တယောက်က
တိုင်းပြည်ကြီးကို လက်ညှိုးထိုးပြီး
ရောင်းစားသူ။
နောက်တယောက်က
တိုင်းပြည်ကြီးအား လက်ညှိုးထိုးပြီး
တောင်းစားသူ။
ကျန်တယောက်ကား
တိုင်းပြည်ကြီးအား လက်ညှိုးထိုးပြီး
ပေါင်းစားသူ။
ပထမလူ
နှိပ်စက်မူ၍
ပြည်သူအပေါင်း
ထောင်းလမောင်းကြေ ဟောင်းလောင်းခွေ။
ဒုတိယလူ
ဆန်တောင်းထူ၍
ပြည်သူများတွင်
လူစင်စစ်က မျောက်ဖြစ်ရ။
တတိယလူ
ပေါင်းစားသူကား
ရောင်းသူထံပါး
သူခစားလိုက်
တောင်းစားလိုက်ဖြင့်
အလိုက်မျိုးစုံ
သူအကုန်သိ
ပညာရှိယောင်
ဂျာနယ်ထောင် အဲလေ နားရွက်ထောင်၍
ဟိုပေါင် ဒီပေါင် ကပ်သတည်း။
-ဆားတုံးဘလော်ဂါအရှော်-
မုံလာ ချဉ်ဖတ် ပဲတီချဉ် တည်နည်း
1 hour ago



9 comments:
ပညာရှိယောင်
ဂျာနယ်ထောင် ဆိုပါလား ????
ကိုယ်မကြိုက်တဲ့လူဘဲ ရွေးတွေးသွားတယ်.. "မဆလ လမ်းစဉ်ပါတီဥက္ကဌကြီးရဲ့ နာမည် " နဲ့စပြီး နောက်မှာ " မောင်" နဲ့ ဆုံးတဲ့လူပေါ့..ဟင်း..ဟင်း
ပညာရှိယောင် blogထောင် တဲ့လူေ၇ာ ပေါ့..ဟင်း..ဟင်း
လူယုတ်ကြီးတွေ အကြောင်းပေါ့
ကောင်းတယ်ဗျာ ဖတ်ရတာလဲညက် ရီလဲရီရ မှန်လဲမှန်
ကိုပေါရဲ့ ကဗျာတွေ မိုက်တယ်ဗျာ....
မလိမ္မာဘူး....
:P
"မကောင်းသူသုံးယောက်"
ဆိုတော့..ကိုပေါကဘယ်ထဲမှာပါတုန်း
ပြောပြပါဦးဗျာ...
>>>>ကိုပေါကဘယ်ထဲမှာပါတုန်း
ပြောပြပါဦးဗျာ...<<<<
အိမ်သာထဲမှာပါ... အဟဲ။
“လက်ညှိုးထိုးပြီး
ပေါင်းစားသူ။” လူတန်းစားအသစ်အဆန်းပါလားဗျို့ ။ လက်ညှိုးထိုးပြီး ပေါင်းလို့ ရလား။ သာပေါင်း ညာစား ပဲကြားဖူးတာလားလို့ :)
>>>>ကိုပေါကဘယ်ထဲမှာပါတုန်း
ပြောပြပါဦးဗျာ...<<<<
>>>>အိမ်သာထဲမှာပါ... အဟဲ။<<<<<
မှားပါတယ်။ ထမင်းစားရင်း ဖတ်မိတာကိုက ငါ့အပြစ် :P
fighting each other can get any good result for country and ourselves?
Post a Comment