“အမြင်မကျယ်လွန်းလို့”

Share |
မိုးကုပ်စက်ဝိုင်းကနေ ရုပ်ရှင်ပိတ်ကားပေါ်….
ပိတ်ကားကနေ တီဗီဖန်သားပြင်ပေါ်….
တီဗီကနေ ကွန်ပြူတာ မော်နီတာပေါ်….
မော်နီတာကနေ လက်ကိုင်ဖုန်းပေါ်….
သြော်…ငါ့မြင်ကွင်းတွေ ကျဉ်းကျဉ်းလာခဲ့ပေါ့။
နောင်ဆယ်နှစ်ဆိုရင် ကမ္ဘာကြီးကို အပ်နဖားပေါက်ထဲက ချောင်းကြည့်ရတော့မယ်ထင်တယ်။

10 comments:

ချစ်ကြည်အေး said...

မှန်ထာဗျာ.....:D

Moe Tain Nyo said...

ဟုတ်ပါ့ဗျာ။ ကျွန်တော်လည်း ဒီလေးထောင့် ပုံးလေး ရှေ့မှာ ကျွန်တော့်ဘ၀ရဲ့ အချိန် သုံးပုံနှစ်ပုံလောက် သုံးရမယ်လို့ ဘယ်တုံးက မှ မတွေးမိဘူး။

Anonymous said...

http://www.temasekreview.com/2010/01/14/myanmar-national-with-poor-command-of-english-working-as-accounts-executive-in-singapore/




ကိုပေါနဲ့ ကိုမျိုးမြင့်မောင် တို့ရဲ့ အမြင်လေးတွေကို အထက်ပါဘလော့မှာ ၀င်ရောက်ကွန်မန့်ပါ ဆွေးနွေးပါလို့ တောင်းဆိုပါရစေ....ကိုပေါနဲ့ ကိုမျိုးမြင့်မောင် တို့နှစ်ယောက်ဟာ ကောင်းကောင်းကြီးခြေပ ပြောဆိုဆွေးနွေးနိုင်မယ်လို့ ယုံကြည်ပါတယ်...။

Anonymous said...

ဆောင်းပါးရှည်ကနေ..ဆောင်းပါးတို၊
ဆောင်းပါးတိုကနေ..ကဗျာလိုလို..
အရေးအသားတွေ ကျစ်လစ်လာလိုက်ပုံများ
မြင်ကွင်းတွေသာကျဉ်းကျဉ်းသွား.....
အမြင်တွေကတော့..ကျယ်ကျယ်လာသဗျို.....။

မိတ်ဆွေတစ်ဦး

တောင်ပေါ်သား said...

ဟုတ်ပါ့ အကိုပေါရေ အမြင်တွေ ကျဉ်းလာပြီ လူတွေလဲ တဖြေးဖြေး အမြင်ကျဉ်းပေမဲ့ စိတ်ဓတ်လေးတွေ မကျဉ်းကြဖို့ပဲ ဆုတောင်းနေမိတယ်


လေးစားလျက်
တောင်ပေါ်သား

ATN said...

အင်း
နောက်အနှစ်၂၀ ဆိုရင် ခုထက် မျက်စေ့တွေ ပိုမှုန်နေပြီ ထင်တယ် ညီရေ့...
ချောင်းကြည့်သည့်တိုင် ဘာမှမြင်ရနိုင်မယ် မထင်ဘူး...း(

khin oo may said...

လုလျုချင်းကော စကားမှ ပြောတတ်ပါတော့မလားမသိ.။

မေဓာဝီ said...

မှန်လိုက်လေ ကိုပေါ ...
မြင်ကွင်းတွေကျဉ်းသွားတာဟာ အမြင်ကျယ်တာလား ...။ လောလောဆယ်တော့ ကွန်ပျူတာနဲ့တွင် မျက်စိအတော်မှုန်နေပြီ။ အပ်နဖားပေါက်ကနေ ချောင်းမကြည့်ပါရစေနဲ့တော့။

Me said...

အမြင်ပြန်ကျယ်လာအောင် အပ်နဖားကို မှန်ဘီလူးတစ်ဆင့်ခံကြည့်မယ်..အဟဲ .... အတွေးကလေးကို ချီးကျူးမိပါသည် ကိုပေါ (ရုပ်တည်နှင့်ပြောခြင်းဖြစ်သည်)

Anonymous said...

မင်းကဘယ်အမြင်ပါမလဲ

လူတိုင်းကို မကောင်းမြင်နေတာလေ

စောက်ပေါက စောက်ပါဘဲကွာ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs