တနင်္ဂနွေနေ့မှာ လစ်တဲလ်အိန္ဒိယ (Little India) ကို သွားတဲ့ ဘတ်စ်ကားပေါ်မှာ ဖြစ်ပါတယ်။ ကားပေါ်ကို ကျနော်တက်လိုက်တဲ့အချိန်မှာ တကားလုံး လူပြည့်သလောက်ရှိနေပါပြီ။ လူဖြူမိန်းမတယောက်ရယ်၊ ကျနော်ရယ်၊ ကျန်တဲ့ အယောက် ၈၀ လောက်က အိန္ဒိယလူမျိုးတွေနဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားတွေ။ နောက်မှတ်တိုင်တခုရောက်တော့ လူတွေ ထပ်တက်လာကြပြန်တယ်။ ကားရှေ့ပိုင်းမှာ လူတွေ ကြပ်ညှပ်တိုးဝှေ့နေတာကို မခံလိုတဲ့အတွက် ဘတ်စ်ကားရဲ့ အလယ်ဘက်ဆီကို ကျနော်အတတ်နိုင်ဆုံး ကြိုးစားပြီး နေရာရွှေ့ပါတယ်။ တတိတိနဲ့ ရွှေ့လာလိုက်တာ သုံးလေးမှတ်တိုင်လောက်အရောက်မှာ ကားအလယ်ပိုင်းကို ကျနော် အောင်မြင်စွာရောက်ရှိသွားပါတော့တယ်။
အဲဒီအချိန်မှာတော့ နောက်ထပ် ပါစင်ဂျာတွေ ထပ်တက်လို့မရအောင် ကားတစင်းလုံး ပြည့်သိပ်နေပါပြီ။ မှတ်တိုင်မှာ ဆင်းတဲ့လူလည်း မရှိတော့ဘူး။ အားလုံးက လစ်တဲလ်အိန္ဒိယကိုပဲ သွားမယ့်လူတွေချည်း။ ဒရိုင်ဘာက မြောက်ပိုင်းသံဝဲတဲ့ တရုတ်ဘာသာနဲ့ “ကျေးဇူးပြုပြီး အထဲကို တိုးပေးကြပါ” လို့ ခဏခဏ လှမ်းအော်ရှာတယ်။ အားဟား.... ဒီပုဂ္ဂိုလ်ဟာ တရုတ်ပြည်မကြီးကနေ မကြာခင်ကမှ အသစ်ခေါ်ခန့်ထားခံရတဲ့ လူသစ်ပဲဖြစ်ရမယ် လို့ ကျနော့်ဘာသာ တီးတိုးရေရွတ်မိပါတယ်။ သူ့ရဲ့ တောင်းပန်တိုးလျှိုးမှု အရာမထင်တာဟာလည်း ဘာမှ အံ့သြစရာတော့ မရှိပါဘူး။ ဒီကားပေါ်မှာ သူပြောတဲ့ တရုတ်စကားကို ကျနော်ကလွဲလို့ တခြား ဘယ်ခရီးသည်က နားလည်နိုင်မှာ မို့လို့လဲ။
ဒါပေမယ့် အတွင်းဘက်ကို ရွှေ့မပေးလိုခြင်းရဲ့ တခြားအကြောင်းရင်းတခုကလည်း ရှိသေးတယ်။ နိုင်ငံခြားသားအလုပ်သမားတွေပါတဲ့ ဘတ်စကားတစင်းမှာ မရှိဘူးဆိုရင် အနည်းဆုံး ၁၀-၂၀ ရာခိုင်နှုန်းလောက်က စင်္ကာပူကို မကြာခင်ကမှ ရောက်လာကြတဲ့ လူသစ်တွေ ဖြစ်နေတတ်တယ်။ ကျနော်တောင် သူတို့ကို ခွဲခြားပြနိုင်တယ်။ သူတို့ဟာ ဘတ်စ်ကားရှေ့ပိုင်းမှာ ကျောက်ချရပ်နေကြပြီး ကားဘယ်ကို ဦးတည်မောင်းနေသလဲဆိုတာကို မျက်ခြေမပြတ် ကြည့်နေကြတယ်။ သူတို့အနေနဲ့ လမ်းကြောင်း မှတ်မိဖို့ လိုတယ်လေ။ ဒရိုင်ဘာပြောတဲ့ ဘာသာစကားကို သူတို့နားလည်ရင်တောင် အထဲကို ရွှေ့ပေးမယ့်ပုံ လုံးလုံးမပေါ်ဘူး။
နယူတန် အဝိုင်းနားကို ရောက်လာတော့ ကားမှတ်တိုင်မှာ ခရီးသည်တချို့က ကားကို တားတယ်။ လူပြည့်နေတဲ့အတွက် ရှေ့ဝင်ပေါက်ကို ဒရိုင်ဘာက ခဲရာခဲဆစ် ဖွင့်ပေးရတယ်။ ဒါပေမယ့်လည်း ကားပေါ်ကို လူထပ်တက်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်တော့ဘူး။ နောက်ဖက် ထွက်ပေါက်အနီး ကျနော်ရပ်နေတဲ့နေရာကနေ လှမ်းကြည့်ရင် လူတွေ ဘယ်လောက်များများ ကားပေါ်ကို တက်ဖို့ ကြိုးစားနေကြသလဲဆိုတာ မမြင်ရဘူး။ ကျနော့်ရဲ့မြင်ကွင်းကလည်း ဘေးပတ်ပတ်လည် တတောင်လောက်အထိပဲ ဘောင်ခတ်ခံထားရသလို ဖြစ်နေရတယ်။
ခဏနေတော့ ဒရိုင်ဘာက နောက်ပေါက်တံခါးကို ဖွင့်ပေးလိုက်ပြီး ကားအောက်က ခရီးသည်တွေကို နောက်ပေါက်က တက်ကြဖို့ အော်ပြောလိုက်တယ်။
လူနှစ်ယောက်တက်လာပြီး ကျနော့်ရှေ့မှာ တိုးဝှေ့နေရာယူလိုက်ကြတယ်။ နှစ်ယောက်စလုံး တရုတ်ပြည်မကြီးကလာတဲ့လူတွေ။ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်း ပုဂ္ဂိုလ်တွေ။ မန်ချူးရီးယားပြည်နယ်ဖက်က လာပုံပဲ။ သူတို့ရဲ့ ဘတ်စ်ကားစီးကဒ်တွေကို ကဒ်ရီဒါ (reader) မှာ အသာ ကပ်လိုက်တယ်။ ဒါပေမယ့် ကဒ်ရီဒါက “ဒိ...ဒိ..ဒိ...ဒိ” လို့ ကျယ်လောင်စူးရှတဲ့ ပြတ်တောင်းတောင်း
မြည်သံတွေနဲ့အတူ မီးနီတွေ တဖြတ်ဖြတ်လင်းပြီး အင်္ဂလိပ်လို စာတန်းတခု ထိုးပြလာတယ်။ “Error... ရှေ့ပေါက်က တက်ပါ” ဆိုတဲ့ မှားယွင်းကြောင်းပြတဲ့ မက်ဆေ့ခ်ျမျိုးပေါ့။ ဒါပေမယ့် ကဒ်ရီဒါမှာ ဖြစ်ပျက်နေတာကို ဘယ်လိုမှ မတုန့်ပြန်တာကို ကြည့်ခြင်းအားဖြင့် ဒီလူနှစ်ယောက်ဟာ ကားခပေးတဲ့နေရာမှာ အမှားအယွင်းဖြစ်နေတာကို သတိမပြုမိကြောင်း လုံးဝသိသာထင်ရှားနေတယ်။ ပိုပြီး သေချာတာကတော့ သူတို့ဟာ အင်္ဂလိပ်လို တလုံးတပါဒမျှ နားမလည်ဘူး။ အဲဒီအတွက် ကဒ်ရီဒါမှာ ပြနေတဲ့ error မက်ဆေ့ခ်ျကိုလည်း နားမလည်နိုင်ကြဘူး။
ကြိုဆိုပါတယ်ခင်ဗျား။ စင်္ကာပူဆိုတဲ့ ဘာသာစကားဆိုင်ရာ လွဲချော်မှုတွေနဲ့ ပြည့်နှက်နေတဲ့ တိုင်းဌာနီကြီးက ကြိုဆိုပါတယ်။
ဒါနဲ့လည်း ဘတ်စ်ကားက နေရာက မရွေ့သေးဘူးခင်ဗျ။ အပြင်ဖက်မှာ တက်ချင်တဲ့လူတွေ ကျန်နေသေးပုံပဲ။ ဒရိုင်ဘာက အဲသည်လူတွေကို လှမ်းပြီးစကားပြောနေတယ်။ ဒါပေမယ့် ဆူညံသံတွေကြောင့် သူဘာပြောသလဲဆိုတာတော့ သဲသဲကွဲကွဲ မကြားရဘူး။ နောက်ဆုံးမတော့ အဲဒီ ကျန်နေသေးတဲ့သူတွေလည်း နောက်ပေါက်တံခါးဆီကို ရောက်လာကြတယ်။ သိပ်များများတော့မဟုတ်ပါဘူး။ စလုံးလင်မယား နှစ်ယောက်ပါပဲ။ အင်္ဂလိပ်စကားပြောတဲ့ တရုတ်မျိုးနွယ် စလုံးလင်မယား။ သူတို့ ကားပေါ်ကို တက်တယ်။ သူတို့ရဲ့ ကားစီးကဒ်တွေကို ကဒ်ရီဒါမှာ ဖြတ်ကနဲ ကပ်တယ်။ ကဒ်ရီဒါကလည်း သူတို့ကို စောစောကအတိုင်း အော်သံနဲ့ နှောက်ယှက်ပြန်တယ်။ အမျိုးသမီးဟာ လန့်သွားပြီး ဟန်ချက်ပျက်မလိုဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် ကားပေါ်ကိုတော့ သူတို့ ရောက်လာပြီ။ ကားတံခါးတွေလည်း ပိတ်ပြီးပြီ။ ဘတ်စ်ကားဟာ မှတ်တိုင်က ထွက်ခွာလာခဲ့ပြန်ပါတယ်။
“ဒါဆို ငါတို့ ကားခကို ဘယ်လိုပေးမလဲ” အမျိုးသမီးက သူ့ယောက်ျားကို မေးတယ်။ တကယ်တော့ အဖြစ်သဘော စကားမရှိ စကားရှာ မေးခြင်းမျှသာပါ။ “ကျမတို့ ဆင်းမယ့်မှတ်တိုင်ရောက်ရင် ရှေ့ပေါက်ကိုသွားပြီး ကျမတို့ ကားစီးကဒ်တွေကို သွားပြီး စကန်(scan)လုပ်ရမယ်လို့ ကျမထင်တယ်”
“အေးကွာ မီးစင်ကြည့်ကတာပေါ့” လို့ ယောက်ျားက ပြန်ဖြေတယ်။
“တကယ်တော့ ကျမတို့ဟာ နောက်ပေါက်က တက်ရဖို့မဟုတ်ဘူး”.... သူမဟာ ဆက်ပြောနေပြန်တယ်။.... “ကားဒရိုင်ဘာကလဲ၊ ဘာကြောင့်များ ကျမတို့ကို နောက်ပေါက်က တက်ခိုင်းရသလဲမသိဘူးနော်”
အဲဒီအချိန်မှာတော့ ကျနော်ဟာ စင်္ကာပူနိုင်ငံသားဖြစ်တဲ့အတွက် ဂုဏ်ယူရမလား၊ စိတ်အနှောင့်အယှက်ဖြစ်ရမလား မဝေခွဲနိုင် ဖြစ်သွားပါတော့တယ်။
-----------
ပြည်မကြီးတရုတ် ကားဒရိုင်ဘာဟာ “မဖြစ်ဖြစ်အောင်လုပ်မယ်” (can do attitude) ဆိုတဲ့ စိတ်ဓါတ်မျိုးကို ခံယူထားသူဖြစ်နိုင်ပါတယ်။ သူ့ရဲ့ ဘတ်စ်ကားမှာ လူအရမ်းပြည့်နေလို့ ပါစင်ဂျာတွေ အတွင်းကို မရွှေ့နိုင်တော့ရင် သူမှာ ရွေးချယ်စရာ နည်းလမ်းတွေရှိပါတယ်။ တနည်းက မှတ်တိုင်တွေမှာ လူတင်ဖို့ ထပ်မရပ်တော့တာမျိုး။ နောက်တနည်းက(ကားခပေးဖို့မဖြစ်နိုင်ရင်တောင်မှ) ခရီးသည်တွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကားပေါ်အပါတင်ခေါ်တဲ့နည်းမျိုး။ ကျနော့်အမြင်မှာတော့ သူက နည်းလမ်းအမှန်ကို ရွေးချယ်ခဲ့တယ်လို့ မြင်ပါတယ်။ လူတွေကို သူတို့သွားချင်တဲ့နေရာပို့ဆောင်ပေးဖို့က ဘတ်စ်ကားကုမ္ပဏီအတွက် ဒေါ်လာအနည်းငယ်ထပ်ရအောင်ကြံဆောင်ခြင်းထက် ပိုမိုအရေးကြီးတယ် မဟုတ်ပါလား။
ဒါပေမယ့်...အဲဒီ “မဖြစ်ဖြစ်အောင်လုပ်မယ်”ဆိုတဲ့ နည်းလမ်းဟာ တခါတလေတော့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ရတာမျိုးနဲ့လည်း ကြုံရတတ်တယ်။ ပြည်ပကနေလာရောက်အခြေချသူတွေအဖို့ စင်္ကာပူနိုင်ငံသားတွေကို သင်ပြပေးနိုင်တဲ့အရာ တခုရှိတယ်ဆိုရင် အဲဒါဟာ “ပြဿနာတရပ်ကို ဖြေရှင်းနိုင်ဖို့ဆိုရင် တခါတလေမှာ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ချိုးဖောက်ဖို့ လိုတယ်” ဆိုတဲ့ သင်ခန်းစာပါပဲ။
စင်္ကာပူနိုင်ငံသားတွေဆိုတာ ကားနောက်ပေါက်ကတက်ဖို့အရေး ကားရှေ့ပေါက်မှာ တော်တော်ကြာအောင် ဖြောင်းဖျနားချယူရပါတယ်။ တခါ နောက်ပေါက်ကတက်ပြီးသည့်တိုင်အောင် အဲသည်လို စည်းကမ်းကို ချိုးဖောက်လိုက်ရတဲ့အတွက် အလွယ်တကူ ပြန်လည် တည့်မတ်ဖို့ နည်းလမ်းမရှိတဲ့အခါ စိတ်မသက်မသာ ဖြစ်နေကြသေးတာကို တွေ့ရတယ်။ ဒီအဖြစ်အပျက်ဟာ ရိုသားမှုရဲ့ ဂုဏ်ပုဒ်ကို မှတ်ကျောက်အတင်ခံတဲ့ အချက်ဖြစ်လို့ နှာခေါင်းရှုံ့ဖို့ မသင့်ပေမယ့် တဖက်မှာလည်း ကျနော်တို့တတွေဟာ စည်းမျဉ်းစည်းကမ်းတွေကို တရားသေဆုပ်ကိုင်လိုက်နာတတ်သူတွေ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပြန်ပါတယ်။ ကျနော်တို့ဟာ ကိုယ်တိုင်တီထွင်ကြံဆနိုင်ဖို့ ဝေးလို့... တီထွင်ဆန်းသစ်တဲ့ ဖြေရှင်းချက်နည်းလမ်းတွေကို အသားမကျတော့သလိုတောင် ဖြစ်နေပါတယ်။
-------------------
လစ်တဲလ်အိန္ဒိယကို ရောက်လုရောက်ခင်မှာ စောစောက ပြည်မကြီးတရုတ်နှစ်ယောက်ဟာ သူတို့ရဲ့ ကားစီးကဒ်တွေကို ထုတ်ကြပြန်ပါတယ်။ ကားပေါ်ကဆင်းတဲ့အခါ ကဒ်ရီဒါမှာ ကပ်ဖို့အတွက် အသင့်ပြင်တဲ့သဘောပေါ့။
ကျနော်က သူတို့ကို ဒုက္ခမရှာဖို့ ပြောလိုက်တယ်။ “မင်းတို့တက်တုန်းက ကဒ်ရီဒါက မင်းတို့ ကဒ်တွေကို ဖတ်မသွားဘူး။ ဒါကြောင့် ဆင်းတဲ့အခါ မင်းတို့ ထပ်ပြီး ကပ်ဖို့ မလိုတော့ဘူး”
“ဘာကြောင့် မဖတ်တာလဲ”.... တယောက်က ပြန်မေးတယ်။
ရှေ့ပေါက်မှာရှိတဲ့ ကဒ်ရီဒါကသာလျှင် ခရီးစဉ်အတွက် ကားစီးကဒ်ကို ဖတ်ကြောင်း ရှင်းပြရင်း....“ မင်းတို့တက်လာတုန်းက စက်က ဒိ..ဒိ...ဒိ..ဒိ ဆိုပြီး မြည်တာကို မှတ်မိလား”
“အင်း...မှတ်မိတယ်”... သူကပြန်ဖြေတယ်။
“မီးအနီလည်း လင်းတယ်”.... သူ့အဖော်က ဝင်ပြောတယ်။
“ဟုတ်တယ်။ အဲဒါဟာ မင်းတို့ကဒ်ကို လက်မခံဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ”
“ဒါဆို အခု ကျနော်တို့ကဒ်ထဲက ပိုက်ဆံမနှုတ်တော့ဘူးပေါ့”
“အေး၊ မနှုတ်တော့ဘူး။ မင်းတို့အတွက် ဒီခရီးဟာ အလကား စီးရတဲ့ခရီးပဲ” လို့ ကျနော်က ပြုံးပြီးပြောလိုက်တယ်။
“အိုး... ကောင်းလိုက်တာ” သူတို့နှစ်ယောက်စလုံးဆီက ပြိုင်တူအသံထွက်လာတယ်။ ဒီနေ့အဖို့ ကံကောင်းတဲ့ အချိန်ပိုင်းကလေးကို ပြက်ပြက်ထင်ထင် မှတ်သားမိတဲ့သဘော။
............................
အဲ... စလုံးလင်မယားကလည်း လစ်တဲလ်အိန္ဒိယမှာပဲ ဆင်းကြတယ်ခင်ဗျ။
“အားယိုး.... ကားကလည်း အရမ်းကြပ်တုန်းပဲ။ ဘယ်လိုလုပ် ရှေု့ကိုသွားပြီး စကန်(scan)လုပ်မလဲ” သူတို့ လင်မယားနှစ်ယောက်ကို နောက်က ဆင်းမယ့် ခရီးသည်တွေက တွန်းတိုက်တဲ့အတွက် နောက်ပေါက်ဆီကို ရွေ့ပါသွားရင်း အမျိုးသမီးက ပြောလိုက်တယ်။ ဘယ်သူဘယ်ဝါရယ်လို့ ဦးတည်ပြီး သတ်သတ်မှတ်မှတ် ပြောတာမျိုးတော့ မဟုတ်ပါဘူး။
“အရင် ဆင်းလိုက်ကြတာပေါ့ကွာ” လို့ သူ့ယောက်ျားက ပြန်ပြောတယ်။ “ပြီးတော့မှ ရှေ့ပေါက်က ပြန်တက်ပြီး စကန်လုပ်လို့ရမလားဆိုတာ ကြည့်တာပေါ့”
“ဒါပေမယ့် ရှေ့ပေါက်မှာလည်း လူတွေအများကြီး တိုးဆင်းနေကြတဲ့ဟာကို....” လို့ သူမက ပြောလိုက်တယ်။
အရာတိုင်းဟာ အားလုံးမှားယွင်းနေပါပြီ။ ဘယ်လောက်များ စလုံး မဆန်လိုက်သလဲလို့။
(စင်္ကာပူနိုင်ငံသား အက်တိဗစ် ဘလော့ဂါ Alex Au ရေးသားသော The driver, the passengers, and me ပို့စ်ကို ဘာသာပြန်ပါသည်။)

25 comments:
စည်းမျဉ်းစည်းကမ်း ခေါက်ရိုးကျိုးမှု တွေနဲ့ သံကွန်ခြာအုပ်ထားတဲ့ ဦးနှောက်ဟာ အတိုင်းအတာတစ်ခုအထိပဲ ဖောက်တွေးနိုင်မယ် မဟုတ်ပါလား ။ အခုတော့လည်း တီထွင်ဖန်တီးနိုင်စွမ်းဆိုတာကို သင်ခန်းစာတွေထဲ စနစ်တကျ ထည့်သင်ယူဖို့ ကြိုးစားနေကြလေရဲ့။
It is really good and true !!! :-)
အေးဗျ....
တစ်ခါတစ်လေလဲ ဖောက်ထွက်တွေးဦးမှ...
ဘတ်စ်ကား ကုမ္ပဏီလဲ ဒါလောက်နဲ့တော့ မွဲမသွားလောက်ပါဘူးလေ။
အရေးကြီးတာက သူ့ဖောက်သည်တွေ လိုရာကို ရောက်သွားဖို့ပဲ...။
ကျေးဇူးတင်ပါတယ် ကိုပေါ။
Copy from one of the comments from "The driver, the passengers, and me " :
" In singapore, if u tap from the front to exit, you get charged not the correct distance fare but the maximum fare, and there are no warning signs to tell you about it. So silly commuters are not aware, and bus companies continue to tiam tiam since they make more out of our ignorance.
Sad state… "
Is that really true??
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ---
ပထမဦးဆုံးအနေနဲ့ မိသားစုအားလုံးကျန်းမာကြပါစေလို့ --
“ကျနော်တို့လည်းအရာရာအားလုံးဟာမှားယွင်းနေပါပြီလို့”
ခံစားနေရတယ်။( သိလား )
ဘာဘဲပြောပြောဘာသာပြန်ပို့စ်ကလေးတစ်ပုဒ်ကိုရေးတင်
ပေးတာကျေးဇူးအထူးတင်မိကြောင်းပါခင်ဗျာ-
This is the genius fellow of SUU KYI who stayed in Myanmar and eating food from there and condemning this very country in the hope of getting benefits from her husband Michael Aris's relative countries for the good sake of her sons.
She ask for sanctions on Myanmar citizen and receiving illegal funds from overseas by houndi means.
Then she encouraged for NGO and donating to Myanmar citizens who are the victims of these sanctions and unemployed.
Why this whore SUU KYI don't want to see Myanmar citizens gracious and earn living normally???
She should be punished by KARMA seriously.
Myanmar citizen are not awared of bad luck always tie with SUU KYI
Below are the example:
1)General Aung Sann was assassinated cruely.
2)Second son of General Aung Sann was drowned in the house where they live
3)Myanmar is going to change political/economical system peacrfully by then country leaders almost same period as CHINA's historical changes and destroyed and blodshed together with the arrival of Suu Kyi to Myanmar.
4)Never heard of Suu Kyi's good hearted words/action to Myanmar citizen till now.
Many young generations future are destroyed and becomes inferior compare with other same generation.
You may say it's just Anti Suu Kyi words.
I'm not politician but for the good sake of country and peace,I against Suu Kyi.
Myanmar government should study British/Chinese history how to ward off bacd luck being carried by a stupid woman loyal to foreign country.
@Patriotic Mother Shagger
Can you shut up the f..k up or
stop writing sucker's comments?
I think you are a sick bastard
who is barking noise at Daw Su.
You will suck anyone who could
give you five bucks or perhaps
your head is worth only a buck.
I agreed totally with PATRIOTIC CITIZEN's poin and enlighten clearly.
I remember when we visit Singapore/Thailand and many countries in 1990s till 1996 we can enter without visas at all.
Then bitch SUU KYI bark at our country disgracefully calling for sanctions and resulted all MYANMAR citizens become disgraceful in overseas like slaves.
But this bitch SUU KYI never speak for these unfortunate citizen using by her so called influence?
Yes because she don't have influences from beginning but just puppet and spy of foreign countries to make Myanmar weak and treated people like slaves in overseas.
Why this bitch and her family still alive on earth witout shame.
we are lucky having education by this military regime and able to work and further studies in overseas countries.
Thanks Myanmar.
ဟီးဟီး ခွီးခွီး
You endorsed to what yourself have said. Dude, you work hard. But poor you, your effort doesn't work even a bucks given the fact you can't hide your tail. Your dialect with your awesome English hinder your hard work, Mr. Patriot.
:P
*kdPf;*Ppdwf"mwfawG jyif;xefNyD; tuGJtNyJ
awG jzpf&jcif;&JY taMumif;&if;ukd okH;oyf&&if
e,fcsJYawG&JY rufvkH;ay; wynfUarG;rI? pepfwus
aoG;xkd;oyfvQKdrIaMumifUvnf; jzpfovkd vkyfazmf
ukdifzufawGtMum; rdrdukd,frdrd txifBuD;NyD;
b0ifjrifUjcif;? wpfzufom;ukd txifao;NyD;
yk*¾dKvfa&;NydKifqkdifjcif;? remvkd0efwkdrIrsm;? r,kH
ouFmjzpfrIrsm;eJh &efNidK;xm;rIrsm;ukd a&SYwef;
wifvmjcif;wkdhaMumifU jzpfwmukdvnf; awGY&r,f/
jynfyukd q&mwif? jynfy&JY MoZmukdcHNyD;
jynfyu wifoGif;vmwJU t,l0g'eJh ñTefMum;csufawGukd rqifrjcifvkdufemwmaMumifU tcsif;csif;
jzKwf? xkwf? owfNyD; ed*kH;csKyfoGm;wJU ygwDrsKd;awG&Sdovkd ukd,fUEkdifiH&JY pdwfykdif;eJh ½kyfykdif;qkdif&m zGHY NzdK;
wkd;wufrIawG? aemufcHorkdif;aMumif;awGeJh rwlwJUEkdifiHukd ykHwlul;csvkdh 'ku©a&mufcJUMu&olawGvn
Don't worry Myanmar folks.
If the clock turn back to well documented 60years ago
Myanmar(Burma) was escaped from all obstacles and deadly insurgencies which are legacies of colonial government Divide and Rule.These are mysteries of Myanmar.
Now our country is having ungrateful people calling for foreign invasion.
See how these elements will be wiped out and disappeared from ths holy golden land guarded by mystic forces.
Witness and believe it!
ကိုပေါရေ...ဒီပို့ စ်လေးဖတ်ပြီး ဘလော့မဖတ်တာကြာတဲ့ ကိုယ့်ကိုယ်ကိုတောင် နောင်တရမိတယ်..ဒီလိုပို့ စ်ကောင်းတွေ ဘယ်လောက်များ လွတ်ကုန်ပါလိမ့်နော်.... ကိုပေါရေ... တွေးမိတာက... အဲဒီလင်မယား၂ယောက် စည်းကမ်းကို ချစ်မြတ်နိုးလို့  အမှန်တကယ် လိုက်နာချင်တာလား... ဒါမှမဟုတ် သူများအမြင်မှာ စည်းကမ်းလိုက်နာသူလို့ မြင်စေချင်မေလို့  အတင်းလိုက်နာပြနေတာလား ဆိုတာပါ...နိုင်ငံကြီးသားပီသချင်တဲ့စိတ်ဆိုတာ ဟိုးနှလုံးသားထဲက လာမှသာ အဲဒီလိုအမှန်တကယ် ပြုမူလို့ ရမှာပါ... သူများတွေနိုင်ငံကြီးသားဆိုတာနဲ့  ငါလဲလိုက်ကြီးလိုက်မဟဲ့လို့  ဟန်ဆောင်ပြနေတာက တချိန်ကြရင် ရှေ့ ကဖုန်း နောက်ကပေါ်တော့မပေါ့...ရိုက်သွင်းခံရတဲ့အသိတွေဟာအသက်တိုတတ်တယ်...
စည်းကမ်းကို ချစ်မြတ်နိုးလို့  လဲ မဟုတ်ပါဘူး (ဒီလောက်ထိလဲ သူသူ ကိုယ်ကိုယ် မစဉ်းစားကြပါဘူး)
သူများအမြင်မှာ စည်းကမ်းလိုက်နာသူလို့ မြင်စေချင်လို့လဲ မဟုတ်ပါ (ကုလားတော မှာ စလုံးတွေ သူများအမြင်ကြောင့်တော့ ဒီလောက်ဒုခခံမှာ မဟုတ်)
နိုင်ငံကြီးသားပီသချင်တဲ့စိတ် လဲ မဟုတ်ပါ (နံနေတော့ ဒီလောက် ဝေးဝေးလံလံလဲ မတွေးနိုင်ပါဘူး)
တကယ်က လက်မှတ်စစ်တက်ရင် ဒဏ်ရိုက်ခံရမှာစိုးလို့ပါ (အမယ် လူဘယ်လောက်ကျပ်၂ စစ်တယ်ဆရာ မယုံရင် ၈၅၇ စီးကြည့်)
ပြည်မကြီးတရုတ် ကားဒရိုင်ဘာဟာ “မဖြစ်ဖြစ်အောင်လုပ်မယ်” (can do attitude) ဆိုတဲ့ စိတ်ဓါတ်မျိုးကို ခံယူထားသူဖြစ်နိုင်ပါတယ်။ ==> ဟိုက်! ဒါဆို မြန်ပြည်က ကားဒရိုင်ဘာတွေကိုသာ ပြန်ပြီ:ဆုပေးချင်တော့တယ်။ မဖြစ်ဖြစ်အောင်တင်တတ်လွန်:လို့
ကိုယ်က နောက်ဖက်ကျ၂မာ ရောက်နေမယ်။ အရပ်ကလဲပုနေမယ် (မမကွန်လို မယ်စင်လို) ပြဉ်းတော်သိမ်အရွတ်နံ၊ ချွေးနံ၊ မဆလာနံ နဲ့ ဆနွင်းနံတွေ အတူရောထားတဲ့ အနံကို ရနေမယ်။ ဒါကို ကားဒရိုင်ဘာက မှတ်တိုင်တိုင်းရပ်ပြီ:
“မဖြစ်ဖြစ်အောင်လုပ်မယ်”ဆိုပြီ: လူထပ်တင်နေမယ် ဆိုရင် - သင် ဘယ်လို တီထွင်ဆန်းသစ်တဲ့ ဖြေရှင်းချက်နည်းလမ်းတွေကို သုံးမည်နည်း? ဒန်တန်တန်
(ဆက်မစီးပဲ ဆင်းကျန်ခဲ့မယ် ဟုမပြောပါနဲ့၊ ကုလားမြစ်ထဲက ဆင်းလိုက်ရင် ကုလားပင်လယ်ထဲကို ရောက်သွားပေလိမ့်မည်)
ခရေဖြူ
ဟယ် စောတီး
ကုလားတိုင်းလို့ အပြောဘူးနော Little India က နံတဲ့ လူတွေကိုပြောတာ (မွှေးတဲ့လူလဲရှိမာပါ) တော်ကြာလူမျိုးရေးခွဲခြားတယ်ဆိုပြီ: ဂဲပေါက်ခံနေရအုန်းမယ် ဟီး
ခရေဖြူ
ကိုပေါရေ လာဖတ်သွားပါတယ်။ ကျွန်မက ကိုပေါကိုယ်တိုင်ရဲ့ အတွေ့အကြုံထင်နေတာ နောက်မှ ဘာသာပြန်ထားမှန်းသိရတယ်။ အဲဒီလင်မယားက Law ကိုပဲ နားလည်ပြီး Ethic ကို မတွေးမိလို့ ဖြစ်မယ်။
Suu Kyi's sons are live by overseas where they born.
Tin Oo's son is in overseas and sending maoney by houndi to Myanmar for his father and family expenses?
Win Tin's granddaughter is working in VOA
Mya Aye's daughter is working for UK government backed Free Burma campaign and sucking masters' balls.
All of them are earning $$$ and no wonder they become activists asking sanctions on Myanmar's citizen.
It's totally unacceptable both by ethic and professional all.
That's why all Myanmar citizen like me who never related with any military government for any benefits start to fight for unjustice acts by foreign countries in the aim of Myanmar to be weak and taking advantages from cheap natural resources.
We condemn all these people especially Suu Kyi who is leader of them.
We even want to blame General Aung Sann who was so-called and notified as national leader but who was negligent and lost country's patriotic leaders' live and gave birth ungrateful and disgraceful sucker daughter like SUU KYI....destroying country and young generations.
Suu Kyi,You Owe Myanmar and her true citizen.
We want you and all your family member face unfortunate events and left no generation on this very earth which already started with Michael Aris by karma.
This is Myanmar's citizen new year prayer and wish for you.
We believe it'll fulfilled.
@ c..k sucking Patriotic Citizen
What you said is nothing to do with
the article. Go and s..k elsewhere.
Annoying to see your sick comments.
who know Suu Kyi's email address?
I want to get some answer from her officially.
I'm a Myanmar citizen and RIT / 88 student because I born in 1970s and attended regular school classes and already a student while 1988.
http://www.temasekreview.com/2010/01/14/myanmar-national-with-poor-command-of-english-working-as-accounts-executive-in-singapore/
is this the reason why Ko Paw is so pro-opp? :D
ရပ်ကွက်လမ်းကလမ်း မှာလမ်းကူးးမယ်လုပ်တော့မီးနီနေတယ်။ ကားကလည်းရှင်းနေတယ။် သူများတွေ က မီးစိမ်းအောင်စောင့်နေတယ။် ကျွှပ်နုပ်သည်ကားလျှင်မြန်သွက်လက်စွာဖြတ်ကူးလိုကပေသေည်. မရှိသည့်မလာသည့်ကားကိုစောင့်ရန်မလိုဟုခိုင်မာစွာယုံကြည်မိကာ မီးစိမ်းရန်စောင့်နေသူများကိုသနားမိချေသည်.
ကျန်းမာပါစေမင်္ဂလာပါ-
ပို့စ်နဲ့တော့မဆိုင်ဘူး-ပိတောက်ပင်ကြီးအရွက်တွေကြွေ
ပိတောက်ပန်းတွေမဝေတော့လို့ တစ်ခုခုလိုနေသလိုခံစားရ
တယ်ဗျာ-
If Myanmar never ever had so called national leader General Aung Saa(father of Suu Kyi).I believe Myanmar will be peaceful and develop like other asean nations.
Because of Aung San,Myanmar left with conflicts created by Aung San's wrong strategy like Pinn Lonn treaty.
Actually British will have to give independence automatically after world war 2 like other asean nations?
Now Aung Sann gave birth a sucker daughter who fucked by the same race oppressed and humiliated his father and himself?
Sucker Suu Kyi,if you are in Afghanistan & Pakistan,already exploded into pieces.
Sucker Aung Sann's generations.
Patriotic citizen လို့သာ နာမည်တပ်ထားတာ။ သူရေးတဲ့ ကွန်မန့်က ပို့စ်နှင့် ဆိုင်လား မဆိုင်လားတောင် နားလည်ပုံ မပေါ်။ ဘာမှ မဆိုင်တာတွေ လာရေးနေကတည်းက အူကြောင်ကြား အတွေးပဲ ရှိမဲ့လူပဲ ဆိုတာ ထင်ရှား သိသာတယ်။ အင်္ဂလိပ်လို ရေးတာလောက်နှင့် အထင်မကြီးနိုင်တာတော့ ဆောရီးပါ။
သို့မဟုတ်ရင်လည်း အရိုးအရင်း အကြွင်းအကျန်လေးတွေ ကပ်ဝါးနေရတဲ့ အာဏာရှင် နောက်မှီးဆွဲ ကပ်ပါးပိုးပဲ ဖြစ်မှာပါ။ ဒီလိုမျိုး လူတွေသာလျှင် ပို့စ်နှင့် ဆိုင်ဆိုင် မဆိုင်ဆို ငါ့စကား နွားရ ပြောတတ်ကြတာပါ။
မှတ်ချက်။ ဒီလို ကွန်မန့်ရေးပေမဲ့ ကျွန်တော်ဟာ မည်သည့် နိုင်ငံရေး ပါတီ၊ အသင်းဝင်မှ မဟုတ်ပါ။
ကိုပေါဘလော့ ကုလားတွေနဲ့ နိတ္တိတံသွားပြီထင်တယ်
Post a Comment