ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ

Share |
(မြန်မာ့နိုင်ငံရေးနှင့်ကျနော်၏အမြင်... အပိုင်း (၄) နှင့် (၅) ကို မအားလပ်သဖြင့် ဆက်မရေးနိုင်ခင်စပ်ကြား အီးမေးလ်မှတဆင့် ဖတ်ရှုရသော ဆောင်းပါးတပုဒ်ကို ဖတ်ရှုရသည့်အခါ အင်မတန် နှစ်ခြိုက်၍ သဘောချင်းလည်း တိုက်ဆိုင်လှသည့်အလျောက် ကူးယူဖော်ပြအပ်ပါသည်။ မူရင်း အီးမေလ်းပို့သူမှာ John Steward ဆိုသူဖြစ်ပြီး ဘားမားတူဒေး အီးဂရုပ်ထဲသို့ ထပ်မံ လက်ဆင့်ကမ်းပေးပို့သူမှာ ကိုသားဆွေဖြစ်ပါသည်။ ရေးသူအမည်ကို မသိပါ။ သိသူများ ကော်မန့်ကဏ္ဍတွင်ဖော်ပြပေးလျှင် ကျေးဇူးပါ။ ခွင့်မတောင်းပဲ မျှဝေလိုက်သည့်အတွက် ကာယကံရှင်များ ခွင့်လွှတ်ကြပါကုန်။ Updated Info: An anonymous reader has informed in the comment section that "ဒီဆောင်းပါးကို facebook မှာ တွေ့ခဲ့တာပါ။ ဇော်ဝင်းဆိုတဲ့ facebook account မှာပါ။ ရေးသူဇော်ဝင်း ၈၈ ကျောင်းသားဟောင်းလို့ အဲဒီမှာ ရေးထားပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲနဲ့ အဲဒီပို့စ်ကို တင်ထားပါတယ်။".Thanks for your info.)

”ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ”


ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်

အများပြည်သူက ရွေးကောက် တင်မြှောက်ထားသည့် အစိုးရဟု မိမိကိုယ်ကိုယ် တွင်တွင် ကြော်ငြာနေသော ကြံ့ဖွံ့ အစိုးရနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား နိုင်ငံရေး စစ်တုရင် ကစားပွဲမှာ ယခုအခါ အတော်ပင် ဇာတ်ရှိန်တက် နေ လေပြီ။ ကြည့်ရှုရသော ပရိသတ်အဖို့မှာလည်း အသည်းတယားယား၊ ရင်တဖိုဖို ဖြစ်ကြရသည်။ အဘယ်ကြောင့် အသည်းယားရသနည်း ဆိုပါမူ ကျွန်တော်တို့သည် သာမန်ပွဲကြည့်ပရိသတ်မျှသာ မဟုတ်ဘဲ၊ ပွဲ၏ အနိုင်အရှုံးရလဒ်အကျိုးကို ကျကျနန ခံစားကြရမည့်သူများလည်း ဖြစ်နေသောကြောင့်ပင်။ သည်ပွဲသည် သာမန် ကစားပွဲမဟုတ်။ ကျွန်တော်တို့၏ ကံကြမ္မာကို လောင်းကြေး ထပ်ထားရသော ကစားပွဲဖြစ်နေလေသည်။

ယခု အချိန်တွင် အများပြည်သူ အတွက် မျက်စိလည်စရာ ကောင်းလောက်အောင် ကစားကွက်ရှုပ်ထွေးလှပေသည်။ အမှန်တကယ်ပင် မျက်စိလည်သူ အကြည့်မှားသူတွေလည်း တော်တော်ပင် များပြားနေလေသည်။ အဘယ်ကြောင့် ထိုသို့ အမြင်ရှုပ်ထွေးကြပါသနည်း။ ရွှေ့ကွက်များမှာ ယခင်ကနှင့် မတူ တမူထူးခြားနေသောကြောင့် ဖြစ်သည်။

ယခင်က စစ်အစိုးရသည် အကြမ်းနည်းသက်သက်ကိုသာ အသုံးပြုသည်။ စစ်အစိုးရကို ဆန့်ကျင်တာ ဘာမှ မရေးရ။ ဘာမှ မပြောရ။ ဘာမှ မလုပ်ရ။ ထိုကဲ့သို့ လုပ်ရပ်တခုခု လုပ်လျင် ထောင်သွင်း အကျဉ်းချမည်။ လမ်းပေါ်မထွက်ရ။ ဆန္ဒမပြရ။ လမ်းပေါ်ထွက် ဆန္ဒပြလျင် ပစ်သတ်မည်။ လမ်းပေါ်ထွက် ဆန္ဒပြ သော လုပ်ရပ်သည် (လက်နက်ကိုင် တော်လှန်သော အလုပ်မှ တပါး) စစ်အစိုးရ အဆက်ဆက်အဖို့ အကြောက်ဆုံးလုပ်ရပ် ဖြစ်သည်။ အတိုချုပ်ပြောရလျင် ထောင်ချလိုက်မည်နှင့် သတ်ပစ်လိုက်မည် ဆိုသော နည်းများမှာ စစ်အစိုးရ၏ အဓိက နည်းဗျူဟာ ဖြစ်ခဲ့သည်။

စစ်အစိုးရဘက်က ပြောင်းလဲဖို့ ခြေလှမ်းပြင်လာခြင်း

၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုနောက်ပိုင်းတွင်မူ စစ်အစိုးရ၏ မဟာဗျူဟာ စတင်ပြောင်းလဲလာသည်။ ၁၉၈၈ နောက်ပိုင်းတွင် အကြီးမား ဆုံးသော လှုပ်ရှားမှုကြီး ဖြစ်သည့် ၂၀၀၇ လှုပ်ရှားမှုသည် စစ်အစိုးရကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။ စစ်အစိုးရအနေနှင့် အနှစ် နှစ် ဆယ်ကျော်ကြာကျင့်သုံးခဲ့သော အချိန်ဆွဲလိမ်ညာ၊ လှည့်ဖျား၊ ထောင်ချ၊ လူသတ်အလုပ်သည် ရေရှည်ဆက်သွား၍ အလုပ် မဖြစ် နိုင် တော့ဟု သဘောပေါက်လာခဲ့သည်။ ထို့ကြောင့် ၂၀၀၇ ခုနှစ် အရေးတော်ပုံပြီးသည်နှင့် အခြေခံဥပဒေတွေ၊ ရွေးကောက်ပွဲတွေကို သွက်သွက်လက်လက် အကောင်အထည်ဖော်တော့သည်။ ယခင်က နှစ်ပေါင်းတရာကြာအောင်ပင် အချိန်ဆွဲတော့မည်ဟု ထင်ရသော လမ်းပြမြေပုံမှာ ရုတ်တရက် အရှိန်ရပြီး သွက်လက် မြန်ဆန်လာသည်။

ဤသို့ဖြင့် အခြေခံဥပဒေ တရပ်ထွက်ပေါ်လာသည်။ သို့သော် ထိုအခြေခံဥပဒေမှာ ကမ္ဘာ့သမိုင်းတွင် ဒီမိုကရေစီ မကျဆုံးသော အခြေခံဥပဒေတရပ် အဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။ စစ်သား တမတ်သားက မည်သူမျှ မရွေးကောက် ပဲ လွှတ်တော်ထဲတွင် မိန့်မိန့်ကြီး ကြိုတင်နေရာယူနိုင်သော အခွင့်ကို ပေးအပ်ထားသည်။ စစ်တပ်က မကြိုက်လျင် အချိန်မရွေး အာဏာ သိမ်းခွင့်ကိုလည်း ပေးထားသည်။ ထို အခြေခံဥပဒေမှာ လွတ်လွတ်လပ်လပ် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခွင့်ရခဲ့လျင် ၁၀ ရာခိုင်နှုန်းမျှပင် ထောက်ခံမဲရနိုင်စရာ မရှိသော်လည်း သေနတ်မိုးဓါးမိုးပြီး ၉၂ ဒသမ ၄ ရာခိုင်နှုန်းကထောက်ခံသည်ဟု မဲခိုးကြေငြာပစ်လိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးဆောင်နိုင်မှု အရည်အချင်း

ထိုကဲ့သို့သော အရေးကြီးသည့် သမိုင်းကာလများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဘယ်နေရာ ဘယ်အခန်းကဏ္ဍကနေ ရပ်တည်ခဲ့ပါသနည်။ တိုင်းပြည်အတွက် အလွန်အရေးကြီးလှသော ၂၀၀၇ ခုအရေးတော်ပုံနှင့် အခြေခံဥပဒေ ဆန္ဒခံယူပွဲကာလ နှစ်ခုစလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာမူ ပြည်သူလူထုကို အရည်အချင်း ပြည့်မီသော ဦးဆောင်မှု မပေးနိုင်ခဲ့ပါ။ ၂၀၀၇ ခုနှစ် အရေးတော်ပုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တာဝန်ပျက်ကွက်ခဲ့ခြင်းမှာ အလွန်ဆိုးဝါးလှသော ပျက်ကွက်မှုကြီး ဖြစ်ခဲ့ သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လူထုလှုပ်ရှားမှုကို ထောက်ခံကူညီမှုမပြုရုံသာမက စစ်အစိုးရအကြိုက်နောက်ကပင် လိုက်ဆွဲ တားမြစ်ခဲ့ပါသေးသည်။

၂၀၀၇ ခုအရေး အခင်းတွင် သံဃာနှင့် ၂၀၀၇ ခု ဗကသ ကျောင်းသားများက ထိန်းသိမ်းဦးဆောင် သွားနိုင်သောကြောင့်သာ စစ်အစိုးရကို တုန်လှုပ်ခြောက်ခြားစေခဲ့ခြင်းဖြစ်သည်။ ၈၈ မျိုးဆက်ကျောင်း သားများမှာမူ ၂၀၀၇ ခု အရေးတော်ပုံ၏ အစပိုင်းကာလတွင် အဓိက ဦးဆောင်သူများ ဖြစ်ခဲ့ကြသော်လည်း ပွဲဦးကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရသည်။ ဆက်လက်၍ ဦးဆောင်မှု မပေးနိုင်ခဲ့။

၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲကာလတွင်မူ သံဃာနှင့် ၂၀၀၇ မျိုးဆက် ဗကသ ကျောင်းသားများပါ ထောင်သွင်း အကျဉ်းချထားခြင်း ခံခဲ့ရသည်။

ထိုကာလ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင်မူ အစပိုင်း၌ NLD သည် အတန်အသင့် ဦးဆောင်မှုပေးနိုင်ခဲ့သည်။ သို့သော် နာဂစ်မုန်တိုင်း တိုက်ခတ် လိုက်သောအခါ နိုင်ငံရေး ကို ရှေ့တန်းမတင် ပြည်သူလူထု အရေးကို ရှေ့တန်းတင်မည်ဟု ကြွေးကြော်ကာ လူမှုရေးဘက်သို့ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးလှည့် လိုက်သည်။ NLD သဘောထားကြီးလှပါပေသည်။ လူကြီးလူကောင်း ဆန်လှပါပေသည်။ သို့သော် ယင်းကာလ NLD ခေါင်းဆောင်များသည် နိုင်ငံရေး မျက်နှာစာတွင် စစ်အစိုးရကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့ ဝန်လေးနေကြပြီး နာဂစ် ဟူသော အကြောင်းပြချက်ကောင်းကောင်းရသွားသည့် အတွက် စိတ်သက်သာရာပင် ရသွားသလားဟု သံသယဝင်ဖွယ် ဖြစ်ပေသည်။ သူတို့သည် အခြေခံဥပဒေ ဆန္ဒခံယူပွဲကို လှည့်မကြည့်တော့ပေ။ သို့သော် စစ်အစိုးရမှာမူ သူ့ရည်ရွယ်ချက်ကို မျက်ခြေ အပြတ်မခံ။ လူတွေသေ၊ အလောင်းတွေ ရေမျောနေသည့် ကြားကပင် အခွင့်ကောင်းယူကာ ထောက်ခံမဲတွေ မရမနေလုယက်ယူခဲ့လေ သည်။ NLD သည်လူကြီးလူကောင်းဘွဲ့ရ၍ စစ်အစိုးရမှာ လူဆိုးရာထူး တရစ်တက် သွား သည်။ တကယ်တန်း အနစ်နာကြီး နစ်နာခဲ့ကြရသည်မှာ ပြည်သူ တရပ်လုံးဖြစ်ခဲ့ကြသည်။ ပြည်သူတို့မှာကား နှစ်ခါရှုံးခဲ့ကြရလေ သည်။ NLD သည်လူကြီးလူကောင်းဘွဲ့ ရခဲ့သော်လည်း တိုင်းပြည်အတွက် နိုင်ငံရေး တာ ဝန်ကျေပွန်ခဲ့သည်ဟုကား မဆိုနိုင်ချေ။

အခြေခံဥပဒေကို အတည်ပြုနိုင်ပြီးသည့်နောက် စစ်အစိုးရ အဖို့မှာ အစစအရာရာ ချည်ပြီး တုတ်ပြီးဖြစ်လေပြီ။ သို့သော် ထိုမျှနှင့် မရောင့်ရဲပါ။ ရွေးကောက်ပွဲ ကို မတရားဥပဒေအမျိုးမျိုးထုတ်ပြန်ပြီး ညစ်ပြန်သည်။

ထိုကာလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အလွန်ထူးခြားသော ရွှေဂုံတိုင်ကြေငြာချက်ကို ထုတ်ပြန်နိုင်ခဲ့သည်။ ရွှေဂုံတိုင် ကြေငြာချက်သည် သေအံ့မူးမူး ဖြစ်နေသော NLD ကို ပြန်လည် အသက်ဝင်စေခဲ့သည်။ ခေါင်းဆောင်မှုမဲ့နေသော တက်ကြွ လှုပ်ရှားသည့် NLD နယ်ခေါင်းဆောင်များကို လမ်းညွှန်မှုပေးနိုင်ခဲ့သည်။ ဦးဝင်းတင်သည် NLD ကို နိုင်ငံရေးသဘောတရား ဦးဆောင်မှု ပေးနိုင်သူ၊ လမ်းကြောင်းမှန်ကို လမ်းညွှန်ပြသနိုင်သူဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကျယ်ပြန့်သော လူထု ထောက်ခံ မှု အင်အားကို ရရှိထားသူကား မဟုတ်ပါ။

ဦးဝင်းတင်ခေါင်းဆောင်သော NLD သည် ရွှေဂုံတိုင် ကြေငြာချက်ကို ထုတ်ပြန်နိုင်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲကို အကြောင်း ပြုပြီး NLD ပါတီကွဲထွက်ခဲ့သည်။ သို့သော် ထိုအကွဲမှာလည်း သိပ်မဆိုးလှ။ ထို အကွဲ ကြောင့် ပါတီမှာ အားလျော့ မသွား သည့်အပြင် ပိုမိုအားကောင်းလာသည်။ NLD သည် ဦးအောင်ရွှေ၏ အပျော့ဆွဲ အယူကို ဆက်ခံသော ထိပ်တန်းခေါင်းဆောင်များကို ဆုံးရှုံး ခဲ့ရ သော်လည်း ယင်းတို့ အစား အခြားအုပ်စုကို လျော်ကြေး အဖြစ် ပြန်လည် ရရှိခဲ့သည်။ ထိုအခြားအုပ်စုကား အပျော့ဆွဲ သမားတို့၏ ဖယ်ကြဉ်ထားခြင်းကို ခံခဲ့ရ သည့် တက်ကြွသော နယ်ခေါင်းဆောင်များဖြစ်သည်။ အစည်းပြေနေသော နယ်ဗဟို ကော်မတီဝင်များကို ပြန်လည် စုစည်း နိုင်ခဲ့ကြသည်။ NDF ကွဲထွက်သွားသည့် အတွက် NLD မှာ ပို၍ပင်သန့်စင်လာသည်။


၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရသည် အစဉ်အလာမပျက် မဲဆက်လက်ခိုးကာ ကြံ့ဖွံ့ပါတီကို မတရား အနိုင်ပေးလိုက်ပြန်ပါသည်။ သည်အထိ စစ်အစိုးရ၏ ကစားကွက်မှာ ယခင်ကစားကွက်များနှင့် မထူးခြားသေး။ ၄င်းတို့ ရွှေ့မြဲထုံးစံဖြစ်သော အလိမ်အညစ် အကွက် များသာ ဖြစ်ချေသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်သည်။ ဒါလည်း မထူးခြားသေး။ ဆက်ဖမ်းဖို့ရာ မည်သို့မျှ အကြောင်းပြချက် ရှာမရ တော့သောကြောင့် လွှတ်ပေးလိုက်ခြင်းသာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးနောက်

ပြည်သူတွေဘက်က တုန့်ပြန်ပုံကတော့ထူးခြားသည်။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာသည်နှင့် ပြည်သူလူထုသည် ပြန်လည် လှုပ်ရှား လာသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နယ်ရုံးများ၊ လယ်သမား အရေး အလုပ်သမားအရေး လှုပ်ရှားသူများ၊ လူငယ်ကွန်ယက်များ စည်စည်ကားကားပြန်ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင် ဖြစ်သည်။ လူထုကို နိုးကြားစေနိုင်သော၊ ယုံ ကြည်မှု ပေးနိုင်သော ခေါင်းဆောင်ဖြစ်သည်။ လူထုကို ထိုသို့သော ယုံကြည်မှု၊ နိုးကြားမှုမျိုးကို ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြား မည်သူ မျှ မပေးနိုင်ပါ။ ယင်းအချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြားချက်၊ အားသာချက်ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာချိန်မှာ စီအာပီပီက ဒုတိယပင်လုံညီလာခံဟူသော အမည်ဖြင့် အစိုးရကို ထိုးစစ်ပြန်ဆင်ရန် ပြင်ဆင် နေချိန်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သက်တမ်းတလျောက်လုံးတွက် စစ်အစိုးရ တီးပေးသော ဆိုင်းချက်ကို လိုက်ကနေကြ သည့်ဘဝ ကျရောက်နေရာမှ ပထမဆုံးအကြိမ်အဖြစ် အတိုက်အခံဘက်က ဦးဆောင်သော ရွှေ့ကွက်ကို စတင်ရွှေ့ရန် ပြင်ဆင် ခြင်းဖြစ်သည်။ သို့သော် စီအာပီပီ အတွက် စည်းရုံးရေး အင်အားနှင့် လူထုထောက်ခံမှုမှာ သိပ်အားမကောင်းလှ။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်လာသည်။ လူထုက ဝမ်းသာအားရဆီးကြိုကြသည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုရင်းစွဲ ရှိပြီး ဖြစ်သည့်အပြင် လူထုထောက်ခံမှုအားကို ရယူလိုသော စီအာပီပီတို့သည် ဒုတိယပင်လုံညီလာခံကို ဒေါ်အောင်ဆန်းစုကြည့်လက် ထိုးအပ်လိုက်သည်။ စင်စစ် ထိုဒုတိယညီလာခံမှာ အစိုးရကို စိန်ခေါ်သော လုပ်ရပ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ထိုစိန်ခေါ်နည်းကို သိပ်မကြိုက်ဟု ထင်ရသည်။

ထိုစိန်ခေါ်နည်းသည် စစ်အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်သော လမ်းကြောင်းကို ဦးတည်စေလိမ့်မည်ဟု ယူဆသလား မဆိုတတ်။ ဒုတိယ ပင်လုံ ညီလာခံအစား လူတွေကိုယ်တိုင် တွေ့ဆုံစရာ မလိုအပ်အောင် ၂၁ ရာစုနည်းပညာများကို အသုံးပြုမည်ဟု ဆိုသည်။ ညီလာခံ ကိုလည်း ၂၁ ရာစု ပင်လုံညီလာခံဟု အမည်ပြောင်းပေးသွားမည်ဟု ဆိုသည်။ အဘယ်ကြောင့် ၂၁ ရာစု နည်းပညာများကို အသုံးပြုရန် လိုအပ်ပါသနည်း။ ဘာ့ကြောင့် ၂၁ ရာစု နည်းပညာများကို အသုံးပြုလိုပါသနည်း။ ထိုအချိန်က မိုဘိုင်းဖုန်းကိုမျှ မည်သို့ အသုံးပြု စကား ပြောရမှန်းမသိသော ဒေါ်အောင်ဆန်းစုကြည်သည် အင်တာနက်တွေ၊ ဗီဒီယို ကွန်ဖရင့်တွေ၊ ဆိုရှယ်ကွန်ယက်တွေ နှင့် ပင်လုံညီလာခံကို မည်သို့ ဆက်စပ် အသုံးချလိုပါသနည်း။

ဒေါ်အောင်ဆန်းစုကြည်သည် လူတွေ စုဝေးတွေ့ဆုံသော နည်းကို မကြိုက်သောကြောင့် ဒုတိယပင်လုံညီလာခံကို နာမည်ပြောင်း ၊ နည်းဗျူဟာ ပြောင်းလိုက်ခြင်းပေလော။ သို့မဟုတ် လူတွေစုဝေးသော နည်းမှာ ဖြစ်နိုင်ချေရှိမည် မထင်သောကြောင့် ပုံစံပြောင်းဖို့ ပြောဆိုခြင်းပေလော။ သို့တည်းမဟုတ် ဒုတိယပင်လုံကြောင့် အစိုးရနှင့် ထိပ်တိုက်တွေ့ပြီး သူ့ကို အကျယ်ချုပ်ပြန်ချမှာ စိုးသောကြောင့် ပေလော။ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရ။ မည်သို့ ရှေ့ဆက်စခန်းသွားမည်ကိုလည်း မသိရချေ။

အစိုးရက တော့ ဒုတိယပင်လုံကို တော်တော်ကြောက်ရွံ့ပုံရသည်။ ညီလာခံ မလုပ်ဖို့ သတင်းစာထဲကနေ ဆောင်းပါးရေး တားမြစ် ခဲ့သည်။ ခြိမ်းခြောက်မှု အပြစ်တင်မှုတွေကိုလည်း စုံစေ့အောင် ထည့်သွင်းရေးသားသည်။

အစိုးရ၏ တားမြစ်ချက်မှာ ထိရောက်သည်ဟု ဆိုရမည်လောမသိ။ ဒုတိယပင်လုံညီလာခံမှာ သင့်တော်သော အချိန်တချိန်ချိန်တွင် အကောင်အထည်ဖော်မည်ဟု အချိန်ဆွဲရင်းနှင့် တဖြည်းဖြည်း ကြန့်ကြာခဲ့ရာ ယခုတိုင် ပြန်ပေါ်မလာတော့ချေ။ ဒေါ်စုကိုယ်တိုင် သိပ် စိတ်မပါသောကြောင့် ဒုတိယပင်လုံ မှေးမှိန်သွားခြင်းလော။ အစိုးရ၏ ဟောက်စားလုပ်ကွက် ပြီပြင်သောကြောင့် မှေးမှိန်သွားခြင်းလော။ သို့မဟုတ် အစိုးရသစ်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လက်တွဲ ခေါ်ဆောင်ချိန်တွင် မိတ်မပျက်လိုသောကြောင့် တမင် မှိန်ထားခြင်း လော။ ထို့အပြင် အခြားတွေးတောဖွယ်အချက်တခုမှာ ဒုတိယပင်လုံ နှောင့်နှေး ကြန့်ကြာမှု အပေါ်တွင် စီအာပီပီတို့ က ကျေနပ် ကြည်ဖြူကြပါ၏လော ဆိုသည့် အချက်ဖြစ်သည်။ စီအာပီပီတို့ကို ဒေါ်စုတို့ အကြေ အလည် ဆွေးနွေးပြီးမှ အားလုံးသဘောကျ ဆိုင်းငံ့ ထားခြင်းလော။ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်ကို မလွန်ဆန်နိုင်သောကြောင့် ဆိတ်ဆိတ်နေကြသလော။ ထိုမေးခွန်းတို့၏ အဖြေမှာ သိပ်မရှင်းလှပါ။ သို့သော် စီအာပီပီတို့မှာ ဒေါ်စုဘာလုပ်လုပ် ခေါင်းညိမ့်ကြမည့်သူများတော့ ဟုတ်ဟန်မတူပါချေ။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်မည်၊ စည်းရုံးရေးခရီးစဉ်စမည်ဟု ထုတ်ပြောလာသည်။ စစ်အစိုးရက မကြိုက်၊ ကြောက်သည်။ သတင်းစာထဲမှာ ဆောင်းပါးရေးပြီး ကန့်ကွက် တားမြစ်ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူမကြိုက်ကြိုက် ထွက်မည်ဟု ပြောသည်။ သို့သော် အပြောသာဖြစ်သည်။ တကယ်တန်းတွင်မူ ပဲခူးလောက်ကို စတိသဘောလောက်မျှသာ ခရီးထွက်ပြီး ရပ်သွားပြန်သည်။ အစိုးရ၏ ဟောက်စား လုပ်ကွက် ထပ်မံ အောင်မြင်သွားပြန်သလော။ တွေးတောဖွယ် ဖြစ်သည်။

စစ်အစိုးရ ပြောင်းတော့ပြောင်းမည်၊ အကောင်းကို ဦးတည် မတည် မသေချာ

ထို့ထက် ပိုထူးခြားသော ရွှေ့ကွက်တို့ကို တွေ့မြင်လာရသည်မှာ အစိုးရသစ် ပေါ်ထွက်လာပြီး နောက်ပိုင်းဖြစ်သည်။ ဘောင်းဘီချွတ် သမ္မတကြီး ဦးသိန်းစိန်သည် အစိုးရသစ်၏ မူဝါဒကြေငြာသော မိန့်ခွန်းတွင် ဆင်းရဲမှုလျော့ချရေးဟူသော စကားမျိုးကို ပြောလာသည်။ သည်တိုင်းပြည်ဆင်းရဲတွင်းနက်နေသော အချက်ကို သည်မိန့်ခွန်းဖြင့် ပထမဆုံးအကြိမ် ဝန်ခံလိုက်လေသည်။ ထို့နောက် ပြည်တွင်း စစ်မီးဟူသည် မည် သူ့အတွက်မျှ အကျိုးမရှိဟူသော အချက်မျိုးကို ပြောလာသည်။ ဒီမိုကရေစီဆိုသော စကား၊ မတူကွဲပြားသော အမြင်ရှိသူများနှင့် စကား ပြောဆိုစည်းရုံးမည်ဟူသော သဘောထားမျိုးကို ထုတ်ဖော်ပြောဆိုလာသည်။ သည်ရွှေ့ကွက်ကား အမှန် ထူး ခြားသော ရွှေ့ကွက်ဖြစ်သည်။ အာဏာရှင်ပါးစပ်က ဒီမိုကရေစီ စကား ထွက်လာပေပြီ။

ထိုမိန့်ခွန်းကို ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများက ပထမဆုံး ထောက်ခံလိုက်ကြသည်။ ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုလိုက်သည်။

ထို့နောက်တွင်မူ ရွှေ့ကွက်တို့မှာ တဖြည်းဖြည်းပိုပြီးပညာသား ပါလာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပွဲ ပြန်လုပ်သည်။ ထို့နောက် ဆင်းရဲမှုလျော့ချရေး ဆွေးနွေးပွဲသို့ဖိတ်သည်။ သမ္မတ ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြသည်။ သို့သော် တွေ့ဆုံပွဲများတွင် ဘာတွေ ဆွေးနွေးကြသည်ကို ပြည်သူတွေ မသိကြရ။ နှစ်ဘက်စလုံးက သတင်းထိန်ချန် ထားကြသည်။ ဆွေးနွေးပွဲ မပြီးခင်တွင် ဝေဖန်သံ တွေကြောင့် ဆွေးနွေးပွဲကို အနှောင့်အယှက် မဖြစ်ရလေအောင် သတင်းတို့ကို ထိန်ချန်ထားသည်ဟု ယူဆရသည်။ တကယ်တော့ ဝေဖန်သံတွေကြောင့် ဆွေးနွေးပွဲကို အနှောင့် အယှက်ဖြစ်မည် ဆိုသော အတွေး အခေါ် မှာ ဝေဖန်မှုကို ကြောက်သော စစ်အစိုးရ၏ အတွေးအခေါ်ဖြစ်သည်။ ရှိစေတော့။ ၂၃ နှစ် စောင့်ဆိုင်းခဲ့ပြီးနောက် နည်းနည်း ပိုစောင့်ရသည်မှာ သိပ်မထူးတော့ဟုသာ ဆိုရတော့မည်။

ဆွေးနွေးပွဲတွင် ဘာတွေ ဆွေးနွေးကြသည်ကို မသိရသော်ငြား ပြောစကား ဆိုစကားတို့ကတော့ ထူးခြားလာသည်။

မြန်မာနိုင်ငံ သည် အပြောင်းအလဲ လမ်းစပေါ်သို့ရောက်နေပါပြီဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြောလာသည်။ ဘာပြောင်းလဲပါသ နည်း။ တိတိကျကျ မသိရပါ။ အစိုးရ၏ အပြောအဆို ပြောင်းလဲလာသည်ကို ဆိုလိုသလော။ သို့မဟုတ် ဒေါ်စုနှင့် ဦးအောင်ကြည် အကြား၊ ဒေါ်စုနှင့် ဦးသိန်းစိန် အကြားတွင် အများမသိသော သဘောတူညီချက် တခုခု ရထားလေသလော။ ပြည်သူတို့ မသိရသေး။

သို့သော် အစိုးရ၏ လက်တွေ့လုပ်ပုံကိုင်ပုံတို့မှာမူ မပြောင်းလဲသေးပါ။ တိုင်းရင်းသားတို့နှင့် ထိုးစစ်ကို တိုးမြှင့် ဆင်နွှဲလေသည်။ နိုင်ငံရေး အကျဉ်းသားတို့ကို နှစ်ရှည်ထောင်ဒဏ်များထပ်မံချလေသည်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ်ချလိုက်ခြင်း၊ စည်သူဇေယျကို လောလောလတ်လတ် ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက် ခြင်းသည် ထင်ရှားသော သာဓက တရပ်ဖြစ်သည်။ ထိုသို့သော အစိုးရသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်တော့မည်ဟု အဘယ်ကြောင့် ဒေါ်စုက ယုံကြည်ရပါသနည်း။ အစိုးရနှင့် ဒေါ်စု အကြားတွင် တကယ်ပင် ထိရောက်သော အပေးအယူ တခုခု သဘောတူထားပြီးပြီလော။ သို့မဟုတ် အစိုးရကို ပြောင်းလာစေချင်သော ဆန္ဒနှင့် အားပေး ဆွဲခေါ်နေခြင်းသက် သက်လော။ တခုခု သဘောတူထားပြီးပြီ ဆိုလျင် မထောင်းတာ။ ကိုယ့်ဆန္ဒနှင့် ဆွဲခေါ်နေခြင်းမျှသာ ဆိုပါမူ ဒေါ်အောင်ဆန်းစုကြည် သည် လူထုကို မျှော်လင့်ချက်မှား ပေးနေသလို ဖြစ်နိုင်ပေသည်။

ဒုတိယအုပ်စု လမ်းစဉ်လော၊ တတိယအုပ်စု လမ်းစဉ်လော

ထိုမျှမကသေး။ အာရပ်ကမ္ဘာမှာလို လူထုလှုပ်ရှားမှုမျိုး မြန်မာပြည်အတွက် မလိုအပ်ပါဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး တခုတွင် ထုတ်ပြောလိုက်သည်။ ထူးပါသည်။ လူထုခေါင်းဆောင်သည် လူထုကို ငြိမ်ငြိမ်နေဖို့ ပြောကြားလိုက်ခြင်းဖြစ်ပါသလော။ အရပ်သား နာမည်ခံ စစ်အစိုးရအဖို့မှာ ဝမ်းသာလိုက်မည့်ဖြစ်ခြင်း။ ဒေါ်အောင်ဆန်းစုကြည် ယနေ့ သည်လို လှုပ်ရှားခွင့်ရလာအောင် လမ်းပေါ်တက် အသက်ပေးခဲ့ကြသော ၂၀၀၇ သံဃာနှင့် ကျောင်းသားများစိတ်ထဲတွင် မည်သို့ရှိကြမည်နည်း။ ထိုအချက်ကို ဒေါ်အောင် ဆန်းစုကြည် ထည့်သွင်း စဉ်းစားခဲ့ပါသလော။

လူထုလှုပ်ရှားမှုသည် တွေ့ဆုံဆွေးနွေးရေးကို ပျက်စီးစေမည့် အရာမဟုတ်။ တွေ့ဆုံဆွေးနွေးရေးကို အထောက်အပံ့ပြုမည့်အရာဟူ သော အချက်ကို ဒေါ်စုယုံကြည်ဟန်မတူ။ “တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်နိုင်ရန် အစိုးရဘက်က ကိုယ့်ကို ယုံဖို့လိုသည်၊ ယုံကြည်မှု တည်ဆောက်ရမည်၊ အစိုးရ အထင်မှားမည့် လုပ်ရပ် အပြောအဆို အပြုအမူမျိုးကို ရှောင်ကြဉ်ရမည်” ဟူသော အောင်နိုင်ဦး၊ တင်မောင်သန်း၊ ဇော်ဦး အစရှိသည့် ဗဟုတို့၏ အယူအဆမျိုးကို ဒေါ်အောင်ဆန်းစုကြည် နှစ်သက်ပုံရသည်။ “စစ်တပ်နှင့် ဆက်ဆံရာတွင် ကိုယ့်လက်ကို သူမြင်အောင် ထုတ်ပြထားရမည်” ဟူသော နေဝင်းမောင်၏ အယူအဆမျိုးကို လက်ခံသည့် အဆင့် အထိတော့ မရောက်တန်ရာသေးဟု မျှော်လင့်မိသည်။

သို့သော် အာရပ်ကမ္ဘာလို လှုပ်ရှားမှုမျိုးမလိုအပ်ပါ ဟူသော အပြောမှာ ကြံ့ဖွံ့ အစိုးရအထင်မှားမှာ စိုးသောကြောင့် မျက်နှာချိုသွေးလိုက် သော စကားဟု ထင်မြင်စရာဖြစ်ပါသည်။

နိုးကြားတက်ကြွသော လူထုကို “ငြိမ်ငြိမ်နေကြပါ၊ သင်တို့ကို ဖိနှိပ်နေသူကို မဆန့်ကျင်ကြပါနှင့်၊ သင်တို့ လိုချင်သော အရာကို ကျွန်မက အေးအေးဆေးဆေး ဆွေးနွေးပြီး ရယူပေးပါမည်” ဟူသော အနက်ဆောင်သည့် စကားမျိုးကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့လေပြီ။ လူထုကို ငြိမ်ခိုင်း ခဲ့သည့် အတွက် ဆွေးနွေးပွဲများ အောင်မြင်ခဲ့လျင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတရပ်လုံးနှင့်အတူ ကျွန်တော်လည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုရန် အသင့်ရှိပါသည်။ ထိုသို့မဟုတ်ဘဲ ဆွေးနွေးမှုများမှ ဘာမျှ မရဘဲ ငြိမ်နေမိသည့်အတွက် အခွင့်ကောင်းများကို လက်လွှတ်ဆုံးရှုံးခြင်းသက်သက်သာ ဖြစ်ခဲ့ပါမူ ထိုသို့ငြိမ်ခိုင်းခဲ့သည့် အတွက် ဒေါ်စုတွင် တာဝန်ရှိသည်ဟု ဆိုရပါလိမ့်မည်။

ကျွန်တော့်အမြင်ကို ပြောရလျင် ဒေါ်စုသည် ပြည်သူလူထု၏ အင်အားထက် ဗဟုနှင့် တတိယအုပ်စုတို့၏ အတွေးအခေါ်ကို ပိုယုံကြည်ပုံရသည်။ လူထု၏ အင်အားထက် စစ်အစိုးရ၏ လက်နက်အင်အားကို ပိုအထင်ကြီးဟန်ရှိသည်။ လူထု လမ်းပေါ်ထွက်လျင် သွေးထွက်မည်။ သေမည်။ စစ်အစိုးရကသာ အနိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်တွေးထင် ပုံ ရသည်။ ထိုသို့ လူထုသွေးမြေကျလျင် သူ့ကို လက်ညှိုးထိုးကြမှာကို ဒေါ်အောင်ဆန်းစုကြည်ကြောက်ပုံရသည်။ လူထုကို ခေါင်းဆောင်ပြီး လူထုနှင့်အတူ လမ်းပေါ်ထွက်ရမှာကိုလည်း ကြောက်ပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် အားကြီးသော အာဏာရှင်ကို ဆန့်ကျင်ရဲသော သတ္တိ၊ ထိပ်တိုက်ရင်ဆိုင်ဝံ့သော ခွန်အား နည်းပါးလာပြီဟု ထင်ရသည်။ လူထုကို မကြောက်ကြ နှင့်ဟု မကြာခဏပြောတတ်သော ဒေါ်အောင်ဆန်းစုကြည်မှာ လူထုထက်ကြောက်တတ်ပုံရသည်။ ကိုယ့်လွတ်မြောက်မှုအတွက် အသက်စွန့်တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေသော လူထုမှာ ခေါင်းဆောင်ကဆွဲထားသောကြောင့် စိတ်လျော့ထားရသော အဖြစ် ရောက် နေသည်။ တိုက်ပွဲမဝင်ဘဲ ဦးသိန်းစိန်ကို တရားချပြီး ဒီမိုကရေစီ ရမည်ဆိုလျင်တော့ အတိုင်းထက်လွန် တံခွန်နှင့် ကုက္ကားပါပေ။ သို့သော် ထိုသို့ လွယ်လွယ်နှင့် ရနိုင်ပါမည်လော။ ရနိုင်မရနိုင်ဆိုသည်ကို ယခုထက်တိုင် စမ်းသပ်၍ မပြီးစီးနိုင်သေးပါသလော။ ၂၃ နှစ် သင်္ခန်းစာဖြင့် မသိနိုင်သေးပါသလော။

ဆွေးနွေးပွဲကို အဓိက သေနင်္ဂဗျူဟာ အဖြစ် ဆုပ်ကိုင်ပြီး လူထုတိုက်ပွဲကိုပင် ဟန့်တားရလောက်အောင် ဆွေးနွေးပွဲများကနေ ဒေါ်အောင်ဆန်းစုကြည် ဘာတွေများ ရရှိထားပါသနည်း။ ကျွန်တော်တို့ မသိသော အာမခံချက် တစုံတရာကို ဒေါ်စု ရရှိထားပြီး ဖြစ်ပါသလော။ အကယ်၍ ဒေါ်စု တစုံတရာရရှိထားလျင် ထိုရရှိထားသော တစုံတရာသည် ဘာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များသိရှိကြပါသလော။ စီအီးစီများကို ချပြဆွေးနွေးထားပြီး ဖြစ်မည်ဟု ကျွန်တော် ယုံကြည် မျှော်လင့်မိပါသည်။ ဒေါ်စုသည် အာဏာရှင်ဆန်သော တကိုယ်တော် အလုပ်မျိုးကို မလုပ်ဟုထင်ပါသည်။ မလုပ်ဟု မျှော်လင့်မိပါသည်။

ဆွေးနွေးပွဲ၏ ရလဒ်ကို ကျွန်တော် ကြားသိခွင့်ရသမျှအပေါ်မှ အကောင်းမြင်နှင့် ပြောရပါမူ ယခုနောက်ဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံပြီးနောက်တွင်မူ အစိုးရဘက်က အနည်းငယ် အလျော့ ပေးလိုက်သော လက္ခဏာတရပ်ကို ထူးထူးခြားခြား တွေ့မြင်လာရသည် ဟုဆိုရပါမည်။ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေး လိုက်ခြင်းဖြစ်သည်။ အနည်းငယ်ဟု ပြောရခြင်းမှာ တချက်ကို ပြင်ပေးလိုက်သော်လည်း၊ နောက်တချက်ကိုမူ ထုံးစံအတိုင်း မလိမ့်တ ပတ် ဆက်လုပ်နေသေးသောကြောင့် ဖြစ်သည်။ ထောင်ကျနေသူများကို ပါတီမှ ထုတ်ပစ်ရမည်ဟူသော စည်းကမ်းချက်ကို ပြင်ပေး လိုက်သည်။ ယင်းကား အလျော့ပေးလိုက်သော အချက်။ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟူသော အချက်အစား၊ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်ဟု ပြင်ပေးလိုက်သည်။ ယင်းကား မလိမ့်တပတ်လုပ်လိုက်သော အချက် ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မှတ်ပုံတင်ရေး မတင်ရေးကို ပါတီကိုချပြ ဆွေးနွေးပြီး ဆုံးဖြတ်မည်ဟုဆိုသည်။ လေးစားလိုက်နာပါမည်ဟူ သော အချက်ကို ပြင်ဆင်ပေးရန်တောင်းဆိုသော အသံကိုကား မကြားရပါချေ။ ဘာ့ကြောင့် မတောင်းပါသနည်း။ တချက်ရလျင် တော်ပြီ၊ ကျေနပ်လောက်ပြီဟု သဘောထားသောကြောင့်ပါလော။ သို့မဟုတ် တောင်းလည်း ရမည်မဟုတ်ဟု ယူဆသောကြောင့်လော။ သို့မဟုတ် မှတ်ပုံတင်လိုဇောကြီးလွန်းသောကြောင့် အညှာလွယ်သွားပါသလော။

စစ်အစိုးရသည်ကား ၂၀၀၈ အခြေခံဥပဒေကို တပြားသားမျှ အပွန်းမခံပါ။ တကယ့် အနှစ်သာရသည် ၂၀၀၈ အခြေခံဥပဒေပင် ဖြစ်ကြောင်း စစ်အစိုးရ ကောင်းကောင်းသိသည်။ တကယ်တန်း အဆုံးအဖြတ်ပေးနိုင်သော အရာမှာ ၂၀၀၈ အခြေခံဥပဒေ ပင် ဖြစ်ကြောင်း စစ်အစိုးရ ကောင်းကောင်းသိသည်။ ဒီမိုကရေစီဘက်ကမူ ၂၀၀၈ အခြေခံဥပဒေကို မပြင်သေးသမျှ ကျန်သော ဟန်ပြ လုပ်ရပ်မှန်သမျှသည် ဘာမျှမဟုတ်ဟူသော အချက်မျိုးကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်ထားပုံမရ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောင်းလဲမှု၏ အစသို့ရောက်နေပါပြီဟု ပြောနေသည့် ကြားထဲကပင် အစိုးရသည် စိတ်ပျက်စရာ အပြုအမူကို ထပ်မံ ပြုမူလိုက်ပြန်သည်။ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ကိုသာ တွန့်တိုစွာ လွှတ်ပေးလိုက်သောကြောင့် အကောင်း မြင်ပြီး အမှတ်ပေးလိုသော သူတို့သည်ပင် မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်ရပြန်ပါသည်။ နောက်ထပ် လွှတ်ပေးဦးမလိုလို လေသံ ပစ်ပြီး ယီးတီးယားတားလုပ်သော အလုပ်ကိုလည်း ထုံးစံအတိုင်းလုပ်ပြန်ပါသည်။

အမာဂိုဏ်း၊ အပျော့ဂိုဏ်း

ယနေ့ စစ်အစိုးရထဲတွင် အမာဂိုဏ်းနှင့် အပျော့ဂိုဏ်းဟူ၍ ဂိုဏ်းနှစ်ခုကွဲနေသည်ဟူသော အမြင်မှာ အတော်ပင် ခေတ်စားလှသည်။ သိန်းစိန်က အပျော့၊ တင်အောင်မြင့်ဦးကအမာ၊ စိုးသိန်းက အပျော့၊ ဇော်မင်းက အမာဟူသော အပြောတို့မှာ လူပြောများလှသည်။ တကယ်ပင် ထိုသို့ ကွဲပြားနေပါသလား။

စစ်အစိုးရ အတွင်းတွင် ထိုသို့ အပျော့အမာကွဲနေသောကြောင့် ခက်ခက်ခဲခဲ ညှိနှိုင်းလုပ်ကိုင် နေရသည်ဟု ဦးသိန်းစိန်က ဒေါ်အောင် ဆန်းစုကြည်ကို ပြောလိုက်သလား မသိပါ။ ဒေါ်အောင်ဆန်းစုကြည်က ဘာမျှ ပြန်မပြောပြသောကြောင့် ထိုအကြောင်းကိုလည်း ကျွန်တော်တို့ ဘာမျှ မသိရပါ။

အကယ်၍ ဦးသိန်းစိန်က ထိုကဲ့သို့ ပြောခဲ့လျင် သူ့အပြောနှင့်ပင် ယုံကြည်လိုက်ရမလား ဆိုသည်မှာလည်း စဉ်းစားစရာ ပြဿနာ တခု ဖြစ်ပါသည်။

စစ်အစိုးရ အဖွဲ့အတွင်းတွင် အပျော့အမာ ကွဲမကွဲကို ဆန္ဒစွဲ လုံးဝကင်းစင်စွာဖြင့် တိတိကျကျ သုံးသပ်နိုင်ရန်မှာ မလွယ်လှပါ။

သို့သော် ကျွန်တော့် တဦးတည်းအမြင်ကို ပြောရလျင် ထိုဇာတ်လမ်းသည်၊ စစ်အစိုးရထွင်သော ဇာတ်လမ်း၊ ဗိုလ်သန်းရွှေရေးသော ဇာတ်လမ်းဟု သာ ယူဆပါသည်။ တကယ်တန်း သိန်းစိန် တင်အောင်မြင့်ဦး အားပြိုင်နေလျင်၊ စိုးသိန်း ဇော်မင်း ခွပ်နေကြလျင်၊ ရွှေမန်း ကျော်ဆန်း စားခွက်လုနေကြလျင်၊ အရပ်သားအမည်ခံ အစိုးရသည် ယခုလို ပေါ်လစီတခုပြီး တခု လျောကနဲ လျောကနဲ ထုတ်ပြ နိုင်ပါမည်လော။ တယောက်ကတင် တယောက်ကဖျက် ဖြစ်နေဖို့ မသင့်ပါလား။ အထူးလုပ်ပိုင်ခွင့် ရထားသော မင်းအောင်လှိုင်တို့ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီကရော ယခုလို ငြိမ်ငြိမ်လေး ကုပ်နေပါမည်လား။ သူတို့ သည်လောက် ငြိမ်နေ ခြင်းမှာ သူတို့ချင်း သိပ်စည်းလုံးနေ သောလက္ခဏာဟု မဆိုနိုင်ပါသလော။

သူတို့ ဘာကို လိုချင်သလဲ။ ငါတို့ ဘာကို လိုချင်သလဲ။

သို့ဆိုလျင် ကြံ့ဖွံ့ အစိုးရသည် ဘာတွေ လိုချင်သောကြောင့် ယခုလို လုပ်ဇာတ်မျိုးခင်းနေပါသနည်း။ ဒီမိုကရေစီကို သူတို့လည်း လိုလား ပါကြောင်း အဘယ်ကြောင့် အသံလွှင့်နေပါသနည်း။

ကြံ့ဖွံ့ အစိုးရသည် လူထု လှုပ်ရှားမှုကို ကြောက်သည်။ ၂၀၀၇ ခုနှစ်မတိုင်ခင်ကတုံးကတော့ လူထုသည် ကြောက်နေပြီဟုထင်သည်။ နိုင်ငံရေးဝေဖန် သုံးသပ်သူဆိုသူတို့ကလည်း ထိုအတိုင်းပြောကြသည်။ သတင်းမီဒီယာသမား အများစုကလည်း ထိုအတိုင်းပြောကြသည်။ ထို့ကြောင့် လည်း အလွန်ပင် မထီမဲ့မြင်ပြုကာ ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုနေသည့်ကြားက ဓါတ်ဆီဈေးကို တက်ပြလိုက်သည်။ တကယ်တန်း ၂၀၀၇ ခု အရေးအခင်းကြီးဖြစ်ပြီးသောအခါ စစ်အစိုးရသည် အကြောက်လွန် လာပြန်လေသည်။ နောက်တခါ သံဃာကို သတ်ခိုင်းလျင် စစ်တပ်ကွဲတော့မည်ကို သူသိသည်။ အာရပ်ကမ္ဘာမှာ လူထုလှုပ်ရှားမှု ဖြစ်လာတော့ အစိုးရမှာ ပိုကြောက်လာသည်။ လူထုလှုပ်ရှားမှုတို့၏ ကူးစက်တတ်သော သဘောသဘာဝကို သူတို့ အသိဆုံးဖြစ်သည်။ မြန်မာပြည်သူတွေ မကျေနပ်ကြတာကိုလည်း သူတို့ပင် အသိဆုံး ဖြစ်သည်။

ထို့ကြောင့်သူတို့ သေနင်္ဂဗျူဟာကို ပြောင်းလာသည်။ ထို့အပြင် အာဆီယံမှာ ဥက္ကဌနေရာယူချင်သည်။ IMF နိုင်ငံတကာ ငွေကြေး အဖွဲ့ထံမှ ချေးငွေရချင်သည်။ အမေရိကန်တို့၏ ပိတ်ဆို့ အရေးယူမှုကို ပယ်ဖျက်ပေးစေချင်သည်။ ထိုမျှမက ဖြစ်နိုင်လျင် အမေရိ ကန်နှင့် ရွှေလမ်းငွေလမ်း ပြန်ဖောက်ချင်သည်။ အောက်ခြေစစ်သားတွေ၏ ယုံကြည်ကိုးစားမှုကိုလည်း ပြန်ရချင်သည်။ ထိုအချက်များ ကား ကြံ့ဖွံ့ အစိုးရ အသွင်ဆောင်ထားသော စစ်အစိုးရ၏ အန္တိမ ရည်မှန်းချက်များပင် ဖြစ်သည်။ ထိုအန္တိမ ရည်မှန်းချက်များကို ရရှိဖို့ အတွက် ဒီမိုကရေစီစကားကို အာဏာရှင်များပါးစပ်က ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

စစ်အစိုးရအနေနှင့် ထိုအချက်များကိုသာ ရမည်ဆိုပါက ဘာကို ပေးရပေးရ ပေးမည်ဖြစ်သည်။ ထိုအချက်များကိုသာရမည်ဆိုပါက နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရမည်ဆိုလျင်လည်း သူတို့ပေးနိုင်ပါလိမ့်မည်။ ဈေးမတည့်သေးလို့သာ ဈေးကိုင်နေခြင်း ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အားလုံးနှင့် ယာယီ အပစ်အခတ်ရပ်စဲရမည်ဆိုလျင်လည်း ရပ်စဲနိုင်ပါလိမ့်မည်။ ရပ်လည်း ရပ်စဲချင်သည်။ သို့သော် သူတို့ ရပ်စဲချင်သည်မှာ ယာယီသာ ဖြစ်သည်။ ထာဝရတော့ မဟုတ်။ တိုင်းရင်းသားတွေဘက်က လွယ်လွယ် နှင့် အညာမခံတော့သောကြောင့်သာ ယာယီ အပစ်ရပ်စဲရေးမှာ ရှည်ကြာခက်ခဲ နေခြင်းဖြစ်သည်။

သို့သော် သူတို့ မပေးနိုင်သော အချက်သုံးချက်ရှိနေပါသေးသည်။

၁။ အခြေခံဥပဒေကို ပြင်မပေးနိုင်။ သည်အချက်သည် အဓိက အကျဆုံးအချက်ဖြစ်သည်။ ဒါကို ပေးလိုက်ရလျင် ဒီမိုကရေစီ ပေးလိုက်ရ ခြင်းမည်ပါသည်။

၂။ တိုင်းရင်းသားတွေအားလုံးနှင့် ( ယာယီ အပစ်အခတ် ရပ်စဲရေး ထက် အဓိပ္ပါယ်ပြည့်ဝသော ) ထာဝရငြိမ်းချမ်းရေး မလုပ်နိုင်။ တိုင်းရင်းသားတို့၏ နိုင်ငံရေး လိုလားချက် တခုမျှမပေးဘဲ ယာယီ အပစ်အခတ်ရပ်စဲထားရသော ငြိမ်းချမ်းရေးမျိုးကိုသာ ဆက်လက် အချိန်ဆွဲပြီး ပေးထားလိုသည်။

၃။ လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်၊ လွတ်လွတ်လပ်လပ် ရေးသားခွင့်၊ လွတ် လွတ်လပ်လပ် ဟောပြောခွင့်၊ လွတ်လွတ်လပ်လပ် အဖွဲ့အစည်း တည်ထောင်ခွင့် အစစ်အမှန်များကို မပေးနိုင်။ ထိုအချက်များကို ပေးလိုက်ရလျင်လည်း ဒီမိုကရေစီ တစိတ်တဒေသ ပေးလိုက်ရခြင်းဖြစ်သောကြောင့် မပေးနိုင်ခြင်းဖြစ်သည်။

စစ်အစိုးရဘက်က ထိုအမြင်မျိုးရှိရိုးမှန်ခဲ့လျင် ကျွန်တော်တို့ဘက်ကလည်း ယင်းနှင့် ဆန့်ကျင်ဘက် အမြင်မျိုးရှိဖို့လိုပါသည်။ ထိုအချက် သုံးချက်ကို မရသေးသမျှ ဒီမိုကရေစီ မရသေးဟု ခံယူပြီး ထိုသုံးချက်ရရှိရေးကို အထောက်အပံ့ဖြစ်စေသော ဘယ်နည်းလမ်းကို မဆို အသုံးပြုသွားရန်ဖြစ်ပါသည်။

စစ်အစိုးရ လုပ်ချင်ရာလုပ်ပါစေ။ ဆွေးနွေးနေသမျှ မဆန့်ကျင်ကြနဲ့။ ယုံကြည်မှု ပျက်ပြားလိမ့်မယ်။

စစ်အစိုးရက တဘက်က ဆွေးနွေးပွဲကို ပြသည်။ တခြားတဘက်မှာတော့ ဖမ်းစရာရှိတာဖမ်းသည်။ ထောင်ချစရာရှိတာကို ထောင်ချ သည်။ တိုက်စရာရှိသော နေရာတွင် တိုက်သည်။ သတ်စရာရှိသောလူတွေကိုလည်း သတ်နေပါသေးသည်။

ဒီမိုကရေစီဘက်မှာတော့ ဆွေးနွေးပွဲကို တဘက်မှာ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းနှင့် လုပ်နေသည်။ ထိုအချိန်တွင် စစ်အစိုး ရထံမှ ကိုယ်လိုချင်သောအရာကို ကိုယ့်အင်အားပြပြီးတောင်းဆိုမှရမည်ဟု ယုံကြည်သူတွေက အသက်နှင့်ရင်း၍ လမ်းပေါ်ထွက် ဆန္ဒ ပြ ကြသည်။ ထိုသို့ ဆန္ဒပြကြသူများကို ဒီမိုကရေစီ ဘက်တော်သားဆိုသူများကလည်း အပြစ်တင်သည်။ တတိယအုပ်စုဆိုသူများကလည်း အပြစ်တင်ကြသည်။ သူတို့လုပ်တာနှင့် ဆွေးနွေးပွဲပျက်တော့မည်ဟု ဆိုသည်။ ထိုအပြစ်တင်မှုမှာ တရားမျှတပါ၏လော။ ၄င်း အပြင် ထို ဆန္ဒပြပွဲများမှာ ဆွေးနွေးပွဲကို ပိုမိုအားကောင်းစေသလား၊ ပျက်ပြားစေမှာလား ဆိုသော အချက်မှာ အထူး အလေးအနက် စဉ်းစားအပ် သော အရာဖြစ်ပါသည်။

စစ်အစိုးရကို သူတို့ အလိုကျ အလျော့ပေး ဆွေးနွေးကြဖို့ ပြောဆိုကြသူတိုင်း အမြဲလက်ကိုင်ထားသော ဆင်ခြေစကားတခု ရှိပါသည်။ ယင်းကား ဒါကလွဲပြီး တခြားဘာမျှ လုပ်စရာမရှိဟူသော စကားဖြစ်ပါသည်။ စင်စစ် ထိုစကားသည် လူထုလှုပ်ရှားမှုကို မယုံကြည် သော ကြောင့် ပြောသောစကားသာဖြစ်ပါသည်။ တခြားရွေးချယ်ရန်နည်းလမ်းမှာ လူထုလှုပ်ရှားမှု ဖြစ်ပါသည်။ ၈၈ အရေးအခင်း မအောင်မြင်၊ ၂၀၀၇ လှုပ်ရှားမှု အကျိုးမရှိဟု ထိုသူတို့ ပြောကြပါသည်။ တကယ်တော့ ဒီနေ့ ရရှိထားသောအသီးအပွင့်မှန်သမျှသည် ထိုအရေးအခင်း ကြီးနှစ်ခု၏ ရလဒ်များသာ ဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်ကြပါ။ ၈၈ အရေးအခင်းသာ မရှိလျင် နိုဗဲ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဆိုသော ခေါင်းဆောင်ပင် မရှိနိုင်ဟု ဆိုချင်ပါသည်။ ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂမှာ ဘာဆုတခုမှ မရပါ။ သို့သော် ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂ၏ ဒီမိုကရေစီရေး ဆောင်ရွက်ချက်များမှာ ဒေါ်အောင်ဆန်းစုကြည်ထက် ပိုပါသည်။ ထိုအချက် ကို အနောက်နိုင်ငံများက မသိသော်လည်း ကျွန်တော်တို့ ပြည်သူများသိပါသည်။

လူထုလှုပ်ရှားမှုသည် နောင်တွင်လည်း ငြင်းဆန်၍ မရနိုင်သောအရာ အဖြစ် ထပ်မံ ပေါ်ထွက်လာပါဦးမည်။ ကြံ့ဖွံ့ အစိုးရ မရိုးသား ကြောင်း၊ ဆွေးနွေးပွဲနှင့် အလုပ်မဖြစ်နိုင်ကြောင်း ထင်ရှားလာသော တနေ့တွင် အားလုံးသည် လူထုလှုပ်ရှားမှုကို တောင်းဆိုလာကြ ပါလိမ့်ဦးမည်။ သို့သော် ထိုအချိန်တွင် ကြံ့ဖွံ့ အစိုးရသည် အားလုံးကို ချည်ပြီးတုတ်ပြီး ချိုးနှိမ်ပြီး ဖြစ်နေမှာကို ကျွန်တော် စိုးရိမ်မိ ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လူထုလှုပ်ရှားမှုကို နှစ်သက်ပုံမရပါ။ နိုင်ငံရေးအရ အလွန်ကြပ်တည်းသော ကာလမျိုးတွင်ပင် လူထုကို ဆန္ဒထုတ်ဖော်ကြပါ။ လမ်းပေါ်ထွက်ကြပါဟု ဘယ်တော့မှ တည့်တည့်မပြော။ လူထုကို ကိုယ့်ဖာသာ လုပ်ယူမှ ရမည်ဟု စောင်းပါးရိပ် ခြည်လောက်သာ ပြောသည်။ ထိုအချိန်မျိုးသည်လည်း လူထုအနေနှင့် လမ်းပေါ်မထွက်နိုင်လောက်အောင် အခြေအနေ သိပ်ကြပ်တည်း နေသော ကာလမျိုးဖြစ်တတ်ပါသည်။ တကယ်တန်းလူထုမှာ အခွင့်သာလာသော ယခုလိုအချိန်မျိုးတွင်မူ လူထုကို လမ်းပေါ်မထွက် အောင် ဆွဲထားပြန်ပါသည်။ လူထုကို ဘာလုပ်စေချင်ပါသနည်း။ လူထုကို ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေစေချင်ပါသလား။ ဒီမိုကရေစီ ရမရဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် နှစ်ဦးတည်းအပေါ်တွင်သာ မူတည် ပါသလား။ တိုင်းရင်းသားများကို သတ်ဖြတ်နေချိန်တွင် အခြေအနေတွေ တိုးတက်နေပါပြီဟု ပြောဆိုနေခြင်းမှာ အဖြစ်မှန်နှင့် ကိုက်ညီပါ၏လော။ သို့မဟုတ် တိုးတက်မှုရှိ မရှိ တိုင်းတာပြောဆိုနေသော “အခြေအနေတွေ” ဆိုသော အရာတွေထဲတွင် တိုင်းရင်းသားများကို ထည့်သွင်း စဉ်းစားမထားခဲ့လေ သလော။

စစ်အစိုးရဘက်တွင် အပျော့အမာ ကွဲမကွဲ ဆိုသည်ကို ကျွန်တော်တို့ မသိပါ။ ကျွန်တော်တို့သိသည်မှာ ဒီမိုကရေစီဘက်တွင် အပျော့အ မာကွဲတော့မည့် အရိပ်လက္ခဏာများ ထွက်ပေါ်နေသည်ဆိုသည့် အချက် ဖြစ်ပါသည်။ တက်ကြွသူ လူငယ်များ၊ တက်ကြွသူ NLD အဖွဲ့ ဝင်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးပွဲကို ရာနှုန်းပြည့် ပုံပြီး လွှတ်ပေးထားရမှာကို တော်တော် စိုးရိမ်နေကြပုံ ပေါ်လာနေ ပါသည်။ ယခု ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲထောက်ခံနေသူများမှာ တတိယအုပ်စု၊ ဗဟု၊ NDF နှင့် ရွေးကောက်ပွဲ ဝင်သူများ၊ အခြေခံဥ ပဒေကို ထောက်ခံသူများဖြစ်နေကြပါသည်။ ထိုသို့ အမြင်ကွဲပြားမှုဖြစ်နေကြခြင်းမှာလည်း အကြောင်းတိုက်ဆိုင်၍ ဖြစ်ပေါ်လာခြင်းမ ဟုတ်ဘဲ အစိုးရက အစီအစဉ် ရှိရှိ ခွဲနေခြင်းသာဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တယောက်ထဲ သဲ့ယူခွဲထုတ်ဖို့ ကြံစည်နေပါသည်။ NLD စီအီးစီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ခွဲခြား ဆက် ဆံနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြပြီး ကျန် စီအီးစီတို့ကို မတူမတန်သလို နေပြသည်။ တက်ကြွသူများကို ရန်သူလို ဆက်ဆံသည်။ ထပ်ပြီး ထောင်ချဖမ်းဆီးပြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် NLD ခေါင်းဆောင်ထက်ပိုသည်။ အားလုံး၏ ခေါင်း ဆောင်ဆိုသော စကားမျိုးကို တတိယအုပ်စုနှင့် NDF တို့ကတဆင့် အသံလွှင့်ပေးသည်။ တိုင်းရင်းသားတို့နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ခွဲခြားဆက်ဆံပြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးနေချိန်တွင် တိုင်းရင်းသားတို့ကို အင်တိုက်အားတိုက် တိုက်ခိုက် သတ်ဖြတ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရလျင် အမေရိကန်၊ အာဆီယံ၊ အိုင်အမ်အက်ဖ်တို့ကိုလည်း ရပြီဟု စစ်အစိုးရက တွက်ချက်ပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ကို ရပြီး ဒီမိုကရေစီ မပေးရလျင် စစ်အစိုးရ အတွက် အကောင်းဆုံးဖြစ်သည်။ ဒီမိုကရေစီ ဘက်တော်သားများဘက်က ပြောရလျင် အဆိုးဆုံးဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေးအတွက် အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်နေသေးသောကြောင့်ပင်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးတွင် အရေးပါခဲ့ပြီး နောင်တွင်လည်း အရေးပါ နေဦးမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆို သော် သူသည် တိုင်းရင်းသားများအပါအဝင် လူထု အများ၏ ထောက်ခံမှုကို ရရှိထားသူ ဖြစ်သောကြောင့်ပင်။ အားလုံးကို ညီညွတ်အောင် စုစည်းပေးနိုင်မည့်သူမှာလည်း သူသာ ဖြစ်ပါသည်။ လက်နက်ကိုင် နှိမ်နင်းနေသော အစိုးရကို ရင်ဆိုင်ရန် ညီညွတ်ရေး သည် အရေးကြီးသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အရေးကြီးသည်

သို့သော် ထိုသို့သော အရေးကြီးသည့် လူထုခေါင်းဆောင် မျိုးသည် မမှားနိုင် ပါဟုကား မည်သူမျှ အာမမခံနိုင်ပါ။ ထိုသို့သော လူထု ခေါင်းဆောင် မျိုးသည် အညာမခံရနိုင်ဟု မည်သူမျှ အာမမခံနိုင်ပါ။ လူထုခေါင်းဆောင် မှားခဲ့လျင် ကျွန်တော်တို့ အားလုံး မှားကြ ပါလိမ့်မည်။ နှစ်ပေါင်းများစွာ ပိုမို ကြန့်ကြာ ပါလိမ့်မည်။ ထို့ကြောင့် လူထုခေါင်းဆောင်အား လူထုအားဖြင့် ပြန်လည် တည့်မတ် ပေးကြဖို့မှာ အားလုံး၏ တာဝန်သာဖြစ်ပါသည်။


18 comments:

Anonymous said...

http://www.irrawaddyblog.com/2011/10/blog-post_8711.html

Thu said...

Acceptable, systematic reviews rather than bluntly attack to Daw Su and U Thein sein's government like as Acid, Ko Moe Thee,Ko Zar Ni and so on.

Anonymous said...

"ယခု ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲထောက်ခံနေသူများမှာ တတိယအုပ်စု၊ ဗဟု၊ NDF နှင့် ရွေးကောက်ပွဲ ဝင်သူများ၊ အခြေခံဥ ပဒေကို ထောက်ခံသူများဖြစ်နေကြပါသည်"

လုံးဝ မှားသည်။ ပြည်ပမှာ ဘေးထိုင်ဘုပြော နိုင်ငံရေး လုပ်စားနေသူတွေကလွဲရင် အနစ်နာခံတိုက်ပွဲဝင်နေတဲ့ ကိုမင်းကိုနိုင်နှင့်နိုင်ငံရေးအကျဉ်းသားတွေ၊ ပြည်တွင်းက ပြည်သူလူထုတွေအားလုံး ဒေါ်စုကို ထောက်ခံပါသည်။ ပြီးတော့ ဒေါ်စုက ဆန္ဒပြတာကို ဘယ်တုန်းကမှ မဆန့်ကျင်သည့်အပြင် ပြည်သူလူထုကို ကိုယ့်နည်းကိုယ့်ဟန်နှင့် ရတဲ့နည်းနဲ့ မိမိတို့ဆန္ဒကို ထုတ်ဖေါ်ဖို့ အမြဲပဲတိုက်တွန်းပါသည်။ အခုစာရေးသူသသည် ကိုပေါလို ပြည်ပမှာ လေပေါနေသူသာ ဖြစ်မည်။ တကယ်လက်တွေ့ကျကျ တိုက်ပွဲဝင်နေသူ လုံးဝမဖြစ်နိုင်ကြောင်း သိသာလှပါသည်း။

Thitsarni said...

(တတိယ အဆက်)

အကြောင်းရင်း မသိပဲ- မိမိရဲ့ ပြိုင်ဘက်က နောက်ဆုတ် သွားတာကို- ငါနိုင်ပြီလို့ ထင်ယင် - ကိုယ့်နောက်ကျောမှာ လာနေတဲ့ ကျားကို မမြင်ပဲ- ရှေ့က ရန်သူ ထွက်ပြေးသွားတာကို ငါ့ကိုကြောက်လို့ ဆိုပြီး ၀မ်းသာ အားရ ဖြစ်နေတာနဲ့ တူတတ်ပါတယ်။

တကယ့် အကြောင်းရင်းကို မသိပဲ ဖြစ်ဖြစ်၊ မသိချင်ယောင်ဆောင် မျက်ကွယ်ပြုထားပြီး ဖြစ်ဖြစ်- အများကို သွေးကြွစေမယ့်- တကယ် အလုပ်လုပ်တဲ့သူတွေနဲ့ သွေးကွဲ စေနိုင်တဲ့ ရေးသားချက်တွေဟာ- တကယ့် ရည်ရွယ်ချက်ကို အောင်မြင်ဘို့ အသာထား- လက်ရှိ အနေမှာတင် ပြိုင်ဘက် တစ်ဘက်သူ ၀မ်းသာ စရာ ဖြစ်နေပါပြီ။

တစ်ဘက်သူ က- မတတ်သာမှလို့ ဖြစ်စေ- သူ့အကြောင်းနဲ့ သူဖြစ်စေ- အလျှော့ပေးခြင်းကို- အောင်မြင်ခြင်း လို့ မယူဆသင့် သလို- သူဘာလုပ်မလဲ၊ ကိုယ်ဘာ ဆက်လုပ်ရမလဲ ဆိုတာကို စဉ်းစားသင့်ပါတယ်။

ငြိမ်းချမ်းရေး လမ်းစဉ်နဲ့- အင်မတန် ကြီးမားတဲ့ သတ္တိနဲ့၊ စင်ကြယ်တဲ့ မေတ္တာနဲ့ အိန္ဒိယ နိုင်ငံလွတ်လပ်ရေး အတွက် အနုနည်းနဲ့ တိုက်ခဲ့သူ မဟတ္တမ ဂန္ဓီကို သတ်ခဲ့သူဟာ- ရန်သူ အင်္ဂလိပ် မဟုတ်သလို- မူဆလင် ဘာသာဝင် လည်း မဟုတ်ပါ။ အစွန်းရောက် ဟိန္ဒူပဲ ဖြစ်ပါတယ်။

မထင်နိုင်စရာပါပဲ။

“ ……………လူထုကို ငြိမ်ခိုင်း ခဲ့သည့် အတွက် ဆွေးနွေးပွဲများ အောင်မြင်ခဲ့လျင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတရပ်လုံးနှင့်အတူ ကျွန်တော်လည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုရန် အသင့်ရှိပါသည်။ ထိုသို့မဟုတ်ဘဲ ဆွေးနွေးမှုများမှ ဘာမျှ မရဘဲ ငြိမ်နေမိသည့်အတွက် အခွင့်ကောင်းများကို လက်လွှတ်ဆုံးရှုံးခြင်းသက်သက်သာ ဖြစ်ခဲ့ပါမူ ထိုသို့ငြိမ်ခိုင်းခဲ့သည့် အတွက် ဒေါ်စုတွင် တာဝန်ရှိသည်ဟု ဆိုရပါလိမ့်မည်။ …….”

ဒီလို ရေးသားချက်တွေဟာ- တကယ် အလုပ်လုပ်နေသူ၊ အမြင်ရှိသူကို အစွန်းရောက် လူမျိုးတွေနဲ့ ရန်တိုက်ပေးတဲ့ ရေးသားချက်တွေ ဖြစ်ပါတယ်။

တကယ် တိုက်ပွဲဝင်တဲ့ သူများ ဖြစ်တဲ့ ကိုဇာဂနာ၊ ကိုမင်းကိုနိုင် တို့ကလည်း- ဒေါ်စုနဲ့ တစ်သဘောတည်း ရှိနေပါတယ်။ သူတို့ ကြောက်သွားတယ် လို့ ပြောချင်ပါသလား။

အရိယာ မဟုတ်သူအားလုံး- အဒေါသ မကင်းသူ အားလုံးဟာ အကြောက်တရား ရှိပါတယ်။
ဒါပေမယ့်- မိမိရဲ့ ရည်ရွယ်ချက် ပျက်သုန်း သွားမှာကို မိမိ အသက်ထက် ပိုပြီး ကြောက်တဲ့သူတွေဟာ သူရဲကောင်းပါ ကိုပေါ။

ဒေါ်စုဟာ - အတ္တနဲ့ အလုပ်လုပ်နေသူလား၊ ရာထူး တစ်နေရာ မျှော်ကိုးပြီး လုပ်နေသူလား၊ တကယ့် နိုင်ငံ အတွက် အလုပ်လုပ် နေသူလား ဆိုတာကို - မြင်နိုင်နေပါတယ်။

စာရေးသူတိုင်းဟာ မိမိရေးသားချက်အတွက်- နောက်ဆက်တွဲ ကိစ္စတွေကို တာဝန်ယူရပါတယ် ကိုပေါ။
အဆိပ်အတောက် ရှိတဲ့ အယူဝါဒကို စွဲကိုင်မိသွားလို့- အသေခံ ဗုံးခွဲမှုတွေ၊ ဂျပန်မှာ မြေအောက် အဆိပ်ငွေ့ နဲ့ တိုက်ခိုက်မှုတွေ၊ ဂျင်ဂျုန်း ရဲ့ အယူအဆကြောင့် လူပေါင်း ၉၀၀ ကျော် အဆိပ်သောက် သေသွားတာတွေ၊ အစွန်းရောက်တဲ့ ဟစ်တလာကြောင့်- ဒုတိယ ကမ္ဘာစစ်ကြီးမှာ လူပေါင်း သန်း ၅၀ ကျော် သေဆုံး ခဲ့တာတွေဟာ လက်တွေ့ပါပဲ။
ကိုယ်တိုင်လည်း- အဆိပ်အတောက် အယူအဆ ကင်းလွတ်မှသာ- သူများတကာကို လက်ဆင့်ကမ်း တင်ပြရာမှာ အဆိပ်အတောက် ကင်းနိုင်မယ် လို့ ထင်ပါတယ်။
အခုလို ကွန်မန့် ရှည်ရှည်ရေးခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် ကိုပေါ။

သစ္စာနီ-၂ (စာရေးဆရာ သစ္စာနီ မဟုတ်ပါ။)

Thitsarni said...

(ဒုတိယ အဆက်)
ကိုယ့် အကြောင်း ကိုယ်မသိပဲ- တစ်ဘက်သူ အကြောင်း မသိပဲ- စွတ်ရမ်းခဲ့မိလို့- ဒုက္ခရောက်သွား ခဲ့ရတဲ့ ဖြစ်ရပ်တွေကို ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း၊ ရာဇ၀င် တွေမှာ တွေ့နိုင်ပါတယ်။
အားလုံး သိတဲ့ ဥပမာလေးပဲ ပြောပါ့မယ်။ တရုပ်ပြည်- ယူနန် နယ်စားက မြန်မာကို ကျူးကျော်တာကို တွန်းလှန် ခဲ့တဲ့- ၀န်ကြီး မဟာသီဟ သူရ နဲ့ တိမ်ကြားမင်းခေါင် တို့က- တကယ်တမ်း- ရန်သူ ကိုလည်း ရင်ဆိုင် ပြီးပြီ။ ရန်သူ အနေအထား၊ ကိုယ့် အနေအထားလည်း သိပြီးတဲ့ နောက်မှာ- ရန်သူကို မောင်းထုတ် နိုင်ခဲ့ပြီး နောက် စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် နန်းတော်မှာ ထိုင်- တိုက်ပွဲ နိုင်တဲ့ သတင်းလောက်ပဲ သိပြီး- ရန်သူ့ အနေအထား ကို မသိတဲ့ ဆင်ဖြူရှင် မင်းကတော့- ဘာဖြစ်လို့- တရုပ်ပြည်ကို ဆက်မသိမ်းပဲ- စစ်ပြေငြိမ်း လိုက်ရသလဲ ဆိုပြီး- ၀န်ကြီး မဟာသီဟ သူရ နဲ့ တိမ်ကြားမင်းခေါင် တို့က ရှေ့တန်းကနေ ဆက်လိုက်တဲ့ ဖလှယ်လို့ ရလာတဲ့ လက်ဆောင် ပဏ္ဏာတွေကို- သူတို့ မိသားစု တွေကို နေပူထဲမှာ ၇-ရက်ထမ်းခိုင်း၊ သူတို့ကို ရာထူးချ၊ အသက်စွန့် တိုက်ပွဲဝင်ခဲ့တဲ့ အကြပ် တပ်မှူး သူရဲကောင်း တွေကို- ရာထူးချ၊ နဖူးမှာ - သူရဲဘော ကြောင်သ သူ လို့ စုတ်နဲ့ ထိုးပြီး အရှက်ခွဲ ခဲ့ပါတယ်။
အခု ကိုပေါ ရေးနေတဲ့ (တင်နေတဲ့ ဆောင်းပါးတွေ) ဟာ ဒီလို အနေအထား မျိုးမှာ ရှိနေတယ်လို မြင်ပါတယ်။ စိတ်တော့ မရှိပါနဲ့။
အင်အားကြီးတဲ့ ရန်သူရဲ့ သဘောကို သေသေချာချာ နားလည်ရမယ်။
လက်ရှိ ကိစ္စတွေကို ကြည့်ယင်- အီရတ်က ဆက်ဒမ် ဟူစိန် ကျဆုံးသွားရတာဟာ- အမေရိကန် ရဲ့ ၀င်ရောက် တိုက်ခိုက်မှု ကြောင့် ဖြစ်သလို- လစ်ဗျားက ကဒါဖီ ကျဆုံးရတာဟာလည်း- နေတိုးရဲ့ ဗုံးကြဲ အကူအညီ၊ ထောက်လှမ်းရေး သတင်း အကူအညီ စတဲ့ ရှေ့တင်ရော၊ နောက်ကွယ် အခြေအနေ များကြောင့် ဖြစ်ပါတယ်။ သူတို့ အရှေ့အလယ်ပိုင်း အနေအထား နဲ့ မြန်မာ အနေအထား မတူလို့- ဒီလို လမ်းကို မရွေးသင့်ကြောင်း- အသိဥာဏ် ရှိတဲ့သူတွေက သိပါတယ်။

လုပ်ယင် ဖြစ်မှာပဲ ဆိုတာကို ယုံကြည်ယင်- Ways and Means တွေကို အယင် လေ့လာသုံးသပ် မွမ်းမံ ရပါတယ်။ ပယင်း၊ ဒုတ္ထာ သခင် ရေမြေ့ရှင် မင်းတရား၊ စတဲ့ ကိုယ့်အခြေအနေ ကိုလည်း ကိုယ် အမှန် အတိုင်း မသိ၊ ရန်သူ့ အခြေအနေကိုလည်း လုံးဝ မသိခဲ့တဲ့- မြန်မာ မင်းတွေကြောင့်- စစ် ၃-ကြိမ်ရှုံး၊ အလျော်ပေး ပြေညိမ်း နဲ့ တစ်ပိုင်းစီ အသိမ်းခံရပြီး၊ နောက်ဆုံးတော့ မြန်မာပြည် တစ်ပြည်လုံး သူ့ကျွန်ဘ၀ ရောက်ခဲ့ရပါတယ်။ ဒီနေရာ မှာ- ရန်သူ့ အနေအထား ကိုနားလည် ဘို့ ကြိုးစားတဲ့- မင်းတုန်းမင်း ဟာ- အခြေအနေ ကို ထိမ်းထားနိုင် ခဲ့ပါတယ်။ သူ့လိုပဲ သဘောထားရှိတဲ့ ထိုင်းဘုရင် ရာမ ၄-နဲ့ ၅- တို့ကြောင့်လည်း ထိုင်း နိုင်ငံဟာ- ကျွန်ဘ၀ မရောက်ခဲ့ပါဘူး။ တစ်ဘက်သူက- ရန်ဖြစ်ချင်လို့ - တစ်နည်း အားဖြင့်- ရန်ဖြစ်မှ သူလိုချင် တဲ့ အနေအထား ရောက်သွားမယ် ဆိုတာကို သိလို့- ရန်စ လာတဲ့ အခါမှာ- ရန်မဖြစ်ပဲ နေခြင်း ဖြင့်- တစ်ဘက်သူ လိုချင်တဲ့ အနေအထား၊ ကို မရောက်သွားပါဘူး။

ကိုပေါ ဆောင်းပါးတွေမှာ ရေးခဲ့တဲ့- ဆရာစံ တော်လှန်ရေး တို့၊ ၁၃၀၀ ပြည့် အရေးတော်ပုံ တို့ကြောင့် မြန်မာပြည်ကို လွတ်လပ်ရေး ရခဲ့တာလို့ ဆိုတာဟာ အတိုင်းအတာ သေးသေးလေး တစ်ခု အနေနဲ့ တော့ ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ်။ ဒီအယင်က- ဗိုလ်မင်းရောင်၊ ဗိုလ်ဥတ္တမ၊ ဗိုလ်ရိုင်း.. စတဲ့ ရာပေါင်း များစွာသော တော်လှန်သူတွေ အသက်စွန့်ခဲ့ကြပေမယ့် အဲဒီတုန်းက ဘာဖြစ်ခဲ့ပါသလဲ။

တကယ့် အကြောင်းရင်းက- ဒုတိယ ကမ္ဘာစစ်ကြီး အပြီးမှာ- အင်္ဂလန် ပြည်တွင်းမှာရော၊ ပြည်ပ ကိုလိုနီ နယ်များမှာပါ ကြီးမားတဲ့ အပြောင်းအလဲ ကြီး ဖြစ်ခဲ့ပါတယ်။ စစ်ဘေး စစ်ဒဏ်ကြောင့် အင်္ဂလန် ကိုယ်တိုင်လည်း ထိခိုက်ခဲ့ရသလို- ဘဏ္ဍာရေး အားဖြင့်လည်း- ဒေ၀ါလီ ခံရလုနီး အခြေအနေ ရောက်ခဲ့လို့- အမေရိကန် ဒေါ်လာ ၃.၅ ဘီလျံ (အဲဒီတုန်းက ပမာဏ) ကို အမေရိကန်က ချေးခဲ့ရပါတယ်။ အိန္ဒိယ ကို ၁၉၄၇ မှာ လွတ်လပ်ရေး ပေး၊ မြန်မာကို ၁၉၄၈ စသဖြင့်- အခြား နိုင်ငံပေါင်း များစွာကို လွတ်လပ်ရေး ပေးလိုက် ရပါတယ်။ တောင်းဘို့ပဲ လိုခဲ့ပါတယ်။ သူကတော့ မအုပ်ချုပ် ချင်တော့ပါဘူး။ ၁၉၄၅-က ၁၉၆၅ အတွင်းမှာ- ဗြိတိသျှ ပိုင် နယ်မြေ လူပေါင်း သန်း ၇၀၀ ကနေ ၅-သန်း (ဟောင်ကောင် လူဦးရေ ၃-သန်း အပါအ၀င်) ပဲ ကျန်အောင် လွတ်လပ်ရေး ပေးလိုက်ရပါတော့တယ်။ (http://en.wikipedia.org/wiki/British_Empire မှာ ဖတ်ကြည့်နိုင်ပါတယ်)

(၃-ပိုင်းခွဲရေးထားပါတယ်။ ဆက်လက် ဖတ်ရှုရန်)

Thitsarni said...

ကိုပေါ ရေ..
ကျွန်တော်က ကိုပေါရဲ့ ဆိုက်ကို မကြာခဏ အလည်ရောက်ပါတယ်။ အယူအဆ တူခဲ့တာတွေ ရှိခဲ့သလို- အခု နောက်ပိုင်းမှာတော့ အယူအဆ မတူတာတွေလည်း ရှိပါတယ်။ ဒီဆောင်းပါး ရယ်- ပြီးခဲ့တဲ့ ကိုပေါ ဆောင်းပါး တွေဟာ- ကိုပေါ ရဲ့ အမြင်နဲ့- လူတစ်ချို့ရဲ့ အမြင်ကို ထင်ဟပ်တယ် လို့ ဆိုရပါမယ်။
ဒါပေမယ့်- ကျွန်တော် ပြောချင်တာက- ဆောင်းပါး တစ်ပုဒ်၊ ပို့စ် တစ်ပုဒ်ကို အများဖတ်ဘို့ တင်တိုင်းမှာ- စာဖတ်သူတွေ အတွက် အဆိပ်အတောက် မဖြစ်ဘို့ အရေးကြီးမယ် ထင်ပါတယ်။

ဒါမျိုး ဆောင်းပါးတွေဟာ- ဒီမိုကရေစီ လိုလားသူ အချင်းချင်း စိတ်ဝမ်းကွဲဘို့ နဲ့ ဒေါ်စုကို အမြင်လွဲမှားသွား ဘို့ကို- ရည်ရွယ်ရင်း ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ- လားရာကတော့- ဒီအတိုင်းကို ဦးတည် နေပါတယ်။

ကိုယ့် အချင်းချင်း- ပြည်သူ လူထု အချင်းချင်း စိတ်ဝမ်းကွဲမယ်။ ခေါင်းဆောင်ကို အမြင်လွဲ မယ် ဆိုယင်-တစ်ဘက်သူ၊ တစ်ဘက် အဖွဲ့အစည်း အတွက် ၀မ်းမြောက်စရာ မဟုတ်ဘူးလား။

ဒီဆောင်းပါး မှာ ဆိုယင်- တိုက်ရိုက် ကိုပဲ- ဒေါ်စု ကို စာဖတ်သူ တွေနဲ့ သွေးကွဲအောင် ရေးသား ထားတာတွေ ကို အောက်ပါ အတိုင်း တွေ့ရပါတယ်။
“ ……………ထိုမျှမကသေး။ အာရပ်ကမ္ဘာမှာလို လူထုလှုပ်ရှားမှုမျိုး မြန်မာပြည်အတွက် မလိုအပ်ပါဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး တခုတွင် ထုတ်ပြောလိုက်သည်။ ထူးပါသည်။ လူထုခေါင်းဆောင်သည် လူထုကို ငြိမ်ငြိမ်နေဖို့ ပြောကြားလိုက်ခြင်းဖြစ်ပါသလော။ အရပ်သား နာမည်ခံ စစ်အစိုးရအဖို့မှာ ဝမ်းသာလိုက်မည့်ဖြစ်ခြင်း။…….”

“ ……………လူထုလှုပ်ရှားမှုသည် တွေ့ဆုံဆွေးနွေးရေးကို ပျက်စီးစေမည့် အရာမဟုတ်။ တွေ့ဆုံဆွေးနွေးရေးကို အထောက်အပံ့ပြုမည့်အရာဟူ သော အချက်ကို ဒေါ်စုယုံကြည်ဟန်မတူ။

လူထုကို ငြိမ်ခိုင်း ခဲ့သည့် အတွက် ဆွေးနွေးပွဲများ အောင်မြင်ခဲ့လျင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတရပ်လုံးနှင့်အတူ ကျွန်တော်လည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုရန် အသင့်ရှိပါသည်။ ထိုသို့မဟုတ်ဘဲ ဆွေးနွေးမှုများမှ ဘာမျှ မရဘဲ ငြိမ်နေမိသည့်အတွက် အခွင့်ကောင်းများကို လက်လွှတ်ဆုံးရှုံးခြင်းသက်သက်သာ ဖြစ်ခဲ့ပါမူ ထိုသို့ငြိမ်ခိုင်းခဲ့သည့် အတွက် ဒေါ်စုတွင် တာဝန်ရှိသည်ဟု ဆိုရပါလိမ့်မည်။ …….”

“ ……………ကျွန်တော့်အမြင်ကို ပြောရလျင် ဒေါ်စုသည် ပြည်သူလူထု၏ အင်အားထက် ဗဟုနှင့် တတိယအုပ်စုတို့၏ အတွေးအခေါ်ကို ပိုယုံကြည်ပုံရသည်။ လူထု၏ အင်အားထက် စစ်အစိုးရ၏ လက်နက်အင်အားကို ပိုအထင်ကြီးဟန်ရှိသည်။ လူထု လမ်းပေါ်ထွက်လျင် သွေးထွက်မည်။ သေမည်။ စစ်အစိုးရကသာ အနိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်တွေးထင် ပုံ ရသည်။ ထိုသို့ လူထုသွေးမြေကျလျင် သူ့ကို လက်ညှိုးထိုးကြမှာကို ဒေါ်အောင်ဆန်းစုကြည်ကြောက်ပုံရသည်။ လူထုကို ခေါင်းဆောင်ပြီး လူထုနှင့်အတူ လမ်းပေါ်ထွက်ရမှာကိုလည်း ကြောက်ပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် အားကြီးသော အာဏာရှင်ကို ဆန့်ကျင်ရဲသော သတ္တိ၊ ထိပ်တိုက်ရင်ဆိုင်ဝံ့သော ခွန်အား နည်းပါးလာပြီဟု ထင်ရသည်။ လူထုကို မကြောက်ကြ နှင့်ဟု မကြာခဏပြောတတ်သော ဒေါ်အောင်ဆန်းစုကြည်မှာ လူထုထက်ကြောက်တတ်ပုံရသည်။ …….”

ဒေါ်စုကို လမ်းကြောင်းတည့် ပေးရမယ် လို့လည်း- နောက်ပိုင်းမှာ- နိဂုံးချုပ်ထားတာကို တွေ့ရပါတယ်။

ကောင်းပါပြီ။
ကျွန်တော် ပြောချင်တာကို ပြောပြပါရစေ..
ပထမဦးစွာ ပြောချင်တာက-
၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှု ၊ ၁၉၈၈ အရေး အခင်းတို့ဟာ အပြောင်းအလဲကို ဖြစ်စေတယ် ဆိုပေမယ့်- ရလာတဲ့ ရလဒ်၊ နောက်ဆုံး ဘယ်သူတွေ ဘယ်လိုခံစားခဲ့ကြရသလဲ ဆိုတာကို- ခံစားခဲ့ကြရတဲ့သူများ အသိဆုံးပါ။
စစ်အစိုးရ အနေနဲ့- ဒါကို ခြောက်ခြား စရာ ဖြစ်တယ်လို့ သိပေမယ့်- သူတို့ရဲ့ ကုလားထိုင်ကို ကိုင်မလှုပ်နိုင်ဘူး ဆိုတာကိုလည်း သိပါတယ်။ စည်းလုံးမှု၊ စည်းကမ်း ရှိမှု၊ ညီညွတ်မှု၊ ကြိုတင်ပြင်ဆင်မှု၊ ဦးဆောင်မှုကို လိုက်နာ နိုင်မှု တွေမှာ မပြည့်စုံ ကြသေးသလို- စိတ်ပညာပိုင်း၊ မဟာဗျူဟာ၊ နည်းဗျူဟာ ပိုင်း ပြင်ဆင်မှု အားနည်းချက်တွေကလည်း ထင်ရှားနေသေး သရွေ့- ဟကြောင်း လေးကို နည်းနည်း အပူပေးလိုက်တာနဲ့ တစ်ခြမ်းစီ ကွဲသွားမယ် ဆိုတာကိုလည်း- သူတို့က မြင်ထားပါတယ်။
တစ်ဘက်သူနဲ့ ယှဉ်ပြိုင်ချင်ယင်- သူ့ရဲ့ အားသန်ချက်၊ အားနည်းချက် နဲ့ ကိုယ့်ရဲ့ အားသန်ချက်၊ အားနည်းချက်ကို အယင် ဦးစွာ သုံးသပ်ရပါတယ်။
စစ်ပွဲနဲ့ တိုက်ပွဲ ဟာ မတူပါဘူး။ တိုက်ပွဲ အောင်တိုင်း စစ်ပွဲ မအောင်ပါဘူး။ ဒီလိုပဲ- မတိုက်ပဲ အောင်တဲ့ စစ်ဟာ အအောင်မြင်ဆုံး စစ်ဖြစ်တယ် ဆိုတာကိုလည်း တရုတ် စစ်သူကြီး ဆွန်ဇူးက သေနင်္ဂဗျူဟာ စစ်ပညာ ကျမ်းမှာ ရေးသားခဲ့ပါတယ်။
(၃-ပိုင်းခွဲရေးထားပါတယ်။ ဆက်လက် ဖတ်ရှုရန်)

Thitsarni said...

ကိုပေါ ရေ..
ကျွန်တော်က ကိုပေါရဲ့ ဆိုက်ကို မကြာခဏ အလည်ရောက်ပါတယ်။ အယူအဆ တူခဲ့တာတွေ ရှိခဲ့သလို- အခု နောက်ပိုင်းမှာတော့ အယူအဆ မတူတာတွေလည်း ရှိပါတယ်။ ဒီဆောင်းပါး ရယ်- ပြီးခဲ့တဲ့ ကိုပေါ ဆောင်းပါး တွေဟာ- ကိုပေါ ရဲ့ အမြင်နဲ့- လူတစ်ချို့ရဲ့ အမြင်ကို ထင်ဟပ်တယ် လို့ ဆိုရပါမယ်။
ဒါပေမယ့်- ကျွန်တော် ပြောချင်တာက- ဆောင်းပါး တစ်ပုဒ်၊ ပို့စ် တစ်ပုဒ်ကို အများဖတ်ဘို့ တင်တိုင်းမှာ- စာဖတ်သူတွေ အတွက် အဆိပ်အတောက် မဖြစ်ဘို့ အရေးကြီးမယ် ထင်ပါတယ်။

ဒါမျိုး ဆောင်းပါးတွေဟာ- ဒီမိုကရေစီ လိုလားသူ အချင်းချင်း စိတ်ဝမ်းကွဲဘို့ နဲ့ ဒေါ်စုကို အမြင်လွဲမှားသွား ဘို့ကို- ရည်ရွယ်ရင်း ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ- လားရာကတော့- ဒီအတိုင်းကို ဦးတည် နေပါတယ်။

ကိုယ့် အချင်းချင်း- ပြည်သူ လူထု အချင်းချင်း စိတ်ဝမ်းကွဲမယ်။ ခေါင်းဆောင်ကို အမြင်လွဲ မယ် ဆိုယင်-တစ်ဘက်သူ၊ တစ်ဘက် အဖွဲ့အစည်း အတွက် ၀မ်းမြောက်စရာ မဟုတ်ဘူးလား။

ဒီဆောင်းပါး မှာ ဆိုယင်- တိုက်ရိုက် ကိုပဲ- ဒေါ်စု ကို စာဖတ်သူ တွေနဲ့ သွေးကွဲအောင် ရေးသား ထားတာတွေ ကို အောက်ပါ အတိုင်း တွေ့ရပါတယ်။
“ ……………ထိုမျှမကသေး။ အာရပ်ကမ္ဘာမှာလို လူထုလှုပ်ရှားမှုမျိုး မြန်မာပြည်အတွက် မလိုအပ်ပါဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး တခုတွင် ထုတ်ပြောလိုက်သည်။ ထူးပါသည်။ လူထုခေါင်းဆောင်သည် လူထုကို ငြိမ်ငြိမ်နေဖို့ ပြောကြားလိုက်ခြင်းဖြစ်ပါသလော။ အရပ်သား နာမည်ခံ စစ်အစိုးရအဖို့မှာ ဝမ်းသာလိုက်မည့်ဖြစ်ခြင်း။…….”

“ ……………လူထုလှုပ်ရှားမှုသည် တွေ့ဆုံဆွေးနွေးရေးကို ပျက်စီးစေမည့် အရာမဟုတ်။ တွေ့ဆုံဆွေးနွေးရေးကို အထောက်အပံ့ပြုမည့်အရာဟူ သော အချက်ကို ဒေါ်စုယုံကြည်ဟန်မတူ။

လူထုကို ငြိမ်ခိုင်း ခဲ့သည့် အတွက် ဆွေးနွေးပွဲများ အောင်မြင်ခဲ့လျင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတရပ်လုံးနှင့်အတူ ကျွန်တော်လည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုရန် အသင့်ရှိပါသည်။ ထိုသို့မဟုတ်ဘဲ ဆွေးနွေးမှုများမှ ဘာမျှ မရဘဲ ငြိမ်နေမိသည့်အတွက် အခွင့်ကောင်းများကို လက်လွှတ်ဆုံးရှုံးခြင်းသက်သက်သာ ဖြစ်ခဲ့ပါမူ ထိုသို့ငြိမ်ခိုင်းခဲ့သည့် အတွက် ဒေါ်စုတွင် တာဝန်ရှိသည်ဟု ဆိုရပါလိမ့်မည်။ …….”


“ ……………ကျွန်တော့်အမြင်ကို ပြောရလျင် ဒေါ်စုသည် ပြည်သူလူထု၏ အင်အားထက် ဗဟုနှင့် တတိယအုပ်စုတို့၏ အတွေးအခေါ်ကို ပိုယုံကြည်ပုံရသည်။ လူထု၏ အင်အားထက် စစ်အစိုးရ၏ လက်နက်အင်အားကို ပိုအထင်ကြီးဟန်ရှိသည်။ လူထု လမ်းပေါ်ထွက်လျင် သွေးထွက်မည်။ သေမည်။ စစ်အစိုးရကသာ အနိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်တွေးထင် ပုံ ရသည်။ ထိုသို့ လူထုသွေးမြေကျလျင် သူ့ကို လက်ညှိုးထိုးကြမှာကို ဒေါ်အောင်ဆန်းစုကြည်ကြောက်ပုံရသည်။ လူထုကို ခေါင်းဆောင်ပြီး လူထုနှင့်အတူ လမ်းပေါ်ထွက်ရမှာကိုလည်း ကြောက်ပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် အားကြီးသော အာဏာရှင်ကို ဆန့်ကျင်ရဲသော သတ္တိ၊ ထိပ်တိုက်ရင်ဆိုင်ဝံ့သော ခွန်အား နည်းပါးလာပြီဟု ထင်ရသည်။ လူထုကို မကြောက်ကြ နှင့်ဟု မကြာခဏပြောတတ်သော ဒေါ်အောင်ဆန်းစုကြည်မှာ လူထုထက်ကြောက်တတ်ပုံရသည်။ …….”

ဒေါ်စုကို လမ်းကြောင်းတည့် ပေးရမယ် လို့လည်း- နောက်ပိုင်းမှာ- နိဂုံးချုပ်ထားတာကို တွေ့ရပါတယ်။

ကောင်းပါပြီ။
ကျွန်တော် ပြောချင်တာကို ပြောပြပါရစေ..
ပထမဦးစွာ ပြောချင်တာက-
၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှု ၊ ၁၉၈၈ အရေး အခင်းတို့ဟာ အပြောင်းအလဲကို ဖြစ်စေတယ် ဆိုပေမယ့်- ရလာတဲ့ ရလဒ်၊ နောက်ဆုံး ဘယ်သူတွေ ဘယ်လိုခံစားခဲ့ကြရသလဲ ဆိုတာကို- ခံစားခဲ့ကြရတဲ့သူများ အသိဆုံးပါ။
စစ်အစိုးရ အနေနဲ့- ဒါကို ခြောက်ခြား စရာ ဖြစ်တယ်လို့ သိပေမယ့်- သူတို့ရဲ့ ကုလားထိုင်ကို ကိုင်မလှုပ်နိုင်ဘူး ဆိုတာကိုလည်း သိပါတယ်။ စည်းလုံးမှု၊ စည်းကမ်း ရှိမှု၊ ညီညွတ်မှု၊ ကြိုတင်ပြင်ဆင်မှု၊ ဦးဆောင်မှုကို လိုက်နာ နိုင်မှု တွေမှာ မပြည့်စုံ ကြသေးသလို- စိတ်ပညာပိုင်း၊ မဟာဗျူဟာ၊ နည်းဗျူဟာ ပိုင်း ပြင်ဆင်မှု အားနည်းချက်တွေကလည်း ထင်ရှားနေသေး သရွေ့- ဟကြောင်း လေးကို နည်းနည်း အပူပေးလိုက်တာနဲ့ တစ်ခြမ်းစီ ကွဲသွားမယ် ဆိုတာကိုလည်း- သူတို့က မြင်ထားပါတယ်။
တစ်ဘက်သူနဲ့ ယှဉ်ပြိုင်ချင်ယင်- သူ့ရဲ့ အားသန်ချက်၊ အားနည်းချက် နဲ့ ကိုယ့်ရဲ့ အားသန်ချက်၊ အားနည်းချက်ကို အယင် ဦးစွာ သုံးသပ်ရပါတယ်။
စစ်ပွဲနဲ့ တိုက်ပွဲ ဟာ မတူပါဘူး။ တိုက်ပွဲ အောင်တိုင်း စစ်ပွဲ မအောင်ပါဘူး။ ဒီလိုပဲ- မတိုက်ပဲ အောင်တဲ့ စစ်ဟာ အအောင်မြင်ဆုံး စစ်ဖြစ်တယ် ဆိုတာကိုလည်း တရုတ် စစ်သူကြီး ဆွန်ဇူးက သေနင်္ဂဗျူဟာ စစ်ပညာ ကျမ်းမှာ ရေးသားခဲ့ပါတယ်။
(၃-ပိုင်းခွဲရေးထားပါတယ်။ ဆက်လက် ဖတ်ရှုရန်)

Tin said...

ကိုသစ္စာနီ ပြောတာကို သဘောတူပါတယ်။

Nanda said...

(ပထမ)
အထက်ပါ ကို Thitsarni ၏ ကွန်မန့်အား ထောက်ခံခြင်းဖြင့် မိမိပြောလိုသည်များကိုလဲ ဖြည့်စွက်ပြောခွင့်ပြုပါ။
ယခုဆောင်းပါး ပါ အချက်လက်များသည် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှ ထင်ရှားသောဖြစ်စဉ်များကို နောက်ခံထားရေးသားထားပြီး အဓိက ဦးတည်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်လိုရင်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။ အကြောင်းမှာ ပညာနှင့် ယှဉ်သော သတ္တိကို ပိုင်ဆိုင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်အား သူရဲဘောကြောင်သည့် အတွက်ကြောင့် စစ်မှန်သော ဒီမိုကရေစီရရှိဖို့ စီးချင်းထိုးဖို့ တွန့်ဆုတ်နေသူသဖွယ် အရေးသားများ ပါနေသောကြောင့်ဖြစ်သည်။ ကျုပ်အနေနဲ့ကတော့ ကိုစာပါ အချက်များကိုသာ ဦးတည် တုံ့ပြန်သွားမည်ဖြစ်သည်။

{ထို့နောက် ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်မည်၊ စည်းရုံးရေးခရီးစဉ်စမည်ဟု ထုတ်ပြောလာသည်။ စစ်အစိုးရက မကြိုက်၊ ကြောက်သည်။ သတင်းစာထဲမှာ ဆောင်းပါးရေးပြီး ကန့်ကွက် တားမြစ်ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူမကြိုက်ကြိုက် ထွက်မည်ဟု ပြောသည်။ သို့သော် အပြောသာဖြစ်သည်။ တကယ်တန်းတွင်မူ ပဲခူးလောက်ကို စတိသဘောလောက်မျှသာ ခရီးထွက်ပြီး ရပ်သွားပြန်သည်။ ...}
နယ်ခရီးစဉ် ဆိုတိုင်း ဝေးဝေးသွား များများသွားစရာ မလိုပါ။ ခရီးစဉ်ရည်ရွယ်ချက်အပေါ်ပဲမူတည်ပါလိမ့်မယ်။ စည်းရုံးရေးအတွက် အမှန်တကယ်လိုအပ်လို့ သွားသလား။ သွေးတိုးစမ်းဖို့ သွားသလားဆိုတာ ထိုစာရေးသူ ခွဲခြားနားလည်နိုင်ပုံမပေါ်ပါ။ နောက်ဆုံး ဒေါ်စုကိုယ်တိုင် ရေဒီယို အမေးအဖြေခန်းမှာ နယ်ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ဖြေကြားထားပါတယ်။

{ထို့ထက် ပိုထူးခြားသော ရွှေ့ကွက်တို့ကို တွေ့မြင်လာရသည်မှာ အစိုးရသစ် ပေါ်ထွက်လာပြီး နောက်ပိုင်းဖြစ်သည်။ ဘောင်းဘီချွတ် သမ္မတကြီး ဦးသိန်းစိန်သည် အစိုးရသစ်၏ မူဝါဒကြေငြာသော မိန့်ခွန်းတွင် ဆင်းရဲမှုလျော့ချရေးဟူသော စကားမျိုးကို ပြောလာသည်။ သည်တိုင်းပြည်ဆင်းရဲတွင်းနက်နေသော အချက်ကို သည်မိန့်ခွန်းဖြင့် ပထမဆုံးအကြိမ် ဝန်ခံလိုက်လေသည်။ ထို့နောက် ပြည်တွင်း စစ်မီးဟူသည် မည် သူ့အတွက်မျှ အကျိုးမရှိဟူသော အချက်မျိုးကို ပြောလာသည်။ ဒီမိုကရေစီဆိုသော စကား၊ မတူကွဲပြားသော အမြင်ရှိသူများနှင့် စကား ပြောဆိုစည်းရုံးမည်ဟူသော သဘောထားမျိုးကို ထုတ်ဖော်ပြောဆိုလာသည်။ သည်ရွှေ့ကွက်ကား အမှန် ထူး ခြားသော ရွှေ့ကွက်ဖြစ်သည်။ အာဏာရှင်ပါးစပ်က ဒီမိုကရေစီ စကား ထွက်လာပေပြီ။}
ထိုစကားတို့ ဘာများမှားသနည်း။ ထိုစကားများ ပြောထွက်လာသည်မှာ ပြောင်းလဲမှု တကယ်လိုပြီဆိုတာကို အသိမှတ်ပြုရာ မကြပေလော။ တကယ်စိတ်မပါပဲ rhetoric ဖြစ်ရုံသက်သက် ဒီအစိုးရ ဒါတွေပြောတယ်ထင်ရင်..poverty ဆိုတဲ့ စကားကို နိုင်ငံတော်အစိုးရ အားအကြည်ညိုပျက်စေတဲ့ စကားဟု သိထားကြတဲ့ နိုင်ငံမှာ ဆင်းရဲမွဲတေမှုဆိုတာ ဘာကိုခေါ်တယ်က စပြီး တိုင်းပြည်အခြေအနေကို အမှန်တိုင်းလက်ခံလာအောင် ပညာသားပါပါနဲ့ မီးမောင်းထိုးပြခဲ့တဲ့ ဦးမြင့် တို့လို ပြည်တွင်းမှာလက်တွေ့ကျကျ လုပ်နေသူတွေရဲ့ အားထုတ်မှုကို အသိအမှတ်မပြုရာ ကြပါလိမ့်မယ်။

Nanda said...

(ဒုတိယ)
{ အာရပ်ကမ္ဘာမှာလို လူထုလှုပ်ရှားမှုမျိုး မြန်မာပြည်အတွက် မလိုအပ်ပါဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး တခုတွင် ထုတ်ပြောလိုက်သည်။ ထူးပါသည်။ လူထုခေါင်းဆောင်သည် လူထုကို ငြိမ်ငြိမ်နေဖို့ ပြောကြားလိုက်ခြင်းဖြစ်ပါသလော။ အရပ်သား နာမည်ခံ စစ်အစိုးရအဖို့မှာ ဝမ်းသာလိုက်မည့်ဖြစ်ခြင်း။ ဒေါ်အောင်ဆန်းစုကြည် ယနေ့ သည်လို လှုပ်ရှားခွင့်ရလာအောင် လမ်းပေါ်တက် အသက်ပေးခဲ့ကြသော ၂၀၀၇ သံဃာနှင့် ကျောင်းသားများစိတ်ထဲတွင် မည်သို့ရှိကြမည်နည်း။ ထိုအချက်ကို ဒေါ်အောင် ဆန်းစုကြည် ထည့်သွင်း စဉ်းစားခဲ့ပါသလော။}
အထက်တွင် ကို Thitsarni လဲ ပြောသွားခဲ့ပါပြီ။ နိုင်ငံရေးမှာ သူ့ဖက်ကိုယ့်ဖက် အင်အားကိုထည့်တွက်ပြီး ကိုယ့်ဖက်က လိုချင်တဲ့အရာကို အကောင်းဆုံး ရသလောက် ယူနိုင်ဖို့က အဓိကဖြစ်သည်။ အာရပ်နိုင်ငံများတွင် အပြောင်းအလဲက အောက်ခြေမှ စသည်။ ယခု မြန်မာပြည်ဖြစ်စဉ်သည် အပေါ်က စသည်။ အောက်က စရန် အင်အားလုံလုံလောက်လောက်ရှိပါသလော။ မရှိပါ။ မဖြစ်နိုင်ဘူး မပြောလိုပေမယ့် ၂၀၀၇ ရွှေဝါရောင်ထက် အဆပေါင်းများစွာ သာလွန်သော အင်အားလိုပါသည်။ ၂၀၀၇မှာ မြန်မာပြည်သားများသာမက တကမ္ဘာလုံးကပင် ကရုဏာသက်လောက်အောင် သံဃာတော်တို့ရဲ မိုးရွာနေပူမရှောင် စုရုံး ဆန္ဒပြကြတာထက် သာလွန်သော လူထုကိုဆွဲဆောင်နိုင်မှု driving force ရှိတော့မည်မဟုတ်ပါ။ ဒါပေမယ့် လက်တွေ့မှာ လူထုတစ်ရပ်လုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာသည်ထက် သတ္တိရှိသော ကျောင်းသားလူငယ်အချို့သာ ၀င်ရောက် ၀န်းရံပေးခဲ့ကြသည်ကိုထောက်ရှုလျှင် ကိုယ့်ဖက်က အခြေအနေကို တွက်ဆနိုင်ပါသည်။ ကောင်းပြီ လူထု များစွာ ပါဝင်လာသည်ပဲထား၊ ထိုစာရးသူအပါအ၀င် ကိုပေါတို့လို လူတွေက ထိုလှုပ်ရှားမှုကနေ ဘာကို မျှော်လင့်သည်လဲ။ ရှင်းပါသည် regime change ပါ။ နာကျင်ဖွယ် အမှန်တရားကတော့ regime change ဖြစ်နိုင်သည် ဆိုစေဆုံး လစ်ဟာသွားမည့် power vacuum မှာ ဘယ်လိုအုပ်စုက အစားထိုးဝင်ရောက်လာပါမည်လဲ။ ဒါက မိုးမပြိုပါ.. ပြိုလျှင် ဆိုသည့် အတွေးမျှသာ ဖြစ်သေးသည်။ တကယ့်တကယ် လူထုလှုပ်ရှားမှု အောင်မြင်ဖို့ ဆိုသည်မှာ စစ်တပ်၊ ရဲ စသည် လက်နက်ကိုင်အဖွဲ့အစည်းတို့ ထောက်ခံပါဝင်မှု အဓိကကျပါသည်။

ကဲ ကြည့်ရအောင် အီဂျစ်၊ တူနီးရှားက စစ်ဗိုလ်ချုပ်များဟာ west point တက္ကသိုလ်ဆင်းများ US well-trained ဗိုလ်ချုပ်များ ပါဝင်နေသည်။ လူထု လှုပ်ရှားမှုကို အားပေးထောက်ခံသည်။ လူထုကို မတန်မဆ အင်အားသုံး မဖြိုခွင်းပါ။ မြန်မာပြည်အခြေအနေက ထိုကဲ့သို့ ပညာတတ်ဗိုလ်ချုပ်များ နည်းပါးသကဲ့သို့ လှုပ်သာရှားသာ အခြေအနေမှာမရှိပါ။ ထိုကဲ့သို့ အချက်လက်များကို ထောက်ရှု၍၊ ကိုယ့်ဖက်က အကျဆုံးများနိုင်သော လူတွေလမ်းပေါ်ထွက်တိုက်ခါ အစိုးရအား ပြုတ်ကျစေရေး အားပေးနေသူများသည် ကိုယ့်ခံစားချက်အတွက် လူထု ဆိုသည့် နာမည်ကိုအလွဲသုံးကာ တန်ဆာခံဖြစ်အောင် လုပ်ဆောင်နေသူများဟုသာ စွပ်စွဲလိုပေသည်။ ကျုပ်ကိုယ်တိုင်လဲ အရင် နအဖအစိုးရအား အရိုးထဲက မုန်းသည်။ ဘယ်သူ့ကိုမှ ဒုက္ခရောက်လိုစိတ်မရှိသော်လည်း ဗိုလ်သန်းရွှေ အပါအ၀င် ဖိနှိပ်နေသူဟု ယူဆသူအားလုံးကို အသေရရ အရှင်ရရ ပြုတ်ကျရင်ပြီးရော စိတ်ထားခဲ့သူဖြစ်သည်။ ဒါပေမယ့် လက်တွေ့အခြေအနေဟာ ဘာဆိုတာကိုတော့ သုံးသပ်နိုင်စွမ်းရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သာ လူထုလှုပ်ရှားမှုများတွင် ပါဝင်ပြီး အသက်ပေး၊ ထောင်တန်းအကျခံရသူများအား အလေးမထားလျှင် သူမရဲ့ ဦးစားပေး လုပ်ငန်းစဉ်များတွင် နိုင်ငံရေး အကျဉ်သားများလွတ်မြောက်ရေးကို သည်လောက်ထိ ဦးစားပေး ဆောင်ရွက်စရာ မလိုသည်ကို သတိထားစေလိုသည်။ ထိုနိုင်ငံရေး အကျဉ်းသားများတို့၏ စိတ်ထဲတွင်လဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုသဘောထားသည်ကို လွတ်မြောက်ပြီး၊မလွတ်မြောက်သေးသော အဓိကကျသူများ`၏ ထောက်ခံမှုများက သက်သေခံနေသည်။

နောက်တချက်မှာ အခြေခံဥပဒေကိစ္စ၊ ၂၀၀၈ အခြေခံဥပဒေသည် ယခုအချိန်ထိ ကြံ့ဖွတ်နှင့် တစညမှ အပ၊ အခြား အုပ်စုများက အလုံးစုံထောက်ခံမှုမရှိပါ။ သို့သော် ရနိုးကောင်းကောင်းဖြင့် လွှတ်တော်မှာ ၀င်ရောက် ကြိုးစားကြသည်။ ကနဦးမှာ အခြေခံဥပဒေအား ဆန့်ကျင်သော အုပ်စုများအနေနှင့် နေရာကောင်းကောင်းမရခဲ့သော်လည်း တဖြည်းဖြည်းနှင့် ထင်ထားတာထက် ပြောဆို ဆွေးနွေးပိုင်ခွင့် ရနေသည်ကို တွေ့ရသည်။ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး အဆိုကိုပင် စစ်တပ်ကိုယ်စားလှယ်က ထောက်ခံသည်ကို အံ့သြစဖွယ်တွေ့ရသည်။ အမှန်တော့ အံ့သြစရာ မရှိပါ။ ဒီမိုကရေစီ အုပ်စုများအား ကန့်သတ်ထိန်းချုပ်ရန် ရေးဆွဲထားသည့် အခြေခံဥပဒေသည် အခြား အုပ်စုများ`၏ အကျိုးစီးပွားအားလည်း ရေရှည်တွင် အနည်းနှင့်အများထိခိုက်ပါသည်။ ထိုကဲ့သို့သော အချက်များကို ပြင်ဆင်နိုင်ခွင့်ရဖို့ ကိုယ့်ဖက် စည်းဝိုင်းအပြင်မှာထိုင်ပြိး အသားလွတ်အော်နေမည်လား၊ စည်းဝိုင်းအတွင်း ၀င်ခါ ကိုယ်တိုင်ပါဝင်ကြိုးပမ်းမည်လား။ သင်ကြိုက်ရာ ရွေးပါ။ လုံးဝ မရတာထက် နည်းနည်းရတာ ပိုကောင်းသောကြောင့် ရွေးကောက်ပွဲဝင်သင့်သည် ဟူသော တတိယ အုပ်စု`၏ပျားရည်နှင့်ဝမ်းချမှုကို ကျွန်နော်ကိုယ်တိုင် လက်မခံခဲ့ပါ။ သို့သော် အခြေအနေ အခင်းကျင်းပြောင်းလဲလာသည့် အခါ နည်းနည်းထက် ပိုရဖို့ ကိုယ်တိုင်ဝင်တွန်းနိုင်သောအခြေအနေဖြစ်လာသည့်အခါ ရသည့်အခွင့်အရေးကိုယူခါ ကြိုးစားသင့်သည် ဆိုသည့်အယူအဆကိုပြောင်းလဲလာခဲ့သည်။

Nanda said...

(တတိယ)
အပျော့ဂိုဏ်း အမာဂိုဏ်း ကိစ္စကတော့ တကယ်ရှိနေသည်ဆိုသည် ထင်ထင်ရှားရှားကြီးမြင်လို့ရသည်မှာ မြစ်ဆုံစီမံကိန်း ကိစ္စဖြစ်ပါသည်။ လျှပ်စစ် ၀န်ကြီး ဗိုလ်ဇော်မင်း၊ ပြန်ကြားရေး ကျော်ဆန်းတို့မှ ဘယ်လိုဖြစ်ဖြစ် ဒီစီမံကိန်း ဆက်လုပ်ရမယ် ကြိမ်းဝါးပြီး တစ်ပါတ်ကျော်အတွင်း ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ ကြေငြာချက်၊ ထို့နောက် သမတ ရဲ့ မြစ်ဆုံစီမံကိန်း ရပ်စဲကြောင်း ကြေငြာချက်တို့ထက် ကောင်းသော သက်သေမရှိပါ။ ပေါ်လစီများဟာလဲ ထိုစာရေးသူ ထောက်ပြထားသလို ရှောခနဲ၊ ရှောခနဲ ထွက်လာနေသည်မဟုတ်ပါ။ ယခု လွယ်လွယ်ကူကူထွက်ပေါ်လာနေသော ပေါ်လစီပြောင်းလဲမှုများမှာ အဓိက စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့်သာ ပတ်သက်နေသည်က သက်သေဖြစ်သည်။

{ထို့အပြင် အာဆီယံမှာ ဥက္ကဌနေရာယူချင်သည်။ IMF နိုင်ငံတကာ ငွေကြေး အဖွဲ့ထံမှ ချေးငွေရချင်သည်။ အမေရိကန်တို့၏ ပိတ်ဆို့ အရေးယူမှုကို ပယ်ဖျက်ပေးစေချင်သည်။ ထိုမျှမက ဖြစ်နိုင်လျင် အမေရိ ကန်နှင့် ရွှေလမ်းငွေလမ်း ပြန်ဖောက်ချင်သည်။ အောက်ခြေစစ်သားတွေ၏ ယုံကြည်ကိုးစားမှုကိုလည်း ပြန်ရချင်သည်။ ထိုအချက်များ ကား ကြံ့ဖွံ့ အစိုးရ အသွင်ဆောင်ထားသော စစ်အစိုးရ၏ အန္တိမ ရည်မှန်းချက်များပင် ဖြစ်သည်။ ထိုအန္တိမ ရည်မှန်းချက်များကို ရရှိဖို့ အတွက် ဒီမိုကရေစီစကားကို အာဏာရှင်များပါးစပ်က ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။}
ထိုအချက်များဟာ လက်ရှိအစိုးရရဲ့ ရည်မှန်းချက်များ ဆိုလျှင် ထိုရည်းမှန်းချက်များအတွက် ပြုပြင်ပြောင်းလဲများ ထိုက်သင့်သရွေ့ လုပ်ဆောင်လာသည်မှာ တိုင်းအပြည်အတွက် အဆိုးမှအကောင်းသို့ရွေ့လာဖို့သာရှိသည်။ ထိုရည်မှန်းချက်များ ကြောင့် တိုင်းပြည်ဆုတ်ယုတ်သွားစရာ အကြောင်းမရှိပါ။ သို့ကြောင့်လဲ ဒေါ်စုမှ သူ့အား အသုံးချ၍ တိုင်းပြည် ကောင်းဖို့ ဘယ်လိုလုပ်ငန်းစဉ်တွေပဲ လုပ်လုပ် သူ့ဖက်က အသုံးချခံနိုင်ကြောင်း ရှင်းလင်းစွာပင်ပြောကြားခဲ့သည်။ ဘာတွေပြောင်းလဲလာခဲ့ပြီလဲ ဆိုတာကတော့ လက်ရှိပြုပြင်ပြောင်းလဲမှုများက သက်သေခံပြီးဖြစ်၍ ထပ်မံ အကျယ်ချဲ့ မပြောလိုပါ။

ထို့နောက် ဆက်လိုသည်မှာ လက်ရှိအစိုးရက မပေးလိုသော ကိစ္စများဟု စာရေးသူပြောသော အချက်သုံးချက် နှင့်ဆက်စပ်၍ဖြစ်ပါသည်။
၁) အခြေခံဥပဒေ ကို မပြင်ဆင် ၂) တိုင်းရင်းသားများနှင့် စစ်မှန်သော ငြိမ်းချမ်းရေးကို မတည်ဆောက် ၃) လွတ်လပ်စွာ ထုတ်ဖော်ခွင့် အစစ်မှန်ကိုမပေး
ထိုအရာများကိုပေးမှသာ စစ်မှန်သော ဒီမိုကရေစီတစ်စိတ်တဒေသရသည်ဟု စာရေးသူက ယူဆသည်။ ကောင်းပြီ စစ်မှန်သော ဒီမိုကရေစီ ဆိုတာကို ဘာကြောင့် လက်ရှိအစိုးရက မပေးနိုင်ရမှာလဲ? အကြောင်းရင်းက တခုပဲရှိသည် သူတို့အကျိုးစီးပွားများကိုကာကွယ်ဖို့၊ ဆက်လက်ရှင်သန်စေဖို့။ ဒါ့အပြင် အခြားအကြောင်းအရာကို မမြင်ချေ။ ဒါဆို သူတို့ အကျိုးစီးပွားကိုကာကွယ်ပေးမည့် ၂၀၀၈ အခြေခံဥပဒေ တွင်ပါသော အချက်များကို လတ်တလောမတို့ထိလျှင်ရော? မည်သူမဆို ကိုယ့်တိုင်းပြည် သိက္ခာရှိစွာ ကြီးပွားတိုးတက်မည်ကို မုဒိတာမပွားနိုင်သူ၊ မမြင်လိုသူ မရှိဟု ထင်သည်။ ဒေါ်အောင်ဆန်းစုကြည်`၏ လမ်းစဉ်က ရှင်းပါသည်။ သက်ဆိုင်သူ အားလုံးရဲ့ အကျိုးစီးပွားအား မထိခိုက်စေပဲ တိုင်းပြည်ကို ရှေ့ဆက်တိုးသွားနိုင်စေမည့် လမ်းကြောင်းကို ရွေးချယ်လိုသည်။ မတရား လုပ်ခဲ့သူများလည်း စံမြဲ စံစေ၊ မတရား အလုပ်ခံခဲ့ရသူများလဲ အားလုံးလွတ်မြောက်ကြစေ ဆိုသည့် လမ်းစဉ်ဖြစ်သည်။ ရုပ်ရှင်ဇတ်လမ်းများထဲကလို မတရားလုပ်သူများ အားလက်စားချေခါ လုပ်ခဲ့သမျှ အားလုံး ဒါဏ်ပြန်ခံစေလိုသည်မှာ ဆန္ဒဖြစ်သော်လည်း လက်တွေ့မှာ တိုင်းပြည်ရှေ့ကို ဘယ်နည်းနဲ့ ရွေ့ရွေ့ ရွေ့သွားစေဖို့ တစ်ဦးချင်း ဆန္ဒများအား မြောင်းထဲပစ်ခဲ့ရမည်မှာ နာကျင်သော အမှန်တရားပင်ဖြစ်နေသည်။ အံ့သြစရာတွေ့ရသည်မှာ အမှန်တကယ်ပေးဆပ်ခါ ထောင်တွင်းကျန်နေသူများ၊ မကြာသေးခင်ကမှ လွတ်မြောက်လာသူများ ကိုယ်တိုင်က ကြီးစွာသော မေတ္တာ၊ ကရုဏာတရားနှင့် အားလုံးတပြေးညီလွတ်မြောက်ကျဖို့ ကောင်းစားဖို့ကို ပဲ တဖွဖွပြောကြ၊ သူတို့ခေါင်းဆောင် ဒေါ်စုရဲ့ လုပ်ရပ်တွေကိုထောက်ခံကြလုပ်နေချိန်မှာ၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ကိုယ့်ခေါင်းဆောင် ကိုယ် ခြေထိုးနေသူများမှာ ပြည်ပနေ တက်ကြွလှုပ်ရှားသူများဆိုသူ အနည်းစုဖြစ်နေသည်။

Nanda said...

(စတုတ္ထ)

ရေးသားလာသည်မှာလဲ အလွန်ပင်ရှည်လျားလာပြီဖြစ်သောကြောင့် နောက်ဆုံး အတိုချုပ်ပြောလိုသည်မှာ
- ပြည်တွင်းက လူထုသည် အာရပ်နွေဦး လမ်းစဉ်ကို အောင်မြင်စွာဖော်ဆောင်နိုင်ဖို့ အဆင်သင့်မဖြစ် လက်တွေ့မကျပါ
- အာရပ်နွေဦး ဖြစ်လာလျှင်လဲ တိုင်းပြည် ဒီမိုကရေစီစစ်စစ်ရ၊ ပြည်တွင်းငြိမ်းချမ်းရေး ရမည်မှာ မသေချာပါ။
-ထိုကဲ့သို့အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စွမ်းအား၊ ရိုးသားမှုနှင့် စေတနာတို့ကို ယုံကြည်ပြီး သူ့ဖက်ကို အင်အားဖြည့်ပေးနိုင်သလောက်ဖြည့်ပေးနိုင်ဖို့ကိုပဲ ဆောင်ရွက်ကြပါ။
- အထက်ပါ စာရေးသူနှင့် ကိုပေါတို့ကဲ့သို့ အမြင်များမှာ တကယ်တိုင်းပြည်တွင်းက ထောင်တွင်း၊ ထောင်ပြင်ခေါင်းဆောင်များမှာ မရှိပါ။ သူတို့တွေလဲ ဒေါ်စုအားယုံကြည်ထောက်ခံကြပါသည်။
- သာမန် ပြည်သူလူထုသည်လည်း ဒေါ်ဆောင်းစုကြည်၏ ဦးဆောင်ကြိုးပမ်းချက်များအား အားပေးထောက်ခံကြပါသည်။ (ကျနော်ကိုယ်တိုင်လဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် လွတ်လပ်စွာရပ်တည်နေသော သာမန်ပြည်သူ တယောက်သာ ဖြစ်ပါသည်)။

Thu said...

The reviewer finally concluded :
အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်သည်ဒီမိုကရေစီရေးအတွက် အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်နေသေးသောကြောင့်ပင်။
ဒ်ါအောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးတွင် အရေးပါခဲ့ပြီး နောင်တွင်လည်း အရေးပါ နေဦးမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆို သော် သူသည် တိုင်းရင်းသားများအပါအဝင် လူထု အများ၏ ထောက်ခံမှုကို ရရှိထားသူ ဖြစ်သောကြောင့်ပင်။ အားလုံးကို ညီညွတ်အောင် စုစည်းပေးနိုင်မည့်သူမှာလည်း သူသာ ဖြစ်ပါသည်။ လက်နက်ကိုင် နှိမ်နင်းနေသော အစိုးရကို ရင်ဆိုင်ရန် ညီညွတ်ရေး သည် အရေးကြီးသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အရေးကြီးသည်

A noticeable point is :

သို့သော် ထိုသို့သော အရေးကြီးသည့် လူထုခေါင်းဆောင် မျိုးသည် မမှားနိုင် ပါဟုကား မည်သူမျှ အာမမခံနိုင်ပါ။ ထိုသို့သော လူထု ခေါင်းဆောင် မျိုးသည် အညာမခံရနိုင်ဟု မည်သူမျှ အာမမခံနိုင်ပါ။ လူထုခေါင်းဆောင် မှားခဲ့လျင် ကျွန်တော်တို့ အားလုံး မှားကြ ပါလိမ့်မည်။ နှစ်ပေါင်းများစွာ ပိုမို ကြန့်ကြာ ပါလိမ့်မည်။ ထို့ကြောင့် လူထုခေါင်းဆောင်အား လူထုအားဖြင့် ပြန်လည် တည့်မတ် ပေးကြဖို့မှာ အားလုံး၏ တာဝန်သာဖြစ်ပါသည်။

He concluded rational thought "Human in Errors" and "No one is absolutely right",
I realize Daw Su shall need such critic,then accept or not and lay on plan are left for her analytical thinking.
We believe her calibration capability, and she is substantial key of new changes.

Anonymous said...

ထို့အပြင် အာဆီယံမှာ ဥက္ကဌနေရာယူချင်သည်။ IMF နိုင်ငံတကာ ငွေကြေး အဖွဲ့ထံမှ ချေးငွေရချင်သည်။ အမေရိကန်တို့၏ ပိတ်ဆို့ အရေးယူမှုကို ပယ်ဖျက်ပေးစေချင်သည်။ ထိုမျှမက ဖြစ်နိုင်လျင် အမေရိ ကန်နှင့် ရွှေလမ်းငွေလမ်း ပြန်ဖောက်ချင်သည်။ အောက်ခြေစစ်သားတွေ၏ ယုံကြည်ကိုးစားမှုကိုလည်း ပြန်ရချင်သည်။ ထိုအချက်များ ကား ကြံ့ဖွံ့ အစိုးရ အသွင်ဆောင်ထားသော စစ်အစိုးရ၏ အန္တိမ ရည်မှန်းချက်များပင် ဖြစ်သည်။ ထိုအန္တိမ ရည်မှန်းချက်များကို ရရှိဖို့ အတွက် ဒီမိုကရေစီစကားကို အာဏာရှင်များပါးစပ်က ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။}
လူထု ခေါင်းဆောင် မျိုးသည် အညာမခံရနိုင်ဟု မည်သူမျှ အာမမခံနိုင်ပါ။ လူထုခေါင်းဆောင် မှားခဲ့လျင် ကျွန်တော်တို့ အားလုံး မှားကြ ပါလိမ့်မည်။ နှစ်ပေါင်းများစွာ ပိုမို ကြန့်ကြာ ပါလိမ့်မည်။ ထို့ကြောင့် လူထုခေါင်းဆောင်အား လူထုအားဖြင့် ပြန်လည် တည့်မတ် ပေးကြဖို့မှာ အားလုံး၏ တာဝန်သာဖြစ်ပါသည်။
လူထု ခေါင်းဆောင် မျိုးသည် အညာမခံရနိုင်ဟု မည်သူမျှ အာမမခံနိုင်ပါ။ လူထုခေါင်းဆောင် မှားခဲ့လျင် ကျွန်တော်တို့ အားလုံး မှားကြ ပါလိမ့်မည်။ နှစ်ပေါင်းများစွာ ပိုမို ကြန့်ကြာ ပါလိမ့်မည်။ ထို့ကြောင့် လူထုခေါင်းဆောင်အား လူထုအားဖြင့် ပြန်လည် တည့်မတ် ပေးကြဖို့မှာ အားလုံး၏ တာဝန်သာဖြစ်ပါသည်။

Anonymous said...

http://www.youtube.com/watch?v=2CJWWvHyaXY&feature=player_embedded

Anonymous said...

John Stewart
ဒီဆောင်းပါးကို facebook မှာ တွေ့ခဲ့တာပါ။ ဇော်ဝင်းဆိုတဲ့ facebook account မှာပါ။ ရေးသူဇော်ဝင်း ၈၈ ကျောင်းသားဟောင်းလို့ အဲဒီမှာ ရေးထားပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲနဲ့ အဲဒီပို့စ်ကို တင်ထားပါတယ်။

ကိုပေါ said...

Anonymous(Nov 8, 2011),
Thanks for your information. I'll put the info in the post now.

Anonymous said...

မနက်ဖန်ဒေါ်အောင်ဆန်းစုကြည်သေများသွားရင်ဘာဆက်လုပ်မလဲကိုလည်းစဉ်းစားကြပုံမရကြဘူး။ဒီလူတစ်ယောက်ဘာလုပ်လုပ်မှန်တယ်လို့ထင်ပြီးထောက်ခံတာထက်လူတစ်ဦးချင်းအရည်အချင်းပြည့်ဘို့နဲ့အမှားအမှန်ခွဲခြားသိနိုင်အောင်ကြိုးစားကြတာပိုကောင်းပါတယ်

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs