ရေမီးအစုံ မြို့ရန်ကုန်

Share |
နအဖ အစိုးရက ရန်ကုန်မြို့ကြီးကို ရေမီးအစုံအလင်နဲ့ လိုလေသေးမရှိ ထားပေးပုံ..လေ။

ရန်ကုန်မြို့ လမ်းရေလျှံ (ဓါတ်ပုံမူရင်း Link).............................မင်္ဂလာဈေးမီးလောင် (ဓါတ်ပုံမူရင်း Link)....

ဓါတ်ပုံတွေကြည့်ရုံနဲ့ ရန်ကုန်မြို့သူမြို့သားတွေရဲ့ ဒုက္ခကို ခံစားကြည့်လို့ရတယ်။

နအဖ အစိုးရ တက်လာကာစတုန်းက နာမည်ကျော် စာရေးဆရာတယောက်က ရေးတယ်။ “နအဖ အစိုးရလက်ထက်မှာ ရေမီးအစုံနဲ့ ထားပေးတယ်။ နွေဆိုရင် မီးလောင်တယ်။ မိုးတွင်းဆို ရေကြီးသတဲ့။” အဝေဖန်မခံနိုင်တဲ့ နအဖက မျက်မာန်တော်ရှလို့ အဲဒီစာရေးဆရာကို ဖမ်းဆီး ထောင်ချထားခဲ့သေးတယ်။ အခု အနှစ် နှစ်ဆယ်ကျော်ကြာလည်း ဒုံရင်းက ဒုံရင်းပါပဲ။ အခြေအနေတွေက တနေ့တခြား ပိုတောင် ဆုတ်ယုတ်လာသေးတယ်။ “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့” ဆိုတဲ့ နအဖရဲ့ ဝါဒမှိုင်းတိုက်တဲ့ ကြွေးကြော်သံကို ကြားရတာ နားကလော လှပါတယ်။

“ရန်သူမျိုး ငါးပါးမဟုတ်တော့ဘူး။ သုံးပါးပဲ ရှိတော့တယ်။ နောက်ဆုံးသုံးပါးက အတူတူဖြစ်သွားလို့ ” ဆိုတဲ့ စကားလေးကိုသာ သတိရမိပါရဲ့။

14 comments:

Lin said...

ချုပ်ကြီးက ဒါတွေမသိဘူးနဲ့ တူတယ်
တပည့်တွေဝိုင်းလိမ်တာခံနေရတယ်နဲ့ တူတယ်

ဖိုးတုတ် said...

ရယ်ရတယ်ဗျာ၊ တကယ်ပါ ၊ တိုတိုနဲ. တကယ်ကို ထိမိတဲ့ ပို.စ်လေးတစ်ခုပါပဲ၊

ko thant said...

ko paw , good idea.
kokosan , u should not say " funny "

သက်ဝေ said...

ဟုတ်ပ....
ကိုပေါပြောမှပဲ စဉ်းစားမိတော့တယ်...
စိတ်ညစ်တဲ့ကြားက ရယ်ပြီး ပြန်သွားပါတယ်...

ဖိုးတုတ် said...

ကိုသန်.ရယ်၊ ဒုက္ခပါပဲ ၊ ရယ်တာကိုတောင် မကြိုက်တဲ့ သူကလည်း ရှိသေးသကို ၊

Anonymous said...

အော် ... မန့်တဲ့သူကလဲ ချုပ်ကြီးက မသိတာ တပည့်တွေ ဝိုင်းနေလို့ သိရင် မဖြစ်ဘူး အဲ့လိုလားးး)
Wai>> အမှန်က သူက တမင်လုပ်နေတာဗျ ...

ဖြိုးအောင် said...

ဟုတ်ပါ့ဗျာ...ကိုပေါပြောမှ သတိထားမိတယ်။
ပုံ၂ပုံနဲ့ ခေါင်းစဉ်ကလိုက်ဖက်လိုက်တာ ..ပရင့်ထုတ်ထားပြီး ဒီတခါရွာပြန်ရင်
ဈေးတခုခုမှာ စောစောစီးစီး သွားကပ်ထားလိုက်မယ်။
တွေ့တဲ့သူများ ပြုံးစေသော်ဝ်....

T T Sweet said...

စိတ်ပျက်လက်ပျက်ကြားက ပြုံးမိပါတယ်။ ကိုပေါသရုပ်ဖော်ပုံက ထိမိလွန်းလှတယ်။

မောင် လေး said...

ဟုတ့်ပဗျာ ထိလည်းထိမိ၊ရီလည်းရီရ တယ်ဗျို့။
စိတ်ပျက်ဖို့လည်းကောင်းပဗျာ။စစ်အစိုးရလုပ်ပုံပြောပါတယ်

Bino said...

That is a not fun.
BINO

ဂျစ်တူး ( မုံရွာ ) said...

ကိုပေါ မို့ လိုသာတော်တော့တယ်ဗျာ-
ကိုတော် ဆိုခဲ့ရင်ဒီထက်များပိုတွေးတတ်မလားမသိပါဘူး-
တကယ်ဘဲ-
ဒါမှမဟုတ် -
ကိုရှား ဆိုခဲ့ ရင်ပေါ့ - - - -

Anonymous said...

ကြိုက်တယ်ဗျို့ :D

Unknown said...

Yeah I recalled the poem title " Bar Twe Phit Kon Gya Pyi Le" written by best seller " the youngest of three writer brothers". He was sentenced for 3 year in prison.

Unknown said...

Yeah I recalled the poem title " Bar Twe Phit Kon Gya Pyi Le" written by best seller " the youngest of three writer brothers". He was sentenced for 3 year in prison.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs