ဒီကနေ့ လူထုလိုလားချက်နဲ့ ရွှေဂုံတိုင်မူ

Share |
(မိုးမခဘလော့ကနေ ကူးယူ ဖော်ပြပါတယ်။ ရေးသူက မောင်ခင်အေးတင့်(မဒေါက်) ဖြစ်ပါတယ်။)
ဒီကနေ့ လူထုလိုလားချက်နဲ့ ရွှေဂုံတိုင်မူ
မောင်ခင်အေးတင့်(မဒေါက်)
နိုဝင်ဘာ ၈၊ ၂၀၁၁

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်က လွှတ်တော်နှစ်ရပ်လုံးက ပြန်လည် ပြင်ဆင်ခဲ့ပြီး ပြင်ဆင်မှုသုံးခု ပြုလုပ်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို သမ္မတ ဦးသိန်းစိန်က သောကြာနေ့မှာ လက်မှတ်ထိုး ထုတ်ပြန် လိုက်ပါတယ်။

ပြင်ဆင်မှုသုံးခုပါတဲ့ ဥပဒေသစ်က “အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုတဲ့နေရာမှာ “ထိန်းသိမ်းစောင့်ရှောက်” စကားရပ်အစား “လေးစား လိုက်နာ” ဟုပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီတခုဟာ အနည်းဆုံး မဲဆန္ဒနယ်သုံးနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်ဆိုတဲ့ ကန့်သတ် ချက်နဲ့ ထောင်ဒဏ်ကျခံနေသူများ နိုင်ငံရေးပါတီဝင်မဖြစ်ရ ကန့်သတ်ချက်တို့ကို ပယ်ဖျက်ပေးထားပါတယ်။ ဒီပေါ်ထွက်လာတဲ့ ဥပဒေသစ်အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်မတင် အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဒီဆောင်ရွက်နေမှုတွေအားလုံးက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အစီအမံရဲ့အောက်က သွားနေတာဆိုတော့ ၂၀၀၈အခြေခံဥပဒေဆိုတာကို ပြန်ဆန်းစစ်ကြည့်မိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ဆိုတာက မူလကနဦး အခြေခံဥပဒေ (၁၀၄) ချက်ကအစပြုလို့ အမျိုးသားညီလာခံကျင်းပပုံ၊ အတည်ပြုပုံအဆုံး အားလုံးကို နအဖစစ်အုပ်စုက စိတ်ကြိုက်ချမှတ် ရေးဆွဲအတည်ပြုခဲ့တာပါ။ ပြောရရင်တော့ စစ်အုပ်စုက သွန်လိုသွန် မှောက်လိုမှောက် လုပ်ခဲ့တဲ့ စစ်အခြေခံဥပဒေ ၂၀၀၈ပါ။ တခဏလေးအတွင်းမှာ ပြည်သူလူထု(၁)သိန်းကျော် (၂)သိန်းနီးပါးလောက် သေကြေပျက်စီးပြီး လူ(၁)သန်းနီးပါးလောက် အိုးအိမ်မဲ့ စားစရာမဲ့ နေစရာမဲ့ဘ၀ကို တမဟုတ်ချင်း ရောက်သွားခဲ့ရတဲ့ နာဂစ်လေမုန်တိုင်းကြီး တိုက်ခတ်ဝါးမျိုသွားတဲ့အချိန်မှာတင်ကို စစ်ကောင်စီဗိုလ်ချုပ်တွေက ၉၂.၄၈ ရာခိုင်နှုန်းဆိုပြီး အဓမ္မအတည်ပြုလိုက်တဲ့ စစ်သမ္မတနိုင်ငံထူထောင်ရေး စစ်အခြေခံဥပဒေ ဖြစ်ပါတယ်။

၁၉၇၄ ဖွဲ့စည်းပုံတုန်းကလည်း ၉၀.၁၁ရာခိုင်နှုန်း ရတယ်လို့ ကြေညာတယ်၊ တပါတီအာဏာရှင်စနစ်နဲ့ အုပ်ချုပ်တယ်။ ပြန်ချုပ်ပြောရင် ၂၀၀၈ မေလ(၁၀) ရက်နေ့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်တယ်။ နာဂစ်ကြောင့် အဲဒီဒေသအတွင်းမှာရှိတဲ့ မြို့နယ်(၄၇)ခုကိုတော့ မေလ(၂၄)ရက်နေ့မှာ ဆန္ဒကောက်ယူ ခဲ့တယ်။ နောက်ဆုံး မေလ(၂၉)ရက်မှာတော့ ၉၂.၄၈ ရာခိုင်နှုန်း ရတယ်လို့ ကြေညာလိုက်တယ်။ စစ်အာဏာရှင်စနစ်နဲ့ပဲ ဆက်အုပ်ချုပ်သွားမယ်လို့ ဗြောင်စိမ်ခေါ်လိုက်တာပါပဲ။ ၂၀၀၈အခြေခံဥပဒေထဲက အချို့အချက်တွေကို စိပ်ခွဲကြည့်ရင် ဒီလိုမြင်ရတွေ့ရပါတယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်ကို အကြွင်းမဲ့အာဏာ ပေးအပ်ထားတာပါ။ အကြောင်းကတော့ အခြေခံဥပဒေရဲ့ အဓိကကျောရိုးအဖြစ် “နိုင်ငံတော်၏ အနာဂတ် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် စစ်တပ်က အစဉ်တစိုက် ပါဝင်သွားမည်” ဆိုတဲ့ ဥပဒေဆိုင်ရာခံတပ်၊ ပုဒ်မ ၂၀(ခ)မှာလည်း “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင် ဆောင်ရွက်ပိုင်ခွင့်ရှိသည်” လို့ ပြဋ္ဌာန်းထားတာကြောင့် ဖြစ်ပါတယ်။

အဆိုးဆုံးကတော့ ဒီ၂၀၀၈ဖွဲ့စည်းပုံက အမြင့်ဆုံးအာဏာကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အပ်နှင်းထားတဲ့အချက်ပါပဲ။ စုစုပေါင်းအဖွဲ့ ၀င်(၁၁)ဦးမှာ အရပ်သားဆိုလို့ ကြံ့ဖွတ်ပါတီဝင် တဦးသာပါပြီး ကျန် ၁၀-ဦးစလုံးက စစ်တပ်ကချည်း ဖြစ်ပါတယ်။

အဓိက လုပ်ငန်းစဉ်(၄)ရပ် ချမှတ် ပြဋ္ဌာန်းထားပါတယ်။

(၁) ပုဒ်မ ၃၄၂အရ ကာကွယ်ရေးဦးစီးချုပ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ရွေးချယ်အတည်ပြုပြီး သမ္မတက ခန့်အပ်ပေးမှာ ဖြစ်ပါ တယ်။

(၂) နိုင်ငံတ၀န်းလုံးမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရင် ပုဒ်မ ၄၁၇၊ ၄၁၈အရ သမ္မတက အာဏာကြီး(၃)ခုစလုံးကို ကာကွယ်ရေးဦးစီးချုပ်ဆီ လွှဲပြောင်းပေးရန် လုပ်ဆောင်ရပါမယ်။

(၃) အရေးပေါ်အခြေအနေကာလမှာ ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်ကို အများဆုံး(၂)နှစ်အထိ အုပ်ချုပ်နိုင်သလို ထိုကာလကျော်လွန်တဲ့အခါမှာ လည်း အခြေခံဥပဒေ ပုဒ်မ ၄၂၁၊ ၄၂၇၊ ၄၃၁တို့အရ အာဏာ၃ ရပ်စလုံးကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက သမ္မတကိုယ်စား ကျင့်သုံးမှာ ဖြစ်ပါတယ်။

(၄) ပုဒ်မ ၄၂၉အရ ယင်းကောင်စီက အရေးပေါ်အခြေအနေကို ရုတ်သိမ်းပြီး (၆)လအတွင်း ရွေးကောက်ပွဲကျင်းပပေးရေး လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်” ဟု ပုဒ်မ ၂၀(စ)နဲ့ ထပ်ဆောင်း ထားလိုက်ပါသေးတယ်။ အချုပ်ကတော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြိမ်းခြောက်လာတယ်လို့ စစ်ဗိုလ်ချုပ်တွေက ယုံကြည်ယူဆရင် အချိန်မရွေး အာဏာပြန်သိမ်းနိုင်ခွင့်ကို ဖန်တီးပေးထားတဲ့ စစ်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်နေတာပါပဲ။

အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က မှတ်ပုံပြန်တင်မတင် အဆုံးအဖြတ်ပြုရမှာပါ။

ဒီချုပ်ဘက်ကိုကြည့်မယ်ဆိုရင်လည်း ၂၀၁၀ ဧပြီလ(၂၉)ရက်နေ့က လူမျိုးစုံပြည်သူတရပ်လုံးရဲ့ ဆန္ဒနဲ့ထပ်တူထပ်မျှဖြစ်တဲ့ ၂၀၁၀ရွေးကောက်ပွဲ မှတ်ပုံ မတင်ရေး သမိုင်းဝင်ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား အတိအလင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစုသဘောတူညီမှုနဲ့ ဆုံးဖြတ်ခဲ့တာပါ။ အဖွဲ့ချုပ်ရဲ့သစ္စာတရားနဲ့ ပြည်သူ့စွမ်းအားကို နက်နက်ရှိုင်းရှိုင်း ယုံကြည်အသိအမှတ်ပြုပါတယ်ဆိုတာကို ပြသလိုက်တာပါပဲ။

အန်န်အယ်လ်ဒီဟာ မြန်မာပြည်တ၀ှမ်းလုံးမှာရှိတဲ့ လူမျိုးစုံပြည်သူလူထုတရပ်လုံးက ၁၉၉၀ခုနှစ် မေလ ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခဲ့တဲ့ အနိုင်ရပါတီဖြစ်ပါတယ်။ မဲပေးနိုင်ခွင့်ရှိသူ ဦးရေ သန်း(၂၀)မှာ (၁၅)သန်းက အတည်ပြုရွေးကောက် တင်မြှောက်ထားတာပါ။ တပ်မတော်သားများပါ မဲဆန္ဒပြု မဲထည့်ရွေးကောက်ထားတဲ့ပါတီ ဖြစ်နေတာမို့ တပ်မတော်သားများကိုလည်း ကိုယ်စားပြုပါတယ်။ (၈၂)ရာခိုင်နှုန်းနဲ့ကို ပြတ်ပြတ်သားသား အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

ဒါ့ပြင် ၂၀၁၀ မတ်လ ၂၉-ရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုဦးစီးအဖွဲ့ အထူးအစည်းဝေးကို ဒေါ်အောင်ဆန်းစုကြည် မှာကြားတဲ့အချက် ၆ ချက်ထဲက အချို့အချက်ကို ထပ်မံကိုးကား ဖော်ပြချင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်

ဒီ၂၀၀၈ ဖြစ်စဉ်အဆင့်ဆင့်ကို ပြန်ကြည့်ရင်ပဲ စစ်အုပ်စုက အတင်းအဓမ္မ နည်းမျိုးစုံသုံးပြီး မရမက အတည်ပြုထားတဲ့အတွက် လုံးဝ လက်ခံနိုင်ဖို့ မရှိ ဘူး၊ တပြိုင်နက်တည်းမှာ အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးအတွက် နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးမှသာ တိုင်းပြည်ရဲ့ အရပ်ရပ်အခြေအနေတွေကို မှန်ကန်စွာ ဖြေရှင်းနိုင်မယ်ဆိုတာကို ရေးသားဖော်ပြထားတဲ့ ရွှေဂုံတိုင်ကြေညာချက်ကို ဆက်လက် ကိုင်စွဲထားမှသာ တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေ ကို ငြိမ်းချမ်းတဲ့နည်းလမ်းကသာ အဆုံးအရှုံး အထိအခိုက် အနည်းဆုံးနဲ့ ဖြေရှင်းနိုင်မယ်လို့ ပြောထားတာပါ။

တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝ လက်မခံနိုင်ပါ၊ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီ နည်း မကျ။

ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေဟာ ဥပဒေကြောင်း ဥပဒေသဘောအရ ဥပဒေမမြောက်ပါဘူး၊ အကြောင်းကတော့ ဥပဒေတရပ်မှာ အခြေခံအချက်တချို့ ရှိပါတယ်။ ထုတ်ပြန်လိုက်တဲ့ဥပဒေဟာ ရှေ့ကိုမျှော်ကိုးပြီး နိုင်ငံသူနိုင်ငံသားအားလုံးအတွက် ထုတ်ပြန်တဲ့သဘောမျိုး ဖြစ်ရမှာဖြစ်ပြီး လူတဦး တယောက် အတွက် ရည်ရွယ်ပြီး ထုတ်ပြန်တာမျိုး မဖြစ်ရပါဘူး။ တဦးတယောက်အတွက်ကို ရည်ရွယ်ထုတ်ပြန်ထားတယ်လို့ ယူဆစရာမျိုး မဖြစ်စေရပါ။

နောက်တခုက ဒီဥပဒေတွေဟာ လွတ်လပ်မျှတသင့်တော်မှု ရှိရပါမယ်၊ အခုဟာက ပါတီအဖွဲ့အစည်းတခုကို တိုက်ရိုက် ပိတ်ပင်တားဆီးထားတာဖြစ်တဲ့ အတွက် သင့်တော်မျှတမှု လုံးဝမရှိပါဘူး။ အဲဒါကြောင့် တရားမျှတမှုမရှိ တဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေအတိုင်း လက်ခံပြီး မှတ်ပုံတင်လိုက်မှသာ နဂို မှတ်ပုံတင်ပြီးသား တရားဝင်ပြီးသားကိစ္စဟာ ပျက်ပျယ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမှတ်ပုံမတင်ခြင်းဟာ ဥပဒေသဘောအရ ပါတီဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တယ်၊ တရားဝင်နိုင်ငံရေးပါတီဖြစ်တယ် ဆိုတာကို အတိအလင်း ဖော်ပြလိုက်တာဖြစ်တဲ့အတွက် မှတ်ပုံတင်ဖို့ကို လုံးဝမလိုပါဘူး။ ဆရာကြီးဦးဝင်းတင်ကလည်း အရေးတော်ပုံကြီးမှာ မှတ်ပုံတင်ထားပြီးလို့ ဘယ်မှာမှ ထပ်တင်စရာ မရှိဘူး၊ တင်လိုက်မှသာ ပျက်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက် ၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်

အဖွဲ့ချုပ်ဟာ အားလုံးနဲ့ သက်ဆိုင်တယ်၊ ပြည်သူလူထုတရပ်လုံးနဲ့ သက်ဆိုင်တယ်လို့ ပြောတာသာဖြစ်ပြီး မိမိရဲ့ အမွေပိုင်ပစ္စည်းမဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ အဲဒီတော့ မိမိဆန္ဒအတိုင်း လုပ်ချင်သလို လုပ်လို့မရပါဘူး၊ မဖြစ်ပါဘူး ဆိုတာပါပဲ။ ပြည်သူလူထုရဲ့ဆန္ဒကို လေးစားဖို့လိုတယ်လို့ ပြော တာပါ။

အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်

အဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲကနေ တပြည်လုံးအတိုင်းအတာအနေနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူလူထုရဲ့ တရားဝင် မင်းန်ဒိတ်ရထားတဲ့ အနိုင်ရပါတီ ပြည်သူ့အားနဲ့ရပ်တည်ထားတဲ့ပါတီ ဖြစ်တဲ့အတွက် ဘယ်သူမှ လာဖျက်သိမ်းလို့ မရပါဘူး၊ အာဏာပိုင်တွေက အာဏာကို တလွဲအသုံးချပြီး ဖျက်သိမ်း ရင်တောင် ဘယ်တော့မှ မပျက်နိုင်ဘူး၊ ဖျက်သိမ်းလို့လည်း မရသလို ဖျက်သိမ်းပိုင်ခွင့်လည်း မရှိပါဘူး၊ ကိုယ်တည်ထောင်ထားတဲ့ ပါတီကို ကိုယ်ကိုယ် တိုင် ဖျက်မှသာ ပျက်မှာဖြစ်ပါတယ်။ ပြည်သူတွေ ထောက်ခံနေသရွေ့ အဖွဲ့ချုပ်ဟာ ရှင်သန်နေမှာသာ ဖြစ်ပါတယ်။

ဟော အခု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်တဲ့ဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်/မတင် ဆုံးဖြတ်ရတော့မှာပါ။ ဒီ ပြင် ဆင်ချက်သုံးခုနဲ့ အစားထိုးလိုက်ရုံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ခံလိုက်ရမှာပါလား။ မှတ်ပုံပြန်တင်လိုက် တော့မှာလားဆိုတာ အဖွဲ့ချုပ်အနေနဲ့ အသေအချာကို ပြန်လည်သုံးသပ် စဉ်းစားအဖြေပေးရပါလိမ့်မယ်။ ရွှေဂုံတိုင်ကြေညာချက်ကို ဘာကြောင့်ထုတ်ပြန် ရတာလဲ၊ ရွှေဂုံတိုင်ရဲ့အနှစ်သာရက ဘာလဲ စသဖြင့် အဖွဲ့ချုပ်ရဲ့ အီးစီတွေကတဆင့် အဆင့်ဆင့်သော တိုင်းအဆင့် ပြည်နယ်အဆင့် မြို့နယ် ရပ်ကွက်ကျေးရွာ အုပ်စုအဆင့်ထိ အမျိုးသားပြည်သူတရပ်လုံးရဲ့ အသံတွေ၊ ဆန္ဒတွေကို နားထောင်ကောက်ယူ ဆုံးဖြတ်ပြုရမယ် ဖြစ်ပါတယ်။

ရွှေဂုံတိုင်ကြေညာစာတမ်းရဲ့ အနှစ်ချုပ်ကတော့ အချက်(၄)ချက် ရှိပါတယ်။

တစ်တချက်က နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရေး၊

နှစ်အချက်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊

သုံးတချက်က ၁၉၉၀မေလရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အကောင်ထည်ဖော်ရေးနဲ့

နောက်ဆုံး လေးအချက်က အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပါတယ်။

ကျနော် စဉ်းစားကြည့်တယ်။ မှတ်ပုံတင်လိုက်ရင် နဲ့ မှတ်ပုံမတင်ဘဲ ဒီအတိုင်းဆက်နေလိုက်ရင် ဘာဖြစ်လာမလဲဆိုတာကိုပါ။

မှတ်ပုံတင်လိုက်ရင်တော့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ စက္ကူစုတ်ဘ၀ရောက်သွားမှာပဲ။ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်လိုက်တာဟာ အမျိုးသား ပြည်သူတရပ်လုံးရဲ့ ကတိက၀တ်ကို ချိုးဖေါက်လိုက်သလို တခဲနက် အားကိုးယုံကြည် လေးစားထောက်ခံ တန်ဘိုးထားမှုကို လစ်လျူရှု့ပစ်ပယ်လိုက်တာနဲ့ အတူတူဖြစ်သွားမှာပါ၊ ပြည်သူလူထုတရပ်လုံးက အခက်အခဲအမျိုးမျိုးကြားက မိမိတို့ရဲ့ ဆန္ဒမဲတပြားကို အပ်နှင်းပေးခဲ့တဲ့ လူထုမဲန်းဒိတ်ကြီးကို ဂရုမစိုက် ချေဖျက်လိုက်တာ ဖြစ်သွားမှာပေါ့၊ ခပ်ကြမ်းကြမ်း ရမ်းရမ်းပြောရင် အမျိုးသားပြည်သူလူထုကြီးကို စော်ကားမော်ကား သစ္စာဖျက် လုပ်လိုက်တာပါပဲ။

ဒါ့ပြင် အနှစ် ၂၀ တလျှောက်လုံး ကိုင်စွဲရပ်ခံလာတဲ့ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို တခဏလေး မိနစ်ပိုင်းလေးအတွင်းမှာ ကိုယ့်ဘာသာကိုယ် ဖျက်ဆီးပစ် လိုက်သလို ၂၀၀၈အခြေခံ ဥပဒေအတိုင်း လေးစားလိုက်နာ ဖော်ဆောင်ပါ့မယ်လို့ စစ်ဗိုလ်ချုပ်တွေကို အသနားခံလိုက်တာနဲ့လည်း မကွဲပြားလှပါဘူး။ ၂၀၁၀ မတ်လ(၂၉)ရက် ဒီချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက နံပါတ်နှစ်အချက်ဟာလည်း သူ့အလိုလို ကွယ်ပျောက်သွားရတော့မှာပါ။

ချုပ်လိုက်ရင် တော့ ရွှေဂုံတိုင်မူကို စွန့်လွှတ်လိုက်ပါပြီ၊ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈အခြေခံဥပဒေအတိုင်း တလေးတစား လိုက်နာသွားပါ့မယ်လို့ ၀န်ခံကတိပေး လိုက်တာလို့ကော မပြောနိုင်ဘူးလား။ ဒီလိုဆိုရင်တော့ ပြည်သူ့လိုလားချက်နဲ့ အံချော်တိမ်းစောင်းသွားစရာ ရှိပါတယ်။

မှတ်ပုံမတင်ဘူးဆိုရင်တော့ အမျိုးသားပြည်သူလူထုတရပ်လုံးရဲ့ ဘ၀လွတ်မြောက်ရေးအတွက် ပြည်သူလူထုရဲ့ သဘောဆန္ဒ လိုလားချက်နဲ့အညီ ရွှေဂုံတိုင်မူကို ဆက်လက်ဆုပ်ကိုင်ပြီး လူထုတရပ်လုံးရှေ့ကနေ မားမားမတ်မတ် ရပ်တည်ဦးဆောင်သွားဖို့သာ ရှိပါတယ်။ မဲဆန္ဒရှင်ပြည်သူတရပ်လုံးက အူလှိုက်သည်းလှိုက် ၀မ်းပမ်းတသာ ၀ိုင်းဝန်းကြိုဆို ထောက်ခံကြမှာ မလွဲဧကန်ပါပဲ။

လုပ်လက်စအလုပ်တွေကို ဖုတ်ဖက်ခါ ပစ်ချထားခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နောက်ကနေ စည်းကမ်းတကျ ကိုယ့်တာဝန်ကိုယ် ကျေပွန်စွာနဲ့ မလွဲမသွေ လိုက်ပါလိမ့်မယ်ဆိုတာ အခိုင်အမာ အလေးအနက်ကို ယုံကြည်ပါတယ်။ တကယ်တော့ ဘယ်ခေတ်စနစ် ရာဇ၀င်သမိုင်းကိုကြည့်ကြည့် အံ့မခန်း စွမ်းအားပိုင်ရှင် အမျိုးသားပြည်သူလူထုကြီးကသာ သမိုင်း စာမျက်နှာတွေကို ဖွင့်လှစ်ခဲ့တာချည်း ဖြစ်ပါတယ်။ လတ်တလော နိုင်ငံရေးအနေအထားကလည်း ဒီအတိုင်း တောင်းဆိုနေတယ်လို့ ယူဆပါတယ်။ ဒါတွေက ကျနော့်ရဲ့ယူဆချက် အမြင်သဘောထားမျှသာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မှတ်ပုံတင်မတင် ဆုံးဖြတ်ချက်က ဒီကနေ့ လူထုနိုင်ငံရေး အထုအထည် အားအင်ကို ဖြစ်ပေါ်ဖန်တီး စေမှာ ဖြစ်တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်လိုတုန့်ပြန်မှာပါလဲ။

20 comments:

Anonymous said...

ကိုပေါ... ဒီနေရာမှာ အလွယ်ရေးတယ်ပဲမှတ်လိုက်ပါ။ မူရင်း ပိုစ့်နဲ မဆိုင်ပါဘူး။ ကိုပေါအမြင်သိချင်လို့ပါ။ ကိုပေါနဲ့ မြှောက်ဖော်မြှောက်ဖက် ၀တုတ်တို့တွေ လူ့ အခွင့်အရေး ဗန်းပြပြီး ရိုဟင်ဂျာကို ထောက်ခံကာကွယ်နေတာ မြင်ရတော့ ကိုပေါအမြင်ကိုလည်း သိချင်လို့ပါ။ သတင်းဌာနတွေ ဒီအကြောင်း နှာစေးနေကြတာလည်း ဘယ်လိုမြင်လဲလို့ပါ။ ပါလေရာ ပီပီ ဒီအကြောင်းလည်း ရေးပါဦးဗျာ။ လက်ရှောင်မနေပါနဲ့။ မရေးချင်လည်း ဇွတ်တော့ မရေးပါနဲ့။ ဒဏ္ဍာရီ တေး

Anonymous said...

Singapore PR U Paw,

Waiting to read your part-4 and -5...Are you going to write or no more idea at all?

Anonymous said...

ပြည်ပကနေ နိုင်ငံရေးလုပ်နေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်များအဖွဲ့အစည်းများကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ NLD နဲ့အစိုးရ ပြေလည်သွားမှာကို မကြောက်ကြပါနဲ့လို့။ မပြေလည်အောင် ၀ိုင်းမညှောင့်ကြပါနဲ့လို့ ပြောချင်ပါတယ်။ တိုင်းပြည် မငြိမ်းချမ်းရင်၊ ရန်တွေဖြစ်နေကြရင် တကယ်ဒုက္ခရောက်တာက မြန်မာပြည်မှာနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေပါ။ ခင်ဗျားတို့က မီးမပျက်တဲ့နိုင်ငံခြားမှာ ဇိမ်နဲ့နေလို့ရနေတာပဲ။ အဲဒါကြောင့် ကိုယ့်နိုင်ငံသားအချင်းချင်း တကယ်ချစ်တယ်ဆိုရင် NLD နဲ့အစိုးရ ကြား မပြေလည်အောင် ၀င်မနှောင့်ပါနဲ့လို့ (ပြည်ပရောက်နိုင်ငံရေးသမားများကို) မေတ္တာရပ်ခံချင်ပါတယ်။ ခင်ဗျားတို့ ပါးစပ်လေးနဲ့ စကားလေးနဲ့ နှောင့်လိုက်တာက မြန်မာပြည်ကလူတွေ ထမင်းငတ်ရောဗျ။ ဆန္ဒပြဖို့ ကန့်ကွက်ဖို့ မြှောက်ပေး။ မြန်မာပြည်ကလူတွေက လိုက်လုပ်။ ထောင်ထဲရောက်တော့ မြန်မာပြည်ကလူတွေပဲရောက်။ ခင်ဗျားတို့ကတော့ ခေတ်မီတိုးတက်တဲ့ နိုင်ငံမှာ အခန့်သား နေမြဲအတိုင်းနေ။ ကံတရားဆိုတာ ဒါပဲနဲ့တူပါတယ်ဗျာ။ ခင်ဗျားတို့ရဲ့ ကံကောင်းခြင်းတွေကို မြန်မာပြည်ထဲက လူတွေဆီ လွှဲမပေးနိုင်မယ့်အတူတူ ကံမကောင်းခြင်းတွေကိုတော့ ဟွန်ဒီမရိုက်ပါနဲ့

ရွှေချစ် said...

. ဒီဆောင်းပါးမှာ ...ချုပ်လိုက်ရင် တော့ ရွှေဂုံတိုင်မူကို စွန့်လွှတ်လိုက်ပါပြီ၊ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈အခြေခံဥပဒေအတိုင်း တလေးတစား လိုက်နာသွားပါ့မယ်လို့ ၀န်ခံကတိပေး လိုက်တာလို့ကော မပြောနိုင်ဘူးလား။ ဒီလိုဆိုရင်တော့ ပြည်သူ့လိုလားချက်နဲ့ အံချော်တိမ်းစောင်းသွားစရာ ရှိပါတယ်....""ဆိုထားပါတယ်။။
ပ့ါတီ မှတ်ပုံတင်တာ နဲ့ တော့ ၂၀၀၈ ဥမေ ဒကိုလုံးဝဥသုံ တသွေမတိမ်း လိုက်နာပါမယ်လို့ ဆိုလို မယ်မထင်ပါ။ ဒီကနေ့ ပြည်သူလူထုကရော ဘာလိုလားနေလည်း ။ခု လိုလမ်းဆုံလမ်းခွ မှာ အဆုံးအဖြတ်ပေးရ မဲ့အချိန်မှာ မှတ်ပုံ မတင်ဘဲနေခဲ့ရင် ပြည်သူလူထုလိုလားချက်နဲ့ အံချော် သွားနိုင်သလား ဆိုတာ လည်း စဉ်းစားရမှာဘဲ ။ ဆောင်းပါးရှင်ကတော့ သူဘာသာ သေချာနေပုံ ဘဲ ။ မှတ်ပုံတင်တာ ပြည်သူမကြိုက်ဘူး ဆိုတာ တကယ်တော့ သူမှာဘာမှ သက်သေမရှိပါဘူး ။ (ပြနိုင်တာ ရှိရင်ပြပါ)(၉၀ခုနှစ် mandate ကရော ဒီနေ့ တကယ့် ပကတိအခြေအနေနဲ့ ထင်ဟပ်နေဆဲပါလား ။ ) ကွန်မင့်တွေ ကို vote ပေးသလိုတောင် ယူလို့ ရပါတယ်။

Anonymous said...

ကိုပေါ၊ လွဏ်းဆွေ နဲ့ အပေါင်းပါတစုက သူတို့ ပဲသိတယ်ထင်ပြီး သူတို့ သိသလို လူထုခေါင်းဆောင်တွေ မသိမှာ တော်တော်စိုးရိမ်နေပုံရတယ်။ ကိုယ်တိုင်ကတော့ ကီးဘုတ်တော်လှန်ရေးလုပ်တတ်တယ်။

Anonymous said...

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ အဆင်ပြေပြီး တိုင်းပြည်တိုးတက်ဖြစ်ထွန်းလာရင် ပြည်သူတွေ အနည်းဆုံးတော့ နိုင်ငံတကာမှာ အနည်ငယ်တော့ သိက်ခါရှိလာမှာပါ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု့ တွေ ၀င်လာရင် ပြည်သူတွေ အလုပ်အကိုင်တွေရပြီး ၀င်ငွေလေးတွေ ကောင်းလာကြမှာပါ။ တကယ်က ဘေးကလူတွေက ပိုပြီးတော့တောင် အကြံပေးပြီး တိုက်တွန်းကြရမှာပါ။ ဝေဖန်အကြံပြုတာနဲ့ တိုက်ခိုက်တာ စာဖတ်သူတွေက သိကြပါတယ်။ အခုမြန်မာပြည်မှာ တဖြေးဖြေး တိုးတက်ပြောင်းလဲ လာတာကို မျက်စိမမှိတ်ထားပါနဲ့ ။ အကုန်လုံး ၀ိုင်းတွန်းမှ ရွေ့ မှာပါ။ တိုင်းပြည်ကောင်းစားဖို့ တစ်ခုတည်းကို တွေးပေးကြပါ။ ပြည်သူပြည်သားတွေ ဒီ့ထက်ပိုပြီး အဆင်ပြေလာဖို့ ကိုဘဲတွေးပေးကြပါ။ အခုလို ကောင်းနေတဲ့ ဆက်ဆံရေးလေးကို မဖျက်ဆီးကြပါနဲ့ ။ poll မှာ အမှတ်မမှားဘူးဆိုရင် မှတ်ပုံတင်ပါ ဆိုတဲ့ ဦးရေက ပိုများပါတယ်။ ဒါဆိုရင် ပြည်သူတွေ ဘာကို လိုချင်သလဲဆိုတာ သိလောက်ပြီး ဆက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မတိုက်ခိုက် မပုတ်ခတ်ကြပါနဲ့  တော့လို့ တောင်းပန်ပါတယ်။

Anonymous said...

ဟေ့ကောင့်..စင်္ကပူကမွေးစားခွေး..ငပေါ
မင်းဦးနှောက်လက်နှစ်လုံးလောက်နဲ့ရေးချင်ရာလျှောက်မရေးနဲ့..နိုင်ငံရေးကွ..သိလား..လုပ်သလိုမဖြစ်ရင်ဖြစ်နိုင်သမျှတော့ဖြစ်သလိုလုပ်မှ..မင်းရောငါရောတနိုင်ငံလုံး..တကမ္ဘာလုံးဖြစ်စေချင်သလိုမဖြစ်ခဲ့တာအနှစ်၂၀ကျော်ပီလေ...ခုလိုအချိန်ရသလောက်ပြောင်းလဲယူမှ..ဘေးထိုင်ဘုပြောကိုယ်တိုင်ကျတော့ပြည်တွင်မှာမနေရဲပဲ'စ'လုံးမှကျွန်ခံနေတဲ့ကောင်..တိုင်းပြည်အတွက်မင်းဘယ်နှခုအကျိုးရှိအောင်ဆောင်ရွက်ပီးပီလဲ..ပြောစမ်းးမွေးစားခွေးရဲ့......ီးပဲ

Anonymous said...

Shut up your mouth. Don't be NAYTOE. BE PYAY TEE OO.

Understand U Lay Pyaw? Now then i know the meaning of your name Ko Pyaw.

ABC said...

ရွှေဂုံတိုင်ကြေညာချက်က သူ.အခါသူအချိန်နဲ. ရပ်တည်တာမှန်ခဲ့ပေမဲ့ တစ်ချို.အချက်တွေက ခုလက်ရှိအချိန်နဲ.မကိုက်ညီသလို ၊ ဆက်လက်ဆုပ်ကိုင်မထားသင့်ဖူးလို. ထင်မိပါတယ်၊ အဲ့ဒီ့အချိန်က ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေက အသက်တွေကြီး၊ တစ်ချို.ဆိုရင်သေဆုံးကုန်ပါပြီ၊ မဲထည့်ခဲ့တဲ့ သူတွေတောင် အသက်တော်တော်ကြီးလှပါပြီ၊ အဲဒီ့ မဲန်းဒိတ်ကြီးနဲ. ခုချိန်ထိ စွဲကိုင်ထားတာက တော့ မဟုတ်သေးပါဖူး၊ တော်လောက်ပါပြီ၊ ခုချိန်မှာ ပြည်သူထုအားလုံးကောင်းစားရေးအတွက် လုပ်သင့်လုပ်ထိုက်တာကို ဆက်လက် လုပ်ဆောင်ရပါလိမ့်မယ်၊ NLD ရွေးကောက်ပွဲမ၀င်ခဲ့တုန်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်၊ အဲဒီ့အချိန်မှာ နအဖ က NLD ပါတီကြီး ရွေးကောက်ပွဲမှာဝင်ပြိုင်တယ်ဆိုပြီး နိုင်ငံတကာမှာ အမှတ်ယူ၊ မဲခိုးနဲ. NLD ခွက်ခွက်လှန်အောင်ရှုံးပါလိမ့်မယ်၊ အဲ့ဒီ့တုန်းကမှန်ခဲ့ပေမဲ့ ခုချိန်မှာ မမှန်နိုင်တော့ပါဖူး၊ လုပ်သင့်တာ၊ ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်ဆောင်ရပါလိမ့်မယ်၊ ခုချိန်မှာ ပါတီထက် မြန်မာနိုင်ငံအများစုအဆင်ပြေရေး ကိုပဲစဉ်းစားရပါ့မယ်၊

ဒေါ်စုရွေးကောက်ပွဲဝင်ရင်တော့ ကြိုဆိုရပါလိမ့်မယ်၊ ရွေးကောက်ပွဲမှာနိုင်မှ လွှတ်တော်အမတ်အနေနဲ.တရားဝင်ဆွေးနွေးနိုင်ပါလိမ့်မယ်၊ အဲ့ဒါမှ ဒေါ်စုအနေနဲ. တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေကို တကယ်လုပ်ဆောင်နိုင်ပါလိမ့်မယ်၊ ပန်းချီပြပွဲသွား၊ ဟိုဖွင့်ပွဲ၊ ဒီဖွင့်ပွဲ သွားတာထက်စာရင် လွှတ်တော်မှာတရားဝင် ပါဝင်ဆွေးနွေးတာကမှ ပိုပြီးအနှစ်သာရ ရှိပါလိမ့်မယ်၊

ခုချိန်မှာ လက်ရှိအစိုးရက လည်း ဒေါ်စုမပါပဲ ရှေးကို သိပ်မတိုးနိုင်သလို ဒေါ်စုလည်းလက်ရှိအစိုးရ မပါပဲ လုပ်ချင်တိုင်းလုပ်လို.မရပါဖူး၊

အရေးတော်ပုံကြောင့်လူတွေက သွေးကြွနေချိန်၊ မဆလ ကိုအရမ်းမုန်းတဲ့ အခြေအနေကြောင့် ၈၈ မှာ NLD ကိုမဲထည့်ခဲ့ကြတာပါ၊ ခုချိန်မှာ အဲဒီ့နှုန်းကိုရဖို.က သိပ်မလွယ်ပါဖူး၊ ပြည်သူလူထုက လက်ရှိအစိုးရကို စိတ်ပျက်နေသလို ပါတီအဖွဲ.အစည်းတွေကိုလည်း စိတ်ပျက်နေပါတယ်၊

လောလောဆယ် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဘေးဖယ်ထားလိုက်ရင်ကောင်းပါလိမ့်မယ်၊ ၂၁ နှစ်ကျော်တဲ့ ရလဒ်ကို အသက်ပြန်သွင်းလို.မလွယ်တော့ပါဖူး၊ နိုင်ငံတကာကလည်း မထောက်ခံနိုင်တော့ပါဖူး၊ ဖွဲ.စည်းပုံကြီးက နအဖ အကြိုက်ရေးခဲ့တာဖြစ်ပါတယ်၊ အဲဒီ့ဖွဲ.စည်းပုံက ၁၉၉၃ က စလို. ၂၀၀၈ မှာ ပြီးခဲ့တာပါ၊ အဲဒါကိုမကြေနပ်လို. နောက်တစ်ခါ ၁၅ နှစ်ကြာအောင် ပြန်ရေးဆွဲကြဦးမှာလား၊ မတရားတဲ့အချက်တွေ၊ ဒီမိုကရက်တစ်နည်းမကျတဲ့ အချက်တွေကို ဖြေးဖြေးချင်းပြောင်းယူရပါလိမ့်မယ်၊

ဒေါက်တာလွဏ်းဆွေ အစရှိသော ပြည်ပက ဘလော့ဂါများသည် ဆန္ဒပြဖို.၊ လူထုတိုက်ပွဲတွေ ဖြစ်လာအောင် လှုံဆော်နေပါတယ်၊ တကယ့်တော့ မြန်မာပြည်သူတွေက မကြေနပ်၊ အဆင်မပြေတာရှိပေမဲ့လည်း ၈၈ တုန်းက ဆန္ဒပြပွဲအခြေအနေဖြစ်လာရန် အလွန်ပင်ခဲယှဉ်းပါလိမ့်မယ်၊ မြန်မာပြည်သူလူထုအခြေအနေဆိုတာကလည်း မြန်မာနိုင်ငံကို အမြဲတမ်းပြန်နေသူ၊ ပြည်တွင်းမှာနေတဲ့သူတွေသာအသိဆုံးဖြစ်ပါလိမ့်မယ်၊ အမှန်က ဖွဲ.စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီတကယ့်အနှစ်သာရအတိုင်းအုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ.ဥပဒေပြုရေးကို သုံးပွင့်ဆိုင် ထားရမှာဖြစ်ပေမဲ့လည်း တပ်ကိုပဲ လုပ်ချင်သလို လုပ်ခွင့်ပေးတာကတော့မှားပါတယ်၊ လောလောဆယ်အနေအထားမှာတော့ စစ်တပ်မှာ နအဖလက်ထက်မှာလို အာဏာ အပြည့်မရှိတော့ပါဖူး၊ သို.ပေမဲ့လည်း စစ်တပ်က တစ်ချို.နေရာတွေမှာ ပါနေတာကိုတော့ မနှစ်သက်ပေမဲ့လည်း လက်ခံရပါမယ်၊ ထိုင်း၊ အင်ဒိုနီးရှားနဲ. စင်ကာပူတို.မှာ ၀န်ကြီးပိုင်းမှာ စစ်တပ်က လူတွေ၊ ဒါမှမဟုတ် စစ်ဘက်အငြိမ်းစားတွေ ပါဝင်နေတာကိုတွေ.ရပါတယ်၊ အမေရိကန်၊ ယူကေတို.က ဒီမိုကရေစီနဲ.တော့ ချိန်ထိုးလို. မရနိုင်ပါဖူး၊ ဒီမိုကရက်တစ်အစိုးရသက်တမ်း ၂ကြိမ်ပြီးဆိုရင် ပါလီမန်မှာ စစ်တပ်ကပါဝင်မူ.၊ အုပ်ချုပ်ရေးပိုင်းတွေမှာ စစ်တပ်ကစွတ်ဖက်မူတွေက
တော်တော် နည်းပါးသွား မယ်လို.ယူဆရပါတယ်၊

ဘာပဲဖြစ်ဖြစ် နအဖ လက်ထက်က မလျော့တာတွေ လျော့ပေးလာတာတွေကို တွေ.ရပါတယ်၊ လောလောဆယ်မှာ လိုချင်တာ အရာရာတိုင်းတော့ ဘယ်ရနိုင်ပါ့မလဲ၊ အစိုးရနဲ. အတိုက်ခံတို. ပူးပေါင်းဆောင်ရွက်ကြရင် မြန်မာနိုင်ငံက အနာဂါတ်ရှိပါလိမ့်မယ်၊

ပညာရေး၊ ကျန်းမာရေး ၊ လူမူရေး အဖက်ဖက်က နိမ့်ကျနေတာတွေကို တော်တော်လုပ်ယူရပါလိမ့်မယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ.အစည်းများနဲ. တကယ့်စစ်မှန် ရိုးသားတဲ့စိတ်ဓါတ် ငြိမ်းချမ်းရေးကို ဆွေးနွေးရပါလိမ့်မယ်၊

လမ်းမပေါ်ကို လူထုတင်တဲ့အလုပ်ကို ပြည်ပကမလုပ်ကြပါနဲ.လားဗျာ၊ သူများဗိုက်ဌားပြီး ဓါးအထိုးခံတဲ့အပြုအမူတော့မလုပ်ကြပါနဲ.၊ အကုသိုလ်သိပ်ကြီးပါတယ်၊

ခုချိန်မှာ ဒေါ်စုနဲ. NLD ရွေးကောက်ပွဲဝင်၊
တိုင်းပြည်ထူထောင်ရေးတွေကိုလုပ်တဲ့ အပိုင်းကို ထောက်ခံရပါလိမ့်မယ်၊ စောင့်ကြည့်ရပါလိမ့်မယ်၊ သီးခံကြပါ၊ စိတ်ရှည်ကြပါ၊

Anonymous said...

မပူကြပါနဲ့ ။ မြန်မာပြည်က တကယ်အနစ်နာခံလုပ်နေတဲ့ ဘယ်နိုင်ငံရေးခေါင်းဆောင်မှ သူတို့ ကို မသိဘူး။ သူတို့ ပြောတာလဲ ဂရုလဲမစိုက်ဘူး။

Thu said...

ဦးကျော်ဇံသာ ။ ။ အဲဒီ ဒုတိယ ပင်လုံညီလာခံကိစ္စကို အခု သိပ်မပြောတော့ပါဘူး။ ဒါဟာ လက်ရှိ အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန် ချင်လို့ အဲဒါကို စတေးလိုက်တယ်လို့ ဆိုနိုင်ပါသလား။

Peter Popham ။ ။ ဒီလို ယူဆတာ မှန်တယ်လို့ မထင်ပါဘူး။ ဒေါ်စုဟာ မူဝါဒရေးရာ အလျှော့ပေးမှု အကြီးအကျယ် တစုံတရာမလုပ်ဘဲ
စေ့စပ်ဆွေးနွေးနိုင်ဖို့ အင်မတန်ခက်ခဲတဲ့ ပွဲတပွဲကို ကစားနေရတာပါ။ ဒါကြောင့် ဒီအချိန်မှာ ဒါကို တစုံတရာ ပြောဆိုဝေဖန်နေဖို့ အင်မတန် စောလွန်နေပါသေးတယ်။
အခုအထိ သူဘက်က ချဉ်းကပ်မှုဟာ သိပ်မှန်သိပ်ကောင်းနေပါတယ်။
ဒီအချိန်မှာ အဓိက စိန်ခေါ်မှုက ဒီအစိုးရကို အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်နေသော အစိုးရတရပ်ဖြစ်လာအောင် ဆွယ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_11-09-2011-133586323.html

ABC said...

လောလောဆယ် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဘေးဖယ်ထားလိုက်ရင်ကောင်းပါလိမ့်မယ်၊ ၂၁ နှစ်ကျော်တဲ့ ရလဒ်ကို အသက်ပြန်သွင်းလို.မလွယ်တော့ပါဖူး၊ နိုင်ငံတကာကလည်း မထောက်ခံနိုင်တော့ပါဖူး၊ ရွှေဂုံတိုင်ကြေညာချက်က သူ.အခါသူအချိန်နဲ. ရပ်တည်တာမှန်ခဲ့ပေမဲ့ တစ်ချို.အချက်တွေက ခုလက်ရှိအချိန်နဲ.မကိုက်ညီသလို ၊ ဆက်လက်ဆုပ်ကိုင်မထားသင့်ဖူးလို. ထင်မိပါတယ်၊ အဲ့ဒီ့အချိန်က ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေက အသက်တွေကြီး၊ တစ်ချို.ဆိုရင်သေဆုံးကုန်ပါပြီ၊ မဲထည့်ခဲ့တဲ့ သူတွေတောင် အသက်တော်တော်ကြီးလှပါပြီ၊ အဲဒီ့ မဲန်းဒိတ်ကြီးနဲ. ခုချိန်ထိ စွဲကိုင်ထားတာက တော့ မဟုတ်သေးပါဖူး၊ တော်လောက်ပါပြီ၊ ခုချိန်မှာ ပြည်သူထုအားလုံးကောင်းစားရေးအတွက် လုပ်သင့်လုပ်ထိုက်တာကို ဆက်လက် လုပ်ဆောင်ရပါလိမ့်မယ်၊ NLD ရွေးကောက်ပွဲမ၀င်ခဲ့တုန်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်၊ အဲဒီ့အချိန်မှာ နအဖ က NLD ပါတီကြီး ရွေးကောက်ပွဲမှာဝင်ပြိုင်တယ်ဆိုပြီး နိုင်ငံတကာမှာ အမှတ်ယူ၊ မဲခိုးနဲ. NLD ခွက်ခွက်လှန်အောင်ရှုံးပါလိမ့်မယ်၊ အဲ့ဒီ့တုန်းကမှန်ခဲ့ပေမဲ့ ခုချိန်မှာ မမှန်နိုင်တော့ပါဖူး၊ လုပ်သင့်တာ၊ ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်ဆောင်ရပါလိမ့်မယ်၊ ခုချိန်မှာ ပါတီထက် မြန်မာနိုင်ငံအများစုအဆင်ပြေရေး ကိုပဲစဉ်းစားရပါ့မယ်၊

ဒေါ်စုရွေးကောက်ပွဲဝင်ရင်တော့ ကြိုဆိုရပါလိမ့်မယ်၊ ရွေးကောက်ပွဲမှာနိုင်မှ လွှတ်တော်အမတ်အနေနဲ.တရားဝင်ဆွေးနွေးနိုင်ပါလိမ့်မယ်၊ အဲ့ဒါမှ ဒေါ်စုအနေနဲ. တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေကို တကယ်လုပ်ဆောင်နိုင်ပါလိမ့်မယ်၊ ပန်းချီပြပွဲသွား၊ ဟိုဖွင့်ပွဲ၊ ဒီဖွင့်ပွဲ သွားတာထက်စာရင် လွှတ်တော်မှာတရားဝင် ပါဝင်ဆွေးနွေးတာကမှ ပိုပြီးအနှစ်သာရ ရှိပါလိမ့်မယ်၊

ခုချိန်မှာ လက်ရှိအစိုးရက လည်း ဒေါ်စုမပါပဲ ရှေးကို သိပ်မတိုးနိုင်သလို ဒေါ်စုလည်းလက်ရှိအစိုးရ မပါပဲ လုပ်ချင်တိုင်းလုပ်လို.မရပါဖူး၊

အရေးတော်ပုံကြောင့်လူတွေက သွေးကြွနေချိန်၊ မဆလ ကိုအရမ်းမုန်းတဲ့ အခြေအနေကြောင့် ၈၈ မှာ NLD ကိုမဲထည့်ခဲ့ကြတာပါ၊ ခုချိန်မှာ အဲဒီ့နှုန်းကိုရဖို.က သိပ်မလွယ်ပါဖူး၊ ပြည်သူလူထုက လက်ရှိအစိုးရကို စိတ်ပျက်နေသလို ပါတီအဖွဲ.အစည်းတွေကိုလည်း စိတ်ပျက်နေပါတယ်၊

ဖွဲ.စည်းပုံကြီးက နအဖ အကြိုက်ရေးခဲ့တာဖြစ်ပါတယ်၊ အဲဒီ့ဖွဲ.စည်းပုံက ၁၉၉၃ က စလို. ၂၀၀၈ မတိုင်မှီလေးမှာ ပြီးခဲ့တာပါ၊ အဲဒါကိုမကြေနပ်လို. နောက်တစ်ခါ ၁၅ နှစ်ကြာအောင် ပြန်ရေးဆွဲကြဦးမှာလား၊ မတရားတဲ့အချက်တွေ၊ ဒီမိုကရက်တစ်နည်းမကျတဲ့ အချက်တွေကို ဖြေးဖြေးချင်းပြောင်းယူရပါလိမ့်မယ်၊

......

ABC said...

ဒေါက်တာလွဏ်းဆွေ အစရှိသော ပြည်ပက ဘလော့ဂါများသည် ဆန္ဒပြဖို.၊ လူထုတိုက်ပွဲတွေ ဖြစ်လာအောင် လှုံဆော်နေပါတယ်၊ တကယ့်တော့ မြန်မာပြည်သူတွေက မကြေနပ်၊ အဆင်မပြေတာရှိပေမဲ့လည်း ၈၈ တုန်းက ဆန္ဒပြပွဲအခြေအနေဖြစ်လာရန် အလွန်ပင်ခဲယှဉ်းပါလိမ့်မယ်၊ မြန်မာပြည်သူလူထုအခြေအနေဆိုတာကလည်း မြန်မာနိုင်ငံကို အမြဲတမ်းပြန်နေသူ၊ ပြည်တွင်းမှာနေတဲ့သူတွေသာအသိဆုံးဖြစ်ပါလိမ့်မယ်၊ အမှန်က ဖွဲ.စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီတကယ့်အနှစ်သာရအတိုင်းအုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ.ဥပဒေပြုရေးကို သုံးပွင့်ဆိုင် ထားရမှာဖြစ်ပေမဲ့လည်း တပ်ကိုပဲ လုပ်ချင်သလို လုပ်ခွင့်ပေးတာကတော့မှားပါတယ်၊ လောလောဆယ်အနေအထားမှာတော့ စစ်တပ်မှာ နအဖလက်ထက်မှာလို အာဏာ အပြည့်မရှိတော့ပါဖူး၊ သို.ပေမဲ့လည်း စစ်တပ်က တစ်ချို.နေရာတွေမှာ ပါနေတာကိုတော့ မနှစ်သက်ပေမဲ့လည်း လက်ခံရပါမယ်၊ ထိုင်း၊ အင်ဒိုနီးရှားနဲ. စင်ကာပူတို.မှာ ၀န်ကြီးပိုင်းမှာ စစ်တပ်က လူတွေ၊ ဒါမှမဟုတ် စစ်ဘက်အငြိမ်းစားတွေ ပါဝင်နေတာကိုတွေ.ရပါတယ်၊ အမေရိကန်၊ ယူကေတို.က ဒီမိုကရေစီနဲ.တော့ ချိန်ထိုးလို. မရနိုင်ပါဖူး၊ ဒီမိုကရက်တစ်အစိုးရသက်တမ်း ၂ကြိမ်ပြီးဆိုရင် ပါလီမန်မှာ စစ်တပ်ကပါဝင်မူ.၊ အုပ်ချုပ်ရေးပိုင်းတွေမှာ စစ်တပ်ကစွတ်ဖက်မူတွေက
တော်တော် နည်းပါးသွား မယ်လို.ယူဆရပါတယ်၊

ဘာပဲဖြစ်ဖြစ် နအဖ လက်ထက်က မလျော့တာတွေ လျော့ပေးလာတာတွေကို တွေ.ရပါတယ်၊ လောလောဆယ်မှာ လိုချင်တာ အရာရာတိုင်းတော့ ဘယ်ရနိုင်ပါ့မလဲ၊ အစိုးရနဲ. အတိုက်ခံတို. ပူးပေါင်းဆောင်ရွက်ကြရင် မြန်မာနိုင်ငံက အနာဂါတ်ရှိပါလိမ့်မယ်၊

ပညာရေး၊ ကျန်းမာရေး ၊ လူမူရေး အဖက်ဖက်က နိမ့်ကျနေတာတွေကို တော်တော်လုပ်ယူရပါလိမ့်မယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ.အစည်းများနဲ. တကယ့်စစ်မှန် ရိုးသားတဲ့စိတ်ဓါတ် ငြိမ်းချမ်းရေးကို ဆွေးနွေးရပါလိမ့်မယ်၊

လမ်းမပေါ်ကို လူထုတင်တဲ့အလုပ်ကို ပြည်ပကမလုပ်ကြပါနဲ.လားဗျာ၊ သူများဗိုက်ဌားပြီး ဓါးအထိုးခံတဲ့အပြုအမူတော့မလုပ်ကြပါနဲ.၊ အကုသိုလ်သိပ်ကြီးပါတယ်၊

ခုချိန်မှာ ဒေါ်စုနဲ. NLD ရွေးကောက်ပွဲဝင်၊တိုင်းပြည်ထူထောင်ရေးတွေကိုလုပ်တဲ့ အပိုင်းကို ထောက်ခံရပါ လိမ့်မယ်၊ စောင့်ကြည့်ရပါလိမ့်မယ်၊ သီးခံကြပါ၊ စိတ်ရှည်ကြပါ၊

PyiThuLuDu? said...

The comments from the original post in MoeMakha. See what's people's genuine voice.

ayetoe on November 8, 2011 at 2:24 pm

I understand that your comment has no solution. Have you ever been to road for demostration? Have you ever seen the inocent people being shot on the road?
If there is no possibility by engagement, we go out together to road demostration.
But, we should try by engagement first and it can get win-win solution.
Reply

thomas on November 9, 2011 at 9:52 am

I agreed too, they are media so they just shouting outside….they not die ……
sent from
[West Virginia IP address city: Hedgesville]
Reply

mgmg on November 9, 2011 at 7:37 am

ဒီကနေ လုထူလိုးလားချက်အမှန်အကန်က တိုင်းပြည်ကောင်းစားစေချင်တယ်။ ဒေါ်စုအဖွဲ့ကို ရွေးကော်ကပွဲဝင်ပီး တိုင်းပြည်ေ၇းရားတွေကို ဆွေးနွေးစေချင်ပါတယ်။ လုထူမလိုလားတာက ငြင်းခုံနေတာ။ အတိုက်ခံလုပ်နေတာပါ။ ပြီးတော့ လုထူးက ပြည်ကအော်နေတဲ့အသံကို နားမထောင်ချင်တော့ပါဘူး။ ဒါပါဘဲ ၇ိုး၇ိုးရှင်း၇ှင်းလေးပါ
[sent from [Colorado, USA IP address city: Littleton]
Reply

panchittu on November 9, 2011 at 3:57 pm

ကိုမောင်မောင်ပြောတာသဘာဝကြပါတယ်၊ရွေးကောက်ပွဲဝင်မှပဲထွက်ပေါက်တစ်ခုကိုရနိုင်လိမ့်မယ်လို့ယုံကြည်တယ်၊ကျနော်ပြောတဲ့ထွက်ပေါက်ဆိုတာက NLD ရဲ့ထွက်ပေါက်မဟုတ်ပါဘူး၊နိုင်ငံရေး၊စီးပွားရေး၊စသည်ဖြင့်ပေါ့ဗျာ၊ရွေးကောက်ပွဲမဝင်ပဲနဲ့ဒီအတိုင်းငုတ်တုတ်ကြီးနေမဲ့အစား၊အခြေအနေကောင်းတွေကိုဆုတ်ကိုင်ပြီးလက်ရှိအစိုးရနဲ့လက်တွဲဆောင်ရွက်တာကအကောင်းဆုံးအခြေအနေပါပဲ၊တပ်စကားနဲ့ပြောရရင်ထွက်တိုက်တာပဲ၊ဒါပေမဲ့ကျနော်တို့အားလုံးကနိုင်ငံရေးသတိတော့ထားရမယ်၊အန်တီစုကလဲအချဉ်တော့မဟုတ်ဖူး၊သူလုပ်ခဲ့တာတွေပြန်ကြည့်ရင်မြင်နိုင်ကြမှာပါ။
Reply

မနု on November 9, 2011 at 12:40 pm

မှတ်ပုံမတင်ဘူးဆိုရင်တော့ အမျိုးသားပြည်သူလူထုတရပ်လုံးရဲ့ ဘ၀လွတ်မြောက်ရေးအတွက် ပြည်သူလူထုရဲ့ သဘောဆန္ဒ လိုလားချက်နဲ့အညီ ရွှေဂုံတိုင်မူကို ဆက်လက်ဆုပ်ကိုင်ပြီး လူထုတရပ်လုံးရှေ့ကနေ မားမားမတ်မတ် ရပ်တည်ဦးဆောင်သွားဖို့သာ ရှိပါတယ်။ မဲဆန္ဒရှင်ပြည်သူတရပ်လုံးက အူလှိုက်သည်းလှိုက် ၀မ်းပမ်းတသာ ၀ိုင်းဝန်းကြိုဆို ထောက်ခံကြမှာ မလွဲဧကန်ပါပဲ။

မဲဆန္ဒရှင်ပြည်သူတရပ်လုံး ဆိုတာ ဘယ်လိုကိုယ်စားပြုသလဲ။ အဲဒီပြည်သူတရပ်လုံးနဲ့ ဘဲ ၂၀၁၀ ရွေးကောက်ပွဲလုပ်ခဲ့တာမဟုတ်လား။ ဒါနဲ့ ဘဲ ၂၀၁၀ ရွေးကောက်ပွဲရလာဒ်ဆိုတာ ပေါ်လာတာမဟုတ်လား။
၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကိုဘဲ ဆုပ်ကိုင်ထားပြီး ဘာဆက်လုပ်ကြမလဲ။ နည်းစနစ်ဆိုတာ အချိန်တန်လို့  ပြောင်းလဲသင့်ရင် ပြောင်းလဲရမှာဘဲလေ။ လက်ရှိအခြေနေမှန်ကို လက်သင့်ခံရမှာဘဲ။ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ဆုပ်ကိုင်ပြီး ဘေးထွက်ထိုင်ပြီးဘာဆက်လုပ်မလဲ။ အခြေအနေအပေါ်မူတည်ပြီး ပြည်သူတွေအတွက်အကောင်းဆုံး အသင့်တော်ဆုံး ဆုံးဖြတ်ချက်ချမှတ်နိုင်လိမ့်မယ်လို့  ဒေါ်အောင်ဆန်းစုကြည်ကို အကြွင်းမဲ့ယုံကြည်ပါတယ်။ ဘာကြောင့်အကြွင်းမဲ့ယုံသလဲဆိုတော့ သူ့ ရဲ့ စေတနာတွေကို ရင်နဲ့ ခံစားပြီး မျက်စိနဲ့ တွေ့ မြင်နေရလို့ လေ။
နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဘဲ ဖြေရှင်းကြရမယ်။ ဒေါ်စုရွေးကောက်ပွဲထပ်ဝင်ပြီး အပြတ်အသတ်ထပ်နိုင်ရင် သူတို့ ဘယ်လိုမှ ထပ်ငြင်းလို့  မရနိုင်တော့ဘူး။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံ ဥပဒေကတော့ တဖြည်းဖြည်းနဲ့  ပြင်ယူရမှာဘဲပေါ့။
အင်ဒိုနီးရှားလဲ အစက စစ်တပ် တမတ်သား လွှတ်တော်နဲ့ ဘဲ စခဲ့ရတယ်လေ။
Reply
blue flower on November 9, 2011 at 2:06 pm

YES, Totally agree.
Dear NLD-
Please take time to decide to register.
My idea is NO Need to register again.
DON’T DANCE WITH THE ENEMY’S TUNE.
Try first to release of all political prisoners.
Try first to stop fighting.
We will stand together with you forever.
Reply
tzm on November 9, 2011 at 8:09 pm

ပြည်သူတွေ ခုလိုအပ်နေတာက မဖြစ်နိုင်တော့တဲ့ ၁၉၉၀ရွေးကောက်ပွဲရလဒ် မဟုတ်ပါဘူး။
နိုင်ငံအတွက် အရည်အချင်းပြည့်ဝပြီး တကယ်စေတနာရှိတဲ့ ခေါင်းဆောင်ကောင်းတွေပါ။
၁၉၉၀ရွေးကောက်ပွဲရလဒ်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ဆိုရင် နောင်ရွေးကောက်ပွဲတွေမှာ ၁၉၉၀ရွေးကောက်ပွဲရလဒ် မပျောက်ပျက်သေးဘူးဆိုတာ ပြည်သူတွေကပြဖို့ပါပဲ။
Reply
zya on November 10, 2011 at 12:38 pm

Yes, I also agree. Since there are some sign of change, NLD can participate in parliament and try to table the important motions. If motions are not passed, then NLD can always boycott the parliament as like National Convention. Sitting and shouting outside parliament cannot make any difference. We have no time to waste

Anonymous said...

I really don't know why you guys keep on talking about "1990 result". I mean, junta is worst and the result shouldn't have been ruined. But remember, now there are tons of people who were under 18 at that time. The result may change. I prefer to have a fairer election rather than taking 1990 result back. It's not fair to those who were under 18 at that time!

Anonymous said...

NLD land slide winning based on DASSK performance and speech.
Do you think NLD can rule/control current Myanmar situation? I don't think in 1990 year also.
I recommended NLD to registar and go for election. It will give more chance for civilian in Nyi-la-gan meeting.NLD can voice out in meeting.
DASSK is in 65 years old now and we need to give way to her to step on the stage.You will never get such type of HERO quality leader within a few year.She is a very tough lady so army will not rule out her voice.
Bear in mind after Bo Gyoke Aun San, I did find any HERO quality man in Myanmar history. All are followers and to gain the benefit for themself. In the result, the country situation is no face in Politic and Economic status.
Current, Mynamar economic is lower than a big company like General Electic, Samsung, Esson Mobile....
Those companies employees number are 100000 to 300000 people.But Myanamr is 50 millions people are useless at all.
Please do not look at past crazy without direction and visibility agreement/ results.
The best is how to move forwards for all in win-win sitaution.

ABC said...

ကွန်မန်.က တင်ပြီးခဏ အကြာမှာ ပျောက်သွားလို. ထပ်တင်လိုက်ပါတယ်၊

ရွှေဂုံတိုင်ကြေညာချက်က သူ.အခါသူအချိန်နဲ. ရပ်တည်တာမှန်ခဲ့ပေမဲ့ တစ်ချို.အချက်တွေက ခုလက်ရှိအချိန်နဲ.မကိုက်ညီသလို ၊ ဆက်လက်ဆုပ်ကိုင်မထားသင့်ဖူးလို. ထင်မိပါတယ်၊ တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေက အသက်တွေကြီး၊ တစ်ချို.ဆိုရင်သေဆုံးကုန်ပါပြီ၊ မဲထည့်ခဲ့တဲ့ သူတွေတောင် အသက်တော်တော် ကြီးလှပါပြီ၊ အဲဒီ့ မဲန်းဒိတ်ကြီးနဲ. ခုချိန်ထိ စွဲကိုင်ထားတာကတော့ မဟုတ်သေးပါဖူး၊ တော်လောက်ပါပြီ၊ ခုချိန်မှာ ပြည်သူထုအားလုံးကောင်းစားရေးအတွက် လုပ်သင့်လုပ်ထိုက်တာကို ဆက်လက် လုပ်ဆောင်ရပါလိမ့်မယ်၊ NLD ရွေးကောက်ပွဲမ၀င်ခဲ့တုန်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်၊ အဲဒီ့အချိန်မှာ နအဖ က NLD ပါတီကြီး ရွေးကောက်ပွဲမှာဝင်ပြိုင်တယ်ဆိုပြီး နိုင်ငံတကာမှာ အမှတ်ယူ၊ မဲခိုးနဲ. NLD ခွက်ခွက်လှန်အောင်ရှုံးပါလိမ့်မယ်၊ အဲ့ဒီ့တုန်းကမှန်ခဲ့ပေမဲ့ ခုချိန်မှာ မမှန်နိုင်တော့ပါဖူး၊ လုပ်သင့်တာ၊ ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်ဆောင်ရပါလိမ့်မယ်၊ ခုချိန်မှာ ပါတီထက် မြန်မာနိုင်ငံအများစုအဆင်ပြေရေး ကိုပဲစဉ်းစားရပါ့မယ်၊

ဒေါ်စုရွေးကောက်ပွဲဝင်ရင်တော့ ကြိုဆိုရပါလိမ့်မယ်၊ ရွေးကောက်ပွဲမှာနိုင်မှ လွှတ်တော်အမတ်အနေနဲ.တရားဝင်ဆွေးနွေးနိုင်ပါလိမ့်မယ်၊ အဲ့ဒါမှ ဒေါ်စုအနေနဲ. တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေကို တကယ်လုပ်ဆောင်နိုင်ပါလိမ့်မယ်၊ ပန်းချီပြပွဲသွား၊ ဟိုဖွင့်ပွဲ၊ ဒီဖွင့်ပွဲ သွားတာထက်စာရင် လွှတ်တော်မှာတရားဝင် ပါဝင်ဆွေးနွေးတာကမှ ပိုပြီးအနှစ်သာရ ရှိပါလိမ့်မယ်၊

ABC said...

ခုချိန်မှာ လက်ရှိအစိုးရက လည်း ဒေါ်စုမပါပဲ ရှေးကို သိပ်မတိုးနိုင်သလို ဒေါ်စုလည်းလက်ရှိအစိုးရ မပါပဲ လုပ်ချင်တိုင်းလုပ်လို.မရပါဖူး၊

အရေးတော်ပုံကြောင့်လူတွေက သွေးကြွနေချိန်၊ မဆလ ကိုအရမ်းမုန်းတဲ့ အခြေအနေကြောင့် ၈၈ မှာ NLD ကိုမဲထည့်ခဲ့ကြတာပါ၊ ခုချိန်မှာ အဲဒီ့နှုန်းကိုရဖို.က သိပ်မလွယ်ပါဖူး၊ ပြည်သူလူထုက လက်ရှိအစိုးရကို စိတ်ပျက်နေသလို ပါတီအဖွဲ.အစည်းတွေကိုလည်း စိတ်ပျက်နေပါတယ်၊

လောလောဆယ် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဘေးဖယ်ထားလိုက်ရင်ကောင်းပါလိမ့်မယ်၊ ၂၁ နှစ်ကျော်တဲ့ ရလဒ်ကို အသက်ပြန်သွင်းလို.မလွယ်တော့ပါဖူး၊ နိုင်ငံတကာကလည်း မထောက်ခံနိုင်တော့ပါဖူး၊ ဖွဲ.စည်းပုံကြီးက နအဖ အကြိုက်ရေးခဲ့တာဖြစ်ပါတယ်၊ အဲဒီ့ဖွဲ.စည်းပုံက ၁၉၉၃ က စလို. ၂၀၀၈ မှာ ပြီးခဲ့တာပါ၊ အဲဒါကိုမကြေနပ်လို. နောက်တစ်ခါ ၁၅ နှစ်ကြာအောင် ပြန်ရေးဆွဲကြဦးမှာလား၊ မတရားတဲ့အချက်တွေ၊ ဒီမိုကရက်တစ် နည်းမကျတဲ့အချက်တွေကို ဖြေးဖြေးချင်းပြောင်းယူရပါလိမ့်မယ်၊

Anonymous said...

Prove yourself that your are not so-called "air-con expert", who post their misguided opinion to internet from your comfortable air-conditioned room without realizing how hard others are trying for the betterment of their life under the reality, under the hot Sun.

Instead of criticizing others, why don't u propose a complete solution to current problems and boost the PPP to match that of Malaysia. If your solution is creditable and implementable, the whole population will be so grateful to you and you will become the Architect of First World Myanmar!!!

If not ,you should shut your mouth up and observer others doing something good for the country.

ကိုကိုမောင် said...

လက်တွေ့မကျတဲ့ သီအိုရီတွေနဲ့ ကိုင်ကိုင်ပေါက်ပြီးစကားမပြောကြပါနဲ့ ဈေးရောင်းဈေးဝယ်လုပ်သလို ဟိုနေ့ကဝယ်မယ်ပြောပြီး ဒီနေ့မဝယ်လို့ဆိုပြီး ပူညံပူညံလုပ်နေသလိုပဲ ရွေဂုံတိုင်မူကဆက်လျောက်ရမယ် အော်မနေပါနဲ့ အစကတည်းက ဘာမှလုပ်လို့မရတဲ့မူကြီး အဲဒီမူကြောင့် ကြံ့ဖွတ်တွေလွတ်တော်ပေါ်ထိုင်နေတာ ဟိုကအေးဆေးပဲ NLD သာ ဖျက်သိမ်းရတော့မလိုလိုနဲ့ လူထုကို တောင်းပန်စကားတွေဆိုလို့ဆို လူတွေခွဲထွက်လို့ထွက်နဲ့ ကိုယ့်ဟာကိုယ် ထုတ်ပြန်ပြီး ဘာဆက်လုပ်ရမှန်းလဲမသိပဲနဲ့ ၊ ရွေးကောက်ပွဲမဝင်ရင် လူထုကြီးက ဝမ်းမြောက်နေမယ်ထင်လား စစ်အစိုးရကရောတုန်လှုပ်ခြောက်ခြားနေမယ်ထင် လို့လား၊ ၄၈ကအခြေအနေတွေပြန်သုံးသပ်ကြည့်ရင်သိမှာပါ သီအိုရီသမားတွေနဲ့ လက်တွေ့သမားတွေ ညှိမရတော့ဘယ်သူတွေအမြတ်ထွက်ခဲ့လဲ စစ်တပ်ပဲအမြတ်ထွက်ခဲ့တယ် ကံကောင်းလို့တရုတ်ဖြူလက်မရောက်ခဲ့တယ်၊ သီပေါလက်ထက်တုန်းကလဲ အပြင်ရန်ကိုမမြင်နိုင် အတွင်းမှာပဲချနေကြတယ် ခုလဲတရုတ်က ဝင်လာပြီးမင်းတို့အမျိုးတွေဖင်ပါချတော့မယ် နိုင်ငံခြားကနေပြီး သီအိုရီတွေနဲ့ စကားပြောမနေနဲ့ အခုအလျော့ပေးလိုက်တယ်နေဝင်းမောင်တို့နောက်လိုက်တယ် ဘာဖြစ်လဲ လှုပ်ခွင့်ရတယ် ပြောခွင့်ရတယ် အရင်က ဒီမိုကရေစီအကြောင်းလူတွေသိအောင်UGဘဝနဲ့ စည်းရုံးရတယ်ခုဗြောင်ပြောလို့ရပြီ ဘယ်ဟာပိုမြန်သလဲ လူတွေရဲ့အသိမှာ အာဏာရှင်စရိုက်တွေစွဲနေတုန်း ဒါတွေပျောက်အောင် မြန်မြန်လုပ်နိုင်လေ သူတို့အသိတိုးလေ ဒီမိုပန်းတိုင်မြန်မြန်ရောက်လေပဲ စစ်တပ်ကဒီနေ့ဆင်းသွားရုံနဲ့ ပန်းတိုင်မရောက်ဘူးဗျ လူတွေလက်ခံကျင့်သုံးမှုများလေ ပန်းတိုင်ရောက်လေပဲ အမေရိကားအားကျမနေနဲ့ သူတို့ကနှစ်ရာချီနေပြီ စာနယ်ဇင်းတွေ အခုရေးနေတယ် ပြောကောင်းနေကြတယ် ဒါကောင်းတာပဲ စစ်တပ်ကြီးကို လက်ညှိုးထိုးမနေကြနဲ့ ရတာအရင်ယူ မြန်မြန်ဆန်ဆန်လုပ် နိုင်ငံရေးမှာ ထာဝရမိတ်ဆွေ ထာဝရရန်သူမရှိဘူးဗျ အကျိုးရှိမယ် ပြည်သူအတွက်လုပ်ပေးနိုင်မယ်ဆိုရင် တော်ပြီ တမတ်သားတွေနဲ့ကြံ့ဖွံ့တွေကိုခုမေးကြည့် ဦးသိန်းညွန့်ကြီးအဆိုတွေတင်နေတာကို ပါးစပ်အဟောင်းသားနဲ့နားထောင်ပြီး သဘောကျနေကြတယ် သူတို့မှဒါတွေမသိတာ တဖြည်းဖြည်းဒီမိုဘက်တော်သားတွေဝင်လာပြီး အင်အားများလာရင် သူတို့နောက်ဆုတ်သွားမှာပဲ ကိုယ့်အင်အားများဘို့လုပ်ရမယ်

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs