"ဘ၀ ပုံစံခွက်ထဲမှာ”

Share |
"ဘ၀ ပုံစံခွက်ထဲမှာ”



ငါ့ရဲ့ မနက်ခင်းတွေကလဲ ပုံသေ။
ငါ့ရဲ့ မြင်ကွင်းတွေကလဲ ပုံသေ။
ငါ့ရဲ့ တနေ့တာကလဲ ပုံသေ။
ငါ့..ဘဝ ကလဲ ပုံသေ။
အဲဒီ ပုံသေတွေထဲက 'ငါ' ကတော့....
တရွေ့ရွေ့ နဲ့ အညှာကြွေ။
…………………………………..ရေးသူ-MDP

အင်း....ကဗျာဖတ်ရပုံထောက်တော့…..မဒမ်ပေါ စိတ်ကျနေပုံရတယ်။

မဖြစ်ချေဘူး။ မဖြစ်ချေဘူး။ အပြောင်းအလဲလေးဘာလေးရအောင် (ပုံသေမဖြစ်အောင်) သင်္ကြန်ပြီးတာနဲ့ အလုပ်ကခဏနားပြီး ကရစ်ဘီယံပင်လယ်ထဲမှာ အပျော်စီးရွက်လှေနဲ့ ငါးသွားမျှားဦးမှ။ ဟုတ်တယ်။ ဒီအချိန်က အဲသည်ကို သွားလည်ဘို့ အချိန်ကောင်းဘဲတဲ့။




သယ်သွားမယ့် စားသောက်စရာတွေထဲမှာ နှင်းဆီဝိုင်တချို့ပါမယ်၊ ကာဗီယာ ငါးဥဆီစိမ်ပါမယ်။ စွံပလွန်သီးခြောက်ဘူးတွေလည်း သယ်ခဲ့ဘို့ မေ့လို့မဖြစ်ဘူး။ (၀တ္ထုထဲမှာ ဖတ်ဘူးတဲ့ အစားအသောက်တွေများ ပြောပါတယ်။)

အဲ…အဲ….အခု စနေတနင်္ဂနွေမှာတော့ ပုလာဥဘင် (Pulau Ubin) ကျွန်းမှာ နာစိလမက်(Nasi Lemak) နဲ့ဘဲ ကျေနပ်လိုက်ဦးနော်။


7 comments:

တန်ခူး said...

အိုး...မဒမ်ပေါကဗျာလေးက ကောင်းမှကောင်း။ ကိုပေါတို့ အလိုက်သိတတ်ပုံများ ကဗျာလေးဖတ်ပြီးတာနဲ့ မဒမ်ပေါကို ပုံစံခွက်ထဲက လက်ကမ်းဆွဲခေါ်...so romantic။ အိမ်ကတယောက်ကို ကိုပေါဆီသင်တန်းတက်ခိုင်းလိုက်မယ်။

pandora said...

ဘာတွေကျောနေကြတာရဲ
ကလေးတွေနားလည်ဝူး..

ကလူသစ် said...

ကပေါ...........ထ..............ထ
အိမ်မက်မက်ပြီး ကယောင်ကတန်းနဲ့ (မှတ်ချက်။ မဒမ်ပေါ အသံ)

လင်းလက်ကြယ်စင် said...

ကိုပေါရေ .. ဒီစက်ရုပ်နိုင်ငံမှာတော့ စက်ရုပ်တွေအတိုင်းပဲ အားလုံးက ပုံစံခွက်တွေထဲမှာ ရှိနေကြရတယ်။ စုံတွဲတွေ ၊ မိသားစုတွေက မကြာခဏ အပြောင်းအလဲလေးတော့ လုပ်မှသာလျင် ဘ၀က နေပျော်စရာ ကောင်းလာတယ်လေ။ Reservior တွေကို picnic ထွက်ချင်ရင်လည်း ထွက်လို့ကောင်းပါတယ်။ ဒါမှမဟုတ် Flyer သွားစီးရင်း ညနေခင်း နေ၀င်ချိန်မှာ အေးချမ်းတိတ်ဆိတ်တဲ့ Botinic Garden တို့ Orchid Garden တို့မှာ လမ်းသွားလျှောက်လည်း ရပါတယ်။ မြန်မာပြည်လိုမဟုတ် ဒီမှာတော့ သွားစရာနေရာကနည်းပါးတဲ့အပြင် အပန်းဖြေစရာဆိုတာလည်း သိပ်မရှိဘူး။ အကောင်းဆုံးကတော့ မိသားစုလိုက်ဖြစ်ဖြစ် ၊ ဇနီးမောင်နှံနှစ်ယောက်တည်းပဲဖြစ်ဖြစ် အခြားနိုင်ငံကို အလည်ခရီးသွားတာ အပျော်ဆုံးပဲဖြစ်မှာပါနော်။ မကြာခင်ရောက်လာတော့မယ့် နှစ်သစ်သင်္ကြန်မှာ ကိုပေါနှင့်မဒမ်ပေါ စိတ်သစ်လူသစ်ဖြင့် ပျော်ရွှင်ပါစေရှင် :)

Anonymous said...

ပထမဆုံး လာလည် ဖတ်ရှု သွားပါတယ် .. စာရေးကောင်းတဲ့ စီနီယာရဲ့ အရေးအသားမှာ မျောသွားလိုက်တာ ပို့စ်ဆယ်ခုကျော် ဖတ်သွား ဖြစ်ပါတယ်။ ကိုယ့်ဇနီးကို ဒီလောက် ဂရုစိုက် တတ်တဲ့ ခင်ပွန်းသည် တစ်ယောက်ကို ရထားမှတော့ မဒမ်ပေါက စိတ်ဓာတ် ကျတော့မှာ မဟုတ်တော့ဘူး ထင်ပါတယ်နော့ … နောင်လဲ လာလည် ဖတ်ရှု ဖြစ်မှာ သေချာပါတယ်ရှင်.. မိသားစုလေး ရွှင်လန်း ချမ်းမြေ့ ပါစေ

Ka Daung Nyin Thar said...

ဟုတ်ပ

မဒမ်ပေါကတော့ စိတ်ဓာတ်မကျတဲ့အပြင် ၀ိတ်ပါ မကျတော့ဘူး.. ဟိ :P
ပေါပေါနေသေခဲ အဲအဲ ပျော်ပျော်နေသေခဲပေါ့နော.. ရိုမန်းတစ်ထားလိုက် ဆရာပေါရေ..

Anonymous said...

ကဗျာကိုကြိုက်တယ်ဗျာ.. သူငယ်ချင်းတွေကို ပြလိုကိပြီ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs