“မြန်မာတွေ သတိပြုမိကြဖို့”

Share |
ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်တယ်ဆိုတဲ့ ကိစ္စကို အသက်နည်းနည်းကြီးလာတော့ စ ပြီး ကြားဖူးတယ်။ နောက် နိုင်ငံခြားထွက်လာတော့ ဒီအကြောင်းတွေ ထပ်ကာတလဲလဲ ဆိုသလို ကြားဖူးလာတယ်။ ကမ္ဘာကျော် အမှုအခင်းတွေအကြောင်း၊ ဘာသာရေးနယ်ပယ်က ယုံကြည်ကိုးစားအပ်တဲ့ ပုဂ္ဂိုလ်များကိုယ်တိုင်က ကလေးတွေအပေါ်မှာ ရာစုနှစ်နဲ့ချီပြီး မတော်မတရားလုပ်ခဲ့ကြတဲ့အတွက် အခုအခါ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေက ဝန်ချတောင်းပန်ရတဲ့ အကြောင်း၊ နယ်စပ်က ကလေးသူငယ်ပြည့်တန်ဆာပြဿနာတွေ အကြောင်း စသဖြင့် မကြာမကြာ ကြားရ၊ ဖတ်ရပါတယ်။

ဒါတွေမြင်ရ ကြားရတော့ ကျနော်တို့ တိုင်းပြည်မှာရော ဒီလိုကိစ္စမျိုးတွေ မရှိနိုင်ဘူးလားလို့ တွေးတောကြည့်လိုက်တဲ့အခါ ရှိကောင်းရှိနေနိုင်တယ်လို့ သုံးသပ်မိပါတယ်။ ကျနော်တို့ မြန်မာလူမျိုးက လိင်နဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ အရှက်အကြောက်ကြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုမရှိတာ၊ ဒီလိုကိစ္စတွေမှာ ပညာပေး အလုံအလောက်မရှိတာ၊ သတင်းလွတ်လပ်ခွင့်မရှိတာ စတဲ့အခြေအနေတွေကြောင့်သာ ဒီကိစ္စမျိုးတွေ ဟိုးလေးတကြော် ဖြစ်မလာတာလို့ ယူဆမိပါတယ်။

မြန်မာ့ထုံးစံမှာ သမီးမိန်းကလေးတွေကိုသာ မျက်စိအောက်က အပျောက်မခံဘဲ ထိန်းသိမ်းစောင့်ရှောက်ကြတတ်ပေမယ့် သားယောက်ျားလေးတွေကိုတော့ သူစိမ်းယောက်ျားတွေနဲ့လည်း လက်လွတ်စပါယ် ပစ်ထားတတ်ကြပါတယ်။ အရွယ်မရောက်သေးတဲ့ ကိုယ့်သားငယ်ကို အရွယ်ရောက်ပြီး သူတွေနဲ့ စိတ်ချလက်ချ ပေးအိပ်တတ်ကြပါတယ်။ ဒီလိုကိစ္စမျိုးတွေ ဖြစ်နေနိုင်တယ်လို့ ဘယ်သူမှ စိုးစဉ်းမျှ မတွေးမိကြပါဘူး။ ကျနော်တို့လည်း နိုင်ငံခြားကို ထွက်လာတဲ့အထိတောင် မတွေးမိသေးပါဘူး။

တောရွာတွေမှာဆို သားယောက်ျားကလေးတွေကို ငယ်ငယ်လေးကတည်းက ဘုန်းကြီးကျောင်းတွေမှာ ဘုန်းကြီးကျောင်းသားတွေ အဖြစ်နဲ့ ကျောင်းအိပ်ကျောင်းစား အပ်နှံထားကြတဲ့ ထုံးစံရှိပါတယ်။ ကျနော်တို့ငယ်ငယ်က ရွာမှာ အတန်းကျောင်းတက်တဲ့ အတန်းကျောင်းသားနဲ့ ဘုန်းကြီးကျောင်းမှာနေတဲ့ ဘုန်းကြီးကျောင်းသားဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။

ဘုန်းကြီးကျောင်းတွေဟာ လူပေါင်းစုံ ဝင်ထွက်သွားလာနေကြတဲ့ နေရာမျိုးဆိုတော့ ကလေးသူငယ်တွေကို မတော်မတရားလုပ်တဲ့ အဖြစ်မျိုးတွေ အဲသည်လို နေရာဌာနတွေမှာ ဖြစ်ပွားကောင်း ဖြစ်ပွားနေနိုင်ပါတယ်။ မတော်မတရား လုပ်ချင်တဲ့သူတွေဟာ ကပ္ပိယအနေနဲ့ဖြစ်စေ၊ ဘုန်းကြီးကျောင်းသားကြီးအနေနဲ့ဖြစ်စေ၊ တည်းခိုတဲ့ ဧည့်သည်အနေနဲ့ဖြစ်စေ၊ ဒါမှမဟုတ် သင်္ကန်းဝတ်အနေနဲ့ဖြစ်စေ ပုံသဏ္ဍာန်မျိုးစုံနဲ့ ရုပ်ဖျက်ပုန်းခိုနေနိုင်ပြီး လူမမည် ကျောင်းသားကလေးတွေအပေါ်မှာ လူမသိသူမသိ အခွင့်ကောင်းယူပြီး ကျူးလွန်နေတာမျိုးတွေ ရှိနေနိုင်ပါတယ်။

ကျနော်တို့ငယ်ငယ် ကိုရင်ဝတ်တုန်းက ရွာထဲက ကာလသားအချို့ ဘုန်းကြီးကျောင်းကို ညဖက်တွေမှာ တခါတရံ ပေါက်ချလာတတ်ပြီး ကျောင်းသားတွေ၊ ကိုရင်တွေရှေ့မှာ ပေါက်တတ်ကရတွေ ပြောကြ၊ လုပ်ကြတာတွေ ကြုံဖူးပါတယ်။

နောက်တခုက ဘုန်းကြီးတွေနဲ့ ပတ်သက်လို့။

အခုတလော အွန်လိုင်းပေါ်ကနေတဆင့် ဖြစ်ပျက်သွားတဲ့ ဘုန်းကြီးတပါးနဲ့ အမျိုးသမီးတယောက်ရဲ့ အကြောင်းကနေ ဆက်စပ်ပြီးတော့ စဉ်းစားမိပါတယ်။ ဘုန်းကြီးဆိုတိုင်း၊ သင်္ကန်းဝတ်ဆိုတိုင်းလည်း မယုံကြည်ရပါဘူး။ အကျင့်သီလ စင်ကြယ်တဲ့ ဘုန်းကြီးတွေ ရှိသလို အကျင့်မစင်ကြယ်တဲ့ ဘုန်းကြီးတွေ၊ ဦးဇင်းတွေလည်း အများကြီးရှိပါတယ်။ ဒကာမတွေနဲ့ ဇာတ်လမ်းရှုပ်နေတဲ့ ဦးဇင်းတွေကလည်း အများသား။ ငယ်ငယ်တုန်းက အကြောင်းတိုက်ဆိုင်လို့ ဦးဇင်းတပါး အမျိုးသမီးတယောက်ဆီကို ရေးလိုက်တဲ့ ရည်းစားစာတစောင်ကို ဖတ်ခဲ့ရဖူးပါတယ်။ ဘွဲ့အမည်က အာနန္ဒာတဲ့။ စာထဲမှာတော့ သူ့ကိုယ်သူ “ကိုကိုနန်” လို့ သုံးတယ်။ ဒီစာဖတ်ရတော့ တချို့ဦးဇင်းတွေ တော်တော်ရှုပ်ပါလားဆိုတဲ့ အသိတော့ ရခဲ့ပါတယ်။ တခါ ဘလော့ဂါ “နဗန” ရဲ့ ပို့စ်တခုထဲမှာ Porn ကြည့်တဲ့ ဘုန်းကြီးတွေအကြောင်း ကိုယ်တွေ့အဖြစ်အပျက်ကို ရေးသားထားတာ ဖတ်ခဲ့ရဖူးပါတယ်။

ခက်တာက မြန်မာပြည်မှာ ဘုန်းကြီးတွေ၊ ဦးဇင်းတွေဆိုရင် အင်မတန် သြဇာရှိကြပါတယ်။ ဘုန်းကြီးဆိုရင် ဒကာ ဒကာမတွေကရော၊ ဘုန်းကြီးကျောင်းသားကပါ ဖိန့်ဖိန့်တုန်နေအောင် ကြောက်ကြရပါတယ်။ ဘုန်းကြီးမဟုတ်မဟတ် လုပ်နေတာကို (ဘုန်းကြီးကျောင်းသား)ကလေးက သူ့မိဘထံ ပြန်ပြောခွင့်ရတယ်ဆိုရင်တောင် ပြောဝံ့ရှာမှာ မဟုတ်ပါဘူး။ ပြောတယ်ဆိုဦးတော့ မိဘက ဘုန်းကြီးရဲ့ အရှိန်အဝါကို ကြောက်တော့ ရေငုံနှုတ်ပိတ်နေနိုင်ပါသေးတယ်။ ဒီတော့ ဘုန်းကြီးကျောင်းသားကလေးတွေဟာ လိင်ပိုင်းဆိုင်ရာ မတော်မတရားအလုပ်ခံရဖို့ အခြေအနေမှာ ကောင်းကောင်းကြီး ကျရောက်နေပါတယ်။

ဒါပေမယ့် ထူးဆန်းတာက ဒီကိစ္စကို ဘယ်သူမှ ရေးကြီးခွင်ကျယ် ဂရုတစိုက် ရေးသားဖော်ထုတ်ကြတာမျိုး မတွေ့ဖူးသေးဘူး။ မြန်မာပြည်မှာ ကလေးစစ်သားတွေအကြောင်း၊ ကလေးလုပ်သားတွေအကြောင်းသာ ဇောင်းပေး ရေးသားထုတ်ဖော်နေကြပေမယ့် ကလေးသူငယ်တွေကို လိင်အားဖြင့် မတော်မတရားပြုကျင့်ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်သူမှ အာရုံမစိုက်ကြသေးတာကို သတိပြုမိပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အငြိုငြင်ခံရမှာကို စိုးရိမ်လို့ လက်ရှောင်နေကြတာလည်း ဖြစ်နိုင်ပါတယ်။

ဒီလို ကလေးသူငယ်တွေအပေါ် ကာကွယ်စောင့်ရှောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး လက်ရှိ နအဖစစ်အစိုးရကိုတော့ အားကိုးနိုင်ဖွယ် မရှိပါဘူး။ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းအတွင်းမှာပဲ ကိုယ့်အချင်းချင်း ပတ်ဝန်းကျင်မှာ ဒီလိုအဖြစ်တွေကို ဖော်ထုတ်ကြဖို့၊ တားဆီးကြဖို့၊ ပညာပေးကြဖို့၊ သြဇာတိက္ကမ ရှိတဲ့ ဆရာတော်ကြီးများက ကမကထ ပြုပြီး ဒီလိုကိစ္စတွေ မဖြစ်ပွားအောင် ကာကွယ်တားဆီးဖို့ နည်းလမ်းများကို ရှာကြံစဉ်းစားကြဖို့ အကြံပြုလိုက်ရပါတယ်။

31 comments:

Kaung Kaung said...

ကိုပေါရဲ့  နိုင်ငံရေးနဲ့ ပတ်သတ်အတွေးအခေါ်ကို လေးစားလို့ ရပေမဲ့ ဘာသာရေး ပတ်သတ်တာရေးရင် ဘာမှမဆင်ခြင်ပဲ လက်လွတ်စပယ်ရေးတတ် လို့ သတိထားမိတယ်။ ဘာတွေလဲ ဆိုတာ သတိထားဖတ်ရင် သိသာပါတယ်။ ကိုပေါ concern ကို လေးစားမိပေမဲ့  ပေးချင်တဲ့  message ထက် ၀ိနည်းမလေးစားတဲ့ ဘုန်းကြီးတွေကို စော်ကားရာ ပိုရောက်တယ်လို့ ခံစားရတယ်။

Rita said...

ဘာသာ သာသနာ သန့်ရှင်းရေးကြိုးပမ်းတာဟာ နောင်ဘဝ ကောင်းဖို့ မျှော်လင့်ချက်နဲ့ ဘုရားမှာ ရွှေချတာထက် ပို အကျိုးကျေးဇူးပြုနိုင်တယ်လို့ ယုံကြည်မိပါတယ်။

Anonymous said...

ကိုပေါက ဘာသာ သာသနာ သန့်ရှင်းရေးကြိုးပမ်းတာလား childern abuse ကို ကာကွယ်ဖို့ လုပ်နေတာလား.. စာသေချာဖတ်ပါ..

Rita said...

အဲဒီထဲမှာ နှစ်မျိုးလုံးပါတယ်။

ဖိုးတုတ် said...

ကိုပေါရေးတာကတော့ အမှန်တွေဗျို. ဒီလိုဘာသာရေးနဲ.ပတ်သက်ပြီး မှန်တာကို ရေးရဲတဲ့ သတ္တိကိုတော့ ချီးကျူးရမယ် ကျွန်တော်တော့ အပြည့်အ၀ထောက်ခံ ပါတယ်

ထေရ၀ါဒဗုဒ္ဓဘာသာမှာ မြန်မာဗုဒ္ဓဘာသာ နှင့် သိရီလင်္ကာဗုဒ္ဓဘာသာတို.ပဲ ယခုတိုင် ကမ္ဘာက အသိမှတ်ပြုနိုင်တဲ့အထိ ထင်ထင်ရှားရှားရှိနေတာပါ

သာသနာအဓွန်.ရှည်ဖို. သာသနာပြုနေတဲ့ ဆရာတော်များနဲ. ကိုးကွယ်တဲ့ပြည်သူများမှာ တာဝန်ရှိနေတယ်လို.မြင်မိပါတယ်

ဝိနည်းနဲ.အညီ သတင်းသုံးနေတဲ့ ဆရာတော်တွေရှိနေသလို သာသာနာကို ခုတုံးလုပ်ပြီး ဘုန်းကြီးကျောင်းတွေမှာ ကလေးသူငယ်တွေကို မတော်မတရား လုပ်တဲ့အဖြစ်မျိုးတွေ ရှိနိုင်ပါတယ်

မြန်မာဓလေ့မှာ တောကလူတွေက မြို.ပေါ်တက်ရင် တည်းခိုးခန်းတည်းတာထက် ပိုက်ဆံကုန်သက်သာတဲ့ ဘုန်းကြီးကျောင်း မှာတည်းတတ်တဲ့ အလေ့အထကလည်း ရှိနေတော့ခက်တယ် အဲဒီ့တော့ လာတည်းတဲ့ အမျိုးသမီးတွေတောင်မှာ မတော်တရား ပြုလုပ်ခံနိုင်ဖို. အခြေအနေရှိတာကတော့ အမှန်ပဲ

အင်း .... ကိုပေါရဲ့ ပို.စ်ကတော့ ကွန်မန်.ရေးသူတွေကို တော်တော်လေး အငြင်းအခုံဖြစ်စေနိုင်ပါတယ် အထူးသဖြင့်
extremist ဗုဒ္ဓဘာသာဝင် နှင့် liberal ဗုဒ္ဓဘာသာဝင်တို. clash ဖြစ်နိုင်တဲ့ ပို.စ်လို.ထင်မိပါတယ်

ကျန်းမာရွှင်လန်းကြပါစေ

Anonymous said...

နေရာစုံမှာဖြစ်နိုင်ပါတယ်...
ဥပမာ..ထောင်.စစ်တပ်..ကျောင်း..so on...

Unknown said...

ကိုပေါရေ ဘုန်းကြီးကျောင်းတွေမှာလဲ ဒီလိုဖြစ်တတ်တာ ကြားဖူးပါတယ် တိုင်ကြတောကြ အမှုဖွင့်ကြလို့ လူဝတ်လဲရတဲ့ ကျော်မကောင်းကြားမကောင်းတွေလဲ အများကြီးဘဲ မြန်မာနိုင်ငံမှာ DSA လို စစ်တက္ကသိုလ်မျိုးမှာတောင် စီနီယာ ဂျူနီယာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေရှိနေတယ် စီနီယာတွေဆိုတော့ မတိုင်ရဲ မပြောရဲနဲ့ အနိုင်ကျင့်ခံလိုက်ရတာတွေ ကြားဖူးတယ်

Dr. Yi Yi Win said...

ကျား၊မ ခွဲခြားမှုတွေလုပ်နေကြဖို့ ထက် vulnerable ဖြစ်နိုင်တဲ့ အားနွဲ့ သူမှန်သမျှကို empower လုပ်ကြဖို့ အချိန်တန်နေပါပြီ။ ဒီအချိန်မှာ တိတ်ဆိတ်စွာခံစားရခြင်းယဉ်ကျေးမှု culture of silence ကန့် လန့် ခံနေလို့ မဖြစ်တော့ဘူးကိုပေါရေ။ ဒီလိုပုံနှင့်တော့ .........

Anonymous said...

I was abused by our old neighbour 20+ years old lady when I was 5. She invited me to sleep at their house during the weekends with my parents permission.

Anonymous said...

ko paw,
I really appreciate you to post this article. It doesn't mean we are against the monks or Buddhism. your article has alerted those parents who are naive.

Anonymous said...

@Kaung Kaung
ဝိနည်းမလေးစားတဲ့ ဘုန်းကြီးကိုစှောကားတာမဟုတ်ပာ။ ပာရာဇိကတ် ကျတဲ့ သကဿငန်းဝတ်တွေအကြောင်း ဥပမာပေးတာဖြစ်ကောင်းဖြစ်နိုင်ပာတယ်။ Porn ကြည့်ရုံနဲ့ ဘုန်းကြီးအဖြစ်ရှိနေနိုင်သေးပေမယ့် ဒီပို့စ်မှာပြောထားတဲ့ အခြေအနေမှာ ဘုန်းကြီးမဟုတ်တော့ပာဘူး။
ဒီပို့စ်ကို လက်ခံနိုင်ပာတယ်။

Anonymous said...

Rita ပြောတာလဲဟုတ်သလိုလို
ညီလင်းဆက် ပြောတာလဲဟုတ်သလိုလို

Mg NG said...

ဘုန်းကြီးဝိနည်း လေးစားတာ မလေးစားတာ လေးစားတာ သူ့ အပိုင်းပါ။ လူတွေက ကိုယ်ဘာကိုယ် ဆင်ခြင်ဖို့ လိုပါတယ်။ ဘုန်းကြီး ကိစဘုန်းကြီးတွေပဲ ရှင်းလို့ ရပါတယ်။ပါရာဇိကကျ ဘုန်းကြီး မဟုတ်တော့ထင်ပြီး စော်ကားမိရင် စော်ကားသူပဲ အပြစ်ဖြစ်ပါလိမ့်မယ်။ ( ဗုဒ္ဓဘာသာလို့ ခံယူသူတွေကို ပြောတာပါ။) ဘယ်လိုပဲဖြစ်ဖြစ် သံဃာကို သံဃာ အမှတ်နဲ့ ကိုးကွယ်ရင် ကိုးကွယ်တတ်သူမှာ ကုသိုလ်ဖြစ်ပါတယ်။ ၀ိနည်းမထိမ်းတဲ့ အပြစ်က ဘုန်းကြီးအပြစ်ပါ။ စော်ကားမိရင် စော်ကားတဲ့သူရဲ့ အပြစ်ပါ။
(မင်းတုန်းမင်းလား ပြောသလို) ... ဘုန်းကြီးတွေကို ကတုံးတုန်းပြီး မိန်းမ မယူ၊ ညစာမစား တာနဲ့  ကြည်ညိုနေပြီ.. ဆိုသလို ကြည်ညိုတတ်ရင် စိတ်ထားတတ်ရင် ကုသိုလ်ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ ၀ိနည်းလေးစားပြီး ပရိပတိလိုက်စားတဲ့ ရဟန်းကို ပိုကြည်ညိုသူပါ။ တဖက်စွန်းမရောက် ဖို့ လိုပါတယ်။

Anonymous said...

နဗနပို့ စ်ကို ညွန်းလို့  နဗန ဆိုတာ ပါရာဇိကကျ ထောင်ထွက် ဒေ၀ထွက်လို တဆင်ထောင်ထွက်တဲ့ မိုးပြာရောင်ဂိုဏ်းကို ပြန်ပွားအောင် ကူညီပေးခဲ့တဲ့ ဘလောဂ်ပါ။ သတိထားမိတာ ဘုန်းကြီးတွေ မဟုတ်တာလုပ်တာကို အရသာခံ ရေးတာဝါ သနာပါပုံရတယ်။ ကိုပေါမပါစေနဲ့  လို့  ဆုတောင်းပါတယ်။

ဖိုးတုတ် said...

ဘုန်းကြီး ပြုမိတဲ့ အမူက အာပတ်ဖြေလို.ရတဲ့ အမူက ဖြေလို.ရပေမဲ့ ဗလက်ကာယလို အမူမျိုးဖြစ်လာခဲ့ရင် ဘုန်းကြီးချင်းတင် အာပတ်ဖြေလို.မရပဲ အမူကို ရဲ သို. လွှဲပေးရမှာဖြစ်ပြီး ဘုန်းကြီးဝတ်ချွတ်ပြီး သာမန်လူအနေနဲ.တရားရင်ဆိုင်ရာမှာဖြစ်ပါ
တယ်

အပြစ်ကြီးလေးတဲ့အမူကို ကျူးလွန်တဲ့ဘုန်းကြီးကို ဆက်လက်ပြီး ကိုးကွယ်နေရင် အကျိုးရှိလိမ့်မယ်လို.မထင်ပါ အဲ့ဒီအမူကျူးလွန်တဲ့ ပုဂ္ဂိုလ်ကိုယ်တိုင်က လက်ရှိ ပစ္စပ္ပန်နဲ. သံသရာမှာ သူ.ရဲ့ မကောင်းအကျိုးကိုခံစားရမှာဖြစ်ပါတယ်

ဒါပေမဲ့ ကြည်ညိုတတ် စိတ်ထားတတ်ရင် ကုသိုလ်ဖြစ်တယ်ဆိုသူတွေရဲ့ စိတ်ဆန္ဒကတော့ တစ်ဦးတစ်ယောက်စီရဲ့ ကိုယ်ပိုင်ခံယူချက်ဖြစ်ပါတယ်

ကျွန်တော်ဆိုရင် စာသင်တဲ့ ကိုယ်ရင်ငယ်တွေကို တတ်နိုင်သလောက် သင်္ကန်းလှူပါတယ် စာသင်သား ကိုရင်ငယ်အများစုက ဆင်းရဲကြပါတယ် ကိုရင်ငယ်တွေက ၀ိနည်းကို အပြည့်တော့လိုက်နာနိုင်မှာ မဟုတ်ဖူး ဒါပေမဲ့ အဲ့ဒီကိုရင်တွေကပဲ ဗုဒ္ဓဘာသာစာပေတွေကို ဆက်လက်ပြန်.ပွားနေတယ်ဆိုတဲ့ အသိကြောင့်ပါ ဒါပေမဲ့ ဦးပ္ပဇင်း အရွယ်တွေ က ၀ိနည်းလိုက်နာမူမရှိရင်တော့ ဘယ်လိုမှကြည်ညိုလို.မရနိုင်တဲ့အပြင် မြန်မာ့ ဗုဒ္ဓဘာသာ အသိုင်းအ၀န်းမှာ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်း မရှိပါဘူး

အဲ့ဒီလို ၀ိနည်းမရှိပဲ ပြစ်မူကြီးကျူးလွန်တဲ့ သံဃာတွေကို ဥပဒေအရ အရေးမယူပဲ လွှတ်ထားရင်တော့ ၀ိနည်းနဲ.အညီနေတဲ့ ဘုန်းကြီးလောကသာမက လူ.ဘောင် လောကအတွက်ပါ အမိုက်ဖြစ်နေမှာဖြစ်ပြီး ဗုဒ္ဓဘာသာအဓွန်.ရှည်ရေးကိုပါ အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်

ကျန်းမာရွှင်လန်းပါစေ




MT said...

အပေါ်က အနောနိမတ်ပြောတာ ဟုတ်တယ်။
နဗနက သာသနာဖျက် မိုးပြာဂိုဏ်းခေါင်းဆောင် (ထောင်ကျနေသူ) ဘကြီးဝိဟာရီဆိုသူရဲ့ အောက်ဆွဲပါ။
ကိုပေါ မှားမှာစိုးလို့ သတိပေးလိုက်ပါတယ်။

Anonymous said...

around 1998,officially case in ygn general hospital had been received (but not release to any media) 20 cases per day about that case.any one who had stay near hospital knew about it.we could not see unofficially ...sure more than that

အောင်ကိုကိုထိုက် said...

သိန်းဖေမြင့်ကတော့ တက်ဘုန်းကြီးနဲ့ ကောင်းကောင်းဆော်သွားတယ် ဘောပွဲဒိုင် ၂လုံး ၃လုံး ဒိုင် ကိုင်တဲ့ဘုန်းကြီးတွေ အများကြီးပြည်တွင်းမှာ ညစာဆိုတာတော့ သိက္ခာပုဒ်ထဲမပါသလိုပဲ စားနေကြတာ ရွေတိဂုံဘုရားပေါ်မှာဒကာမတွေကို ကြူနေတဲ့ ဘုန်းဘုန်းတွေအများကြီး ဘုရားရှိခိုးရတာတောင်မဖြောင့်ဘူး

Anonymous said...

@အောင်ကိုကိုထိုက်
ဦးသိန်းဖေ က သူ့ရေးတဲ့ တက်ဘုန်းကြီးထဲမှာ ဘုန်းကြီးကောင်းတစ်ပားမှ ထည့်မရေးမိခဲ့လို့ နောင်တရမိတယ်လို့ ပြောခဲ့ဖူးပာတယ်။ ကောင်းတာနဲ့ မကောင်းတာကို မရောထွေးမိရင်တော့အကောင်းဆုံးပော့။ ဘာသာရေးဆိုတာကို ပြောမယ်ဆိုရင် သတိအရမ်းထားတာမမှားပာဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုပို့စ်မျိုးကတော့ လိုကိုလိုအပ်နေပာပြီ။

Anonymous said...

အော် ကိုပေါလည်း နအဖတွေဘာတွေနဲ့ ပေါ်တင်ကိုချနေတော့တာပါလား
အောက်က စင်ကာပူနိုင်ငံသားဖြစ်ချင်လား ဒါအရင်ဖတ်ဆိုတာကြီး ဖယ်သင့်ပြီထင်တယ်။ သူများတွေလည်းကိုပေါလို ပေါ်တင်စော်ချင်ရှာမှာပေါ့။

Anonymous said...

ကိုကိုဆန်းက ၀ိနည်းကျိုးပေါက်မှုနဲ့  ရာဇ၀တ်မှု သိပ်မှမကွဲသေးပဲ။ (((ဒါပေမဲ့ ကြည်ညိုတတ် စိတ်ထားတတ်ရင် ကုသိုလ်ဖြစ်တယ်ဆိုသူတွေရဲ့ စိတ်ဆန္ဒကတော့ တစ်ဦးတစ်ယောက်စီရဲ့ ကိုယ်ပိုင်ခံယူချက်ဖြစ်ပါတယ်))) ဆိုတာ တော့ "ယောနိသောမနသိကာရ" ဆိုတာဘုရားဟောမဟုတ်ဘူးလား။ အခြေခံအကျဆုံး ဒီစကားလောက်နားလည်ရင်တောင် ဒီလိုပြောထွက်မယ်မထင်ဘူး..

Anonymous said...

@Anonymous August 8, 2010 1:10 AM
ဒီပို့စ်က ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှု တွေကို ရည်ညွှန်းတယ်လို့ ကိုပောကပြောထားပာတယ်။
"၀ိနည်းကျိုးပေါက်မှုနဲ့  ရာဇ၀တ်မှု သိပ်မှမကွဲသေးဘဲ" ဆိုတော့ "သုကဿကဝိသဿသဋဿဌိ သိကဿခာပုဒ္" ဟာ လူတွေအတွက် လုံးဝအပြစ်မဖြစ်ပေမယ့် သံဃာတွေအတွက်ဆိုရင်တော့ သံဃာဒိသဿိသ် အာပတ်သင့်ပာတယ်။ ဒာမျိုးဆိုရင်တော့ ရာဇဝတ်မှုမဟုတ်ဘူးပော့။ ပာရာဇိကကျတဲ့အမှုအထိဖြစ်သွားရင် လူထွက်ခိုင်းလို့ရတယ်။ 'ကာယသံသဂဿဂသိကဿခာပုဒ်' ဆို အမျိုးသမီးကသဘောမတူရင် ရဲမှုပာဖြစ်နေပြီ။ ဒာပေမယ့် သူဟာ သံဃာဒိသဿိသ် အာပတ် သင့်နေတဲ့ သံဃာပဲဖြစ်နေသေးတယ်လို့ ဝိနည်းကဆုံးဖြတ်မှာပဲ။ဓမဿမစက်က အာဏာစက်ထက် မြင့်နေရင်တော့ ရဲကအရေးယူလို့မရဘူး။ သံဃာတွေကပဲ ဝိနည်းအရအရေးယူရမယ်။ ဘာပဲဖြစ်ဖြစ် ရဲမှုဖြစ်လာခဲ့ရင် သံဃာဆိုပြီးချွင်းချန်ခဲ့မယ်ဆို သဘောမတူနိုင်ပာဘူး။

သုကဿကဝိသဿသဋဿဌိ သိကဿခာပုဒ္ := Masterbation
ကာယသံသဂဿဂသိကဿခာပုဒ္ := ဖောက်ပြန်သောစိတ်ဖြင့် မာတုကာမကို ကိုင်တွယ်သုံးသပ်ခြင်း

morris said...

့ "သုကဿကဝိသဿသဋဿဌိ သိကဿခာပုဒ္" ဟာ လူတွေအတွက် လုံးဝအပြစ်မဖြစ်ပေမယ့် (သုကဿကဝိသဿသဋဿဌိ သိကဿခာပုဒ္ := Masterbation ) ကို Anonymous ပြောသွားတာပါ။ အဲ့မှာကျနော်တခုမေးချင်ပါတယ်။
မနောကံဆိုတာကအဲ့နေရာမှာချွင်းချက်ဖြစ်သွားလေရော့သလား ???

Ashin said...

ဘာသာရေးနဲ့ပတ်သက်ပြီး ရှင်း၂လင်း၂ရှိနေတဲ့သူ၊ မှိုင်းမိနေတဲ့သူတွေဆိုပြီး နှစ်မျိုးကွဲပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ (၈၀)ရာခိုင်နှုံးလောက်က မှိုင်းမိနေတဲ့အထဲမှာ ပါပါတယ်။ တော်တော်များများက ကိုယ်ဘယ်ထဲမှာပါတယ်ဆိုတာတောင် မသိရှာကြပါဘူး။ ဒါတွေက ကိုးကွယ်ခံဘာသာရေးဆိုပြီး မဝေဖန်ရဲ၊ မထိရဲကြပဲ အကြောက်လွန်၊ ယုံကြည်မှုနဲ့ ကြည်ညိုမှု လွန်ကဲနေကြလို့ပါ။ ဘယ်ကိစ္စမှာဖြစ်ဖြစ် လွန်ကဲလွန်းတာ ကောင်းကျိုးကို မဖြစ်စေနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အဓိကဘာသာအဖြစ် လက်ခံယုံကြည်ထားတာ ကောင်းပါတယ်။ ဒါပေမယ့် သာသနာ့ဝန်ထမ်းဆိုပြီး ဘာသာသာသနာက သူတို့ကိုပြန်ထမ်းနေရလောက်အောင် ဆိုးရွာလွန်းနေတဲ့ အနေအထားတွေ အရမ်းကိုများလွန်းနေပါတယ်။ ဒီအခြေအနေဟာ ဘယ်လိုလောက (လူ့လောက၊ ဘုန်းကြီးလောက)ကိုမှ မတိုးတက်စေပါဘူး။ ပြောသင့်ပြောထိုက်၊ ဝေဖန်သင့်ဝေဖန်ထိုက်တာကို ပြောနေဝေဖန်နေမှ နေရာတိုင်းမှာ တိုးတက်ပါတယ်။ တခြားကိစ္စတွေကို ဝေဖန်ပြောဆိုနေကြပြီး ဘာသာရေးကို မဝေဖန်ရဲသေးတာတော့ ဗုဒ္ဓဘာသာ(မြန်မာလူမျိုး)တွေရဲ့ အသိဥာဏ်၊ ဝေဖန်ပိုင်းခြားတတ်မှု အားနည်းနေသေးတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဘာသာရေးတစ်ခုကို ယုံကြည်တယ်ဆိုတာ ကိုယ့်ဘဝအတွက် အဲဒီဘာသာရဲ့ အဆုံးအမတွေကို အသုံးချဖို့ပါ။ ခုဗုဒ္ဓဘာသာ (မြန်မာလူမျိုး)တွေဖြစ်နေတာက ဘာသာရေး (သာသနာ့ဝန်ထမ်းတွေ)ရဲ့ အသုံးချခံဖြစ်နေတယ်။ လူတွေကို ဗုဒ္ဓရဲ့ စကားတွေကို တိုက်ရိုက်ကြားစေချင်တယ်။ ဘုန်းကြီးပြောမှ တဆင့်ခံသိရတဲ့ ဘာသာရေးအသိဥာဏ်မျိုးလောက်နဲ့ ဗုဒ္ဓဘာသာဖြစ်နေကြရတာ စိတ်မကောင်းစရာပါ။

Anonymous said...

@morris
ကျွန်တှောဟာ စာသင်သံဃာတှောမဟုတ်ပာ။ လူထဲကလူတစ်ယောက်ဆိုတာတော့ အရင်ပြောထားပာရစေ။
မနောကံဆိုတာကအဲ့နေရာမှာချွင်းချက်မဖြစ်ပာဘူး။ ဘုရားဟောဝိနည်းမှာ လိုအပ်တာမရှိပာဘူး။ချွင်းချက်တွေအားလုံး ပြည့်စုံအောင်ဟောထားပြီးသားပာ။
သုကဿကဝိသဿသဋဿဌိ သိကဿခာပုဒ္ ရဲ့ အနုပညတ္သိကဿခာပုဒ္ မွာ "စေတနာနှင့်တကွဖြစ်သော သုက်လွှတ်ခြင်းသည် သံဃာဒိသိသ်အာပတ် သင့်၏" လို့ဟောထားပာတယ်။
"အိပ်မက်၌ သုက်လွတ်ခြင်းမှတစ်ပား စေတနာနှင့်တကွဖြစ်သော သုက်လွှတ်ခြင်းသည် သံဃာဒိသိသ်အာပတ် သင့်၏" လို့ဖတ်ဖူးပာတယ်။
စေ့ဆှော၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ်သင့်၏။
စေ့ဆှော၏၊ လုံ့လပြု၏၊ မလွတ်အံ့၊ ထုလဿလစဿစဉ်းအာပတ်သင့်၏။
စေ့ဆှော၏၊ လုံ့လမပြု၊ လွတ်အံ့၊ အာပတ်မသင့်။
စေ့ဆှော၏၊ လုံ့လမပြု၊ မလွတ်အံ့၊ အာပတ်မသင့်။
မစေ့ဆှော၊ လုံ့လပြု၏၊ လွတ်အံ့၊ အာပတ်မသင့်။
မစေ့ဆှော၊ လုံ့လပြု၏၊ မလွတ်အံ့၊ အာပတ်မသင့်။
မစေ့ဆှော၏၊ လုံ့လမပြု၊ လွတ်အံ့၊ အာပတ်မသင့်။
မစေ့ဆှော၊ လုံ့လမပြု၊ မလွတ်အံ့၊ အာပတ်မသင့်။
စေ့ဆှောတယ်ဆိုတာ မနောကံပာ။
ဒာဖတ်ဖူးတာတွေဖြစ်ပြီး အတိအကျသိချင်ရင်တော့ ဝိနည်းဓိုရ်ဆရာတှောကြီးတွေကို လျှောက်ထားသင့်ပာတယ်။

morris said...

ဟုတ်ကဲ့ကိုAnonymous၊ခုလိုတကူးတကပြန်ရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဘာရယ်မဟုတ်ပါဘူးဝင်ပြီးအငေါ်တူးလိုက်တာပါ။ဗုဒ္ဓဘုရားရှင်ဟောခဲ့တဲ့တရားတွေက၊ပါရမီရှိရင်တောင်မှသူ့အဆင့်နဲ့သူလိုက်ပြီးနာမှပဲတန်ဖိုးသိတာပါ။သမာဓိရဲ့တန်ဖိုးကိုသမထကိုလေးလေးနက်နက်လေ့ကျင့်မှ၊၀ိပသနာကိုလည်းဝိပသနာလိုလေ့ကျင့်ပြီးတရားတွေအဆင့်ဆင့်နာ၊စာတွေအဆင့်ဆင့်ဖတ်သွားမှသာဆရာတော်ကြီးတဲ့ဟောတဲ့ဗုဒ္ဓရဲ့ဓမ္မတွေကိုခံစားလို့ရမှာပါ။အခြားရွေးစရာမရှိပါဘူး။ဥပမာမုသာဝါဒါကံကိုလိမ်ညာလိုက်ရုံနဲ့ကံမြောက်ပြီလို့ဆိုကြသလို၊သူများကကိုယ့်ရဲ့မုသာဝါဒါကြောင့်အဆိုးမဖြစ်သွားဘူးဆိုရင်ကံမမြောက်ပါဘူးလို့လဲဆိုကြတာသကိုးဗျ..။အဲ့ဒါကကျနော်အတော်အတန်ငယ်တဲ့အချိန်ကာလမှာရှုပ်ထွေးဖူးတာတွေအများကြီးထဲကတခုပေါ့။ တရားလုပ်လာတော့(နဲနဲသာလုပ်သေး၏)အဲ့ဒီမုသာဝါဒဆိုတာဘယ်လိုပဲဋီကာဖွင့်ဖွင့်ကိုယ့်အနေနဲ့ဘယ်လိုစကားဆိုလိုက်ရင်၊မုသာဝါဒကံမြောက်သွားတာလဲ၊ဘယ်ဟာကမမြောက်ဘူးလိုဆိုတာကိုကွက်ကွက်ကွင်းကွင်းကိုသိစေပါတယ်။ဒါကြောင့်ဘယ်ဋီကာကမှန်လဲ၊ဘယ်ဆရာတော်ဟောလိုက်တာကကွက်တိပဲဆိုတာရင်ထဲရောက်လွယ်တာပေါ့လေ..။ဘာသာရေးတခုကိုအကြောင်းပြုပြီးရေးလိုက်တဲ့ပိုစ့်တခုရဲ့အောက်မှာခုလိုရှုပ်ထွေး၊ဒွိဟတွေအများကြီးနဲ့ကော်မန့်တွေစီလာတတ်ပါတတ်သလိုအဲ့ဒီကော်မန့်တွေမှာလဲ.."ဟာ...ဟုတ်လိုက်လေ၊မှန်လိုက်လေချင်းကွာ..အခုမှပဲရှင်းသွားတော့တယ်ဟေ့ "ဆိုတာမျိုးနဲ့အဆုံးသတ်သွားတာမတွေ့ဖူးပါဘူး။မောလို့အဆုံးသတ်သွားကြတာတွေပဲမြင်ဖူးပါတယ်။ဘာသာရေးအကြောင်းဆွေးနွေးပြီဟေ့ဆိုရင်ဆွေးနွေးသူအချင်းချင်းအခံလေးတွေတော့ပါဦးမှ၊ဒီအကြောင်းတွေကထောက်စရာ၊ဒွိဟဖြစ်စရာတွေသိပ်များသကိုးဗျာ၊လိုက်ရှင်းပြနေလည်းပလာတာတွေလိုက်ဝေနေသလိုဖြစ်နေမယ်လို့ပဲထင်မိပါတယ်။ကော်မန့်ကတော့ပိုစ့်နဲ့ရော၊
ကိုAnonymousနဲ့ရောနဲနဲတော့သွေဖီသွားပြီ၊
ဆြာပေါအာရုံနောက်ရင်တော့ဆောရီးဗျာ။အော်...တဆက်တည်း ကိုAnonymous၊ဖောင့်ကဘာဖောင့်လဲမသိဘူးဗျာ ဖတ်ရတာတော်တော်ထောက်တယ်၊ဟို.....ကြွက်အကြောင်းရေးတဲ့ဘလောဂ့်ကအကိုကြီးအတိုင်းပဲ။

morris said...

ဟုတ်ကဲ့ကိုAnonymous၊ခုလိုတကူးတကပြန်ရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ဘာရယ်မဟုတ်ပါဘူးဝင်ပြီးအငေါ်တူးလိုက်တာပါ။
ဗုဒ္ဓဘုရားရှင်ဟောခဲ့တဲ့တရားတွေက၊ပါရမီရှိရင်တောင်မှ
သူ့အဆင့်နဲ့သူလိုက်ပြီးနာမှပဲတန်ဖိုးသိတာပါ။
သမာဓိရဲ့တန်ဖိုးကိုသမထကိုလေးလေးနက်နက်လေ့ကျင့်မှ၊
ဝိပသနာကိုလည်းဝိပသနာလိုလေ့ကျင့်ပြီးတရားတွေအဆင့်ဆင့်နာ၊
စာတွေအဆင့်ဆင့်ဖတ်သွားမှသာဆရာတော်ကြီးတဲ့ဟောတဲ့ဗုဒ္ဓရဲ့ဓမ္မတွေကိုခံစားလို့ရမှာပါ။
အခြားရွေးစရာမရှိပါဘူး။
ဥပမာမုသာဝါဒါကံကိုလိမ်ညာလိုက်ရုံနဲ့ကံမြောက်ပြီလို့ဆိုကြသလို၊
သူများကကိုယ့်ရဲ့မုသာဝါဒါကြောင့်အဆိုးမဖြစ်သွားဘူးဆိုရင်
ကံမမြောက်ပါဘူးလို့လဲဆိုကြတာသကိုးဗျ..။
အဲ့ဒါကကျနော်အတော်အတန်ငယ်တဲ့အချိန်ကာလမှာ
ရှုပ်ထွေးဖူးတာတွေအများကြီးထဲကတခုပေါ့။ တရားလုပ်လာတော့(နဲနဲသာလုပ်သေး၏)အဲ့ဒီမုသာဝါဒဆိုတာဘယ်လိုပဲဋီကာဖွင့်ဖွင့်
ကိုယ့်အနေနဲ့ဘယ်လိုစကားဆိုလိုက်ရင်၊မုသာဝါဒကံမြောက်သွားတာလဲ၊
ဘယ်ဟာကမမြောက်ဘူးလိုဆိုတာကိုကွက်ကွက်ကွင်းကွင်းကိုသိစေပါတယ်။
ဒါကြောင့်ဘယ်ဋီကာကမှန်လဲ၊ဘယ်ဆရာတော်ဟောလိုက်တာက
ကွက်တိပဲဆိုတာရင်ထဲရောက်လွယ်တာပေါ့လေ..။
ဘာသာရေးတခုကိုအကြောင်းပြုပြီးရေးလိုက်တဲ့ပိုစ့်တခုရဲ့အောက်မှာ
ခုလိုရှုပ်ထွေး၊ဒွိဟတွေအများကြီးနဲ့ကော်မန့်တွေစီလာတတ်သလို
အဲ့ဒီကော်မန့်တွေမှာလဲ..
"ဟာ...ဟုတ်လိုက်လေ၊မှန်လိုက်လေချင်းကွာ..အခုမှပဲရှင်းသွားတော့တယ်ဟေ့"
ဆိုတာမျိုးနဲ့အဆုံးသတ်သွားတာမတွေ့ဖူးပါဘူး။
မောလို့အဆုံးသတ်သွားကြတာတွေပဲမြင်ဖူးပါတယ်။
ဘာသာရေးအကြောင်းဆွေးနွေးပြီဟေ့ဆိုရင်ဆွေးနွေးသူအချင်းချင်းအခံလေးတွေတော့ပါဦးမှ၊
ဒီအကြောင်းတွေကထောက်စရာ၊ဒွိဟဖြစ်စရာတွေသိပ်များသကိုးဗျာ၊
လိုက်ရှင်းပြနေလည်းပလာတာတွေလိုက်ဝေနေသလိုဖြစ်နေမယ်လို့ပဲထင်မိပါတယ်။
ကော်မန့်ကတော့ပိုစ့်နဲ့ရော၊
ကိုAnonymousနဲ့ရောနဲနဲတော့သွေဖီသွားပြီ၊
ဆြာပေါအာရုံနောက်ရင်တော့ဆောရီးဗျာ။
အော်...တဆက်တည်းကိုAnonymous၊ဖောင့်ကဘာဖောင့်လဲမသိဘူးဗျာ
ဖတ်ရတာတော်တော်ထောက်တယ်၊
ဟို.....ကြွက်အကြောင်းရေးတဲ့ဘလောဂ့်ကအကိုကြီးအတိုင်းပဲ။

K.Z.Thant said...

@morris
ကျွန်တှော ကွန့်မန့်ဝင်ရေးတဲ့နေရာတွေ အတှောများများမှာ အမြဲလိုလိုလူမှားတတ်ပာတယ်။ ဒီပို့စ်မှာတင် ကိုညီလင်းဆက်ထင်ပြီး August 7, 2010 3:35 PM မှာဝင်ပြောသွားသေးတယ်။
ကျွန်တှောသုံးတာ ဇှောဂျီ ၂၀၀၉ ပာ။ ကိုညီလင်းဆက်လဲ ဒာပဲသုံးလို့ လူမှာတာနေမယ်။
ကျွန်တှော ကြွက်အကိုကြီးမဟုတ်ပာဘူး။ :P
ကိုညီလင်းဆက်တွေ့သွားလို့ နောက်တစ်ခာ လပွတဿတာ မခှောဘဲနေဦးမယ်။ :)

Anonymous said...

ကိုယ်တွေ့အဖြစ်အပျက်တစ်ခုပါ၊ စဥ့်ကူးမြို့နယ်ထဲက တိုက်နယ်အဆင့်ရွာလေးမှာ နေခဲ့ရတုန်းကပါ။ အသက် ၂၅နှစ်ဝန်းကျင် လူငယ်တစ်ယောက် အသက်၁၀လောက်အရွယ် ကောင်လေးကို နေဝင်ရီတရောအချိန်မှာ စာသင်ကျောင်းထဲခေါ်ပီး မဖွယ်မရာလုပ်တဲ့ ကိစ္စပါ။ နားနဲ့မနာ ဖဝါးနဲ့နာ ပြောရမယ်ဆိုရင် ဖင်ချတယ်ပေါ့ဗျာ။ အဲဒီလူငယ်ရဲ့ဖအေက ဘေးရွာက ရယက စာရေးပေါ့။ ကောင်လေးရဲ့အဖေက ရွာမှာတောင်သူတဖက်၊ ဗီဒီယိုရုံတဖက်ပေါ့။ တဖက်နဲ့တဖက်လဲ ရပ်ဆွေရပ်မျိုး မကင်းကြပါဘူး။ ဒါပေသည့်. ကောင်လေးမိဘဆွေမျိုးတွေက ရဲတိုင်ပီးအမှုလုပ်ပါလေရော။ အဲဒီလူငယ်လေးလဲ၊ မန္တလေးကိုထွက်ပြေးသွားပါတယ်။ နောက်မန္တလေးက စစ်တပ်တပ်ရင်းတစ်ခုနဲ့ ဆက်သွယ်ပီး စစ်ထဲဝင်သွားပါတယ်။ နောက်တစ်နှစ်အတွင်းမှာ၊ စစ်ယူနီဖောင်းနဲ့ ရွာကိုပြန်လာပါတယ်။ ရဲကလဲသူ့ကို မဖမ်းတော့ပါ။ ဘယ်သူကမှလဲ၊ သူ့ကိုအမှုမလုပ်ကြတော့ပါ။

စကားမစပ်၊ သံဃာတစ်ချို့ porn ကားကြည့်တာလဲ တကယ်တော့ မဆန်းပါ။ မန္တလေးကဘုန်းကြီးကျောင်းတိုက်တွေနားက ရပ်ကွက်တွေထဲမှာ ပြတဲ့ဗီဒီယိုရုံတွေမှာ သွားကြည့်ရင်သိနိုင်ပါတယ်။ အခုတော့ အပေါ်စက်အောက်စက်တွေ ၊ ဂြိုလ်တုစလောင်းတွေ အလွယ်တကူ ဝယ်နိုင်တဲ့ခောတ် ဆိုတော့ အဘယ်သို့ရှိကြမည် မသိတော့ပါ။ တစ်ချို့သံဃာတွေဆို ညည ဆံပင်အတုတပ်ပီးတောင် အပြင်ထွက်လည်ကြတာမျိုးရှိပါသေးတယ်။ ဘာသာရေးရှုထောင့်ကမကြည့်ပဲ လူမှုရေးရှုထောင့်က ကြည့်မယ်ဆိုရင်၊ တစ်ကိုယ်တည်းသမားတွေက အိမ်ထောင်ရှင်တွေထက် ကိလေသာနဲ့ ငြိစွန်းဖို့ ပိုအခွင့်အလမ်းများမယ်၊ ဖြစ်နိုင်ချေပိုများမယ်လို့ ထင်ပါတယ်။ အားလုံးကိုတော့ မဆိုလိုပါ။

Anonymous said...

မြန်မာပြည်မှာ ဘုန်းကြီးတွေ၊ ဦးဇင်းတွေဆိုရင် အင်မတန် သြဇာရှိကြပါတယ်။ ဘုန်းကြီးဆိုရင် ဒကာ ဒကာမတွေကရော၊ ဘုန်းကြီးကျောင်းသားကပါ ဖိန့်ဖိန့်တုန်နေအောင် ကြောက်ကြရပါတယ်။

where??///
in Ygn?????
I never heard . I lived in Ygn. I born in Ygn. I worked in ygn.

Anonymous said...

Anonymous October 8, 2010 7:46 AM သို့
ဒာဆိုရင်တော့ ခင်ဗျားဟာ ရန်ကုန်ကနေဘယ်မှမရောက်ဖူးတဲ့ သူ။ ဘုန်းကြီးကျောင်းနဲ့ မနီးစပ်သူ ဒာမှမဟုတ် ဘာသာခြားတစ်ယောက်ဖြစ်ပာလိမ့်မယ်။
မသိရင် ဝင်မပြောပာနဲ့။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs