ဆန့်ကျင်ဖက် အုပ်စုနှစ်ရပ်အကြား နိုင်ငံရေးအားစမ်းနေကြပြီဆိုရင် ဘယ်သူ့ဖက်က စပြီး သွေးကြောင်မလဲဆိုတာကို စောင့်ကြည့်လိုတဲ့အခါ “ဘယ်သူ စပြီး မျက်တောင်ခတ်မလဲ” (Who will blink first) ဆိုပြီး ပြောကြလေ့ရှိတယ်။
ဟော…. မြန်မာပြည်မှာလည်း နအဖ စစ်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား နိုင်ငံရေးအားပြိုင်မှုကြီးတခု ဖြစ်နေပြီ။ ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်လိုက်အပြီးမှာ အဖွဲ့ချုပ်နဲ့ နအဖ ဘယ်သူက အရင် မျက်တောင် စ ခတ်မလဲ။ အနှစ် ၂၀ လုံးလုံး စောင့်စားခဲ့ရတာ ဒီတချီမှာတော့ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြပြီပေါ့။ ပွဲကြီးပွဲကောင်းပဲ ဆိုပြီး အများပြည်သူက ရင်တမမနဲ့ စောင့်စားကြည့်ရှုနေကြတယ်။ ပြည်သူတွေဟာ နအဖကို ရွံ့ရှာမုန်းတီးနေကြတဲ့အတွက် အဖွဲ့ချုပ်ဖက်မှာ ဝန်းရံဖို့ ထောက်ခံဖို့ ဟန်ပြင်နေကြတယ်။
အဲဒီအချိန်မှာပဲ ဗြုန်းဆို အဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးကိုယူထားတဲ့ ဦးအောင်ရွှေနဲ့ စီအီးစီအဖွဲ့ဝင် ဦးခင်မောင်ဆွေတို့ဟာ မျက်တောင်ခတ်ရုံမက နအဖ အစိုးရကို အရွယ်လွန် ပြည့်တန်ဆာမက ဖောက်သည်မြှူဆွယ်သလို ညုတုတုနဲ့ ကြာပစ် ပြလိုက်ကြတယ်။ ပါးစပ်ကလည်း ပီယဝါစာ ချစ်ဖွယ်သော စကားလေးကို ပြောလိုက်သေးတယ်။
“ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက်ကြွလှုပ်ရှားသူနိုင်ငံရေးအကျဉ်းသားတွေကို ပါတီက ထုတ်ရင် ထုတ်ရပစေ။ သားသားတို့ ပါတီ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင် တင်ချင်ပါတယ် ခင်ညာ။ ပါလီမန်ထဲကို သားသားတို့ ဝင်ပြီး အခြေခံဥပဒေကို ပြုပြင်နိုင်ရေးအတွက် ရွေးကောက်ပွဲလည်း ဝင်ချင်ပါတယ် ခင်ညာ”…………တဲ့။
အင်း….ကြားရ၊ ကြားရ နားဝမှာ မချမ်းသာပါ့ကလား အရပ်ကတို့ရေ။ စစ်အစိုးရရဲ့ လမ်းပြမြေပုံကို အခုတော့လည်း အားတက်သရော ထောက်ခံနေကြပါပြီကောလား။ ဦးခင်မောင်ဆွေက ပြောသေးတယ်။ ဒါဟာ အာဏာရှင်ဆီမှာ ဒူးထောက်အညံ့ခံတာမဟုတ်ပါဘူးတဲ့။ မှန်ပါတယ်။ ဝမ်းလျားမှောက်ပြီး နအဖ ခြေဖမိုးကို လျှာနဲ့ လျက်ပေးရုံမျှသာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အနှစ် ၂၀ လုံးမှာ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အနေနဲ့ လူထုကို တက်ကြွသော ဦးဆောင်မှု (Active leadership) မပေးနိုင်ခဲ့ပေမယ့် မူဝါဒပိုင်းမှာ (ဥက္ကဋ္ဌ ဦးအောင်ရွှေ တချီတချီ ထဖောက်တာက လွဲလို့) ကြီးကြီးမားမား ဖောက်ပြန်မှုမရှိခဲ့ဘူး။ ဒါကြောင့် နောက်ဆုံး ရွှေဂုံတိုင်ကြေညာစာတမ်းအထိ လူထုနဲ့ နိုင်ငံရေးအင်အားစုများဟာ အဖွဲ့ချုပ်ကို ဆက်လက်ဝန်းရံပေးခဲ့ကြတယ်။ ဆိုလိုတာက ညံ့တာကို သိပေမယ့် မှန်တဲ့ဖက်မှာ ရပ်ဖော်ရလို့ အားပေးနေကြသေးတယ်။
အခုတော့ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်အလက်တွေထဲက တချက်ကလေးကိုမှ နအဖစစ်အစိုးရက မလိုက်လျောဘဲနဲ့ ကိုယ့်တံတွေးကိုယ်ပြန်မျိုပြီး နအဖ ချပေးတဲ့လမ်းအတိုင်း လျှောက်လှမ်းဘို့ ဟန်ပြင်နေပါပြီကော။ ဘယ်မှာလဲ နိုင်ငံရေးသိက္ခာ။ ဘယ်မှာလဲ ဆုပ်ကိုင်ထားတဲ့ မူဝါဒ။
အဲဒီလို မှောက်ချီလှန်ချီ၊ ခုတမျိုး တော်ကြာတမျိုးလုပ်တတ်တာမျိုးကို ကျနော့်အမေရဲ့ စကားယူသုံးရရင်…“ဟဲ့…. ဗလောင်းဗလဲ ကိုလှော် နွားလဲ”။ ကိုလှော်က နွားပွဲစားပါ။ နွားပွဲစားမို့ နွားအမျိုးမျိုးလဲတာ ပြဿနာမရှိပေမယ့် ဒီမိုကရေစီဖော်ဆောင်ပါ့မယ်လို့ သန္နိဋ္ဌာန်ချထားသူတွေက ဒီမိုကရေစီပန်းတိုင်ကို အာဏာရှင်စနစ်၊ အာဏာရှင်လမ်းကြောင်းပေါ်က လျှောက်လှမ်းဖို့ ပြင်နေရင်တော့ ပြဿနာက တော်တော်ကြီးတယ်။
မမျှော်လင့်တဲ့ဖြစ်ရပ်တွေ၊ မတော်တဆ ဖြစ်ရပ်တွေ၊ အနာရောဂါကျရောက်မှုတွေ၊ သေခြင်းတရား စတဲ့ဖြစ်ရပ်တွေလို မဟုတ်ဘဲ လောကကြီးမှာ သိစိတ်နဲ့ ယှဉ်ပြီး ဆုံးဖြတ်ရတဲ့ အရာမှန်သမျှမှာ ရွေးချယ်စရာတွေ ရှိနေပါတယ်။ “တခြားရွေးချယ်စရာလမ်းမရှိတော့ဘူး” (No choice) ဆိုတဲ့စကားဟာ လူတွေအနေနဲ့ မရွေးချယ်သင့်တဲ့အရာကို သူရဲဘောကြောင်စွာ ရွေးချယ်လိုက်တဲ့အခါမျိုးမှာ ကိုယ့်ဘာသာ လိပ်ပြာမသန့်မှုကို ပြေရာပြေကြောင်း ထန်းလက်နဲ့ကာတဲ့ စကားဖြစ်ပါတယ်။ လောကကြီးမှာ သိစိတ်နဲ့ ယှဉ်ပြီး ဆုံးဖြတ်ရတဲ့အရာမှန်သမျှ ရွေးချယ်စရာ လမ်းတွေရှိပါတယ်။ ကိုယ်က လမ်းမှန်ကို ရွေးရဲသလား၊ မရွေးရဲဘူးလားဆိုတဲ့ ကိုယ့်ရဲ့ စာရိတ္တသတ္တိအပေါ်မှာပဲ မူတည်တယ်။ ကိုယ်တိုင်ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို စောင့်ထိန်းရဲသလား၊ မစောင့်ထိန်းရဲဘူးလားဆိုတဲ့ သတ္တိအပေါ်မှာ မူတည်တယ်။
ကောင်းပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူးဆိုရင် အဖျက်ခံရမယ်။ အဲဒီလမ်းကို ရွေးရဲသလား။ အဲဒီလမ်းကို ရွေးရင် ဘာဖြစ်လဲ။ ဘာဆက်လုပ်ရမလဲ။
ပြီးခဲ့တဲ့ အနှစ် ၂၀ လုံးလုံးမှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်လွတ်လာတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူထုကို စည်းရုံးတာလည်းမလုပ်။ အဖွဲ့ဝင်သစ်တွေကို ချဲ့ထွင် စည်းရုံးတာလည်းမလုပ်။ အဖွဲ့ချုပ်ရုံးခွဲအသစ်တွေ ထပ်မံဖွင့်လှစ်တာလည်းမလုပ်။ (မလုပ်ရုံမက နအဖက အဖွဲ့ချုပ်မြို့နယ်ရုံးခွဲတွေ ပိတ်ပစ်တာကိုတောင် ခေါင်းငုံ့ခံနေလိုက်သေးတယ်။) အဲဒီလို ဘာဆိုဘာမှ မလုပ်ဘဲ ပါတီတရားဝင်ရပ်တည်နိုင်ရေးအတွက်ဆိုပြီး နအဖ ကန့်သတ်မှုအမျိုးမျိုးအောက်မှာ နလပိန်းတုံးကြီးလို နေလာခဲ့တယ်။ ဦးဝင်းတင်စကားနဲ့ပြောရရင် ပါတီရှိနေပေမယ့် နိုင်ငံရေး ရှိမနေဘူး။ နိုင်ငံရေး သေနေတယ်။
နောက်တခုက ပါတီမရှိရင် ဘာဖြစ်မလဲဆိုတာနဲ့ ပတ်သက်လို့လညိး ဆရာလူထုစိန်ဝင်း ရှင်းပြထားတဲ့အတိုင်းပါဘဲ။ ၁၉၈၈ (ရှစ်လေးလုံး) လူထုဆန္ဒပြပွဲကြီး ဖြစ်လာတဲ့အချိန်အထိ အင်အယ်လ်ဒီ(အဖွဲ့ချုပ်) ဆိုတာ ရှိတောင်မရှိသေးဘူး။ ဒီတော့ ပါတီမရှိလည်း နိုင်ငံရေးရှိရင် အလုပ်ဖြစ်တယ်ဆိုတဲ့ သာဓက အထင်အရှားရှိတယ်။
ဒါက တရားဝင် ပါတီအဖြစ် ရပ်တည်ခြင်း မရပ်တည်ခြင်းဟာ ပဓာန မကျပုံ၊ နိုင်ငံရေးအပြောင်းအလဲတွေလုပ်ဖို့ နိုင်ငံရေးကတော့ မရှိမဖြစ် ရှင်သန်နေဖို့ လိုပုံတို့ကို အကျဉ်းချုဉ်း ပြောပြတာပါ။
ပါတီမရှိတော့ရင် ဘာဆက်လုပ်မလဲ ဆိုတဲ့ မေးခွန်းတွေရှိပါတယ်။ မေးခွန်းရှိရင် အဖြေရှိရမယ်။ အဲဒီမေးခွန်းတွေကို ဖြေဖို့ ပထမဦးဆုံး မေးခွန်းတခု ပြန်မေးရမယ်။ ကျနော်တို့ လိုချင်တာဘာလဲဆိုတဲ့ မေးခွန်း။ ကျနော်တို့ဟာ အာဏာရှင်စနစ်နဲ့ ကျွန်ဘဝကို လိုချင်တာဆိုလို့ရှိရင် ဘာဆက်လုပ်မလဲဆိုတာ ရှင်းသွားပြီ။ ဘာမှ လုပ်မနေနဲ့တော့။ နအဖ ချပေးတဲ့လမ်းကြောင်းအတိုင်းသာ အသာတကြည် လိုက်သွားပေတော့။ ကျွန်ဘဝရောက်ဖို့ အထူးတလည် အားထုတ်စရာ မလိုတော့ဘူး။ ငါတနေ့ ကျွန်ဖြစ်ကို ဖြစ်ရမယ် ဆိုပြီး သန္နိဋ္ဌာန်တွေ ဘာတွေချပြီး လုပ်နေစရာမလိုလောက်အောင် နအဖ စစ်အစိုးရရဲ့ လမ်းပြမြေပုံက ကူညီပါလိမ့်မယ်။
အဲ…. တကယ်လို့ ကျနော်တို့ လိုချင်တာက လွတ်လပ်မှုနဲ့ ဒီမိုကရေစီစနစ် ဆိုရင်တော့ လုပ်ရမယ့် အလုပ်တွေ ရှိနေတယ်။ လွတ်လပ်မှုတို့ ဒီမိုကရေစီစနစ်တို့ဆိုတာ စစ်အာဏာရှင်စနစ်နဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်တဲ့အတွက် လွတ်လပ်မှုကိုလိုချင်တယ်ဆိုရင်၊ ဒီမိုကရေစီကိုလိုချင်တယ်ဆိုရင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရမယ်၊ ဖြိုဖျက်ရမယ်။ စစ်အာဏာရှင်စနစ်ကို မဆန့်ကျင်ဘဲ၊ မဖြိုဖျက်ဘဲ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ရယူချင်လို့ မဖြစ်နိုင်ဘူး။
ဒီမိုကရေစီစနစ်ဆိုတာ လူအများကို ကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးစနစ်။ လူအများကို ကိုယ်စားပြုတဲ့စနစ်ပေါ်ပေါက်လာဖို့၊ အခြေတည်ခိုင်မြဲဖို့ဆိုတာ လူအများက အဲဒီစနစ်ကို လက်ခံသဘောပေါက်ဖို့လိုတယ်။ နားလည်ကျင့်သုံးဖို့လိုတယ်။ ဒီတော့ ပြည်သူလူထုကို ဒီမိုကရေစီအကြောင်းနဲ့ သူတို့ကို ဒီစနစ်ကသာ ဘယ်လို အကျိုးရှိစေမယ့်အကြောင်းတွေကို သဘောပေါက်အောင် ပညာပေးစည်းရုံးဖို့လိုတယ်။
တဖက်က ကြည့်ပြန်တော့ အာဏာရှင်စနစ်အောက်မှာ အခုလို ပညာပေးစည်းရုံးမှုတွေ၊ လှုံ့ဆော်မှုတွေ လုပ်ဖို့ဆိုတာ အချိန်တိုတိုအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် လုပ်ဖို့မလွယ်ဘူး။ ဒါပေမယ့် ဒီမိုကရေစီဘက်တော်သားတွေဖက်မှာ အားသာချက် တခုရှိတယ်။ လူထုက စစ်အာဏာရှင်စနစ်ကို ခါးခါးသီးသီးဖြစ်နေတယ်။ အထွေထွေ စားဝတ်နေရေး ကြပ်တည်းမှု၊ အခက်အခဲတွေနဲ့ မွန်းကြပ်နေတဲ့အလျောက် လူထုအုံကြွမှုဟာလည်း အချိန်မရွေး ထပ်မံဖြစ်ပွားလာဦးမှာ မုချပဲ။ တနည်းပြောရရင် လူထုဟာ စစ်အာဏာရှင်တွေဖက်မှာ မရှိဘူး။ ဒီမိုကရေစီဘက်တော်သားတွေဖက်မှာသာ ရှိတယ်။ ဒီအချက်ကို ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတုန်းကလည်း ပြည်သူလူထုက ထင်ထင်ရှားရှား ပြသပြီးခဲ့ပြီ။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကိုယ့်ဖက်က ပြင်ဆင်မှု အားနည်းခဲ့တယ်။ ဒီနေ့ဒီအချိန်မှာ နိုင်ငံနဲ့အဝှမ်း မြို့တိုင်း ရွာတိုင်းမှာ တက်ကြွလှုပ်ရှားသူတွေနဲ့ ကွန်ယက်တွေ လျှို့ဝှက်တည်ဆောက်ရမယ်။ ပြင်ဆင်ရမယ်။ လူထုအုံကြွမှုကို သူ့အလိုအလျောက် ပေါ်ပေါက်လာတဲ့အထိ ထိုင်စောင့်နေမယ့်အစား လူထုကို နှိုးဆော်ရမယ်။ လှုံ့ဆော်ရမယ်။ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ကိုထင်ကျော်တို့၊ မစုစုနွေးတို့ရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ အတုယူရမယ်။ လူထုအုံကြွမှုဖြစ်လာရင် အရှိန်မြှင့်နိုင်အောင်၊ စနစ်တကျ စုစည်းဆောင်ရွက်နိုင်အောင် ကွန်ယက်တွေကို အခုကတည်းက အသင့်ပြင်တည်ဆောက်ထားသင့်ပါတယ်။ အခုလည်း လုပ်တဲ့လူတွေ လုပ်နေကြပါတယ်။
နောက်တခုက အာဏာရှင်တွေကြိုက်နှစ်သက်တဲ့ တုန့်ပြန်မှု ၂ မျိုးနှစ်စားရှိတယ်။ ပထမတခုက မတရားတဲ့ အမိန့်တွေ ဖိနှိပ်မှုတွေကို ဘာမှ ပြန်မပြောဘဲ ငြိမ်ခံတာမျိုး။ နောက်တခုက အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ တုန့်ပြန်တာမျိုး။ အဲဒီတုန့်ပြန်မှု နှစ်မျိုးနှစ်စားလုံးကို အာဏာရှင်တွေက လိုလားကြတယ်။
ဒါပေမယ့် အာဏာရှင်တွေ ကြောက်ရွံ့တဲ့ တုန့်ပြန်မှု တမျိုးရှိနေသေးတယ်။ အဲဒါက မတရားတဲ့ အမိန့်အာဏာမှန်သမျှကို မကြောက်မရွံ့ ဖီဆန်ခြင်းပဲ။ အဲဒီလို မကြောက်တရားလက်နက်ကို ကိုင်ဆွဲလာကြပြီဆိုရင် အာဏာရှင်တွေအနေနဲ့ သူတို့ရဲ့ အာဏာယန္တရားကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ခဲယဉ်းတယ်။ ဦးဝင်းတင်ပြောတဲ့ မကြောက်တရားလက်နက်ကို ကိုင်ဆွဲကြဖို့ အချိန်ရောက်လာပြီ။
လောလောဆယ်မှာတော့ အဖွဲ့ချုပ်စီအီးစီက ဦးအောင်ရွှေနဲ့ ဦးခင်မောင်ဆွေတို့တတွေ နအဖရဲ့ လမ်းကြောင်းအတိုင်း သူတို့ဘာသာ လျှောက်ရင်လည်း လျှောက်စေတော့။ ဒီလိုဆိုရင်တော့ ကျနော်တို့အနေနဲ့ “ရာဇဝင်ဆိုးထဲမှာ အောင်နဲ့မောင် ကို ထားရစ်ခဲ့” ရုံပါပဲ။
ပူးတွဲဖတ်ရှုရန်။
(၁) စိတ်ကူးမယဉ်ကြဖို့ (အောင်ဒင်)
(၂) နိုင်ငံရေးအရ (မေငြိမ်း)
(၃) ဒေါ်မြင့်မြင့်အေး- ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်မယ်
(၄) လူထုစိန်ဝင်း၏ အမြင် - အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ

29 comments:
ရက်စက်လိုက်တာ ပေါရယ်....
ထားခဲ့ရက်တယ်... :D
ခွင့်လွှတ်လိုက်ပါ ပေါ ရယ် အောင်လဲအသက်ကကြီးလှပြီ
သူငယ်ပြန်လောက်ရောပေါ့
ပေးသလောက် ရသလောက်ကိုပဲ ဒူးကလေးထောက်ကာ ခံယူ----မခံစားနိုင်တော့ဘူး------------ဌါနချုပ်ကို အမြောက်နဲ့ ထုကြ!!!!!!!!!!!!!!!!!!!
၂၀၁၀မှတ်ကျောက်မှာ ဘောင်းဘီချွတ်အောင်ရွှေတယောက် ထမီစွပ်ထားရမယ့် သမိုင်းဝင် သွေးကြောင်ပြလိုက်တာပါပဲ။
ဒါပေမယ့် NLD ထဲက ရဲရဲတောက်၊ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ ရဲဘော်ရဲဘက်များအားလုံးကို သိမ်းကျုံး မပြောကြစေလိုဘူး။ အဲဒီိ ပြည်သူ့သူရဲကောင်းတွေကို ဒီစာမျက်နှာပေါ်ကနေ ဦးညွှတ်လိုက်ပါတယ်။
From my view of point,I have already canceled U Aung Shwe from NLD's member list. He is such a coward. NLD without Daw Aung San Suu Kyi??? If it happens, I will never give vote to NLD in the 2010 election.
By the way, Ko Paw, I would like to ask a question. In 2010 election, (1)giving vote to one of the parties which are not concerned with this fucking military government and (2) giving no vote to any party----- which way will be a better one? I would like to know what will happen to an average citizen if he doesnt give vote in the election? Thanks!!!
ကြားဘူးလား တွဲရေးခွဲရေး ဆိုတာ တို့ ဒိုင်အာခီတို့ ကို ခုလဲစစ်တပ်ကသွေးခွဲနေတာ ရွေးကောက်ပွဲဝင်တာမဝင်တာထက် nldကိုပျက်စီးအောင်သွေးခွဲနေတာ ခုလဲnld ကဘာမှဆုံးဖြက်ရသေးတာမဟုတ်ဘူး တိုင်ပင်တုန်းပဲရှိသေးတာ မဝင်ရင်ပါတီပျက်မယ် ပါတီပျက်ရင်ဦးဝင်းတင်တို့လို ထင်ရှားတဲ့လူတွေပဲ မီဒီယာနဲ့ စကားပြောရုံ ဒီမိုကရေစီလှုပ်ရှားမူ့ပဲကျန်မယ် နားလယ်လား ကိုပေါ nldကလူတွေဟာခင်းဗျားထက်အဆပေါင်းများစွာတိုင်းပြည်ကိုချစ်တယ် အားလုံးကိုစတေးထားတဲ့လူတွေမစော်ကားနဲ့
နအဖ ကမဖြိုခွဲရပဲ ဒီမိုကရေစီသမားတွေလို့ဆိုသူတွေ အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုဝိုင်းပြီးဖြိုခွဲနေလိုက်ကြတာ သူတို့ပြောသမျှကြားရတာ သူတို့ရေးသမျှဖတ်ရတာ ကျွန်တော်တို့တိုင်းပြည်ကတော့ရေစုန်မျော ပြည်သူတွေလည်းမောနေရမှာပဲ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြိုကွဲလုနီးပါ ဖြစ်တာ ကြာနေပါပြီ။ နအဖ လုပ်သမျှ အခံချည်းဖက် နေနေရတာ ဒေါ်စု ဦးတင်ဦးနဲ့ ဦးဝင်းတင်နဲ့ အကျယ်ချုပ်အကျဉ်းစံတွေ ဖြစ်ကတည်းကပေါ့။ ဒီချုပ်က ခုမှ အ၀တ်စုတ် ဖြစ်တော့မှာ---- ခင်ဗျား တို့က ခုမှ ဘာလာပြီး ဒီအချိန်မှာ သိဒ္ဓိတင်နေတာလဲ။ ဦးဝင်တင်ကတောင် ထွက်ပါတော့မယ်လို့ ပြောနေပြီဟာကို-- အရေးထဲမှာ ဒီချုပ်အာဏာရူးတွေနဲ့ လာတွေ့နေတယ်။ လုပ်စားလို့ အားမရသေးဘူးလား
ပြည်တွင်းက အကျပ်အတည်းကို ခင်ဗျားတို့က ဘယ်လောက် စာနာ နားလည်လို့လဲ၊ အခု အပြင်ကနေ
ပြည်တွင်းကို ဝေဖန်နေသူတွေဟာ ပြည်တွင်းမှာတုန်းက
ဘယ်လောက်များ လုပ်ခဲ့ ကိုင်ခဲ့ အကျပ်အတည်းကြား
ရောက်ခဲ့ဖူးလဲ၊ သူများရောင်တိုင်း လိုက်မရောင်ပါနဲ့
ကိုပေါ၊ နိုင်ငံရေးသမား အဝေဖန်ခံရတာ သိပ်မဆန်းဘူး၊
မသေချာတဲ့ နည်းလမ်းကြောင့် အချိန်ကုန် လူကုန်ဖြစ်တာ ပိုပြီး ဆန်းတယ်လေ ..
အားလုံးသတိ
ကြုံတုန်း တခြားတွေမှာလဲ ပြောခဲ့တဲ့ ကျွန်တော်မြင်တာလေး ရွှီးပါရစေဗျ..
ကဲ.. ငါတို့ဒီမိုတွေမှာ ဒေါ်စုကစလို့ ဟော ဦးဝင်တင်တို့အလယ် ကိုမင်းကိုနိုင်တို့အဆုံး ရဲရဲတောက် တွေရှိပါတယ်ခင်ဗျ.. အဲ.. ခေါင်းဆောင်ကောင်းတွေ လို့တော့ ပြောတာပဲဗျာ.. ဟုတ်ကဲ့.. အဲလိုရှိရက်နဲ့ ဘာလို့များ ဒီလောက်အချိန်အကြာကြီး ဖြစ်နေပါလဲခင်ဗျာ.. ဘယ်အောင်မြင်မလဲ သူတို့က ထောင်ထဲရောက်နေတာလေ.. ဘာလုပ်လို့ရမှာတုန်း..
ရှင်းပါတယ်.. ထောင်ကျနေတဲ့လူတွေ သေနေတဲ့လူတွေဟာ နိုင်ငံကို ဒီမိုကရေစီ ရအောင် လုပ်ပေးလို့မရပါဘူး.. ဦးဝင်းတင်တောင် ထောင်ထဲနေတဲ့ နှစ်ပေါင်းအများကြီး အပြင်မှာရှိရင် ဘယ်လောက် များအသုံးဝင်လိုက်မလဲခင်ဗျာ.. ဒီတော့ ငါထောင်ကျရဲတယ်ဆိုပီး ထောင်ထဲသွားနေပြတာ ကိုယ့်အတွက် နာမည်လေး နဲနဲ တက်ချင်တက်လာနိုင်ပေမဲ့ မြန်မာနိုင်ငံ ဒီမိုအရေးအတွက်တော့ တိုးတက်မှု သုံညလို့ မောင်သတိမြင်ပါတယ်ခင်ဗျ.. ဒါကြောင့် အဲလို မိုက်တော့မိုက်ပါရဲ့ အကျိုးမရှိတာတွေ လုပ်ပြနေမဲ့လူတွေထက်စာရင် မောင်သတိဟာ ဦးအောင်ရွှေရဲ့ အယူအဆကိုတောင် အလေးထားမိပါသေးတယ်..
ခုသာ ကိုးလိုးကန့်လန့် ပြောနေခဲ့တဲ့လူတွေဟာ ခုသူတို့ နားနေတဲ့ ဆိုင်းဘုတ်ဟာ.. ခုသူတို့ ပြောနေတဲ့ ငါတို့ပါတီ အညံ့မခံဘူးကွဆိုတဲ့ ငါတို့ပါတီဟာ.. ခုသူတို့ ဖက်နေပြတဲ့ ရွှေဂုံတိုင်စာရွက်ကြီးဟာ ဦးအောင်ရွှေဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အနစ်နာခံ ပေးဆပ်ထိန်းသိမ်းမှုတွေနဲ့ မဟုတ်ရင် ပြောစရာတောင် ကျန်နေမှာမဟုတ်ဘူးဆိုတာ စဉ်းစားမိပါရဲ့လားဗျ..
ခပ်ရှင်းရှင်းပြောရင် လူငယ်ကြိုက်လေး စတန့်ထွင် လိုက်ပြောရင်း ကဲပြလို့ရပါတယ်.. သူ့အသက်ရွယ်နဲ့ အစိုးရကလဲ ဘာမှခုထက်ပိုပီး ဖဲ့နေမှာမဟုတ်ပါဘူး.. ဒီတော့ တကယ့်လက်တွေ့ ပါတီနဲ့ နိုင်ငံအတွက်လိုအပ်လာရင် ခုလို ၀ိုင်းဆဲလာကြမယ်ဆိုတာကို ဆန့်ကျင်ပီး လိုအပ်တယ်ထင်တဲ့အတိုင်း လုပ်တဲ့သတ္တိ အန်အယ်ဒီဘယ်သူ့မှာများ တွေ့ပါလဲခင်ဗျာ..
အဆုံးသတ်မယ် ဆိုရင်တော့ဗျာ.. မောင်သတိဟာ ဘယ်လိုယုံကြည်ချက်ရှိတယ်ဆိုတာ ကိုပေါတို့ သိကြမှာပါ.. ဒါပေမဲ့ဗျာ.. ဦးအောင်ရွှေရဲ့ အနှစ်နှစ်ဆယ်လုံးလုံး အစိုးရဖိနှိပ်မှုကို ခံပီး ပါတီကို ထိန်းသိမ်းလာခဲ့တဲ့ လူတစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ ဆင်ခြင်မှုအရ ပြောလာတဲ့ အနေအထားတစ်ခုကို ကျွန်တော်တို့ ကိုပေါတို့လို နိုင်ငံခြားကနေ ကီးဘုတ်လက်တင်သမားတွေက သူ့ရပ်တည်ချက်ကို ဝေဖန်တာမျိုးတောင် မဟုတ်ပဲ သူရဲဘောကြောင်သလေး ဘာလေး ပေါ့သွမ်းစွာ ဝေဖန်လှောင်ပြောင်ခွင့် ရယူနိုင်တယ်လို့ ခံယူပါလားခင်ဗျာ.. ဘာကြောင့် ဦးအောင်ရွှေ မှားနိုင်လဲ.. ဝေဖန်လို့ရပါတယ်.. ဒါပေမဲ့ ပရမ်းပတာ ကိုယ်ပြောသလို သတ္တိအရာခြင်း ယှဉ်ရအောင်ဗျာ.. သူ့အတွေ့အကြုံနဲ့ နိုင်ငံရေး သဘာဟာ ဒေါ်စုကို အခုခေါ်ပီး ဝေဖန်ခိုင်းရင်တောင် အဲလိုအသံမျိုး လုံးဝထွက်လာမှာမဟုတ်ပဲ ဒါဟာ တလေးတစား နားထောင်စရာလို့ ခံယူသွားမှာပါပဲ.. ဒါဟာ ကိုပေါပါးစပ်ကနေပဲ အမြဲအားကျပြနေတဲ့ ဆင်ခြင်စရာ လုပ်ရပ်တခုလို့ မောင်သတိတော့ မြင်တာပဲဗျို့..
ဟီးဟီး.. ရေခင်းပြနေရတာနဲ့ပဲ ရှည်သွားပြန်ပီး ကိုပေါရေ..
အားလုံးသက်သာ
မောင်သတိ
ဟုတ်လိုက်လေ ကိုသတိရေ ဦးကျော်ငြိမ်းရဲ့စကားကိုယူသုံးရရင်တော့ လူကြည်ညိုရုံ နတ်သာဓုခေါ်ရုံ အများအကြိုက်ကိုသာ လူပါးလုပ်ဆောင်ရွက်နေတဲ့ လူတွေများနေလို့တိုင်းပြည်ဒီလိုဖြစ်နေတာဗျ လုပ်သင့်တာကိုပြောရဲတဲ့လူရှားတယ်
ဆရာလူထုစိန်ဝင်းရဲ့ စကားတွေက လေးလေးနက်နက် စဉ်းစားသင့်ပါတယ်။ ပါတီရပ်တည်ရေးထက် လူထုကို စည်းရုံးဦးဆောင်မှုပေးမယ့် လမ်းပေါ် ညီညီညွတ်ညွတ် ရောက်စေချင်ပါတယ်။ အကယ်၍ အမြင်မတူလို့ လမ်းခွဲကြရင်တောင် ရန်သူတွေဖြစ်မသွားကြပဲ ... “တို့ဗမာအစည်းအရုံးက ၉၁-ဌာနအုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့ပေမယ့် back-up plan အနေနဲ့ အခြားအမည်နဲ့ ပါတီတစ်ခုဖွဲ့ပြီး ရွေးကောက်ပွဲဝင်စေခဲ့သလိုပဲ” ဖြစ်စေချင်ပါတယ်။
အစစ်ပေါ့ကိုဧရာ ခုလဲnld ကမဆုံးဖြတ်ရသေးပါဘူး ခုလိုမညှာမတာပြောဆိုဝေဖန်တာက စော်ကားရာရောက်တာပေါ့ဗျာ ဒီမိုကရေစီပါတီတွင်းမှာကိုယ့်အမြင်ကိုတင်ပြဆွေးနွေးတဲ့အဆင့်ပဲရှိသေးတယ် ပြီးတော့ တဖက်နဲ့တဖက်ရန်သူတွေဖြစ်ကုန်မယ်
ပါတီရပ်တည်ရေးအတွက် အနှစ်နှစ်ဆယ်ကျော် အတွင်းမှာစစ်အစိုးရရဲ့ မတရားဖိနှိပ်မှုတွေကို
ဘာတခုမှအတိုက်အခံမလုပ်ရဲ မပြောရဲဘဲ အမျှော်အမြင်ကြီးမားခဲ့တဲ့ နိုင်ငံရေးသုခမိန်ကြီး ဦးအောင်ရွှေပေါ့။
စစ်အစိုးရနဲ့ယုံကြည်မှုတည်ဆောက်ချင်လို့ စစ်အစိုးရအငြိုအငြင်ခံပြီး ဘာဆိုဘာမှမလုပ်ခဲ့တဲ့ ရေရှည်အကျိုးစီးပွားကို ပါတီအတွက်အစဉ်ကြည့်ခဲ့သူကြီး ဦးအောင်ရွှေပေါ့။
ပါတီရပ်တည်ရေးအတွက်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ရွှေဂုံတိုင်ကြေငြာစာတမ်းနဲ့ဆန့်ကျင်ဖက်ဆုံးဖြတ်ချက်ကို သတ္တိရှိရှိချမှတ်ခဲ့တဲ့ ဦးအောင်ရွှေပေါ့။
အရေးကြီးတဲ့နိုင်ငံရေးအချိုးအကွေ့အတွက် တာဝန်ခံဗဟိုကော်မတီအနေနဲ့ မဆုံးဖြတ်ဘဲ စီစီတွေအားလုံးကိုခေါ်ပြီး လှို့ဝှက်မဲပေးမှုနဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်ကြီးကိုချမယ့် ဒီမိုကရေစီမြတ်နိုးသူကြီး ဦးအောင်ရွှေပေါ့။
တာဝန်သိသူကြီး၊ သစ္စာရှိသူကြီး၊ သတ္တိကောင်းသူကြီးပေါ့လေ။
တကယ်တော့ ……
ဒေါ်အောင်ဆန်းစုကြည်သာမရှိရင် အဲဒီဦးအောင်ရွှေဆိုသူကြီးကို ဘယ်ခွေးဝဲစားကမှတောင် သေးနဲ့လှည့်ပန်းမှာမဟုတ်ဘူး။ ဂွေးသနလို့။
ကိုမြခင်ဗျားတော်တော်မိုက်ရိုင်းတာပဲ ခင်ဗျားလိုလူတွေများရင်တော့ .တယ်မလွယ်ဘူး
ကိုပေါတို့ကိုမြတို့က ဒီမိုကရေစီသမားမဟုတ်ဘူးတဇောက်ကန်း ကွန်မြူနစ်တွေ ကိုယ့်အယူအဆနဲ့မတူတဲ့လူကိုရန်သူလိုသဘောထားတယ်
Ko Paw
Please listen Sunday talk program by RFA morning (7am) program. The speakers are Ko Aung Din, U Ohn Kyaing, Daw San San etc. Also you can hear U Nyan Win's comment. It's really interesting and there are signs that something fishy is going on inside the party.
ညွှန်းဆိုတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ကိုကျော်ထင်ရေ။ ကျနော်အခုပဲ အပြင်ကပြန်ရောက်ရောက်ချင်း နားထောင်ပြီးသွားပါပြီ။ ဦးခင်မောင်ဆွေရဲ့ စနေနေ့ညက ပြောကြားချက်ဟာ အဖွဲ့ချုပ်စီအီးစီတယောက်ရဲ့ စည်းဘောင်ကို ကျော်လွန်ပြီး ပြောသွားခဲ့တယ်ဆိုတာ အင်မတန် ထင်ရှားသွားပါပြီ။ ဦးခင်မောင်ဆွေအပေါ်မှာ ကျနော်တို့ ဖြစ်နေတဲ့ သံသယတွေကို ပိုလို့တောင် ခိုင်မာသွားစေပါတယ်။
ပြည်ပရောက်ဆိုတာ နိုင်ငံရေးသေနေတဲ့ကောင်တွေပါငပေါရာ ။ မင်းကိုယ်မင်းဘာများအောက်မေ့နေလို.လဲ ။ အင်တာနက်ပေါ်မှာ လေပေါနေရုံနဲ. ဒီမိုကရေစီရမယ်ထင်နေသလား ။ ဘာမှဖြစ်မလာဘူး ။ စလုံးကနေ ဖင်ပြဲအောင်အော်နေလဲ ဘာမှဖြစ်မ်လာဘူး ။ မင်းလို ငါ့စကားနွားရ ပြောရုံပဲပြောတတ်တဲ့ကောင်တွေများနေလို. တော်လှန်ရေးကြီးကို စိတ်ပျက်သွားတဲ့လူ ဘယ်နှစ်ယောက်များ ရှိနေမယ် မသိဘူး ။ အစပိုင်းတုန်းကတော့ မင်းကို သိပ်မဆိုးဘူးလို. ထင်မိသေးတယ်ကွ ။ ဒါပေမယ့် ကြာလေ မင်းဟာငါ့စကားနွားရလောက်ပဲပြောတတ်တဲ့ကောင်ဆိုတာ သိလာလေ ....မင်းလိုကောင်ရဲ. ဦးဆောင်မှုတွေကို လှုံ.ဆော်မှုတွေကို စိတ်ပျက်လာလေပဲ ။ ဒီလောက်တက်ကြွနေရင် မင်းဦးဆောင်ပြီး စလုံးမှာ ကန်.ကွက်ဆန္ဒပြပွဲ တစ်ခုလောက်လုပ်ကြည့်ပါလား ။ ဘယ်သူများလာမလဲကြည့်ရအောင်။
If you want to stage a protest, you don't need to wait Ko Paw to lead. You can go ahead and lead the protest with your excellent leadership skill if you think you are better than him. :))))
Waiting for your inviatation to all Myanmars in SG to join your protest.
Where you want to do? Speakers' corner? Orchard ? At MM embassy ?
Just you organize it and we'll see how many people will come forward.
Or if you are not in SG, share your protest news no matter where you are in this world.Pls arrow your face in the protest photo so that we can really admire you well (Note : pls don't play trick with photoshop).
You should also know one thing that the Juta care so much about the forces outside is not only because of their voices ( shoutings ). If you really want to know what they ( Junta) so scare, just approach the MI ( saut-htone department )and ask them.
Good Luck!
Anonymous တစ်ယောက်ကလည်း ကတ်ကတ်လန်နေတာပဲ မတ်ခြောက်ကြီးလားမသိဘူး
Anonymous March 22, 2010 10:52 PM
ိုကိုယ့်ပြန်ထိလို့ နာနေတယ်လား..
ဒီတော့ ငါထောင်ကျရဲတယ်ဆိုပီး ထောင်ထဲသွားနေပြတာ ကိုယ့်အတွက် နာမည်လေး နဲနဲ တက်ချင်တက်လာနိုင်ပေမဲ့ မြန်မာနိုင်ငံ ဒီမိုအရေးအတွက်တော့ တိုးတက်မှု သုံညလို့ မောင်သတိမြင်ပါတယ်ခင်ဗျ..
agree
What? people are willing to stay in jail bcos they want to gain status.What a funny idea. Every single leader is caught by this military regime. Please try another way to convince people. Ha Ha.
အခုဖြစ်တဲ့ ကိစ္စက ကြိုတင်စဉ်းစားသင့်ခဲ့တယ်လို့ ထင်ပါတယ်။ စစ်တပ်က သူတို့အကွက်တကွက် ကလေးပဲ ရွေ့ရသေးတယ်၊ NLD ဘက်က အသေအလဲ လိုက်လုပ်နေရတယ်ဆိုကတည်းက တင်ကြိုပြင်ဆင်ထားတာ မရှိသလို ဖြစ်နေတယ်။ ဒီမိုကရေစီ လိုလားပါတယ်ဆိုတဲ့ အဖွဲ့တွေကလည်း တဖွဲ့အကျပ်တွေ့မှ လိုက်အော်တာကလွဲပြီး ဘယ်လိုပြင်ဆင်ထားသင့်လဲဆိုတာမျိုးရှိသင့်တယ်။
စစ်တပ်ဘက် က တဆင့်ပြီးဆင့် တက်ဖိြု့ပင်ဆင်ထားပေမယ့် ဒီမိုအင်အားစုတွေက ပြင်ဆင်မှုမရှိတာဟာ စစ်ခေါင်းဆောင်တွေကို ဒူတယ်ပြောနေတဲ့ ကျနော်တို့ပဲ ဒူနေတာလားဆိုတာ စဉ်းစားဖို့လိုပြီ။
နံမည်ခံကွဲပြီးတော့ ပါတီရပ်တည် ဖို့ ဆိုတဲ့ လှည့်ကွက်တွေ သုံးသင့်တယ်.. ကိုယ့်ဘက်က သိပ်ရိုးသား သိပ်မိုက်ပြစရာမလိုဘူး..
ပါတီက ထုတ်တယ်ဆိုတာထက် ထွက်တယ်ဆိုပြီးတော့ ခေါင်းဆောင်ကြီးတွေလုပ်.. တဘက်ကလည်းရွေးကောက်ပွဲမှာ ထောက်ခံပါ လုပ်ရင် အဆင်ပြေနိုင်တယ်..
The restaurants list with thousands of restaurants reviewed by visitors. http://restaurants-us.com/tx/Montgomery/Panda%20Village/77356/
http://insuranceinstates.com/georgia/Carrollton/Carroll%20Realty%20&%20Insurance/30117/
Post a Comment