
(Photo credit- Link)
ကသုတ်ကယက်နဲ့
ဖုတ်သဘက်ဟာ
ရုတ်တရက်ကြီး
နှုတ်ထွက်သွားတယ်။
ကြားပြီးကြပြီလား….
အနူယား
အနားယူလိုက်ပြီတဲ့။
အလုပ်သစ်မှာ
အလစ်သုတ်ဖို့
လစ်သူ
လူသစ်စာရင်းလည်း ထွက်လာပြီ။
တွေးမိနေတာကတော့…
အပြောင်းအလဲတွေဖော်ချင်သယောင်ပြတုန်းမှာ
မြောင်းထဲခြေချော်ဖင်ထောင်ကျရှုံး သွားသူတွေအကြောင်း။
ဟန်ပြသာ ပြောင်းလဲနေတုန်းမှာ
ပြန်ထမလာ ခေါင်းကွဲသေဆုံးသွားသူတွေအကြောင်း။
နောက်မှလာတဲ့ မောင်ပုလဲ
ဒိုင်းဝန်ထက် ကဲတတ်တဲ့အကြောင်းတွေ။
မူစနစ် နဂိုအဟောင်းမှာ
လူညစ်ကိုပြောင်းရုံမျှနဲ့
ယူပစ်သလို ကောင်းသွားနိုင်ပါ့မလား ဆိုတာတွေ။
ဘာပဲဖြစ်ဖြစ်လေ…
သတင်းစကားတခုတော့
အရှင်းကြားလိုက်ရတယ်။
ငဖျင်းတြား စံမြန်းရာ
ပျဉ်းမနား မှန်နန်းမှာ
ကုပ်ကမြင်းသား ငမိုက်နောက်ပါများအတွက်
ဖုတ်သွင်းရထား ဆိုက်ရောက်လာပြီ ဆိုတဲ့အကြောင်း။
“ဖုတ်သွင်းရထား” အဓိပ္ပါယ်ကို မူရင်းအနက်အဓိပ္ပါယ်နှင့်မယူဘဲ အောက်ပါအတိုင်း မော်ဒန်ခက်ဆစ်နှင့်အညီ ယူပါရန်။း-)
ဖုတ်သွင်းရထား = ဖုတ်၊ သရဲတစ္ဆေ၊ မကောင်းဆိုးရွားများသာ စီးနင်းလိုက်ပါလေ့ရှိသော ရထားကြီး။
14 comments:
တကယ်ရေးတတ်တဲ့ ကိုပေါ................
sout paw ko paw
Good Poem :)
အင်း...ဖုတ်သွင်း ဆိုတော့.....
အညာသံနဲ့ ဖုံကိုပြောတာလားလို့...
တည်ဆောက်ပြုပြင်မြန်ပြည် တခွင်မှာ..ရ ထား ..တာတွေကလဲတယ်များ တယ်မို့လား...
ကဗျာတော့ သဘောကျသဗျာ ၊ ကိုယ်တိုင်ကတော့ ကဗျာမစပ်တတ်ဘူး..
ကိုပေါ ကဗျာ မိုက်တယ်။ :)
ဆင်ဖြူကို ဖင်ပူအောင်တောင် မစီးရသေးဘူး
ရုတ်တရက် နှုတ်မဆက်ဘဲ
အနူယား အနားယူသွားပြီဆိုတော့
(ဟံမယ်မင်း - ဘဘ တို့ရဲ့)
နေရေးထက် သေရေးခက်သမို့
ရွှေဈေးပျက်ပြီး
အ၀ီစိမှာ မြေဈေးတွေတက်တော့မှာဘဲ ....
--->>>Anonymous (August 29, 2010 1:07 PM).......
ငိုချင်းက တယ်မိုက်ပါ့လားဗျ။
မြေဈေးတွေတက်တော့မှာပဲ ဆိုလို့ မြေတကွက်လောက် ပြေးဝယ်ဖို့ ယောင်ပြီး စိတ်ကူးလိုက်မိသေးတယ်။ ဖွဟဲ့..။း-)
wonderful guys, pretty good, pls go ahead to let us see more satire poems on that issue. Tq
Ko Paw ခင်ဗျား ကဗျာ့ဥာဏ် တော်ချက်က ရက်စက် တယ် ဗျို.
ရွှီး...ဖြောင်းဖြောင်း... Once More ! !
ဟားဟားဟား....သာမီး ဘာဆို ဘာမှ ပြောမသွားဝူးနော်....:P
တပ်မတော် ခေါင်းဆောင် အပြောင်းအလဲကို အတိုက်အခံတွေဟာ အပြုသဘောနဲ့ ကြိုဆိုသင့်တယ်၊ နောင် တက်လာတဲ့ တပ်မတော် ခေါင်းဆောင်တွေကို အပျက်သဘော အဆိုးမြင်ဝါဒီနဲ့ စတင် မဆက်ဆံသင့်ဘူး. ၊တပ်မတော်ခေါင်းဆောင်သစ်တွေ အကြောင်း သေသေချာချာ မသိသေးပဲ မကောင်းကြောင်း စပြောတာဟာ အမြင်ကျဉ်လွန်းတယ်။ တပ်ပြေးတွေရဲ့ အဆိုးမြင်စကားကို ဦးစွာ မယုံသင့်ပေ။ တပ်မတော်ဥပဒေအတိုင်း အသက် (၆၀) ကျော်လို့အနားယူတာဟာ ကောင်းမွန်တဲ့ လုပ်ရပ်ပါ။ စာဖတ်သူတွေ အကောင်းမြင်စိတ်ဓါတ်လေးနဲ့ ကြိုဆိုသင့်တယ်လို့ အတွေးတစ်ချက်ပေါက်ရင် ရေးရကျိုးနပ်ပါပြီ။
လမ်းသစ်ရယ်အနှစ်နှစ်ဆယ်တောင်စောင့်ပြီးပြီဟ..
မင်းအဖေတွေကဘာမှမပြောင်းလဲဘူး...
နောက်တက်လာတဲ့မောင်ပုလဲက
ဒိုင်းဝန်ထက်ကဲဖြစ်နေတယ်သားရယ်....
အ၀ီစိမှာ မြေဈေးတက်မှာပါဆိုမှ “မြေဈေးတွေတက်တော့မှာပဲ ဆိုလို့ မြေတကွက်လောက် ပြေးဝယ်ဖို့ ယောင်ပြီး စိတ်ကူးလိုက်မိသေးတယ်” တဲ့။ အ၀ီစိနော် ကိုပေါ :p
ရထားထွက်တာ အဓိက မကောင်းဆိုးဝါး နှစ်ကောင်ကျန်သေးတယ်ဗျ...
http://www.rfa.org/burmese/news/Junta_chief_and_deputy_still_in_power-08292010150752.html
Post a Comment