“လွတ်လပ်သောစိတ်၊ လွတ်လပ်သော အပြုအမူ”

Share |
ကျနော့်ဘလော့ဂ်ကို ဖတ်ရှုကြတဲ့အထဲမှာ မောင်လမ်းသစ် ဆိုတဲ့ ဆရာသမားက စိတ်ချရတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ပို့စ်ဆိုရင် မပျက်မကွက် ကွန်မင့်လုပ်တာတွေ့ရတယ်။

ဟော…. အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲတဲ့ ပို့စ်ကိုလည်း တင်လိုက်ရော…. အူယားဖားယား အပြေးလာပြီး ကွန်မင့်လုပ်တာ တွေ့ရပါတယ်။ ကွန်မင့် နှစ်ခုကြီးများတောင်မှ ဖောဖောသီသီ ပေးထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ ဒုတိယ ကွန်မင့်က ဒီလိုပါဗျား။

>>>“ကို ပေါ ရေခင်ဗျားရဲ့ “၀ုတ်ပါ့မလား မောင်ကာဠုရဲ့” ဆိုတဲ့ ပှိုစ်ထဲမှာရေပြင် အကျယ်ကြီး ကို ကူးပြီးလာတာ ဟုတ်ပါ့မလားဆိုတဲ့ အမေးကို အခုတော့ ဒေါ်စုကြည် ကိုယ်တိုင်က အမေရိပနကြီး သူ့ အိမ်ရောက်လာပါတယ် လို့ ပြောလိုက်ပါပြီ ခင်ဗျာ။”<<<

အဓိပ္ပါယ်ကတော့ “ကိုပေါရေ.. အခုတော့ မှားပြီမို့လား၊ ဘယ့်နှယ့်ရှိစ” ပေါ့လေ။

နအဖ သတင်းစာမှာဖော်ပြတာကို ကျနော်လို ပြည်သူတယောက်က မယုံဘူးဆိုရင် မယုံသူရဲ့ အပြစ်လား။ အမြဲတစေ မမှန်သတင်းတွေကိုသာ ဖော်ပြတတ်တဲ့ နအဖ သတင်းစာရဲ့ အပြစ်လားဗျာ။ နအဖကို မယုံတဲ့နောက်မှတော့ သူ့သတင်းစာမှာ ဖော်ပြတဲ့ သတင်းတွေကိုလည်း ယုံရခက်ခဲတော့တာပေါ့။

နောက်တခုက မြန်မာပြည်မှာ သတင်းလွတ်လပ်ခွင့်မရှိတဲ့အခါ သတင်းတခု ထွက်လာရင် သတင်းမှန်လား၊ သတင်းမှားလား ခွဲခြားရ ခက်ခဲပါတယ်။ ဒီလိုမျိုး မဖြစ်စေချင်ရင်တော့ ရဲရဲကြီးသာ သတင်းလွတ်လပ်ခွင့် ပေးလိုက်ပေါ့ခင်ဗျာ။ မဟုတ်ဘူးလား။

ကျနော်က ကာယကံရှင် မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလူကို ဘာကြောင့်လက်ခံထားသလဲဆိုတဲ့ အကြောင်းရင်းကို ကျနော် တွေးတောကြည့်နေမိပါတယ်။

သာမန်အားဖြင့် စဉ်းစားရင်တော့ မောင်လမ်းသစ်ပြောသလို ခြံဝန်းရှေ့က အစောင့်အကြပ်တွေကို အော်ဟစ်အကူအညီတောင်းလိုက်ရင် ဒီလိုကိစ္စမျိုး ဖြစ်မလာဘူးလို့ တွေးစရာပေါ့ဗျာ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သာမန်လူတွေ ပြုမူသလို မပြုမူပါဘူး။ လွတ်လပ်တဲ့ လူတယောက်အနေနဲ့၊ ခေါင်းဆောင်တယောက်အနေနဲ့ ဒီကိစ္စမှာလည်း စံနမူနာပြ ပြုမူလိုက်တယ်လို့ ကျနော်ယူဆပါတယ်။

ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ပထမဦးဆုံးအချက်က အန်တီစုကို နေအိမ်မှာ အကျယ်ချုပ်ချထားခြင်းကိုယ်၌က တရားဥပဒေနဲ့ မညီဘူး။ တရားမျှတမှုမရှိဘူး။ အဲသည်အမိန့်ကို ချမှတ်ထားတဲ့ နအဖ စစ်အစိုးရကိုယ်တိုင်ဟာ တရားမ၀င်တဲ့ အစိုးရတရပ်။ နအဖ ထုတ်ထားတဲ့ “မတရားတဲ့ အမိန့်တွေ၊ မတရားတဲ့ ဥပဒေတွေကို လိုက်နာစရာမလိုဘူး၊ ဖီဆန်ရမယ်” လို့ အန်တီစုဟာ တလျှောက်လုံးပြောလာခဲ့တာပါ။

ဒုတိယအချက်က အန်တီစုအနေနဲ့ အိမ်အပြင်ကို လူကိုယ်တိုင် ထွက်ဖို့ရာ (လက်တွေ့အားဖြင့်) မဖြစ်နိုင်ပေမယ့် သူ့နေအိမ်အတွင်းမှာတော့ အန်တီစုဟာ အကျဉ်းသားတယောက်စိတ်မျိုးနဲ့ နေထိုင်တာထက် လွတ်မြောက်သူတဦးရဲ့ စိတ်ဓါတ်နဲ့ နေထိုင်တာ အသေအချာပါ။ (ဒီအချက်ကို သူမ ရေးသားတဲ့ Letters from Burma စာအုပ်မှာ ဖတ်ကြည့်ရင် သိသာနိုင်ပါတယ်။)

ဒါကြောင့် သူ့အိမ်ကို ဧည့်သည်လာတယ်ဆိုရင် လက်ခံဖို့၊ မလက်ခံဘို့ ကိစ္စကို သူမဘာသာ သူမ လွတ်လပ်စွာ ဆုံးဖြတ်မှာ အသေအချာပါဘဲ။ သာမန်လူတွေရဲ့ ခေါင်းထဲကို ၀င်လာတတ်တဲ့ (မတရားတဲ့ စည်းမျဉ်းစည်းကမ်းဖြစ်တဲ့) ဧည့်စာရင်းတိုင်တာတို့ ဘာတို့ကို သူမလို ခေါင်းဆောင်မျိုးက အချိန်ကုန်ခံပြီး စဉ်းစားနေမှာတောင် မဟုတ်ပါဘူး။(သာမန်ပြည်သူကိုပဲ ဧည့်စာရင်းနဲ့ ခြိမ်းခြောက်လို့ရမယ်။ အန်တီစုကိုတော့ ခြောက်လို့မရဘူး။) အဲသည်အတွက် ဖြစ်လာမယ့် အကျိုးဆက်ကို သူမဟာ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ အသင့်ရှိပြီးသားပါ။ ဒါဟာ တာဝန်ယူရဲတဲ့ ခေါင်းဆောင်တယောက်ရဲ့ အပြုအမူပါပဲ။ ကျနော်တော့ အဲသည်လိုပဲ မြင်ပါတယ်။

ဒီအမေရိကန်နိုင်ငံသားရဲ့ အပြုအမူကို သူမအနေနဲ့ နှစ်သက်ချင်မှ နှစ်သက်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အပေါ်အပြစ်ပုံကျမှာစိုးလို့ နေမကောင်းဖြစ်နေတဲ့လူကို အိမ်ကနေ ချက်ချင်းမောင်းထုတ်ရလောက်အောင် လူစိတ်ခေါင်းပါးတဲ့အပြုအမူမျိုးကို နအဖ ဗိုလ်ချုပ်တွေအနေနဲ့သာ ပျော်ပျော်ကြီးလုပ်နိုင်ကြပေမယ့် လူသားချင်းစာနာထောက်ထားတဲ့ စိတ်ဓါတ်အပြည့်ရှိတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပြည်သူလူထုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ကြတာပေါ့။ နအဖ ဗိုလ်ချုပ်တွေကို ဘယ်ပြည်သူချစ်လို့လဲ။ ဓါးမိုးအုပ်ချုပ်နေလို့သာ ပြည်သူတွေဟာ မကျေမနပ်နဲ့ ငြိမ်ခံနေကြရတာမို့လား။

အန်တီစုဟာ နေအိမ်ကနေ ဘယ်ကိုမှ ထွက်ခွာခွင့်မရတာ မှန်ပေမယ့် အခွင့်သာတိုင်းမှာ၊ အချိန်တိုင်းမှာ ကျနော်တို့တွေ အတုယူလောက်တဲ့ အတွေးအခေါ်၊ အပြုအမူတွေနဲ့ (လွတ်လပ်တဲ့ လူတယောက်ရဲ့ ဘ၀ကို) စံနမူပြ တွေးခေါ်ပြုမူနေထိုင်ပြပါတယ်။ မြန်မာလူမျိုးအများစုသာ အန်တီစုကို အတုယူပြီး လွတ်လပ်တဲ့ လူမျိုးတမျိုးလို ပြုမူကျင့်ကြံနေထိုင်ကြမယ်ဆိုရင် ကျနော်တို့တိုင်းပြည်ဟာ စစ်အာဏာရှင်လက်အောက်က အမြန်ဆုံး လွတ်မြောက်မှာ အသေအချာပါပဲ။

43 comments:

ခင်မင်းဇော် said...

မှန်လိုက်လေ ကိုပေါရေ..
မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ... ဆိုတာကို အခါအခွင့်သင့်တိုင်း လက်တွေ့ကျင့်သုံးပြနေတာ အတုယူစရာပဲမဟုတ်လား။ ဒါဟာ ကျမတို့ရဲ့ လူထုခေါင်းဆောင် ပါပဲ။

Bino said...

သူတောင်းကောင်းကို နတ်ကောင်းမပါလိမ့်မယ်ဆိုပြီးစောင့်နေတာ

Don't believe the evil.
No god help her.
Unity is power.
Where is NLD leader?
What they do?
Bio

P.Ti said...

အမှန်တရားအတိုင်း တရားမျှတစွာ ဖြစ်ပါစေ။

လူတိုင်းလေးစားတယ်ဆိုကတည်းက အရည်အချင်းရှိလို့သာပေါ့။

အတုမရှိ ဘုရားရှင်တောင် လုပ်ကြံအစွပ်အစွဲခံရသေးတာပဲ...

နောက်ဆုံးတော့ မှန်တဲ့ဘက်က အနိုင်ရစမြဲပါပဲ။

လုံခြုံအောင် လုပ်မပေးနိုင်တာကိုတော့ ဘာမှ တရားစွဲထားတာ မတွေ့ရပါဘူးနော်... အဖြစ်က

Nge Naing said...

ကိုပေါရေ ဒါက အရင် ပို့စ်မှာတုန်းက ၀ုတ်ပါ့မလား မောင်လုကာမှာ ရေးခဲ့တဲ့ Comment ပါ၊ အခုဒီပို့စ်နဲ့မှ ဒီ Comment က ပိုပြီး အကျုံးဝင်နေသလို ဖြစ်နေလို့ အသစ် မရေးတော့ပဲ ပြန်တင်လိုက်တယ်။

ကျွန်မ သိရသလောက်တော့ ၈၈ ကနေ အခုထိ အစိုးရဖေါ်ပြနေတဲ့ သတင်းတွေက အမှန်သိပ်နည်းပါတယ်။ ဒီမိုကရေစီ မီဒီယာတွေက သတင်းအမှား မပါဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အတည်ပြုလို့ မရသေးရင်လည်း အတည်ပြုလို့ မရသေးဘူးဆိုတာ အမြဲထည့်ပြောတာ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီမီဒီယာတွေမှာ သမ္မတပဲ ပြောပြော ၀န်ကြီးချုပ်ပဲ ပြောပြော ယုံနိုင်စရာ မဟုတ်တဲ့ အကြောင်းရာ တခုကို မယုံရင် မယုံသလို အိမ်ဖြူတော်ရှေ့ (အမေရိကမှာ) ဒါမှမဟုတ် Parlimant House (တခြားနိုင်ငံတွေမှာ) ရှေ့သွားပြီး မှားတယ် မယုံဘူးလို့ သွားပြောပြီး ကိုယ့်ယုံကြည်မှုကို ကိုယ်ရဲရဲတင်းတင်း ဖေါ်ပြလို့ ရတယ်။ ဘယ်လက်ပါးစေကမှ မဖမ်းဘူး။ နအဖ မီဒီယာတွေက သတင်းကို မှားတယ်ထင်ရင် နေပြည်တော်မှာမဟုတ်ဘူး ကိုယ့်အိမ်ထဲမှာတောင် ကိုယ်ပြောလို့မရဘူး။ ဒါကွာပါတယ်။ ယုံကြည်မှုဆိုတာ ဘယ်သူမှ တားဆီးလို့မရဘူး။ ဒီမိုကရေစီ မီဒီယာပဲဖြစ်ဖြစ် အစိုးရမီဒီယာပဲ ဖြစ်ဖြစ် ဘယ်သူမှ အကုန်လုံး မမှန်နိုင်ဘူး။ ကိုယ်ယုံလို့ ကိုယ်မှန်တယ် ထင်တာကို ဘယ်သူမှ အတင်းကြီး
ဒါမှားနေတယ် မယုံနဲ့လို့ သွားပြောလို့လည်း မရနိုင်ဘူး။
ဒါပေမယ့် အစိုးရသတင်း မှန်တယ်လို့ ထင်နေတဲ့သူတွေဟာ ၁၀၀ မှာ ၉၉ ခုမှန်ပြီး တခုလောက် မတော်တဆ မှားနေတယ်ထင်ရင် မှားတယ်လို့ ပြောရဲကြသလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ကြပါ။ သူများကိုပဲ လိမ်လို့ ရမယ်ကိုယ့်ကိုယ်ကိုယ် လိမ်လို့မရပါဘူး။ ကိုယ်သတ်မှတ်ထားတဲ့ အမှန်ဆိုတာကို မှန်တယ်ထင်လို့ မှန်တယ်လို့ ပြောနေတာကိုတော့ သူတို့ အသိဥာဏ် ဒီလောက်ပဲ ရှိလို့ ဒါကိုပဲ အမှန်ထင်နေတယ်ဆိုပြီး နားလည်လို့ ရပေမယ့် မဟုတ်ဘူးဆိုတာ သိရက်နဲ့ ခေါင်းမာပြီး အမှန်လိုက်လုပ် နေသူတွေကိုတော့ နအဖဆီကဆီက လိမ်စား၊ ကပ်စားနေတဲ့ ကိုယ်ကျိုးရှာသမားတွေ အဖြစ်ပဲ သတ်မှတ်ရမှာ ဖြစ်တယ်။ မဟုတ်တာကို ဟုတ်တယ်ထင်ပြီး ယုံတာက မောဟ၊ မဟုတ်မှန်းသိရက်နဲ့ ဟုတ်တယ်ဆိုပြီး လက်ခံတာက မုသာဝါဒ နှစ်ခုစလုံးက အကုသိုလ်တွေချည်းပဲ။ ဒီလူတွေကို အမုန်းမပွားကြပါနဲ့ အမုန်းပွားရင် သူတို့ အကုသိုလ်တွေကို ကိုယ်က မိတ်ကောင်းဆွေကောင်းတွေလို မျှဝေခံစားရာရောက်သွားလိမ့်မယ်။

Myo Win Zaw said...

ကိုပေါရေ ဇာတ်ရှိန်ကတော့တက်ပြန်ပြီ နအဖရဲ့ယုတ်မာချက် ကတော့ကမ်းကုန်နေပြီ ဘယ်လိုကိုပြောရမှန်းမသိသလို ဘာနဲ့နှိုင်းရမှန်းမိတော့ဘူး
ကျွန်တော်တို့မြန်မာနိုင်ငံသားတိုင်း ယုတ်မာတဲ့လူတွေကို တစ်ခုခုတော့ သူတို့နဲ့တန်အောင် ပေးဆပ်ရတော့မယ် ဒေါ်စုကိုလွတ်ပေးရတော့မယ် ဆိုမှ အကောက်ကြံပြန်ပြီ ဒီရေကူးလာသူကို ဒေါ်စုကဖိတ်ခေါ်တာလည်းမဟုတ်ဘဲ ဥပဒေချိုးဖောက်တယ်ဆိုပြီးဖမ်း အစောင့်တွေဘာလုပ်နေလဲ သူတို့ကိုမဖမ်းဘူးလား
အင်ယားကန်မှာလှေနဲ့ကင်းလှည့်နေတာတွေ ကျွန်းတွေထဲကကင်းပုန်းဝပ်နေတဲ့ကောင်တွေကို အရေးမယူဘူးလား တော်တော်တရားကျဖို့ကောင်းတယ်

yehtutnaung said...

ကိုပေါရေ.. အခုလို သုံးသပ်ပြတာ အရမ်းကောင်းတယ်ဗျာ။ ပိုပြီးတော့တောင် အန်တီစုကို လေးစား ကြည်ညို သွားပါတယ်။ စစ်အာဏာရှင် လက်အောက်က အမြန်ဆုံး လွတ်မြောက်ပါစေ...........။

Ngaman said...

Ko Paw, ur explaination is great, bt u shouldn't wast time wz such the stupid guys like Lamm thit (Na Ah Pha's mouth piece) becoz their moral bench mark is lower than animals, so let the dogs bark til vomit blood.

မောင်လမ်းသစ် said...

ကို ပေါ siad "ကိုယ့်အပေါ်အပြစ်ပုံကျမှာစိုးလို့ နေမကောင်းဖြစ်နေတဲ့လူကို အိမ်ကနေ ချက်ချင်းမောင်းထုတ်ရလောက်အောင် လူစိတ်ခေါင်းပါးတဲ့အပြုအမူမျိုးကို နအဖ ဗိုလ်ချုပ်တွေအနေနဲ့သာ ပျော်ပျော်ကြီးလုပ်နိုင်ကြပေမယ့် လူသားချင်းစာနာထောက်ထားတဲ့ စိတ်ဓါတ်အပြည့်ရှိတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူ'
ကို ပေါရေ ခင်ဗျားကလဲ အမှန်ကို ပဲ ရေးစမ်းပါဗျာ၊ ငါ့ ခေါင်းဆောင်ဆိုပြီး ဖာထေးပြော မနေပါနဲ့ဗျ၊ ခင်ဗျား အဲဒီ လူက အင်လျားကန်ထဲမှ အပျော်လှေစီးပြီး လှေမှောက်လို့ေ၇ာက်လာတာ မဟုတ်ဘူးဗျ။ တမင် ရေကူး ပြီးောတ့ ရောက်လာတာ၊ ကျန်းမာရေး ဒေါင်ဒေါင် မြည်ညို့ ရေကူးပြီးရောက်လာတာ၊ပါ။ ပြီးတော့ အတည်မပြုနိုင်တဲ့သတင်း အရဆိုရင် ဒီတစ်ခေါက်တင် မကဘူး၊ ၂၀၀၈ ခုနှစ်တုန်းကလဲ ၊တစ်ခေါက်ရောက်ဖူးတယ်ဆိုပဲ။

ကိုပေါ said "ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သာမန်လူတွေ ပြုမူသလို မပြုမူပါဘူး။"
ဒါတော့မှန်တယ်၊ သာမာန်လူတွေလို အိမ်ရှေ့ က လာတြ့ လူကို ကျ မတွေ့ဘူး၊ အညာ အခေါ် ခွေးတိုးပေါက် က ၀င်လာတဲ့ သူကို ကျတော့ တွေ့တယ် ၊ အင်းလဲ ဒါလဲ ခင်ဗျား ပြောသလို "အတုယူလောက်တဲ့ အတွေးအခေါ်၊ အပြုအမူတွေနဲ့ (လွတ်လပ်တဲ့ လူတယောက်ရဲ့ ဘ၀ကို) စံနမူပြ တွေးခေါ်ပြုမူနေထိုင်ပြပါတယ်။ " လို့ ယူဆချင်လဲ ယူဆလို့ ရတာပေါ့နော။

မသူတော် said...

မောင်လမ်းသစ် ဆိုတဲ့အမျိုးယုတ်

မင်းပထွေးတွေပြောတော့ပေ၁၀၀လောက်ပဲကျယ်တဲ့အိမ်နောက်ဖက်မှာsecurityချထားတာအယောက်၂၀၀..
အဲဒီယက်တောဆိုတဲ့မင်းပထွေးအသစ်က
superman မို့လို့ဝင်လို့ရတာလား..

ပုဇွန်ဦးနှောက်လို့ပြောရအောင်လည်း
ပုဇွန်သိက္ခာကျအုံးမယ်..

Anonymous said...

မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ..လို့ပြောခဲ့တယ်တဲ့လား ။ ဒါဆိုရင် နေအိမ်အကျယ်ချုပ်နှစ် ၂ဝ ကျော်ကို ဘာဖြစ်လို့ နေနေခဲ့တာလဲ ။ ခေါင်းဆောင်ကောင်း တစ်ယောက် ရဲ့ လမ်းပြမှုကိုပဲ ပြည်သူလူထုကနောက်ကလိုက်မှာ ။ ခေါင်းဆောင်ကောင်းဖြစ်ကြောင်း လုပ်ပြနိုင်ဖို့ ဒီပြင်ဟာတွေမပြောနဲ့ အဲဒီအကျယ်ချုပ်ကနေ လွတ်အောင်မလုပ်နိုင်ဘူးလား။နည်းလမ်းမရှိတော့ ဘူးလား။ဒါနဲ့ ပြည်သူလူထုကိုဘယ်လို ဦးဆောင် မှာလဲ ။ ဒီလိုဘဲ နေတော့မှာလား ။ အန်တီစုကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတစ်ယောက်အနေနဲ့ ချစ်ပါတယ် ။ သူရေးခဲ့တဲ့ စာတစ်ချို့ကိုဖတ်ပြီး ပညာရှိတစ်ဦး အနေနဲ့လဲ လေးစားပါတယ် ။ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနဲ့တော့ အားမလို အားမရဖြစ်မိတာအမှန်ပဲ ။ ကိုယ်က လူပိန်းတစ်ယောက်အနေနဲ့ပြောတာပါ ။ မှားတယ်ဆိုရင် ကိုယ်လိုလူပိန်းတွေအတွက် ရှင်းပြပေးပါလို့တောင်းပန်ပါတယ် ။ မြန်မာပြည်ထဲမှာ လူပိန်းတွေများလို့ပါ ။

ကိုပေါ said...

အမည်မသိ…..

နေအိမ်အကျယ်ချုပ် အနှစ် ၂၀ နေနေခဲ့တာမဟုတ်ပါဘူး။ အကျယ်ချုပ် ချုပ်နှောင်ထားခြင်းခံခဲ့ရတာပါ။ ဒါဟာ နအဖ စစ်အစိုးရက ဒေါ်စုအပေါ် ဘယ်လောက် ကြောက်ရွံ့နေသလဲဆိုတာကို ပြဆိုတာပါ။ ခင်ဗျားတို့ မသိပေမယ့် ဒေါ်စုရဲ့ အရည်အချင်းတွေကို ပြည်သူ့ရန်သူ နအဖက ကောင်းကောင်းသိတယ်။ ပြည်သူလူထုကို ဘယ်လို စည်းရုံးနိုင်သလဲဆိုတာ နအဖက ကောင်းကောင်းသိတယ်။ ဒါကြောင့် သူမကို မလွှတ်တမ်း ချုပ်နှောင်ထားတာပေါ့။

ဒေါ်စုဟာ ခေါင်းဆောင်ကောင်းတယောက်အနေနဲ့ လမ်းပြမှုပေးနေပါတယ်။ ပြည်သူတွေရဲ့ အကြောက်တရားဟာ အဓိက သော့ချက်ဖြစ်နေတာကို သူမ အနေနဲ့ ကောင်းကောင်းသိတဲ့အတွက် “မကြောက်ကြဖို့၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့၊ မလုပ်သင့်မလုပ်ထိုက်တာကို မလုပ်ကြဖို့” အချိန်ပြည့်တိုက်တွန်းလမ်းပြခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ရှေ့ကနေ အမြဲတစေ စံနမူနာပြ နေပြနေတာ မဟုတ်ပါလား။ ဖြစ်မလာသေးတာက အပြောင်းအလဲအတွက် ရင်ဆိုင်ရတဲ့ အခက်အခဲက ကြီးမားလွန်းလို့ပါ။ ပြည်သူလူထုစိတ်ထဲမှာ အရိုးစွဲနေတဲ့ ကြောက်စိတ်ကို ဖယ်ရှားနေရသေးလို့ပါ။ တကယ်တော့ အနှစ် ၂၀ ဆိုတာ နိုင်ငံတခုရဲ့ သမိုင်းကြောင်းနဲ့စာရင် မပြောပလောက်သေးပါဘူး။ သည်လိုသာ ဖြစ်မလာသေးလို့ ကဲ့ရဲ့ရစတမ်းဆိုရင် ခင်ဗျားတို့ ဖင်ဘူးတောင်းထောင်ပြီး ရှိခိုးနေတဲ့ ဗုဒ္ဓဟာလည်း အလောင်းအလျာဘ၀က လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းတိုင်အောင် ပါရမီဖြည့်ခဲ့ရတာပဲမဟုတ်လား။ အနှစ် ၂၀ ဆိုတာ အင်မတန်ဆိုးရွားလှတဲ့ အာဏာရှင်စနစ်တခုကို ဖြုတ်ချရတဲ့အခါမှာ ကြာလေ့ကြာထရှိတဲ့ အချိန်ကာလတခုပါ။

ဒေါ်စုကို လွတ်မြောက်အောင် မလုပ်နိုင်တာဟာ ခင်ဗျားတို့၊ ကျနော်တို့ နောက်လိုက်ကောင်းမပီသသေးလို့၊ ညံ့ဖျင်းသေးလို့ပေါ့။ ဒေါ်စုလွတ်မြောက်ဖို့အတွက် ပြည်သူလူထုက နေ့စဉ်ရက်ဆက် လမ်းမပေါ်မှာ ဆန္ဒပြမယ်။ သပိတ်မှောက်မယ်။ နအဖ ခိုင်းတာမှန်သမျှကို လုပ်မနေဘူး။ ဆန့်ကျင်အာခံကြမယ်ဆိုရင် နအဖ ဘယ်နေရဲမလဲ။ ဒေါ်စုကို အကျယ်ချုပ်က လွှတ်ပေးရမှာပေါ့။ ဒေါ်စုအကျယ်ချုပ်ခံနေဆဲမှာ အဲသည်လောက် သိန်းဂဏန်း ပမာဏနဲ့ ဘယ်သူဆန္ဒပြခဲ့သလဲ။ မေတ္တာပို့တာတွေ၊ ဆုတောင်းတာတွေ လုပ်မနေနဲ့။ ဒေါ်စုလွှတ်ပေးဆိုပြီး တပြည်လုံး နေ့စဉ် ထွက်ပြီး ဆန္ဒပြ၊ နအဖ ရေရှည်မခံဘူး။

စနစ်တကျ ဖြစ်ဖို့ဆိုရင် မြန်မာပြည်အနှံ့အပြားက မြို့တွေ နယ်တွေမှာ ခေါင်းဆောင်အရည်အသေးရှိသူတွေကို စနစ်တကျ ရွေးချယ်ပြီး ချိတ်ဆက်ထားရမယ်။ ဒါမှ တပြည်လုံး အုံကြွတဲ့အခါ စနစ်တကျနဲ့ ဦးဆောင်မှုပေးနိုင်မှာ။ အဲသည်လို လုပ်ဖို့ဆိုရင် ခရီးတွေထွက်ဖို့၊ ချိတ်ဆက်လှုပ်ရှားဖို့ ငွေလိုတယ်။ ပြည်ပကလူတွေ တတ်နိုင်တာ ပြည်တွင်းမှာ လှုပ်ရှားနေတဲ့လူတွေကို လိုအပ်နေတဲ့ ငွေပို့ပေးဖို့ပဲ။ လုပ်နေတဲ့လူတွေ မဆုတ်မနစ် လုပ်နေကြတယ်။ ဒါပေမယ့် အရေအတွက်က နည်းနေသေးတယ်။

ဒေါ်စု မလွတ်လပ်သေးသရွေ့ မြန်မာပြည်ကလည်း လွတ်လပ်နိုင်ဦးမယ်မဟုတ်ဘူး။

ခေါင်းဆောင်ကောင်းရှိရုံနဲ့မပြီးသေးဘူး။ နောက်လိုက်တွေကလည်း နောက်လိုက်ကောင်း ပီသဦးမှ။

Anonymous said...

လမ်းသစ်ဆိုတဲ့ လဒူ
တော်တော်အရေထူတဲ့ ခွေး
ဒီလောက်ဝိုင်းကြွေးနေတာတောင်...
ဝင်ဟောင်လို့ ကောင်းတုန်းဟ
အရင်ဘဝကများ
အခုထက်ကုသိုလ်အားကောင်းပြီး
ဒီကောင်ကြီးသာ ခွေးအစစ်ဖြစ်မိရင်
တော်တော်တန်ဘိုးရှိမယ့်ကောင်.......

Anonymous said...

Please STOP " TALK "..Please...!

Anonymous said...

whoever TALK....

Totally Not Useful...!

Anonymous said...

If you are Active...

Do something...

Action speak louder....

မုန်းစရာ said...

ကိုပေါရေ..
မကောင်းသူပယ် ကောင်းသူကယ်တဲ့ နတ်ကောင်းနတ်မြတ်တွေ အိပ်ပျော်နေလားမသိပါဘူး..
ယုတ်မာပက်စက်တဲ့ လူတွေကို ဘာလို့များ အသက်ဆက်ခွင့်ပေးနေကြလဲ..
ဝဋ်ကြွေးရယ်.မြန်မြန် ကျေပါတော့....

Nge Naing said...

”သည်လိုသာ ဖြစ်မလာသေးလို့ ကဲ့ရဲ့ရစတမ်းဆိုရင် ခင်ဗျားတို့ ဖင်ဘူးတောင်းထောင်ပြီး ရှိခိုးနေတဲ့ ဗုဒ္ဓဟာလည်း အလောင်းအလျာဘ၀က လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းတိုင်အောင် ပါရမီဖြည့်ခဲ့ရတာပဲမဟုတ်လား။”

ကိုပေါ - အကျအန ကောက်တာတော့ မဟုတ်ဘူး စေတနာနဲ့ ထောက်ပြတာပါ။ အပေါ်မှာ ပြောထားတဲ့ ဥပမာပေးပုံက အကြောင်းအရာမှန်တယ် ဥပမာလည်း ဟုတ်တယ်ဆိုတာ လက်ခံပေမယ့် ဒီစကားကို ဗုဒ္ဓဘာသာဝင်တယောက်က ပြောလိုက်သည်ဖြစ်စေ ဘာသာခြားတယောက်က ပြောလိုက်သည်ဖြစ်စေ ယဉ်ယဉ်ကျေးကျေး တုန့်ပြန်လိုက်တယ်လို့ ကျွန်မ မထင်ဘူး။ ဗုဒ္ဓဘာသာဆိုရင် ကိုယ့်ဘာသာရဲ့ အပြုအမူကို မလေးစားရာရောက်သလို ဘာသာခြားဆိုရင်လည်း သူတပါးဘာသာရဲ့ အပြုအမူကို ပြက်ရယ်ပြုရာရောက်တယ်။ Multi-cultural ကို ပြက်ရယ်မပြုပဲ လက်ခံနိုင်မှ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးဆိုတာကို နာလည်လက်ခံသူလို့ သတ်မှတ်လို့ ရမှာဖြစ်တယ်။ ဓလေ့တခုအရ ဖင်ထောင်ပြီးပဲ အရိုအသေပေးပေး၊ ဖက်နမ်းပြီးပဲ အရိုအသေပေးပေး၊ လက်ဆွဲပြီးပြီး အရိုအသပေးပေး သူ့ဓလေ့ကို သူကြိုက်လို့ လက်ခံထားတဲ့ အပြုအမူတခုကို အပြုသဘောမပါတဲ့ လေသံမျိုးနဲ့ ပြောတာမျိုးကို ပညာမတတ်တဲ့ သူတွေဆိုရင်တော့ မသိနားမလည်လို့ ထားလိုက်တော့ ဒါပေမယ့် ပညာတတ်လူတန်းစားဖြစ်တဲ့ ကိုပေါအနေနဲ့ ရှောင်သင့်တယ်လို့ ကျွန်မထင်တယ်။ ပြောလိုက်တဲ့ စကားတွေ အားလုံးက တန်ဖိုးရှိတာတွေ အမှန်တွေချည်းပဲ အသုံးပြုတဲ့ စကားလုံးကြောင့် ကိုယ်ပြောတဲ့ အကြောင်းအရာရဲ့ အနှစ်သာရ တန်ဖိုး ကျသွားတာမျိုး မဖြစ်စေချင်လို့ အစ်ကို ဒါမှမဟုတ် မောင်တယောက်လို သဘောထားပြီး အကြံပြုတာဖြစ်တယ်။

ngapiy said...

ကျားယို လမ်းသစ်

ဘာပြောပြော လမ်းသစ် ရှိ တာ ကောင်းတယ်

Anonymous said...

ပြည်သူတစ်ရပ်လုံး လမ်းပေါ်ကို ထွက်ပြီးတော့ ဆန္ဒပြမှ အန်တီစုလွတ်မှာလား ။ အဲဒါဆို စိတ်ချ ။ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး ။ ပြည်သူတွေအားလုံးက မျက်စိပိတ် ၊ နားပိတ်ခံထား ရတာ ။ ၈၈မျိုးဆက်နောက်ပိုင်းလူငယ်တွေရဲ့ ၉၅% ဟာ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ၊ အရင်တုန်းက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့သူ ၊ NLD ခေါင်းဆောင် ၊ အဲဒီနောက်ပိုင်း နေအိမ်အကျယ်ချုပ်မှာ နှစ် ၂ဝ ကျော်နေနေတဲ့သူအပြင် ဘာမှပိုသိမှာမဟုတ်ဘူး ။ အဲဒီလိုမသိအောင်လဲ နအဖက အကွက်ချစီစဉ်ခဲ့တာ ။ ၈၈မျိုးဆက်တွေက အန်တီစုအကြောင်း ကောင်းကောင်းသိတယ်၊ ပြီးတော့ နောက်မျိုးဆက်က သိပ်မသိဘူး ၊ နောက်မျိုးဆက်ကျတော့ လုံးလုံးကို မသိတော့ဘူး ၊ နောက်မျိုးဆက်ကျတော့ လုံးဝကို စိတ်မဝင်စားတော့ဘူး ။ အဲဒီတော့ ဘယ်မျိုးဆက်အထိ အချိန်ယူကြမှာလဲ ။ တစ်နိုင်ငံလုံးကလူတွေက တကယ့်ကို မျက်စိပိတ်နားပိတ်ခံထားရတာ ။ ကိုယ်ကိုးကွယ်တဲ့ မြတ်စွာဘုရားနဲ့ တတန်းထဲထားပြီးကိုးကွယ်တဲ့ သံဃာတွေကို ခွေးတွေလိုနှိပ်စက်ခဲ့တဲ့အချိန်တုန်းကတောင်မှ ပြည်သူတွေနောက်က ပါလာခဲ့လို့လား ။ ပြီးတော့ သူတို့ကပြောသေးတယ် ။ ဘုန်းကြီးအရေးအခင်းတဲ့ ၊ ရန်ကုန်မှာ တော်တော်ဆိုးတယ်လို့ကြားတယ် ဟုတ်လားတဲ့ ။ ဘုန်းကြီးအရေးအခင်းဖြစ်လို့ သူတို့ ကုန်ကူးနေတဲ့အလုပ်ကလေးအဆင်ပြေနေတာတောင် ရပ်ပစ်လိုက်ရတယ်တဲ့ ။ ကဲ မခက်လား ။ ပြည်သူတွေက သူတို့အတွက် သံဃာတွေလုပ်ပေးနေတာလို့မမြင်ဘူးလေ ။ ဒါတောင် ပြောတဲ့လူတွေက တောကလူတွေမဟုတ်ဘူးနော် ။ ခရိုင်အဆင့်ရှိတဲ့ မြို့ကလူတွေပါ ။ အဲဒီလူတွေပဲ NLD ကလူတွေလာတယ်ဆိုရင် ဝေးဝေးရှောင် ၊ အဲဒီလူက NLD ကဆိုတာလေးပြောတာတောင်မှ လေသံတိုးတိုးလေးနဲ့ ပြောတာ ။ အဲဒီလောက် လေးစား အားကိုးမှုနဲ့ ဘယ်လိုပြည်သူလူထုကို စည်းရုံးမှာလဲ ။ နည်းလမ်းအသစ်တော့ ရှာဖို့အချိန်ရောက်နေပြီလို့ထင်ပါတယ် ။

Anonymous said...

Ko Paw said...

"" ခင်ဗျားတို့ ဖင်ဘူးတောင်းထောင်ပြီး ရှိခိုးနေတဲ့ ဗုဒ္ဓဟာလည်း အလောင်းအလျာဘ၀က လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းတိုင်အောင် ပါရမီဖြည့်ခဲ့ရတာပဲမဟုတ်လား။ ""

That's why we 'r so sick of this Lousy Guy...

whatever he say,

he'll be rubbish...for society...

even though he stand and talk @ NLD side...

So sad to seee this kind of guy...

anyway....

Anonymous said...

Btw, just curious...

are you buddhist ..or what religion..?

for my info...

Anonymous said...

မြန်မာနိုင်ငံရဲ့အနာဂတ်ဒီမိုကရေစီကိုဖေါ်ဆောင်ပေးမဲ့အစိုးရ
တဲ့..ကြားလို့၊မြင်လို့တောင်မကောင်းဘူး၊မတရားလုပ်နေပုံ
များ၊ကိုယ်ကိုတိုင်လဲရှက်ရကောင်းမှန်းမသိ၊အဝိဇ္ဖာတွေဖုံး၊
မတရားလို့ဝင်ပြောတော့လဲရန်လုပ်(ရန်လုပ်တော့လဲ
ဘယ်နိုင်ငံမှာမှမကြားဘူးတဲ့..လူလို့ပြောဘို့တောင်ခက်တဲ့ အောက်တန်းအကျဆုံးနည်းလမ်းတွေနဲ့ ) သြော်.......။

Anonymous said...

Hey Ko Paw,

Ask "Lan Thit" to do "Lan Nii"

Anonymous said...

အိမ်မက်ထဲက ကြွေးကြော်သံကြီးတွေ ပဲတင်ထပ်လာပြန်ပြီဟေ့..

Frineds said...

Hay ! Nga Paw,

I also dont like what Lan Thit said. We know lousy government is doing unfair. But, it will be far for our country to get democracy because of some people like you.
R u buddhist ? or what religion?
If not, pls dont attack.
If yes, pls try to understand what buddhist is.
Actually, u r the rubbish of society. It is right!

Anonymous said...

Pls compare what Nga paw said. We can see his mind.

စိတ်သဘောထားကြီးတဲ့ လူမျိုးခြားဟာ စိတ်သဘောထားသေးသိမ်တဲ့ ဗမာယောက်ျားတချို့ထက်တော့ အပုံကြီး သာပါသေးတယ်။ လူကို လူလိုပဲ မြင်ပါတယ်။ လူမျိုးရေးအမြင်ကျဉ်းမြောင်းတာမျိုးကို မနှစ်ခြိုက်ပါဘူး။

ကျနော့်သမီးကြီးလာလို့ရှိရင် သူဟာသူ နှစ်သက်တဲ့လူကို ယူခွင့်ပေးမှာပါ။

အရွယ်ရောက်ပြီး လူတဦးရဲ့ ရွေးချယ်ပိုင်ခွင့်ကို ကျနော်က ၀င်ရောက်ဖိအားပေး စွက်ဖက်မှာမဟုတ်ပါ။ သမီးငယ်စဉ်မှာ လိုအပ်တဲ့ တွေးခေါ်စဉ်းစားဉာဏ် ရင့်သန်အောင်ပဲ ပြုစုပျိုးထောင်ပေးမှာပါ။


ဖင်ဘူးတောင်းထောင်ပြီး ရှိခိုးနေတဲ့ ဗုဒ္ဓဟာလည်း အလောင်းအလျာဘ၀က လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းတိုင်အောင် ပါရမီဖြည့်ခဲ့ရတာပဲမဟုတ်လား။”

Nga Ye said...

Lan Thit is like a dog.
But ko paw is worse than dog.

See what he say


”သည်လိုသာ ဖြစ်မလာသေးလို့ ကဲ့ရဲ့ရစတမ်းဆိုရင် ခင်ဗျားတို့ ဖင်ဘူးတောင်းထောင်ပြီး ရှိခိုးနေတဲ့ ဗုဒ္ဓဟာလည်း အလောင်းအလျာဘ၀က လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းတိုင်အောင် ပါရမီဖြည့်ခဲ့ရတာပဲမဟုတ်လား။”

Anonymous said...

People are sensitive when it comes to religious matter. It's almost untouchable. But remember, if I'm not wrong Buddha says he and his teaching are open to be questioned, examined and criticized. I'm Buddhist and proud of it because of that he says this. I don't believe in blind-folded holy faith.

သတိ said...

အားလုံးသတိ

ကိုကလိုစေးထူးရဲ့ ဘလော့မှာ အမှားထောက်ပြတာ သွက်လွန်းတဲ့ ကိုပေါကို သတိထားမိရာကနေ ဒီဘလော့ကို ကျွန်တော်ရောက်လာဖြစ်တာပါ.. ခုတော့ ကိုစေးထူးရဲ့ အမှားလို့ထောက်ပြလာတဲ့ အချက်တွေဟာ တကယ်မှားနေခဲ့ရင် တုန့်ပြန်ပုံလေးတွေကို ကိုပေါအတုယူသင့်ပီလို့ ထင်ပါတယ်ဗျ.. (သတင်းစာကို လွှဲချပုံလေး တွေ့လို့ပါ..)

ကဲ.. ကျွန်တော်အဓိက မြင်တာကတော့ ကိုပေါဟာ အဖြစ်ပျက်တစ်ခုကို ဒေါ်စုလုပ်တာဆိုပီးတော့ အပြစ်မရှိကြောင်း အတင်းဖာထေးချင်နေသလို ခံစားရတယ်.. တကယ်လို့ အစထဲက အပြစ်မရှိဘူးထင်ရင် နအဖဟာ အကွက်ဆင်ပီး ပို့ခဲ့ပါတယ်.. ဒါကြီးက ဟုတ်နိုင်ပါ့မလား မေးခွန်းထုတ်နေစရာကို မလိုဘူး.. စခတဲက ကဲ.. ၀င်တွေ့တယ်.. အဲဒါဘာအပြစ်ရှိလို့လဲဆိုတဲ့ စတိုင်နဲ့ပဲ ချည်းကပ်သင့်တယ်..

နောက်တစ်ခုက ဒေါ်စုကြည် အပြစ်ရှိမရှိ… တရားစွဲမယ် သတင်းထွက်တာနဲ့ ဘာနဲ့စွဲမယ်မှန်း မသိသေးပေမဲ့ အန်အယ်ဒီရှေ့နေတွေရော.. ဥပဒေအသိုင်းဝိုင်းကပါ ပုဒ်မ ၂၂ နဲ့ စွဲမယ်ထင်တယ်ဆိုပီး ပြောလာကြတယ်.. ဒီတော့ ဒါဟာ ၂၂ နဲ့ ငြိနေပီဆိုတာ သူတို့အားလုံး သိနေကြပီ.. ထားပါ… ကျွန်တော် ဥပဒေသိပ်နားမလည်ဘူး.. လူပိန်းလိုပဲ စဉ်းစားကြည့်မယ်.. အကျဉ်းကျနေတဲ့လူတစ်ယောက်.. သူ့ဆီကို တခြားလူက ခိုးဝင်ပီးလာတွေ့မယ်.. အဲဒီအကျဉ်းကျသမားက ဘယ်သူ့ကိုမှ အကြောင်းမကြားပဲ ခိုးကြောင်ခိုးဝှက်လက်ခံပီး တိတ်တိတ်လေးပြန်လွှတ်မယ်.. ဘယ်သူတွေအပြစ်ရှိမလဲ.. အဓိကက အဲဒီခိုးဝင်တဲ့ ကောင် အပြစ်ရှိမယ်.. နောက် လုံခြုံရေးတွေ တာဝန်မကျေတဲ့ အပြစ်ရှိမယ်.. ကဲ.. အဲဒီအကျဉ်းသမားကရော အပြစ်ကင်းပါတယ်လို့ ပြောလို့ရလား.. ဒီနေရာမှာ ကိုပေါက ဒေါ်စုဟာ ကိုမှန်တယ်ထင်တာကို တာဝန်ယူပီး ရဲရဲရင့်ရင့် လုပ်တာလို့ အတင်းဖာထေး ထားပေမဲ့ ကျွန်တော်မြင်တာတော့ ခြံဝက လုံခြုံရေးတောင် မသိအောင် ခိုးကြောင်ခိုးဝှက် လုပ်သွားတာပဲ..

ပီးတော့ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စနဲ့ ဖြစ်လာမဲ့ အကျိုးဆက်ကို ရဲရဲဝန့်ဝန့် ရင်ဆိုင်မယ်ဆိုပေမဲ့ ကျွန်မအပြစ်မရှိပါဘူးဆိုတဲ့ ငြင်းချက်ကိုပဲ ကျွန်တော်တို့ရခဲ့တယ်.. နိုင်ငံရဲ့ အထင်ကရခေါင်းဆောင် တစ်ယောက်ဟာ ဒီဖြစ်ရပ်မျိုးမှာ အဲဒီခိုးကြောင်ခိုးဝှက် လက်ခံပီး ဖုံးဖိပေးခဲ့တဲ့ လူတစ်ယောက်ကို အပြစ်မရှိပါဘူးလို့ ခံယူမြင်နိုင်ခဲ့တဲ့ ဒေါ်စုရဲ့စိတ်ကိုတော့ ကျွန်တော်အံ့သြောပါတယ်.. ကျွန်တော်တော့ အဲလိုမြင်ခဲ့တာဟာ ကျူးလွန်သူဟာ သူကိုယ်တိုင်ဖြစ်နေလို့ပဲလို့ ယူဆပါတယ်.. ဒေါ်စုဆိုတဲ့ နာမည်ကိုသာဖယ်လိုက်ရင် ဒီအဖြစ်က ငြင်းနေစရာတောင်မလိုဘူး.. ဘယ်နိုင်ငံမှာများ အဲလို အကျဉ်းသားတစ်ယောက်က တခြားတစ်ယောက်ကို ခိုးဝှက်လက်ခံခဲ့မယ်ဆိုရင် အပြစ်မရှိဘူးလို့ ယူဆမလဲ..

ဒီနေရာမှာ အစိုးရဟာ သိရက်နဲ့ တမင်လွှတ်ပေးလိုက်တာ အများကြီးဖြစ်နိုင်တယ်.. ဒါဟာ စဉ်းစားရမဲ့ အကန့်ထဲမှာ ရှိကိုရှိနေမှာပဲ.. ဒါပေမဲ့ ဒေါ်စုဟာလည်း ဒီနေရာမှာ အပြစ်ကင်းတဲ့ နေရာမှာ ရှိမနေဘူး.. ရှိနေပါတယ်လို့ ထန်းလက်ကာလို့ မရဘူး..

အဆုံးသတ်မယ်ဆိုရင်တော့ဗျာ.. ကျွန်တော်တို့ဟာ ကိုယ့်ခေါင်းဆောင်လုပ်တာနဲ့ပဲ အားလုံးအမှန်ဖြစ်ရမယ်ဆိုပီး အတင်းဆွဲကပ် ယုံကြည်တာမျိုး မလုပ်သင့်ပါဘူး.. ဟော.. ကိုပေါရေ.. အကျဉ်းသားတစ်ယောက်က တစ်ခြားတစ်ယောက်ကို ခိုးဝှက်လက်ခံထားတဲ့ ကိစ္စမျိုးဟာ ခုတော့လည်း အမှားမဟုတ်တော့ပြန်ဘူးခဗျ.. ဒါကြောင့်လည်း အကြွင်းမဲ့အမှန်ဆိုတာ ရှားပါးလာရပါသကောဗျာ.. ကျွန်တော်သတိထားမိတာက ကိုပေါလည်း ကျွန်တော့လိုပဲ မှန်တာပြောရင်တော့ လက်ခံပါတယ်.. ဒါပေမဲ့ မှန်မှမမှန်တာ.. အဲဒီတော့ငြင်းမှာပဲဆိုတဲ့ အမြင်မျိုးနဲ့ပဲ ဆက်လက်ချီတက် နေပုံပဲမဟုတ်လားဗျို့.. ဟီးဟီး..

သက်သာပါဗျာ
မောင်သတိ

Anonymous said...

်I disagree with Ko Paw for some of his comments but for this post I might say he is right.

However, I think Ko Paw is wasting his time explaining Kyant Phont suckers.

Whatever motives that Kyat Taw or Yet Taw has. Daw Su has every right to talk to him or anyone she meets or she wants. Those are her basic rights. I have every f..king right to talk to any f..king one at my living room, my dinning room. This is my rights. I will kill anyone on earth who wants to take away from me, I will never hesitate to heck anyone head. It is my home, I own it, not old sucker Than Shwe or his suckers.

She is not guilty as she can talk to anyone she likes.

It is none of old c..k sucker Than Shwe's f..king business. Period.

မင်းနန္ဒ said...

Yattaw ကိစ္စနဲ့ပတ်သက်ပြီး ဖြစ်စဉ်အားလုံးကို အစဉ်တစ်စိုက်လေ့လာခဲ့ပါသည်။ လက်လှမ်းမှီသမျှ သတင်းများ၊ အင်တာဗျူးများ၊ တစ်ဆင့်စကားများအပေါ်အခြေခံ၍ ဖြစ်နိုင်ချေ တို့ကိုတွေးထုတ်ကြည့်မိပါသည်။
ယခုအမှုတွင် အရေးကြီးဆုံးမှာ ဒေါက်တာတင်မျိုးဝင်းကို ဖမ်းဆီးထိန်းသိမ်းထားခြင်းပင်ဖြစ်ပါတယ်။ ဒေါက်တာဟာ တကယ်ဆို အမှုနှင့်တိုက်ရိုက်ပတ်သက်သူလဲမဟုတ်ပါ။ ဒေါ်စုအိမ်မှာနေထိုင်သူလဲမဟုတ်ပါ။ ဘာဖြစ်လို့သူ့ကိုဖမ်းထားပါသလဲ? သတင်းများနှင့် J.W. Yattaw၏ ဇနီးဟောင်းပြောပြချက်များအရ သူသည် ၂၀၀၈ကလဲ ဒေါ်စုအိမ်သို့ ယခုလို ရေကူးခိုးဝင်ခဲ့ဖူးသူဖြစ်ပါသည်။ ထိုစဉ်က ဒေါ်စုက အတွေ့မခံခဲ့ပါ။ ဒေါ်ခင်ခင်ဝင်းတို့မှ ဒေါ်စုက မတွေ့လိုကြောင်း ပြောပြီးပြန်ခိုင်းသဖြင့် ပြန်သွားခဲ့သည်။ ဆိုပါသည်။ ထိုအကြောင်းကို ဒေါက်တာတင်မျိုးဝင်းမှတဆင့် လုံခြုံရေးအဖွဲ့ကို အသိပေးခဲ့ပါသည်။ သို့သော် ထိုစဉ်က မည်သို့မျှ အရေးတစ်စုံတစ်ရာ မယူခဲ့ပါ။ ဘာမျှအကြောင်းမပြန်ခဲ့ပါ။
ယခုလတ်တလောဖြစ်ရပ် ဖြစ်လာချိန်တွင်မူ သေချာပေါက် ခွင်မိနေသဖြင့် အမှုလုပ်ပြီး ထောင်ချဖို့စီစဉ်ပါတော့သည်။ ယခင်အခေါက်က ကိစ္စအကြောင်း အပြင်လောကအား၊ မီဒီယာအားပြောပြနိုင်သူမှာ ဒေါက်တာတင်မျိုးဝင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် ထိုကိစ္စမပေါက်ကြားစေရန် လက်ဦးမှုယူ၍ ဒေါက်တာအားအရင်ထိန်းသိမ်းလိုက်ပါတော့သည်။ သို့ပေသော်လည်း နအဖ တစ်ခုသတိလစ်သွားသည်မှာ ၂၀၀၈ခုနှစ်မှကိစ္စအား ပြန်ပြောပြနိုင်သူသက်သေမှာ ဒေါက်တာတင်မျိုးဝင်းတစ်ဦးတည်းမဟုတ်ပါ။ Yattaw ၏ ဇနီး Betty Yattaw မှလဲ ယခင်အခေါက် ယခုကဲ့သို့ သွားဖူးကြောင်းကိုပြောပါသည်။ ထို့ကြောင့် စစ်အစိုးရသည် ယခင်ကိစ္စကတည်းက သိသိနှင့်လွှတ်ပေးခဲ့ကြောင်းထင်ရှားလှပါသည်။ ဒေါက်တာတင်မျိုးဝင်းကိုထိန်းထားရုံနှင့် ထိုအမှန်တရားပေါ်မလာနိုင်ဟု စစ်အစိုးရမှထင်ထားပုံရသည်။ ဒေါ်စုတို့ဖက်မှ တာဝန်ကျေခဲ့ပါသည်။ ယခင်အခေါက်ကလည်း ဒေါ်စုမှလုံးဝ လက်ခံမတွေ့ခဲ့သလို အာဏာပိုင်များအားလဲ အကြောင်းကြားခဲ့ပါသည်။ သူခိုးမိသလို ပုဆိုးစကိုဆွဲပြီး ရဲကိုအော်ခေါ်သလိုတော့ လုပ်စရာလိုမည်မဟုတ်ပါ။ ယခုအခေါက်တွင်လဲ Yattaw ကိုဖမ်းမိသော နေ့သည် ဒေါက်တာတင်မျိုးဝင်းလာမည့်နေပင်ဖြစ်ပါသည်။ ဒေါက်တာတင်မျိုးဝင်းရောက်လာပါက ဒေါ်စုမှ ထိုကိစ္စကို သေချာပေါက် လုံခြုံရေးအားအကြောင်းကြားခိုင်းပေလိမ့်မည်။ လူသားမဆန်စွာဖြင့် ရဲလက်ထဲသို့ Yattaw အားအပ်မည်မဟုတ်ပါ။ လူဝင်သဖြင့် လုံခြုံရေးပိုမိုသတိထားပါရန်ပဲ ပြောပါလိမ့်မည်။ ယခုတော့ Yattaw ကိုမိသည်နှင့် တခါတည်း ဒေါက်တာတင်မျိုးဝင်းကိုပါ ဒေါ်စုအိမ်အတွင်း လုံးဝမ၀င်စေတော့ပါ။ ဒေါ်စုနှင့်ပေးမတွေ့တော့ပါ။
ပိုပြီးသေချာနေသည်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့ ရုံးထုတ်စဉ်က ဒေါ်စုတို့အမှုတွဲတွင် ဒေါက်တာတင်မျိုးဝင်းပါမလာပါ။ ဒေါ်စုတို့ ၃ယောက်နှင့် J.W Yattaw ပဲပါ ပါသည်။ Yattaw ကိုယ်တိုင်မှာလဲ ဒီလောက်ထိဖြစ်လာမည်ဟုတ် ထင်ထားပုံမပေါ်ပါ။ သူဟာ သူလုပ်နေတဲ့ Psycological research အတွက် ဒေါ်စုကို စကားပြောဖို့ အလွန်ပင် စိတ်အားထက်သန်နေသူ၊ ပညာလိုလားသူ၊ မိမိလုပ်ချင်ရာကိုသာလုပ်တတ်သူ၊ ခပ်ကြောင်ကြောင် ပညာတတ်တစ်ယောက်သာဖြစ်ပါသည်။ သူရေးနေတဲ့ စာအုပ်ထဲတွင် ဘ၀နှင့်အသက်အန္တရယ်ကိုအကြီးအကျယ်ခြိမ်းခြောက်ခံရပြီးနောက်တွင်ပင် မည်ကဲ့သို့တရားဖြင့် ခွင့်လွှတ်နိုင်သလဲ၊ မည်သို့ စိတ်ဓါတ်ခိုင်ခိုင်မာမာဖြင့် ဆက်နေနိုင်သလဲဆိုတာကို ဒေါ်စုအားကိုယ်တိုင်တွေ့မေးလို၍ဖြစ်သည်ဟု Betty Yattaw ကပြောပြပါသည်။ ထောက်လှမ်းရေးဟောင်း ဗိုလ်မှုးအောင်လင်းထွတ် အပြောအရဆိုလျှင် Yattaw ကိုယ်တိုင်ပင်လျှင် သူ့ကို အသုံးချခံလိုက်ရခြင်းကို နားလည်သိရှိလိုက်ပေမည်မဟုတ်ဟု ဆိုပါသည်။ ဒါကတော့ တိုင်းရေးပြည်ရေးတိုးတက်အောင်သာ မလုပ်နိုင်ရင်နေမယ်၊ ညစ်ပတ်စုတ်ပဲ့တာမှန်သမျှ အကွက်ကျကျလုပ်တတ်တဲ့ နအဖလုပ်ရပ်တွေကို လက်လှမ်းမီသလောက် ဆက်စပ်တွေးထားခြင်းဖြစ်ပါသည်။
ဆက်လက်ပြီး ရဲဘော်ကြီးသတိ စွပ်စွဲတာတွေကို တုံ့ပြန်ပြောပါအုံးမယ်။ ဘာပုဒ်မနဲ့စွဲမယ်၊ ဘာလုပ်မယ်ဆိုတာ ကိုစတင်သတင်းလွှင့်နေတာ NLD ကရှေ့နေတွေမဟုတ်မှန်း သတိ ဆိုသူ ကောင်းကောင်းသိပါတယ်။ ဘာလို့ဆို သူဟာ ကျေးစေတမန် နဲ့ သာကီနွယ်တို့ရဲ့ပင်တိုင်ပရိသတ်ဖြစ်နေလို့ပါပဲ။ သတိနဲ့ကျုပ်ဟာ ကြုံရင်ကြုံသလိုငြင်းခုန်နေကြ ငြင်းဖက်တွေပါ။ မကြုံတာလဲကြာပြီ၊ ကြာဆို ကျုပ်လဲသူရှိရာ အဲဒီဘလော့တွေကို ရွံ့ရှာလို့ မသွားသလို၊ သူကလဲ အလားတူနေမှာပေါ့လေ။
“နိုင်ငံရဲ့ အထင်ကရခေါင်းဆောင် တစ်ယောက်ဟာ ဒီဖြစ်ရပ်မျိုးမှာ အဲဒီခိုးကြောင်ခိုးဝှက် လက်ခံပီး ဖုံးဖိပေးခဲ့တဲ့ လူတစ်ယောက်ကို အပြစ်မရှိပါဘူးလို့ ခံယူမြင်နိုင်ခဲ့တဲ့ ဒေါ်စုရဲ့စိတ်ကိုတော့ ကျွန်တော်အံ့သြောပါတယ်.” သတိရဲ့ ဒီကွန်မန့်ကို လုံးဝကန့်ကွက်ပါတယ်။ ဒေါ်စုဟာ အဲဒီလူရှိနေတာကို လက်ခံဖုံးဖိပေးခဲ့တာမဟုတ်ပါဘူး။ အဲဒီလူအဲလိုခိုးဝင်တာ အပြစ်ရှိတယ်ဆိုတာ ခံယူလို့လဲ ပထမအကြိမ်သူခိုးဝင်တုံးက လက်ခံမတွေ့ခဲ့တာပေါ့။ ဒါပေမယ့် ကျုပ်အပေါ်မှာရေးခဲ့သလိုပဲ.. အဲဒီလူဝင်နေပါတယ် ဒီမှာရှိတယ် လာဖမ်းကြပါလို့ ရဲကိုပြောစရာ ဒေါ်စုမှာ ဥပဒေအရလဲ တာဝန်မရှိပါ။ သူ့ပယောဂနဲ့ လူတစ်ယောက် အဖမ်းမခံရစေလိုခြင်းက သူ့ရဲ့လူသားချင်းစာနာတဲ့စိတ်ထားပါ။ ဒါပေမယ့် သူ့မှာဥပဒေကို လူတစ်ယောက် ဒုက္ခမရောက်စေရပဲ လိုက်နာဖို့ အကောင်းဆုံးလို့ သူထင်တဲ့နည်းကိုရွေးခွင့်ရှိပါတယ်။ ကျုပ်အပေါ်မှာပြောခဲ့သလို..ဒေါက်တာတင်မျိုးဝင်းဝင်လာတာနဲ့ သူအသိပေးခိုင်းမှာပါပဲ။ ဘာလို့ ကိုယ်တိုင် ဂုတ်ဆွဲပြီးရဲလက် မအပ်လဲ မမေးနဲ့လေ..သူဟာသတိနဲ့ သတိရဲ့ ဆရာကြီးတွေလို အကြင်နာခေါင်းပါးသူမဟုတ်သလို၊ ဥပဒေထဲမှာလဲ ခိုးဝင်ပြီးအတင်းနေသူကို မဖြစ်မနေ ရဲလက်အပ်ရမယ် မပါဘူး။ သေချာတာ အခုကိစ္စမှာ ဒေါ်စု ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ ခိုင်လုံတဲ့ အချက်လုံးဝကိုမရှိတာပါပဲ။ ကိုယ်လက်မခံပဲ သူ့ဖာသာ ခိုးဝင်နေတဲ့သူအတွက် ကိုယ်က အသားလွတ်ထောင်ချခံရစရာ အကြောင်းလုံးဝမရှိ။ သူ့ဖာသာ ခိုးဝင်နေတဲ့သူအတွက် ကိုယ်က ထောင်ကျခံရမယ်ဆိုရင်လဲ လုံခြုံရေးတာဝန်ယူထားတဲ့ . SB, စရဖ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံးပါ ထောင်ထဲထည့်ပါမှ တရားပါလိမ့်မယ်။

အမှတ်တရားအတွက်
အောင်ဆန်းမန်း

မသူတော် said...

အောင်ဆန်းမန်းခင်ဗျာ...

ကျေးဇူးအထူးတင်ပါတယ်..

မေငြိမ်း said...

အောင်ဆန်းမန်း
ကျေးဇူးအထူးတင်ပါတယ်။ အဲဒီ ကော်မင့်လေးကို သေချာ သိမ်းထားလိုက်ပါပြီ။

Anonymous said...

အကျိုးအကြောင်းဆီလျော်သော အောင်ဆန်းမန်း ၏ ဒီကော်မန့်အတွက် ကျေးဇူးတင်ပါတယ်။

Anonymous said...

""
People are sensitive when it comes to religious matter. It's almost untouchable. But remember, if I'm not wrong Buddha says he and his teaching are open to be questioned, examined and criticized. I'm Buddhist and proud of it because of that he says this. I don't believe in blind-folded holy faith. ""

"" ခင်ဗျားတို့ ဖင်ဘူးတောင်းထောင်ပြီး ရှိခိုးနေတဲ့ ဗုဒ္ဓဟာလည်း အလောင်းအလျာဘ၀က လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းတိုင်အောင် ပါရမီဖြည့်ခဲ့ရတာပဲမဟုတ်လား။” ""

this writing 's not questions, examined and criticized to Buddha...to get truth...

"" ဖင်ဘူးတောင်းထောင်ပြီး ရှိခိုးနေတဲ့ ဗုဒ္ဓ..""

It's insult to all Buddhists..??

သတိ said...

အားလုံးသတိ

ကိုမင်းနန္ဒရေ.. ကျွန်တော်လည်း ကျွန်တော်ထင်သလို ကောက်ချက်ချသလို အကိုလဲ အကိုထင်သလို ကောက်ချက်ချတာဖြစ်တဲ့ အတွက် ဒီအဖြစ်အပေါ် အကို့ အမြင်တွေတော့လည်း ဘာမှမပြောလို့ပါဘူးခင်ဗျ.. ဒါပေမဲ့ ကျွန်တော့်ကို ပြောထားတဲ့ အချက်လေးတွေကို နဲနဲတော့ ပြန်ပြောပါဦးမယ်.. ဟဲဟဲ.. ကိုပေါရေ.. အကို့ နေရာကြီးကို ငြင်းစရာနေလာလို့ သုံးမိတဲ့အတွက်တော့ ဆောဒီးပါဗျာ..

ပုဒ်မ ၂၂ နဲ့စွဲမယ်ဆိုတာကို အန်အယ်ဒီရှေ့နေတွေက ကျေးစေတမန်လို ဘလော့က သတင်းလွှင့်မှ ပြောလာတာလား.. ကျွန်တော်သိသလောက်တော့ ဘာနဲ့စွဲမယ်မသိရသေးဘူး.. ဒါပေမဲ့ ၂၂ နဲ့စွဲမယ်ထင်တယ်ဆိုတာ အန်အယ်ဒီ ရှေ့နေ တွေက ပြောခဲ့တယ်.. ဒါဟာ ဘလော့တစ်ခုရဲ့ ၀ါဒဖြန့်မှုကို လွှမ်းမိုးခံခဲ့ရလို့ ဒီအသံထွက်လာတယ်လို့တော့ မောင်သတိအနေနဲ့ မထင်မိပါဘူးဗျာ.. ဥပဒေကို သေချာမသိလို့ မောင်သတိအနေနဲ့ အကျယ်မပြောလိုပေမဲ့ ခုလိုအပြစ်ပြုသူတစ်ယောက်ကို ဖုံးဖိပေးတဲ့လူဟာ အပြစ်ကင်းစေသတည်းလို့တော့ ဘယ်နိုင်ငံဥပဒေမှာမှ ရှိမယ်လို့ ကျွန်တော်မထင်ပါဘူးခင်ဗျာ..

နောက်တစ်ခု.. အကိုလုံးဝ ကန့်ကွက်ခဲ့ပါတယ်ဆိုတဲ့ စာသားဟာ နားလည်မှုလွဲနေတာ တွေ့တယ်.. ကျွန်တော်ဟာ ဒီအမေရိကန်ကောင်ရဲ့ အပြစ်ရှိမရှိကို ထည့်တောင်မစဉ်းစားဘူး.. ဒေါ်စုအပြစ်ရှိမရှိကိုပဲ စဉ်းစားတယ်.. ဒီနေရာမှာ ခိုးကြောင်ခိုးဝှက် လက်ခံပီး ဖုံးဖိပေးခဲ့တဲ့ လူတစ်ယောက်ကို အပြစ်ရှိတယ် မရှိဘူးဆိုတာကိုပဲ စဉ်းစားတယ်.. ဒေါ်စုဟာ အဲလိုလက်ခံတဲ့လူကို အပြစ်မရှိဘူးလို့ မြင်တယ်.. ဒါကြောင့်လဲ သူအပြစ်မရှိပါလို့ တရားရုံးမှာ ငြင်းခဲ့တာပေါ့.. ဒါကို ကျွန်တော်အံ့သြောတာ.. နိုင်ငံရဲ့ ခေါင်းဆောင်ဟာ ဘာလို့ဒီလိုဖြစ်ရပ်ကို အပြစ်မရှိဘူးလို့ ခံယူမြင်နိုင်တာလဲ.. ရှင်းတာတော့ သူလုပ်ထားတဲ့ကိစ္စ မို့လို့ပါပဲ…

နောက်ဆုံးအချက်.. ဒီအမေရိကန်ကောင်ဟာ မြန်မာနိုင်ငံဥပဒေကို ချိုးဖောက်ပီး ၀င်ချလာပီ.. ဒေါ်စုဟာ သူ့ရှေ့မှာ ဥပဒေချိုးဖောက်လာတဲ့ လူတစ်ယောက်ကို တွေ့တယ်.. ကဲ.. ရှင်းရှင်းမေးမယ်ဗျာ.. သူအပြစ်လုပ်တာ ဖမ်းခံထိမှာ စိုးရိမ်လို့ ကျွန်မ တိတ်တိတ်လေး ပြန်လွှတ်လိုက်ပါတယ်ရှင်ဆိုတာ ဒေါ်စုလို သိက္ခာရှိနိုင်ငံရေး သမားတစ်ယောက် လုပ်ရမဲ့လုပ်ရပ်လား.. မှန်တယ်.. သူ့ဘာသာ ၀င်လာရင် အပြစ်မဟုတ်ဘူး.. ဒါပေမဲ့ ၀င်လာတာကို ခိုးဝှက်လက်ခံဖုံးဖိပေးထားရင် ဒါအပြစ်ပဲ.. ဒါဒေါ်စုမသိပဲ မနေပါဘူး.. တောင်းပန်ချင်တာက ဒီနေရာမှာ ကျွန်တော်ဟာ ခိုးဝှက်လက်ခံဆိုတာကိုတော့ ကျွန်တော်ထပ်သုံးရမှာပါပဲ.. ဒါဟာ တကယ့်ဖြစ်ရပ်ဆိုတော့ ကျွန်တော်ဒီစကားစုကို ပစ်ပယ်လို့မရပါဘူး.. အကိုတောင် ကော်မန့်မှာ ကိုယ်လက်မခံပဲ သူ့ဘာသာ ခိုးဝင်နေရင်လို့ သုံးခဲ့တယ်မဟုတ်လား.. ခုတော့ သူ့ဘာသာခိုးဝင်လာတာကို ကိုယ်လက်ခံခဲ့ပီလေဗျာ..

အဆုံးသတ်ရင်တော့ဗျာ.. အကိုတွေးခဲ့တဲ့ အစိုးရရဲ့ ပါဝင်နိုင်တဲ့ အချက်တွေကို ကျွန်တော်သဘောတကျနဲ့ကို လက်ခံပါရဲ့.. အများကြီးဖြစ်နိုင်သလို စဉ်းစားရမဲ့ အချက်တွေပါပဲ.. ဒါပေမဲ့ လူတွင်ပါလို့ နွားကျားကိုက်ခဲ့ပါပီ.. ဒေါ်စုဟာ ဒီနေရာမှာ အပြစ်လွတ်တဲ့ နေရာမှာ ရှိမနေဘူးဆိုတာ ထန်းလက်ကာမနေဘူးဆိုရင် ငြင်းခုန်စရာ အကြောင်းတောင် မဟုတ်လောက်ပါဘူးလေ…

အားလုံးသက်သာဗျို့..
မောင်သတိ

Anonymous said...

I am sick of those Kyant Phont suckers. Maung Tha Di or Maung Lan Thit (new lane to his mother's ...

Read the followings s..kers

1) Locking up Daw Su is illegal
2) Even a locked person can talk to anyone who comes inside

So Daw Su should be acquitted (not guilty).

The line we have to take is whether Daw Su should have called guards or not. The line we have to take is that that locking up is ILLEGAL.

You are taking the wrong line.

Anonymous said...

I am surprised that all opposition leaders,strategists and activists and by standers (interested parties like me) taking wrong line of defence.

The battle line is not whether the swimming had taken place, Daw Su should be charged for letting him stay there, or blah blah blah.

You should be defining the battle line for locking her and others up illegally.

That is called strategic depth. That is you keep a distance from our own assets far from the battle.
It is important to define the battle line, you choose the battle and do not let the enemy (adversary) chosen the battle ground.

Think of why Singapore has kept its northern part of island less populated, why its air force is stationed around the globe, think of why Israel has invaded and annexed Sinai, West Bank, etc.. It is called Strategic Depth. You know where to fight dont let the battle taken place inside your strategic zone. So the battle line must be drawn at borders away from your heart land. I am surprised with the chosen battle line here and media.

မောင်ထွေး said...

ဟေ့ မောင်သတိ မင့်အမေ့လင်၊ မင့်ပထွေး၊ မင်းတို့က နိုင်ငံတော်အချီးအခဲလို့ အမြဲခေါ်နေတဲ့ ဘိုစုတ်သန်းရွှေက ပေါက်တတ်ကရ နိုင်ငံထော်လုံခြုံရေးတို့၊ သူမရဲ့လုံခြုံရေးအတွက်တို့ ပါးစပ်ရှိတိုင်း မဟုတ်တရုတ်အမိန့်တွေနဲ့ အစကထဲက တရားမဲ့ ဒီအမျိုးသ္မီးကြီးကို ဖမ်းချုပ်ထားတာကိုကျတော့ ပထွေးတော်မို့လို့ ကြက်ဥတိုက်ပြီး မှိန်းနေတယ် ဘာမှမပြောဘူးပေါ့လေ။

Anonymous said...

I'm sick of this သတိ and မောင်လမ်းသစ် kind of people. When I see their comments, I feel ashamed of being a Burmese.

Anonymous said...

Myanmar bars lawyer from Suu Kyi trialNo need to argue with those idiots that World know the truth. Here is an example.

"Her recent detention in prison is totally unacceptable. She has done nothing wrong," said a statement from the Norwegian Nobel Committee, which rarely comments on past laureates.

မောင်ထွေး said...

မောင်လမ်းသစ်ရေ မင့်လိုအတွေးခေါ်ရှိတဲ့ အကောင်မျိုးကိုတော့ မောင်လမ်းနီးလို့ပဲ ခေါ်ဖို့သင့်တော်တာမို့ မင့်တို့ရဲ့ သခင်၊ မင့်တိုရဲ့ ရေမြေ့အရှင် ဘိုစုတ်သန်းရွှေရဲ့ လမ်းကိုပဲသွားနီးပါလို့ ပြောပါရစေ။

Anonymous said...

so sick of this guy tha di. daw su didnt do anything wrong. she lives in her own lives. she has right to do whatever she wants as her house arrest is illegal. we are ruled by illegal government, ok? daw su doesnt have to follow their order.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs