“ပြောင်းမှ ပြောင်း”

Share |

မိုးလေဝသ
အစိုးမရပေမယ့်
ဖြစ်သမျှအကြောင်း
အကောင်းချည်းပဲမို့
ပြောင်းလုပ်တော့မလို့တဲ့….။

ပြောင်းအမျိုးမျိုး….
ပဲအမျိုးမျိုး…
ဆေးအမျိုးမျိုး…
တနှစ်တမျိုး မရိုးစေရ။

ဒါပေါ့လေ….
နှံစားချိန် နှံစား။ (နှံစားပြောင်း = နွားကျွေးရသည့် ပြောင်းတမျိုး)
ပြောင်းချိန် ပြောင်းရမှာပေါ့။

ပြောင်းစေ့ချင်ရင် ဘယ်လိုလုပ်ရမလဲ…တဲ့။
လွယ်ပါတယ်ဗျာ။
ပြောင်းစေ့တွေ ပြည်တောင်းထဲထည့်ပြီး
နည်းလမ်းတကျ ချင်တွယ်လိုက်ပေါ့။

ပြောင်းချိန်ဆိုပြီး
ပြောင်းရွက်လိုသူများ
ပြောင်းရိုးလားကွာ…
ပြောင်းနှံလားကွာ…
ပြောင်းဖူးလားကွာ…
သေသေချာချာ လိုတာစဉ်းစား။
ပြောင်းရွက်လိုတယ်ပြောပြီး
ပြောင်းနှံဆိုရင်တော့
ပေါင်းလန်အောင်လာပေးလည်း
ဗြောင်းဆန်အောင်သာ ငြင်းလိုက်ပါ။

တချို့ကလည်း
ပြောင်းဖူးဆိုမှ ပြောင်းဖူး။
ပြောင်းဖူးချင်းတူရင်တောင်
ပြုတ်ဖူးမှ ပြုတ်ဖူးလေကွာ…တဲ့။

ထားပါလေ…ဒါက တကဏ္ဍ။

“ပြောင်းလဲမယ့်အခြေ” ကနေ
“ပြေးလဲမယ့်အချောင်” ဖြစ်မှာစိုး။

“အပြုသဘောဆောင်”ရင်းနဲ့
“အပြောင်သဘောဆု”တွေနောက်ကို လိုက်မိမှာစိုး။

အချိန်တန်ရင် နပိန်ကန်မတဲ့။ (နပိန် = နွားပိန်)
အချိန်တန်တဲ့အခါ
နပိန်မှာ ကန်ဖို့ ခွန်အား မကျန်မှာစိုး။

“မျှော်တလင့်လင့်” ဆိုတဲ့ ဝေါဟာရအစ
ရွှေဥဒေါင်းက….တဲ့။
ဒါဆို “ခဏကြီး” အစ
လူထုစိန်ဝင်းက… ပေါ့။

ခဏကြီးနဲ့ ခဏလေးတို့ရယ်
ဖြေးဖြေးကွယ့်ဖြေးဖြေး။

ဝတ်ပြုဆုတောင်းတာတောင်
လူယဉ်ကျေးတို့လုပ်ရပ်မဟုတ်ဘူးရယ်လို့
ကလော်အတုပ်ခံရတဲ့ ခေတ်ဆွေးခေတ်ပျက်ကြီးထဲ
နားရွက်ကလေးမျှတောင်
မလှုပ်ဝံ့အောင်ပါပဲလားနော်။

နော်အုန်းလှတို့ စိတ်ထဲမှာတော့….
ပြည်သူ့လွှတ်တော်….
ဖမ်းထားတဲ့ ပြည်သူတွေကို လွှတ်ပေးပါတော်…။
အမျိုးသားလွှတ်တော်
ဖမ်းထားတဲ့ အမျိုးသား(အမျိုးသမီး)တွေကို လွှတ်ပေးပါတော်….။
အဲသလို တကြော်ကြော် အော်နေမလားမသိ။

ဓါးစားခံလွတ်မြောက်ရေးအတွက်
တန်ဘိုးကြီးပေး ပြန်ရွေးယူရတာများ
ပြန်ပေးသမားကို ကျေးဇူးတင်သူတွေ ရှိသေးသဟ။
အို… အသင်လောက။
ကတညုတ တရားတွေ
ဘုန်းပေါလအော ပေါများလှချေတကား။

အပစ်အခတ် ရပ်စဲရေးလား
ပျစ်ပျစ်နှစ်နှစ် ရပ် ဆဲရေး လား။
အခုပဲ ရပ်လိုက်၊ အခုပဲ ပစ်လိုက်၊ အခုပဲ ဆဲလိုက်
အဲဒါတွေကို မယုံဘူးဟေ့။

ရာဇဝင်များရဲ့သတို့သမီးကို
အိမ်နီးချင်းက မုဒိန်းကျင့်တဲ့ကိစ္စမှာ
“ငါသာအမိ၊ ငါသာအဖ” ဆိုသူတွေက
ငွေစမျက်နှာ ထောက်ထားပြီး
တဟီးဟီးနဲ့ ခွင့်ပြုခဲ့သမျှ
မရှူနိုင်မကယ်နိုင်ဖြစ်လာမှ
ခဏလောက်တော့ နားထားမယ်နော်တဲ့….
သြော်…တော်တော်လည်းကျလောက်တဲ့ ဖအေ။

ဖအေလား၊ ပထွေးလား
မင်းသားလား၊ လူကြမ်းလား
သူတော်စင်လား၊ ဂုံးရုပ်လား…..။
၂၃ နှစ်လုံးလုံး
အမိုက်ဖုံးခဲ့တဲ့ သူယုတ်မာက
တခဏအတွင်း
ချက်ချင်းပြောင်းချင်တယ်ဆိုရုံမျှနဲ့
အကောင်းမြင်ဝါဒကိုကိုင်စွဲ
ရဲရဲကြီးယုံလိုက်ကြပြန်တယ်။

တကယ်ပြောင်းမှ
သူတော်ကောင်းမှတ်ပါကွယ်ရို့။
ဖွတ်ထွက်မှ တောင်ပို့မှန်းသိကြရင်
ကျောချမှ ဓားပြမှန်းသိကြရင်
အမှတ်မရှိတဲ့ မိအေးလို
တွေးတွေးပြီး နာကြရပါလိမ့်ဦးမယ်။

သတိတမံ ဉာဏ်မြေကတုတ်နဲ့
လူရှုပ်တွေရဲ့ အရူးလုပ်ခံရခြင်းကို
ရှောင်ကွင်းနိုင်ကြပါစေသော်။

ကိုပေါ
၎ အောက်တိုဘာ ၂၀၁၁။

14 comments:

စိုးထွန်း said...

ကဗျာတွေကို သိပ်စိတ်မ၀င်စားပေမယ့် ဒီကဗျာလေးကိုတော့ သဘောကျသား။

ပြောင်းချိန် ...
ပြောင်းရွက် ...
ပြောင်းရိုး ...
ပြောင်းနှံ ...
ပြောင်းဖူး ... (အဲ့င်္ဒီမှား ပေါက်ကျန်ခဲ့တယ်)

ပြုတ်ဖူး ... ဟီးဟီး

“မျှော်တလင့်လင့်” ...

“ခဏကြီး” ...

အာလုံး ထိထိမိမိနဲ့ လှပတဲ့ ကဗျာပါပဲ။

သရော်စာပေမယ့် သဘောကျတယ်။

ကိုပေါ said...

ဝစ္စပေါက်ကျန်ခဲ့တာ ဖြည့်လိုက်ပါပြီ။ ထောက်ပြတဲ့အတွက် ကျေးဇူးပါ ကိုစိုးထွန်း....။

စိုးထွန်း said...

ရပါတယ် ကိုပေါ။

ပြောင်းနှံချိန်ရောက်ရင် လက်တို့လိုက်နော်။

လောလောဆယ်တော့ ပြောင်းခံချိန်ပဲ ဖြစ်နေတယ်။ (ပြောင်းခံနဲ့ ပတ်သက်တာ ရှိမရှိ မသိဘူး။)

ကိုပေါ said...

ကိုစိုးထွန်း...

အဲဒီ ဝေါဟာရတော့ ကျနော်မသိဘူး။ ဒါပေမယ့် ဆရာအောင်သင်းကတော့ ပြောဖူးတယ်။ အရင်က အညာဖက်မှာ ကြပ်တည်းလွန်းတော့ ဆန်ဈေးကြီးပြီး ထမင်းနပ်မှန်အောင်မစားရဘူး။ ပြောင်းဆန်ခုပြီး စားရတယ်လို့ဆိုတာ။ ပြောင်းဆန်က အရမ်းကြမ်းသတဲ့။ ဆရာအောင်သင်းက ပြောင်းဆန်ကြမ်းပုံကို စာချိုးလေးနဲ့တောင် ရွတ်ပြလိုက်သေး။

“ရိုးတံကသွယ်သွယ်
ဘယ်ညာကွဲ့ ညွတ်ပြောင်း။

စားလိုက်ရင် အာခေါင်ပဲ့တယ်
-င်ချဲ့တဲ့ပြောင်း”..........တဲ့။း-)

Anonymous said...

Singapore PR U Paw,

You should read it and compare with your Singapore laws.

http://www.bbc.co.uk/burmese/burma/2011/10/111003_freedom_act.shtml

Anonymous said...

အာရပ်လှိုင်းအားကျ
အစိုးမြင် လူဝများအား ဆန်ကျင့်ကြ
း-)

ကိုပေါ said...

Anonymous,
Thanks for sharing the bbc news. I appreciate the introduction of such law.
စင်္ကာပူမှာလည်း အလားတူပဲ၊ ဆန္ဒပြချင်ရင် ရဲဆီမှာ ခွင့်ပြုမိန့် ယူရတာမျိုး ရှိပါတယ်။ စပီကာကော်နာ မဖွင့်မီက အတိုက်အခံဖက်က ဆန္ဒပြခွင့် လျှောက်ထားတိုင်း ရဲက တည်ငြိမ်မှုအကြောင်းပြကာ အစဉ်လိုလို ပယ်ချခဲ့တယ်ဆိုတဲ့အချက်ကိုလည်း သတိပြုမိပါတယ်။

Anonymous said...

Anonymous said...
အာရပ်လှိုင်းအားကျ
အစိုးမြင် လူဝများအား ဆန်ကျင့်ကြ
း-)

ဘယ်ကအာရပ်ကိုအားကျနေတာလဲ ကိုအနောနီးမတ် ၊ မြန်မာတွေကအာရပ်လိုမဟုတ်ဘူး လားလားမှကိုမတူဘူး မနှိုင်းစမ်းပါနဲ့ဗျာ မြန်မာပြည် ကိုစစ်တလင်းပြန်ဖြစ်စေချင်တာလား၊ ဒါမှခင်ဗျားတို့လွတ်လွတ်လပ်လပ်ဝင်ပီးလုပ်ချင်တာလုပ်လို့ရမှာမို့လား၊ ဝေးပါသေးတယ်ဗျာ။

Anonymous said...

ဒါကြောင့် .. "အာရပ်လှိုင်းအားကျ အဆိုးမြင်လူဝ များအား ဆန့် ကျင်ကြ" လို့ ရေးထားတာပေါ့ဗျာ..
.. ထောက်ခံကြလို့ မရေးပါဘူး။

စိုးထွန်း said...

အဲ့ဒီဟာကို ရက်အနည်းငယ်လောက်က ဖတ်ရပါတယ်။ ကန့်သတ်ချက်တွေတော့ ပါတာပေါ့။ အကောင်းဖက်က ကြည့်ရင်တော့ လုံးဝခွင့်မပြုတာထက်စာရင် မဆိုးပါဘူး။ ဟန်ပြသဘော မဟုတ်ပဲ အပြုသဘောဆောင်တဲ့ ခွင့်ပြုမိန့် ဆိုရင်တော့ ပိုကောင်းတာပေါ့။

ဒါပေမယ့် အလျင်စလို ဆန္ဒပြရမယ့် အခြေအနေမျိုးအတွက်တော့ (၇)ရက် ကြိုတင်ရမှာဆိုတော့ သိပ်မကိုက်ဘူး။

တစ်ဖြည်းဖြည်း ပိုပြီး ကန့်သတ်ချက်နည်းတဲ့ ဆန္ဒပြခွင့်တွေ ရလာနိုင်ဖို့ မျှော်မှန်းတာပဲ။

Anonymous said...

I do not think Arab Springs can
happen in Burma. Not Facebook
youth but "Muslim Brotherhood (MB)" or Salafists made Arab Springs occured. See below.

'However, the lesson from Egypt, Tunisia, and Libya is that this generation does not possess the political networks or clout to mobilize the masses after the overthrow of a regime--the revolutionary booty almost always goes to Islamist and salafist movements, at least for now.'

http://www.theatlantic.com/international/archive/2011/10/is-the-us-best-off-sticking-with-syrias-assad/246117/

Anonymous said...

ဒေါ်စု စေတနာကို ကြည့်တတ် မြင်တတ်ရင်ကျေးဇူးတင်မှာပါ
http://www.mizzimaburmese.com/edop/songpa/8433-2011-10-05-07-52-27.html

Bino said...

A nice pragmatic poem.
It is so nice, so clear, so simple.

BINO

Anonymous said...

ီနှံစားပြောင်း=နွားကျွေးသည့် ပြောင်းတမျိုးတဲ့။ တော်တော် ရက်စက်တဲ့ သူဌေးပဲဗျာ။ ကျုပ်တို့ အညာမှာ လူစားရတာဗျ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs