“အောက်စ လွတ်တဲ့အခါ”
မုသား အောက်စလွတ်တဲ့အခါ
အမှန်တရားဟာ ကွင်းကွင်းကြီးပေါ်လာတယ်။
မျက်နှာမလွှဲလိုက်ပါနဲ့။
ရဲရဲကြီး စိုက်ကြည့်လိုက်ပါ။
-ကိုပေါ-
(၂၁-၉-၂၀၁၀)
(မှတ်ချက်။........။ နေရာလွဲပြီး အသုံးချပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်အပေါ် တာဝန်မယူ။)
Posted by
ကိုပေါ
on Tuesday, September 21, 2010
Labels:
Poem
စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites | Blogs |
19 comments:
ကြည့်ရဲဘူး....ဗျို့...။ ပြန်ပြုံးပြမှာ ကြောက်လို့..
ကိုပေါ..
အရေးကြမ်းနေပါလား...
တပုဒ်ပြီးတပုဒ်
မဟုတ်တရုတ်တွေလဲပါတယ်နော်....
ကိုကြီးပေါ
ကဗျာလေးတွေ ကြိုက်တယ်ဗျာ။း)
green fingers
ဟုတ်တယ် အမှန်တရားက ကွင်းကွင်းကြီးပေါ်နေတာတောင် လူအများစုက စိုက်မကြည့်ရဲကြဘူး။ အထူးသဖြင့်ကျွန်တော်တို့ လူမျိုးတွေ..
မဟုတ်တာဆိုရင်တော့ ကြည့်ပြီးလောက်ပြီ..:D
ကိုပေါ..
ကျမ ဒါ ပထမဆုံး ကွန့်မင့်ရေးခြင်းဖြစ်တယ်ထင်ပါတယ်။
ဒီကဗျာကို တော်တော်လေးကို နှစ်သက်ပါတယ်။
ကိုပေါရဲ့အခြားသောစာအချို့ကိုလည်း နှစ်သက်ပါတယ်။
ဒီကဗျာကိုတော့ တော်တော်ကလေးကို သဘောကျသွားပါတယ်။
အိမ့်ချမ်းမြေ့
လွတ်ပြီလားဟင်...ကြည့်ချင်လို့ပါ...(အမှန်တရား ကို ပြောတာ သာဖြစ်ပါ၏ )
Mightie Paw! Bravo,Bravo,Bravo....................I stare ,see smth wo ta wa cos of reading blogs.I like ur poems.
သဘောကျတယ်ဗျာ...အတွေးကောင်း၊ အရေးကောင်း ကိုပေါ.... , အားကျ၏ :)
အမှန်တရားဟာ ကွင်းကွင်းကြီးပေါ်လာတယ်?
၇ှင်း၇ှင်း ကြီးပေါ်လာတယ်ဆို တော်သေး ..... (i) (i)
☀ အူယားသဲယားနဲ့ ထောက်ခံနေကြတာ .. . . .အားရစရာပါပဲ။
☀ အဲလိုထောက်ခံပြီးတော့ . . . . ဘာတွေ ဆက်လုပ်ကြမှာတုံး?
☀ ဒီအဆင့်ကနေ ဘယ်အဆင့်ကို . . . . တက်လှမ်းကြမှာလဲ?
☀ ဒီအဆင့်မှာ ကျောက်ချထားတာ . . .နှစ်ပေါင်း ၂၂ ကျော်ခဲ့ပါပြီ။
☀ နောက်တစ်ဆင့်ကို တိုးပြီးတက်ဖို့ မစဉ်းစားတော့ဘူးလား?
စိတ်ဆိုးကြနဲ့ဦး.. မသိလို့မေးနေတာဗျ။ သိချင်လို့ . . .မေးတာဗျ။ စိတ်ဝင်စားလို့မေးနေတာဗျ။ ဒါတွေကို အမြဲမြင်နေရတယ်ဆိုတော့ ငြီးငွေ့လာလို့ မေးကြည့်တာပါ။
လမ်းဟောင်းကို ဘိန်းစွဲသလို စွဲနေသူများကို ကလိထိုးနေသည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★
(p.s ဘာရည်ရွယ်ချက်မှ မရှိပဲ ရေလိုက်ငါးလိုက် အားပေး ထောက်ခံနေကြတာဆိုရင်တော့ ကျုပ်ရဲ့ စပ်စပ်စုစု မေးထားတာတွေကို ဖြေဖို့ မလိုပါဘူး)
Anonymous (September 21, 2010 11:28 AM ).......... ကြည့်ရဲဘူးဆိုပြီး မျက်နှာကိုကာထားတဲ့ လက်ချောင်းကြားထဲက အသာ ချောင်းကြည့်တာမျိုးတော့ မလုပ်နဲ့နော်။း-)
Anonymous (September 21, 2010 11:40 AM).......... ချေးပန်းသလို အရေးကြမ်းနေတဲ့အတွက် ဘယ်တော့ ခွေးဖမ်းတာကို ခံရမလဲမသိ။ မဟုတ်တရုတ် မပါ ပါဘူးဗျာ။ မဟုတ်ဗမာ အကြောင်းလောက်ပဲ ရေးတာပါ။ အိမ်နီးချင်းပေါက်ဖော်ကြီးတွေကို ဝေဖန်ရဲပါဘူး။
green fingers ........... ကြိုက်တယ်ဆိုလို့ ဝမ်းသာပါသဗျိုး။
Anonymous ( September 21, 2010 12:21 PM ).......... သြော်... သူလည်းလေ လောကီသားပေမို့ ကြည့်ချင်လှ ရှာရော့မယ်လို့ သဘောထားရမှာပေါ့ဂျာ။
အိမ့်ချမ်းမြေ့..... လာရောက်ချီးမြှင့်တဲ့အတွက် ကျေးဇူးပါ။ အိမ့်ချမ်းမြေ့ဆီလည်း ယခင်ကတည်းက မကြာမကြာ ရောက်ဖြစ်ပါတယ်။
မောင်လေး..... စိတ်ထိန်း၊ မောင်လေး။ စိတ်ထိန်း။ တလွဲအသုံးမချရဘူးလို့ မမ ပြောထားတယ်မို့လား။
Gyidaw...... ဝိုးတဝါးမြင်ရတယ်ဆိုရင်တော့ မခင်ဦးမေရဲ့လက်ရာ ဓါတ်ပုံတွေကို မြင်နေတာ ဖြစ်မှာပါဗျ။း-)
ချစ်ကြည်အေး..... ကျေးဇူးတင်ပါတယ်ဂျာ။ အမှန်တရားတို့ရဲ့ ဆုံမှတ်က လာတဲ့လူဆိုတော့လည်း သဘောကျပေမပေါ့။း-)
Anonymous (September 21, 2010 10:28 PM )..... ဦးပုညရဲ့ ပြဇာတ်ထဲက စကားလေးကို သတိရလို့ သုံးလိုက်တာပါ။ “မုန့်တီဟင်းကဲ့သို့ ကွင်းကွင်းကြီးမြင်လာပြီ” ဆိုတာလေ။ ဝိဇယပြဇာတ်ထဲမှာ ထင်တယ်။
သခင်ကြီးဇော်မျိုး....(သို့မဟုတ်) သခိုးကြီး ဇော်မျင် .......... စိတ်မရှိနဲ့နော်။ ကျနော်ကတော့ ကိုဇော်မျိုးဆို နာမည်မြင်တာနဲ့ ကျော်ဖတ်ပြီးသားပဲ။း-)
သို့
ဦးပေါ
ဦးပေါ တုံ့ပြန်ချက်က လန်ထွက်နေတာပဲ။ ဟိဟိ။ အဲလောက်အထား ခိုင်ခိုင်မာမာနဲ့ တုံ့ပြန်နိုင်စွမ်းရှိတာ လေးစားပါတယ်။ နာမည်ကြီးဘလော့သမား တစ်ယောက်ရဲ့ အကျိုးအကြောင်းနဲ့ ရှင်းလင်းပုံကို သမိုင်းမှာ မှတ်တမ်းတင်ရမယ်။ ကျုပ်လဲအများနည်းတူ ရေလိုက်ငါးလိုက် အတင်းအဖျင်းပြောရင်း ၂၂နှစ်ကျော် ကျင့်သုံးခဲ့တဲ့ လမ်းစဉ်ကို ထိမ်းသိမ်းဖို့ လက်ခံလိုက်ပါပြီ။ အုတ်တစ်ချပ် သဲတစ်ပွင့်နဲ့ တိုင်းပြည်မတည်ဆောက်ပဲ.. . . မြန်မာ့နည်း မြန်မာ့ဟန်နဲ့ . . . အတင်းနဲ့အဖျင်းကို အသုံးပြုပြီး … နိုင်ငံသစ်ကို ထူထောင်ပါမည်။ မတရားမှုတွေ … မမျှတမှုတွေကို ဘာမှမလုပ်ပဲ ဘေးကနေ လက်ပိုက်ကြည့်တဲ့ စိတ်ထားကိုလဲ မွေးလိုက်ပါပြီ။ ဒန်..ဒန်..ဒန်။
ပြည်သူဆိုတဲ့ တံဆိပ်ကို အလွဲသုံးစားပြုရင်း ဘာမှမလုပ်ပဲ အတင်းအဖျင်းပြောနေတဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★
ဖိုးသူတော်ဦးပေါ - - -
ကွင်းကွင်းကြီးဆိုတော့ - - -
ဘာကြီးလဲဗျာ - - -
Actually, it is right what Zaw Myo said . I dont know him.But I am reading what he wrote in his blog. I like his idea. But most of the people dont accept.
I am also "Maharbamawardi" and I am proud of being Myanmar. By seeing Myanmar Demo and young & old generation of Military , i really disappoint and feel Myanmar People are lousy. They are just fighting each other , saying gossip and dont dare to do right things.That is why Myanmar is now behind the all asian countries.
P.S I am also one of lousy Myanmar
ကိုပေါရေ ....
ဒီမိုရော ၊ နအဖကိုပါ ဝေဖန်တဲ့ ကိုဇော်မျိုးရဲ့ ကွန်မန်.တွေကို ရဲရဲကြီးဖတ်လိုက်ပါ ကောင်းတယ်ကြီးပဲပြောနေတဲ့ကွန်မန်.တွေကြားထဲမှာ ဝေဖန်တဲ့ကိုဇော်မျိုး ကွန်မန်.လေး ကတော့ ဖတ်လို.ကောင်းသား
ကိုကိုစန်း
ကိုကိုစန်း..... ပြန်ပေါ်လာသေးသကိုး။း-)
ကိုပေါကို လွမ်းလို့  ....
ကကစ
၇ိုးသားဖြူစင်သောမြန်မာလုမျိုးများ သတိပြု၇န်
ဇော်မျိုး/ေ၇ွှဂျုး/အိကို/စနေ တို.ဟာ ပိတောက်မြေ မြန်မာ.အလင်း သာကီနွယ် တို.မှာ နအဖကိုယ်စား နအဖ၇ဲ.လစာငွေကိုစားပြီး သံယာတော်တွေခေါင်းကို၇ိုက်ခွဲ ပြည်သူတွေကို ဒုက္ခပေး နေသော ကြေးစားစစ်သား တစုဖြစ်ပါတယ် တကယ်တော.သူတို.စားတဲ. လစာငွေဟာပြည်သူတွေ၇ဲ.ချွေးနဲစာပါ နအဖလက်ကိုင်တုတ် ပုဆိုးစုတ်လုပ်ပြီးတော. ပြည်သူအချင်းချင်း ၇န်ဘက်ဖြစ်အောင် ဘာသာေ၇း လူမှုေ၇း ဒီမိုကေ၇စီအေ၇း စသဖြင်. အကြောငိးအမျိုးမျိုးပြပြီး သွေးခွဲ သတ်သျှို နေသော လူယုတ်မာ လူ၇မ်းကား ကြေးစားစစ်သားတစုဖြစ်ကြောင်း အများသိစေအပ်ပါသည်။
Post a Comment