အုပ်စုဖွဲ့ရအောင်
အတောင် ညှပ်လိုက်ပါလား…တဲ့
ရှင်သန်မှုအတွက်
အပြေးမြန်ဘို့ အရေးကြီးသတဲ့….
အန္တရာယ်ကိုလက်ငင်း
မရှောင်ကွင်းနိုင်တဲ့အခါ
လည်ပင်းကို တဆုံးဆန့်ထွက်
သဲထဲမှာ ခေါင်းထိုးဝှက်ရမတဲ့….
ကိုယ်က မမြင်ရသလို
ကိုယ့်ကိုလည်း အပြန်အလှန်
ရန်သူမမြင်တန်ရာဘူးရယ်လို့
တကယ်ဘဲ စိတ်လက်ချသတဲ့…
လွင်တီးခေါင်ပြင်
ဆူးပင်မွဲမွဲ
နေပူကျဲမှာ
သဲထဲခေါင်းစိုက်
အပုန်းကြိုက်တဲ့
တသိုက်သော ငှက်ကုလားအုပ်များကို
နှုတ်ဆက်စကားဆိုပြီး
ကောင်းကင်ကို ပျံတက်စဉ်တခဏ
သဘာဝချင်း နှိုင်းဖက်ဘို့မဖြစ်နိုင်တဲ့
သိန်းငှက်ရဲ့ စိတ်ထဲမှာ
ဘာကိုများ တွေးတောနေမလဲ….။
Posted by
ကိုပေါ
on Friday, July 11, 2008
Labels:
Poem
စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites | Blogs |
6 comments:
လွပ်လပ်ခြင်း ရဲ့ 'ငှက်'
အတောင်ပံတွေ ဖြန့်ကျက်လို့
အရှိန်အဟုန်နဲ့ ပျံတက်နိုင်စေသား...။
ကျီးယောင်ဆောင်သော ဒေါင်း၊
ဒေါင်းယောင်ဆောင်သော ကျီး၊
ဘယ်ဒင်းက သာမည်နည်း...။
အုပ်စုဖွဲ့ ..အတောင်ညှပ်ဖို့ ကြေးညှိသံတွေက..ရဲရင့်တဲ့ သိမ်းငှက်ရဲ့ ..အတောင်ပံတစ်စုံ..ရိုက်ခတ်သံ ..တဖျောင်းဖျောင်းအောက်..အဆုံးမှာရောက်လိမ့်မယ်…
ကဗျာလေးက အနက်ကျစ်ပြီး အဖွဲ့ လှတယ်..
ကဗျာလေး ကောင်းလိုက်တာဗျာ။ သိမ်းငှက်ရဲ့ တောင်ပံ ရိုက်သံ တဖြောင်းဖြောင်းကို ချက်ခြင်း ကြားယောင်လာမိတယ်
တချို့ ကထင်ကြတယ်… အတောင်ပံညှပ်ပြီးရင် ပြန်တပ်လို့ ရမတဲ့… မသေချာတဲ့ သေချာခြင်းနဲ့ … ကျွန်မကတော့ အချိန်တန် အိမ်ပြန်ဖို့  တောင်ပံတွေမွေးထားတယ်…
ဒီနေ့ ကဗျာကောင်း နှစ်ပုဒ် ဖတ်ခွင့်ရတယ်။ တပုဒ်က ကိုကောင်းကင်ကို ဆီမှာ... (စောစောကတင် သွားဖတ်လာတာ)။ အခု နောက်တပုဒ်...၊ ကိုပေါဆီမှာ...။ ခင်ဗျားတို့ဆီက ကဗျာဉာဏ်တွေကို ခဏလောက် ငှားချင်တယ်။ :D
Post a Comment