“ကျောက်ခဲ မဟုတ်ပါ”

Share |
ကျောက်ခဲတလုံးကို ရေထဲသို့ ပစ်ချလိုက်သည်။ ပလုံကနဲ အသံကိုပြုလျက် ချက်ချင်းပင် နစ်မြုတ်သွားသည်။ ရေကူးဖို့ နည်းနည်းလေးမှ မကြိုးစား။ ရုန်းကန်ဖို့လည်း မကြိုးစား။ ကျောက်ခဲပီသစွာပင် ပစ်ချလိုက်ရာ နေရာ၌ သစ္စာရှိရှိ နစ်မြုတ်သွားလေတော့သည်။

ရေမကူးရကောင်းလားဟု ကျောက်ခဲကို အပြစ်မတင်ပါနှင့်။ ကျောက်တုံးကျောက်ခဲတွင် အသက်ဝိဉာဉ်မရှိပါ။ အသိဉာဏ်လည်းမရှိပါ။ ထို့ပြင် ရေကူးရန် ခြေလက်များလည်း မပါပါ။

ဂဝံကျောက်များ၊ ကျောက်စရစ်ခဲများကို လမ်းခင်းသည့်နေရာ၌ အသုံးပြုကြသည်။ ၄င်းတို့အပေါ်မှ လူများ အကြိမ်ကြိမ် အထပ်ထပ် နင်းကျော် ဖြတ်လျှောက်ကြသည်။ ထိုမျှမက “လမ်းခင်းတဲ့ကျောက်ခဲကတော့ အသွေးအရောင် မပြောင်မွဲ၊ တန်ဘိုးမှာလည်းနည်း” ဟု သီချင်းလုပ်ပြီးတောင် အဆိုခံလိုက်ရရှာသေးသည်။ သို့စင်လျက် သမိုင်းကာလ တလျှောက်လုံးတွင် အနင်းခံ၊ အဖိနှိပ်ခံ ကျောက်တုံးကျောက်ခဲများက မခံမရပ်နိုင်ဖြစ်ကာ တော်လှန်ထကြွသည်ဟု မကြားစဖူး။ ကျောက်ခဲထုကြီးတရပ်လုံး လွတ်မြောက်ရေးအတွက် တခဲနက် ဆန္ဒပြတောင်းဆိုသည်ဟုလည်း မရှိခဲ့စဖူး။

ကျောက်ခဲများ ငုံ့ခံနိုင်လွန်းရန်ကောဟု အပြစ်မတင်ပါနှင့်။ ကျောက်ခဲတွင် ခံစားချက် မရှိပါ။ လက်သီးလက်မောင်းတန်းစရာ လက်နှစ်ဖက် ပါမလာပါ။ မကျေနပ်ကြောင်း အော်ဟစ် ဖော်ပြစရာ ပါးစပ်ပေါက် ပါမလာပါ။ အံကြိတ်ပြစရာ အံသွားများ ပါမလာပါ။

သည့်အတွက် ကျောက်ခဲများခမြာ လူပြုသမျှ နုရရှာလေသည်။ လမ်းအခင်းခံရသည့် ကျောက်ခဲများရှိသည်။ ဘိလပ်မြေနှင့်ရောကာ အင်္ဂတေအလုပ်ခံရသည့် ကျောက်ခဲများရှိသည်။ ဆင်းတုအဖြစ် ထုဆစ်ကာ ဘုရားစင်တွင် တင်၍ အကိုးကွယ်ခံရသည်လည်းရှိသည်။ ပါးလျစွာ ခွဲစိတ်၊ ဖြတ်တောက်၊ အချောကိုင် ခံရပြီးသကာလ အိမ်သာကြမ်းပြင်အဖြစ် အသုံးခံရသည်လည်းရှိသည်။ ထုနှက်သတ်ဖြတ်စရာ လက်နက်အဖြစ် အသုံးတော်ခံရသည့် (သွေးစွန်းပေလျက်ရှိသော) ကျောက်ခဲများလည်း လောကတွင်ရှိသည်။

ရောက်ရာဘဝတွင် ဒေါင်ကျကျ ပြားကျကျ မငြီးမငြူနေနိုင်သည့်အတွက် ကျောက်ခဲများကို ချီးမွမ်းစရာမလိုသလို လူပြုသမျှ နုရသည့်အတွက်လည်း အပြစ်တင်ရန် အကြောင်းမရှိ။ ဆိုခဲ့သည့်အတိုင်း ကျောက်ခဲတွင် အသက်မရှိပါ။ ခံစားချက်မရှိပါ။ အသိဉာဏ်လည်း မရှိပါ။

သို့သော်…. လူဆိုသည်ကတော့ ကျောက်ခဲလိုမဟုတ်။ အသက်လည်းရှိသည်။ ခံစားချက်လည်းရှိသည်။ အသိဉာဏ်လည်းရှိသည်။

လူသည် ဖိနှိပ်မှုနှင့် ကြုံကြိုက်လာလျှင် ကျောက်တုံးကဲ့သို့ ငုံ့မခံ။ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရန် လမ်းကို ကြိုးစားရှာဖွေသည်။

ကျနော်တို့၏ ဘိုးဘွားဘီဘင်များ ကျောက်တုံးကဲ့သို့ မကျင့်ကြံခဲ့သဖြင့် ကျနော်တို့နိုင်ငံသည် တိုင်းတပါးသားတို့ ဖိနှိပ်အုပ်ချုပ်မှုအောက်မှ လွန်ခဲ့သော ၆၂နှစ်က ဤနေ့ဤရက်တွင် လွတ်လပ်ရေးရခဲ့သည်။

ယခုအခါ ကျနော်တို့ မျိုးဆက်လက်ထက်တွင် စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုကို ကြုံတွေ့နေရပြန်သည်။ သို့သော် မြန်မာနိုင်ငံသားများသည် အသက်မဲ့၊ ခံစားချက်မဲ့၊ အသိဉာဏ်မဲ့ ကျောက်တုံးကျောက်ခဲများ မဟုတ်ကြဖြစ်သဖြင့် ဖိနှိပ်မှုကို သည်အတိုင်း ငုံ့ခံနေကြမည် မဟုတ်ပါ။ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရန် လူပီသစွာ ကြိုးပမ်းကြမည်သာ ဖြစ်သည်။

9 comments:

ရွှေအောင် said...

ယနေ့လွတ်လပ်ရေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ တိုင် လွတ်လပ်သော လူ့အခွင့်အရေး အပြည့်အ၀ရှိ သော လူ့အဖွဲ့အစည်းအတွင်း အားလုံးသော မြန်မာပြည်သူများ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ..

တောင်ပေါ်သား said...

လွတ်လပ်ရေးနေ့လေးမှသည် လူသားတိုင်း အမြန်ဆုံး လွတ်လပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်

လေးစားလျက်
တောင်ပေါ်သား

မေဓာဝီ said...

ကျောက်ခဲတော့ မဟုတ်ဘူး ကိုပေါရေ၊ ဒါပေမဲ့ ကျောက်ရုပ်တွေများလားလို့။ ကျမလည်း အတွေးရှိနေတာကြာပြီ။ ချမရေးဖြစ်ဘူး ... ကိုပေါ ကျောက်ခဲဖတ်ပြီးတော့ ကျောက်ရုပ်ရေးဖြစ်သွားတယ်။ အဲဒီအတွက် ကျေးဇူးတင်ပါကြောင်း။

Nge Naing said...

မင်္ဂလာပါ။ နှစ်သစ်မှာ မိသားစုတွေ ပျော်ရွှင်ပါစေ။ ကိုပေါရေ အခုတလော Face Book မှာ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ပြီး အလွမ်းသယ်နေလို့ ဘလော့ဂ်ဘက် အရောက်ကျဲသွားတယ်။ အခုတော့ ပြန်လာပြီ။ ကျောက်ခဲမဟုတ်ပေမဲ့ မမေဒါဝီ ပြောတဲ့ ကျောက်ရုပ်နဲ့ စက်ရုပ်က များနေတော့ ခက်တယ်။

Unknown said...

ုကိုပေါရေ
နှစ်သစ်မှာ မင်္ဂလာပါဗျာ။ ကိုပေါ ပို့စ်တွေက အက်ဆေး ပုံစံ များလာသလိုပဲ။ တခါတခါ ကျ အီသွားသလိုပဲ၊

၂၀၁၀ မှာ နည်းနည်း ပုံစံ ပြောင်း ရေးကြည့်ပါလား၊

Nyi Nyi said...
This comment has been removed by the author.
Nyi Nyi said...

တရွာလုံးနဲ့တယောက်ဖြစ်နေတဲ့ခင်ဗျားတို့ကိုအစက ရွံတယ် နောက်သနားတယ် အခုစိတ်ကုန်တယ်၊ကြံဖန်ချုပ်နှောင်တာ့လဲကြာပြီ၊လုပ်ကြံတာလဲ အခါခါ၊
အညှိုးတရားတွေဖျောတ်ပီး ဆွေးနွေးဖို့မဖြစ်နိုင်တော့ဘူးလား? ပြည်သူတွေ ဒါကိုမျှော်နေကြတာ တကဲ့ စိတ်အမှန်ပါ။
မိန်းမတယောက်ကိုကြောက်နေရတဲ့ စကားရင်ဆိုင်မပြောရဲတဲ့ သူရ တွေကိုအထင်သေးသလိုရယ်ချင်မိတယ်။
ကိုယ့်လူမျိုးအချင်းချင်းသာလျှင် အကောင်းဆုံးညှိနှိုင်းသင့်တာမို့လုပ် ရဲတဲ့ ပြည်သူကိုငဲ့တဲ့ စကားပြောရဲတဲ့ ဗိုရ်ချုပ်တွေပေါ်ပေါက်ပါစေ။
လေယဉ်အစုတ်တွေလက်သိပ်ထိုးနွားမရွှံ့ပိတ်ဝယ်ရတဲ ဘဝကနေကြိုက်တာခေါင်းခေါက်ဝယ်ချင်ပြီဗျာ။
MI35 အစား ပေါ့ပါးတဲ့apache ဝယ်ချင်တယ်။ ယိုးဒယားရဲ့္ဖ F16 ကိုF22 နဲ့sukhoi 30 နဲ့ စီးချင်းထိုးချင်ပြီ။
bangladesh၊ယိုးဒယား ကစော်ကားတာကိုယ့်အချင်းချင်းမညီလို့၊
တရုတ်ဂုတ်သွေးစုတ်တာဗမာပြည် ထဲ တရုက် ပြည်နယ်ထောင်ခံရတာခံပြင်းတယ်။
နိုင်ငံခြားမှာကျွန်မခံချင်တော့ဘူး passport အနီကိုင်ပီး immigration မှာခေါင်းမော့ရင်ကော့ပီးဖြတ်သွားချင်တယ်၊
အခွန်ထမ်းပြည်သူကိုရန်သူလိုဆက်ဆံတဲ့ပြသနာဖြစ်ရင်လှည့်မကြည့်တဲ့သံရုံးတွေရဲ
့ခေါင်းပါးတဲ့အကြင်နာကိုအံ့ဩတယ်၊
ASEAN နိုင်ငံတွေလဲ အာရှပါဘဲ သူ့လူမျိုးသူတန်ဖိုးထားလိုက်ကြတာ၊
အရမ်းစက်ဆုတ်လာပြီလို့ဘဲပြောပါရစေတော့။
နိုင်ငံရေးနားမလည်တဲ့  ဗမာဖြစ်ရတာ ဂုံယူချင်သူ တာဝန်ကျေအခွန်ထမ်းပြည်သူတဦး

Bino said...

Most of peoples had tried to get လူ့အခွင့်အရေး by different ways.

But not systematic way.
If you have a good plan, you can lead.

BINO

khin oo may said...

ဖတ်သွား၏။ နစ်ခါပြန်ရောက်ရှိ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs