်။ လက်နှိပ်စက်မှာတုန်းကတော့ စက်မှုပိုင်းဆိုင်ရာ အကန့်အသတ်အရ အဲဒီလိုမျိုး ရိုက်ရတယ်လို့ နားလည်ခဲ့ပါတယ်။ (အင်တဲလိဂျင့် မဖြစ်ဖူးပေါ့ဗျာ)။
အခု မြန်မာသရီး ဖွန့်က အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်တယ်ဆိုတော့ စိတ်ဝင်စားမိပါတယ်။ ဒါပေမယ့် အဲဒီ ဘလော့ဂ်မှာ ဆွေးနွေးထားသလိုပဲ ဇော်ဂျီကနေ မြန်မာသရီးဖွန့်ကို ရုတ်တရက် ပြောင်းရန်ကတော့......အင်း............မလွယ်ကြောပဲ။
ကြွိ ကို ဦးကြွိဆီချက် ကြော်ညာရင် သုံးလို့ရမယ်.....
ပြောရင်းဆိုရင်း စားချင်လာပြီ..... :P
ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ ဇော်ဂျီဟာ ၀င်းလက်ကွက်ကနေ ယူထားတာပါ။
ဝင်းလက်ကွက်ဆိုတာ ဟိုးအရင်က အိုလံပီယာ ခဲစာလုံးသုံ မြန်မာလက်နှိပ်စက်က လက်ကွက်များကို ဆင့်ပွားယူထားတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ယရစ်၊ ယပင့်များ များနေတာပါ။
အောက်ကလင့်ခ်ကတော့ ကျွန်တော်ရေးထားခဲ့တဲ့ သတ်ပုံစာလုံးပေါင်းများပို့စ် ဖြစ်ပါတယ်...။
တတ်နိုင်သလောက်ကို ရေးထားတာပါ...။
http://heartstations.blogspot.com/2008/07/blog-post_09.html
မုန်းစရာ..... အစားမက်စရာလားအေ့။ ဦးကြွိဆီချက်ဆိုရင် ဘယ်သူမှ လာစားရဲမှာ ဟုတ်တော့ဘူး။ မွဲကိန်းရှိတယ်။
ကဘွိုင်း..... ကျေးဇူး။ ဘလော့ဂ်ကို လင့်ခ်ထားရာကနေ ပို့စ်ကို တိုက်ရိုက်ညွှန်းပြီးကြောင်းပါ။
ဦးကြွိ ဘဲပေါင်းဆီချက်က စကော့ဈေးထဲမှာ တကယ်ရှိတယ်လေ... နံမည်ကြီးပဲ... အရမ်းစားကောင်းတယ်... ကိုပေါ မစားဖူးဘူးလား... ရန်ကုန်ပြန်ရောက်ရင် မဒမ်ပေါနဲ့ သွားစားကြည့်လေ...
မုန်းစရာ.... စားဖူးဘို့ ဝေးစွ။ ကြားတောင် မကြားဖူးဘူး။ ရန်ကုန်မှာနေတုန်းက စကော့ဈေးဆို အနားတောင် မကပ်နိုင်တာလည်း ပါပါတယ်။ ဒီတခါပြန်ရင်တော့ သွားစားကြည့်လိုက်ပါမယ်လေ။ သိတယ်မို့လား။ လူကလည်း အခုအချိန်မှာတော့ ကြွိကြွိတက်...အဲလေ...ကျိကျိတက် ချမ်းသာနေပြီဆိုတော့။
အဟီး... ကြွိကြွိတက်..အဲလေ ယောင်လို့ ကျိကျိတက် ချမ်းသာနေပြီဆိုတော့ ... စလုံးရောက်ရင် ပိုက်ဆံ လာချေးမယ်နော်... အတိုးနဲ့ ချေးမှာပါ.... ပြန်မပေးရင် စိတ်မဆိုးကြေး.... :P
ကျေးဇူးပါ..မှတ်သားသွားပါ၏
ကျွန်တော်လည်းစာလုံးပေါင်းတွေမှားနေရင်
ဖတ်ရတာတမျိုးဘဲ..
ကိုပေါရေ..ကျမလည်း တခါတလေမှားတယ် ထင်တာပဲ.. ရှာမတွေ့တဲ့ လက်ကွက်တွေကျရင်..။ စကားမစပ် ချိုသင်းဆီက လှေနံဓားထစ်ကလေး ကျမထင်တာ ၀င်ပြောထားသေးတယ်။ ဒီလို....
ကိုပေါရေ.. ကျမသိသလောက်တော့ လှေနံဓားထစ်ဆိုတာကို တလွဲဖြစ်နေတာကြီးကို ဆုပ်ကိုင်ထားတာမျိုး။ အင်း.. ကိုပေါပြောာတနဲ့တော့ နည်းနည်း ဆင်တယ်။ ချိုသင်းပြောတာကလည်း သူသတ်မှတ်ထားတာ လွဲနေရင်တောင်မှ မပြင်နိုင်ဘဲ ဒါကိုသာ ယုံနေတာမျိုး ထင်တာပဲ။ ဆိုတော့ ခပ်ဆင်ဆင်ရယ်။ တကယ်တော့ လှေနံဓားထစ်.. က မှတ်လိုက်တဲ့သူကို ညံ့တယ်လို့ သတ်မှတ်တဲ့ စကားပုံ ထင်တယ်နော်။ :)
မုန်းစရာ..... ရပါတယ်ဗျာ။ နေ့ပြန်တိုးလောက်ဆို ကျေနပ်ပါပြီ။း-)
ကေကေ.... ကျနော်လည်း နောက်ပိုင်းမှာ သတ်ပုံသတ်ညွှန်းပါ မှန်အောင် အားထုတ်မယ် စိတ်ကူးတယ်။ အခုတော့....ဟိုဘုန်းကြီးပြောသလို....ငါ့ဘာသာ ရရစ်နဲ့ကြောင်းကြောင်း၊ ယပင့်နဲ့ ကျောင်းကျောင်း။ ဘယ်မအေပေးက အိမ် လို့ ဖတ်ချင်သေးသလဲ....ဆိုတာလို အတင်း မျက်စိမှတ်ပြီး ရေးနေတုန်းပေါ့။ (သတ်ပုံစာအုပ် ဖွင့်ရမှာ ပျင်းနေမိလို့)
ဆရာမမေငြိမ်း...... ကျေးဇူးပဲဗျို့။ အမှန်က မချိုသင်းဆီမှာ ကွန်မင့်တုန်းက ဒေါ်မေငြိမ်းတို့ရော ဘယ်လိုသဘောရသလဲ၊ ၀င်ပြောပြပါဦးလို့ ရေးမလို့ပါ။ နောက်တော့မှ တခြားသိသူတွေလည်း ရေးချင်ရေးကြပါစေဆိုပြီး သိတဲ့လူတွေ ရှင်းပြပါဦးလို့ ပြောင်းရေးလိုက်တာ။ ဟုတ်တယ်နော်။ သေချာတာကတော့.... မှတ်တဲ့လူကို ညံ့တယ်လို့ သတ်မှတ်တဲ့ အသုံးအနှုန်းပါ။ ဒါကြောင့် ကျနော်တော့ ဘယ်တော့မှ လှေနံဓါးထစ်မမှတ်ဘူး။ နောက်ကျရင် အဲဒီလှေငှားမရမှာ စိုးလို့။း-)
http://luscioustemptations.blogspot.com/2008/12/theft.html ဗမာတွေ အရှက်ကွဲပြီဗျို့
တကယ်တော့ လှေနံဓားထစ်ဆိုတာ အကြောင်းအရာ အခြေအနေတစ်ခုကို မြဲမြဲဆုပ်ကိုင်ထားချင်တာကို ဆိုလိုချင်တယ် ထင်တာပဲ... အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး... ပြောင်းသင့်တာကို မပြောင်းချင်တဲ့သဘောပေါ့... စာအုပ်ကြီးအတိုင်း ထင်ရာစိုင်းတဲ့သဘောလို့ထင်တာပဲ....
ကျေးဇူးပါကိုပေါ....
ဒီပိုစ်လေးအတွက်..မြန်မာစာလုံးပေါင်းတွေကို
ဂရုစိုက်ဖို့ သတိပေးလို့...အမှန်တော့ဟုတ်တယ်ဗျ..
ကျွန်တော်တို့က ပြီးစလွယ်ပေါင်း နေတာလေ
ဆရာမြသန်းတင့်က ပြောဖူးတယ် စကားလုံးတွေမှာ ရသ
ရှိတယ် စာလုံးပေါင်း မှားတော့ သူ့ရဲ့ ရသပျက်သွားရော
တဲ့ ...မြန်မာစာ အဓွန့်ရှည်ပါစေ....
မှတ်သွားတယ် ကိုပေါ။ နောက်ပို့စ်ရေးရင် သတိထားရိုက်ကြည့်ဦးမယ်။
ဟုတ်ပါ့ ကိုပေါရေ... ညီမလည်း အဲဒီအကြောင်းတွေ ပြောချင်နေတာ။ စိတ်ထဲ ကိုးလိုးကန့်လန့်နဲ့။ ကြွကိုတော့ ကိုပေါရေးသလို ရေးချင်ပေမယ့် ဘယ်လိုရေးရလဲ မသိဘူး။ ကျန်တာတော့ မှန်အောင် ရေးပါတယ်။ ကြွရေးပုံနည်းလေး ပြောပြပါဦး။ ဒါနဲ့ ဒီနေ့ အိုင်စီရှိုးမှာ တွေ့မိသလိုပဲ။ ဗွီအိုင်ပီ ထိုင်ခုံမှာလေ။ ဟုတ်တယ်ဟုတ်။ :P ဒါနဲ့ ရ ကို အမှီးကောက်လေး မပါအောင်ရော ဘယ်လို ရေးလဲမသိ။
ဟိဟိ..ပြောဘူးပြောဘူး...ကိုယ်တိုင်လဲအမြဲမှားလို့.. :P
ကျနော်လည်း မှားတတ်ပါတယ်။ အခုကျနော့်ရိုက်နေတာကတော့ ဇော်ဂျီယူနီကုတ်စနစ်နဲ့မဟုတ်ဘူး။ ဘားဂလိနဲ့ ဘလော့ဂ်ဂင်းနေရတာဗျာ။ စိတ်တော့ ရှည်ရှည်ထားရတယ်။ နှစ်လုံးဆင့်တွေဆိုအလွယ်ရိုက်လို့မရဘူးဗျ။ သူများဆီက လိုက်ကူးရတယ်။
အမည်မသိ..... အင်း...ဗမာတယောက်မဟုတ်တာလုပ်တာနဲ့ ငါးခုံးမတကောင်ကြောင့် တလှေလုံးတော့ မပုပ်လောက်ဘူးလို့ မျှော်လင့်ရတာပဲဗျိုး။
မုန်းစရာ.... ဟုတ်တယ်။ ကျနော်လည်း အဲလိုပဲ ထင်တယ်။
အိုက်လေး....ဟုတ်ပါတယ်။ ကျနော်တို့ တဆင့်တက်ပြီး သတ်ပုံနဲ့ သဒ္ဒါပါ မှန်ကန်အောင် ကြိုးစားရမှာပေါ့။
အလင်းညီ.... ကျေးဇူးပါ။
ဆိုးဝှပ်..... ကြွ... shift နဲ့` ကို တပြိုင်နက်အရင်နှိပ်ပါ။ ပြီးတော့ M ကို နှိပ်ပါ။ အဲဒါဆိုရင်ြ--- ကို ရပါလိမ့်မယ်။ ရ ကောက် အတိုက ` (တစ်ရဲ့ ဘယ်ဘက်ကခလုပ်) ကို အရင်နှိပ်ပြီး ရ ကောက် ခလုပ်ကို နှိပ်ရင် ရပါမယ်။ ဇော်ဂျီလက်ကွက်မှာ နှိပ်ပုံနှိပ်နည်းပါပါတယ်။ အိုင်စီရှိုးမှာ တွေ့တာ ကျနော်မဟုတ်ပါဘူး။ ကျနော့်နီးနီးချောတဲ့ လူတယောက်ဖြစ်မှာပါ။ (မနေ့ညက အိမ်မှာပဲ ရှိတယ်။)
ရွှေအောင်.... သိနေတယ်လေ။ ပျက်အစဉ် ပြင် ခဏခဏ တဲ့။
တက်လူငယ်... ပင်ပန်းမှာပေါ့ဗျာ။ လက်ကွက်ကို နည်းနည်းလောက် စမ်းရိုက်ကြည့်ရင် နှစ်ရက်သုံးရက်လောက်ဆို ယဉ်ပါးသွားမှာပါ။
စာလုံးပေါင်းတော့ စာရိုက်ရင် သတိထား ရိုက်ရတာပေါ့။ တို့ကတော့ မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း ဘေးချပြီး ရိုက်တယ်။ ဒါတောင် တခါတခါ မှားသေးတယ်။ သတိထားရတယ်။
လှေနံဓားထစ် ကတော့ ကိုပေါ တို့ ဆရာမတို့ ပြောတဲ့ အဓိပ္ပါယ် မှန်ပါတယ်။ ချိုသင်းလဲ ဒါလုပ်ပြီးမှ ဟိုလို မပြောင်းချင်တာ၊ ဗလောင်းဗလဲ လုပ်တာ မကြိုက်လွန်းလို့ ကိုယ်ညံ့တယ်ပဲဖြစ်ပစေ အလွန်အကျွံ သုံးလိုက်မိတာ။ အလုပ်မှာ ခဏခဏ ဒါနဲ့ ပြဿနာ တက်လွန်းလို့လေ။ ထွက်ပြီးသား တံတွေးကို ပြန်မမျိုချင်တာလား လို့တော့ မမေးပါနဲ့လေ။ ဖတ်တာနဲ့ ရွံသွားတယ်။ :D
မချိုသင်း.... သတ်ပုံကျမ်းဘေးချရေးတာက အကောင်းဆုံးဖြစ်မယ်ထင်ပါ့
ကိုပေါရေ ... ဒီပို့စ်လေး ခုမှ ဖတ်ဖြစ်လို့ ... မနေနိုင်တာနဲ့ ကွန်မန့် ရေးလိုက်ပါတယ်။ ခါတိုင်း ကွန်မန့်သာ မရေးဖြစ်တာ ... ကိုပေါ ဘလော့ကို ရံဖန်ရံခါ ဖတ်ဖြစ်ပါတယ်။
ကျွန်မလည်း ဘလော့တွေပေါ်က စာလုံးပေါင်း အမှားတွေကို ပြောပြ ပြင်ပေးချင်ပေမဲ့ လူအမြင်ကပ်ခံရမှာစိုးလို့ အသာလေး ငြိမ်နေမိပါတယ်။
ဘလော့တွေ ဖတ်ရင် ကိုပေါပြောသလို ယပင့်၊ ရရစ်တွေကို ဖြစ်သလို သုံးစွဲကြတဲ့ အပြင် မမှားသင့်တဲ့ စာလုံးပေါင်း အမှားတွေက ရယ်လည်း ရယ်ရ၊ စိတ်လည်း ပျက်ရ ... ကြာလာတော့ စာလုံးပေါင်းတွေ မှားနေတာဟာ မထူးဆန်းတော့ သလိုဖြစ်လာတယ်။ မှားတိုင်းသာ သွားပြောမိရင် ပြောမိသူသာ အဆိုး ဖြစ်မယ့်ပုံပဲ။ ဒီလိုနဲ့ အမှားတွေကို သည်းခံပြီး (တကယ်တော့ လစ်လျူရှုပြီး) ဖတ်တာ အကျင့်ပါလာတယ်။ နောက်ပိုင်း ကိုယ်ကိုယ်တိုင်လည်း စာလုံးပေါင်း ဂရုမစိုက်မိတော့ဘူး။ အဲဒီလို မဖြစ်သင့်ဘူး ဆိုတာ သိပေမဲ့ ... အလိုလို ဖြစ်သွားတော့တာပဲ။
Post a Comment