“ရွှေရည်စိမ်”

Share |
မြန်မာစကားမှာ ရွှေရည်စိမ် ဆိုတဲ့စကားရှိတယ်။ အတုအယောင် ဆိုတဲ့ အနက်အဓိပ္ပါယ်ထွက်တယ်။ ဥပမာ…. ရွှေရည်စိမ်လက်ကောက် ဆိုပါတော့။ တကယ်ရွှေသားအတိနဲ့ လုပ်ထားတာမဟုတ်ဘဲ ထင်ယောင်ထင်မှား ဖြစ်အောင် အပေါ်ယံမှာ ရွှေရောင်ထည့်ထားတဲ့သဘော။ ရွှေလက်ကောက်အစစ်လိုတော့ အဖိုးမထိုက်တန်ဘူး။

ရွှေလက်ကောက်အစစ် မဝယ်နိုင်ခင်စပ်ကြား လူမြင်ကောင်းရုံ ရှိုးထုတ်ချင်လို့ဖြစ်စေ၊ ခိုးသားဓားပြ လုယက်မှာ ပူပန်လို့ဖြစ်စေ၊ အလှသက်သက် ဝတ်ချင်လို့ဖြစ်စေ အဲဒီ ရွှေရည်စိမ် လက်ကောက်အတုကို အတုမှန်းသိသိနဲ့ ဝယ်ယူ ဝတ်ဆင်ကြရင်ဖြင့် ဝတ်ဆင်သူရဲ့ အလိုဆန္ဒအတိုင်းသာဖြစ်ပါတယ်။ အထူးပြောစရာမရှိပါ။

သို့သော်…. အဲဒီ ရွှေရည်စိမ်လက်ကောက်ကို တကယ့်ရွှေလက်ကောက်ကြီးပါလို့ ညာရောင်းမယ်ဆိုရင်တော့ ညာရောင်းတဲ့လူမှာ အပြစ်ရှိတယ်။ အတုကြီးမှန်းသိသိနဲ့ အရောင်းအဝယ်ဖြစ်အောင် ကူညီပေးတဲ့ ပွဲစားမှာလည်း အပြစ်ရှိတယ်။ အတုကြီးမှန်းသိသိနဲ့ အစစ်ကြီးပါလို့ ဝိုင်းဝန်းကြော်ငြာပေးတဲ့သူတွေ၊ လေလံပွဲမှာ ဈေးပြိုင်ခေါ်ပြီး တန်ဘိုးမရှိတာကို တန်ဘိုးတက်လာအောင် လုပ်ပေးကြသူတွေ အားလုံးမှာလည်း အပြစ်ရှိတယ်။ အပြစ်ကတော့ လိမ်ညာလှည့်ဖြားမှုပေါ့။

ရွှေရည်စိမ်လက်ကောက်တခုကို မှားယွင်းဝယ်ယူမိလို့ အလွန်ဆုံး နစ်နာလှရင် ဝယ်သူကိုယ်တိုင်ရယ်၊ သူနဲ့ အကျိုးစီးပွားထိစပ်နေတဲ့ သူ့မိသားစု၊ ဆွေမျိုး၊ မိတ်သင်္ဂဟတွေလောက်သာ ထိခိုက်နစ်နာနိုင်မယ်။

ဒါပေမယ့် တမျိုးသားလုံး ၊တနိုင်ငံလုံး အတိုင်းအတာနဲ့ ချီပြီး ထိခိုက်နစ်နာစေနိုင်တဲ့ ရွှေရည်စိမ်တွေကိုလည်း ကြုံရတတ်တယ်။ မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် ၁၉၄၃ ခုနှစ်မှာ ဖက်ဆစ်ဂျပန်တွေက မြန်မာပြည်ကို လွတ်လပ်ရေး ပေးတယ်။ အစိုးရအဖွဲ့ထဲမှာလည်း ဝန်ကြီးချုပ် ဒေါက်တာဘမော်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း အစရှိသဖြင့် မြန်မာ့ခေါင်းဆောင်တွေ ပါတဲ့ အစိုးရအဖွဲ့ကို ဖွဲ့ပေးခဲ့တယ်။ ဒါပေမယ့် မြန်မာပြည်သူပြည်သားတွေအနေနဲ့ တကယ့်လွတ်လပ်မှုအရသာကို မခံစားရတဲ့အပြင် ဖက်ဆစ်ရဲ့ ချုပ်ချယ်အနိုင်ကျင့် နှိပ်ကွပ်မှုအောက်မှာ ဒုက္ခပင်လယ်ဝေခဲ့ကြရတယ်။ ဒါကြောင့် အဲဒီ ဖက်ဆစ်ဂျပန်ပေးတဲ့ လွတ်လပ်ရေးကို ရွှေရည်စိမ်လွတ်လပ်ရေးလို့ ခေါ်ဆိုခဲ့ကြတယ်။ အဲဒီတုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ မြန်မာမျိုးချစ်တွေဟာ ဒီရွှေရည်စိမ်လွတ်လပ်ရေးကို မလိုလားတဲ့အလျောက် မဟာမိတ်တွေနဲ့ ပြန်လည်ချိတ်ဆက်ပြီး ဖက်ဆစ်ဂျပန်တွေကို မြန်မာ့မြေပေါ်က အောင်မြင်စွာမောင်းထုတ်နိုင်ခဲ့ကြတယ်။

ဒါပေမယ့် မြန်မာပြည်သူပြည်သားတွေအနေနဲ့ ကံမကောင်း အကြောင်းမလှချင်တော့ အခု ဖက်ဆစ်တော်လှန်ရေးကြီးပြီးလို့ နှစ်ပေါင်း ၆၅ လောက်ကြာတဲ့အခါ မြန်မာပြည်မှာ နအဖ ဆိုတဲ့ ဖက်ဆစ်လက်သစ်တမျိုး အုပ်ချုပ်မင်းမူတာကို ခံနေရပြန်တယ်။ ဒီဖက်ဆစ်ကတော့ တိုင်းတပါးကမဟုတ်ဘဲ ကိုယ့်နိုင်ငံသားကပဲ ကိုယ့်လူမျိုးအချင်းချင်းအပေါ်မှာ စစ်အာဏာရှင်စနစ်နဲ့ ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

သမိုင်းဘီးဟာ တပတ်ပြန်လည်လာပြန်ချေပေါ့။

ဖက်ဆစ်ဂျပန်က ရွှေရည်စိမ်လွတ်လပ်ရေးကြေညာခဲ့သလိုပဲ အခုလည်း နအဖ စစ်အစိုးရက ရွှေရည်စိမ်ဒီမိုကရေစီကို ညာရောင်းဖို့ ကြိုးစားနေပြန်ပြီလေ။ အတုအယောင်လမ်းပြမြေပုံအရ အတုအယောင် အမျိုးသားညီလာခံကြီး ခေါ်ယူကျင်းပကာ သူတို့စိတ်တိုင်းကျ ရေးဆွဲထားခဲ့တဲ့ အတုအယောင် အခြေခံဥပဒေကြီး အတည်ဖြစ်လာစေဖို့ အတုအယောင် ရွေးကောက်ပွဲကြီးကို ကျင်းပတော့မယ်တဲ့။ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အတုအယောင်လွှတ်တော်ကြီးနဲ့ “စည်းကမ်းရှိသော ဒီမိုကရေစီ” ခေါ် အတုအယောင်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်တော့မယ် ဆိုပဲ။

ဒုစရိုက်မှုပေါင်းများစွာ၊ ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့တဲ့ နအဖဆိုတဲ့ ဒုစရိုက်ကောင်ဟာ သန်းခေါင်ထက်တော့ ညဥ့်မနက်ဆိုသလို သူ့ကိုယ်ကျိုးစီးပွားအတွက် ရွှေရည်စိမ်လက်ကောက်နဲ့တူတဲ့ အတုအယောင်ဒီမိုကရေစီ
ကို ရွှေအစစ်ပါလို့ ညာရောင်းဖို့ ပြင်နေပြီ။

ဒီအရောင်းအဝယ်မှာ အကျိုးဆောင်ပွဲစားတွေရဲ့ ကဏ္ဍဟာ အရေးပါလာပြီ။ ပွဲစားဟာ ဒုစရိုက်သမားနဲ့ အလိုတူအလိုပါ ပူးပေါင်းပြီး ဒီလက်ကောက်ကို ရောင်းမထွက် ထွက်အောင် ကူညီလှည့်ဖြားမှာလား။ ဒါမှမဟုတ် ဝယ်သူဖက်ကနေ သမာသမတ်ရှိရှိ ရပ်တည်ပြီး ရွှေရည်စိမ်လက်ကောက်ပါလို့ အတိအလင်းကြေညာကာ အရောင်းအဝယ်ကို မပျက်ပျက်အောင် ဖျက်မှာလား။

ဒီလိမ်လည်မှုကြီးမှာ တနပ်စားဉာဏ်နဲ့ အလိုတူအလိုပါ ပူးပေါင်းပါဝင်ကြသူများကတော့ နောင်မြန်မာ့သမိုင်းမှာ “အမျိုးသားသစ္စာဖောက် လူလိမ်လူကောက်”တွေအနေနဲ့ မှတ်တမ်းဝင်လိမ့်မယ်။

အဲဒီ ရွှေရည်စိမ်လက်ကောက်ကို ရွှေအစစ် ထင်လို့ တန်ဖိုးကြီးပေးပြီး ရိုးရိုးသားသား မှားယွင်းဝယ်မိကြရင်လည်း အဲဒီ ဝယ်ကြသူတွေရဲ့ မသိနားမလည်မှုအတွက်၊ အမြင်မကျယ်မှုအတွက် အကျိုးဆက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးနစ်နာမှုကို မြန်မာတမျိုးသားလုံးက နှစ်ရှည်လများ ပေးဆပ်ကြရပေတော့မယ်။

ပူးတွဲဖတ်ရှုရန်။ ။ Divisions over Party Registration Surfacing in NLD

20 comments:

ahsai said...

အဲဒီေ၇ွှ၇ည်စိမ်အတုကြီးကိုေ၇ာင်းဖို.
ကူညီမဲ.သူေ၇ာင်းသူ ပွဲစားလုပ်သူ
တွေအားလုံးကို ကျနော်တို.အားလုံး
ဝိုင်းပြီးညီညီညွတ်ညွတ်တွေ.၇ာနေ၇ာ
မှာ ရှင်းပြစ်ဖို.လိုအပ်နေပါတယ်။
အားလုံးကိုမြန်မာပြည်ကြီးကဖိတ်ခေါ်
နေပါတယ်ခင်ဗျား

Anonymous said...

ရွေးဂေါက်ပွဲကိုမဝင်ရင်ပါတီကွဲမယ် ဝင်ရင်သောက်ရှက်ကွဲမယ် နအဖမတရားဘူပဲကုန်းအော်မနေနဲ့ကိုပေါရေ လူတိုင်းသိတယ် စက်တင်ဘာအရေးအခင်းမှာnld ကပါတီတရားဝင်ရပ်တည်ရေးဆိုပြီး ပြတ်ပြတ်သားသားဦးမဆောင်ခဲ့ဘူး နိုင်ငံတကာအစိုးရတွေကလဲ ခုဘာပြောပြော ပြီးရင်တတ်လာတဲ့အစိုးရကို အကျိုးကြည့်ပြီးဆက်ဆံမှာပဲ မတရားဘူးမတရားဘူးပဲပြောချင်သပဆိုရင်လဲ သေသာသွားမယ် ဘာမှမလုပ်ရင်တော့ဘာမှဖြစ်မှာမဟုတ်ဘူး

Ngaman said...

I like U Win Tin's standing point that "Politics to be alive is more important than party to be alive"

Ko Hein said...

ကဲ ...
အားလုံးကို မြန်မာပြည်ကြီးက ဖိတ်ခေါ်နေပါတယ် တဲ့

What should we do now ?
......
အရေးကြီးပြီ ....မိတ်ဆွေ တို.

Anonymous said...

မလာဘူး မြန်မာပြည်ကို စင်ကာ့ပူမှာပဲ နေပြီး စစ်အစိုးရမကောင်းကြောင်းပဲအေးအေးဆေးဆေးရေးမယ်

ah sai said...

ကျနော်တို.မြန်မာလူမျိုးတွေ အဝေး
ကနေပြီး ၀ိုင်းအာနေမယ် စစ်အစိုး၇
မကောင်းကြောင်းပြောမယ် ဆိုတဲ.သူ
၈၀% ၇ှိနေ၇င် အဲဒီနိုင်ငံလဲ တက်လာမှာမဟုတ်ပါ။ စဉ်စားဖို.က
ဘယ်နိုင်ငံသားပြောင်းပြောင်း second citizen ဘဲဖြစ်မယ်ဆိုတာ
မယုံ၇င်စမ်းကြည်.ကြပေါ.။

Anonymous said...

We all agree that the 2008 Constitution is a sham.

We all know that the coming 2010 Election will not be a free and fair one.

But, we need to know what else we can do instead of critizing the shortcomings of the constitution and election. What alternatives do we have if we do not choose the election path?

After all, politics is the art of the possible. We need to face up to the realities and think of implementable and realistic solutions instead of crying foul.

I still give my all-out support and admiration to NLD and other democratic activists. But, as a layman on the street, I need an answer telling us what to do - how to face up to the junta’s unfair election.

John Kenneth Galbraith once said, “Politics is not the art of the possible. It consists in choosing between the disastrous and the unpalatable.” At this juncture, we may end up settling for the unpalatable over the disastrous.

Yan Naing

Anonymous said...

To Ko Yan Naing,

Pls read the book written by U Win Tin " Man-made hell",and you will know what you have to do now and in future , but it depends on individuals on how they decide to play their own role.

Down with all illusions,confusions & helplessness!!

Anonymous said...

မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေးကို ထောက်ခံသူ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက “အန်ကယ်တို့ ရပ်တည်ချက်ကတော့ ပါတီ မပျက်အောင် ဆက် ထိန်းသွားမယ်၊ ရွေးကောက်ပွဲ ဝင်တာက စစ်အစိုးရကို ခေါင်းငုံ့ခံတာ မဟုတ်ဘူး၊ မတရားတဲ့ အခြေခံ ဥပဒေကို ပြုပြင် ပြောင်းလဲဖို့ စိုက်လိုက်မတ်တတ် ကြိုးစားဖို့ သန္နိဋ္ဌာန် ချထားပါတယ်” ဟု ပြောကြားသည်။

Anonymous said...

"ဘယ်နိုင်ငံသားပြောင်းပြောင်း second citizen ဘဲဖြစ်မယ်ဆိုတာ"
what do you mean? I don't get it. There is no 2nd citizen in U.S. Just citizen.
aung

Anonymous said...

ပြောချင်တာတွေ ဒီမှာ ပြောလို့ရပါတယ်.. ဖြေးဖြေးပြောကြပါခမျ... သူမဖျက်ရှာပါဘူး...

Unknown said...

To Aung,

Is that really true , there is only citizen in US? Then can you run for presidency if you were not born in US? Take a look at the difference between Yettaw and Nyi Nyi Aung Case. I didn't see Jim Web come to Nyi Pyi Daw for Nyi Nyi Aung's case.

Anonymous said...

ကိုပေါ ခင်ဗျားဘာမလဲနားမလည်ပဲနဲ့ဦးခင်မောင်ဆွေ ဒေါက်တာသန်းငြိမ်းတို့ ကမနေ့တနေ့ကမှ အထဲကထွက်လာတာ သူတို့လဲသိတယ် မတရားတာ nld အခက်အခဲအမျိုးမျိုးကြားကတည်ဆောက်လာတာ အပြိုအကွဲခံလိုက်ရင်နောင်ဒီလိုပြည်သူအတွက်အလုပ်လုပ်မဲ့ ပါတီမျိုး ခင်ဗျားသေတာတောင်ပေါ်မှာမဟုတ်တော့ဘူး

Anonymous said...

Arnold was born outside of US but he is the governor of California. If CA is a soverign state, I guess it will be more powerful than Thailand and Malaysia, Vietnam, Laos and Burma combined or even perhaps Singapore and Indonesia. And they are going to change that constitution. Being a governor of a state in US is a bigger achievement than the president or PM of Burma. So who knows some Burmese citizens may become governors if they do care to wash themselves, stay hygiene so that they will not be banned like in Fort Wayne, Indiana. One more thing, not only white Arnold but there were Taiwanese born governors there. One chap is Tayote Lay Bobby Jindhall in Louisina. So I guess stop craps that migrants will become second class citizens in US, Canada, Australia, Singapore. In Burma, if you were not A Nyarthian then you are also second class citizens. If one day Ka Lar Lays Rohingyas managed to steal Arakan from Burma, they may regards Ko Chays as second class citizens too. Stop craps and think before you comment.

Thu said...

Present situation is not only NLD's critical time, SPDC/Gyokokes also scare if not NLD performs in this election, without NLD in election is meaningless and lack of favour by world wide.
It should be considered to set up alternative or back up party endorsed by NLD.
At present, We must support NLD theme to see positive changes, NLD is only prominent opponent and mighty challenger to Gyokokes.
In reality, SPDC got upper hand and they already have other plans how to response various NLD decisions.
It's easy to talk by sideline, practical persons face more difficulties.
I myself really appreciate the NLD members for devoted struggling and sacrificed on all personal concerns.

Anonymous said...

ကိုပေါရေ....

ကျွန်တော်တို့ ပကတိအခြေအနေကို စဉ်းစားကြည့်ရအောင်..။ ရွေးကောက်ပွဲမ၀င်ဘူးဆိုရင် တခြားနည်းလမ်းကဘာလဲ?? အဲဒီအတွက်ဗျူဟာတွေ ကောအဆင့်သင့်ဖြစ်နေပီလား??? ကျွန်တော်တို့နဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ လူက ကမ္ဘာပေါ်မှာအယုတ်ကန်းဆုံး၊ အရက်စက်ဆုံး ကမ္ဘာကျော် လူလိမ်ကြီးတွေ ဆိုတာတော့ သတိမမေ့နဲ့အုံး.....။

AungNN said...

"
ကျွန်တော်တို့ ပကတိအခြေအနေကို စဉ်းစားကြည့်ရအောင်..။ ရွေးကောက်ပွဲမ၀င်ဘူးဆိုရင် တခြားနည်းလမ်းကဘာလဲ?? အဲဒီအတွက်ဗျူဟာတွေ ကောအဆင့်သင့်ဖြစ်နေပီလား??? ကျွန်တော်တို့နဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ လူက ကမ္ဘာပေါ်မှာအယုတ်ကန်းဆုံး၊ အရက်စက်ဆုံး ကမ္ဘာကျော် လူလိမ်ကြီးတွေ ဆိုတာတော့ သတိမမေ့နဲ့အုံး.....။"

မှန်ပါ့

AungNN said...

anon said "Tayote Lay Bobby Jindhall in Louisina"

Excuse me, he is not tayote Lay. He is an Indian.

Anonymous said...

i don't think Nga Paw got a brain to ans this q..

ကျွန်တော်တို့ ပကတိအခြေအနေကို စဉ်းစားကြည့်ရအောင်..။ ရွေးကောက်ပွဲမ၀င်ဘူးဆိုရင် တခြားနည်းလမ်းကဘာလဲ?? အဲဒီအတွက်ဗျူဟာတွေ ကောအဆင့်သင့်ဖြစ်နေပီလား??? ကျွန်တော်တို့နဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ လူက ကမ္ဘာပေါ်မှာအယုတ်ကန်းဆုံး၊ အရက်စက်ဆုံး ကမ္ဘာကျော် လူလိမ်ကြီးတွေ ဆိုတာတော့ သတိမမေ့နဲ့အုံး.....။"

he can only repeat what his master has said.. ke ke.. :D

Anonymous said...

they do care to wash themselves, stay hygiene so that they will not be banned like in Fort Wayne, Indiana.

u mean they don't wast themselves? haha.. hey we r burmese.. we don't need to.. and we don't need to care abt anything as long as we got democracy..

right nga paw?

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs