ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပထမအကြိမ်တွေ့ဆုံပွဲပြီးလို့ ယခု ရက်ပေါင်း 4975 ရက် တိတိကြာခဲ့ပါပြီ။

ဖောရှောယဉ်ကျေးမှုနှင့် ဖောရွှေတို့ရွာ

Share |
မြန်မာဘလော့ဂ်ကွန်မင့်ကဏ္ဍများတွင် “မှတ်သားသွားပါတယ်။ နာယူသွားပါတယ်” စသည့် ကွန်မင့်များကို အတည်ပေါက်ကြီးရေးနေသူတွေ အတော်များသည်။ ထိုသူများ ပြောသည့်အတိုင်းသာ အမှန်တကယ် မှတ်သားနာယူသွားသည်မှန်ပါက ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ပညာယှိကြီးများ ပြည့်နှက်နေသော နိုင်ငံတနိုင်ငံသာဖြစ်ချိမ့်မည်။ ကျွန်ုပ်မူကား ၄င်းတို့ “ဖောရှော” လုပ်နေသည်ဟုသာ ထင်မိသည်။ ထို့သို့ ဖောရှောလုပ်သောသူများနှင့် ပြည့်နှက်နေသော ဖောရွှေတို့၏ နိုင်ငံတော်ကြီးသည် သာယာပါရဲ့လားဟု ဆင်ခြင်ကြည့်လိုက်သော်....

“ဖောရွှေတို့ရွာ”

ဖောရွှေတို့ရွာ သာပါစမေး။
သာပါတယ် ရွာလယ်လမ်းမှာ
အနှိပ်ခန်းနဲ့လေး။

ဖောရွှေတို့ရွာ သာပါစမေး။
သာပါပေ ညနေစောင်းရင်
ခြင်မောင်းကွဲ့လေး။

ဖောရွှေတို့ရွာ သာပါစမေး။
သာပါတယ် အိမ်အထွက်မှာ
မီးစက်နဲ့လေး။

ဖောရွှေတို့ရွာ သာပါစမေး။
သာပါတယ် အင်တာနက်မှာ
လိပ်ထက်ပင်နှေး။

ဖောရွှေတို့ရွာ သာပါစမေး။
သာပါတယ် ဖုန်းရယ်ဆက်လို့
လိပ်ခေါင်းထွက်သေး။

ဖောရွှေတို့ရွာ သာပါစမေး။
သာပါတယ် ကျောင်းတကယ်ဖွင့်မှ
မြို့ပြနဲ့ဝေး။

ဖောရွှေတို့ရွာ သာပါစမေး
သာပါတယ် ဟိုကြပ်ပြေးမှာ
လောက်တွေနဲ့ဖွေး။

-အမည်မသိ ဘလော့ဂ်စာဆို-

14 comments:

Anonymous said...

မှတ်သားသွားပါတယ်။ :D

khin oo may said...
This comment has been removed by the author.
ရွှေရတုမှတ်တမ်း said...

ဟန်ကျလိုက်လေ...ချိုင့်ခွက်တွေပြည့်နေတဲ့ ရွာလယ်လမ်းမှာ...မှောင်မှောင်မဲမဲထဲ အနှိပ်ခန်းသွားအုန်းမှ...

tin min htet said...

ကျွန်တော့် ဘလော့ဂ်ကို မှတ်သား နာယူလို့တော့ဖြင့်၊ ပညာယှိ မဖြစ်စေရဟု၊ ဥတုသုံးပါး အာမခံပါကြောင်း၊ နွေမိုးဆောင်း။

ပညာယှိဖောရွှေ said...

ကိုပေါတို့ဘလော့ဂ်ရွာ သာပါစမေး။
သာပါတယ် ကဗျာစမ်းကာပ
ရွှီးရွှမ်းလို့တွေး။

ကိုပေါတို့ဘလော့ဂ်ရွာ သာပါစမေး။
သာပါတယ် ပုံတိုထုတ်ကာပ
အမှန်သရုပ်ကိုရေး။

ကိုပေါတို့ဘလော့ဂ်ရွာ သာပါစမေး။
သာပါတယ် ဖောရွှေလုပ်ကာပ
ငြင်းခုန်ကြသေး။

ကိုပေါတို့ဘလော့ဂ်ရွာ သာပါစမေး။
သာပါတယ် သရော်စာပိုကာကဲတာမို့
ဖြေရှာခက်သေး။

Problem Focus မှသည် Solution Focus ဆီသို့

ကျော်ထင် said...

ဖောရွှေတို့ရွာ
သာစေကြောင်းဆုတောင်း
ကာလသားအပေါင်း ဖောကာရှောတယ်
အပျော်နာကထောင်း။

Anonymous said...

နာယူသွားပါတယ်ခင်ဗျားး-)း-)

မန်းကိုကို said...

ကျွန်းသာယာမှာနေတဲ့ကိုပေါ
ဖေါရှောက တကယ်ကောင်း။

သောင်းပြောင်းထွေလာနဲ့
အမောပြေဖောရွှေအကြောင်းတွေလည်းတင်ကာဆက်။

တစ်သက်မမေ့စရာ အခက်တွေ့မှာမှန်ပေတဲ့
နိုင်ငံရေးအကြောင်းများလည်း ပါလေရဲ့။

ကဲ .. အသောချိုတဲ့ “ပေါကိုကို” ရေ
အပြောမပိုပါဘူး ..
(ကျုပ်တို့)တောကို ရောက်များလာခဲ့ရင်တော့
အဲ .. ရာဝင်စဥ့်အိုးကြီးကိုသာ ခေတ္တနားခိုစရာလို့မှတ်ထားလိုက်တော့မယ်ဗျာ။

Anonymous said...

ကိုယ်ကပေါတိုင်း တခြားသူတွေပါ လိုက်ပေါရမယ် ဆိုရင်တော.
မြန်မာဘလော.ရွာ သာပါစမေး
သာပါတယ် Xပေါတွေနဲ့
ပြည်.နှက်လို.လေး...

ဘလော.ဂါတွေ ကြာလာရင် ချီးတုံးကြီး လာကြသကိုး။

ကိုချစ်ဖေ said...

ဖေါရွှေတို့ရွာ သာပါစမေး
ှဗိုလ်ကျသူတွေ နေရာရတယ်
ဗိုလ်ဖြစ်အောင်လုပ်ကြသလေး

Anonymous said...

ဖေါရွှေ?
ပေါရွှေ က N0.1

Unknown said...

ဒါမျိုးတွေများများလေးရေးစမ်းပါ ဆြာပေါ..တကယ်မှတ်သွားတယ်ဗျာ...

Dr. Yi Yi Win said...

ဖေါ်ရွေတဲ့အပြုံးနဲ့ .....ဘာဆိုလားပဲ။

Anonymous said...

၇ိုးသားဖြူစင်သောမြန်မာလုမျိုးများ သတိပြု၇န်

ဇော်မျိုး/ေ၇ွှဂျုး/အိကို/စနေ တို.ဟာ ပိတောက်မြေ မြန်မာ.အလင်း သာကီနွယ် တို.မှာ နအဖကိုယ်စား နအဖ၇ဲ.လစာငွေကိုစားပြီး သံယာတော်တွေခေါင်းကို၇ိုက်ခွဲ ပြည်သူတွေကို ဒုက္ခပေး နေသော ကြေးစားစစ်သား တစုဖြစ်ပါတယ် တကယ်တော.သူတို.စားတဲ. လစာငွေဟာပြည်သူတွေ၇ဲ.ချွေးနဲစာပါ နအဖလက်ကိုင်တုတ် ပုဆိုးစုတ်လုပ်ပြီးတော. ပြည်သူအချင်းချင်း ၇န်ဘက်ဖြစ်အောင် ဘာသာေ၇း လူမှုေ၇း ဒီမိုကေ၇စီအေ၇း စသဖြင်. အကြောငိးအမျိုးမျိုးပြပြီး သွေးခွဲ သတ်သျှို နေသော လူယုတ်မာ လူ၇မ်းကား ကြေးစားစစ်သားတစုဖြစ်ကြောင်း အများသိစေအပ်ပါသည်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs