“သံတမန်များ နအဖရဲ့ အသုံးချ ခံလိုက်ရလေသလော”

Share |
နအဖ စစ်အစိုးရဟာ နိုင်ငံတကာဖိအားနဲ့ ပြည်ပက မြန်မာ့အရေးလှုပ်ရှားမှုတွေကို သိပ်အရေးစိုက်လှတာတော့ မဟုတ်ပါဘူး။ နာဂစ်နဲ့ ရွှေဝါရောင်တော်လှန်ရေးတုန်းက ကြုံခဲ့ကြဖူးပါပြီ။

အာဏာရှင်တို့ထုံးစံအတိုင်း သူတို့ တကယ်ကြောက်တာ ပြည်တွင်းက ပြည်သူတွေ အုံကြွမှာနဲ့ တပ်တွင်းသူပုန်ထမှာကိုပါ။

မနေ့က တရားခွင်မှာ သတင်းထောက်တွေနဲ့ သံတမန်အချို့ကို တက်ရောက်ခွင့်ပေးလိုက်ခြင်းဟာ ပြည်ပဖိအားကြောင့်မဟုတ်ဘဲ သူတို့ရဲ့ ပြည်တွင်း ၀ါဒဖြန့်မှုအတွက်သက်သက်သာဖြစ်ကြောင်း ဒီကနေ့ရောက်တော့ ပေါ်လွင်ထင်ရှားလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာဆိုရင် သံတမန်တွေရော သတင်းထောက်တွေကိုပါ တရားခွင်ကို ပေးမ၀င်တော့ပါဘူး။

မနေ့က တရားခွင်မှာ ရိုက်ကူးထားတဲ့ သတင်းတွေကို မြန်မာ့ရုပ်မြင်သံကြားကနေ ညပိုင်းက ထုတ်လွှင့်ပေးခြင်းအားဖြင့် တရားခွင်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ တရားခွင်တခု ဖြစ်လေသယောင် ပြည်သူလူထုနဲ့ တပ်တွင်းက အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်တွေကို လိမ်လည်လှည့်ဖြားဖို့ ကြိုးစားခဲ့ပါတယ်။ မနေ့က တရားခွင်ကို တက်ရောက်ခဲ့ကြတဲ့ အပြည်ပြည်ဆိုင်ရာက သံအရာရှိကြီးတွေနဲ့ ပြည်တွင်းပြည်ပ စာနယ်ဇင်း သတင်းထောက်တွေဟာ နအဖရဲ့ ၀ါဒဖြန့်ချီရေးယန္တရားအတွက် ကြားက ၀င်ပြီး အသုံးတော်ခံလိုက်ရတဲ့ သဘောရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခဏတဖြုတ် တွေ့ခွင့်ရလိုက်တာကတော့ အမြတ်ပေါ့လေ။

သည်လိုရေးလို့ ပြည်ပက လှုပ်ရှားနေကြသူတွေ၊ အပြည်ပြည်ဆိုင်ရာက ဖိအားပေးဖို့ ကြိုးစားလှုံ့ဆော်နေမှုတွေကို ရပ်ဆိုင်းလိုက်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ ပြည်ပက ဒီမိုကရက်စီအင်အားစုတွေကလည်း မိမိတို့လုပ်စရာရှိတာတွေကို အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်သွားကြရမှာပါ။ နအဖ ဘေးကြပ်နံကြပ်ဖြစ်ရေးအတွက် ပြည်ပကနေဖိအားပေးတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားကြရမှာ ဖြစ်သလို အဓိက အင်အားစုဖြစ်တဲ့ ပြည်တွင်းအင်အားစုများကို ထောက်ကူနိုင်ဖို့ကိုလည်း ပိုပြီး အာရုံစိုက်နိုင်ကြစေရန် ရေးသားတင်ပြလိုက်ရပါတယ်။

67 comments:

Anonymous said...

သိတ်သေချာတာပေါ့ ကိုပေါရယ်...
သံတမန်တွေကို အရူးတွေကလုပ်စားသွားပြီ

မောင်လမ်းသစ် said...

ကို ပေါကလဲ စင်္ကာပူ နေပြီး ပြည်တွင်းက လူကိုလှမ်းဆူခိုင်းနေသေးတယ်၊ ဇ ရှိ၇င် ကိုယ်တိုင် ပြည်တွင်းဝင် လုပ်ပါ့လား၊ ပြည်တွငှ် မပြောသေးပါဘူး စင်္ကာပူမှပဲ လုပ်ပါဦး။ :P

ko said...

အားလုံးခင်ဗျာ..
ကျွန်တော်ထင်တာဒါနောက်ဆုံးတိုက်ပွဲပဲ..ပြည်တွင်းပြည်ပအားလုံးဆန္ဒပြနေလို့နဲ့မပြီးတော့ဘူး..2007 saffron and 2008 nargis တုန်းကလည်း ဆန္ဒပြတာနဲ့ပဲပြီးသွားတယ်..အဲဒါကိုသိလို့ဒီကောင်တွေဒေါ်စုကိုလှမ်းကိုင်တာ.လူပေါင်းတစ်သိန်းကျော်သေလို့နိုင်ငံတကာက
အော်တာတောင် ဂရုမစိုက်တာဗျာ..
နှစ်ပေါင်း၂၀အတွင်းသူတို့ထိမရတဲ့ဟာက
ိုစကိုင်တယ်ဆိုကတည်းကကျွန်တော်တို့သိသင့်ပြီ..
အခု UN, China, India, US (Obama) တုတ်တုတ်တောင်မလှုပ်ဘူး..ဒီဟာတွေလှုပ်ဖို့ကိုချည်းပဲလုပ်မဲ့အစား..ချရတော့မယ်..
ဒေါ်စုသာထောင်ကျသွားကြည့်..ထောင်ထဲကကျွန်တော်တို့ရဲဘော်တွေ
ဒီတသက်မလွှတ်တော့ဘူး..
ပြည်ပကရဲဘော်တွေလည်းဘာလိုပဲပြောပြော..အိမ်ပြန်ချင်ရင်ခွေးတိုးပေါက်ဝင်သလိုပြန်ရတော့မယ်..
နယ်စပ်ကရဲဘော်တွေရော..? တောထဲမှာပဲဘဝတွေပျက်.လူမသိသူမသိသေတာပဲဖြစ်မယ် (Refugee Program will be gone soon)
ပြည်တွင်းကလူတွေရဲ့ဘဝကရော..စစ်သားကိုဘုရားလိုကိုးကွယ်ရတော့မဲ့အခြေအနေ..
(ဘုန်းကြီးတောင်ဂရုမစိုက်တာ)
အဲဒီတော့ဗျာကုန်ကုန်ပြောရရင်..ကျွန်တော်တို့ဘဝတွေ..လူဘဝ..ခွေးဘဝကနေ..ခွေးဝဲစားဘဝဖြစ်ရမဲ့အခြေအနေ..
အဖြစ်တော့မခံနိုင်ဘူးဆိုရင်..ကျွန်တော်တို့အကြမ်းဖက်ရတော့မယ်.အကြမ်းဖက်တာလုပ်ကိုလုပ်ရတော့မယ်
ဥပမာ..ထောင်ရှေ့မှာစောင့်နေတဲ့ခွေးသားတွေ..ဒလျှိုတွေကြားထဲကိုဗုံးပြစ်ထည့်တာမျိုး..
အားလုံးကိုပိုက်ဆံစုပြီးဗုံးတွေဝယ်ဖို့ပြောပေးပါ..

:-) said...

လမ်းသစ်..မင်းခွဲပေးမယ်ဆိုရင်..မင်းနှမလေးကိုအနစ်နာခံပြီး
၁လစောင့်ရှောက်ပေးပါမယ်..

Anonymous said...

ဟိုကောင် ခွားမသေး လမ်းသစ်
မင်းကို ငါခိုင်းထားတာ နဲနဲ ပါးပါး နှောက်ယှက်ဖို့ ပဲကွ။ အဲ့ဒီလို ပေါက်ကရ မြောက်ပေးဖို့ မဟုတ်ဘူး။ နားမလည် ရင်လဲ ပြန်မေး။ ကြားလား။ မင်းကို အားကြီး စိတ်ဆိုးတယ်။ ဒီနေ့ ထမင်း မကျွေး တော့ဘူး။
ပုံ
ကျော်ဆန်း

Jackel said...

I wonder if that guy called "Mg Lan Thit" can read english. There is an announcement in the previous post about invitation for a demonstration or gatherning to express their opinions regarding the current trumped-up case against Daw Aung San Suu Kyi. Yet he's still mocking Ko Paw. :) .. Pity you " Mg Lan Thit"

Anonymous said...

I disagree with Ko Paw. I think the old general made a bad move and now he has to suck up a bit so that UN will not bamboo their sorry asses.

Letting reporters sit in a kangaroo court cannot make the banana republic leaders sell it as a free and fair judiciary arm.

Locking her up for no reasons is against the fairness and justice in the first place. People can see through those ploys, unless US and EU are willing to let junta suckers get away with their girlish acts. Time to change the army fatigues (uniforms) from army green to Batik Sarongs.

Nge Naing said...

အကြမ်းဖက်တဲ့ နည်းကို သုံးချင်ရင် တကယ် သတ္တိရှိတဲ့သူတွေ စစ်သားဆီက သေနတ်ဝင်လုပြီး ပြန်ချတာက အကြောင်းမဟုတ်ဘူး။ ဒါမှမဟုတ် ကိုယ်တိုင် အင်အားကို တပ်ပေါင်းစုနဲ့ ညီညီညွတ်ညွတ် စုစည်းနိုင်ပြီး လက်နက်နဲ့ သူတိုက်ကိုယ်တိုက် တိုက်ပွဲဝင်တာက အကြောင်း မဟုတ်ဘူး။ ဒါပေမယ့် လက်နက်မဲ့ အရပ်သားတွေကို ဒီမိုကရေစီအတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ ရာဇ၀တ်မှု ကျူးလွန်ဖို့ တိုက်တွန်းတာမျိုးတော့ မဖြစ်သင့်ဘူး။ ငြိမ်းချမ်းစွာ ကိုယ့်ဆန္ဒပြ ကိုယ်ဖေါ်ပြလို့ ထောင်ထဲရောက်တာက တိုင်းပြည်အတွက် မတရားတာကို တရားတဲ့နည်းလမ်းနဲ့ တိုက်ပွဲဝင်လို့ ထောင်ထဲရောက်တာဖြစ်တဲ့အတွက် နိုင်ငံရေးအမှု အများအတွက် ဖြစ်တယ်။ လက်နက်ကိုင် တိုက်ပွဲမှာ ကျဆုံးသွားတာက တော်လှန်ရေးအတွက် ပေးဆပ်သွားတာ ဖြစ်တယ်။ စစ်သားဆီက သေနတ်ဝင်လုတိုက်ရင်း အသက်ပေးသွားရင်လည်း အာဇာနည် အဖြစ် သတ်မှတ်လို့ ရတယ်။ ဒါပေမယ့် အရပ်သားအချင်းချင်း အဓိကရုဏ်းဆန်ဆန် တရားမဲ့ သတ်ဖြတ်တာ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာတွေကတော့ ဘာအကြောင်းပြချက်နဲ့ပဲ လုပ်လုပ် မတရားမှုဟာ မတရားမှုပဲ ဖြစ်တဲ့အတွက် လုပ်တဲ့သူအတွက်ရော ခံရတဲ့သူအတွက်ရော ဒုက္ခပဲ ရောက်စေမှာ ဖြစ်တယ်။ ဒီလိုလုပ်တာ ဒီမိုကရေစီအတွက် တိုက်ပွဲမဟုတ်ဘူး၊ ရာဇ၀တ်မှု ကျူးလွန်တာသာဖြစ်တယ်။ ဒီနည်းနဲ့ တိုက်ပွဲဝင်လို့ အောင်သွားရင်တောင်မှ ရေများရေနိုင် မီးများမီးနိုင် မတရားတဲ့နည်းနဲ့ နိုင်ထားတာ မတရားတဲ့ အာဏာရှင်ပဲ ပြန်ဖြစ်မှာပဲ။ ပြီးတော့ ဒီနည်းနဲ့ပဲ တလှည့်စီ ပြန်ပျက်စီးမှာပဲ။ ဒီမိုကရေစီဆိုတာ ဘာလဲ၊ လူ့အခွင့်ရေးဆိုတာ ဘာလဲလို့ အတိအကျ လေ့လာသင့်ပါတယ်။ တကယ် ငြိမ်းချမ်းသာယာ တိုးတက်တဲ့ တိုင်းပြည် ဖြစ်စေချင်ရင် မတရားမှုကို တရားမှုနဲ့ တိုက်မှသာ ပန်းတိုင်ရောက်နိုင်လိမ့်မယ်။ တရားမှုနဲ့ တိုက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ပြောသလို စည်းကမ်းရှိဖို့လိုပါတယ် အကြမ်းဖက်ဖို့ မလိုပါဘူး။

Anonymous said...

I hate mg lanthit, I want to say him "stay away "

ကိုပေါ said...

မငယ်နိုင်ပြောတာကို အပြည့်အ၀ ထောက်ခံပါတယ်။

ကိုမိုးသီးဇွန်ဘလော့ဂ်မှာ ဖော်ပြထားတဲ့ အကြမ်းဖက်နည်းတွေကို ကျနော် မထောက်ခံပါဘူး။

ကျနော်တို့ဟာ တရားမျှတတဲ့၊ တရားဥပဒေစိုးမိုးတဲ့ လူ့ဘောင်သစ်ကို ချီတက်ချင်တယ်ဆိုရင် ကိုယ်သုံးတဲ့နည်းနာတွေဟာလည်း တရားမျှတမှုရှိတဲ့၊ တရားဥပဒေကို လေးစားလိုက်နာတဲ့ နည်းစနစ်တွေဖြစ်ဖို့လိုပါတယ်။

မတရားတဲ့ဥပဒေကို ဖီဆန်တာမျိုးကို လက်ခံလို့ရတယ်။ တရားဥပဒေကို ကိုယ့်လက်ထဲထည့်ပြီး အကြမ်းဖက်တာမျိုး၊ ဖျက်ဆီးတာမျိုး၊ ပြည်သူအချင်းချင်း သွေးချောင်းစီးအောင် မြှောက်ပင့်နှိုးဆွတာမျိုးတွေကို မလုပ်သင့်ပါဘူး။ အဲသည်လို လုပ်ရပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်တို့ ဘဘဦးဝင်းတင်တို့ ကိုမင်းကိုနိုင်တို့ သွားနေတဲ့ လမ်းကြောင်းကို မပျက် ပျက်အောင် ၀င်ရောက်နှောက်ယှက်နေသလို ဖြစ်နေပါတယ်။

Anonymous said...

ABSOLUTELY AGREE WITH NGE NAING .

Anonymous said...

ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းတင်တို့ ကိုမင်းကိုနိုင်တို့ သွားနေတဲ့ လမ်းကြောင်းက ပန်းတိုင်ရောက်မယ်လို့ထင်ပါသလား ။ အနှစ် ၂ဝ ကျော်လျှောက်ခဲ့ပြီးပြီ ။အဲဒီလမ်းအတိုင်း ဆက်လျှောက်မယ်ဆိုရင် ဦးဝင်းတင်အသက် ၊ ဒေါ်အောင်ဆန်းစုကြည်အသက်တွေကိုပါထည့်စဉ်းစားသင့်တယ် ။ သူတို့မရှိတော့ရင်ကော... ဘယ်လိုတွေဆက်လုပ်ကြမှာပါလိမ့် ။ အကြမ်းဖက်နည်းဆိုတာပြည်သူတွေ လက်နက်ကိုင်စရာမလိုဘူး ။ နအဖကလူတွေကို တစ်ယောက်ပြီးတစ်ယောက်သုတ်သင် ၊ ပြီးရင် အသားထဲကလောက်ထွက် ကြံ့ဖွတ် ။ လူအများကြီးမလိုပါဘူး ။ စနိုက်ပါတစ်ယောက်လောက်... ( နိုင်ငံရေးနယ်ပယ်ထဲမှာ လက်နက်ရှိတဲ့ မြန်မာတွေရှိပါတယ် ) ။ တို့အရေးအော်လို့ ထောင်ထဲရောက်တာထက်စာရင် နအဖက တစ်ယောက်ကို သတ်ပြီးထောင်ထဲရောက်တာက ပိုပြီးတန်တယ် ။ ခေါင်းဆောင်ကို လုပ်ကြံဖို့ခက်ရင် တိုင်းမှုးလောက်ကစ ၊ တစ်ဖက်က အပုတ်ချတယ်ပဲပြောပြော နအဖရဲ့ မိုက်ရိုင်းတဲ့ လုပ်ရပ်တွေကို ပြည်သူတွေနားထဲရောက်အောင်ပို့ ။ ခေါင်းဆောင်တွေ ချောက်ချားလာ ၊ ပြည်သူတွေ အားတက်လာပြီး ပူးပေါင်းပါဝင်လာလိမ့်မယ် ။ တို့အရေး....တို့အရေး....အော်နေလို့ကတော့ နအဖက သူတို့ကို အပျင်းပြေချော့သိပ်နေတယ်လို့ ထင်လိမ့်မယ် ။
အကြံပေးသူတစ်ဦး

Nge Naing said...

အမည်မသိ မေးခွန်းကို ဖြေဖို့အတွက် ကျွန်မ စာမေးပွဲတွေ Assignment တွေ အတွက် ချိန်အကန့်အသတ် ဖြစ်နေလို့ တခြားဘလော့ဂ်တခုမှာ ရေးခဲ့တာ ကိုပေါ ပို့စ်နဲ့လည်း နည်းနည်း အကျုံးဝင်တယ်ထင်လို့ ကော်ပီကူးလာပြီး ဒီမှာ လာထည့်လိုက်ပါတယ်။ ဖြေချင်တာက ပြည်တွင်းနဲ့ ပြည်ပ ဘယ်က အရေးပါလဲဆိုတာနဲ့ ကိုမင်းကိုနိုင်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ သွားနေတဲ့လမ်းအတိုင်း စည်းကမ်းရှိပြီး ညီညွတ်မယ်ဆိုရင် အောင်ပွဲရဖို့ ဖြစ်နိုင်တယ်ဆိုတာ ပြောချင်ပါတယ်။

”ပြည်တွင်းက လုံလောက်တဲ့ လူဦးရေနဲ့ မလုပ်ပဲနဲ့ ပြည်ပကဘာမှ လုပ်လို့ မရဘူးဆိုတာ ပြည်တွင်းကလူတွေ နားလည်ဖို့ သိပ်ကို လိုအပ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးရမည့် နေရာမှာ အမေရိကန်မျှော်၊ UN ကိုမျှော်နေတာတွေဟာ သိပ်ကို ၀မ်းနည်းစရာကောင်းပါတယ်။ ၈၈ ကလို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပေါ်တဲ့ လူထုအုံကြွမှု တခု ဖြစ်မလာပဲနဲ့ တခြားကို မျှော်လင့်နေတာ ဘာမှဖြစ်လာမှာ မဟုတ်တာကို မျှော်နေတာနဲ့ အတူတူပဲ။ မျှော်တဲ့အတိုင်း အကြောင်းတိုက်ဆိုင်လို့ မတော်တဆ ဖြစ်လာခဲ့တယ်ပဲ ထားတော့ ဒီနည်းနဲ့ ရလာတဲ့ ဒီမိုကရေစီဆိုတာကကော ရေရှည် ငြိမ်းချမ်းမှု ရှိနိုင်ပါ့မလားဆိုတာကိုလည်း စဉ်းစားဖို့ လိုပါတယ်။ အကြမ်းမဖက်ပဲ ငြိမ်းချမ်းသောနည်းနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်အောင် လုပ်ကြရင် အောင်မြင်မှာ သေချာပါတယ်။ ကျွန်မတို့ ၈၈ က တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်လာတဲ့ အရေးအခင်းမှာ ဘယ်သူ့အကူအညီ ဘယ်သူ့ဖိအားမှ ပါခဲ့တာ မဟုတ်ပဲ ပြည်တွင်းမှာ ရှိတဲ့ ကျောင်းသားတွေက တညီတညွတ်တည်း စတင်လို့ လူထုပါလာတာ ဖြစ်တယ်။ အဲဒီတုန်းက ဗကသက ကိုမင်းကိုနိုင် လက်ရေးနဲ့ ကိုမင်းကိုနိုင်ကိုယ်တိုင် အဆိုင်းထိုးထားတဲ့ ၆၂ ကနေ ၈၈ အထိ အရေးခင်းတွေမှာ မဆလ အစိုးရက ကျောင်းသားတွေကို ဘယ်လို နှိပ်နှင်းခဲ့တဲ့အကြောင်းတွေ၊ အာဏာရှင်ကို ဖြုတ်ချဖို့ ၈ ရက်နေ့မှာ စဖို့တိုက်တွန်းထားတာတွေ ပါတဲ့ စာတစောင်ကို မတ်လ အရေးအခင်းနဲ့ ဇွန်လ အရေးအခင်းမှာ ကျောင်းပိတ်လိုက်လို့ ပြန်ဆင်းလာတဲ့ တက္ကသိုလ်ကျောင်းသားတွေက ယူလာပြီး ကျွန်မတို့ အထက်တန်းနဲ့ အလယ်တန်းကျောင်းသားတွေ လက်ထဲကို မိတ္တူကူးပြီး ဖြန့်ဝေခဲ့တယ်။ အဲဒီတုန်းက ဒီစာကို ဖတ်ပြီး ကျွန်မတို့ အခံရခက်ဆုံးက တခြားအရေးခင်းတွေထက် လတ်တလော ဖြစ်သွားတဲ့ တံနားနီအရေးအခင်းပဲ ဖြစ်တယ်။ အဲဒီစာကို ဖတ်ရပြီးနောက်ပိုင်း အလယ်တန်းကျောင်းအဆင့် ရှိတဲ့ ကျေးရွာတွေအထိ တနိုင်ငံလုံးမှာ ရှိတဲ့ ကျွန်မတို့ အထက်တန်းနဲ့ အလယ်တန်း ကျောင်းသားတွေက လူလစ်ရင် လစ်သလို အရိပ်ကောင်းတဲ့ သစ်ပင်ကြီးကြီး၊ လူအများစုဝေးလေ့ရှိတဲ့ အဆောက်ဦး၊ ဈေး ရုပ်ရင်ရုံ စတဲ့နေရာမှာ ထိရောက်တဲ့ စာတိုလေးတွေရေးကာ လိုက်ကပ်ပြီး ၈ ရက်နေ့မှာ လမ်းပေါ်ထွက်ဖို့ တနိုင်ငံလုံးက လူထုကို နိုးဆော်အသိပေးခဲ့ပါတယ်။ အရေးခင်း စမည့် ၈.၈.၈၈ မှာ အော်ရမည့် ကြွေးကြော်သံတွေကို တက္ကသိုလ် ကျောင်းသားတွေက မိတ္တူများများလုပ်ပြီး ပြင်ဆင်ထားပေးတယ်။ ဒီနည်းနဲ့ ၈၈ အရေးအခင်းကြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပြီး လူထုပါလာခဲ့ပါတယ်။ အခုချိန်မှာလည်း ဒီလို အရေးအခင်းတခု ဖြစ်လာနိုင်မှ ပြင်ပဖိအားနဲ့ ပေါင်းပြီးလို့ရမှာ ဖြစ်တယ်။ အင်အားက ပြည်တွင်းမှာပဲ ရှိပါတယ်။ ပြည်ပကို အားမကိုးကြပါနဲ့။ ပြည်ပက အကြမ်းဖက်ဖို့ မြှောက်ပေးတိုင်းလည်း လိုက်မလုပ်ပါနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စည်းကမ်းရှိကြပါဆိုတာ ငြိမ်းချမ်းသောနည်းနဲ့ ဆန္ဒကို ဖေါ်ပြကြဖို့ကို ပြောတာ ဖြစ်တယ်။ မြန်မာပြည် ဒီမိုကရေစီ ရဖို့ဆိုတာ ကျောင်းသားနဲ့ ရဟန်းသံဃာတချို့ရဲ့ ဆန္ဒလောက်နဲ့ မလုံလောက်ပါဘူး။ ပြည်တွင်းကလူတွေရဲ့ လုံလောက်သော လူဦးရေမှာ လုံလောက်သော ပြင်းပြသည့် ဆန္ဒရှိမှသာ ဖြစ်နိုင်ပါလိမ့်မယ်။”

Unknown said...

ကိုပေါတို့ နဲ့အချို့ ပြောတာဘယ်နည်းနဲ့
ကြည့်ကြည့်သဘာဝကျပါတယ်
အကြမ်းဖက်ဆိုတာကြီးကဆွေးနွေးပွဲအဆင့်
ထိတက်သင့်တာမဟုတ်ဘူးဗျ။

အမှန်ဆိုရင် စကားထဲတောင်ထည့်မပြောသင့်ဘူး.။
လုပ်ချင်ရင်တောင် ကိုယ့်သဘောနဲ့ကိုယ်ကြိတ်လုပ်လို့ဖြင့်
ပြီးသွားပြီ။

ပြောလို့ဖြစ်တယ်မဟုတ်လား။

Anonymous said...

မေးချင်ပါတယ် ။ ၈၈ လို လူထုအုံကြွမှုမျိုးကို လိုလားတာလား ၊ နအဖကို ဖြုတ်ချချင်တာလား ။ ၈၈ တုန်းက ရဟန်းရှင်လူ ကျောင်းသားပြည်သူ အားလုံးပါတဲ့လူထုအုံကြွမှုမှာ နောက်ဆုံးတော့ နအဖကပဲ သေနတ်နဲ့ချိန်ပြီး အာဏာယူသွားခဲ့တာပဲမဟုတ်လား ။ အဲဒီအချိန်ကနေ တဖြည်းဖြည်း ဂုတ်ကိုခွစီးလာတာ အခု တိုင်းပြည်တစ်ခုလုံးက သူတို့ရဲ့လက်အောက်မှာ မလှုပ်သာ မလူးသာအခြေအနေဖြစ်နေပြီ ။ ပြည်သူအားလုံး နအဖလက်ထဲကရေဖြစ်အောင် သူတို့က နည်းအမျိုးမျိုးနဲ့ ကစားပြီးလို့ အခု ပြည်တွင်းက ဒီမိုကရေစီအင်အားစုရဲ့ခေါင် ၊ ပြည်ပကနိုင်ငံရေး သမားတွေရဲ့ အားထားရာ ၊ ကမ္ဘာကတောင် အသိအမှတ်ပြုတဲ့ ငြိမ်းချမ်းရေးနိုဘယ်စုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင် သံတိုင်နောက်ပို့ဖို့ စီစဉ်နေပြီ ။ ပြောချင်တာက နအဖဟာ ဂါထာကိုမကြောက်တဲ့ ဘုန်းကြီးတစ္ဆေဖြစ်နေပါပြီ ။ မန်းမှုတ်နေရုံ နဲ့ မနိုင်တော့ဘူးဆိုတာပါပဲ ။
အကြံပေးသူတစ်ဦး

ကိုပေါ said...

အကြံပေးသူတဦးသို့….

ဒီမိုကရေစီကို လိုချင်တာပါ။ အဲသည်လမ်းကြောင်းမှာ နအဖကို ဖြုတ်ချဖို့ လိုလိမ့်မယ်။ နအဖကို ဖြုတ်ချရာမှာ ၈၈ လို လူထုအုံကြွမှုမျိုး (သို့မဟုတ်) အဲသည်ထက်အဆပေါင်းများစွာ အဟုန်ကြီးမားတဲ့ လူထုအုံကြွမှုမျိုး လိုလိမ့်မယ်။ အဲသည်လို လူထုအုံကြွမှုမျိုး ဖြစ်လာအောင် ပြည်သူကို စနစ်တကျ စည်းရုံးလှုံ့ဆော်ဖို့လိုတယ်။ မြန်မာပြည်အနှံ့က မြို့ကြီးမြို့ငယ်တွေမှာ တက်ကြွတဲ့လူတွေကို စနစ်တကျ ဦးဆောင်ချိတ်ဆက်လှုပ်ရှားနိုင်ဖို့ အချိန်ယူပြီး မွေးမြူထားရမယ်။

အဲသည်လို လုပ်ငန်းစဉ်တွေကို မိတ်ဆွေအနေနဲ့ ပြီးခဲ့တဲ့ အနှစ် ၂၀ လုံးလုံးမှာ လုပ်ခဲ့ပါသလား။ မလုပ်ခဲ့ဘူးဆိုရင် လုပ်ကြည့်လိုက်ဦး။ မရဘူးဆိုမှ လာပြောလှည့်။ ဒါကို လက်ခံယုံကြည်ပြီး သဘောပေါက်တဲ့လူတွေက စပြီး လုပ်နေကြပြီ။

ဒီမိုကရေစီဆိုတာ လူအများရဲ့ဆန္ဒသဘောထားနဲ့ အုပ်ချုပ်မှုပဲ။ လူထုအင်အားကို မယုံကြည်သရွေ့ ဒီမိုကရေစီစနစ်ကို တကယ်မယုံသေးလို့ဘဲ။ ပြည်သူလူထုရဲ့ အင်အားထက် သာလွန်တဲ့အင်အားမရှိဘူး။ အဲသည်အင်အားကို ဖော်ထုတ်ဖို့ပဲလိုတယ်။
ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းတင်တို့၊ ကိုမင်းကိုနိုင်တို့လည်း သည်အတိုင်းပဲ ပြောတယ်။ သူတို့ အပြင်မှာရှိစဉ်က လုပ်နေတာလည်း အဲသည်လမ်းကြောင်းပဲ။ အချိန်ကာလအားဖြင့် ကြာနိုင်ပါတယ်။ ဒါပေမယ့် အများစု ပါဝင်လာတဲ့တနေ့အောင်မြင်နိုင်မယ်။ ခင်ဗျားတို့ကသာ မယုံကြည်တာ။ နအဖက လူထုအင်အားကို ကောင်းကောင်းကြီး သိတယ်။ ရေရေလည်လည်ကြောက်တယ်။ ဒါကြောင့်မို့ ဆန္ဒပြပွဲတွေ၊ လူစုလူဝေးတွေ မဖြစ်အောင် နည်းမျိုးစုံသုံးပြီး ဟန့်တားနေတာပေါ့။ ဒါကြောင့်မို့ လူထုကို စည်းရုံးနိုင်မယ့် ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချနေတာပေါ့။ ခင်ဗျားတို့ပြောသလို လူထုအားနဲ့ ဘာလုပ်လုပ် ဖြစ်မလာဘူးဆိုရင် နအဖက ဘာကြောင့် နာမည်အဆိုးခံပြီး ဒီလို လူတွေ လျှောက်ဖမ်းနေမလဲ။

အကြမ်းဖက်လုပ်ရပ်ကတော့ ဒီမိုကရေစီရဖို့လည်း အာမမခံနိုင်ဘူး။ ဒီမိုကရေစီစနစ်နဲ့လည်း မဆီလျော်ဘူး။ ပျက်စီးကျရှုံးဖို့ လမ်းပိုများပါတယ်။ လက်နက်တွေနဲ့ အဖမ်းခံသွားရတဲ့ ပုဂ္ဂိုလ်လေးတွေကိုမြင်တိုင်း လွတ်ရာကျွတ်ရာ အမေရိကားမှာထိုင်ပြီး နောက်ကွယ်ကနေ မြှောက်ထိုးပင့်ကော်လုပ်ပေးနေတဲ့ အေဘီအက်စ်ဒီအက်ဖ်တပ်ပြေး ဆရာကြီးတွေရဲ့ လုပ်ရပ်ကို အော့နှလုံးနာမိသဗျာ။

Anonymous said...

ပူမနေနဲ့ ပြည်သူတွေ ဘယ်တော့မှ ပါမှာမဟုတ်တော့ဘူး။

အယုံအကြည်မဲ့သွားလို့ပဲ..။

Anonymous said...

ပူမနေနဲ့ ပြည်သူတွေ ဘယ်တော့မှ ပါမှာမဟုတ်တော့ဘူး။

အယုံအကြည်မဲ့သွားလို့ပဲ..။

ကိုပေါ said...

အမည်မသိ.....

ပြည်သူတွေပါမှာမဟုတ်ဘူးဆိုလည်း ပြည်သူတွေကို ဟန့်တားဖို့ လုံထိန်းတွေ၊ ကြံ့ဖွံ့တွေ၊ ငွေနှစ်သောင်းပေးငှားရတဲ့ စွမ်းအားရှင်တွေ ဘာလို့ ငွေကုန်ကြေးကျခံပြီး ငှားနေရသေးလဲဗျာ....း-)

Anonymous said...

ငပေါ.............ငပေါ............။ တယ်လည်းစွာလှပါလားကွာ။ ကြည့်နေတာ.............။ မြင်ရသလောက်ကတော့.......... Internet ပေါ်မှာတော့ တော်တော်ကို လေကျယ်သကိုး................။

Nge Naing said...

အမည်မသိရေ
စစ်အာဏာရှင် စနစ်ကို ဖြုတ်ချဖို့အတွက် အနည်းဆုံး ၈၈ လို လူထုတရပ်လုံးပါတဲ့ အုံကြွမှုကြီးတခု တကယ်လိုအပ်ပါတယ်။ ဒီလို လူထုမပါပဲနဲ့ ဘာဒီမိုကရေစီမှ မရနိုင်ဘူးဆိုတာ သေချာပါတယ်။ တခြားကို မျှော်နေလို့ အလကားပဲ အကြမ်းဖက်ရင်လည်း ပိုဆိုးမယ်။ ၈၈ က ကြားဖြတ်အစိုးရဖွဲ့ပေးဖို့ တောင်းဆို နေတဲ့အချိန်မှာ ကောင်စီရုံး မီးရှို့တာ၊ မဆလ ပါတီဝင်တွေရဲ့ အိမ်တွေကို ခဲနဲ့ ပေါက်တာလိုမျိး အကြမ်းဖက်မှုတွေ နေရာတိုင်းမှာ ပေါ်ခဲ့တယ်။ ဒီအားနည်းချက်ကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းနိုင်ခဲ့တယ်လို့ ကျွန်မတို့ ငြင်းလို့မရဘူး။ အားနည်းချက်ကို လက်ကိုလက်ခံရမှာ ဖြစ်တယ်။ ဒီအားနည်းချက်တွေသာ မရှိခဲ့ရင် ကြားဖြတ်အစိုးရ ဖွဲ့ဖြစ်ပြီး အခုလောက်ဆို ဒီမိုကရေစီ ရနေလောက်ပြီး အေးချမ်းနေလောက်ပြီ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြလို့ ဖမ်းရင် ထောင်မဆံ့ဘူး အကုန်လုံးသေအောင် သတ်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ရွှေဝါရောင်တော်လှန်ရေးကို နှိပ်နှင်းတာ မြို့ကြီးချို့မှာပဲ ဖြစ်ခဲ့တယ် တနိုင်ငံလုံးကို မလွမ်းခြုံခဲ့ဘူး။ အကြမ်းဖက်တယ်လို့ ပြောရလောက်တဲ့အထိ မပါပေမယ့် ခဲလုံးနဲ့ ပစ်တာကြောင့် နှိမ်နှင်းရတယ်လို့ အကြောင်းပြခဲ့သေးတယ် မဟုတ်လား။ ဒီမိုကရေစီဆိုတာ လူထုမပါပဲနဲ့ ကိုယ်လုပ်ချင်ရာ လုပ်လို့မရဘူး။ မပူနဲ့လူထု ပါလာမှာ မဟုတ်ဘူးလို့ ပြောတဲ့ အမည်မသိကို ပြောချင်တာက လူထုက စားဝတ်နေရေး ပြဿနာကို လုံးပမ်းနေရလို့နဲ့ ကြောက်လို့ငြိမ်နေတာသာ ဖြစ်တယ်။ နအဖကို ကြိုက်လို့ ငြိမ်နေတာမဟုတ်ဘူး။ ကျွန်မတို့ကိုယ်တိုင်လည်း ၈၈ တုန်းက စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ပဲ ကြိုးစားတာကလွဲ ပြီး တခြားဘာကိုမှ သိခဲ့တာမဟုတ်ဘူး။ ကိုမင်းကိုနိုင်တို့လို ဗကသကကစည်းရုံးတဲ့ စာတွေသာ မရောက်လာပဲ ၈၈ အရေးခင်းကြီးသာ မဖြစ်ခဲ့ရင် မြန်မာ့သမိုင်းမှာ ဘယ်တုန်းက ဘာဖြစ်ခဲ့ပြီး ဘာတွေမရား လုပ်ခံနေရတယ်ဆိုတာတောင် ခုထိသိခွင့်ရမှာ မဟုတ်ဘူး။ ဒီလိုပဲ သိတဲ့သူတွေက မသိတဲ့လူတွေကို ၈၈ ကလို တနိုင်ငံလုံးကို မျက်စိဖွင့်ပေးပြီး လူထုအုံကြွမှု ဖြစ်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ NLD ကို လူထုက အာဏာအပ်နှင်းခဲ့ပါတယ်။ ကိုယ်အာဏာအပ်နှင်းထားတဲ့ ကိုယ်စားလှယ်တွေကို လုပ်ပိုင်ခွင့် မပေးပဲ ဖိနှိပ်ထားတာကို လုပ်ပိုင်ခွင့် ရတဲ့အထိ တိုက်ပွဲဝင်ဖို့က လူထုမှာတာဝန် ရှိတဲ့အတွက် စစ်အဏာရှင် စနစ်ပြုတ်ကျဖို့ လူထုအုံကြွမှု လုံးဝလိုအပ်ပါတယ် ဆိုတာ အမည်မသိလိုလူတွေ နအဖ လက်သပ်မွေးထားတဲ့သူ မဟုတ်ရင် နားလည်သင့်တယ်။

Anonymous said...

ABSOLUTELY AGREE WITH NGE NAING. SUPPORT YOU 2nd TIME.

မောင်လမ်းသစ် said...

ကိုပေါကလဲ မြန်မာ လူမျိုးက မြန်မာ လူမျိုးကို ပိုက်ဆ့ပေးတာ မထူးဆန်းပါဘူးဗျာ။
အမေရိကန်က မြန်မာလူမျိုးတွေကို ဒေါ်လာပေးနေတာက ပို ထူးဆန်းပါတယ်ဗျာ

Anonymous said...

ဒါပေါ့လမ်းသစ်ရယ်... ဗမာတွေကလဲ အမေရိကန်ကို ပိုက်ဆံပေးခိုင်းတာတွေ လဲ ကြားဘူးမှာပေါ့.... ကြေးကတော့ မယှဉ်နိုင်အောင်များတယ်နော်...

Anonymous said...

I like your discussion and understand different perspectives, but talking is much easier than doing practicality. let us see it which stages we are going.

I hear and I forget
I see and I remember
I do and I understand

(Confucius 551-479BC)

Anonymous said...

သံတမန်နဲ့ နအဖ ပေါင်းကြံတာပါ ဥာဏ်ကြီးရှင်တို့ရယ်.... နင်တို့ထက်လည်လို့ သံတမန်လုပ်စားနေတာပါ...
အနောက်က မလာခင် သူတို့ အရင်ဝင်လိုက်တာပါ... လက်ဝါးခြင်းရိုက်ထားတာပါ.....
ခံရတဲ့သူက ပြန်သနားနေပါတယ်....
ပြုတ်ပြုတ်ပြုန်း

Anonymous said...

တို့ဗမာတွေလဲ ငွေပေးခိုင်းတတ်ပါတယ်... --င်ပိတ်ငြင်းခြင်သေးလား မောင်လမ်းသစ်...


ပြုတ်ပြုတ်ပြုန်း

Anonymous said...

ko ဆိုတဲ့လူပြောတာ အကောင်းဆုံးနည်းလမ်းပဲ....
နအဖရော... နအဖနဲ့ လက်ဝါးခြင်းရိုက်ထားတဲ့ အာစီယံ နိုင်ငံ တချို့ရော ရုရှား ကိုးရီးယားစတဲ့နိုင်ငံတွေက သံတမန် နည်းကို လက်တလုံးခြားလှည့်ပြီး ဗမာပြည်က သယံဇာတတွေ ကို အရေညှစ်စရာမကျန်တော့တဲ့ အထိ မြိန်ရေယှက်ရေ ဝါးဦးမှာ..
သူတို့က ခင်ဗျားတို့ထက် မြန်မာပြည် ဘာဖြစ်နေတယ်ဆိုတာ သိနေသေးတယ်...
ပါးပါးလေးတွေ ....လှစ်နေတာပဲ...
ခင်ဗျားတို့ ရဲ့ သံတမန်နည်းကို အခွံချည်းပဲကျန်တဲ့အခါမှ နားထောင်လိမ့်မယ်....
နအဖ ကိုခုထိ လူလို့ပြောလို့ရတယ် ထင်နေသေးတယ်... ရဟန်းတောင်သတ်... ဒုက္ခသည်တွေကိုတောင် ဖြတ်စားလျပ်စားလုပ်နေတာ...
စောင့်နေပေါ့ဗျာ.. တနိုင်ငံလုံး.. ပစ္စည်းရော လူရောစာရိတ္တပါ ချွတ်ခြုံကျတဲ့ အထိ ခရီးရှည်ကြီးကိုစိတ်ရှည်လက်ရှည် လျှောက်ကြပေါ့...
မလျှင်ရင်တော့ အသက်ပေးရလိမ့်မယ်...
ဆြာရီးတို့ ဆြာမရီးတို့....


ပြုတ်ပြုတ်ပြုန်း

Anonymous said...

ခုချိန်လောက်ဆို ဒေါ်စု တော့ တော်တော် စိတ်ဓါတ်ကျလောက်ပြီ.. ငါ့ရဲဘော်တွေ ဘယ်ရောက်နေပါလိမ့်...
ဗမာတွေ ဘာမှ မလုပ်ပေးကြပါလား.. ဆိုပြီး...
သူ့အတွက် သေလမ်းပဲရှိတော့တယ်.. ပြောရတာတော့ စိတ်မကောင်းစရာပဲ...

Anonymous said...

ပြည်သူတွေ လက်တွဲချင် စိတ်ပါနေတဲ့ အချိန်မှာ အခွင့်ကောင်းကို လက်လွှတ်ခံပြီး တယောက်နဲ့တယောက်ငြင်းခုံနေခဲ့ကြတယ်... နိုင်ငံတကာက အဖွဲစည်းတွေ ပူးပေါင်းမှုမရှိခဲ့ကြဘူး..

အွန်လိုင်းတတ်အော်တဲ့ အလုပ်ကို ပိုလုပ်ချင်ခဲ့ကြတယ်.. လွယ်တယ်လေ... ခရီးဆုံးပြီး သူတို့ပြုတ်ကျလောက်တဲ့ အထိ ဘာပလန်မှ ရေရေရာရာ မရှိဘူး...

ပြုတ်ကျပြီးရင် ဘယ်သူတတ်ပြီး ဘာလုပ်မယ်ဆိုတာလဲ ပိုတောင်ဝေးသေး..
အဲဒီလိုပုံစံလှုပ်ရှားနေတဲ့ မြန်မာ နိုင်ငံရေးသမားတွေကို ပြည်တွင်းကလူတွေ အထင်မကြီးလို့ နောက်လိုက် မလုပ်တာပါ..
ချချိန်မှာ ပြည်သူလူထု ပြန်လည် စုစည်းဘို့ အတော်ခက်သွားပါပြီ...

မြန်မာ နိုင်ငံရေးသမားတွေကိုလဲ ပြည်တွင်းကရော... ပြည်ပနိုင်ငံတွေကပါ လေးစားလောက်စရာ အနစ်နာခံမှု ဘာမှ မတွေ့ပါဘူး...
အပြင်းကြီးနေ အချောင်လိုက်နေကြတဲ့သူတွေ များလွန်းတော့... နွားနို့အိုးထဲ နွားနို့ တယောက် တဂါလံ လာထည့်တဲ့ပုံပြင်လိုပေါ့... သူများနွားနို့ တွေကြားမှာ ငါ့ရေ တဂါလံက မသိသာပါဘူး ဆိုပြီးနောက်ဆုံးမှာ စဥ့်အိုးကြီး တလုံးလုံး ရေတွေချည်းပဲ တွေ့ရတဲ့ အဖြစ်လိုပါပဲ...

ယပ်တောင်

မုန်းစရာ said...

ကိုပေါနဲ့ မငယ်နိုင်

စည်းကမ်းရှိရှိနဲ့ ဒီမိုကရေစီကို တောင်းယူရတဲ့ ခေတ်က ကုန်ဆုံးသွားပါပြီ. ၈၈ တုန်းက အခြေအနေနဲ့ အခုအခြေအနေကလဲ အစစအရာရာ ကွာခြားသွားပါပြီ.
မဆလခေတ်နဲ့ နအဖခေတ်ကလဲ အစမတန်ခြားနားသွားပါပြီ.. အုပ်ချုပ်သူက ပိုပြီး ကြမ်းကြုတ်လာသလို ပြည်သူတွေကလဲ ပိုငတ်လာပါပြီ..

ခုချိန်မှာ နည်းလမ်း၂ခုပဲ ရှိပါတယ်..
၁) နအဖ အောက်ခြေကို အကြမ်းဖက်နည်းနဲ့ ဖြိုခွဲ လက်နက်တွေလုပြီး ကြမ်းကြမ်းတမ်းတမ်းချတဲ့နည်း.. ဒီနည်းကတော့ အသေအပျောက်များနိုင်ပါတယ်..

နောက်တနည်းကတော့..
၂) နအဖစစ်တပ်က စိတ်ဓာတ်ကောင်းတဲ့ ဗိုလ်ချုပ်တစ်ယောက်ယောက်ကို စည်းရုံး ဦးဆောင်မှုပေးခိုင်းပြီး ဝိုင်းပြီးပံ့ပိုးကြဖို့ပါ. ဒီနည်းကတော့ အသေအပျောက်နည်းနိုင်ပါတယ်...

ဘယ်လိုပဲဖြစ်ဖြစ်. မချပဲ လည်စင်းခံနေရင်တော့ ကြာရင် တိုင်းပြည်ပျက်သထက်ပျက်ဖို့ပဲ ရှိပါတယ်. လူတွေလဲ အကျင့်ပျက်စီး ပညာရေးလူမှုရေး ကျန်းမာရေး အစစအရာရာ အောက်တန်းကျပြီး နိုင်ငံတကာမှာ ရောက်နေတဲ့ လူတွေလဲ မျက်နှာပန်းမလှ လူ့အောက်ကျနောက်ကျ ဖြစ်နေရလိမ့်မယ်..

ဒီမိုကရေစီကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့တောင်းယူမယ်ဆိုတဲ့ စိတ်ကူးယဉ်မှု . တွေ့ဆုံဆွေးနွေးအဖြေရှာမယ်ဆိုတဲ့ အိမ်မက်ထဲက ထွက်မြောက်သင့်ပါပြီ...

အခုရင်ဆိုင်နေရတဲ့ အာဏာရှင်အာဏာရူးကြီးဟာ ကမ္ဘာပေါ်မှာ အကြမ်းကြုတ်ဆုံးနဲ့ လူသားမဆန်ဆုံး လူ့တိရိစ္ဆာန်ကြီးဆိုတာ သဘောပေါက်ထားဖို့ လိုပါတယ်...

လူတိုင်းက ငြိမ်းချမ်းရေးကို လိုချင်ပြီး အသေအပျောက်များမှာကို မနှစ်သက်ပါဘူး. ဒါပေမဲ့ အခြေအနေအရပ်ရပ်က မစတေးလို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး... ကိုယ်တိုင်မလုပ်နိုင်ရင်လဲ လုပ်နေတဲ့လူတွေကို အပြစ်မတင်ကြပါနဲ့.ဗျိုးးးးး

ကို ပြောတဲ့ ကွန်မန့်က အမှန်တရားနဲ့ အနီးစပ်ဆုံးပါပဲ..

စိတ်ကူးယဉ်ဘဝမှ လွတ်မြောက်ကြပါစေ...

မုန်းစရာ said...

ပြောဖို့ကျန်ခဲ့တာက အထက်က နည်းနှစ်နည်းလုံးက
လူထုအား လိုကိုလိုတာပါပဲ..
လူထုအား မပါပဲနဲ့ ဘာမှ မဖြစ်နိုင်ပါဘူး..
ဒါပေမဲ့ တန်းစီလမ်းလျှောက်ရုံနဲ့ ဘာမှ ဖြစ်မလာပဲ
စစ်သားတွေရဲ့ ဖြိုခွင်းမှုကို လည်စင်းခံရပါလိမ့်မယ်..

အကြမ်းဖက်နည်းကို ကြိုက်ကြိုက်မကြိုက်ကြိုက် လုပ်ကို လုပ်ရပါ့မယ်.

ကိုပေါ said...

မုန်းစရာ…

စည်းကမ်းရှိရှိနဲ့ ဒီမိုကရေစီကို တောင်းယူတဲ့ခေတ်က ကုန်ဆုံးသွားပြီဆိုတာ ဘယ်သူပြောတာလဲ။ ပြောတဲ့လူက ဘုရားမို့ ကျနော်တို့က မျက်စိမှိတ်ယုံရမှာလား။ ဘုရားဆိုတောင် ချင့်ချိန်ပြီးမှ ယုံနိုင်မယ်။

မိတ်ဆွေပြောတဲ့ နည်း၂ နည်းမှာ အကြမ်းဖက်နည်းနဲ့ ဖြိုခွဲလက်နက်တွေလုပြီး ကြမ်းကြမ်းတမ်းတမ်းချတဲ့နည်းဟာ ဒီမိုကရေစီဝါဒနဲ့လည်း မလျော်ညီဘူး။ အဲသည်လို လုပ်ပြီး ဒီမိုကရေစီရသွားတဲ့ နိုင်ငံရယ်လို့လည်း ကမ္ဘာမှာ မရှိဘူး။ အကြမ်းဖက်ဝါဒသာလျှင် ဆက်လက်ထွန်းကားသွားတာပဲ။ နောက်တခုက အကြမ်းဖက်ပြီး အနိုင်ယူတဲ့ဝါဒဟာ ဒီမိုကရေစီစနစ်ရဲ့ ဆန့်ကျင်ဖက်ပဲ။ နိဗ္ဗာန်ကို နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့ သွားရသလို ဒီမိုကရေစီစနစ်ကိုလည်း ဒီမိုကရေစီလမ်းကြောင်းအတိုင်းပဲ ချီတက်မှ ရောက်မယ်။

နောက်တခု ရယ်စရာကောင်းတာက အကြမ်းဖက်နည်းပြောနေတဲ့လူတွေဟာ အနှစ်၂၀ ကြာတဲ့တိုင် ဦးသန်းရွှေကို စနိုက်ပါချောင်းမြောင်းပစ်ခတ်တယ်ဆိုတာ မကြားရဘူးတဲ့အတွက် သင်္ကြန်အမြောက်ဖောက်နေကြတာသက်သက်လို့ ယူဆရမှာဖြစ်တယ်။ ကိုယ်တိုင်သတ္တိမရှိဘဲ အငှားဗိုက်နဲ့ ဓါးထိုးခံချင်နေလို့တော့ ဘယ်ဖြစ်မလဲ။

နံပါတ်(၂) နည်းကတော့ ဖြစ်နိုင်ခြေရှိပါတယ်။ လူထုကို စည်းရုံးတယ်ဆိုတဲ့နေရာမှာ စစ်တပ်ကိုလည်း အဓိက စည်းရုံးဖို့လိုပါတယ်။ စစ်တပ်မှာ အပေါ်ပိုင်း ဗိုလ်ချုပ်တွေသာ ကောင်းစားနေပေမယ့် အောက်ခြေ စစ်သည်တွေ၊ အကြပ်တပ်သားတွေ၊ အရာရှိငယ်တွေလည်း ပြည်သူတွေထက် မလျော့တဲ့ ဒုက္ခတွေကို ခံစားနေရပါတယ်။ ကျနော့်အသိထဲမှာ လက်ရှိအခြေအနေကို မကြိုက်တဲ့ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်တွေ အများအပြားရှိပါတယ်။

ဒီမိုကရေစီကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုက်ယူတယ်ဆိုတာ ထိုင်တောင်းနေတာမျိုးကိုချည်း ဆိုလိုတာမဟုတ်ပါဘူး။ Civil disobedience လို့ခေါ်တဲ့ လူထုကနေ မတရားတဲ့အမိန့်အာဏာတွေ ဖီဆန်တဲ့နည်းတွေ၊ သပိတ်မှောက်တဲ့နည်းတွေ ပါဝင်ပါတယ်။ အစိုးရယန္တရားတရပ် လည်ပတ်နေဖို့အတွက် အစိုးရဌာနတွေ၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ဘဏ် စတဲ့ နယ်ပယ်အသီးသီးမှာ လည်ပတ်နေဖို့လိုပါတယ်။ အဲဒီ နယ်ပယ်တွေမှာ ရပ်ဆိုင်းသွားရင် အစိုးရ လည်ပတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။

နောက်တခုက လက်နက်ကိုင်အကြမ်းဖက်မှ သတ္တိရှိတယ်ဆိုတာ မဟုတ်ပါဘူး။ လက်နက်ကို အားမကိုးပဲ ဖြေရှင်းဖို့ ကြိုးစားတဲ့လူမှန်သမျှဟာ လက်နက်ကိုင်အားကိုးတဲ့ လူတွေထက် သတ္တိရှိတယ်ဆိုတာ သာမန်ကျိုးကြောင်းဆင်ခြင်ဉာဏ်နဲ့ပဲ တွေးကြည့်နိုင်ပါတယ်။ အင်းစိန်ထောင်ရှေ့မှာ လက်နက်ဆိုလို့ အပ်တိုတချောင်းမပါဘဲ သွားစုဝေးတဲ့လူတွေဟာ လက်နက်အားကိုးနဲ့ အလစ်မှာ မှောင်ရိပ်ခိုပြီး ဗုံးထောင်တဲ့လူတွေထက် သတ္တိအရာမှာ အဆရာထောင် သာတယ်ဆိုတာ လက်ခံလိုက်စမ်းပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ဦးဝင်းတင် လက်နက်မကိုင်ပါဘူး။ သူတို့ကို သတ္တိမရှိဘူးပြောတဲ့လူဟာ ရူးသွပ်နေသူပဲ ဖြစ်ပါလိမ့်မယ်။

ကိုယ်တိုင် အဲသည်လို သတ္တိရှိရှိနဲ့ ပြည်သူတွေကို စည်းရုံးဖို့၊ လမ်းမှန်ကိုပြဖို့ မကြိုးစားဘဲ ဖြတ်လမ်းကနေ သူရဲဘောကြောင်စွာ အကြမ်းဖက်ဖို့ ကြိုးစားသူမှန်သမျှဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ကိုမင်းကိုနိုင်တို့ ဇွဲနဘဲနဲ့ ကြိုးစားတည်ဆောက်ထားသမျှ ကိစ္စတွေကို ဖျက်လို့ဖျက်ဆီးလုပ်တာနဲ့ အတူတူပါဘဲ။ ဒီမိုကရေစီအရေးတော်ပုံရဲ့ ရန်သူနံပါတ်(၁)တွေထဲမှာ သူတို့ကိုလည်း ထည့်ရမှာပါ။

ထပ်ပြောပါမယ်။ လူအများစုရဲ့ သဘောဆန္ဒနဲ့အညီ အုပ်ချုပ်တာဟာ ဒီမိုကရေစီစနစ်ပါ။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို လိုချင်လျှင် လူထုရဲ့ အားကို ယုံကြည်ရပါမယ်။ လူထုအားကို မယုံကြည်သူတွေဟာ ဒီမိုကရေစီစနစ်ကို အမှန်တကယ် မယုံကြည်သေးလို့ ဖြစ်ပါတယ်။

မုန်းစရာ said...

လူထုအားကို မယုံကြည်ဘူးလို့ မပြောမိပါလား.
လူထုအား ပါကိုပါရမယ်လို့ ပြောခဲ့ပါတယ်..

ဒါပေမဲ့. အခြေအနေကို ကြည့်ပြီးမှ လုပ်ဆောင်ချက်ကို ပြောင်းသင့်ပြောင်းရမယ်.. ဒီမိုကရေစီဆိုတာ အများစုရဲ့ ဆန္ဒနဲ့ ဆုံးဖြတ်ရတယ်ဆိုတာကိုလဲ လက်ခံပါတယ်..

အန်တီစုတောင် စိတ်ဓာတ်ပြောင်းလဲရင် ပြောင်းလဲနေမှာပါ.
ကိုယ်ရင်ဆိုင်နေရတာ ဘယ်လို အကောင်စားလဲဆိုတာလဲ တွေးဦးမှာပေါ့..

ခုချိန်မှာ သတ္တိရှိမရှိ ပြဖို့ထက် အောင်ပွဲရဖို့မရဖို့က ပိုအရေးကြီးနေပါတယ်.. ခေါင်းသုံးပြီး ဥာဏ်ရှိဖို့က ပိုအရေးကြီးပါတယ်..

ကိုပေါ said...

မုန်းစရာ....

အန်တီစု စိတ်ဓါတ်မပြောင်းဘူးဆိုတာ သံတမန်တွေနဲ့ ခဏတွေ့ရစဉ်က ပြောလိုက်တာကို မတွေ့ဘူးလား။ အန်တီစုတို့လောက် စိတ်ဓါတ်ခိုင်မာသူမပြောနဲ့၊ ကျနော်တို့တောင် ကျနော်တို့ ယုံကြည်ချက်ကို မပြောင်းလဲဘူး။

ဘဘဦးဝင်းတင်တို့လည်း မပြောင်းလဲပါဘူး။ လူထုအားနဲ့ ငြိမ်းချမ်းသောနည်းနဲ့ ကြိုးပမ်းနေကြဆဲပါ။ ဒါဟာ အမြော်အမြင်ရှိတဲ့လုပ်ရပ်ပါ။

ုယုံကြည်မှုမခိုင်မာလို့ နည်းလမ်းတခုကို ဆုံးခန်းတိုင်အောင် မကြိုးစားဘဲ ငါးပွက်ရာငါးစာချပြီး ဟိုလိုဒီလို ရွှေ့ပြောင်းကြိုးစားနေတာဟာ ဉာဏ်ရှိတာမဟုတ်ပါဘူး။ နှလုံးရည်မကောင်းလို့၊ ရေရှည်မကျိတ်နိုင်လို့၊ အခက်အခဲတွေကို ခံနိုင်ရည်မရှိလို့ ယုံကြည်ချက်တွေကို ပစ်ချပြီး ကိုယ်စီးတဲ့မြင်းကို အထီးမှန်းအမမှန်းမသိ ဒီမိုကရေစီနဲ့ မလျော်ညီတဲ့ အလုံးစုံပျက်သုဉ်းရေး လမ်းကြောင်းကို လိုက်နေတာပါ။

မုန်းစရာကို မေးလိုပါတယ်။ ပြည်တွင်းမှာ လူထုကို စည်းရုံးဖို့၊ ငြိမ်းချမ်းသောနည်းနဲ့ ပြောင်းလဲဖို့ ဘယ်လောက်အတိုင်းအတာအထိ ကြိုးစားခဲ့ဘူးပါသလဲ။ မကြိုးစားဘူးသေးဘဲနဲ့ မဖြစ်နိုင်ဘူးပြောတဲ့တာ၊ နောက်နည်းလမ်းတမျိုး ပြောင်းလဲသုံးဖို့ ပြောတာဟာ နည်းလမ်းကျရဲ့လား။ လူအများစုပါဝင်လာတဲ့တနေ့မှာ သည်စစ်အာဏာရှင်စနစ် ပြုတ်ကို ပြုတ်ကျရမှာဘဲ။ ထာဝရ အာဏာတည်မြဲနေတဲ့ အာဏာရှင်ဆိုတာ သမိုင်းမှာ မရှိသေးပါဘူး။

မုန်းစရာ said...

ကိုပေါပြောတာ မှန်ပါတယ်..
ထာဝရတည်မြဲတဲ့ စစ်အာဏာရှင်ဆိုတာ မရှိပါဘူး.
အားကြီးလှပါတယ်ဆိုတဲ့ ဆာဒန်ဟူစိန်တောင် ပြုတ်ကျသေးတာပဲ..

ဒါပေမဲ့ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေတဲ့ ဒီအာဏာရူးတစ်စုကို တိုင်းပြည်အခွံပဲ ကျန်တဲ့အထိ ခွင့်ပြုထားမလို့လား..

တနေ့နေ့ဆိုတာ ဘယ်နေ့ကို ပြောတာလဲ.. မြန်လေကောင်းလေ မဟုတ်ဘူးလားးး

ဒီမိုကရေစီဆိုတာ တောင်းယူလို့လဲ မရဘူး တိုက်ယူလို့လဲ မရပါဘူး.. လူထုအားနဲ့ အာဏာရှင်တွေကို တိုက်ယူပြီးမှ လူထုအားနဲ့ပဲ ဒီမိုကရေစီကို တည်ဆောက်ယူရမှာပါ.....
ဖတ်ထားတဲ့စာတွေနဲ့တော့ တခါတခါ လက်တွေ့နဲ့ညီချင်မှ ညီမှာပေါ့.. အတွေးအခေါ်တစ်ခုကို တသမတ်တည်း မပြောင်းလဲပဲ ဆုပ်ကိုင်ထားရင်တော့ မျှော်လေတိုင်းဝေး ဖြစ်ပေမပေါ့.. ကိုပေါ..

THILAWA said...
This comment has been removed by the author.
ကိုပေါ said...

မုန်းစရာ…

တိုင်းပြည်ကို အခွံပဲ ကျန်တဲ့အထိတော့ ဘယ်သူက ခွင့်ပြုချင်မလဲဗျာ။ ပြောင်းလို့ရရင် လူတိုင်းက အခုပြောင်းလိုက်ချင်တာပေါ့။

ဒါပေမယ့် တိုင်းပြည်တခုရဲ့ အနာဂတ်ကို၊ ကံကြမ္မာကို လက်တွေ့ဖန်တီးဖော်ဆောင်တဲ့အခါ ကျနော်တို့က မရေရာတဲ့၊ မမှန်ကန်တဲ့နည်းတွေနဲ့ လောင်းကြေးထပ်လို့ မဖြစ်ဘူးလေ။ မှန်ကန်တဲ့၊ စနစ်ကျတဲ့၊ ငြိမ်းချမ်းတဲ့နည်းတွေကိုပဲ သုံးရမယ်။ အကြမ်းဖက်လို့ နအဖ အစိုးရပြုတ်ကျသွားမယ်လို့ ကျနော်မယုံကြည်ပါဘူး။ အောက်ခြေက ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေကို လိုက်ရိုက်ရင်လည်း နအဖက နေသာသပ လေညှာက ဆိုသလို အနေသာကြီးပဲ။ တဖက်က မဆိုင်သူလူထုတရပ်လုံးကိုပါ ရက်ရက်စက်စက် ခြေမှုန်းဖို့ အခွင့်ပေးလိုက်တာနဲ့ အတူတူပါဘဲ။ ကြံဖွံ့တယောက်ကို သတ်ရင်၊ သံသယရှိသူ ဆယ်ယောက်ကို သူတို့ ပြန်သတ်ဖို့ ၀န်လေးမှာ မဟုတ်ဘူး။ ပြည်သူတွေ သွေးချောင်းစီးလိမ့်မယ်။ ၈ လေးလုံးတို့၊ ရွှေဝါရောင်တော်လှန်ရေးတို့မှာ သေကြေတာထက် အဆပေါင်းများစွာ သေကြေပျက်စီးမယ်။

ပါလက်စတိုင်းတို့၊ သီရိလင်္ကာတို့မှာ ဒီလောက်အသေခံပြီး ဗုံးခွဲနေတာ။ အောင်မြင်သလား။ မအောင်မြင်ပါဘူး။ ရက်စက်မှုသံသရာစက်ဝန်းပဲ လည်နေတာမဟုတ်လား။

တခုတော့ရှိတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းဖက်လုပ်ရပ်နဲ့တော့ နည်းနည်း ခြားနားတာမျိုးရှိတယ်။ ဒါပေမယ့် လက်နက်ကိုင်တော်လှန်ရေးဟာ အစိုးရကို တစုံတရာသော ဖိအားကို ပေးနိုင်တာမှန်ပေမယ့် အင်အားမတောင့်တင်းတဲ့အခါ အစိုးရက ဖုတ်လေတဲ့ငပိ ရှိတယ်လို့မထင်ပဲ သူတို့ဝါဒဖြန့်ယန္တရားအတွက် လောင်စာဆီအနေနဲ့တောင် အသုံးပြုလို့ရသေးတယ်။

ကျနော်တို့က ဒီမိုကရေစီဖော်ဆောင်ရေးအတွက် စစ်အာဏာရှင်ကို မဖြစ်မနေဖြုတ်ချဖို့ လိုတာမှန်ပေမယ့် ဒီမိုကရေစီနည်းအရ ဖြုတ်ချနိုင်လျှင် တိုင်းပြည်ထူထောင်ရေးအတွက် အကောင်းဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ နအဖအစိုးရပြုတ်ကျသွားလည်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို နေ့ချင်းညချင်း တည်ဆောက်နိုင်မှာမဟုတ်။ လူထုက ဒီမိုကရေစီစနစ်ကို သက်ဝင်ယုံကြည်လာတဲ့အထိ၊ သက်ဆိုင်ရာ ဒီမိုကရေစီစနစ်ရဲ့ ဒေါက်တိုင်အဆောက်အဦးတွေ၊ ကဏ္ဍတွေ ဖွံ့ဖြိုးလာမှသာ ဒီမိုကရေစီစနစ်က ခိုင်ခိုင်မာမာ ရှင်သန်နိုင်မှာပါ။

အခုအနေအထားမှာ ပြည်သူလူထုက အထူးစည်းရုံးစရာမလိုလောက်အောင် အဆိုးအကောင်းကို ခွဲခြားသိပြီးသားပါ။ တခုပဲရှိတယ်။ ပြည်သူလူထုကို သူတို့ရဲ့ အင်အားအပေါ် သူတို့ ယုံကြည်သက်ဝင်လာအောင်၊ ဒီမိုကရေစီစနစ်အပေါ် ယုံကြည်သက်ဝင်လာအောင်၊ မရှိမဖြစ်လိုချင်လာအောင် လှုံ့ဆော်စည်းရုံးဖို့တော့လိုတယ်။ အားလုံး မဖြစ်မနေ လိုချင်တောင့်တပြီး ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာတဲ့တနေ့ဟာ၊ ဒီမိုကရေစီအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေက မှန်မှန်ကန်ကန် ဦးဆောင်မှုပေးနိုင်တဲ့တနေ့ဟာ ကျနော်တို့ အောင်ပွဲနေ့ပေါ့။

ကျနော်ယုံကြည်တာကတော့ နောက်ငါးနှစ်အတွင်းလောက်မှာ နအဖ အစိုးရ ပြုတ်ကျနိုင်တယ်လို့ ယုံကြည်ပါတယ်။

မုန်းစရာ said...

ကိုပေါလဲ သိလောက်ပါတယ်.
၈ လေးလုံး နဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ လူထုအင်အား ဘယ်လိုပါဝင်ခဲ့လဲဆိုတာကို..
ငြိမ်းငြိမ်းချမ်းချမ်း ဘယ်လို လိုအပ်ချက်ကို တောင်းဆိုခဲ့လဲဆိုတာကို..
အဲဒါ သူတို့ ဂရုစိုက်လို့လား . အင်အားသုံးပြီး ဖြိုခွင်းခဲ့လို့ တဖက်သတ်လည်စင်းပြီး ခံခဲ့ရတယ်..

အဲဒီလို နောက်ထပ် လူထုက လုပ်ဖို့ကို စိတ်ဝင်စားမယ်ထင်လို့လား.အေးအေးဆေးဆေး တောင်းယူလို့ မရတော့ဘူးဆိုတာ..ကလေးအစ ခွေးကအဆုံး သိကြတယ်..

တောင်းယူတယ်ဆိုတာ လူလိုသိတတ် လူလို နားလည်တဲ့ သူတွေဆီကပဲ ရနိုင်ပါတယ်.. လူလို မခေါ်နိုင်တော့တဲ့ ဘီလူးပြိသာတွေဆီက တောင်းယူလို့မရနိုင်ပါဘူး..

တကယ်ညီညီညွတ်ညွတ်နဲ့ တိုက်မယ်ဆိုရင် ဖြစ်ပါတယ်. အောက်ခြေက စွမ်းအားရှင်တွေကို လူထုအားနဲ့ ခြိမ်းခြောက် အကြမ်းဖက်ပြလိုက်ရင် သူတို့ ကြောက်သွားမှာပါ.. လူတိုင်းပါဝင်ဖို့နဲ့ ညီညွတ်ဖို့.. ပဲ လိုတာပါ..

တခုခုဆို သတင်းပေးကြ.ကိုယ့်လူသူ့ဖက်သားပုံစံနဲ့ သစ်စာ (စာလုံးနှစ်လုံးဆင့်လို့မရလို့) ဖောက်နေကြလို့သာ မအောင်မြင်တာပါ..

ကောင်းသော အကြမ်းဖက်ခြင်းပါ.. ဘယ်သူမှ အကြမ်းမဖက်ချင်ပါဘူး.မလွဲသာမရှောင်သာ ဖြစ်လို့ပါ..
စွမ်းအားရှင်တို့ ကြံ့ဖွတ်တို့လို လူမိုက်တွေ မရှိရင် လူ့လောကအတွက် ပိုတောင်ကောင်းပါသေးတယ်..

မုန်းစရာ said...

အဓိက က သစ်စာ ရှိကြဖို့ပါ..
သတင်းပေး မဖြစ်ကြဖို့ပါ..
အောက်ခြေလူတန်းစား စွမ်းအားရှင်တို့မရှိရင်
လူထုက ပါဝင်ဖို့ ပိုစိတ်ပါလာကြမှာပါ...

သည်းခံလေ ကန်းတက်လေ ဖြစ်နေတဲ့ အာဏာရူးတွေအတွက် အကြမ်းဖက်နည်းလမ်းကလွဲပြီး ဘာမှ မရှိတော့ပါဘူး...

Anonymous said...

ကိုပေါက ပြောလိုက်ရင် ခင်ဗျားက သူများပြောပြီး ခင်ဗျားကျ ဘာလို့မလုပ်တာလဲ ဆိုတဲ့ လေသံ အမြဲပြောတယ်...
ကိုပေါတို့ ပြောနေတဲ့ ပုံတွေက ခင်ဗျားတို့... ကျွန်တော်တို့ ဆိုပြီး အမြဲ ခွဲခြားနေတာတွေ့ရတယ်...
အမှန်က ဒီလို အလုပ်တွေက တစ်ဦးတစ်ယောက် တစ်ပါတီ ထဲက စွန့်ပြီး မလုပ်သင့်တဲ့ အရာတွေ ဆိုတာ လာပြောတဲ့သူတွေက ကိုပေါထက်ပိုသဘောပေါက်နေတာပါ...
စည်းလုံးကြမယ် ဆိုတဲ့ စိတ်ဓါတ် က ဒီကလူတွေမှာ တော်တော် နည်းပါးနေတာ တွေ့နေရတယ်...
ခွပ်ဘို့လောက်ပဲ ရန်စွယ် တဖွေးဖွေးနဲ့.. လုပ်နေကြတယ်....

တင်းပုတ်

ကိုပေါ said...

မုန်းစရာရေ....

နအဖကို မနှစ်ခြိုက်တာ၊ တာရှည်နှိပ်ကွပ်ခံနေရတာကို သည်းမခံချင်ကြတာကို နားလည်နိုင်ပေမယ့် အကြမ်းဖက်လုပ်ရပ်ကိုတော့ အားမပေးလိုဘူးဗျာ။

ကောင်းသော အကြမ်းဖက်ခြင်းဆိုတာ မရှိပါဘူး။ အကြမ်းဖက်ခြင်း မှန်သမျှဟာ မကောင်းပါဘူး။

ကျနော်တို့ ဒီမိုကရေစီ လိုချင်တယ်ဆိုတာ တရားဥပဒေအတိုင်း မျှတစွာ အုပ်ချုပ်မှု(rule of law) ကလည်း အဓိက အကြောင်းအချက် တရပ်ပါ။ Rule of law သာ လွတ်လပ်မှု၊ မျှတမှုနဲ့ ဥပဒေစိုးမိုးမှုကို တည်ဆောက်လို့ရပါတယ်။

ဒီမိုကရေစီမှာ လူသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို လေးစားထိန်းသိမ်းတဲ့နေရာမှာ လူတဦးတယောက်ချင်းစီရဲ့ “အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်” တွေကို အလေးထားရပါမယ်။ ဒါ့အပြင် အထွေထွေလူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်တွေကို လေးစားကာကွယ်ရပါမယ်။

အကြမ်းဖက်လုပ်ရပ်တွေဟာ ဥပဒေကို ကိုယ်လက်ထဲထည့်ပြီး ကိုယ့်စိတ်ကြိုက်ထင်သလိုပြုမူတာမို့ ဒီမိုကရေစီလမ်းကြောင်းနဲ့ လားလားမှ မအပ်စပ်ပါဘူး။

ကြံ့ဖွံ့၊ သို့မဟုတ် စွမ်းအားရှင် ဆိုတဲ့ လူတွေဟာလည်း လူသားတွေပါပဲ။ သူတို့ဟာ စားဝတ်နေရေးကြောင့်ဖြစ်စေ၊ အယူအဆလမ်းလွဲလို့ဖြစ်စေ၊ မသိနားမလည်လို့ဖြစ်စေ အကြောင်းကြောင်းကြောင့် အမှားကို ကျူးလွန်ကြတဲ့ ပြည်သူထဲက ပြည်သူတွေပါဘဲ။ သူတို့ကို အရေးယူဖို့ဆိုရင် တရားဥပဒေနည်းလမ်းအရ တရားရုံးတော်ကနေ တရားစွဲဆို အရေးယူရမှာပါ။ လမ်းမှာ ကိုယ့်သဘောနဲ့ကိုယ် ချောင်းရိုက်တာ၊ လုပ်ကြံသတ်ဖြတ်တာဟာ လူသတ်မှုပါ။

အလားတူပဲ.... နအဖ ပြုတ်ကျသွားလို့ စစ်အာဏာရှင်တွေကို အရေးယူတဲ့အခါမှာလည်း ပြည်သူလူထုက အထူးအာဏာအပ်နှင်းထားတဲ့ တရားရုံးတွေကသာ စီရင်ချက်ချမှတ်ရမှာ ဖြစ်ပါတယ်။ စွဲဆိုခံရသူ စစ်ဗိုလ်ချုပ်တွေအနေနဲ့လည်း ရှေ့နေရှေ့ရပ်နဲ့ ခုခံလျှောက်လဲပိုင်ခွင့် ရှိရပါတယ်။ သူတို့ရဲ့ လူ့အခွင့်အရေးကိုလည်း ကျနော်တို့က ကာကွယ်ပေးရပါမယ်။ သူတို့ ချိုးဖောက်လို့ ကျနော်တို့က လိုက်ပြီး ချိုးဖောက်စရာမလိုပါဘူး။

ကြံ့ဖွံ့ဖြစ်စေ၊ စွမ်းအားရှင်ဖြစ်စေ၊ ရဲဖြစ်စေ၊ မီးသတ်ဖြစ်စေ၊ တပ်မတော်သားဖြစ်စေ လူတိုင်းဟာ သစ္စာဖောက်လိုရုံသက်သက် ပါဝင်နေကြရတာမဟုတ်ပါဘူး။ အခြေအနေအရ လွန်ဆန် အန်တုနိုင်တဲ့ အနေအထားမရှိတဲ့အတွက် ပါဝင်နေရသူတွေလည်း အများအပြားပါ။ အဲဒီအနေအထားမှာ ကျနော်တို့က ဥပဒေကို ကိုယ့်လက်ထဲထည့်ပြီး အကြမ်းဖက်မယ်ဆိုရင် ပြည်သူအချင်းချင်း အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ကြရသလို သွေးချောင်းစီးပါလိမ့်မယ်။

လူထုက မကြောက်ပါဘူး။ ဒီလောက် သတ်ပြထားတာတောင် အခုအချိန်အထိ ထွက်တဲ့လူတွေက ထွက်လာရဲသေးတာပဲမဟုတ်လား။ ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင်က ပြည်သူတွေ ထွက်ဝံ့မှာ မဟုတ်တော့ပါဘူးလို့ အခု မုန်းစရာ ပြောတဲ့စကားမျိုးကို တလျှောက်လုံးပြောလာတဲ့လူတွေ တက်တက်စင်အောင် မှားတာပဲ မဟုတ်ပါလား။

ဒါတောင်မှ စနစ်တကျ စည်းရုံးထားတာ မဟုတ်သေးဘူးနော်။ တကယ်လို့သာ ပြည်သူကို စနစ်တကျ စည်းရုံးထားပြီး အမြို့မြို့အနယ်နယ်မှာ ခေါင်းဆောင်မှုပေးနိုင်တဲ့ အဖွဲ့ငယ်လေးတွေ တည်ဆောက်ချိတ်ဆက်ထားနိုင်ခဲ့မယ်ဆိုရင် သည့်ထက် အဟုန်မြင့်မားပြီး စစ်အစိုးရပြုတ်ကျရမှာပဲ။

လူထုဆန္ဒပြပွဲအဟုန်မြင့်တက်လာရင် စစ်တပ်က ပူးပေါင်းမှာပဲ။ ၈၈ တုန်းကလည်း တချို့ပူးပေါင်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ တပ်ထဲမှာ စစ်သားကိုယ်တိုင်လည်း အာဏာရှင်စနစ်ရဲ့ ဒုက္ခတွေကို ပြည်သူတွေလိုပဲ ခါးစည်းခံနေရလို့ပါ။

ပြည်သူရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းမပေးနိုင်သေးသ၍ ပြည်သူလူထုက မကြွတော့ဘူးဆိုတာကို လုံးဝမပြောနိုင်ပါဘူး။ မီးပွားတွေ့တာနဲ့ ထပေါက်ကွဲဦးမှာ အသေအချာပါ။ အနှေးနဲ့ အမြန်ပဲ ကွာတာပါ။

Anonymous said...

သတ္တိ ကိုကြွားနေတော့ ဘာရမှာလဲ ကိုပေါရဲ့....
အဲတာ မိုက်ရူးရဲနေတာဗျ......
ခုချိန်မှာ သူတို့ဟာခွေးဝဲစားတွေ ဖြစ်နေဦးတော့.....
မြန်မာပြည်ရဲ့ သက်ဦးဆံပိုင် ဖြစ်နေတာတော့ မေ့ထားလို့မရဘူး....
ကိုယ်ထက် အပုံကြီးလက်တန်ရှည်တယ်....
အဆမတန် capable ဖြစ်နေတယ်.....
ဘလော့တွေမှာ ဓါတ်ပုံတွေ တင်တတ်တဲ့ နိုင်ငံရေးသမားတွေ လဲ ကြည့်မရပါဘူး....
cause and effect ကို နားမလည်ကြဘူး.....
ကောင်းကျိုးက ပိစိလောက်... ဆိုးကျိုးက များတယ်...
ကိုယ်စင်ပေါ်မရောက်သေးပဲနဲ့..... စင်အောက်က လူက စင်အောက်ကလူလိုပဲနေသင့်သေးတယ်.... ထီမပေါက်သေးပဲ.... ကားငှားစီးနေသလိုပေါ့ဗျ.....

ကိုပေါ said...

တင်းပုတ်…..

လူတိုင်းပါဝင်ဖို့ကို ကျနော်တို့ အမြဲပြောပါတယ်။ လူအများစုပါဝင်မှသာ ဒီမိုကရေစီအရေးဟာ အောင်မြင်နိုင်မယ်ဆိုတာ ကောင်းကောင်းသဘောပေါက်ပါတယ်။ အခုပြောနေတာက အကြမ်းဖက်ဝါဒကို ဘာကြောင့်ကျနော်လက်မခံသလဲဆိုတာကို ပြောနေတာပါ။

စည်းလုံးတယ်ဆိုတဲ့နေရာမှာ အကြမ်းဖက်တဲ့လူနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်သမားနဲ့ ဘယ်လိုမှ စည်းလုံးပေါင်းဖက်လို့မရပါဘူး။ အကြမ်းဖက်သူဟာ ကျနော်တို့ ငြိမ်းချမ်းရေးလမ်းကြောင်းကို နှောင့်နှေးအောင်၊ ပျက်ပြားအောင်လုပ်နေတဲ့အတွက် ဘယ်လိုမှ လက်တွဲလုပ်လို့မရပါဘူး။

ကျနော်တို့သွားချင်တာ ဒီမိုကရေစီစနစ်ဆိုရင် အနည်းဆုံးတော့ အဲသည်စနစ်အပေါ်မှာ ယုံကြည်မှုရှိရမယ်။ ဒီမိုကရေစီဝါဒနဲ့ ဆီလျော်တဲ့ လမ်းကြောင်းကို ရွေးချယ်တဲ့နေရာမှာ တူညီမှုရှိရမယ်။ ယုံကြည်ချက်တူရမယ်။ အဲသည်လို မဟုတ်ရင် ဘုန်းကြီးနဲ့ ဘီး လိုပဲ အင်အားစုနှစ်ခုဟာ ဘယ်လိုမှ ပေါင်းစပ်လို့ ရမယ်မဟုတ်။

Anonymous said...

နိုင်ငံတော်ကို online ကနေ ကယ်တင်နေကြတယ် ကောင်းတယ်ဗျာ ဒီလေတွေကို တကယ့်နေရာမှာ အသုံးချဖို့ပဲလိုတယ် ငြင်းနေ ခုန်နေလို့ အောင်မြင်တိုးတက်မယ်ဆိုရင် မြန်မာပြည်ကြီးဟာ ခုချိန်ဆို တိုးတက်နေမှာ အသေအချာပဲ.. အာရိုက်နေကြတာ စောက်မြင်ကို ကပ်တယ်ဗျာ...

Anonymous said...

ဒီမိုကရေစီလိုချင်လို့ ဒီမိုကရေစီ နည်းလမ်းနဲ့ သွားရမယ်ဆိုတဲ့ လှေနံဓါးထစ် အတွေးအခေါ်က.. ဒီမင်းနဲ့ တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပဲဗျ.....
ဘယ်လိုပဲ လုပ်လုပ် အစတေးနဲပြီး ဒီမိုကရေစီဆိုတာ ရမယ် ဆိုရင် ဒီလမ်းကိုပဲ ရွေးသင့်ရွေးရမှာပဲ..
တင်းပုတ်

်မုန်းစရာ said...

သွေးချောင်းမစီးပဲ ဒီမိုကရေစီရမယ်လို့ထင်နေတဲ့..
စာအုပ်ထဲကအတိုင်း စိတ်ကူးယဉ်နေတဲ့ ကိုပေါကို
ဆက်မပြောလိုတော့ဘူး.လက်မြှောက်ပါပြီ..

ဘယ်လိုဖြစ်ဖြစ် အာဏာရှင်ကို လျှော့တွက်တဲ့သူသာ အရူးဖြစ်ပါလိမ့်မယ်.. အာဏာရူးတွေကို လူ့အခွင့်အရေးတို့ ဒီမိုကရေစီက ဒီလိုရှိပါတယ်လို့ ပြောပြနေတာကိုက ကြောင်ရေချိုး ပေးနေတာနဲ့ တူနေပါတယ်..

သူတို့ကို နူးနူးညံ့ညံ့ ဆက်ဆံနေတာကိုက လူထုကို ထိုးကျွေးနေတာနဲ့ တူပါတယ်..

ကိုပေါ said...

အမည်မသိရေ…

သတ္တိကို ကြွားတာမဟုတ်ဘူး။ လူတွေရဲ့ သတ္တိကို လှုံ့ဆော်နေတာ။

ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ဟာ လူတွေရဲ့ ကြောက်ရွံ့ခြင်းအပေါ်မှာ အခြေခံတယ်ဆိုတာ ဘယ်သူငြင်းနိုင်သလဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သည်အချက်ကို ကောင်းကောင်းသဘောပေါက်တဲ့အလျောက် သူ့ရဲ့ Freedom from Fear ကို ရေးခဲ့တာပေါ့။ လူတွေရဲ့ ကြောက်ရွံ့ခြင်းကို ဖယ်ရှာပေးနိုင်ရမယ်။ ဒါဟာ အကြောင်းနဲ့ အကျိုးကို ကောင်းကောင်းနားလည်လို့ပေါ့။

ဒေါ်အောင်ဆန်းစုကြည်က လူတွေကို သတ္တိရှိဖို့ ပြောသလား။ ကြောက်ဖို့ ပြောသလား။

ဦးဝင်းတင်ရဲ့ လှုပ်ရှားမှုတွေ၊ အင်တာဗျူးတွေ ဖတ်ရလျှင် သတ္တိကူးစက်မလာဘူးလား။ ဦးဝင်းတင်ကိုရော Cause နဲ့ Effect နားမလည်သူလို့ ဝေဖန်ချင်သေးသလား။

အကြောက်တရားကို ဖယ်ရှားတဲ့နေရာမှာ ရှေ့ကလှုပ်ရှားပြတဲ့လူကိုယ်၌က ကြောက်နေမှတော့ နောက်ကလူက ဘယ်လိုလုပ် သတ္တိရှိလာနိုင်တော့မလဲ။

ဘလော့ဂ်ပေါ်မှာ ဓါတ်ပုံတင်တဲ့ ဘလော့ဂါတွေကို ကျနော် ချီးကျူးပါတယ်။ ဒီ့ထက်ပိုပြီး နိုင်ငံရေးနဲ့ပတ်သက်တာတွေ ရေးနေပေမယ့် နာမည်ရင်း သုံးတဲ့လူတွေဆို သာလို့တောင် လေးစားမိသေးတယ်။

အခုလို ပြောတဲ့လူတွေအတွက်…. ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့စကားကို တကူးတက ကျနော့်ဘလော့ဂ်ဘေးမှာ တင်ထားပေးတယ်။ မြန်မာလို ကျနော်ပြန်ထားတာလည်း ရှိတယ်။ အောက်မှာ ဖတ်ကြည့်ပါ။

“A most insidious form of fear is that which masquerades as common sense or even wisdom, condemning as foolish, reckless, insignificant or futile the small, daily acts of courage which help to preserve man's self-respect and inherent human dignity.”

Aung San Suu Kyi

“အကြောက်တရားရဲ့ တဖြည်းဖြည်းနဲ့ မသိမသာ အန္တရာယ်အပေးဆုံး အသွင်သဏ္ဍန်တမျိုးကတော့.....

လူ့တန်ဘိုးနဲ့ လူ့ဂုဏ်သိက္ခာမညှိုးနွမ်းရလေအောင် ထိန်းသိမ်းစောင့်ရှောက်ဘို့အတွက် သတ္တိစွမ်းပြတဲ့ နေ့စဉ် စွမ်းဆောင်ချက်ကလေးတွေကို မိုက်မဲတဲ့လုပ်ရပ်၊ မဆင်မခြင်လုပ်ရပ်၊ မပြောပလောက်တဲ့လုပ်ရပ် (ဒါမှမဟုတ်) အကျိုးမဲ့တဲ့လုပ်ရပ်ရယ်လို့ ပြစ်တင်ရှုတ်ချပြောဆိုတတ်ပြီး ကျိုးကြောင်းဆင်ခြင်ဉာဏ်ဖြစ်လေသယောင်(သို့မဟုတ်) ပညာဉာဏ်ပင်ဖြစ်လေသယောင် အရေခြုံဟန်ဆောင်တတ်တဲ့ အကြောက်တရားမျိုးဘဲ ဖြစ်ပါတယ်။”

-ဒေါ်အောင်ဆန်းစုကြည်-

Anonymous said...

တိုက်ယူမှ ရမှာဗျ တိုက်ယူရမှာ သူသေ ကိုယ်သေ မဟုတ်လည်း သေမထူး နေမထူး

Anonymous said...

တသက်လုံးဒီလို ငြင်းခုန်ပြီးသာ အာရိုက်နေ ဘယ်တော့မှ လွတ်လပ်ရေးရမှာမဟုတ်ဘူး တွက်ချက်နေ ငြင်းခုန် စောက်လုပ်တွေ ထမလုပ်ပဲ အာရိုက်နေတာပဲ လုပ်နေကြ

Anonymous said...

တော်ပီ.... တတ်တာ

မုန်းစရာ said...

နံမည်မရှိတဲ့လူတို့ရေ

ငြင်းနေတာမဟုတ်ပါဘူး. ဆွေးနွေးနေတာပါ.
လူတွေကို အခြေအနေမှန်နဲ့ အနီးစပ်ဆုံးတွေးခေါ်နိုင်စေဖို့ ဆွေးနွေးတဲ့သဘောပါ.

ကိုပေါ said...

မုန်းစရာရေ….

ကျနော်ပြောခဲ့တာက အကြမ်းဖက်လုပ်ရပ်ကြောင့် ဒီမိုကရေစီမရဘဲ သွေးချောင်းစီးနိုင်တယ်လို့ ပြောတာပါ။

စာအုပ်ထဲကအတိုင်းမဟုတ်ပါဘူး။ လူထုအားနဲ့ အာဏာရှင်ကို တော်လှန်ခဲ့တဲ့ သာဓကတွေ သမိုင်းမှာ ရှာကြည့်ပါ။

အာဏာရှင်ကို တခါမှ လျှော့မတွက်ပါဘူး။ ဒါပေမယ့် အာဏာရှင်ကို အရမ်းအထင်ကြီးနေတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်လေ။ ဘယ်တော့မှ ဖယ်ရှားလို့မရတော့တဲ့ အခိုင်အမာ ကျောက်ဆောင်ကြီးသဖွယ် ယုံကြည်နေရင်မှားမှာပေါ့။

နအဖတောင်မှ လူထုကို ကြောက်လို့ ဥပဒေတွေ အမျိုးမျိုးထုတ်ပြီး လူထုအုံကြွမှုကို တားဆီးနေတာ။ (သမိုင်းမှာ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူးတဲ့) အကြမ်းဖက်လုပ်ရပ်နဲ့ အာဏာရှင်ကို ဖြုတ်ချနိုင်မယ် ထင်နေတဲ့သူတွေသာ စိတ်ကူးယဉ်ရာ မကျနေဘူးလား။

လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီတို့ ဒီလိုရှိပါတယ်ဆိုတာ လူထုကို ရည်ရွယ်ပြီးပြောနေတာ။ နအဖ အာဏာရူးတွေကို ထည့်ကို မစဉ်းစားဘူး။

တိုင်းပြည်လွတ်မြောက်ဖို့အတွက် လူတိုင်းလူတိုင်းမှာ တန်းတူရည်တူ တာဝန်ရှိတယ်။ လူတွေက ပူးပေါင်းပါဝင်မှုနည်းရင် အဲသည်ဒဏ်ကို လူတွေပဲ ခံရမှာ။

လူထုဟာ သူတို့အင်အားကို သူတို့ မယုံကြည်သေးသ၍ ဒီမိုကရေစီ မရနိုင်သေးဘူး။ လူထုအားကို လူထုယုံကြည်လာတဲ့တနေ့မှာ ဒီမိုကရေစီရမယ်။

အကြမ်းဖက်မှုကို လူတိုင်းယုံကြည်လာတဲ့တနေ့မှာ ဇင်ဘာဘွေတို့၊ ဒါဖာတို့၊ ဆိုမာလီယာတို့လို နိုင်ငံအဖြစ်ကို ရမယ်ဆိုတာ ကျိန်းသေပေါက် ပြောရဲပါတယ်။နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာက ကိုယ်က ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အနေနဲ့ လေးစားတယ်ဆိုရင် ကိုယ့်ခေါင်းဆောင်ဟာ ဘယ်လမ်းစဉ်နဲ့ သွားနေသလဲ သဘောပေါက်ဖို့လိုပါတယ်။ ဒါမှသာ ကိုယ်ကလည်း နောက်လိုက်ကောင်းပီသစွာ မှန်မှန်ကန်ကန် လိုက်နိုင်မှာပေါ့။

ပါးစပ်က ဒေါ်စုကို ချစ်တယ်၊ လေးစားတယ်ပြောပြီး လုပ်နေတာတွေက သူမလမ်းစဉ်နဲ့တလွဲဆိုရင် တကယ်ချစ်တာ၊ လေးစားတာမဟုတ်။ ဒေါ်စုကို အသုံးချတယ်လို့ မြင်ပါတယ်။

Anonymous said...

အမှန်က ဦးဝင်းတင်တို့ ကိုမင်းကိုနိုင်တို့ ကိုမိုးသီးဇွန်တို့ကို နယ်ဘက်က လူတွေ သိတောင်မသိကြဘူးခင်ဗျ..... မေးမြန်းကြည့်ပါဦး....

Anonymous said...

အကြမ်းဖက်တဲ့ နည်းဆိုတဲ့နေရာမှာ အဆင့်ဆင့် နည်းအမျိုးမျိုးရှိပါတယ်... ငြိမ်းချမ်းစွာ ဆန္ဒ မပြတာနဲ့ပဲ .. အကြမ်းဖက်တယ်လို့ သိမ်းကြုံး မပြောသင့်ပါဘူး...
၏လုပ်နည်းကိုင်နည်းတွေ အများကြီး ကွဲပြားနေတာပဲ...

Anonymous said...

ဒေါ်စုလို့ပြောလိုက်တာနဲ့ မျက်စိမှိတ် ယုံကြည်တဲ့ ထဲမှာ ... အမေတန်းခေါ်ပြီး ကဗျာစပ်တဲ့ထဲမှာ ကျုပ်တို့ မပါဘူးဗျ... သူတော်တာ တော်တာပဲ.. သူမတော်တဲ့နေရာတွေလဲ ရှိနေနိုင်တာပဲ.... မျက်ကန်းဆန်တယ်...

တင်းပုတ်

ကိုပေါ said...

တင်းပုတ်ရာ.... အမေဆိုတာ ချစ်လို့ ခေါ်တာ ခေါ်ပါစေ။ လူထုဒေါ်အမာကိုလည်း အမေမာ စသဖြင့် ခေါ်ကြတာပဲလေ။

တပ်ထဲက ပုဂ္ဂိုလ်တွေတောင်မှ ဟို အ၀ီစိမှာ ချိုးကပ်မယ့် ကောင်ကြီးကို “အဘ...အဘ” အဘချင်းထပ်အောင် ခေါ်နေကြသေးတာမဟုတ်လား။

တခုတော့ရှိတယ်။ အမေ... အမေ နဲ့ခေါ်ပြီး အမေ့စကားနားမထောင်တဲ့လူတွေကိုတော့ ရွံရှာတယ်ဗျာ။ သားသမီးကောင်းမပီသတဲ့ လူတွေလိုပဲပေါ့။ မိဘကို ဟန်ဆောင်ပန်ဆောင် ချစ်ပြကြတာမျိုးဖြစ်နေတာပေါ့။

ဟို.... အဘ...အဘ ခေါ်တဲ့ကောင်တွေကမှ အဘကို ကြောက်လို့ဖြစ်စေ၊ မလွန်ဆန်ရဲလို့ဖြစ်စေ၊ အရိုးကိုက်ရလို့ဖြစ်စေ အဘပြောစကား နားထောင်ဖော်ရသေးတယ်။

Anonymous said...

အင်း ပညတ်တွေ နဲ့ပဲ အလုပ်ရှုပ်နေတော့ ဒီမိုကရေစီ ချစ်သူကြီးများရေ... ပြောချင်တာ တခုတော့ရှိပါတယ်... အမြင်ကျဉ်းသောသူများသည် အယူအစွဲ သန်၏ တဲ့ ခင်ဗျ...

တင်းပုတ်

မုန်းစရာ said...

ကိုပေါရေ..

ကိုပေါပြောတဲ့ အကြမ်းဖက်နိုင်ငံမျိုးဖြစ်တဲ့ အခြေအနေထိတော့ မရောက်နိုင်ပါဘူး.. သူတို့နိုင်ငံမှာ ဘာသာတရားအဆုံးအမ မရှိလို့ဖြစ်ရတာပါ..

ကိုပေါက buddhist ဟုတ်မဟုတ်တော့မသိပါဘူး.. ဒါပေမဲ့ တကယ့် buddhist စစ်စစ် ဖြစ်ခဲ့ရင် အတိုင်းအတာတော့ သိမှာပါ.. အကြမ်းဖက်လုပ်ရပ်က ဘာသာတရားနဲ့ကြည့်ရင် မလုပ်သင့်ပါဘူး . သိပါတယ်..

ဒါပေမဲ့ အခြေအနေက မလုပ်ရင် မဖြစ်တော့ဘူး.. အများကောင်းကျိုး အတွက် လုပ်တာဖြစ်လို့ စေတနာမှန်တဲ့ အကျိုးကြောင့် အပြစ်ဖြစ်ရင်တောင် ဘုရားက ခွင့်လွှတ်မှာပါ.. စေတနာက အဓိကပါ.
လူတိုင်းသာ စိတ်စေတနာ ကောင်းနေမယ်ဆိုရင် စစ်ပွဲတွေ ရန်ပွဲတွေ ဖြစ်လာစရာ မရှိတော့ပါဘူး..

ကိုပေါ said...

ကို အမြင်ကျယ် တင်းပုတ်ရေ...

အယူအစွဲမှန်တယ်လို့ ယူဆထားရင်တော့ အယူအစွဲသန်ဖို့ လိုပါသဗျား။

မဟုတ်ရင် ခင်ဗျားဟာ ဟိုခုန်ဒီခုန် မျောက်လွှဲကျော်နဲ့ တူနေတော့မှာပေါ့။

ဥပမာဗျာ.... ဗုဒ္ဓဘာသာကို ယုံကြည်သူတယောက်ဟာ သူ့ရဲ့ အယူဝါဒနဲ့ပတ်သက်လို့ စွဲစွဲမြဲမြဲ ခိုင်ခိုင်မာမာ ရှိချင်ရှိမှာပေါ့။ ဒါကို အမြင်ကျဉ်းတယ်လို့ ပြောလို့မရပါဘူး။ တခြားဘာသာတွေကို သူလေ့လာပြီး သူ့ဘာသာယုံကြည်လို့ သူ့အမြင်ကို ဆက်လက်စွဲကိုင်ထားတာလည်း ဖြစ်နိုင်ပါတယ်။

ခင်ဗျားရဲ့ ဆိုရိုးစကားက နေရာတိုင်းမှာ မမှန်ပါဘူးဗျာ။

Anonymous said...

ဟုတ်ကဲ့ပါ... ဒီမိုကိုပေါရေ... အမြင်ဘယ်လောက်မှန်မှန် အချိန်တိုင်း တသမတ်ထဲ မှန်တာ တခါမှ မကြားဘူးပေါင်ဗျာ... ဆက်လုပ်ပါခမျ...


တင်းပုတ်

ကိုပေါ said...

မုန်းစရာရေ….

ဘာသာတရားရှိလည်း မလိုက်နာရင် အလကားပါပဲ မုန်းစရာရယ်….. မြန်မာပြည်ကြီး ဒီအခြေအနေဆိုက်နေတာရော ဘာပြောဦးမလဲ။ ဦးသန်းရွှေတို့ကရော ဗုဒ္ဓဘာသာမဟုတ်လို့လား။ ဘုရားဒကာဘွဲ့တောင် ခံလိုက်သေးတယ်ခင်ဗျာ။ ကျနော်ပြောချင်တာက ဘာသာတရားလည်း လူတွေက အမည်ခံလောက်ပဲ ကိုးကွယ်နေကြတော့ ခက်နေတာပေါ့။

ဗုဒ္ဓဘာသာကို မထိနဲ့ကွလို့ ကြွေးကြော်နေတဲ့လူတွေကလည်း တကယ်တမ်း ဓမ္မနဲ့ အဓမ္မ ယှဉ်လာတဲ့အခါ ဓမ္မဖက်က ရှင်းရှင်းပြတ်ပြတ် မရပ်ကြတဲ့အခါ ဒီနေ့ကြုံတွေ့နေရတဲ့ မတရားမှုတွေ၊ အကြမ်းဖက်မှုတွေ၊ အာဃာတတွေ၊ ခိုးဝှက်မှုတွေ၊ အဂတိလိုက်စားမှုတွေ၊ သတ်ဖြတ်မှုတွေ ဖြစ်ပျက်နေတော့တာပေါ့။

ကျနော်ကတော့ အခုထိ ကိုယ့်ကိုယ် ဗုဒ္ဓဘာသာကို ယုံကြည်သူလို့ ခံယူထားပါတယ်။ ဒါပေမယ့် ကျနော်လည်း လက်တွေ့ကျင့်သုံးမှုအပိုင်းမှာ အားနည်းပါတယ်။

ဗုဒ္ဓဘာသာအလိုကတော့ ကိုယ်ဖြစ်ကိုယ်ခံပဲ ခင်ဗျ။ ဘုရားက ခွင့်လွှတ်တာတွေ၊ မလွှတ်တာတွေ မရှိဘူး။ ကိုယ့်ရဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ကိုယ်ပဲ ခံရမှာ။ ဘယ်သူကမှ ၀င်ထမ်းပေးမှာ မဟုတ်ဘူး။

ဓမ္မနဲ့အဓမ္မ၊ ငြိမ်းချမ်းသောနည်းနဲ့ အကြမ်းဖက်နည်း၊ “ရဲသော်မသေ၊ သေသော်ငရဲမလား” စတဲ့အကြောင်းတွေနဲ့ပတ်သက်လို့ ကိုဧရာက သူ့ဘလော့ဂ်က ဒီပို့စ်မှာ သေသေချာချာ ရှင်းပြထားပါတယ်။ ဖတ်ကြည့်ဖို့ ညွှန်းလိုက်ပါရစေ။

ဓမ္မနဲ့အဓမ္မ

မုန်းစရာ said...

ကိုပေါက ဒီလိုဆိုတော့လဲ ဘာသာရေးကိုသေသေချာချာ နားလည်တာပဲ. ဒါတောင် ဘာဖြစ်လို့ မတူညီတဲ့ နှစ်ခုကို နှိုင်းယှဉ်ရတာလဲ .. မြတ်စွာဘုရားပါရမီဖြည့်တဲ့ အချိန်နဲ့ လူမိုက်တွေ မိုက်ကမ်းရမ်းကားတဲ့ အချိန်ကို ဘာလို့ နှိုင်းယှဉ်ရတာလဲ..

ဟုတ်ပါတယ်. ဒါကို လဲ လက်ခံပါတယ်. ကိုယ်ဖြစ်ကိုယ်ခံပါ. မြတ်စွာဘုရားက ခွင့်လွှတ်မှာမဟုတ်ပါဘူး.. တခြားဘာသာတွေလို ကိုယ်စားလဲ ခံပေးမှာ မဟုတ်ပါဘူး.. ကျူးလွန်သမျှအပြစ်တွေကို လဲ အာပတ်ဖြေလို့မရပါဘူး..

အခုလဲ ဇွတ်မှိတ်ပြီး ဒီလမ်းစဉ်ကို ထောက်ခံတာပါ.. အာဏာရူးတွေကို မိုက်ဖို့ အချိန်ပေးထားတာ နှစ်ပေါင်း ၆၀ ကျော်နေပါပြီ.. ဒီလို အဆုံးမသတ်နိုင်ရင် ကြာရင် ဘာသာ သာသနာသာမက လူမျိုးလဲပျောက် နိုင်ငံလဲ ပျောက်တော့မှာမို့ပါ....

ကိုပေါ နားလည်ပါစေ.. မျက်စိမှိတ်ပြီး မငြင်းပါနဲ့တော့..

ကိုပေါ said...

မုန်းစရာ…

နားလည်မှု လွဲနေပြီလို့ ထင်ပါတယ်။ ကျနော်ပြောခဲ့တာက အနှစ် ၂၀ ဆိုတဲ့ ကာလဟာ တိုင်းပြည်တခုရဲ့ သက်တမ်းနဲ့စာရင် ကြာတယ်လို့ မဆိုနိုင်ဘူး။ မကောင်းတဲ့အခြေအနေတခုကနေ ကောင်းတဲ့ စနစ်တခုကို သွားဖို့ ဆိုရင် အနှစ် ၂၀ ကြာတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချိန်ကာလ။ အဲသည် အနှစ် ၂၀ အတွင်းမှာ ဖြစ်မလာရကောင်းလားဆိုပြီး ဒီမိုကရေစီဘက်တော်သားတွေကို အပြစ်တင်တာ မှားယွင်းနေတယ်ဆိုတာကို ဥပမာပေးချင်တဲ့အတွက်….. ဗုဒ္ဓဆိုရင် သဗ္ဗုညုတရွှေဉာဏ်တော်ကိုရဖို့အတွက် လေးအသင်္ချေနဲ့ ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီဖြည့်ဆည်းခဲ့ရတယ်၊ ကြိုးစားခဲ့ရတယ်။ အဲသည်လောက် အချိန်အကြာကြီးယူရမလားဆိုပြီး ဗုဒ္ဓကို အပြစ်တင်လို့မရသလို အခုလည်း ကောင်းရာကောင်းကျိုးအတွက် ကောင်းတဲ့နည်းလမ်းနဲ့ ကြိုးစားနေတဲ့သူတွေကို ကြာရကောင်းလားဆိုပြီး အပြစ်မတင်သင့်ပုံကို ဥပမာပေး ခိုင်းနှိုင်းခြင်းသာလျှင်ဖြစ်တယ်။ ဒီနှစ်ခုဟာ ဘာကြောင့်မနှိုင်းယှဉ်သင့်သလဲဆိုတာကို ကျနော့်ကို အကျိုးအကြောင်းနဲ့ ရှင်းပြစေချင်တယ်။ အမှန်အတိုင်းပြောရရင် ဒီလိုစပြီး နှိုင်းတာဟာ ဆရာဦးအောင်သင်း ခိုင်းနှိုင်းပြခဲ့တာတခုကို သတိရပြီး ပြောပြတာ။ ဆရာကတော့ ဆရာဝန်ဖြစ်ဖို့ ကြာတဲ့အချိန်၊ ပညာရှာချိန်ကို ဗုဒ္ဓပါရမီဖြည့်တဲ့အချိန်နဲ့ နှိုင်းပြတာပါ။ ဒီလို နှိုင်းတာ ဘာမှ မမှားပါဘူး။

ဒီအာဏာရူးတွေကို စိတ်ကုန်နေတဲ့နေရာမှာ ကျနော်လည်း မုန်းစရာခံစားရာတာထက် မလျော့ပါဘူး။ ဖြစ်နိုင်ရင် အခုချက်ချင်း ပြောင်းလဲပစ်ချင်တာပေါ့။ အဲသည် ခံစားချက်ကို ကျနော်နားလည်ပါတယ်။

အခုဟာက မုန်းစရာရဲ့ အယူအဆကို ကျနော်အကျိုးမဲ့ ငြင်းနေတာမဟုတ်ပါဘူး။ ကျနော့်မှာ ရည်ရွယ်ချက်ရှိလို့ပါ။ အကျိုးရှိမယ် ယူဆတဲ့အတွက် လက်ခံဆွေးနွေးနေတာပါ။

Anonymous said...

ချမဲ့ သူကလဲ တကယ် ချကြဗျာ

ဒီ အတိုင်းသွားမဲ့ သူကလဲ သွား

မြန်မြန်တော့ လုပ်ကြပေါ့ဗျာ..

ထိထိရောက်ရောက်ဖဲ့ကြပါ

မျိုးမြင့်မောင် said...

ဟုတ်ပ အမည်မသိကြီးတို့ရယ်။ လူတိုင်း ထိထိရောက်ရောက် လုပ်သင့်နေပြီဗျာ။ ဥပမာ အမည်မသိကြီးတို့လို တခြားဘာမှ ၀င်မလုပ်ပဲ လူတိုင်းကို တစိုက်မတ်မတ် ဝေဖန်လေကန် နေသင့်တယ်။ ဒီလို ထိထိရောက်ရောက်လုပ်ပုံမျိုးကို တခြားလူတွေ အတုယူသင့်ပြီဗျ။ ကဲ ကျနော်လည်း ထိထိရောက်ရောက် နှိုးဆော်လိုက်ဦးမှ။

အားလုံးနားထောင်

စစ်အစိုးရကို ဖြုတ်ချ။ ဒီမိုကရေစီကို ရအောင်ယူ။ လုပ်စရာရှိတာ ကိုမြန်မြန်လုပ်။ ဘာလုပ်လုပ် ထိရောက်အောင်လုပ်။ ပြောနေတာ ကြာတယ်။ အခု ချက်ချင်းလုပ်။

(ဘာပြောတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံပြုဦး ဟုတ်လား။ ငါ ဒီလောက်ရှင်းအောင် ပြောထားတာ။ ကဲ နောက်တစ်ခါ သေချာနားထောင်။)

စစ်အစိုးရကို ဖြုတ်ချ။ ဒီမိုကရေစီကို ရအောင်ယူ။ လုပ်စရာရှိတာ ကိုမြန်မြန်လုပ်။ ဘာလုပ်လုပ် ထိရောက်အောင်လုပ်။ ပြောနေတာ ကြာတယ်။ အခု ချက်ချင်းလုပ်။

ဒါပဲ။

ပုံ

အမည်မသိ ပန်ကာပွကြီး

*_*Ken*_* said...

လက်ရှိ ကမ္ဘာမှာ အရက်စက်ဆုံး ၊ လူမဆန်ဆုံး အုပ်ချုပ်နေတဲ့တိုင်ပြည်ဟာ မြန်မာပြည်ပါ။ ခက်တာက မြန်မာပြည်ဆိုတာ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့တိုင်ပြည်။ ခင်ဗျာတို့ငြင်းခုန်နေတာ အပိုတွေပါ။ ရယ်စရာကောင်တယ်.....တစ်တိုင်ပြည်လုံးလူအများစုက ဘာမှသုံးလို့မရဘူး...သာ ရာ နေကြတယ်..ဒါနဲ့များ ဒီမိုကရေစီ လိုချင်ကြတယ်..အများစုက ဗုဒ္ဓဘာသာကိုယ်ကွယ်ကြတယ်..အများစုက ရေသာခိုအချောင်လိုက်.....ဗုဒ္ဓပြောတာက ကံ ကံ၏ အကျိုးတဲ့....အခုအထိသဘောမပေါက်ကြသေးဘူး...
ခင်ဗျာတို့ရဲ့အတိတ်ကံ ဒါမှမဟုတ် လက်ရှိလုပ်နေတဲ့ အကြောင်အရာတွေဟာ အကုသိုလ် ကံတွေ ခင်ဗျာတို့နောက်ကလိုက်နေတာဗျ.....မိမိ ကိုယ်ကို ကောင်းအောင်ကြိုးစာကျင့်ကြံကြပါ....
ကျေးဇူးတင်ပါတယ်

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs