“ချစ်သူဖတ်ဖို့စာ”

Share |
ချစ်သူရေ….

ရှင် လွတ်လာတဲ့ တနေ့၊ အပြင်လောကမှာ ပြန်လည်ရပ်တည်နိုင်ဖို့ ကျမကို မရှိမဖြစ် လိုအပ်လိမ့်မယ်။

ဒါဆို ကျမအနေနဲ့လည်း လောလောဆယ်မှာ ဆက်လက် အသက်ရှင်သန် ရပ်တည်နေဖို့လိုတယ် မဟုတ်လားကွယ်။

ဒါကြောင့် ဒီလို ရှင်သန်ရပ်တည်နေနိုင်ရေးသက်သက်အတွက် ဟိုလူရမ်းကားကို မချစ်ပေမယ့်လည်း ကျမ လူသိရှင်ကြား ကတိလက်မှတ်ထိုးပြီး လက်ထပ်လိုက်တော့မယ်။

လက်ထပ်ပြီး အိပ်ယာပေါ်မှာ ရောက်တဲ့အခါကျမှ သူ့ကို ကျမ တဖြည်းဖြည်းချင်း ချော့မော့ပြီး ပြောမယ်။ ရှင်လွတ်လာတဲ့တနေ့ ရှင်နဲ့ ကျမကို ပြန်လည်ပြီး ပေါင်းသင်းခွင့်ပေးဖို့ အကြောင်းကိုလေ။

သြော်….တကယ်တော့….. ဒါတွေအားလုံးဟာ ရှင့်အတွက်ပါ…. ရှင်ရယ်။

သစ္စာများစွာဖြင့်...

လင်ကောင်တပွေနဲ့...
ရှင်ညောင်ရေ….။

8 comments:

Anonymous said...

ရှင် ထောင်တသက်တကျွန်းကျနေရင် လင်မရမှာစိုးလို့ပါ

PhotoVigor said...

haha, man.. I can understand the logic behind.
Cheers. :D

Anonymous said...

လင်ကောင်တပွေနဲ့
ရှင်ညောင်ရေ ??
Shin Aung S…. ???
Khin Maung S…?????? ha ha ha

Rita said...

"မရှိမဖြစ် ညောင်" တို့၊ "ကြာတော့သည်လည်း ညောင့်စကား" တို့၊ "ညောင်ညောင်တစ်ယောက်၏ ဖွင့်ဟဝန်ခံချက်" တို့၊ ပေးရင်ကောင်းမယ်။ ဒါမှအရှေ့က ပို့စ်နဲ့လဲ လိုက်ရော။

:D

ဂျူနို said...

သိနေတယ်လေ သိနေတယ် ဇာဂနာ ပြောတဲ့ စကားလေး ပါ ဟားဟားဟား။

Anonymous said...

ရှင် ထောင်တသက်တကျွန်းကျနေရင် လင်မရမှာစိုးလို့ပါ
copied..from anonymous.

This is Ko Paw.

Anonymous said...

ဒေါက်တာ သန်းငြိမ်းက ပိုဆိုးနေပါပကော ကိုပေါရေ။
ဘီဘီစီ ၂၃ ည အင်တာဗျုး မှာ နားထောင်လိုက်ပါဦး။

kittyaye said...

You can marry to anyone since you have no standards or criterias, but not to use me as your parents or guardian. You should be abandoned.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs