အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ခွဲထွက်ပြီး ပါတီအသစ်ထောင်သွားတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနဲ့ ဦးစိန်လှဦးတို့ကို ကိုယ့်တံတွေးကိုယ်ပြန်မျိုသူ၊ စကားမတည်သူ “ဗလောင်းဗလဲ” လူတွေအဖြစ် ယခင်က ထင်မြင်ယူဆခဲ့ဖူးပါတယ်။
အခုတော့ အဲဒီလူကြီးတွေကို အင်မတီး အင်မတန် နုံချာ ညံ့ဖျင်းတဲ့ “လူရှော်ကြီး”တွေ အနေနဲ့ပါ ထပ်မံ အသိအမှတ်ပြုလိုက်ပါတယ်။
ဒီကနေ့ ဧရာဝတီအွန်လိုင်းမဂ္ဂဇင်းမှာ သတင်းတပုဒ်ဖော်ပြထားတယ်။ အဲဒီသတင်းမှာ ဖော်ပြထားတာက ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့၊ ဦးစိန်လှဦးတို့ ပထမအကြိမ်တင်လိုက်တဲ့ “အသနားခံစာ”ကို ရွေးကောက်ပွဲကော်မရှင်က ပြည့်စုံလုံလောက်မှုမရှိဘူးလို့ အကြောင်းပြန်တယ်။ အသနားခံစာ နောက်ထပ် တကြိမ် ထပ်တင်ရမယ်တဲ့။
အကြောင်းကတော့ ပထမအကြိမ် သူတို့တင်ခဲ့တဲ့ အသနားခံစာထဲမှာ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ အဓိဋ္ဌာန်(ကတိသစ္စာစကား)မပါဝင်တဲ့အတွက်ရယ်၊ နောက်ပြီး နိုင်ငံတော်အစိုးရကို ဆန့်ကျင်တဲ့ အပြုအမူမျိုး နောက်နောင်မှာ မလုပ်ပါဘူးဆိုတဲ့ ခံဝန်ချက်ရယ်၊ တရားမဝင်အဖွဲ့အစည်းတွေနဲ့ မပတ်သက်အောင်နေပါ့မယ် ဆိုတဲ့ ကတိစကားတွေရယ် မပါလို့ပါတဲ့။
ဦးခင်မောင်ဆွေတို့ တယ်လဲ မိုက်ပေသကိုးကွဲ့။ ကျွန်ုပ် မဟာပညာကျော် ပိတောက်ရိပ်ပဏ္ဍိတကိုပေါက မဟာဂရုဏာနဲ့ ရေးသားစီရင်ပေးအပ်တဲ့ အသနားခံစာ ကို ယူမသုံးတဲ့အတွက် သည်လို အရှက်တကွဲ အကျိုးနည်းဖြစ်ရပေတာပဲ။
ကျွန်ုပ် ရေးပေးတဲ့ အသနားခံစာထဲမှာ ၂၀၀၈ အခြေခံဥပဒေကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့အကြောင်း၊ တပ်မတော်စစ်ဦးစီးချုပ် အလိုတော်ကို မဆန့်ကျင်ပါဘူးဆိုတာ အဖန်တရာမက ကတိပေးကြောင်း၊ ဤကတိ ဖောက်ဖျက်မိပါက ချီးကားတိုက်၊ မိုးကြိုးပစ်၊ မြွေပွေးကိုက် စသဖြင့် ကျိန်ဆိုပါကြောင်းတွေကို အမြော်အမြင်ရှိရှိ ပြည့်ပြည့်စုံစုံ ထည့်သွင်း ရေးသားပေးပါလျက်ကနဲ့ ကျွန်ုပ်လို ပဏ္ဍိတကို အားမကိုးဘဲ၊ ဘာမဟုတ်တဲ့ သာမန်ရှေ့နေရှေ့ရပ်ကို အားကိုးပြီး မိုက်ရူးရဲတော့....အိမ်း.... အခုလို အရှက်တကွဲ အကျိုးနည်းအဖြစ်ကို ကြုံရပေတော့တာပေါ့။ (အမှန်က အီဖေကိုယ် ရေးတဲ့ အသနားခံစာကို ဗိုလ်သန်းရွှေ အရင် ဖတ်ရပုံ ပဲ။ အဲဒါကို ဖတ်ပြီးတဲ့နောက် ဦးခင်မောင်ဆွေတို့ရေးတဲ့ အသနားခံစာကို ဦးသန်းရွှေ ခံတွင်းမတွေ့တော့တာပဲ ဖြစ်မယ်.... ဟိ..ဟိ။)
ဧရာဝတီသတင်းထဲမှာ ဦးခင်မောင်ဆွေပြောတာ တခုရှိသေးတယ်။
“Since the commission said it would report to 'superiors' about our appeal letters, this shows that the commission itself is not independent,” he said.
သူ့စကားကို ဆီလျော်အောင် ဘာသာပြန်ဆိုကြည့်ရရင်....“ ကျွန်တော်တို့ အသနားခံစာနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က အထက်(လူကြီးတွေ)ကို တင်ပြပေးပါမယ်လို့ ဆိုတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်ပြီးနှောင်ကြိုးကင်းတဲ့ ကော်မရှင်(Independent commission) မဟုတ်ဘူးဆိုတာကို ပြသနေပါတယ်”.....တဲ့။
ကျွတ်...ကျွတ်...ကျွတ်.... မောင်မင်းကို ကျွန်ုပ် သနားပါဘိတော့ ဦးခင်မောင်ဆွေရယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်ပြီး နှောင်ကြိုးကင်းတဲ့ ကော်မရှင်မဟုတ်ဘူးဆိုတာ မောင်မင်း အခုမှ သိရှာသကိုး။
ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာလည်း နအဖ အစိုးရရဲ့ မတရားသဖြင့် နှစ်ရှည် ထောင်ချခြင်းကိုလည်း ခံခဲ့ရပြီးပြီ။ ဒီလောက် ကျောချထားတာတောင် ဓားပြမှန်း မသိသေးဘူးဆိုတော့ တော်တော့်ကို အသိဉာဏ်နုံနဲ့တယ်လို့ ပြောရမှာပါ။ ဒါကြောင့်လည်း “လူရှော်ကြီးများ” ဆိုတဲ့ ဘွဲ့ထူးကို ချီးမြှင့်ချင်တာပါ။ ဒီလိုအရည်အချင်းနဲ့များ နအဖ လွှတ်တော်ထဲဝင်ပြီး နအဖရဲ့ စစ်ကျွန်ပြုမယ့် ဖွဲ့စည်းပုံကို ရအောင် ပြောင်းဦးမယ် ဆိုသေးသဗျား။
အေးလေ... ဘာပဲဖြစ်ဖြစ်၊ ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ သဲသဲလှုပ် နန့်နန့်တက် ဝင်ပြိုင်ချင်နေသေးတယ်ဆိုရင်လည်း နေပြည်တော်က အဘရဲ့ ခြေဖမိုးကို နဖူးနဲ့ထိပြီး ဖင်ဘူးတောင်းထောင်အောင် ရှိခိုးဦးတင်အသနားခံလိုက်ပါလို့ အကြံပေးလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးခင်မောင်ဆွေတို့ ဒေါက်တာသန်းငြိမ်းတို့၊ ဦးစိန်လှဦးတို့မှာ နောက်ထပ် ထပ်မံ ဆုံးရှုံးကျဆင်းစရာ သိက္ခာဆိုလို့ စိုးစဉ်းမျှပင် မကျန်တော့လို့ ဖြစ်ပါတယ်။
ပူးတွဲဖတ်ရှုရန်။..........။
(၁) အသနားခံစာ
(၂) NDF Leaders Told to Appeal Second Time

24 comments:
အင်း...ကိုယ့်ဒုက္ခ ကိုယ်ရှာတာကိုး.....။
I respect NDF ppl more than clowns
in exile like NCGUB's Maung Maung.
ကိုညောင်ရမ်းရေ...သူတို့လိုမသွားဘဲ ဘေးထွက်ထိုင်နေ
ရင်ကော တိုင်းပြည်ကြီးက ပိုကောင်းလာနိုင်ပါ့မလား???
သူတို့လဲ ကလေးအတွေးလောက်နဲ့ ( ဒီလောက်မတရား
အလုပ်ခံနေရတာ သိသိချည်းနဲ့ ) လုပ်နေမယ်မထင်ဘူး..။ ကျွန်တော်တို့ ၂၀၀၈ အခြေခံဥပဒေတုန်းကလဲ ဒီလောက်ဆန့်ကျင်ခဲ့ပေမဲ့ ဒီအာဏာရှင်တွေက သူတို့လုပ်ချင်တိုင်း ဆက်လုပ်သွားတာဘဲမဟုတ်လားဗျ..ခင်ဗျားမှာကော backup တွေ solution ကောင်းတွေရှိသလား...သိပါရစေ...။
Anonymous ရေ နိုင်ငံရေးသမားအတွက် သိက္ခာအရေးအကြီးဆုံးပါ။
ကိုယ့်စကားကိုယ်ပြန်မျိုချပြီး ရွေးကောက်ပွဲဝင်ကတည်းက ရှိသမျှသိက္ခာအပြင်ကို သူတို့စတေးခဲ့တဲ့ထောင်ဒဏ်တွေကလဲ အလကားကိုဖြစ်သွားပြီလေ။ သိသိချည်းနဲ့ဘာလို့လုပ်လဲဆိုတာတော့ ထိုသူတွေကိုယ်တိုင်ပဲသိလိမ့်မယ်။
(ထိုင်ခုံမက်တယ်လို့တော့မပြောလိုတော့ပါဘူး)
Ko paw...What will you do if you feel these people are not good enough even jailed for more than a decade?
Ko Paw..friendly speaking we should do for country right?
Myanmar people suffered enough.Enough is enough.
Their children are innocent and suffering because of so called exiled activists' movement for country good sake?
What can we do for the country more than just blogging and personal advertisements for popularity?
ko Paw,please try to educate Myanmar people able to compete with international expats in overseas job market by your strong experience on activating people.
Make Myanmar people gracious in all communities.
Now the history wheel is turning again and people start to realise there's no perfect administration ever before.
Don't guide people for no result ways?
If you read the history of other countries have you ever found a fact these leaders successed because they stayed in overseas long time and asking for sanctions to their own countries?
Does any exilecd leader ask for sanction to their own country because they loose the power by military?
Are you people really educated enough to comment about a country's system?
If like this all people in the world can be congressmen ha ha...
It's the real problem...Myanmar is having some kids like this...
Bravo Ko Paw... Keep going....
to anon!!!! what d u mean enough is enough !suffer enough and keeping silent is not a solution..we have to express our dislike, we have to fight for justice.our country is suffering more and more bcos of ppl like u, self centred and selfish ppl ...
ယနေ့ အချောင်သမားမီဒီယာများက ဒီမိုကရေစီဆိုတာကို မဲပေးမှပဲ ရမယောင် ဝေ့လည်ကြောင်ပတ် ရေးခွင့်ရ နေကြတယ် ။ ဒီမိုကရေစီနဲ့ မဲပေးခြင်းကို ညီမျှခြင်း ထိုးပြကြတယ် ။
တကယ်တော့ ဒီမိုကရေစီဆိုတာ ဆန္ဒဖေါ်ထုတ်ခြင်းသာဖြစ်တယ် ။ အဲဒီ ဆန္ဒဖေါ်ထုတ်ခြင်းမှာ မဲပေးခြင်းလဲ ပါတယ် ၊ မဲမပေးခြင်းလဲ ပါတယ် ။ ရွေးကောက်ပွဲဟာ ဆန္ဒဖေါ်ထုတ်ခွင့်များစွာထဲက တစ်ခု...
moemaka
appeal letters ဆိုတာအသနားခံစာမဟုတ်ဘူးဆိုတာနားလည်ကျွမ်းကျင်တဲ့ဥပဒေပညာရှင်တွေကိုမေးလို့ရတယ်၊
အဝေးကနေလေမပေါနေနဲ့ကိုပေါရေ
appeal letters ဆိုတာအသနားခံစာမဟုတ်ဘူးဆိုတာနားလည်ကျွမ်းကျင်တဲ့
ဥပဒေပညာရှင်တွေကိုမေးလို့ရတယ်၊
အဝေးကနေလေမပေါနေနဲ့ကိုပေါရေ
Sometimes personal jealousy on other's success revealed in the name of democracy and human rights.
what did you had done any goodness to the country and citizen so far???
Read more,think more,think always out of the box and active for the coutry's development.
Didn't you want to see country in progress stage?
until last 2 years I supported DASSK and her party but now I do believe they can't built the nation.
people who sacrificed their lives and fortune are none of their familymember and relatives?
OK?Agree?
Come on...they all are in foreign countries and struggling for their family kids' education,welfare and monthly PUB fees...ha ha...
အချစ်ကြီး ချစ်လို့ အမုန်းကြီး မုန်းတာလားကွယ် :P
to Anon August 22, 2010 3:22 PM
်ကွန်မြူနစ်တွေပြောတဲ့ပညာတတ် ညာဉ်ဆိုတာဒါဘဲထင်ရဲ့
တွေဝေမယ်ယိမ်းယိုင်မယ် အဲ နိုင်မယ်ထင်ပြန်ရင် မိုးတွင်းဖားလို အုံးအွဏ် ကြအုံးမယ်
ကဗျာနက်
အသနားခံတာမဟုတ်ဘူး။ __ခံတာ။ ဒီချုပ်ရဲ့ဒိုက်ဖတ်တွေလဲနှစ်ထောင့်တစ်ဆယ်မှာမျောသွားတာဝမ်းသာပါတယ်ဗျာ
So, please advise the next step to get +ive turn at our country .All of civilians including civil servants and military staffs are suffering for today country internal affair . They will do election neither against nor support .Please exile blogger go in to Myanmar and do anti-goverment revolution . We will support you . Don't just condemn from outside .All of you should suggest better ways to be balance and get good turns.Is it just make revolution is a solution of our country ? I am so sure that not dare to go in jail ...how about you ? I just want to ask those people comment from outside country .Please see the status of our refugee in US and other places ? What is the solutions ?Just do revolution then run away to and try to be refugee at other countries and live there like as slave .......Please think and learn historical things of development countries...All blogger should try to educate our people to be good knowledge especially historical documentary of building country such China , Singapore and other Asian and ASEAN countries . Please think balance ....and possible ways .
I am not a master , I am just a leaner forever. OK ??
:) I will advise you instead of Ko Paw because he used to advise to read one of his posts when people ask him to come back to Myanmar to fight together for democracy. http://kopaw07.blogspot.com/2009/08/blog-post_13.html . This is his words forever. He will not go back forever to fight for democracy in Myanmar because he is NATO (No Action Talk Only)
It is better to talk than not talking and supporting the wrong things. It is the best if you can do according to what you talk. But not doing and even not dare to talk is the worst.
Communism is not evil but Burmese communists were and are the mother of all evils.
BTW, in English mother of means
mother f.u.ck-er of!!
ဒီမိုဝါဒကတော့ ပါးစပ်ထဲရှိသမျှပြောတာကို အားပေးပါတယ်။ အဲဒါကို လွတ်လပ်စွာပြောဆိုခွင့်ဆိုပြီး စကားလုံး လှလှလေးကို သုံးထားပါတယ်။ မြတ်ဗုဒ္ဓက စကားကို အကျိုးရှိမှ ပြောဆိုဖို့ ဆုံးမတော်မူခဲ့ပါတယ်။ ခင်ဗျားလဲ ဦးဏှောက်ရှိတာပဲ . . စကားကို ခရားရေလွှတ် . . . သူတပါးကို စောက်တင်းကြီးပဲပြောနေတော့ ဘာအကျိုးရှိလဲဆိုတာ စဉ်းစားသင့်တယ်။ တကယ်ဆိုရင် ကျုပ်တို့လည်း အကောင်းကို မျှော်လင့်ပြီး အခြေခံဥပေဒေနဲ့ ရွေးကောက်ပွဲကို ထောက်ခံခဲ့တာပဲ။ ထောက်ခံတဲ့သူတွေကို စောက်ပြစ်မတင်နဲ့လေ။
မင်းတို့ ဒီမိုတွေကို ထောက်ခံရအောင် ဘယ်သူက အဖြစ်ရှိလို့လဲ။ မီဒီယာတွေ ပြောတိုင်းယုံပြီး.. သွေးမတော် သားမစပ် နိုင်ငံခြားသားတွေက မြန်မာပြည်ကြီးကို ကယ်တင်မယ်ဆိုတဲ့ ရူးကြောင်ကြောင် အပြောတွေပြောနေတဲ့သူကို ထောက်ခံလို့ ဖြစ်ပါ့မလား? ဦးခင်မောင်ဆွေလည်း နိုင်ငံအတွက် စွန့်လွှတ်ခဲ့တာတွေရှိတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ့ခံယူချက်မှားခဲ့ရင်တောင် စေတနာအမှားမျိုးပဲ ဖြစ်နိုင်တယ်။ ၁၀နှစ်ကျော် ထောင်ထဲနေလာခဲ့သူရဲ့ အမှားကို စောက်တင်းထိုင်ပြောတော့ ဘာအကျိုးရှိမှာလဲ? သူ့ရဲ့ သိက္ခာကိုချတော့ ဘယ်လိုအကျိုးရှိလဲ? ဦးခင်မောင်ဆွေနေရာမှာ နေပြီးစဉ်းစားပါ။ အဲလို စော်ကားခံရရင် မင်းတို့ဘက်ကို ခေါင်းငုံ့ဝင်လာမလား… နအဖဘက်ကို ယိမ်းသွားမလားဆိုတာ စဉ်းစားပေါ့။
ကလေးလိုလို အရူးလိုလို ခရားရေလွှတ်စကားပြောသူများကို ဆန့်ကျင်နေသည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★
U Khin Maung Swe's daughter has married to the government employee (assistant engineer). She also becomes the medical officer at one of the township within Yangon area. Almost all the doctors (except from relatives of General) who previously absconded from government service cannot get this post. So.................
Actually who opposing the goverment from overseas are just looking for short cut to success because they don't have any track record of doing good things???
May be they stayed in jail for some time but can't make any progressive for even a countryman???
After released they usually run away to border and looking for refugee status and try to bring all of family member.
Even they brookered normal people for refugee status in other countries by taking $$$.
I had heard many examples of this pattern.
Is it politician??Dissident???Opposition???
Bay Htaing Buu Pyaw , Thauk Kyo Ma Shi ...Ah Phyay thi kar htwat pyay kya ei ... Nauk Kya Tal Chay Htauk Thit Sar Phauk... Today Myanmars don't have good value if even compare with Western Dogs' market price .... What is the results for "Bay Htain Buu Pyaw" "Zat Tuu Thar Sar" .. Di Pwal Pi Yin Dog Phyit Mal thu tway ah myar gyi par pal....Myan Myan Pi Lay Kaung Lay Par Byo...har har ....:-)
Post a Comment