ကျနော့် ဘလော့ဂ်တွင် နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် ဘန်နာအသစ်လှလှလေးတခု တင်ရန် စိတ်ကူးရသည်။ ဘန်နာတွင် စာတန်းလေးတခုလောက်လည်း ထည့်ချင်သေးသည်။
သူများဘလော့ဂ်တွေကို သွားဖတ်လျှင် ဘန်နာတွင် ဆောင်ပုဒ်လိုလို၊ အတွေးအခေါ်လိုလို စာတန်းလေးတွေကို တွေ့ရသည်။
ဘလော့တခုတွင် ရေးထားသည်မှာ…“သေဆုံးခြင်းတွေကို ခေါက်သိမ်းထားတဲ့နေရာ”…တဲ့။ ဧကန္တ အနှီဘလော့ဂါသည် သေခြင်းတရားကို မေ့ပျောက်ဖို့ ကြိုးစားနေဟန်ရှိသည်။ သြော်…တရားမရှိပုံ… တရားမရှိပုံ။
တချို့ကလည်း ဘန်နာပေါ်ဝယ် ကဗျာတို၊ ကဗျာစ ရေးတင်တတ်သည်။
“ရပ်လို့မနေ
ထိုင်ရင်းသေမည်
ဆိုဖာနားဆီ
ရစ်သီသီ…”……တဲ့။ ထိုဘလော့ဂါသည်ကား မတ်တတ်ရပ်လျက် နေရမည်ကို ပျင်းရိတတ်သူပဲ ဖြစ်ရမည်။
နောက်တယောက်ကလည်း…. “ဖမ်းချုပ်ထားရသော ဝက်မြီးနဲ့တူတဲ့ လက်တစုံ”…တဲ့။ သူကတော့ လူပျိုကြီးဘလော့ဂါသာ ဖြစ်ချေအံ့။ မလွဲနိုင်။
တချို့ကတော့….. “ကုတ်အင်္ကျီဝတ်ခြင်းဆိုသည်မှာ ရှိုးထုတ်ပိုင်ခွင့်ပင် ဖြစ်သည်။”…တဲ့။ အကြင်ဘလော့ဂါသည်ကား ကုတ်အင်္ကျီဝတ်လိုက်လျှင် ပိုကြည့်ကောင်းသည်ဟု အထင်ရောက်တတ်သူသာ မုချ ဖြစ်ရချေမည်။
ထိုမှတပါးလည်း ရှိပါသေးသည်။….. “ခံတွင်းပျက်အောင် ဟင်းချက်နည်းလေးတွေ ရှယ်ပေးမယ်”….ဆိုတာမျိုး။
ဒါမှမဟုတ်….. တချို့ကလည်း ဘိုဆန်ဆန်လေး…. “Sleeping is my inspiration….. just like walking over the clouds….. and snoring aloud”….. စသဖြင့်…စသဖြင့်ပေါ့။
ဘာပဲဖြစ်ဖြစ် ကျနော်လည်း သူများနည်းတူ စာတန်းလေးတခုလောက်တော့ ထည့်ချင်ပါသည်။ လှပသည့် စကားလေးတွေ၊ စိတ်ကူးလေးတွေ အားလုံးကို သူများ ဦးသွားပြီ ဖြစ်၍ စိတ်ကူးထဲတွင် ပထမဦးဆုံး ပေါ်လာသော စာတကြောင်းကို အကြမ်း ချရေးကြည့်လိုက်မိသည်။
“ပိတောက်ရိပ်သာ အမိ၊ ပိတောက်ရိပ်သာ အဖ၊ ပိတောက်ရိပ်ကိုပဲ လာဖတ်ကြ”
ဟာ… မနိပ်သေး။ ဒီဆောင်ပုဒ်မျိုးကို လူမုန်းများသည်။ မတော်တဆ သွားရင်းလာရင်း ဖိနပ်စာ မိသွားနိုင်သည်။ ကြက်သီးဖြန်းဖြန်း ထသွား၏။ မဖြစ်ချေဘူး။ နောက်တမျိုး စဉ်းစားကြည့်ဦးမှ။
“စစ်မှန်သော ဘလော့ဂ်တခု ပေါ်ပေါက်လာရေးသည် ကွန်မင့်ရေးသူအားလုံး၏ တာဝန်သာ ဖြစ်သည်”
ဒါလည်း မနိပ်သေးပါဘူး။ ကိုယ့်ဟာကိုယ် ဘလော့ဂ်တခုထောင်၊ ကွန်မင့်တွေ နာမည်အမျိုးမျိုးနဲ့ လိုက်ရေး။ ပြီးမှ ၉၃ ဒဿမ ၂၇ ရာခိုင်နှုန်းက ကိုယ့်ဘလော့ကို တခဲနက် အားပေးထောက်ခံတယ်လို့ လံကြုပ်လုပ်လိုက်ရင်လည်း ရတာပဲဟာ…ပဲဟာ။ တော်ပြီ။ နောက်တမျိုး ထပ်စဉ်းစားစမ်း။ အား…ဟုတ်ပြီ။ ဒီတခု မဆိုးဘူး။
“ပိတောက်ရိပ်အထက်တွင် မည်သူမျှ မရှိစေရ”
ဟဲ…ဟဲ…. မနိပ်လား။ ပိတောက်ရိပ်အထက်မှာ ကိုပေါပဲ ရှိတယ်။ ဟား…ဟား…ဟား။ ငါသာလျှင် ငါ့ဘလော့ဂ်ရဲ့ ဘုရင်။ ကျနော့်ဘာသာ တွေးရင်း ပီတိတွေ ဖြာနေသည်။ ထိုစဉ်....
“ရုံးက ပြန်လာပြီး ကွန်ပြူတာရှေ့မှာ ထိုင်နေတာ ကြာလှပြီ။ ဘလော့ဂ်ထဲရောက်ပြီဆိုရင် ထမင်းမေ့၊ ဟင်းမေ့။ ကဲ… အခုချက်ချင်း ရေသွားချိုးချေတော့။”
နောက်နားမှ မဒမ်ပေါ၏အသံထွက်လာသဖြင့် ဘလော့ဂ်ရေးခြင်းကို ခေတ္တနားကာ ရေချိုးခန်းသို့ ဝင်ရန် ပြင်ရပါသည်။
အဲ…. ဆောရီး…..ပြောဖို့ မေ့တော့မလို့။ ပိတောက်ရိပ်အထက်မှာ မဒမ်ပေါတော့ ရှိသေးတယ်…. ဟီး။

25 comments:
ပိတောက်ရိပ်အထက်မှာ မဒမ်ပေါအပြင် အဖေတူ သမီးလေးပါ ရှိသေးတယ်ဟုတ် အဟေးးး
ကျနော်ကတော့ အားလုံးကို လှိုက်လှဲစွာ ကြိုဆိုနေတာပဲ လာခြင်းကောင်းကောင်း၊မကောင်းကောင်း ကြိုဆို၏း)
လေးစားလျက်
တောင်ပေါ်သား
ဤဘလော့သည် ပိတောက်ရိပ်အောက်တွင် ရှိသဖြင့် လာလည်ဖတ်ရှုသူများအပေါ် ပိတောက်ကိုင်း ကျိုးကျပါစေ..
စသည်ဖြင့်လည်း ရေးလို့ရပါတယ်။ ကာစတန်မာ ဖိုးကပ်စ် ခေါ်မလားပေါ့လေ...
ဘယ်သူချိုးချိုး ဒို့မကျိုး အမြဲအရိပ် ခိုမည်။ ( ပိတောက်ကိုင်း ၊ အပင်ကို ဆိုလိုသည်။)
ကိုပေါ ထေ့လုံးလေးတွေ မဖတ်ရတာ ကြာပေါ့.. ဖတ်ပြီး ပြုံးသွားတယ်။
ဒါနဲ့.. ငါသာလျှင်..ငါ့ဘလော့သခင် ဆိုတာမျိုးက..ရှိပြီးသားလေ..။း)
ရိုးတိုးရိပ်တိတ် ပိတောက်ရိပ် လက်တို့ပြောချင်သည်။

:D ဂွတ်.. ရီရတယ်ဗျာ..။
:D ဟုတ်ပါ့ရှင် ... ကျမကတော့ မတ်တပ်ရပ်ရမှာ ပျင်းလွန်းလို့ပါ။ (ဒါနဲ့တောင် ကျောက်ရုပ်ဖြစ်နေသေး)
ပိတောက်ရိပ်အထက်မှာ ရုက္ခစိုးရှိသလား မေးတော့မလို့ ... မဒမ်ပေါရှိတယ်ဆိုတာနဲ့ .... :P
ကုတ်အကျီ င်္နဲ့ ပိုမိုက်တယ်လို့ ပြောချင်တာကိုးးး
တည့်တည့်ပြောလဲ ရပါတယ်...
ကိုပေါရဲ့ ရပ်လို့မနေ ကဗျာလေးဖတ်ပြီး ဘလော့ဂ်လည်ပြီးတာနဲ့ တီဗွီရှေ့ သွားမလို့ဟာ တွန့်သွားတယ်တော့်...
သဘောကျလိုက်တာ ။
ဟားဟားဟား... ရယ်လိုက်ရတာ... :D
အဲလို စာတန်းမျိုးထည့်ဖို့ တော်တော်စောစောက တွေးနေမိသေးတယ်... ဒါပေမယ့် ဘယ်လိုမှ စဉ်းစားမရတာနဲ့ ခုထိ ဒီတိုင်းပဲ...
အခုလို ကိုပေါက ရှေ့ကနေ စဉ်းစားပြသွားတော့ အကြံလေးဘာလေး နဲနဲ ထွက်လာတာမို့ ကျေးဇူးတင်လိုက်တာ...
ဘလော့ဂ်နှင့် ကျန်းမာရေး သင်ကြိုက်ရာရွေး တို့...
ဒါမှမဟုတ်...
ဘလော့ဂ်ကြောင့် အိပ်ရေးမပျက်ပါစေနှင့် တို့...
တခုခုတော့ ရေးအုံးမယ်...း))
ပိတောက်ရိပ်အထက်တော့မကောင်းပါဘူး ပိတောက်ပင် အထက်ဆိုရင် ပိုကောင်းမယ် ဒါပေမဲ့ကိုပေါ ၀ိတ်နဲ့ ကိုင်းကျိုးကျမယ် မတက်နဲ့
ကိုပေါတို့ များ ရေးတတ်ပါ့နော်…
သူများတွေ အကျီင်္အသစ်လေးတွေ ပို့ စ်အသစ်လေးဝေေ၀ဆာဆာဖြစ်နေချိန်မှာ အားကျမိတာမို့  ကိုပေါပဲပြေးသတိရမိတယ်… ကိုပေါစာတန်းရွေးပြီးရင် ကျွန်မအတွက်လဲ စဉ်းစားပေးပါဦး… မဒမ်ပေါက ပိတောက်ရိပ်အထက်ကဆို ပင်ထိပ်ဖျားက ပိတောက်ပန်းလေးတွေပဲ ဖြစ်မှာပေါ့…
ယဉ်ကျေးမှု မျက်နှာဖုံးတပ် ဖိနှိပ်မှုများအား ဆန့်ကျင်ကြ။
အဟိ။
ဒါမှမဟုတ် ကျွန်တော့်ဘလော့ဂ်မှာလို အ၀တ်အစား ကန့်သတ်ချက်မရှိ နှစ်သက်ရာကို ၀တ်စားဆင်ယင်နိုင်ပါသည်။
ပိတောက်ရိပ် သားအမိ ပိတောက်ရိပ် သားအဖ အဲဒီလိုဆို မဆိုးပါဘူး။
ဒီမယ်ဦးလေးပေါ... လူပျိုကြီးမဟုတ်ဘူး လူပျိုပေါက်စလေး လောကကြီးအကြောင်းတောင်ဘာမှသိ သေးတာဟုတ်ဘူး..
ကိုပေါ "ပိတောက်ရိပ်အောက် သေးပေါက်တဲ့မောင်" လို့ပေးလိုက်...
သို့
ငှက်တစ်သောင်းနားစေလိုသူ
တိုကတော့အရိပ်ခိုခိုအရွက်ချိုးချိုးဘဲ.
သေဆုံးခြင်းကို သေချင်းဆိုးလို့ဖတ်လိုက်မိတယ်။ တို့အိပ်ငိုက်နေပြီနဲတူတယ။်
တို့အနောက်မှာလဲ ကိုမဆလာရှိတယ်။ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ထိုင်ကြည့်တတ်တယ်။
ချစ်ခြင်းဆုံရာ ပိတောက်ရိပ်မှာ။
ပိတောက်တစ်ပင်ကောင်း ငှက်တစ်သောင်းနား ဆိုရင်ကော :) .....အဲဒီအထဲမှာ..လဒတွေ ကျီးကန်းတွေလည်းပါမှာပေါ့...
ကိုပေါက တော့တော်တော်ရေးတတ်တယ်။ အဲဒါဆို မြန်မာ နိုင်ငံမှာ မယက ဥက္ကဌ လုပ်လို့ရလောက်တယ်။ :P
ဟိုးေ၇းဒီဟာေ၇းကိုစောက်ပေါရေ
လက်ရားပြီးေ၇းချင်ရင်
ကြေးမုံမှာ သွားေ၇းပါလား
စောက်ပေါ အရူးရဲ့ သေချင်းဆိုးကာလနာ
တဏာရူး
Post a Comment