ပေါက်ကရ လေးချိုးကြီး

Share |
ရှစ်လေးလုံးနှစ်ပတ်လည်အခါသမယမှာ
မြန်မာအရေးဆိုတာကြီးကို
ပြန်ကာတွေး ဆွေးမိပြန်တော့
အာရုံထဲမှာ ကွေးကွေးကြီးမြင်လာရပြန်တာက....

သံသရာဘေးအထိ မလန့်မရွံ့ရှာပြီဘု
ဆန်သာပေးကြည့် နန့်နန့်ထွန့်ပါမည် ထင်နေပုံရတဲ့
(အိုကွယ်) မမှန်တာတွေးသည့် ကြံဖွံ့ပါတီ။

သြော်...လမ်းမှားမပြင်ခဲ့
ရမ်းကားချင်တဲ့
စွမ်းအားရှင်အဖွဲ့ဆိုတာကလည်း ခြံထဲမှာ တစီစီ။

သူခိုးကြီးဘေးမှာဆို ကျုပ်ပျော်သည်တဲ့
အဖိုးနည်းခွေးပမာ နဂိုအဟုတ်လော်လီကြပေရဲ့
အရိုးချည်းလွေးကာ ဗိုလ်စုတ် အဲလေ ဗိုလ်ချုပ်ကတော်ပီပီ
(ဟိုလေ များတို့က)....အမျိုးသမီးရေးရာရဲ့ ဗဟိုအလုပ်ကော်မတီ။

အင်း...အမွှေးလက်တောက်တဆုံးသာ မြော်မြင်နိုင်ကြလို့ (မျက်တောင်မွှေးနော်.. မျက်တောင်မွှေး... လျှောက်မတွေးနဲ့)
လေးဘက်ထောက် ကုန်းကာ အော်ချင်နေရှာတဲ့
ခွေးနောက်ဆွဲ အဖော်မင်သူတစုအတွက်
ရွေးကောက်ပွဲ ကော်မရှင်တခုလည်း ပေါ်လာရပြန်သည်။

တရားမှန်တာ အလေးမမူကြလေတော့
နဖားသန်ရာ ပြေးသူ ငအတွေမှာဖြင့်
အမှားအဖန်တရာ အပေးအယူ မလှချေမှ
နွားကန်တာ ခွေးအူပြသလိုပ
အသနားခံစာ ရေးသူဘဝကိုလည်း ရောက်ခဲ့ပြီ။

ပိတောက်ရိပ်ဆို ဘလော့ဂ်ပေါ်မှာလည်း
တယောက်စိတ်တို အသော့ကော်ကာ ဆဲလေတော့
(ဘာလဲဟ... ဒီငနဲက.... ဟိုလူ့ကော်ဆဲ ဒီလူ့ကော်ဆဲနဲ့)
အတော့်အတော်ကို အာပြဲလို့ မောလှချေပြီ။
အင်း.... ညနေကျရင် ဘီယာထွက်သောက်တာပဲ ကောင်းတော့မည်။

ဟာ....ဘာမှလည်း မဆိုင်ဘူး၊ ကဗျာဖွဲ့ပုံနည်းစနစ်လည်း မညီဘူး လာမပြောကြနဲ့။ ဒါပို့စ်မော်ဒန်လေးချိုးကြီးလို့ခေါ်တယ်။ ငါ့ကဗျာငါရေး ကြပ်ပြေးရောက်ရောက်။ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အမှတ်တရအဖြစ် ဒီနေ့ မြန်မာ့အရေးမှာ ဖြစ်ပျက်နေသမျှ ပေါက်ကရတွေကို ကပေါက်တိကပေါက်ချာ ကဗျာတခုအနေနဲ့ ရေးချလိုက်ပါတယ်။

ကိုပေါ
၈-၈-၂၀၁၀

13 comments:

Anonymous said...

ကိုပေါကဒါလဲဖြစ်တာပဲလား....

Anonymous said...

kg like tar. paw paw gyi yel.

ဖိုးတုတ် said...

နှစ်ပတ်လည် ကဗျာကြီးပေါ့

ဘီယာသောက်တော့မလို.လား ? အရင်က ပို.စ်မှာ အသည်းမကောင်းဖူးလို. သတိထားမိတယ် ကိုယ့်ကိုကိုယ် ကျန်းမာအောင် ဂရုစိုက်မှာပေါ့ ဘလော့ဂါကြီးရယ်

မပြောကောင်း မဆိုကောင်း ခင်ဗျားတစ်ခုခုဖြစ်သွားခဲ့ရင် ခင်ဗျားရဲ့ အမြဲတမ်း စာဖတ်ပရိတ်သတ်များက လွမ်းပြီးကျန်နေမယ်ဆိုတာကိုလည်း တွေးမိပါဦး

ခင်မင်စွာဖြင့်

ကကစ

Anonymous said...

Nice !!!!
Really really nice!!!


Nyarna

pandora said...

ရေးပုံရေးနည်း မိုက်တယ်ဗျာ
လက်ဖျားခါသွားသည်။ (တံခါးညပ်လို့)

Rita said...

လက်ဖျားခါသွားသည်။ (ဆေးလိပ်မီး ကိုင်မိလို့)

(အဲဒါ မင်းလူ ရေးတဲ့ စကားလုံးပါ)

khin oo may said...

ရေးရရင်ပြီးရော.

ချစ်ကြည်အေး said...

လက်အဖျားရော အရင်းပါ ခါသွားတယ်....အဲ ငှယ်...

မေဓာဝီ said...

သခင်ကိုယ်တော်ပေါရဲ့ မဟာလေးချိုးကြီး ဖတ်လို့ကောင်းပါဘိ။
(သခင်ကိုယ်တော်ပေါ = သခေါကိုယ်တော်ပင် ဟုပြောခြင်းမဟုတ်) :D

Nge Naing said...

ကိုပေါကဗျာက ခေတ်စမ်းလင်္ကာလား။

Anonymous said...

မခင်ဦးမေရေ ဘလော့တွေရဲ့ ကွန်မက်တွေကိုလိုက်ဖတ်ရင် ရှင်ပြောထားတာတွေဖတ်ရတာစိတ်ထဲကသိကအောက်တော်တော်ဖြစ်လို့ ကိုပေါတို့ လိုဘလော့မျိုးမှာမမန့်ပါနဲ့ရှင် လုလုတို့ တီဇက်အေတို့ မှာ သီးခံပြီးကျော်ဖတ်ပါ့မယ်

ကိုပေါ said...

ကျနော့်ရဲ့ လေးချိုးရှော်ကြီးကို လာရောက်အားပေးကြသူအပေါင်းကို ကျေးဇူးတင်ပါတယ်။

လက်ဖျားခါသူများသို့....... တံခါးညပ်လို့ဖြစ်စေ၊ ဆေးလိပ်မီးကိုင်မိလို့ဖြစ်စေ လက်ဖျားခါတာမျိုးတော့ တယ်လဲ ကိစ္စမရှိလှပါဘူး။ ဝမ်းပျော့ပျော့ကို ကိုင်မိလို့ လက်ဖျားခါတာနေမျိုးဆိုရင်တော့ ကိုယ့်လုံခြုံရေးအတွက် ဝေးဝေးက ရှောင်ပြီးသားပဲ။း-)

မေဓါဝီ.... သခေါကိုယ်တော်ပင်ဆိုတာက....
“ဆရာကြီး သခင်ကိုယ်တော်မှိုင်သည် ထင်းရှာသော ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်သည်” ဆိုတာလောက်တော့ မဆိုးလှသေးဘူး။

Rita said...

မမေဓာဝီကို ပြန်ရေးထားတာ ဖတ်ပြီး ဟားလိုက်ရတာ။

သခင်ကိုယ်တော်မှိုင်းပဲ ပြောတာမဟုတ်လား။ "ထမင်းတလုတ်အတွက် ထင်းခုတ်ပြီးတော့လဲ စားနိုင်ပါတယ်" ဆိုတာ...

ပြောတဲ့လူ မလွန်ဘူး။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs