“မှားရက်ပလေ”

Share |
စင်္ကာပူမှာ အခမဲ့ဖြန့်ဝေတဲ့ စင်္ကာပူအစိုးရရဲ့ အာဘော် တူဒေးသတင်းစာမှာ ဒီနေ့ မမှားသင့်တဲ့ အမှားတခုပါလာတယ်။ သတင်းက အေပီကနေ တဆင့်ဝယ်တာဆိုတော့ အေပီကပဲ မှားသလား၊ တူဒေးလက်ထဲရောက်မှ မှားသလားမသိ။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့သတင်းတပုဒ်ကို ဖော်ပြရာမှာ နိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းပုံကို ဖော်ပြပြီး ဓါတ်ပုံအောက်က ပုံအညွှန်းစာမှာ “သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ထဲက ရှေ့နေတယောက်လည်းဖြစ်တယ်” လို့ မှားယွင်းဖော်ပြထားတာကို တွေ့ရတယ်။ အဖွဲ့ချုပ်က ရှေ့နေဦးဉာဏ်ဝင်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို တယောက်တည်းလို့ ထင်ပုံရတယ်။ အယ်ဒီတာမင်းများ ရွှေဉာဏ်တော် စူးရောက်ပေစွ။ မှားမှ မှားရက်ပလေ။

(အကြီးချဲ့မြင်ရအောင် အောက်ကပုံပေါ်မှာ ကလစ်ခေါက်ပါ။ မူရင်းသတင်းကိုတော့ ဒီမှာ သွားဖတ်ပါ။) Updated: အခုနေ့လည်ပိုင်းမှာ အွန်လိုင်းဗားရှင်းမှာ တစုံတယောက်က အမှားကိုထောက်ပြတဲ့အတွက် ပြန်ပြင်လိုက်တာကို တွေ့ရပါတယ်။

8 comments:

Unknown said...

အော်... ဒွတ်ခ.... ဒီက အယ်ဒီတာတွေကလည်း ဖြစ်နိုင်လား၊ မဖြစ်နိုင်လား ဆိုတာတောင် မတွေးတတ်ကြတော့ဘူးလား....မသိ....
း-ဝ

JD said...

OMG!..Today Editor and AP Editor, how come Government's ministar ( minister) can act as a lawer of Opposition Leader..LOL! :D:D:D

chocothazin said...

မနေ့ က Straits Times မှာလည်း မှားနေတယ်လေ။ ထိုင်းကဝင်ရောက်စွက်ဖက်နေတယ်လို့ မြန်မာသတင်းစာကြေငြာချက်ကို သူကပြန်ကြေညာတယ်။ အဲဒီသတင်းရဲ့ ခေါင်းစဉ်ကို ဒီလိုပေးထားတယ်လေ- "Myanmar is meddling" တဲ့။ တော်တော်အူကြောင်ကြောင်ဖြစ်သွားတယ်။
ညဘက် ပြန်ဖတ်တော့မှ "Thailand is meddling" ပြန်ဖြစ်သွားတယ်။

ဒီမှာဖတ်ကြည့်ပါ

Anonymous said...

အောင်မလေး...
ဒီလူသာ ရှေ့နေဆိုရင်..
အန်တီစု တသက်လုံးထောင်ထဲက
ထွက်ရမှာမဟုတ်ဘူး

ကိုပေါ said...

အမည်မသိ….

“ရှေ့နေကယ်မှ ထောင်လုံးလုံးကျ” ဆိုတဲ့ စကားပုံရှိတယ်လေ။ အဲသလို “ရှေ့နေ”နဲ့ “ဝှေ့နေ”နဲ့ မှားတဲ့ကိစ္စမျိုးမှာ သုံးတဲ့စကားပုံထင်တယ်။း-)

Anonymous said...

Today Paper has edited the wrong one. Lukily you have posted the wrong one.
How come they become reporter and editor.

Anonymous said...

အန်တီစုကို အကျယ်ချုပ်ကလွှတ်ပြီဆိုဘဲ...

ဒါဆို အန်ကယ် ဦးတင်ဦးကို ဘာလို့
မလွှတ်သေးတာလဲ မသိဘူးနော်...
နောက်တစ်မှု မတွေ့သေးလို့လားမသိဘူး
ဦးတင်ဦးအိမ်နားကို.. ရေကူးသွားလို့မရဘူးနဲ့တူတယ်...

T T Sweet said...

အဲဒီသတင်း အစ်မလဲ ဖတ်လိုက်ရတယ် ကိုပေါရေ။ စောစောစီးစီး စဉ်းစားလိုက်တာ ခေါင်းတောင် တော်တော်ချာချာလည်သွားသေးတယ်။ ဖြစ်မှဖြစ်ရလို့။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs