“အကြွင်းမဲ့လော၊ နှိုင်းရလော”

Share |
အကြွင်းမဲ့အမှန်တရား (Absolute Truth) တည်ရှိမှုကို ယုတ္တိယုတ္တာရှိရှိ ကျိုးကြောင်းညီညွတ်စွာ ချေပငြင်းဆိုနိုင်ဖို့ မဖြစ်နိုင်ဘူး။

တစုံတရာကို ဆန့်ကျင်ဖက်ကနေ ငြင်းချက်ထုတ်လိုတဲ့အခါ သင့်ရဲ့အကြောင်းပြချက်မှာ အမှန်တရားပါကြောင်း သက်သေထူဖို့ လိုပါတယ်။

သင့်ရဲ့ ချေပချက်ဟာ အကြွင်းမဲ့အမှန်တရားပေါ်မှာ အားထားနေရသရွေ့ သင်ဟာ အကြွင်းမဲ့အမှန်တရားမရှိဘူးဆိုတဲ့ဖက်က ငြင်းဆိုဖို့ မဖြစ်နိုင်။

အကြွင်းမဲ့အမှန်တရားဆိုတာမရှိ၊ နှိုင်းရအမှန်တရား (relative truth) သာရှိတယ်” လို့ ကြွေးကြော်သူများကို နှိုင်းရ၀ါဒီ(relativist)တွေလို့ ခေါ်ဆိုပါတယ်။ နှိုင်းရ၀ါဒီများရဲ့ လက်သုံးစကား ငြင်းတမ်းများနဲ့ အဆိုပြုချက်တွေကို ကြည့်ရှုလိုက်ကြရအောင်။

အကြွင်းမဲ့ခြင်း(Absolute)ဆိုတာ မရှိပါ”…..။

နှိုင်းရ၀ါဒီတွေဟာ အကြွင်းမဲ့ခြင်း ဆိုတာ မရှိပါဘူးလို့ ပထမဦးဆုံးအနေနဲ့ အခုလို ယတိပြတ် အဆိုပြုလိုက်ပါတယ်။ ဒါပေမယ့် အဲဒီပြောကြားချက်ကိုတော့ အကြွင်းမဲ့မှန်ကန်တဲ့ ပြောကြားချက်ရယ်လို့ လူအများကို ယုံကြည်စေချင်ပုံ ရသေးတယ်။ ဒါဆိုရင် အကြွင်းမဲ့ အဆိုပြုချက်(absolute statement)သဘော သက်ရောက်နေတဲ့အတွက် ရှေ့နောက်မညီဘဲ ကမောက်ကမဖြစ်နေပါတယ်။

တကယ်လို့ ဒီအဆိုဟာ မှန်ကန်ခဲ့မယ်ဆိုရင်လည်း…. အကြွင်းမဲ့ခြင်းဆိုတာ အခုတော့ရှိသွားပါပြီ…. လို့ ယူဆလိုက်ရတော့မှာ ဖြစ်ပါတယ်။

နောက်တမျိုးက “အမှန်တရားဆိုတာ နှိုင်းရတရားပဲ”……..သည်လိုလဲ ပြောတတ်ကြပြန်တယ်။

ဒီစကားဟာလည်း “အမှန်တရားဆိုတာ ဧကန်မုချ နှိုင်းရတရားဖြစ်တယ်”ဆိုတဲ့ အဓိပ္ပါယ်နဲ့ တပ်အပ်ကြီး ပြောချင်နေတာဖြစ်တဲ့အတွက် အကြွင်းမဲ့မှန်ကန်တဲ့အဆိုတခုအဖြစ် အတင်းလက်ခံခိုင်းရာ ရောက်မနေပြန်ပါလား။ အကြွင်းမဲ့ခြင်း မမဲ့ခြင်းကို အသာထားလို့….. အဲသည်အဆိုဟာ တကယ်ပဲ မှန်ကန်တယ်လို့ ခဏလောက်ဖြစ်ဖြစ် အစမ်းသဘော ယူဆလိုက်ကြပါစို့ရဲ့။

ဒါဆိုရင် အဲဒီအဆိုပြုချက်အပါအ၀င် အရာရာတိုင်းဟာ နှိုင်းရသဘော ရှိနေတယ်လို့ ယူဆရတော့မှာ ဖြစ်ပါတယ်။ နှိုင်းရသဘောရှိပြီဆိုတဲ့နောက်မှတော့ အဲဒီအဆိုပြုချက်ကိုယ်တိုင်ဟာလည်း အမြဲတစေ မမှန်ကန်နိုင်ဘူးလို့ အဓိပ္ပါယ်ထွက်လာပါတယ်။

“အမှန်တရားဆိုတာ နှိုင်းရတရားပဲ”ဆိုတဲ့ စကား အမြဲ မမှန်နိုင်ဘူးဆိုရင် “တခါတရံမှာ အမှန်တရားဟာ နှိုင်းရတရားမဟုတ်ဘူး” လို့ ပြောရင် မမှားဘူးပေါ့။ အဲဒါဆိုရင်လည်း နောက်ဆုံးမှာ “အကြွင်းမဲ့အမှန်တရား ဆိုတာ ရှိတယ်” ဆိုတဲ့ အဓိပ္ပါယ်ပဲ ပြန်ထွက်လာတော့တာပါပဲ။ အထက်ပါ လော့ဂျစ်နည်းအတိုင်း လိုက်လံစဉ်းစားမယ်ဆိုရင် နှိုင်းရ၀ါဒီတွေရဲ့ အဆိုပြုချက်၊ ငြင်းချက်တွေဟာ အမြဲတစေ ရှေ့နောက်မညီ၊ ကမောက်ကမ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

အမှန်တရားဆိုတာ ဘာလဲ ဘယ်သူသိနိုင်မလဲ၊ မဟုတ်ဘူးလားဗျာ

ဒီစကားကို ကြည့်ရင် အဆိုရှင်ဟာ မည်သူမျှ အမှန်တရားကို မသိနိုင်ဘူးလို့ ပြောတုန်းက ပြောခဲ့ပြီး တချိန်တည်းမှာပဲ နားထောင်နေသူများဖက်လှည့်ပြီး သူ့အဆို မှန်ကန်ကြောင်းကို အတည်ပြုပေးဖို့ တောင်းဆိုနေပြန်ပါတယ်။

အမှန်တရားဆိုတာ ဘာလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး”….. လို့ ပြောတဲ့သူဟာလည်း သူ့အဆိုကိုကျတော့ မှန်ကန်တယ်လို့ သူ့ဘာသာယုံကြည်နေတာ အတိုင်းသားပေါ်လွင်နေပါတယ်။

အချို့သော ဒဿနဆရာတွေဟာ သူတို့တပည့်တွေကို သင်ကြားပို့ချတဲ့အခါ…. “ မည်သူတဦးတယောက်ရဲ့ အတွေးအခေါ်ကမျှ အခြားမည်သူတဦးတယောက်ရဲ့ အတွေးအခေါ်ထက် သာလွန်တယ်ဆိုတာ မရှိ။ အမှန်တရားမှာ အဆင့်အတန်းတွေ၊ တန်ဘိုးတွေမရှိ။ လူတယောက်ရဲ့ အမြင်ဟာ အခြားလူတယောက်ရဲ့ အမြင်ကဲ့သို့ပဲ ခိုင်လုံတယ်။ ငါတို့အားလုံးမှာ ငါတို့ကိုယ်ပိုင် အမှန်တရားတွေ ရှိတယ်” လို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မကြာခင်မှာဘဲ ကိုယ့်တံတွေးကိုယ်ပြန်မြိုကာ အဖြေလွှာစာရွက်တွေကို ဂရိတ်တွေ ခွဲခြားသတ်မှတ်တာလည်း အဲသည်ဆရာတွေပါပဲ။

အလားတူပဲ… ကြားရလေ့ရှိတဲ့ နောက်ထပ်တမျိုးက “မှားတယ်၊ မှန်တယ် ဆိုတာ မရှိဘူး” ဆိုတဲ့စကား။ ဒါဆိုရင် ပြန်မေးလိုက်ပါ။ အဲသည် အဆိုကိုယ်၌ကရော မှားသလား၊ မှန်သလား ဆိုတာကိုပေါ့။

နှိုင်းရသမားတယောက်ဟာ အမှားတခုကို မှားမှန်းသိသိကြီးနဲ့ ကျူးလွန်နေတာကို သင်က လက်ပူးလက်ကြပ်မိလို့ မှားနေကြောင်း ထောက်ပြတဲ့အခါ သူတို့ဟာ ဒေါသတကြီးနဲ့ တုန့်ပြန်နိုင်ပါတယ်။

အမှန်တရားဆိုတာ နှိုင်းရတရားပဲ။ လောကကြီးမှာ လုံးဝ မှန်တယ်၊ မှားတယ်ဆိုတာ မရှိဘူး။ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ခွင့်ရှိတယ်” လို့ ပြန်ဖြေပါလိမ့်မယ်။

သူပြောတဲ့အတိုင်းမှန်တယ်ဆိုပါစို့။ လောကကြီးမှာ မှားတယ်၊ မှန်တယ်ဆိုတာမရှိဘူး။ လူတိုင်း ကိုယ်နှစ်သက်ရာ လုပ်နိုင်တယ်ဆိုရင် သွားပြောတဲ့သူကို သူတို့ ဘာကြောင့် ဒေါသထွက်ကြပါသလဲ။

ကျနော်တို့အားလုံးဟာ အကြွင်းမဲ့အမှန်တရားရှိတယ်ဆိုတာကို သိကြတယ်။ မရှိဘူးလို့ ငြင်းချက်ထုတ်လေလေ၊ ၄င်းရဲ့ တည်ရှိမှုဟာ ပိုမိုထင်ရှားခိုင်လုံလာလေလေ ပါပဲ။

နှိုင်းရအမှန်တရားဆိုတဲ့ အယူအဆဟာ သဘောတရားရေးရာအရ ရှေ့နောက်မညီတဲ့ အယူအဆတခုသာဖြစ်ပါတယ်။

တကယ်တော့ ကမ္ဘာလောကကြီးဟာ အကြွင်းမဲ့အမှန်တရားတွေ (ဓမ္မ) တွေနဲ့ ပြည့်နှက်နေပါတော့တယ်။

(အင်တာနက်ပေါ်က ဖတ်မိတာလေးကို တစိတ်တပိုင်း ကောက်နှုတ်ဘာသာပြန်လိုက်တာပါ။ အတိအကျ ပြန်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ မူရင်းကို ဒီမှာ သွားဖတ်နိုင်ပါတယ်။)

25 comments:

Bino said...

What a nice post!
I will go and read as per your link.
I am a man who is looking for universal truth.
Still not yet clear.

" AT ALL TIME CHANGED"

is universal truth that I thought.
Thank you for your link.

Bino

khin oo may said...

မူးသွားဒယ်။

yehtutnaung said...

ကျွန်တော် နည်းနည်းကွန့် ချင်တယ်ဗျ။ နှိုင်းရအမှန်တရား အတည်ပြုဖို့ အတွက် အဆိုပြုချက်ဟာ "..ဒါဟာ မှန်တယ်.." အကြွင်းမဲ့အမှန်တရားလို့  ယတိပြတ် ကောက်ချက်ချလို့  မရဘူးထင်တယ်ဗျာ။ ဘာကြောင့်လဲဆိုတော့ အကြွင်းမဲ့အမှန်တရားသည် အခိုက်အတန့်  (အဆိုပြုချက်ကို စည်းဝေးနေတဲ့ လူအရေအတွက်ပေါ် မူတည်ထား၍ ရလာသော ရလဒ်) အမှန်တရားသာ ဖြစ်တယ်လို့ ထင်တယ်။ ပတ်ဝန်းကျင်၊ လူ၊ စတာတွေ ပြောင်းလဲလာသည့်နှင့် အကြွင်းမဲ့အမှန်တရားသည် ပိုပြီး ယိုင်နဲ့ လာပြီး နှိုင်းရ အမှန်တရားသည်သာ ပိုရပ်တည်နိုင်လာလိမ့်မယ်လို့  ထင်ပါတယ်။ နောက် ကျွန်တော် မြင်တာက အကြွင်းမဲ့အမှန်တရားသည် တဖက်ပိတ် အရာ၊ နှိုင်းရမဲ့အမှန်တရားသည် နှစ်ဖက်ဖွင့် အရာလို့  ထင်မြင်ပါတယ်ဗျာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ဗျာ အခုလို မျှဝေတာ။ :)

Nge Naing said...

ကိုပေါ
အမှန်တရားဆိုတာ သစ္စာ လေးပါးကလွဲပြီး ဘာမှမရှိဘူး ကျန်တာတွေက ပညတ်တွေသာ ဖြစ်တယ်လို့ ဘုရားဟောထားတာ ရှိပြီးသားပါ။ သစ္စာလေးပါးကလွဲရင် အမှန်ဆိုတာ မရှိပဲ ကျန်တာတွေအကုန်လုံးက သတ်မှတ်ခေါ်ဝေါ် ခံယူနေလို့သာ ဖြစ်နေ၊ ရှိနေရတဲ့ ပညတ်ချက်တွေ ဖြစ်ပြီး လူတွေက ဒီအတိုင်း မသတ်မှတ်တော့တာနဲ့ ဒါတွေ ဘာမှ ရှိနေဖြစ်နေတော့မှာမဟုတ်ဘူးလို့ ဘုရားဟောထားတဲ့ အချက်က စမ်းသပ်စရာတောင် မလိုပဲ တွေးကြည့်ရင်တောင် သိနိုင်ပါတယ်။ ဥပမာ ၀က်သားကြိုက်တဲ့သူအတွက် ၀က်သားထက် ကောင်းတဲ့အသား ဘာမှမရှိဘူးလို့ ပြောပါလိမ့်မယ် ဒါပေမယ့် မူစလင်တွေ အသီးအရွက်ကိုသာ စားတဲ့သူတွေအတွက်ကျတော့ ၀က်သားဟာ သူတို့အတွက် ဘာမှ အဓိပ္ပါယ် ရှိမှာမဟုတ်ဘူး။ တချိန်က ၀က်သားကို အကြိုက်ဆုံးအသားအဖြစ် နှစ်နှစ်ခြိုက်ခြိုက်ကို စားသုံးလာတဲ့ ကျွန်မကိုယ်တိုင်တောင် ကျန်းမာရေးအတွက် ၀က်သားဟာ မစားအပ်တဲ့အသားလို့ ယူဆပြီး ရှောင်ရာကနေ အခုဆိုရင် လုံးဝကို အနံ့ခံလို့ မရတော့ဘူး။ ဆိုလိုတာက ကြိုက်ခြင်းမကြိုက်ခြင်း၊ လိုချင်ခြင်း၊ မလိုချင်ခြင်းဆိုတာတွေ အားလုံးက လူပုဂ္ဂိုလ် တဦးချင်းစီရဲ့ သတ်မှတ်ချက်သာ ဖြစ်ပြီး အခုကြိုက်တယ် တော်ကြာမကြိုက်တော့ဘူး ဆိုပြီး ဖေါက်လည်း ဖေါက်ပြန်တတ်တဲ့ အရာတွေ ဖြစ်လို့ အမှန်တရားမဟုတ်ပါဘူး အမှန်တရားဆိုတာ သစ္စာတရား ဖြစ်လို့ အမြဲမှန်နေတာ ဘယ်တော့မှ မဖေါက်ပြန်တတ်ဘူး။ ကျွန်မ တခြားဘလော့ဂ်မှာ ပေးဖူးတဲ့ မှတ်ချက်တခုရဲ့ တစိတ်တဒေသကို ကူးလာပြီး ပြန်ထည့်ပေးလိုက်တာ ဖြစ်တယ်။

Bino said...

Ko Paw,
I already read it (Philosophy all about, Absolute Truth).
And explored more.
I fleshed back in my childhood.
About 1971, When I was a high school student I read a noble (Yar Hu Lar Than Kate See's "Sate Tra Le Khar", translated by Paragu.
(DON'T LAUGH ME ABOUT SPELLING)
After read I accepted what is real truth. The truth can change when time changed.
Now I am working with all Muslim people who prayed 5th time per day.
They believed their God and everything are happening according to Allah's desire.
I never believe any God any anybody even I am a traditional Buddhist.
I believed myself.

Anyhow, I am waiting other comment.

Bino said...

RELATION WITH LIFE

Who is right.
Who is wrong.
They passed through their background.

Don't be said I am always right.

Bino

Dr. Yi Yi Win said...

လောကမှာအကြွင်းမဲ့ အမှန်တရားရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ “မှန်ခြင်းမှားခြင်း တို့ သည် မိမိတို့ ယုံကြည်သည့်အတိုင်းဖြစ်သည်(relative truth)”
အမှန်တရားဟာ နိုင်းရဖြစ်တယ်ဆိုတာ အကြွင်းမဲ့မှန်ကန်ခြင်းကြောင့်ဖြစ်ပါတယ်။

khet myint myint said...

နှစ်ခေါက်လောက်ပြန်ဖတ်မှ ရေးရေးလေး နားလည်သွားတယ်။ ဦးပေါလိုမျိုး အများနားလည်အောင် ရေးတတ်ချင်လိုက်တာ။ ကျွန်တော်သာဆို စာအထားအသို မထားတတ်တာနဲ့တင် ဆိုလိုချင်တဲ့ အဓိပ္ပာယ်ပေါက်တော့မှာ မဟုတ်ဘူး။
ဒါနဲ့ တနေ့ ပိုစ့် တပုဒ်နှုန်းလောက်ကို တင်နေပါလား။
cheers...

Anonymous said...

so..
what's your point..?
just copy and paste from others to get people attention to you..?

Anonymous said...

to above anonymous, since u dun like his blog, why bother visiting this? this is sharing.its nth related to getting attention.ppl r really funny..

K

Anonymous said...

thanks for post..interesting


K

Anonymous said...

Oho...it's not a surprise!!!

Ko Paw, perhaps, you are not only victim of politic/myanmar affairs, you are the one looking for, may be, thinking of truth, probably the absolute truth. I was wondering all your past, present performance might come from this.

I love this post by any mean coz it's was a unique one among your other posts showing you are the Free Thinker. Great!!!

Absolute Truth..

After reading this post, I can't just leaving here without sharing anything of mine that those might be related to or not.

In 2006, I was in a mediation center watching my mind continuously with an effort enough not to miss a single mind at every moment.

After 5 days later, I started seeing that the mind are coming one by one, one after another. Then I noticed that every mind has different/unique characters, abilities and own performance. But it's a strange thing that I noticed again they all have some common properties as well.

One of them is always trying (calling) to be the next mind happened, before it gone.

As I noticed that part(calling part of a mind)of mind before it gone/destroyed...do you know what is happened?

No next mind is coming/happening...it was a shock. Then after a while, I understood that "Time" is just a fake. Time is a matter of continuous mind.

When you don't have a chance to be happening the next consecutive mind, how are we going to talk about Time? How you can reference the Time. Time is a lie or just a RELATIVE TRUTH.

But the point is, I can not say knowing "Time is a relative truth" can help us of knowing Absolute Truth. I don't know.

Anyway, I shared my experiences as in return of your openness.

သတိ said...

အားလုံးသတိ

တယ်လဲဗဟုသုတရပါတယ် ကိုပေါရေ… ဆောင်းပါးကကျေးဇူးတင်စရာ ကောင်းသလို စဉ်းစားေ၀၀ါးစရာလည်း ကောင်းပြန်ရောဗျ..

လောကမှာ ကာလဒေသမရွေး မှန်နိုင်တဲ့ အကြွင်းမဲ့ အမှန်တရားနဲ့ ကာလဒေသနဲ့ မှန်နိုင်တဲ့ အမှန်တရားဆိုပီး ရှိနေတယ်လို့ မောင်သတိလေ့လာဖူးပါတယ်ခင်ဗျ.. ဒါပေမဲ့ လူတိုင်းဟာ ကာလဒေသထဲမှာပဲ သက်ရှင်နေထိုင်ကြသူတွေဆိုတော့ဗျာ.. သူတို့ရဲ့ အမြင်တွေ ယုံကြည်မှုတွေက အဲဒီကာလဒေသ အမှန်တရားလောက်ပေါ်မှာပဲေ၀၀ါးယိမ်းယိုင်ပီး ဒါကိုပဲ ယုံကြည်.. ဒါအတွက်ပဲ ပြောကြဆိုကြ ငြင်းကြ ခုန်ကြ ဘလော့တွေရေးကြပေါ့ဗျာ.. ဟီးဟီး..

ဘာမှမတည်မြဲဆိုတဲ့ အကြွင်းမဲ့အမှန်တရားတစ်ခုကို မျက်ကွယ်ပြုလို့ လူသားတိုင်းရဲ့ ပန်းတိုင်တွေ.. ယုံကြည်ချက်တွေက ကာလဒေသ အမှန်တရားထဲက ဦးတည်ချက်ပန်းတိုင်တွေချည်း ဖြစ်နေတော့လည်း ဦးတည်ချက်ကိုက အကြွင်းမဲ့ အမှန်တရားတွေနဲ့ လွဲနေပြန်ရောလို့ ထင်ပါတယ်..

ဒီတော့လည်း အကြွင်းမဲ့ အမှန်တရားတွေနဲ့ ပြည့်နေတဲ့ လောကကြီးထဲက ပြားလိုက်လုံးလိုက်ဖြစ်နေတဲ့ ကမ္ဘာပေါ်ကလူတွေဟာ အကြွင်းမဲ့အမှန်တရားတစ်ခုဖြစ်တဲ့ အကြွင်းမဲ့အမှန်မရှိပါဆိုတဲ့ အချက်တွေနဲ့သာ ယဉ်ပါးလို့.. ကဲ.. မောင်သတိတို့.. ကိုပေါတို့ရော.. တခြား အကိုတွေအမတွေရော ယုံကြည်မှုတွေအတွက် ပြောခဲ့ဆိုခဲ့ ပြောလိုက်ဆိုလိုက် ရင်းနဲ့ပဲ.. ဟားဟား… ကမ္ဘာတောင် နောက်တစ်ခေါက်ပြန်ပြားတော့မယ် ထင်ပါ့ဗျို့..

အင်း.. ကိုရေးထားတာ ကိုတောင်ပြန်ဖတ်ရင်း မူးချင်လာတယ်.. ဟီးဟီး..

အားလုံးသက်သာပါဗျာ
မောင်သတိ

Anonymous said...

That's why...
Try to have fun and laugh..
To read all blogs loor...
Nothing more ...to except...

Anonymous said...

soory..To expect...

Thant said...

အကြွင်းမဲ့လော၊နှိုင်းရလော တစ်ခါမှ မတွေးမိခဲ့ဖူးဘူး ။ ကိုပေါရဲ့ post ကိုဖတ်ပြီး စဉ်းစားလာတာ Nge Naing ရဲ့ comment မှာ စဉ်းစားစရာက လမ်းဆုံးသွားတယ် ။ Thanks for sharing.

Tin said...

I don need to drink today. After reading this post I got drunk.
Thanks for nothing but the truth.
Either Relative truth or Absolute Truth. :-))

မောင်လမ်းသစ် said...

ကိုပေါ
ကျုပ် ရေးထားတဲ့ comment တွေ ဘာအတွက်၊ ဖျက်ပစ်ရတာလဲ ခင်ဗျ။ ဆဲတာ ဆိုတာ၊ ရုပ်ရင်း ကြမ်းတမ်းသော စကားလုံးများလဲ မပါပါဘူး။ပြန်လည် ဖြေရှင်း ပေးပါ။

ကိုပေါ said...

မောင်လမ်းသစ်…. ဘယ်ကွန်မင့်ကိုမှလည်း မဖျက်ရပါလားဗျာ။ စွတ်စွတ်စွဲစွဲ။ ကျနော့်ဘလော့ဂ်မှာ အခုအချိန်အထိ ဘယ်ကွန်မင့်ကိုမှ မဖျက်ဘူးပါဘူး။ မိတ်ဆွေတင်တုန်းက မတက်လို့များလား။ သေသေချာချာလည်း တင်ကြည့်ပါဦး။

ကိုပေါ said...

မောင်လမ်းသစ်….. ခင်ဗျားပြောတဲ့ ကိစ္စကို ကျနော်အလေးအနက်ထားတဲ့အတွက် ပြီးခဲ့တဲ့ ပို့စ်တွေမှာ ကျနော် မတော်တဆ မှားဖျက်မိလေသလားလို့ လိုက်ရှာကြည့်တယ်။

အဲဒီအခါ “စောင့်လေမျိုးနွယ်” ဆိုတဲ့ ပို့စ်မှာ ခင်ဗျားရဲ့ ကွန်မင့်မရှိတော့တာကို တွေ့ရတယ်။ အဲသည်မှာ ပေါ်နေတဲ့ Message က “This post has been removed by the author. ” တဲ့။ အဲဒီ message မျိုးက ပုံမှန်အားဖြင့်တော့ ဘလော့ဂ်ကို ကွန်မင့်လုပ်တဲ့လုပ်က သူ့ဘာသူ ပြန်ဖျက်သွားမှ ပေါ်လေ့ရှိတယ်။

တကယ်လို့ ကျနော်က ဘလော့ဂ်ပိုင်ရှင်အနေနဲ့ ဖျက်တာဆိုရင် “This post has been removed by a blog administrator. ” လို့ပဲ ပေါ်တယ်။

သေချာအောင် ကျနော့်ဘလော့ဂ်ရဲ့ ပထမဦးဆုံးပို့စ်မှာ ကျနော်သွားပြီး စမ်းသပ်ကြည့်ပြီးသွားပြီ။

ဒီတော့ မိတ်ဆွေကွန်မင့်ကို ကျနော်ဖျက်တာ မဟုတ်ဘူးဆိုတဲ့အကြောင်း ထပ်လောင်း ရှင်းပြလိုက်ပါတယ်။

နောက်တချက်က ကျနော့်ဘလော့ဂ်မှာ ဘယ်လိုပင်အမြင်မတူပါစေ (ကြမ်းရင်ကြမ်းတမ်းပါစေ)… ဘယ်ကွန်မင့်ကိုမှ မဖျက်ဘူးဆိုတာ အာမခံပါတယ်။ ချွင်းချက်တခုတော့ရှိတယ်။ တစုံတယောက်ရဲ့ မဆိုင်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖွင့်ချတာမျိုးဆိုရင်တော့ တဖက်လူထိခိုက်လောက်အောင်ဖြစ်ရင် အဲသည်ကွန်မင့်ကိုတော့ အသိပေးကြေညာပြီး ဖျက်ပါတယ်။

မောင်လမ်းသစ် said...

ကျုပ်လဲ ပြန်မဖျက်ဖူးဗျ၊ ဘယ်လို ဖြစ်တာ ပါလိမ့်

မောင်လမ်းသစ် said...

သိသလောက်ပြောရရင် တစ်ကယ်လို့ ဖျက်ရင်တောင် ချက်ချင်း ပြန်ဖျက်မှ ရတယ်မှတ်တယ်. browser ပိတ်ပြီးရင် ဖျက်လို့ မရတော့ဘူး၊ အခုဟာ က ကျွန်တော့ ကော့မက်တွေက နေ့တောင် ကူးပြီးပြီးလေ

Anonymous said...

Why So Confusing ...

For your accidental mistake...

Write new one loor....

Why wasting time..wondering...?

wanker said...

စောက် ပေါ၊၊၊,မင်း မေစောက်ပတ် ငါလိုးလား

Anonymous said...

To Wanker, တော်တော်အဆင့်အတန်းရှိတဲ့မြန်မာလူမျိုးလို့ထင်ပါတယ်၊ အတော်ယဉ်ကျေးပါပေတယ်၊

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs