“မဟူရာနောက်ခံဝယ်…….(၁)”

Share |


There is not enough darkness in all the world to put out the light of even one small candle.
--Robert Alden.

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက အလုပ်ပိတ်ရက်တွေမှာ လမ်းပြကြယ်စာကြည့်တိုက်ကို ရောက်သွားတိုင်း မသိစိတ်က စေစားတဲ့အလျောက် ကျနော်မျက်လုံးများက တစုံတယောက်ကို အမှုမဲ့အမှတ်မဲ့ လိုက်ရှာနေမိခဲ့တယ်။ ဒါပေမယ့် ကျနော်ရှာနေသူကို တွေ့ရမှာမဟုတ်ဘူးဆိုတာကို သိစိတ်ဝင်သွားတဲ့အချိန်တိုင်းမှာ နင့်ကနဲ လွမ်းမောစိတ်နဲ့ ရင်ထဲမှာ ဟာပြီး ကျန်ရစ်ခဲ့တယ်။

ဟုတ်ပါရဲ့။ လမ်းပြကြယ်ကိုရောက်တိုင်း “နေနေ”တယောက်ကို ကျနော့်မသိစိတ်က လိုက်ရှာနေမိတာပါလား။ လွန်ခဲ့တဲ့ ၂ နှစ်လုံးလုံး လမ်းပြကြယ်ကို ရောက်တိုင်း အဲသည်က စာအုပ်ငှားတဲ့ ကောင်တာမှာ၊ ဒါမှမဟုတ် လမ်းပြကြယ်ရှေ့မှာ နေနေ့ ကို အမြဲလိုလို တွေ့ရလေ့ရှိတာကိုး။ နေနေနဲ့အတူ သူမရဲ့အမေ “အန်တီ”ကိုလည်း အမြဲလိုလို တွေ့ရတယ်လေ။ သူမရဲ့ ရယ်သံ၊ စကားပြောသံတွေနဲ့ အမြဲလိုလို အသက်ဝင်လှုပ်ရှားနေခဲ့တဲ့ စာကြည့်တိုက်ကလေး။ အခုတော့…

…….ဒီအချိန်ဆိုရင် နေနေဟာ ကျနော်တို့နဲ့ မိုင်ပေါင်းထောင်ချီဝေးတဲ့ ကမ္ဘာတဖက်ခြမ်းမှာ။ လမ်းပြကြယ်နဲ့အတူ စင်္ကာပူမှာ နောက်ချန်ထားရစ်ခဲ့ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို လွမ်းဆွတ် သတိရနေပေလိမ့်မယ်။



လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူမကို ကျနော်တို့ စသိတော့ ကျနော်တို့က အိုးဝေ(စင်္ကာပူ)ဆိုပြီး စင်္ကာပူမှာ နိုင်ငံရေးအသိစိတ်မြှင့်တင်ရေးလှုပ်ရှားမှုတွေ၊ လှုံ့ဆော်မှုတွေ၊ ပြည်တွင်းအင်အားစုထောက်ကူရေးတွေကို အားသွန်ခွန်စိုက် စတင်လုပ်ဆောင်စဉ်ကာလ။ သူမက တခြားမိန်းကလေးသူငယ်ချင်းတယောက်နဲ့အတူ ဘားမားအက်ရှင်(စင်္ကာပူ)ဆိုပြီး အဖွဲ့ငယ်လေးတခုဖွဲ့ပြီး မြန်မာ့အရေးကို တက်တက်ကြွကြွ လှုပ်ရှားနေချိန်ပေါ့။

ဟော…ကျနော်တို့တွေ အချင်းချင်းတွေ့ပြီး သိပ်မကြာပါဘူး….ဘယ်လှုပ်ရှားမှုမှာမဆို အတူတူဘဲ စုစုစည်းစည်းနဲ့ လှုပ်ရှားဖြစ်ကြတော့တယ်။

အထိမ်းအမှတ်ပွဲတွေအတွက် ပိုစတာထုတ်တာတွေ၊ ဈေးနှုန်းမေးမြန်းစုံစမ်းတာတွေ၊ အခန်းငှားတာတွေ၊ လက်ကမ်းစာစောင်ထုတ်တာတွေမှာ ဘားမားအက်ရှင်(စင်္ကာပူ)က အင်မတန် အားကိုးရတယ်။ လက်သွက်ခြေသွက်ရှိတယ်။ အသေးစိတ်ကအစ အကွက်စေ့ပြီး အပင်ပန်းလည်း ခံနိုင်တယ်။ အစစ သူတို့ချည်း ဒိုင်ခံလုပ်လွန်းလို့ သူတို့ပင်ပန်းတာကို မြင်ရတော့ ကျနော်က သူတို့ကိုပြောရတယ်။ ဘားမားအက်ရှင်ဆိုတဲ့ အမည်ကြောင့် ပညတ်သွားရာ ဓါတ်သက်ပါပြီး မနားတမ်းလုပ်နေရတယ်ဆိုတဲ့အကြောင်းကိုလေ။

နောက်မကြာခင်မှာဘဲ စေတနာရှင် မြန်မာလူကြီးအချို့ရဲ့ သဒ္ဒါတရားနဲ့ လူငယ်တွေရဲ့ တက်ကြွမှု၊ ထက်သန်မှုတွေ ပေါင်းစပ်လိုက်တဲ့အခါ စင်္ကာပူမှာ ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာတွေအချင်းချင်းအကြား ဗဟုသုတတွေ၊ နားလည်မှုတွေ၊ ထက်သန်မှုတွေ၊ အပြန်အလှန် စီးကူးပျံ့နှံ့ကာ အယူအဆတွေ၊ အိပ်မက်တွေကို ပေါင်းကူးပေးနိုင်မယ့် “လမ်းပြကြယ်” ဆိုတဲ့ မြန်မာစာကြည့်တိုက်ကလေးတခု ပေါ်ပေါက်လာခဲ့တယ်။

နေနေအပါအ၀င် လမ်းပြကြယ်အဖွဲ့ဝင် လူငယ်တွေရဲ့ ဖန်တီးတတ်တဲ့ စိတ်ကူးစိတ်သန်းလေးတွေအောက်မှာ လမ်းပြကြယ်စာကြည့်တိုက်ဟာ မြန်မာစာပေ၊ မြန်မာ့လူမှုအဖွဲ့အစည်းနဲ့ မြန်မာ့အရေးကိစ္စတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ဘူမိနက်သန်လေးတခုအဖြစ် ရုပ်လုံးပေါ်လာခဲ့တယ်။

ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ၊ နာဂစ်မုန်တိုင်းအတွင်းမှာ လမ်းပြကြယ်စာကြည့်တိုက်ဟာ စင်္ကာပူရောက်မြန်မာလူမျိုးတွေရဲ့ အရေးကြီးလို့ သွေးနီးစရာ အချက်အချာ နေရာတခုအဖြစ် သမိုင်းတာဝန်ကျေပွန်ခဲ့တယ်။

အဲသည်အချိန်တွေတုန်းက တနှစ်လောက်သာ သက်တမ်းနုနုလေးဘဲ ရှိသေးတဲ့ လမ်းပြကြယ်စာကြည့်တိုက်အနေနဲ့ ဒီလောက် ကြီးမားရင့်ကျက်တဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ခဲ့တာဟာ နေနေတို့လို နိုင်ငံရေးအသိစိတ်ရှိတဲ့၊ သမိုင်းပေးတာဝန်ကို ၀ံ့ဝံ့စားစား ထမ်းဆောင်ရဲတဲ့၊ တာဝန်သိတဲ့ လူငယ်တွေကြောင့်ပါ။

ဒီလိုပါဘဲ။ ရွှေဝါရောင်တော်လှန်ရေးအတွင်းပြုလုပ်ခဲ့တဲ့ မြန်မာသံရုံးရှေ့က မီးထွန်းဆုတောင်းပွဲ၊ အာဆီယံထိပ်သီးညီလာခံအတွင်း အောချာ့ဒ်လမ်းမက ဆန္ဒပြပွဲ၊ ပြီးခဲ့တဲ့ မေလက မြန်မာသံရုံးရှေ့ပြုလုပ်တဲ့ ကန့်ကွက်မဲပေးပွဲ စတဲ့လှုပ်ရှားမှုတွေမှာလည်း နေနေ တို့ မိန်းကလေးဆိုပြီး နောက်ချန်မနေခဲ့ပါဘူး။



လက်တွဲလုပ်ခဲ့သမျှပွဲတွေအနက် အမှတ်တရ အရှိဆုံးကတော့ “သီးလေးသီးဆေးရောင်စုံအငြိမ့်”ကို ပြည်ပမှာ ပထမဦးဆုံးအကြိမ် ပွဲထုတ်တဲ့ စင်္ကာပူက ရံပုံငွေပွဲပါဘဲ။ အဲသည်ပွဲက ရလာတဲ့ အမြတ်အစွန်းတွေအနက်က ၆၀ ရာခိုင်နှုန်းကို အငြိမ့်အဖွဲ့သားများအတွက် ထိုက်ထိုက်တန်တန် ချီးမြှင့်နိုင်ခဲ့သလို ကျန် ၄၀ ရာခိုင်နှုန်းကိုလည်း မြန်မာပြည်တွင်းက ဒီမိုကရေစီအင်အားစုတွေအတွက်၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် အကျိုးရှိရှိ ပေးပို့နိုင်ခဲ့ပါတယ်။

အဲသည်ပွဲ ဖြစ်မြောက်ဘို့အတွက် နေနေ တို့ အပင်ပန်းခံနိုင်ပုံကို ကျနော်တို့မှာ လက်ဖျားခါယူရပြီး တချို့နေရာတွေမှာ “တော်ပြီ၊ မလုပ်နဲ့တော့” လို့တောင် တားယူရပါတယ်။ စဉ်းစားကြည့်လေ…. ခန်းမငှားရမ်းတာ၊ လက်မှတ်တွေ ရိုက်နှိပ်ရာမှာ၊ လက်မှတ်တွေ ရောင်းချရာမှာ၊ ထိုင်ခုံနေရာချထားတဲ့နေရာမှာ တာဝန်ယူမှုတွေကအစ၊ နောက်ခံစာလုံးတာဝန်တွေအပြင် သီးလေးသီးအဖွဲ့သားတွေကို သူ့အိမ်မှာ တင်ထားပြီး စားရေးသောက်ရေးအတွက် ချက်ပြုတ်တဲ့တာဝန်ကိုပါ ယူရတာကိုး။ ပွဲလည်းပြီးရော နေနေ တို့ ဖလက်ပြသွားတော့တာပါဘဲ။ ပွဲကအပြီးနောက်တနေ့မှာ သီးလေးသီးအဖွဲ့သားတွေ စားဘို့ ဘဲကင်တွေ ၀ယ်ပြီး သူမအိမ်ကို သွားပို့တော့ နေနေတို့ အိပ်နေလိုက်တာ၊ ကျနော်တို့ လင်မယား လာလည်သွားတာကိုတောင် မသိလိုက်တော့ဘူး။



နေနေ နဲ့ ပတ်သက်လို့ ကျနော်တို့မှာ မမေ့နိုင်စရာ အမှတ်တရတွေက အများကြီးပါ။ သူက ကလေးဆန်တယ်။ တခါတလေ ကလေးလိုဘဲ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျပြီး ရုတ်တရက်ကြီး ငိုချရင် ငိုချလိုက်တာမျိုး။ စိတ်ကလည်း ကောက်တတ်သေးတယ်။ ဒါပေမယ့် ခဏဘဲ။ ကြာကြာ စိတ်မဆိုးတတ်ဘူး။ ခဏနေရင် သူ့အသံ စာစာ စာစာ နဲ့ ပြန်ကြားရပြီ။

အဲသည်လို ကလေးဆန်တဲ့ ကျနော့် ညီမလေးအရွယ်လောက်သာရှိတဲ့မိန်းကလေးဟာ မိုးထဲရေထဲ လိုအပ်လာတဲ့အချိန်မှာတော့ သူမရဲ့စိတ်ဓါတ်ဟာ သံမဏိလိုခိုင်မာတာကို လေးစားစဖွယ်တွေ့ရပါတယ်။

ဒီလိုပါ၊ စင်္ကာပူအစိုးရဟာ လမ်းပြကြယ်စာကြည့်တိုက်ရဲ့ လုပ်ငန်းတွေ၊ အတွင်းရေးတွေကို အသေးစိတ် သိချင်ပါတယ်။ အဲသည်အတွက် နေနေရဲ့ ပီအာရ် ရီအင်ထရီပါမစ် သက်တမ်းတိုးတဲ့အခါမှာ ချက်ချင်းတိုးမပေးဘဲ အချိန်ဆွဲပြီး နေနေကို အင်တာဗျူးသီးသန့်ခေါ်ပါတယ်။ အင်တာဗျူးမှာ မေးမြန်းတာက ရီအင်ထရီပါမစ်သက်တမ်းတိုးခြင်းနဲ့ ဘယ်လိုမှ မဆက်စပ်တဲ့ လမ်းပြကြယ်အကြောင်းကို အသေးစိတ်မေးမြန်းပါတယ်။ သူတို့မေးတိုင်း နေနေက မဖြေတော့ သူတို့ အကြပ်တွေ့ပါတယ်။ သူတို့သိလိုတဲ့ အချက်အလက်တွေကိုမပေးရင် နေနေရဲ့ ရီအင်ထရီသက်တမ်းတိုးမပေးဘူးဆိုတဲ့အကြောင်း၊ သူမအနေနဲ့ သူတို့ရဲ့ သတင်းပေးလုပ်ရင် သူမရဲ့ စွမ်းဆောင်နိုင်မှုအပေါ်မှာ ကြည့်ပြီး သက်ညှာစွာ ဆုံးဖြတ်မယ်ဆိုတဲ့အကြောင်းပြောပြကာ ဆက်သွယ်ရန် ဖုန်းနံပါတ်တခုပေးလိုက်ပါတယ်။ စင်္ကာပူအာဏာပိုင်တွေရဲ့ လုပ်ပုံကိုင်ပုံကို သုံးသပ်ရတာ မိန်းကလေးတယောက်ကို သည်လို အခက်အခဲတွေနဲ့ အကြပ်ကိုင်ခြိမ်းခြောက်လိုက်ရင် အလွယ်တကူ သူတို့ခိုင်းတဲ့အတိုင်း လုပ်လာလိမ့်မယ်လို့ လျှော့တွက်ထားပုံရပါတယ်။

ဒါပေမယ့် နေနေ ဟာ သူ့ရဲ့ သက်တောင့်သက်သာရှိမှုအတွက်၊ ဘ၀လုံခြုံမှုအတွက် ရဲဘော်ရဲဘက်တွေအပေါ်မှာ သစ္စာဖောက်တဲ့ လူစားမျိုးမဟုတ်ဘူးဆိုတာ၊ သူမရဲ့ သိက္ခာနဲ့ သစ္စာစောင့်သိမှုကို ရောင်းစားတတ်တဲ့ မိန်းကလေးမျိုးမဟုတ်ဘူးဆိုတာကို စင်္ကာပူက အာဏာပိုင်တွေ သိထားခဲ့ဟန် မတူပါဘူး။

သူမရဲ့ ရီအင်ထရီသက်တမ်းကို တိုးမပေးတဲ့အတွက် သြစတေးလျမှာ ကျောင်းပရော့ဂျက်သွားလုပ်ရမယ့် အခွင့်အရေးတခုလုံးကို စွန့်လွှတ်လိုက်ရတယ်။ စင်္ကာပူအာဏာပိုင်တွေရဲ့ မတရားလုပ်ရပ်မှုကြောင့် သူမအနေနဲ့ နှစ်ပေါင်းများစွာ တက်လာတဲ့ ဒီဂရီ တခုကို ပြီးကာနီးမှ လက်လွှတ်လိုက်ရတယ်။ ဒါပေမယ့် နေနေ တို့ ဒူးမထောက်ခဲ့ဘူး။ ယုံကြည်မှုကို ဆုပ်ကိုင်ထားနိုင်ဘို့ နေနေ့ဘက်က ပေးဆပ်လိုက်ရတာတွေ အများကြီးပါ။


တချို့တွေတောင်မှ ယောင်္ကျားရင့်မကြီးတွေတန်မယ့် စင်္ကာပူအစိုးရက ပီအာရ် ချပေးမယ်၊ စီတီဇင်ဖြစ်ဘို့အခွင့်အရေးပေးမယ်ဆိုတဲ့ မက်လုံးတွေအတွက် တမျိုးသားလုံးအရေးကို ဈေးပေါပေါနဲ့ လဲလှယ်ရောင်းစားခဲ့တဲ့လူတွေလည်း ရှိခဲ့ပါတယ်။ တချို့လည်း ရီအင်ထရီပါမစ်သက်တမ်းကလေး တနှစ်လောက်တိုးဘို့အတွက် စင်္ကာပူအစိုးရဆီမှာ အပြေးဒူးထောက်ကာ ခြေသလုံးကို ဖက်လိုက်တဲ့လူတွေလည်း ရှိပါတယ်။

အဲသည်လို လူစားမျိုးတွေထဲမှာ နေနေ မပါဝင်ခဲ့ဘူး။ တကယ့် ရေထဲမိုးထဲကျမှ ဘယ်သူဟာ သတ္တိရှိသလဲ၊ ဘယ်သူဟာ သတ္တိကြောင်သလဲ၊ ဘယ်သူဟာ သစ္စာရှိသူလဲ၊ ဘယ်သူဟာ သစ္စာဖောက်လဲဆိုတာ အလွယ်တကူ ခွဲခြားလို့ ရနိုင်တာကလား။



နေနေရေ…. တို့တတွေ တယောက်နဲ့ တယောက် သိကျွမ်းခဲ့ရတဲ့ကာလဟာ အလွန်ဆုံးရှိလှရင် သုံးနှစ်ပေါ့။ ဒါပေမယ့် ယုံကြည်ရာ စိတ်ထားချင်း ဖလှယ်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေမို့ တသက်တာလုံး သိကျွမ်းခဲ့ရတဲ့သူတွေထက်တောင် တို့တတွေ ပိုနီးခဲ့ကြပါတယ်။ တို့တတွေ ပိုရင်းခဲ့ကြပါတယ်။

မိုင်ထောင်ပေါင်းများစွာဆိုတဲ့ ခရီးတာအကွာအဝေးက တို့တတွေရဲ့ စိတ်နှလုံးသားအချင်းချင်း သွေးစည်းနေမှု၊ သွေးနီးနေမှုကို မတားဆီးနိုင်ပါဘူး။ တို့တွေဟာ တူညီတဲ့ ယုံကြည်ချက်တခုနဲ့ လမ်းကြောင်းတခုတည်းပေါ်မှာ လျှောက်နေကြသူတွေပေါ့၊ တိုက်ပွဲဝင်ဖော် ရဲမက်တွေပေါ့။

ကမ္ဘာရဲ့ ဘယ်ထောင့် ဘယ်နေရာကိုဘဲရောက်ရောက် တို့တတွေ ယုံကြည်ချက်ကို ခိုင်ခိုင်မြဲမြဲ စွဲကိုင်လို့ လွတ်လပ်ခြင်းဆိုတဲ့ တို့ရဲ့ ဘုံအိပ်မက်ကို အကောင်အထည်ဖော်သွားကြမယ်။

စနစ်တခုကို ပြောင်းလဲဘို့ ကြိုးစားရာမှာ ပါဝင်တဲ့သူတွေအဘို့ ပေးဆပ်စွန့်လွှတ်ရမှုတွေ အသီးသီးရှိကြတာ အသေအချာပါဘဲ။ ကိုယ့်ယုံကြည်ချက်အတွက် ဘာမဆို ပေးဆပ်စွန့်လွှတ်ဘို့ အသင့်ရှိတဲ့လူတွေ တစထက်တစ များပြားတဲ့အချိန်ဟာ အဲသည်စနစ်ကို တို့တတွေ အောင်မြင်စွာ ထူထောင်နိုင်တဲ့အချိန်ပေါ့။

မဟူရာည နောက်ခံမှာ ပြိုးပြက်လက်နေတဲ့ ငွေကြယ်ပွင့်လေးများရဲ့ လင်းလက်မှုကို ဘယ်လိုအမှောင်ထုမျိုးကမှ ချိုးဖျက်လို့ မရနိုင်သလို တကမ္ဘာလုံးကို လွှမ်းမိုးရစ်ခြုံထားတဲ့ အမှောင်ထုကြီးတောင်မှ သေးငယ်တဲ့ ဖယောင်းတိုင်လေးရဲ့ အလင်းရောင်ကို လုံးဝပျောက်ပြယ်သွားအောင် မတတ်စွမ်းနိုင်ပါဘူး။

ပတ်ဝန်းကျင်မှာ ကြောက်ရွံ့စိုးထိတ်ခြင်းဆိုတဲ့ ပိန်းပိတ်တဲ့ အမှောင်ထုကြီး ဘယ်လိုပင်ကြီးစိုးနေပါစေ ရင်ထဲက နှလုံးအိမ်မှာ လွတ်လပ်ခြင်း ဆိုတဲ့ ဖန်မီးအိမ်ကို အခုလိုဘဲ ထိန်နေအောင် အစဉ်အမြဲဆက်လက်ထွန်းညှိထားနိုင်ဘို့ ဆန္ဒပြုရင်း………………

29 comments:

Anonymous said...

ဂုဏ်ယူပါတယ်..နေနေရယ်....
ဒီပို့စ်ကို အောင်စရာပြည့်တို့လို ယောကျာ်းရင့်မာကြီးဖြစ်ရက်နဲ့ သစ္စာဖောက်တတ်တဲ့ သူတွေ ဖတ်သင့်ပြီး ရှက်သင့်တယ်...... ကိုယ်တယောက်ကောင်းစားဖို့ အများစုကို စတေးရဲတာ သိပ်ရှက်ဖို့ကောင်းတယ်.........

Anonymous said...

Ko Paw, I think we should seriously inform Burmese people in Singapore about migration to Australia (especially for people like her).

Ma Kay has a blog entry.
http://kthwe.blogspot.com/2008/09/blog-post_11.html

Best,
Lwin Moe

Moe Cho Thinn said...

နေနေ တွေ အများကြီးလိုတယ်။
ကျေးဇူးတင်ပါတယ် နေနေ နဲ့ ကိုပေါ ရေ..

Anonymous said...

မင်္ဂလာပါ ကိုပေါ

ဒီ စာမူကို ဖတ်ပြီး။ ဇာတ်ကောင် ဖြစ်တဲ့ နေနေ ကို လေးစားတယ်၊ မှန်တယ် ထင်တာကို လုပ်သွားတာပဲလေ

ရွှင်လန်းချမ်းမြေ့ပါစေ...

Anonymous said...

ကိုပေါရေ

ကျနော်ကတော့ လမ်းပြကြယ်နဲ့ ဝေးရာ ..သူငယ်ချင်းတွေအားလုံးနဲ့ ဝေးရာ. ကို မတတ်သာလို့  ထွက်လာခဲ့ရပေမဲ့. အားလုံးကို မေ့လို့ မရပါဘူး. အမြဲသတိရလျှက်ပါ. တစ်ခါတစ်လေ ဒီလိုထွက်လာခဲ့ရတာကိုလည်း ကိုယ့်ကိုကိုယ်များ တာဝန်တွေ မကြေတဲ့သူများဖြစ်နေပြီလား စဉ်းစားမိတယ်. တစ်နေ့တော့ ကျနော်တို့တွေ ပြန်ဆုံပါရစေလို့  ဆုတောင်းမိတယ်။

အစစ အရာရာ အတွက် ကိုပေါနဲ့ စကာင်္ပူက သူငယ်ချင်းတွေကို ကျေးဇူးပဲနော်

mg kyi poae said...

ဂုဏ်ယူလေးစားပါတယ်။ လောကဓံကို ကြံ့ကြံ့ခံနိုင်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ ရှေ့ဆက်အဆင်ပြေပါစေခင်ဗျာ..

Anonymous said...

Ko Paw and Mdm Paw
Thanks for ur article.

MK..( Pan twae nal way nay tal )

Anonymous said...

I have never known n seen u, Nay Nay. But we need such people like u for our country. Try ur best and good luck Nay Nay.
Ko Paw, u r also my favourite blogger. Your blog makes me happy, thinking and upgrade of my knowledge. Whenever I read ur bolg, I told myself to do something for our country.
Thanks Bro and Sis.

jojo said...

Dear Ko Paw
I am so impress of your memory to remember in detail... and the style of discription.. which take the reader along...
What should I say...like my motto..

We do what we believe in and believe in what we do....

March on Comrade!!!

Thanks

Today Thi-din-gyut fullmoon day
Whoever older than me...
I pay homage to you all and ask for your forgiveness..
Whoever younger than me...
Even though not pay homage to me, I have forgiven all the sins commited to me willingly or unwillingly...
hee..hee...sound like old man..
But I just practice Traditional Burmese Value...
May Love, Health, Peace and Freedom upon you all...

M.Y. said...

မနေနေ..
...
....
လေးစားစွာဖြင့်..

kay said...

နေနေ ရေ-
ဘယ်နေရာ ရောက်ရောက်.. နံမယ် နဲ့လိုက်အောင်..နေ လို ကျင့်ကြံ ပြီး.. ဗမာပြည် အတွက်..ဆက်လက် ရှင်သန်နေပါစေ။

( မသိဘူးသော်လည်း..လေးစား ခင်မင်လျက်)

Anonymous said...

ဒီတခေါက် စင်္ကာပူကို လာရတာ လုံးဝမပျော်ဘူး။ ရင်ထဲမှာ တခုခုလိုနေတယ်။ အစ်ကိုတွေအတွက် ဝမ်းနည်းနေရတယ်။ “မနေ” မရှိလို့ လမ်းပြကြယ် စာကြည့်တိုက်မှာ မပြည့်စုံဘူးလို့ ပြောရင်စင်္ကာပူအစိုးရ ဝမ်းသာနေမလားပဲ။ မြန်မာအစိုးရ နည်းတူ စင်္ကာပူအစိုးရ ယုတ်မာနေတာတွေကို သိလိုက်ရတယ်။ စွန့်လွတ်အနစ်နာခံရဲသူတွေ နဲ့ သစ္စာဖောက်သူတွေကို ကွဲပြားစွာ သိရပြီ။ ဘယ်သူတွေထပ်ပြီး သစ္စာဖောက်မလဲ။ ကြိုက်သလိုဖောက်ကြ။ စိတ်ဓာတ် ခိုင်မာပြီး၊ မှန်ကန်တဲ့ယုံကြည်မှုအတွက် "Ready To Do For Everything " ။ မြန်မာလူမျိုးများကောင်းစားရေးအတွက် ဦးဆောင်နေသော သူအားလုံးကို လေးစားစွာဦးညွှတ်ပါ၏။ ဇာဇာထွန်း (ဘယ်အစိုးရကိုမှ မကြောက်တတ်သူ ၊ သောတာပန် ဖြစ်ချင်သူ)

Anonymous said...

မနေ
ထင်ရှားသူတယောက် အဝေးရောက်သွားတာ ကွက်လပ်ဖြစ်ပြီး ကျန်ခဲ့တယ်။ Cityhall လည်းချောင်သွားတယ်။ ပျော်ရွှင်ပါစေ။

Anonymous said...

မနှင်းဆီ
စင်္ကာပူအစိုးရ က ဒီကိစ္စကို အခုလိုလုပ်တာဟာ ဘယ်သူမှသစ္စာဖောက် တယ်မဖောက်တယ်ဆိုတာ ထက် သူ့တိုင်းပြည် အကျိုးစီးပွားအတွက် နဲ့ နအဖ နဲ့ ပေါင်းပြီးလုပ်တယ်ဆိုတာ သိသာထင်ရှားပါတယ်။လူ တစ်ယောက် သစ္စာဖောက်ယုံနဲ့ ဒီလိုဖြစ်ရတယ်ဆိုတာ မလွယ်ပါဘူး၊ အနေအထားကို သေချာပြန်သုံးသပ်ကြည့်ပါဦး၊ ပင်နီစူးလား ပလာဇာမှာ ချောင်းဆိုးပျောက်ဆေး (ကွန်မသာဇင်) ပေးရောင်း ပြီး informer လုပ်ခိုင်းထားတဲ့လူတွေ ဘယ်နှစ်ယောက်ရှိသလဲ၊ပင်နီစူးလား ပလာဇာက ဘယ်ဆိုင်တွေက ဘယ်လောက်သတင်းပေးနေသလဲ၊တစ်ရားမ၀င် နေလို့ အဖမ်းခံရပြီး special pass နဲ့ ပြန်လွှတ်ပေးထားတဲ့ သတင်းပေး ဘယ်နှစ်ယောက် ကိုသိပါသလဲ၊ပြန်လည်သုံးသပ်ပါ၊ စလုံးအစိုးရရဲ့ ဟိုအရင်ကနဲ့ ရော အခုရော နအဖ နဲ့ ပူးပေါင်းဆောင်ရွက် မှုတွေ ကိုရော ပြန်လည် ဖွေရှာ ဖတ်ရှု ဖော်ထုတ်ပါ။ နအဖက ထောက်လှန်းရေး တပ်ဖွဲ့ ခွဲ ၂ ခွဲ လွှတ်ထားတာ ကြာခဲ့ပါပြီ၊ မနှင်းဆီရဲ့ မျိုးချစ်စိတ်ဓါတ်နဲ့ မနေနေ ကို ကိုယ်ချင်းစာနာမှု အတွက် လေးစားပါတယ်၊ အခုလို ဒီမိုကရေစီ ဆန်ဆန်ဝေဖန်ပြောဆိုတဲ့ အတွက် ကျေးဇူးတင်ရှိပါကြောင်း။ နောက်နောင် ယခုထက် လိမ်မာပါးနပ်စွာ အမှန်ကို ထောင့်စေ့စွာ ဝေဖန်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ မနှင်းဆီတို့လို မျိုးချစ်များ အများကြီးလိုအပ်နေပါတယ်။
လေးစားစွာဖြင့်

Anonymous said...

မနှင်းဆီ သို့

ဝေဖန်ထောက်ပြ မှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း။ ယခုလို အမှန်ကိုမြင်သော မျိုးချစ်လူငယ်များ အထူးပင်လိုအပ်လှပါကြောင်း။ အနာဂတ် တွင် အမှန်ကို ယခုထက်ပိုကာ လေ့လာသုံးသပ်၊ထက်မြက်စွာ ပေးသော အကြံညဏ်များကိုသာ မျှော်လင့်ပါကြောင်း၊

အကိုပေါ Post ကို ထပ်ဆင့် ကူးယူ တင်ပြထားပါကြောင်း
လေးစားစွာဖြင့်

အောင်စရာပြည့်

Anonymous said...

မနှင်းဆီ သို့

ဝေဖန်ထောက်ပြ မှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း။ ယခုလို တိုင်းပြည်ချစ်သော မျိုးချစ်လူငယ်များ အထူးပင်လိုအပ်လှပါကြောင်း။ အနာဂတ် တွင် အမှန်ကို ယခုထက်ပိုကာ လေ့လာသုံးသပ်၊ထက်မြက်စွာ ပေးသော အကြံညဏ်များကိုသာ မျှော်လင့်ပါကြောင်း၊

အကိုပေါ Post ကို ထပ်ဆင့် ကူးယူ တင်ပြထားပါကြောင်း
လေးစားစွာဖြင့်

အောင်စရာပြည့်
http://aungsayarpyi.blogspot.com/

Anonymous said...

သက်ဆိုင်သူများသို့

လူဆိုတာ..သူများကိုတော့ လိမ်လို့ရပါတယ်... ကိုယ့်ဘာသာကိုယ်တော့လိမ်လို့မရပါဘူး.... ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာလဲ.. အသိဆုံးပါပဲ... သတင်းပေးလုပ်လား မလုပ်လားဆိုတာကို ဒါပေမဲ့...မကူညီရင်ဘေးထွက်နေ..မနှောင့်ယှက်သင့်ပါဘူး
ကိုယ့်သမိုင်းကိုယ်ရေးနေကြတာပဲ.... လိပ်ပြာသန့်ရင် လုံရင်..ပြီးတာပါပဲ.... လူပုံအလယ်မှာ အပြစ်ကင်းချင်ယောင်တော့ မဆောင်ပါနဲ့... ရှက်ဖို့ကောင်းပါတယ်....

Anonymous said...

KO Min Thein
Pl dont say with bigger words.
I called ur ph no.8186 0042 to curse u.
But u dont hold my calling .
haaha( dont say that not free).
If u want to come Cityhall.
I waiting Scythe.

Anonymous said...

နိုင်ငံခြားမှာမလို့ စစ်အစိုးရကို တော်လှန်နေတယ်လို့ မထင်နဲ့
မမျှတမှုတွေ ဘာလို့ဖြစ်လာတာလဲ စဉ်းစားကြည့်လိုက်တော့ ကိုမင်းသိန်း လို လူမျိုးတွေ မြန်မာပြည်ထဲမှာ များနေလို့ပါပဲ
နာမည်တူတွေကို အားနာပါတယ်
ကိုကျော်ဇင်မင်း လို လူတွေလည်း အများကြီးနော့
ခင်ဗျားကျေးဇူးတင်စေချင် လို့ မြန်မာ့အရေး လုပ်နေသူ တဦးမှ မပါဘူး
လူတွေကြားမှာ ဝင်မပါရင် ကောင်းမယ်

Anonymous said...

အင်း... ခုမှပဲမြန်မာပြည် ဒီမိုကရေစီ မရနိုင်တဲ့ အကြောင်းကို သိတော့တယ်၊အရေး မပါတဲ့ လူတွေကို အပြစ်မြင် အရေးပါတာတွေကျတော့ မမြင်၊ဒီလို စနစ်မကျပဲ နဲ့ တော်လှန်လို့ကတော့ တော်တော် မလွယ်ပါဘူး၊ လူတော်တွေ ပညာတတ်တွေက လမ်းဘေးက အလုပ်လုပ်သလို မရပါဘူး၊ ရသလောက် လုပ်တာကတော့ မှန်ပါတယ်၊ မလုပ်တာထက် စာရင် လုပ်တာက ကောင်းပါတယ် ငြိမ်နေတာထက် စာရင် ရသလောက် တော်လှန်တာက ကောင်းပါတယ်၊ ပိုမို ကျစ်လစ်သိပ်သည်း တဲ့ လှုပ်ရှားမှုမျိုးကို အလိုရှိတယ်၊စာများများ ဖတ်ဖို့လိုတယ်၊ငါတို့ ဘာလုပ်လုပ် ကိစ္စ မရှိဘူး၊ဗြောင် လုပ်လို့ရတယ် ဆိုတဲ့ အတွေးတွေကို ဖျောက်ဖို့သင့်ပြီ၊ လျှို့ဝှက် သင့်ရင် လျှို့ဝှက်ရမယ်၊ အခုကိစ္စ မှာ လူတစ်ယောက်က သတင်းပေးလို့ ဒီလို ဖြစ်တယ်ဆိုရင်တော့ အဲဒီလူ က တော်တော် အရေးပါတာပဲ၊ တစ်ခြားလူတွေ နေရာပေါင်းစုံက လူမျိုးစုံက မသိနိုင်တော့ ဘူးလားလို့ မေးစရာ ရှိလာ တယ်၊ ဟုတ်ပြီ အဲဒီလို ဆိုရင်လဲ လုပ်စရာ ရှိတာ သိုသိုသိပ်သိပ် ဆက်လုပ်ကြပါ။

လုပ်စရာတွေက အများကြီးပါ၊ အပြစ်လဲတော်တော်တင်ပြီးသွားပါပြီ။ဘေးနား မှာ ထိုင်ပြီး အားပေးတဲ့ လူတွေကော၊မပါနိုင်သေးတဲ့ လူတွကိုရော စည်းရုံးဖို့လုပ်ရအုံးမယ်။အများကြီး ရှေ့မှာကျန်သေးတယ်။

လေးစားလျှက်

Anonymous said...

ကိုပေါ ပြောတာလဲ မှန်ပါတယ်... (ကိုပေါထင်လို့ပြောမိတာ မဟုတ်လဲ ဆော်ရီးပါ..)

အခုလဲ အပြစ်တင်တာတော့မဟုတ်ပါဘူး.. ကြုံလို့ပြောမိတာပါ.... တယောက်တည်းကြောင့်မဟုတ်ဘူးဆိုတာ လက်ခံပါတယ်.. ဒါပေမဲ့... တယောက်ကနေ မယုံကြည်ရတဲ့သူတွေ များလာနိုင်လို့ပါ.... သူလို ပူးဝင်သူတွေက ပိုကြောက်ရပါတယ်..... သတိထားဖို့ ပြောမိတာပါ....

ကိုပေါ said...

နှင်းဆီသို့....

ဘယ်သူ့ကွန်မင့်ကို ရည်ညွှန်းချင်တာလဲတော့မသိ။ ကျနော့်ဘလော့ဂ်မှာရော သူများဘလော့ဂ်မှာပါ မည်သည့်ကွန်မင့်ကိုမဆို “ကိုပေါ” နာမည်နဲ့ဘဲ ရေးပါကြောင်း။

(အင်း....အိုးစွတ်ခွက်စွတ် စားမိလို့နဲ့တူတယ်....း-)

Anonymous said...

မဟုတ်ဘူး ကိုပေါလက်စွပ်စွတ်ထားလို့ ..

Anonymous said...

အားလုံးကို လျှို့ဝှက်သတင်းပေးမယ်ဗျို့ !
ဗုံးခွဲမလို့
ဘူ :(
ခွှတ်လွှတ်ပါ စာဖတ်နေရင်း :O
မပေါက်တာထက်စာရင် ပေါက်တာက ပိုကောင်းလို့ပါ :P

Anonymous said...

Ooo. I knew her and her mother when I come to Lanpyakyal. But I just knew her name is Ma Nay Nay.

Sad to hear that. I want to write short shory about how I memorized about her at Lanpyakyal.

Ko Paw ---- Pls help me get her permission.

Thanks;
NyiThit (Thanlwinainmat)

Unknown said...

ဒေါင်း တွေ ကြား က လဒ တွေ ကို ဖေါ်ထုပ် ကြပါ

ကိုပေါ said...

Ko Nyi Thit.....Sure, I will ask her and let you know from this comment session.

Yarma....... နောက်တော့လည်း အလိုလို ကွဲပြားသွားမှာပါ။

ကိုပေါ said...

Ko Nyi Thit..... I have asked Ma Nay Nay and she said, "She is fine with it."

Unknown said...

တကယ်လေးစားဂုဏ်ယူမိပါတယ်....ကိုကျော်စိုးနှင့်မနေနေ..ကျွန်တော်တို့နိုင်ငံအတွက်ခင်များတို့လိုလူတွေအများ
ကြီးလိုအပ်ပါတယ်....

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs