“ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တွင် ယနေ့ ရုံးတင်စစ်ဆေးဖွယ်ရှိ”

Share |
ဒေါ်အောင်ဆန်းစုကြည်နှင့် သူမအား အနီးကပ် အတူနေကာ စောင့်ရှောက်ပေးနေသော ဒေါ်ခင်ဝင်းတို့ သားအမိ၊ ပေါင်း သုံးဦးအား အင်းစိန်ထောင်တွင် ယနေ့ ရုံးတင်စစ်ဆေးနိုင်ဖွယ်ရှိသည်ဟု အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဆိုသည်။

အပြည့်အစုံသိနိုင်ရန် ဘီဘီစီ အင်္ဂလိပ်သတင်းမူရင်းကို ဒီမှာဖတ်ပါ။

နအဖတော့ သွေးရူးသွေးတန်းနဲ့ လုပ်မိလုပ်ရာ လျှောက်လုပ်နေပြီ။ ဗိုလ်သန်းရွှေတို့ ကြောက်တတ်ပုံက ကမ်းကုန်တယ်။

မိုက်တွင်းနက်တယ်ဆိုတာ ဒါမျိုးကို ဆိုလိုတာထင်ပါရဲ့။

27 comments:

မေငြိမ်း said...

အခြေအနေမကောင်းဘူး ကိုပေါရေ.. အရူးစိတ်ထရင် လူသတ်နိုင်တယ်ဗျ.. ဒီအရူးကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ကျမတို့ ဆုံးရှုံးရမယ်ဆိုရင် ဘယ်လို လုပ်ကြမှာလဲ..။ ဒီသွေးရူးသွေးတန်းက ကမ်းကုန်နေပြီ။ အခြေအနေက သိပ်စိတ်ပူစရာကောင်းပါတယ်။

ကိုပေါ said...

>>>မေငြိမ်း…… စိတ်ပူရတာတော့ အမှန်ပဲ ဆရာမရေ။ အန်တီက ကျန်းမာရေးလည်း သိပ်ကောင်းလှတာမဟုတ်ဘူး။ ၂၀၁၀ မတိုင်မီ အန်တီ့ကို လွှတ်ပေးရမှာစိုးလို့ အမှုဆင်ပြီး ထောင်ချဖို့ ကြံရွယ်နေပုံရတယ်။

အရူးအရူးနဲ့ အိမ်ဦးတက်ပြီး ချေးပါ တာကလည်း များနေပြီ။ ဒီနအဖကို အမြန်ဖြုတ်ချနိုင်မှ ဒီပြဿနာတွေ ရှင်းမှာ။

Anonymous said...

ဒင်းတို့ကတော့ အဆုံးစွန်ထိ ယုတ်မာဦးမှာပါ။
တကယ်သတ္တိမရှိလို့ ခုလို ကိုယ့်တွင်း ကိုယ်တူးတဲ့ အလုပ်တွေကိုပဲ ထပ်ခါ ထပ်ခါ လုပ်နေကြတယ်။ မိုက်ရူးရဲ ဆိုတဲ့ စကားကို ခုတော့ လက်တွေ့မြင်ဖူးသွားပြီ။
ဘာပဲ ဖြစ်ဖြစ် ဒီအာဏာရှင်တွေကိုတော့ ဘယ်တော့မှ မကြေဘူးးးးး ဒင်းတို့ ကြောင့် တိုင်းပြည်က မွဲပြာနေရတာ။ တာဝန်တွေ ပိုပိုများလာပြီ။
ဒါပေမယ့် သူတို့ အန်တီစုကိုတော့ မသတ်ရဲဘူး။ ထောင်ချတာတော့ လုပ်နိုင်တယ်။ ဒ့ါကြောင့်လဲ ခုလို လုပ်ကြံမှုတွေ ပေါ်လာတာပေါ့။

Dr. Yi Yi Win said...

ဘုရားရှိခိုးပြီး မေတ္တာပို့ သနေပါတယ်။

EEK said...

I am so disappointed after reading this news.
Actually, I expected it since after I heard about that foreigner who entered her house by swimming.
So sad.
It is so ridiculous.

momeiji said...

I am worried about Daw Su. The silly and illegitimate government is making up story.

Anonymous said...

i also just known this case; just read from yahoo page. i 'm getting cry for her. i 'm really crying ..... ..... really worry for aunty su. I really hate that DOG group . i do hate so much that all military group. so i never make friend military family..

Nge Naing said...

DVB မှာ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ရှေ့နေ ဦးကြည်ဝင်းနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ သတင်း မြန်မာလိုနဲ့ တင်ပြထားတာ http://burmese.dvb.no/news.php?id=7504 မှာရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က သွားပြီးဆက်သွယ်တာ မဟုတ်ပဲ သူ့ဖါသူရောက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြန်သွားဖို့ ပြောတော့ နေမကောင်းဘူး နေကောင်းမှ သွားပါရစေဆိုလို့ ခဏလက်ခံထားတာသာ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ကန့်သတ်ထားတဲ့ ဥပဒေကို ဘာမှ ချိုးဖေါက်ထားတာ မရှိဘူးလို့ ရှေ့နေက ပြောတယ်။ သူတော်ကောင်းကို တရားစောင့်ပါလိမ့်မယ်လို့ပဲ သဘောထားရလိမ့်မယ်။

Thargyi(Gyobingauk) said...

ဝမ်းနည်းရတယ်ဆိုတဲ့စကားတွေကို လက်မခံချင်တော့ ဘူးဗျာ..... တခုခုလုပ်ကြရအောင်ဆိုတာလေးကြားချင်တယ်....

မောင်လမ်းသစ် said...

ခြံဝင်းထဲ အမေရိကန် ၀င်လာကထဲက ခြံရှေ့က လုံခြုံရေးတွေကို အော်ဟစ် အကူအညီ တောင်းခံရင် အခုလို ဖြစ်မှာ မဟုတ်ပါ။ အခုတော့ ၂ ရက်တောင် ညအိပ်စေပြီး ထမင်းတောင် ကျွေးလိုက်တယ် ဆိုပဲ

Anonymous said...

လမ်းသစ်ဆိုတဲ့ကောင် ၀င်ဝင်မရှုပ်စမ်းနဲ့။

ကြည့်မရသူ

Anonymous said...

ကံကြမ္မာလှည်းဘီးကတော့လည်နေတာပါဘဲ၊ ကိုယ့်အလှည့်ကြတော့မနွဲ့စတမ်းပေါ့လေ...လာမှာပါ၊ နှေးတာနဲ့မြန်တာဘဲကွာတာပါ။ စောင့်ကြည့်ပါမောင်လမ်းသစ်ရေ...မကြာတော့ပါဘူး..။

EEK said...

ကိုလမ်းသစ်ရေ
ခြံဝင်းထဲ လူဝင်လို့  အကူအညီတောင်းထားတာ မနှစ် ကတည်းက မဟုတ်လား။
ခြံစောင့်တဲ့ လုံခြုံရေးတွေထက် အပြန်တရာလောက် ကြီးတဲ့ ဆင်ကြီးတွေက ဘာလုပ်နေကြသလဲ။
ယုတ်မာ ကောက်ကျစ်တဲ့ အကြံတွေနဲ့  လုပ်ကြံ စွပ်စွဲဖို့  ကြိုးစားတယ်လို့ ပဲ မြင်ပါတယ်။
ထမင်းကျွေးတာကတော့ ငတ်လာလို့  ကျွေးတာဖြစ်မှာပေါ့။ လုံခြုံရေး စစ်သားတွေ၊ ရဲသားတွေတောင် ဒေါ်စုဆီက ကပ်စားနေကြရတာ မဟုတ်လား။ LOL !!!

မျိုးမြင့်မောင် said...

ကိုလမ်းသစ်ကလညှ်း အရေးထဲ နောက်မနေပါနဲ့ဗျာ။ အပြင်က အစောင့်တွေကို အော်ဟစ်အကူအညီတောင်းရအောင် ၀င်လာသူက ရန်ပြုချင်တာမှမဟုတ်ဘဲ။ အပြင်ကကောင်တွေကသာ အမြဲတမ်း ရန်ပြုဖို့ အဆင်သင့်ဖြစ်အောင် စောင့်နေတာလေဗျာ။ မြန်မာပြည်မှာ လူလိုစဉ်းစားတတ်ရင် စစ်သားကိုအကူအညီတောင်းတာ ကိုယ့်အတွက်ရော အများအတွက်ပါ ဘယ်လောက်အန္တရာယ်ရှိမှန်း သိနိုင်ပါတယ်ဗျာ။ သူခိုးလက်ထဲ ဓါးရိုးကမ်းစရာလားဗျ။

Anonymous said...

အလိုလိုနေရင်းမှ ပာိုသတင်းဖတ်ပြီး စိတ်တိုနေရတဲ့ ကြားထဲ ဒီလမ်းသစ်ဆိုတဲ့ လူလဲရူးနေလား။ ခြံရှေ့ ကသူ့ အဘ လုံခြုံရေးတွေက.......မပြောချင်တော့ပါဘူး။ I want Aunty Su to get free ASAP. I hopefully want.

မောင်လမ်းသစ် said...

ကို ပေါ ရေ
ခင်ဗျားရဲ့ “၀ုတ်ပါ့မလား မောင်ကာဠုရဲ့” ဆိုတဲ့ ပှိုစ်ထဲမှာ
ရေပြင် အကျယ်ကြီး ကို ကူးပြီးလာတာ ဟုတ်ပါ့မလားဆိုတဲ့ အမေးကို အခုတော့ ဒေါ်စုကြည် ကိုယ်တိုင်က အမေရိပနကြီး သူ့ အိမ်ရောက်လာပါတယ် လို့ ပြောလိုက်ပါပြီ ခင်ဗျာ။

Anonymous said...

 အခြေအနေတွေက တော်တော်ကိုစိတ်ပူစရာပဲ။ ရင်ထဲမှာလည်း မခံခြိမခံသာ။ သူတို့တမင်တကာ လုပ်ကြံတာဖြစ်ရတယ်။ ဒီလကုန်ဆို အမေစု အကျယ်ချုပ်ကနေလွတ်ပေးရတော့မယ်မဟုတ်လားး ၂၀၁၀ မှာလည်း အရုးရွေးကောက်ပွဲလုပ်မှာဆိုတော့ အမေစု ကိုအပြတ်ရှင်းဖို့ အကောက်ကြံတာ။ နိုင်ငံတကာအဖွဲ့အစည်းတွေက ဖိအားပေးတော့ ဒီလကုန်သက်တမ်းတိုးဖို့ကိစကို အကြောင်းပြချက်ရှာနေတာနေမှာပေါ။ အသေဆိုးနဲ့သေမဲ့ကောင်တွေ။ ခွေးနဲ့တောင်နိုင်းပြီး မဆဲနိုင်ဘူး။ ခွေးကမှ သူ့တိုထက်အသိဥာဏ်ပိုသေးတယ်။ ခွေးနဲ့မတန်ဘူး။

Anonymous said...

အခုတင် message ရတယ် ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၅ နှစ် ချလိုက်ပါတယ်တဲ့ ။ ကဲ .. ဘယ်လိုလုပ်ကြမှာလဲ ။ အားလုံးက တကယ် သင်္ကြန်အမြှောက်တွေလား ။ ပွဲကြည့်သူတွေလား ။ ကိုယ့်ကို မထိသေးသ၍ ဆိုပြီး ငြိမ်နေကြတာလား ။ ဒေါ်စုကိုထောက်ခံလို့ ပြောနေတာမဟုတ်ဘူး ။ သူတို့တွေ လုပ်ချင်တိုင်းလုပ်နေတာကို မခံနိုင်လို့ပြောတာ ။ သူတောင်းကောင်းကို နတ်ကောင်းမပါလိမ့်မယ်ဆိုပြီးစောင့်နေတာ ဘယ်နှစ်နှစ်တောင်ရှိပြီလဲ ။ မဖြစ်လာနိုင်တော့ဘူး ။ Shweaung ပြောသလိုပဲ ဝမ်းနည်းပါတယ်ဆိုတဲ့ စကားမကြားချင်တော့ဘူး ။ အဲဒီ စကားက လူတိုင်းပြောတတ်တယ် ။

Anonymous said...

မောင်လမ်းသစ် said...

"ခြံဝင်းထဲ အမေရိကန် ၀င်လာကထဲက ခြံရှေ့က လုံခြုံရေးတွေကို အော်ဟစ် အကူအညီ တောင်းခံရင် အခုလို ဖြစ်မှာ မဟုတ်ပါ။ အခုတော့ ၂ ရက်တောင် ညအိပ်စေပြီး ထမင်းတောင် ကျွေးလိုက်တယ် ဆိုပဲ"

မောင်လမ်းသစ် (New Lane) to where

Is that new lane into your mom's stinky a.r.s.e or what......

I hate suckers like you....

Anonymous said...

မောင်လမ်းသစ်ဆိုတဲ့ခွေးမသား နားထောင်..မင်းတို့  လိုအမျိုးယုတ်တွေကြောင့် ငါတို့  နိုင်ငံဒီအဆင့်အထိနိမ့်ကျခဲ့ရတာ မင်းကဒီခွေးတွေစားခွက်ထဲက ဘာအရိုးအရင်းတွေ ဘယ်လောက်ကိုက်နေရလို့  ဒီလောက်သခင်အားရအောင်ကျွန်ပါးဝပြနေရတာလဲ အမျိုးယုတ်ရဲ့ ...

Bino said...

My comment is same as Myo Myint Maung, wise man.
Bino

weik.zar said...

Who are responsible for the security of Daw Aung San Su Kyi's compound?They should be charged. Everybody knows the real intention of the wicked.

Anonymous said...

မျက်နှာပြောင်ကြီးတွေနဲ့ တော်တော်အရှက်သိက္ခာကင်းမဲ့
တဲ့လူတွေ..သူတို့ဘဲအကျယ်ချုပ်ချထားတယ်၊လုံချုံရေးယူ
ထားတယ်တဲ့၊ကဲ..အခုအိမ်ထဲကိုလူဝင်တော့လုံချုံရေး
တာဝန်ယူတဲ့သူတွေရဲ့အပြစ်လား၊အိမ်ထဲကလူရဲ့အပြစ်လား။
အော်..လူမသေခင်ထဲကသမိုင်းသေနေတဲ့လူတွေ..။
တရားကျသဗျာ...။

Anonymous said...

ဒီ ဘဲကြီးတွေ ဒီလိုလုပ်ချင်လို့ ပာို နိုင်ငံခြားသားကို ဘယ်လောက်ပေးပြီး ရေကူးခိုင်းမှန်းမသိဘူး။ သူတို့ ပဲ အမျိုးစုံလုပ်တတ်တာ။ တို့ များတော့မယုံပေါင်။ သူတို့ လုပ်ဇာတ်တွေက အကွက်သာပြောင်းသွားတယ် သဘောတရားကတော့တူနေတာပဲ။ အဖြစ်တိုင်းမှာအပျက်ရှိတယ်။ သူတို့ တွေကျဆုံးတဲ့ နေ့ ကျရင် စိမ်ပြေနပြေနဲ့ အရသာရှိရှိ ထိုင်ကြည့်ပစ်လိုက်မယ်။ အဲ့ နေ့ ကိုလည်း မျှော်ဆဲပဲ။ ရောက်လာမှာလို့ လဲ တစ်ထစ်ချယုံပြီးသား။ ပာို လမ်းသစ်ဆိုတဲ့ သူလည်း ဒေဝဒတ်တို့ လမ်းစဉ်ထဲ အသစ်ဖောက်တဲ့ နောက်သားလေးမှန်းသိပါ့။

Anonymous said...

နိုင်ငံတနိုင်ငံ မလှမပ ဖြစ်တာ အဲဒီနိုင်ငံက ယောက်ကျားတွေ သောက်သုံးမကျလို့ပဲ.....
ရှက်တတ်ရင်လဲသေကြ...

Anonymous said...

အော်ကြ... အော်ကြ... ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုမသိကြဘူးလား... မသိချင်ယောင်ဆောင်နေကြတာလား..
ကျုပ်ကတော့ ကြိုမြင်တာကြာပေါ့....
ခင်ဗျားတို့ ကိုပဲအံ့သြတယ်....

pwagyii said...

အာလုံးတောင့်တနေတဲ့အချိန်ဆိုတာဖြစ်လုတော့မယ်
ဆိုတာကိုရောက်လာတော့မှာပါ
အမေစုအတွက်အမှန်တရားဆိုတာရှိလာမယ်လို့
ကျွန်တော်ကတော့ယုံကြည်တယ်ဗျာ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs