“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲ (စင်္ကာပူ)”

Share |




လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၂၀၀၉ ခုနှစ်၊ မေလ ၂၄ ရက်၊ တနင်္ဂနွေညနေပိုင်းက စင်္ကာပူနိုင်ငံ တိုပါးရိုးရပ်ကွက်ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သော ၀တ်ပြုဆုတောင်းပွဲကို စင်္ကာပူရှိ မြန်မာနိုင်ငံသား ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ညနေ ၇ နာရီ ၁၅ မိနစ်တွင် စတင်ကျင်းပပြီး ဘုရားရှိခိုးခြင်း၊ ငါးပါးသီလ ဆောက်တည်ခြင်း၊ မေတ္တသုတ် ရွတ်ဖတ်ခြင်းများပြုလုပ်သည်။ ထို့နောက် စစ်အစိုးရ၏ မတရားဖမ်းဆီးခြင်းကို ခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်မှန်း၍ ငါးမိနစ်ခန့် တိတ်ဆိတ်စွာ မေတ္တာပို့သကြသည်။ ထို့နောက် ဆရာတော်ထံမှ တရားတော်ကို နာကြားပြီး အမျှအတမ်းပေးဝေကြသည်။

တရားနာပြီးသောအခါ ကျောင်းပရ၀ုဏ်ထဲရှိ ဗောဓိညောင်ပင်တွင် Free “Suu” ဟူသော အင်္ဂလိပ်စကားလုံးကို ဆီမီးများဖြင့် ထွန်းညှိကာ ပုံဖော်ကြသည်။

ပွဲဖြစ်မြောက်အောင် စီစဉ်သူ မြန်မာ့အရေးလှုပ်ရှားသူများက တက်ရောက်လာသူများအား ရွှေရင်အေးတိုက်ကျွေးခြင်း၊ အအေးဘူးများ ဝေငှခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခြင်းနှင့်ပတ်သက်သော သတင်းများကို ရိုက်နှိပ်ထားသည့် စာစောင်များ ဝေငှခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

လာမည့် မေလ ၃၁ ရက်နေ့ စပီကာကော်နာတွင် ပြုလုပ်မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုသို့ လာရောက်ရန် တိုက်တွန်းသည့် ဖိတ်ကြားစာများကိုလည်း အခမ်းအနား တက်ရောက်လာသူများအား ဝေငှခဲ့ကြသည်။



လှုပ်ရှားမှုမှတ်တမ်းတင် ဓါတ်ပုံများကို ဒီမှာ ကြည့်ပါ။


လှုပ်ရှားမှုမှတ်တမ်းတင် ဗီဒီယိုအချို့ကို ဒီမှာ ကြည့်ပါ။

7 comments:

jojo said...

Dear All

Come rain or shine!
Every fire needs the starting spark.
Salute to you all!
We are what we are.

Maung Kyaw Soe

jojo said...
This comment has been removed by the author.
Anonymous said...

my friend ,

Please write the correct spelling of Bodhi Tree .

ကိုပေါ said...

Hi Anonymous,

Sorry for the spelling mistake. I have corrected it. Thanks for pointing out.

Thargyi(Gyobingauk) said...

စီစဉ်သူများသို့..

စင်ကာပုလို လွတ်လပ်မှုမရှိတဲ့နိုင်ငံမှာ ကိုယ်တတ်နိုင်သလောက် ကိုယ့်ဆန္ဒတွေကို ဖေါ်ထုတ်ခွင့်ရအောင်စီစဉ်ပေးတဲ့ သူအားလုံးကို လေးစားပါတယ်.. ဒီ့ထက်ပိုလုပ်နိုင်လိမ့်မယ်လို့လဲ အားကိုးမျှော်လင့်ပါတယ်..

လေးစားလျှက်

Jackel said...

For this praying vigil; and peaceful way of expressions in unity for the lady, I salute the comrades in SG for their alertness and solidarity.

Anonymous said...

ငါးမိနစ်လောက်မေတ္တာပို့ တာ ဗိုလ်သန်းရွှေ ရဲ့မျက်နှာကြီးကို တစိမ့်စိမ့်မြင်ယောင်ကြည့်ပြီး ပို့ခဲ့ရဲ့လား။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs